← Chapters

စစ်မှန်သောနတ်ဘုရား ကပ်ဘေး

Vol. 37 Ch. 552

စစ်မှန်သောနတ်ဘုရား ကပ်ဘေး

Vol. 37 Ch. 552

ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရားသည် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ ကောင်းကင်ချိတ်ဆက်နယ်မြေမှ အတွေ့အကြုံကို သိရှိထားပြီးဖြစ်သည်။ ၎င်းသည် မိမိပိုင်နက်မှ နှင်ထုတ်ခံရသည့်အတွက် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားကို အထင်သေးရှုံ့ချသော်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ အရေးကိစ္စနှင့်ပတ်သက်၍ နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ အကူအညီကို လိုအပ်နေသေးသည်။

ထုံးစံအတိုင်း ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရားက အဖိုးအခတချို့ပေးဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။

နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရား၏ စကားကို တုံ့ပြန်ခြင်းမရှိပေ။ သူ၏ မဆုတ်မနစ်သော အားထုတ်မှုက သွေးမျိုးဆက်ဥပဒေကိုရယူရန် တစ်ခုတည်းသာဖြစ်သည်။

သွေးမျိုးဆက်ဥပဒေအပြည့်အစုံကိုရရှိပြီးနောက် နှောင်းပိုင်း စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ပြီးသည်နှင့် လက်စားချေရန် သူ့ဘာသာသူဖြစ်လာလိမ့်မည်။ ရီဖန်ထံမှ နေရာလွတ်နတ်ဘုရားမျှော်စင်ကိုလည်း သူလိုချင်နေသေး၏။

"စကားမစပ် အခင်းအကျင်းမျက်လုံးကို တပ်ဆင်ထားပြီ။ အခင်းအကျင်းချပ်ပြားကို အဆင့်မြင့်ဖိုတော့ မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူနည်းနည်း ဒါမှမဟုတ် ထိပ်တန်း မဟာသူတော်စင်အဆင့်လက်နက်သန့်စင်သူကို လိုလိမ့်မယ်"

"ငါ့ အချက်အလက်တွေအရတော့ ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်သန့်စင်သူမရှိဘူး။ အဆင့်မြင့် မဟာသူတော်စင်လက်နက်သန့်စင်သူက နည်းနည်းရှိတော့ မင်းကိုယ်တိုင်ရွေးလို့ရတယ်”

"ဒါပေမယ့်၊ ဒီမိသားစုတွေရဲ့ နောက်ကွယ်က အင်အားစုက အားမနည်းဘူး။ မင်းကိုယ်တိုင် လှုပ်ရှားပြီး သွားခေါ်မှရလိမ့်မယ်!"

သူစကားပြောပြီးနောက် ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရားသည် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားကို ကျောက်စိမ်းစလစ်တစ်ခု ပေးအပ်ခဲ့သည်။ ၎င်းတွင် အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများနှင့် အင်အားစုများ၏ အချက်အလက်များပါရှိသည်။

ပုံမှန်အားဖြင့် အဆင့်မြင့်မဟာသူတော်စင်အရှင်များက အထွတ်မဟာသူတော်စင်လက်နက်သန့်စင်သူများကို ကာကွယ်ထားသည်။ ၎င်းတို့ကို မကာကွယ်ထားသည့် တစ်ခုတည်းသော အရံမိသားစုမှာ ရီမိသားစုသာဖြစ်သည်။

ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်လည်း ရီမိသားစုရှိပါသလား။ ဤရီမိသားစုသည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှ ရီမိသားစုနှင့် အဆက်အသွယ်ရှိနိုင်သလား။ ထိုအတွေးက နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားစိတ်ထဲ ခဏပေါ်လာသည်။

သို့သော်မကြာမီ နတ်ဆိုးကမ္ဘာ စစ်မှန်သော နတ်ဘုရားက ထိုအတွေးကို ပယ်ချခဲ့သည်။

ကျင့်ကြံရေးလောကတွင် ရီ ဟုအမည်ပေးထားသော မိသားစုများစွာရှိရာ ၎င်းတို့အားလုံးက မည်သို့အဆက်အသွယ်ရှိနိုင်မည်နည်း။

ထို့အပြင် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှ ရီမိသားစုသည် အလွန်အစွမ်းထက်သည်။ ကျုံးဖန်မြို့ရှိ ရီမိသားစုတွင် စွမ်းအားအကြီးဆုံးက အထွတ်အထိပ်မဟာသူတော်စင်အဆင့်တွင်သာဖြစ်ရာ မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

