← Chapters

စစ်မှန်သောနတ်ဘုရားကပ်ဘေး

Vol. 37 Ch. 551

စစ်မှန်သောနတ်ဘုရားကပ်ဘေး

Vol. 37 Ch. 551

ရီဖန်အတွက် သူ၏လက်နက်သန့်စင်မှုအဆင့် တိုးလာသည်နှင့် အခြားမည်သည့်ကျွမ်းကျင်မှုကိုမျှ လိုအပ်တော့မည်မဟုတ်ချေ။ အမွေကို လက်ခံပြီးချိန်မှစ၍ ရီဖန်၏လက်နက်သန့်စင်ခြင်း အတွေ့အကြုံသည် နှစ်မရေမတွက်နိုင်အောင် တိုးလာခဲ့သည်။

စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်အမျိုးမျိုးထံမှ ရရှိထားသော အရင်းအမြစ်များက နောက်ဆုံးတွင် အသုံးတည့်လာသည်။ ထုတ်လုပ်ဖြန့်ချိစက်ကဲ့သို့ပင် ထိပ်တန်းနတ်လက်နက်တစ်သီတတန်းကြီးက ရီဖန်၏လက်မှ ထွက်ပေါ်လာသည်။ လက်နက်သန့်စင်ခြင်းနည်းစနစ် အဆင့်မြင့်မားလာသောအခါတွင် ထိုကဲ့သို့ဖြစ်လာခြင်းက မဆန်းကြယ်ပေ။

လက်ရှိ ရီမိသားစုတွင် နှောင်းပိုင်းမဟာသူတော်စင်စွမ်းအားရှင်များ အလွန်နည်းပါးပြီး နှစ်ယောက်မျှသာရှိသည်။ အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင် ကျင့်ကြံသူများက ထိပ်တန်းမဟာသူတော်စင်လက်နက်များကို အသုံးပြုချှင် ၎င်းတို့၏စွမ်းအားကို အလွန်လျင်မြန်စွာ ကုန်ဆုံးသွားစေနိုင်သည်။

ပုံမှန်အားဖြင့် အထွန်အထိပ်မဟာသူတော်စင် စွမ်းအားရှင်အချို့ကသာ ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်များကိုအသုံးပြုနိုင်သည်။ အများစုမှာ စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်များသာ ၎င်းတို့ကို အသုံးပြုရန် အရည်အချင်းရှိသည်။

ကောင်းကင်ဘုံချိတ်ဆက်နယ်မြေသို့မဟုတ် ပင်ကိုပျက်ဆီးခြင်းပင်လယ်ဖြစ်စေ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းအမွေအနှစ်များသည် အလွန်ရှားပါးပြီး ၎င်းတို့၏အဆင့်များမှာလည်း နည်းပါးလွန်းပါသည်။

လန်ယာစစ်မှန်သောနတ်ဘုရားမ၏ နတ်လက်နက်များကိုပင် အခြားအထက်ကမ္ဘာများမှရရှိခဲ့ခြင်းဖြစ်သည်။

ဤနယ်မြေတွင် နတ်လက်နက်များကို ရရှိရန်မှ လက်တွေ့တွင်မဖြစ်နိုင်ပေ။

အဆင့်မြင့် မဟာသူတော်စင်လက်နက်တချို့ကို ရီဖန်က ရတနာခန်းမသို့ပေးပို့ခဲ့သည်။ ရီမိသားစု၏ ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်များ မြင့်မားလာသည်နှင့်အမျှ သူတို့လိုချင်သော ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်များကို လဲလှယ်ရန်အတွက် ရတနာခန်းမသို့ သွားနိုင်သည်။

နောက်ထပ်တချို့ကို အရွက်တစ်ထောင်ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ယခုအခါ ရီမိသားစုသည် ကောင်းကင်ဘုံချတ်ဆက်နယ်မြေနှင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်နှစ်ခုလုံးတွင် ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်များကို ဆက်လက်ထိန်းသိမ်းခွင့်ရထားသည်။ တစ်ယောက်ယောက်ကသာ ပြဿနာရှာချင်လျှင်လည်း ရီဖန်က စိတ်ထဲမထားချေ။

ရီဖန်၏လက်ထဲတွင် ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ ကိုယ်ထည်ရှိသည်။

ရီဖန်သည် ရုပ်သေးနည်းစနစ်ဖြင့် ဤနတ်ဘုရားကိုယ်ထည်၏ အလားအလာကို အပြည့်အဝအသုံးချနိုင်ခြင်း မရှိခဲ့သော်လည်း

နတ်ကိုယ်ထည်၏ မူလစွမ်းအားက အလွန်မြင့်မားပြီး စစ်မှန်သောနတ်ဘုရားတစ်ပိုင်း စွမ်းအားကို ထုတ်လုပ်နိုင်သည်။

