ရီထျန်ရှင်း၏တွက်ချက်မှု
Vol. 37 Ch. 547
ရီဖန်ထုတ်ပြသော စွမ်းအားက လန်ယာစစ်မှန်သောနတ်ဘုရားမကိုပင် ကြောက်ရွံ့စေခဲ့သည်။ ထိုအချိန်တွင် လန်ယာသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးသွားသည်။ ပေဟွမ်ထံမှ ပျံ့ကျဲထွက်လာသော အရင်းအမြစ်များကို စုဆောင်းပြီးနောက်တွင် ရီဖန်သည် အခြားစစ်မှန်သောနတ်ဘုရားများအား ပြဿနာမရှာဘဲ နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
၎င်းထံမှ သူရင်းနီးသော ရောင်ဝါတစ်ခုကို ခံစားမိ၏။ ထို့အပြင် ထိုရောင်ဝါသည် နတ်ဆိုးကောင်းကင်မဟာသူတော်စင် ပိုင်ဆိုင်ခြင်း မဟုတ်သည်ကိုလည်း သူသိသည်။
“ဖီးနစ်စစ်မှန်တဲ့နတ်ဘုရား နတ်ဆိုးကောင်းကင်မဟာသူတော်စင်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နေတာက ဘယ်သူများလဲ” ဟု ရီဖန်က မေးလိုက်သည်။
“ဘုရားကျောင်းက နတ်ဆိုးကမ္ဘာပါ”
၎င်းက အားလုံး၏အထွတ်အထိပ်၌ ရပ်တည်သော ဘုရားကျောင်းဖြစ်သည်။ ရီဖန်နှင့် ထိုဘုရားကျောင်းမှာ ဆုံရမည့်ကံကြမ္မာတစ်ခု ရှိနေသကဲ့သို့ဖြစ်နေသည်။ ယခင်က မဟာမိတ်အစည်းအရုံး၏ ခေါင်းဆောင်လည်း ဘုရားကျောင်းမှဖြစ်ခဲ့ပြီး ယခုလည်းထပ်မံ၍ ဘုရားကျောင်းမှ ဖြစ်နေပြန်သည်။
နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသော စစ်မှန်သောနတ်ဘုရားသည် ယခင်က သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ခိုးယူခဲ့သော အမည်မသိစစ်မှန်သောနတ်ဘုရားပင်ဖြစ်ကြောင်း ရီဖန် သေချာသွားသည်။
ထိုအဖြစ်အပျက်သည် သူ့သက်တမ်းတစ်လျောက်လုံး အမှတ်ရနေမည့်ကိစ္စဖြစ်၏။ ယခုအခါ ထိုကိစ္စ၏နောက်ကွယ်မှကြိုးဆွဲသူကို ရှာတွေ့နိုင်ပြီးနောက် ရီဖန် ကလဲ့စားချေတော့မည်။ အနည်းဆုံး ယခင်ကခိုးယူသွားသည်များကို ပြန်ယူရမည်။
ခိုးခဲ့သည်မှာအချိန်အတော်ကြာပြီဖြစ်၍ အတိုးဆယ်ဆ တောင်းလျှင်ပင် လွန်မည်မဟုတ်။ ရီဖန်ထံမှ အမြတ်ထုတ်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။ ထိုအချိန်တွင် နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ ခန္ဓာကိုယ်သည် ရုတ်တရက်လှုပ်ရှားလာသည်။ နတ်စွမ်းအားကို အကြာကြီးအသုံးပြုပြီး ခန္ဓာကိုယ်ထိန်းချုပ်ခဲ့သောကြောင့် နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ ခန္ဓာကိုယ်သည် တောင့်မခံနိုင်တော့ချေ။
