လက်နက်သန့်စင်ခြင်းစွမ်းရည် အဆင့်တက်လှမ်းမှု
Vol. 37 Ch. 550
“ကောင်းကင်နတ်ဆိုးအရှင်က အရာအားလုံးကို ပြင်ဆင်ထားပြီးပြီ။ ပင်ကိုပျက်ဆီးခြင်းနယ်မြေအရင်းမြစ်ရိုင်းလဲ ထွက်လာပြီ။ ဝင်ပေါက်ကတော့ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှာဖြစ်လိမ့်မယ်၊ အဲနေရာကိုတော့ မိသားစုတစ်စုက သိမ်းပိုက်ထားတယ်"
"ဒါပေမယ့် ဒီမိသားစုက မရိုးရှင်းဘူး။ သူတို့ မိသားစုခေါင်းဆောင်က မကြာသေးမီက အလယ်အလတ်အဆင့် စစ်မှန်တဲ့နတ်ဘုရားကို ရှင်းလိုက်တာပဲ"
“ကောင်းကင်နတ်ဆိုးရဲ့အစီအစဥ်ကြောင့် ငါ သူနဲ့ ပြဿနာမဖြစ်ဖို့ဘဲ ရွေးချယ်ခဲ့တယ်”
ရီမိသားစုသည် မကြာသေးမီက ကျုံးဖန်မြို့၌ ပေါ်ပေါက်လာပုံရသည်။ သို့သော် ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရားက များစွာမစဉ်းစားတော့ပေ။ ‘ ရီ’မိသားစုအမည်သည် သာမန်မျိုးရိုးအမည်ဖြစ်ပြီး ဤအင်အားစုနှစ်ခုက တိုက်ရိုက်ဆက်စပ်မှုမရှိလောက်ချေ။
တစ်ခုက ပင်ကိုပျက်ဆီးခြင်းပင်လယ်မှဖြစ်ပြီး အခြားတစ်ခုက ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတွင်ဖြစ်သောကြောင့် ၎င်းတို့နှစ်ခုသည် လုံးဝဆက်စပ်မှုမရှိနိုင်ပါ။
"သူတို့က ပင်ကိုပျက်ဆီးခြင်းနယ်မြေရဲ့ အရင်းမြစ်ရိုင်းတွေကြောင့် ကံကောင်းပြီး တက်လာတာဆိုတော့ ကောင်းကင်နတ်ဆိုးအရှင် ပြန်ရှင်သန်နေသရွေ့တော့ ဘာပြဿနာရှိလာမှာ မဟုတ်ပါဘူး"
"ငါ မင်းကို ဒီအချိန်ခေါ်လာရတဲ့ အကြောင်းရင်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို စတေးဖို့ပဲ"
“ကောင်းကင်နတ်ဆိုးအရှင် ပြန်လည်ရှင်သန်ဖို့ စွမ်းအင်ပမာဏအများကြီးလိုတော့ အဓိကစကြဝဠာကြီးသုံးခုနဲ့ ချိတ်ဆက်ထားတဲ့ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို စတေးလိုက်ရင် အဲတာအတွက် လုံလောက်မှာပါ"
အဓိက စကြာဝဠာသုံးခုကို စတေးခြင်းက ၎င်းတို့နှစ်ဦးလုံးအတွက် အလွန်ပင်သာမန်ဖြစ်ပုံရကာ မည်သည့်အနှောင့်အယှက်မှ မဖြစ်ကြပေ။
"ငါအရင်သွားလိုက်မယ်!"
နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် မိမိဆန္ဒအလျောက်တာဝန်ယူခဲ့သည်။ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတွင် ရီဖန်နှင့် ပြဿနာမဖြစ်လိုဟုသာ ပြောသော်လည်း
တကယ်တမ်းတွင် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် ရီဖန်ကို မနိုင်မှန်း ရှင်းရှင်းလင်းလင်း သိသည်။ သူ သေရမည်ကိုတော့ ကြောက်ပါ၏။
သို့သော် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်တော့ သူ့ကို ခြိမ်းခြောက်နိုင်သည့်သူ မရှိလောက်ပေ။
ဤကိစ္စပြီးလျှင် သွေးမျိုးဆက်လျှို့ဝှက်နည်းစနစ်ကို သူရလောက်မည်။ နတ်ဆိုးကောင်းကင် မဟာသူတော်စင်၏ရှုံးနိမ့်မှုက နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ သွေးမျိုးဆက်လျှို့ဝှက်နည်းစနစ်တွင် ချို့ယွင်းချက်ရှိနေကြောင်း ပြသည်။
သိူ့သော် တစ်ချိန်တည်းတွင် သွေးမျိုးဆက်လျှို့ဝှက်နည်းစနစ်၏ စွမ်းအားကိုလည်း သူမြင်ခဲ့ရသည်။ အကယ်၍ သူ့တွင် ပြီးပြည့်စုံသော သွေးမျိုးဆက်လျှို့ဝှက်နည်းစနစ်ရှိနိုင်လျှင် နှောင်းပိုင်း
စစ်မှန်သော နတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်ရန် အမှန်တကယ် မျှော်လင့်ချက်ရှိလိမ့်မည်။
သို့သော်လည်း လုံလောက်သော ပံ့ပိုးကူညီမှုမရှိဘဲ ကောင်းကင်နတ်ဆိုးက ၎င်းကို သူ့ထံလွှဲပြောင်းပေးရန် မဖြစ်နိုင်ပေ။
"နတ်ဆိုးကောင်းကင်၊ မင်း မဟာအခင်းအကျင်းကိုပြင်ဆင်ထားလိုက်"
မူလက သေသွားပြီဟုထင်ထားသော နတ်ဆိုးကောင်းကင် မဟာသူတော်စင်က အံ့အားသင့်စရာကောင်းစွာ ပြန်ပေါ်လာသည်။
ထိုမဟာသူတော်စင်သည် နတ်ဆိုးကမ္ဘာ ပြန်လည်ထူထောင်ပေးထားသော မူလ နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ ဝိညာဉ်ကြိုးမျှင်မျှသာဖြစ်၏။
သူ့အတွက် ယုံကြည်စိတ်ချရသည့် လက်အောက်ငယ်သားအနည်းငယ်ကို အမြဲလိုအပ်နေသောကြောင့်
နတ်ဆိုးကောင်းကင် မဟာသူတော်စင်ကို နှစ်အတော်ကြာ အသုံးပြုပြီးနောက်တွင် သူ့ကို ပြောင်းလဲရန် အဆင်မပြေတော့ပေ။
"ဟုတ်ကဲ့ ဆရာ!"
နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည် အစောပိုင်းက ဘာမှမဖြစ်ခဲ့သကဲ့သို့ မျက်နှာပေါ်တွင်လေးစားမှုရှိနေသည်။ သို့သော် သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကိုတော့ လုံးဝဖုံးကွယ်ထားခြင်းမရှိပေ။
နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည်လည်း ၎င်းကို မုချရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ သို့သော် ထိုသူက ၎င်းကိုစိတ်မ၀င်စားချေ။ စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို နောက်တစ်ကြိမ်မချိုးဖျက်နိုင်တော့မည့် အမှိုက်တစ်စ၏ သတ်ဖြတ်လိုစိတ် မည်မျှပြင်းပြနေပါစေ ကြောက်စရာမလိုပါ။
နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည်လည်း အချိန်ကိုက်ကို စောင့်မျှော်နေရင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ပင်မနယ်မြေရှိ တပ်ဖွဲ့ဝင်အများအပြားသည် မရင်းနှီးသောစွမ်းအားရှင်အများအပြား ပင်ကိုပျက်ဆီးခင်းပင်လယ်တွင် ပေါ်လာသည်ကို သတိပြုမိကြသည်။ ထို့အပြင် ဤကျင့်ကြံသူများ၏ အင်အားက အလွန်နက်နဲသည်။