ထိုသို့သောတည်ရှိမှုက ကျင့်ကြံသူအများစုကို ခြိမ်းခြောက်ရန် လုံလောက်ပါသည်။ ထိုရုပ်သေးကို ရီဖန်က ရီကျင်းထျန်အား ပေးထားသည်။ အရွက်တစ်ထောင်ဆေးခန်းသည် ရီမိသားစု အရင်းအမြစ်စုဆောင်းမှု၏ အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ၎င်းကိုကာကွယ်ရန် လုံလောက်သောစွမ်းအားလိုအပ်သည်။

"ကျင်းထျန် မင်း ငွေရှာရတာကို နှစ်သက်တယ်ဆိုရင်လဲ ငါစိတ်မ၀င်စားဘူး၊ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံမှုအပေါ်မှာလဲ အာရုံစိုက်ရမယ်"

ရီဖန်သည် မကြာသေးမီက အလယ်အလတ်မဟာသူတော်စင်အဆင့်သို့ ဖြတ်သွားခဲ့သော ရီထျင်းထျန်ကို အနည်းငယ် မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ကျင့်ကြံမှုအဆင့်အရ ဒုတိယမျိုးဆက်တွင် သူသည် အတော်အားနည်းနေသည်။

ရီဖန်၏အကြီးဆုံးသားဖြစ်သော ရီကျင်းထျန်ကို ဒုတိယမျိုးဆက်များကြားတွင် ထိပ်တန်းကျင့်ကြံသူဖြစ်လာရန် မမျှော်လင့်ထားသော်လည်း သူ့အနေဖြင့် အလွန်အမင်းနောက်မရောက်နေသင့်ပေ။

အရွက်တစ်ထောင်ဆေးခန်းသည် အရင်းအမြစ်စုဆောင်းခြင်းအတွက်သာဖြစ်သော်လည်း ထိုစုဆောင်းရေးအတွက် ကျင့်ကြံမှုတိုးတက်မှုကို စွန့်လွှတ်လိုက်ခြင်းက ရီဖန်၏အမြင်တွင် အကျိုးမရှိဟုထင်သည်။

"တောင်းပန်ပါတယ် အဖေ၊ အဖေ့ကို စိတ်ပျက်စေမိပြီ"

ရီကျင်းထျန်သည် အပြစ်ရှိမှန်းသိစွာ ခေါင်းညိမ့်လိုက်သည်။ ရီဖန်သည် အရွက်တစ်ထောင်ဆေးခန်းကို အဆင့်တစ်ခုအထိ ထူထောင်ရန်အတွက် သူ့ကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးပေ။ အရေးကြီးဆုံးအရာမှာ သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်သာဖြစ်သည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း အရွက်တစ်ထောင်ဆေးခန်း၏ တိုးတက်မှုအရှိန်အဟုန်ကြောင့် ရီကျင်းထျန်သည် အနည်းငယ်နောက်ရောက်နေ၏။ ထို့အပြင် ဆေးခန်းကိုထိန်းသိမ်းရန်အတွက် ရီဖန်ပေးပို့သော ရုပ်သေးအနည်းငယ်ကြောင့် ရီကျင်းထျန်၏ကိုယ်ပိုင်စွမ်းရည်ကို မရှိမဖြစ်လိုအပ်သည်မဟုတ်ရာ သူ၏လေ့ကျင့်မှုအရှိန်ကို ကျဆင်းစေသည်။

ရီဖန်သတိပေးလိုက်မှသာ ရီကျင်းထျန် ရုတ်တရက် အသိဝင်လာသည်။ ကျင့်ကြံမှုလောကတွင် ငွေမည်မျှပင်ရှိစေကာမူ အရေးကြီးဆုံးမှာ ကျင့်ကြံမှုအဆင့်သာဖြစ်သည်။ ဒုတိယမျိုးဆက်၏ အကြီးဆုံးသားဖြစ်သောကြောင့် သူသည် ရီမိသားစုကို အရှက်မခွဲသင့်ပေ။

ငွေရှာရန် အရေးကြီးသော်လည်း ကျင့်ကြံရေးက ပိုအရေးကြီးသည်ဖြစ်ရာ သူပိုမိုအားထုတ်၍ကျင့်ကြံမှရမည်။ ရီကျင်းထျန်သည် စိတ်လေးစွာ ထွက်ခွာသွားခဲ့ပြီး ဤတစ်ကြိမ်တွင် ထိပ်တန်းမဟာသူတော်စင်လက်နက်ရောင်းချခြင်းမှ အမြတ်အစွန်းကြီးကြီးမားမားရရှိသောကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုသည်လည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။

ရီမိသားစု၏တောင်ထွတ်မှနေ၍ ရီကျင်းထျန်ထွက်ခွါသွားသည်ကို စောင့်ကြည့်နေသော ပိုင်ဇယ်က တစ်ခုခုမှားနေသည်ကို ခံစားမိသော်လည်း အများကြီးမစဉ်းစားမိပေ။ သူသိသည်မှာ အိပ်ရန်သာဖြစ်၏။

"ဦးဦးပိုင်ဇယ် လာကစားကူပါဦး!"