“မရဘူး၊ မင်းအခု ထွက်သွားလို့မရဘူး”
ထိုသို့ပြောပြီးနောက် ရီဖန်သည် ချက်ချင်းလှုပ်ရှား၍ သူ၏နတ်စွမ်းအားဖြင့် နတ်ဆိုးကောင်းကင်မဟာသူတော်စင်ကို အပြည့်အဝ ဖုံးလွှမ်းလိုက်သည်။ နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရား၏ ဝိညာဉ်စွမ်းအားသည် ထူးဆန်းသောအရာများကို သတိထားမိပြီး မသက်မသာဖြစ်လာသည်။
“ပြန်လည်မွေးဖွားခြင်းအကျဉ်းခန်း”
ရီဖန်သည် သူ၏နတ်စွမ်းအားကို တတ်နိုင်သမျှနည်းလမ်းများ အသုံးပြုပြီး အကျဉ်းခန်းအဖြစ်ဖန်တီးကာ နတ်ဆိုးကမ္ဘာ၏ စစ်မှန်သောဝိညာဉ်အစိတ်အပိုင်းတစ်ခုကို ဖမ်းဆီးရန် ကြိုးပမ်းလိုက်သည်။
ရီဖန်၏ ဆက်တိုက်လှုပ်ရှားမှုများကြောင့် နတ်ဆိုးကမ္ဘာသည် ထူးဆန်းမှုများကို ခံစားမိလာသည်။ ထိုချန်ရီ စစ်မှန်သောနတ်ဘုရားက ၎င်းကို အသည်းအသန် ဖမ်းချင်နေသည်။ သို့သော်၎င်းနှင့် ချန်ရီစစ်မှန်သောနတ်ဘုရားကြားတွင် ရန်ငြှိုးရှိခဲ့သည်ကို မမှတ်မိနိုင်ဖြစ်နေသည်။
စစ်မှန်သောနတ်ဘုရားအဆင့် ရောက်သည့်အခါ အတိတ်တွင် ဖြစ်ပွားခဲ့သည့် အရာများကို တော်ရုံဖြင့် မေ့မသွားနိုင်ပါ။အစောပိုင်းတွေ့ခဲ့စဉ်က နတ်ဆိုးကမ္ဘာသည် ရီဖန်နှင့်ပတ်သတ်ခဲ့သည်ကို မစဉ်းစားမိသော်လည်း ယခုအခါ အားကုန်စဉ်းစားပြီးနောက်တွင် ဖြစ်နိုင်သည့်အခြေအနေတစ်ခုကို သတိရသွားသည်။
သူသည် ချန်ရီစစ်မှန်သောနတ်ဘုရားအပေါ် အမှားတစ်စုံတစ်ရာကျူးလွန်ခဲ့မိသည်။ ထိုအချိန်က ချန်ရီစစ်မှန်သောနတ်ဘုရားဟု မခေါ်ရသေးဘဲ အရွက်တစ်ထောင်ဆေးခန်းမဟာသူတော်စင်ဟူသော အမည်သာ ရှိသေးသည်။
သေးငယ်သောကျင်းလုံမိသားစုကြောင့်သာ ထိုအမှားကိုကျူးလွန်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ရီဖန်၏ တိုက်ခိုက်ပုံအရ သူသည် ကြင်နာခွင့်လွှတ်တတ်သော သဘောမရှိကြောင်းကိုလည်း သတိထားမိသည်။ နတ်ဆိုးကမ္ဘာ၏ လုပ်ဆောင်မှုအားလုံးသည် တစ်ခုတည်းသော ရည်ရွယ်ချက်အတွက်သာဖြစ်သည်။
ထိုအရာမှာ ပိုမိုမြင့်သောနယ်မြေများကို ဖြတ်ကျော်ရန်ဖြစ်ပင်။ အလွန်သတိထားခြင်းနှင့် အသေအချာစဉ်းစားခြင်းသည် သူ၏ ဆောင်ပုဒ်ဖြစ်သည်။ ၎င်းကိုယ်ကို အစွမ်းထက်ကြောင်း ယုံကြည်သော်လည်း ပေဟွမ်စစ်မှန်သောနတ်ဘုရားကို ရှုံးနိမ့်စေခဲ့သည့် အဆင့်ရှိသူကိုအနိုင်ရနိုင်မည်ဟု မထင်ပေ။