အထွတ်အထိပ် မဟာသူတော်စင်ကျင့်ကြံသူ အနည်းငယ်သည် ထိုသူစိမ်းများကို စုံစမ်းရန် ရည်ရွယ်ချက်ခဲ့သော်လည်း ပိတ်လုနီးပါးဖြစ်ခဲ့သည်။
ဤအကျွမ်းတဝင်မရှိသော စွမ်းအားရှင်များအကြောင်း အသုံးဝင်သောအချက်အလက်များ မရရှိနိုင်သော်လည်း၊ ပင်ကိုပျက်ဆီးခြင်းပင်လယ်ရှိအရာများ ပြောင်းလဲတော့မည်ကို သိရှိထား၏။ ဤသူစိမ်းများသည် အလွန်များပြားပြီး အနည်းဆုံး နှောင်းပိုင်း မဟာသူတော်စင်အဆင့်တွင်ရှိကြကာ အနည်းငယ်က အထွတ်အထိပ်အဆင့်တွင်ရှိကြသည်။
၎င်းတို့က ဗြောင်ကျကျလှုပ်ရှားနေခဲ့ကြသော်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်ရှိ နယ်ခံဂိုဏ်းများက ၎င်းတို့အား မခုခံနိုင်ပေ။ သုံးနှစ်အကြာတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ မဟာသူတော်စင် အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ဦးသည် မရင်းနှီးသော ကျင့်ကြံသူများ တည်ထောင်ထားသည့် အခင်းအကျင်းကို မတော်တဆတွေ့ရှိခဲ့သည်။
၎င်းက ‘ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်းအခင်းအကျင်း’
ဖြစ်ကာ ဒဏ္ဍာရီများတွင်သာတည်ရှိပြီး ရှေးခေတ်ကပင် လုံးဝတားမြစ်ချက်ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုပင်လျှင် ၎င်းကို အသုံးမပြုပေ။ သဘာဝလောကကြီးကို ထိခိုက်စေသောကြောင့် အသုံးပြုသူများသည် ထိုရိုးရာဓလေ့ကို ဖျက်ဆီးလိုက်ကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
ယခု ဤအခင်းအကျင်း တစ်ဖန်ပြန်ပေါ်လာခြင်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်အတွက် ကြီးမားသောအရာတစ်ခုဖြစ်သည်။ ၎င်းသည် ပင်ကိုပျက်ဆီးခြင်းအတွက် ကပ်ဆိုးကြီးတစ်ခုဖြစ်နိုင်၏။
"မဟုတ်ဘူး၊ ငါ ဒီသတင်းကို ဖြန့်ရမယ်!"
အထွတ်အထိပ်အဆင့် မဟာသူတော်စင်သည် ခုခံရန်မလုပ်ဘဲ ထိုအစား တိတ်တဆိတ်ထွက်ခွာပြီး သတင်းဖြန့်ရန်သာ ရွေးချယ်ခဲ့သည်။ သူတိုက်ခိုက်ရန်အတွက် အင်အားကြီးစွမ်းအားရှင်များက အလွန်များလွန်းနေသည်။
"အဲဒီမှာတစ်ယောက်ယောက်ရှိနေတယ်၊ သတ်ကြ!"
နတ်ဆိုးကောင်းကင် မဟာသူတော်စင်က ရုတ်တရက်ပေါ်လာပြီး မဟာသူတော်စင်များနှင့် စတင်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့အားလုံးသည် မဟာသူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေကြသော်လည်း အချို့ကွဲပြားမှုများက သိသာထင်ရှားသည်။
နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည် မွေးရာပါ ပင်ကိုယ်စွမ်းရည် ပျက်စီးသွားသော်လည်း စွမ်းအားကြီးသူတစ်ဦးဖြစ်နေသေး၏။
သူလှုပ်ရှားလိုက်သည်နှင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ နယ်မြေခံ မဟာသူတော်စင်သည် လုံးဝအကူအညီမဲ့ဖြစ်သွားသည်။ နောက်ဆုံးတွင် သူမသေဆုံးမီ ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းသတင်းကို ပေးပို့နိုင်လိုက်သည်။
"ကိုးအောက်ဘုံငရဲ!"