ပိုင်ဇယ်အနားတွင် ပုံရိပ်သေးသေးလေးပေါ်လာပြီး သူ၏မုတ်ဆိတ်မွေးကို ချက်ချင်းဆွဲလိုက်သည်။ ဧည့်သည်သည် အဇူရာနဂါးနှင့် အိုးကျင်းမှမွေးဖွားသည့် အိုးပင်းမှလွဲ၍ အခြားသူမဟုတ်ချေ။

"လာ လာ ဦးဦးက ဒီမှာ!"

ပိုင်ဇယ်သည် အဇူရာနဂါးကို အမြဲမကျေမနပ်ဖြစ်နေသည်။ သိူ့သော် သူက အိုးပင်းကို အတော်သဘောကျပြီး သူ့စိတ်နေစိတ်ထားနှင့် လိုက်ဖက်သည်ဟု ခံစားရသည်။

“ဦးဦးပိုင်ဇယ် သားကို အဖိုးနဲ့ကစားဖို့ခေါ်သွားပေးပါဦး"

ပိုင်ဇယ် သူ့ကိုတုံ့ပြန်သည်ကို မြင်သောအခါ အိုးပင်းက ချက်ချင်းစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရီမိသားစုသည် ပျော်စရာကောင်းသော်လည်း အကြာကြီးနေပြီးနောက် အိုးပင်းက အပြင်ထွက်ကစားချင်ခဲ့သည်။

အိုးပင်း၏အထက်တွင် သားတော်နှစ်ပါးရှိသေးသောကြောင့် သူသည် နဂါးနန်းတော်တွင် တတိယမင်းသားဘွဲ့ကိုလည်း ရရှိခဲ့သည်။ တတိယမင်းသားဖြစ်သောကြောင့် သူသည် နဂါးမျိုးနွယ်စုအကြားတွင် အာဏာရှင်လေးဖြစ်ကာ သူ့ကိုရန်စရန် မည်သူမျှသတ္တိမရှိပေ။

ထို့အပြင် ရီဖန်၏နောက်ခံဖြင့် အိုးပင်းသည် သူလိုချင်သမျှကို ရရှိလုနီးပါးဖြစ်သည်။ သာမန်အားဖြင့် သူသည် နဂါးမျိုးနွယ်စုတွင်နေလိုသည်။ သို့သော်လည်း အိုးကျင်းနှင့် အဇူရာနဂါးတို့ အလွန်ချစ်ခင်ကြင်နာနေကြသောကြောင့် သူ့ကို လျစ်လျူရှုထားရာ ပိုင်ဇယ့်ကိုသာ သူနှင့် အပြင်ထွက်ကစားရန် တောင်းဆိုနိုင်ခဲ့သည်။

ပိုင်ဇယ်သည်လည်း အိုးပင်း၏တောင်းဆိုမှုကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။

နှစ်ယောက်သားချစ်ခင်မှုကို နေ့စဉ် ပြောင်ပြောင်တင်းတင်းထုတ်ဖော်နေသည့် ထိုစုံတွဲကို ပိုင်ဇယ်က ပို၍ပင်မတွေ့ချင်ချေ။ အပြင်ထွက်ပြီး ကစားရခြင်းက ပိုကောင်းလိမ့်ဦးမည်။

…

ပင်ကိုပျက်ဆီးခြင်း၏ပင်လယ်ဘက်ခြမ်းတွင် အင်အားစုများစွာဖြင့်ဝိုင်းရံထားခြင်းက နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရား၏အစီအစဉ်အပေါ် များစွာသက်ရောက်မှုမရှိပေ။ နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည်လည်း နာခံမှုရှိလာပြီး မည်သည့်ပြဿနာမျှ မဖြစ်စေသောကြောင့် နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားကို အလွန်ကျေနပ်စေသည်။

"အခင်းအကျင်းမျက်လုံး ၃၆၀၀၀ရှိပြီး အခု ၃၁၀၀၀ ကျော်ကို တပ်ဆင်ထားပြီ။ ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံးကို မကြာခင် ဖုံးလွှမ်းတော့မယ်လို့ ကျွန်တော်ယုံကြည်တယ်"

နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် သူ့အနားရှိ ကောင်းကင်နတ်ဘုရားကို ပြောလိုက်သည်။

"ကောင်းပြီ၊ ဒီနေရာမှာ စတေးပြီးသွားရင် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေကို ပြန်သွားနိုင်ပြီ။ အဲဒီအခါ မင်းလဲ လက်စားချေလို့ရမှာပါ!"

All Chapters