ထိုကြောင့် ၎င်းသည်လည်း ဘုရားကျောင်းတော်တွင် ဆက်လက်နေထိုင်၍မဖြစ်တော့ချေ။ ဘုရားကျောင်းက သူလိုအပ်သော အရင်းအမြစ်များကို စုဆောင်းရန်အတွက်သာ ခိုနားနေရသည့် နေရာဖြစ်သည်။ ၎င်း၏ အဓိကနှလုံးသားမှာ သူကိုယ်တိုင်ဖြစ်ပြီး စစ်မှန်သောနတ်ဘုရားပင်ဖြစ်သည်။
ဘုရားကျောင်းတော်ပျက်စီးသွားခြင်းက ၎င်းအတွက်အရေးမကြီးပါ။ သူ အသက်ရှင်ရန်သာ အရေးကြီးပြီး အချိန်ကျလျှင် ဘုရားကျောင်းအသစ်ကို တစ်ဖန် ပြန်လည်တည်ဆောက်နိုင်သည်။ နတ်ဆိုးကမ္ဘာသည် နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်ဘဲ ဝိညာဉ်စွမ်းအားလှိုင်းတစ်ခုကိုထုတ်လိုက်ပြီး ၎င်း၏ဝိညာဉ်စွမ်းအားကို ဖောက်ခွဲပစ်လိုက်သည်။
ရီဖန်သည် ချက်ချင်းပင် သာမန်မဟုတ်သောအရာကို သတိထားမိသော်လည်း စစ်မှန်သောနတ်ဘုရားအဆင့်၌ တူညီစွာရှိနေကြသဖြင့် နတ်ဆိုးကမ္ဘာကို အနိုင်ရနိုင်သည့်တိုင် ၎င်းကိုယ်ကို ဖောက်ခွဲပစ်လိုက်ခြင်းမှ တားဆီး၍ မရနိုင်ခဲ့ပေ။ ၎င်းသည် တစ်စုံတစ်ခုကို သတိထားမိ၍ ထိုသို့ဖောက်ခွဲလိုက်ခြင်းဖြစ်မည်ဟု ရီဖန်တွေးမိလိုက်သည်။
“ဘုရားကျောင်းတည်နေရာကို ပြောပြပါဦး”
ရီဖန်သည် တွန့်ဆုတ်နေခြင်းမရှိဘဲ ချက်ချင်းပင် ဖီးနစ်စစ်မှန်သောနတ်ဘုရားကို မေးမြန်းလိုက်သည်။ ဖီးနစ်စစ်မှန်သောနတ်ဘုရားသည်လည်း ချက်ချင်းပြောပြလိုက်သည်။ စစ်မှန်သောနတ်ဘုရားများ၏ တည်နေရာများသည်လျှို့ဝှက်ထားသည့်အရာမဟုတ်သဖြင့် အလွယ်တကူသိနိုင်သည်။
“ငါ မကြာစေရဘူး ပြန်လာခဲ့မယ်”
ရီဖန်သည် ရီထျန်ရှင်း၏အခြေအနေကို မစိုးရိမ်ပေ။ ရီဖန်ပြသထားသော စွမ်းအားကြောင့် စစ်မှန်သောနတ်ဘုရားများ မည်သို့ဆုံးဖြတ်မည်ကို သူသိသည်။ ရီဖန်စိုးရိမ်သည့်အဓိကအချက်မှာ အလယ်အလတ် စစ်မှန်သောနတ်ဘုရားအားလုံးကို တစ်ခါထဲဖြင့် ထိန်းထားနိုင်ရန် သေချာမူမရှိသေးခြင်း ဖြစ်သည်။
ထို့အပြင် ဤသူခိုးကို လွတ်မြောက်ခွင့်ပေးလိုက်မည်ဆိုလျှင် ထိုအတွေးကြောင့် ညစဉ် သူအိပ်ပျော်နိုင်တော့မည် မဟုတ်ပေ။ စိုးရိမ်နေသော စစ်မှန်သောနတ်ဘုရားများက ရီဖန်ထွက်သွားသည်ကိုမြင်ပြီး တစ်ဦးကိုတစ်ဦး စိတ်ရှုပ်စွာ ကြည့်လိုက်ကြသည်။