"ငါကိုယ်တိုင်သွားမယ်"

နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားက ချက်ချင်းသဘောတူလိုက်သည်။ အဆင့်မြင့် မဟာသူတော်စင်လက်နက်သန့်စင်သူများသည် အထက်နယ်မြေနှစ်ခုလုံးတွင် အကန့်အသတ်ရှိရာ

တစ်ခုရှာရန် မလွယ်ပေ။

အခြားနေရာတွင်ရှိနေသည်ဖြစ်ရာ အဘယ်ကြောင့် ထိုနေရာတွင် သွားမရှာရမည်နည်း။ အစီအစဥ်ကို အမြန်ပြီးမြောက်စေရန်အတွက် ဤလက်နက်သန့်စင်သူများကို သိမ်းလိုက်ခြင်းက ကောင်းလိမ့်မည်။ နယ်မြေခံ အင်အားစုများ၏တုံ့ပြန်မှုနှင့်ပတ်သက်၍ နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားက စိုးရိမ်ပူပန်ခြင်းမရှိချေ။

မကြာမီတွင် ပင်မနယ်မြေရှိ မဟာသူတော်စင်အဆင့်လက်နက်သန့်စင်သူများရှိသည့် ပထမဆုံးအင်အားစုသည် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ ကျူးကျော်မှုကိုခံလိုက်ရသည်။

အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူအနေဖြင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်နေထိုင်ရသောဘဝက အလွန်သက်တောင့်သက်သာရှိ၏။ ရီမိသားစုသည်သာ နောက်ပိုင်းမှပေါ်လာပြီး ၎င်းတို့၏ လုပ်ငန်းအများအပြားကို သိမ်းပိုက်ခဲ့သည်။

သို့တိုင် ၎င်းက အခြားမိသားစုများထက် သိသိသာသာ ကောင်းမွန်နေသေးသည်။

သို့သော် ယနေ့တွင် ၎င်းတို့ကို ပျက်ဆီးစေနိုင်သော ကပ်ဘေးဒဏ်ကို ခံစားနေကြရ၏။ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ဧရာမမိသားစုကြီးတစ်ခု ပျက်သုဉ်းသွားသည်။ မိသားစုတွင်းရှိ အထွတ်အထိပ်မဟာသူတော်စင်နှစ်ဦးသည် တိုက်ခိုက်ခံရသည်နှင့် ချက်ချင်းထွက်ပြေးရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း ၎င်းတို့က နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ တစ်ချက်တည်းနှင့် ချေမှုန်းခြင်းခံလိုက်းသည်။

“စစ်မှန်တဲ့နတ်ဘုရား၊ ပင်မနယ်မြေမှာ စစ်မှန်တဲ့နတ်ဘုရားရှိနေတာပဲ၊ ဒါပေမယ့် ငါတို့ကို ဘာလို့လာတိုက်ခိုက်တာလဲ”

၎င်းတို့၏နောက်ဆုံးထွက်သက်အထိပင် မဟာသူတော်စင်နယ်မြေစွမ်းအားရှင်နှစ်ဦးသည် ၎င်းတို့၏မိသားစုမှ လက်နက်သန့်စင်သူကြောင့် ထိုသို့သောကပ်ဆိုးကြီးဖြစ်ပေါ်လာရသည်ကို နားမလည်နိုင်သွားပေ။

စစ်မှန်သောနတ်ဘုရားသည် သူ၏လုပ်ရပ်များကို ဖုံးကွယ်မထားသောကြောင့် မကြာမီတွင် အနီးနားရှိတပ်ဖွဲ့များသည်လည်း ပျက်စီးသွားသောမိသားစုကို တွေ့ရှိခဲ့သည်။ ကျန်နေသေးသည့် ရောင်ဝါကိုခံစားလိုက်ရသော အထွတ်အထိပ်မဟာသူတော်စင်စွမ်းအားရှင်များမှာ အကြောက်တရားနှင့် ပြည့်နှက်နေသည်။

၎င်းက စစ်မှန်သောနတ်ဘုရားဖြစ်သည်မှာ သေချာပါ၏။ ပင်မနယ်မြေအတွင်းရှိ စစ်မှန်သောနတ်ဘုရားများအကြောင်း ကောလဟာလများ အမြဲရှိခဲ့သော်လည်း မည်သူမျှ မတွေ့ဖူးပေ။ ယခုတွင် စစ်မှန်သောနတ်ဘုရားတစ်ပါး အမှန်တကယ် ပေါ်လာခဲ့သည်။