နယ်မြေခံ မဟာသူတော်စင်က သတင်းစကား ပေးပို့ပြီးသည်နှင့် ငရဲမီးက သူ့ကိုချက်ခြင်းဝါးမြိုသွားခဲ့သည်။
ဤအခြေအနေနှင့်ရင်ဆိုင်ရသောအခါ နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည် အနည်းငယ်မျှသော စိတ်ပျက်မှုမရှိပေ။ ထိုအစား သူက အနည်းငယ် ပြုံးလိုက်သည်။
ယခုအချိန်မှာတော့ အရာအားလုံး သက်ဝင်လှုပ်ရှားလာတော့မည်။ ထိုသတင်းစကားကြောင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံးသည် ချက်ချင်း လူစည်ကားသောနေရာတစ်ခု ဖြစ်လာခဲ့သည်။
အမျိုးမျိုးသောတပ်ဖွဲ့များသည် ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း၏အန္တရာယ်ကို ချက်ချင်းတွေ့ရှိခဲ့သည်။
သို့သော် လူအနည်းငယ်မျှနှင့် ၎င်းတို့က မရင်းနှီးသော စွမ်းအားရှင်များကို ခုခံနိုင်စွမ်းမရှိပေ။
ဤစွမ်းအားရှင်များက အလွန်များပြားပြီး အစွမ်းထက်လွန်းသည်။ ဤကပ်ဆိုးကြီးကို ခံနိုင်ရည်ရှိရန်အတွက် ၎င်းတို့သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ စုပေါင်းစွမ်းအားကို အားကိုးရလိမ့်မည်။
၎င်းတို့က ထိုဖြစ်ရပ်ကို ကပ်ဆိုးကြီးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး ၎င်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် အလားအလာတစ်ခုဖြစ်သည်။
"မင်းမှာ လှည့်ကွက်တွေ ရှိသေးရင် အသက်ရှင်ဖ်ို့မလိုတော့ဘူး"
နတ်ဆိုးကောင်းကင် မဟာသူတော်စင်၏ ကိုယ်ထည်က တိုက်ရိုက်လွှင့်ပစ်ခံလိုက်ရသည်။
အထွတ်အထိပ် မဟာသူတော်စင်ကျင့်ကြံမှုအဆင့်တွင်ပင် နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည် ဤပေါ့ပေါ့ပါးပါး ကန်ချက်ကို မခုခံနိုင်သေးပေ။
"ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး!!"
နတ်ဆိုးကောင်းကင် မဟာသူတော်စင်က နောင်တရနေဟန်ဖြင့် ပြောလာသည်။
"ဟမ့် အဲလိုဖြစ်ဖို့မျှော်လင့်တယ်!"
နတ်ဆိုးကမ္ဘာသည် နတ်ဆိုးကောင်းကင် မဟာသူတော်စင်၏ လှည့်ကွက်အနည်းငယ်ကို အလွယ်တကူမြင်နိုင်သော်လည်း အနည်းငယ်မျှ ဂရုမစိုက်ပေ။ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ၎င်းတို့ကို ခုခံနိုင်သည့် စွမ်းအားရှင်များ မရှိနေချေ။
သူတို့ သိသွားလျှင်ပင် ဘာအရေးကြီးသနည်း။
မဟာသူတော်စင်အဆင့်ရှိ ထိုစွမ်းအားရှင်များက ၎င်းတို့ကို အမှန်တကယ် တားနိုင်လိမ့်မည်လား။ ပင်ကိုပျက်ဆီးခြင်းရှိ အဓိက တပ်ဖွဲ့များအားလုံးသည် ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးအုပ်စုကို အတူတကွတွန်းလှန်ရန် အကြောင်းကြားစာ ရရှိခဲ့ကြသည်။
ကျုံးဖန်မြို့သည် ပြင်ပဒေသတွင်ရှိသော်လည်း ၎င်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် အတော်အတန်နာမည်ကျော်ကြားပြီး ထိုသတင်းကိုလည်း လက်ခံရရှိခဲ့သည်။
ရီကျင်းထျန်သည် ရီမိသားစု၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အစည်းအဝေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့၏။ သူသည် ဤကပ်ဆိုးကြီးကို သိပ်စိတ်မပူခဲ့ပေ။