၎င်းတို့က “ငါတို့ ဘာလုပ်ကြမလဲ” ဟု ထပ်ခါတလဲလဲ စဉ်းစားမိနေ၏။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့သည် အားလုံးသဘောတူသည့် ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန် ချမှတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်မှာ ထွက်ပြေးကြရန်ဖြစ်သည်။
၎င်းတို့အတွက် ရီဖန်သည် အလွန်ရက်စက်ပြီး ခွင့်မလွှတ်တတ်သူတစ်ဦးဖြစ်သည်။ နတ်ဆိုးကမ္ဘာက ရီမိသားစု၏လူများကို တစ်ကြိမ်သာ တိုက်ခိုက်ခဲ့သော်လည်း ရီဖန်သည် ၎င်းသေဆုံးသည်အထိ အလွှတ်မပေးဘဲလိုက်နေပြီဖြစ်သည်။
ထိုသို့အညှိုးကြီးခြင်းကို စစ်မှန်သောနတ်ဘုရားများ အလွန်ကြောက်ရွံ့ကြ၏။ အနည်းဆုံး အခုအချိန်ထိ ၎င်းတို့သည် ရီမိသားစုကို အလွန်အကျွံတိုက်ခိုက်ခဲ့ခြင်း မရှိသေးသဖြင့် ပြန်လည်စေ့စပ်ညှိနှိုင်းနိုင်မည့် အခွင့်အလမ်း ရှိနေသေးသည်ဟု ၎င်းတို့ထင်ကြသည်။
နေရပ်သို့ပြန်ရောက်လျှင် ချက်ချင်းပင် လက်ဆောင်ပစ္စည်းများ ပေးပို့ကာ ညှိုနှိုင်းမှုပြုလုပ်၍ အနာဂါတ်တွင် လက်စားချေခြင်းမခံရရန် ပြုလုပ်တော့မည်ဖြစ်သည်။
“သွားကြစို့!”
ထွက်သွားနေသော စစ်မှန်သောနတ်ဘုရားများကို လန်ယာစစ်မှန်သောနတ်ဘုရားသည် လိုက်ကြည့်နေမိရင်း အတွေးများစွာဝင်လာသည်။ ရီမိသားစု၏ ဤဘိုးဘေးသည် အလွန်အစွမ်းထက်ပြီး အသက်လည်း မကြီးသေးချေ။ ထိုသူကိုသာ ကောင်းကင်နတ်ဘုရားများ မဟာမိတ်အဖွဲ့သို့ ခေါ်ယူနိုင်မည်ဆိုလျှင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်မည်။
ကောင်းကင်နတ်ဘုရားများမဟာမိတ်အဖွဲ့အပေါ် ဖိအားက တဖြည်းဖြည်း ပိုမိုကြီးထွားလာသောကြောင့် စွမ်းအားရှင်များကို အလျင်အမြန်လိုအပ်နေသည်။ သို့သော် ဤရီမိသားစုဘိုးဘေးက စိတ်ဝင်စားမှု ရှိမရှိဆိုသည်မှာတော့ မသေချာသေးပေ။
တဖက်တွင် ရီဖန်သည် ဖီးနစ်စစ်မှန်သောနတ်ဘုရားပေးခဲ့သော တည်နေရာအတိုင်းသွားကာ ဘုရားကျောင်း၏ပိုင်နက်သို့ ရောက်ရှိသွားသည်။ သို့သော် ထိုနေရာသို့ ရောက်လာချိန်တွင် အားလုံးသည် ဗလာဖြစ်နေပြီဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်ပြီးနောက် ရီဖန်စိတ်ထဲတွင် နတ်ဆိုးကမ္ဘာသည် စစ်မှန်သောနတ်ဘုရားတစ်ဦး၏ ဂုဏ်သိက္ခာနှင့်ရည်မှန်းချက်မရှိ မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသည့်အတွက် အရှက်မရှိသူတစ်ဦးဟု ထင်မိ၏။