အကြီးအကဲရီဖန်ရှိလျှင် ဘာကြောက်စရာရှိမည်နည်း။
အကြီးအကဲသည် စစ်မှန်သောနတ်ဘုရား အလယ်အလတ်အဆင့်ကျွမ်းကျင်သူများကိုပင် သတ်နိုင်သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲရှိ မည်သူ့ကိုမဆိုခေါ်ခဲ့လျှင် သူကအားလုံးကို သတ်ပစ်လိမ့်မည်ပင်။
အစည်းအဝေး၏ အကြောင်းအရာသည် အလွန်ရိုးရှင်း၏။ ဤစွမ်းအားရှင်များ၏ အခြေစိုက်စခန်းကို ရှာဖွေပြီး အားလုံး၏အင်အားများကိုစုစည်းကာ ဤကျင့်ကြံသူများကို ဖယ်ရှားပစ်ရန်ဖြစ်သည်။
ထို့နောက် ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းကို ဖျက်ဆီးပစ်ရမည်။ ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းအခင်းအကျင်းကို အမှန်တကယ်တည်ဆောက်ခဲ့လျှင် ပြဿနာကြီးကြီးမားမားရှိလာလိမ့်မည်။
သူပြန်လာပြီးနောက် ရီကျင်းထျန်သည် ရီဖန်ထံသို့ ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းသတင်းကို ချက်ချင်းကြားလိုက်ရသည်။
ထိုစကားကိုကြားပြီးနောက် ရီဖန်သည် ရင်းနှီးသောခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
ထိုကဲ့သို့အခင်းအကျင်းက မဟာသူတော်စင်တပ်ဖွဲ့များ ပြုလုပ်နိုုင်မည့် အရာမဟုတ်ပေ။
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် စစ်မှန်သောနတ်ဘုရားများ ရှိနိုင်ပါသလား။ သို့သော် စစ်မှန်သောနတ်ဘုရားများ ရှိလျှင်ပင် ပြဿနာမရှိဟု ထင်ရသည်။ ရီဖန်သည် ယခုအခါ နေရာလွတ်နတ်ဘုရားမျှော်စင်ကို လုံးဝ သန့်စင်သွားပြီဖြစ်သည်။
နေရာလွတ်နတ်ဘုရားမျှော်စင်ကို တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအတွက် တပ်ဆင်ထားပြီး ၎င်းက ရီဖန်၏စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးသည်။
စစ်မှန်သောနတ်ဘုရားနှစ်ပါး အမှန်တကယ်ရောက်လာလျှင်ပင် ရီဖန်ပ ၎င်းတို့ကို ဖမ်းနိုင်လိမ့်မည်။
သို့သော် ယခုအချိန်တွင် ရီဖန်သည် ထိုကိစ္စအတွက် စိတ်ပူရန် အချိန်မရှိသကဲ့သို့ တခြားလုပ်စရာများလည်း ရှိနေ၏။ စနစ်ထံသို့ တင်ပြချက်တောင်းခံပြီးနောက်တွင် ရီဖန်၏ဝိညာဉ်ပင်လယ်ထဲ၌ အသိပညာများစွာ ဆက်လက်စီးဆင်းနေသည်။
ဤကာလအတွင်း ရီမိသားစု၏ မြောက်မြားစွာသော လက်နက်သန့်စင်သည်များသည် နေရာလွတ်နတ်ဘုရားမျှော်စင် အတွင်းရှိ နတ်ဘုရားလမ်းကြောင်းများကို စဉ်ဆက်မပြတ် နားလည်သဘောပေါက်ခဲ့ပြီး ၎င်းတို့၏ လက်နက်သန့်စင်ခြင်းကျွမ်းကျင်မှုသည်လည်း အတော်အတန်တိုးတက်ခဲ့သည်။ ယခု အဆင့်မြှင့်တင်ရန် အချိန်တန်ပါပြီ။
၎င်းတို့သည် မဟာသူတော်စင် အထွတ်အထိပ်အဆင့်၏ လက်နက်သန့်စင်ခြင်းစွမ်းရည်ကို အတားအဆီးမရှိဘဲ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ ထို့နောက်တွင် ရီမိသားစုရှိ မဟာသူတော်စင်များ၏ လက်နက်များကို အဆင့်မြှင့်တင်နိုင်တော့မည်ဖြစ်သည်။