သူ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် အထွတ်အထိပ် အင်အားစုတစ်ခု ပျက်သုဉ်းသွား၏။ ကျန်ရှိနေသော ရောင်ဝါတစ်ခုတည်းကြောင့်ပင် အထွတ်အထိပ်မဟာသူတော်စင် စွမ်းအားရှင်များ တုန်လှုပ်သွားသည်။ ဤသတင်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ရှိ အင်အားစုများအတွက် အံ့အားသင့်စရာဖြစ်ခဲ့သည်။

အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကြောင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှလူများ ထိတ်လန့်တုန်လှုပ်ခဲ့သည်။ ယခု စစ်မှန်သောနတ်ဘုရား ပေါ်လာသော် အင်အားစုများစွာက ထိုင်မနေနိုင်တော့ချေ။ အရေးအကြီးဆုံးမှာ စစ်မှန်သောနတ်ဘုရားက အဘယ်ကြောင့်ထိုသို့ပြုလုပ်ရကြောင်း မည်သူမှ မသိကြခြင်းဖြစ်သည်။

ဤမိသားစုသည် စစ်မှန်သော နတ်ဘုရားနယ်မြေစွမ်းအားရှင်ကို စော်ကားခြင်းကြောင့်များလား။ များမကြာမီတွင် နောက်ထပ် အင်အားစုနှစ်ခု ဖျက်ဆီးခံရသည့် သတင်းများထွက်ပေါ်လာသည်။

လူတိုင်း ဤအင်အားစုများကြားရှိ တူညီသောဆက်စပ်မှုကို တွေ့ရှိခဲ့သည်။

၎င်းတို့တွင် အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများရှိသည်။

သို့သော် စစ်မှန်သောနတ်ဘုရားသည် ဤအင်အားစုများကို ချေမှုန်းပြီးနောက် အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများသည် ပြန်ပေါ်လာခြင်းမရှိတော့ပေ။

စစ်မှန်သောနတ်ဘုရားသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများကို ဖမ်းယူခြင်းဖြစ်သည်။

"ချီးပဲ! ဒါက ဘယ်လိုဖြစ်ရတာလဲ!"

အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူ များပါရှိသော အင်အားစုများ၏မျက်နှာများသည် ချက်ချင်းပင် မှုန်မှိုင်းသွားသည်။ အစောပိုင်းက အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများသည် ဤအင်အားစုများ၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့က အန္တရာယ်ဖြစ်လာခဲ့သည်။ ဤအခြေအနေမျိုးကို မည်သို့ ခံနိုင်ရည်ရှိကြမည်နည်း။

သို့သော် ၎င်းတို့သည် အဆင့်မြင့် မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများကို စွန့်ပစ်လိုစိတ်မရှိကြပေ။ အဆင့်မြင့် မဟာသူတော်စင်အဆင့်လက်နက်သန့်စင်သူများကို ကျင့်ကြံပေးခြင်းက အရင်းအမြစ်များစွာ ကျန်ကျသော အလုပ်တစ်ခုဖြစ်သည်။

၎င်းတို့က ပါရမီရှင်များဖြစ်လျှင်ပင် မရေမတွက်နိုင်သော အရင်းအမြစ်များကို သုံးစွဲ​နေရဆဲဖြစ်သည်။ ဤအရင်းအမြစ်များသည် အထွတ်အထိပ် မဟာသူတော်စင်အနည်းငယ်ကိုပင် လေ့ကျင့်ပေးနိုင်လိမ့်မည်။ အထူးသဖြင့် အင်အားစုငယ်များအတွက် ဤထိပ်တန်း မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများသည် မိသားစု၏မဏ္ဍိုင်ဖြစ်သည်။

၎င်းတို့မရှိတော့လျှင် အင်အားစုက သိသိသာသာ နိမ့်ကျလာလိမ့်မည်။ တခြားအင်အားစုများ လှုပ်ရှားမည်ကို စောင့်စရာမလိုဘဲ သူတို့ကိုယ်တိုင် ထိန်းထားနိုင်မည် မဟုတ်ချေ။

"ထိပ်တန်းမဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူတွေရှိတဲ့ အခြား အင်အားစုတွေကို အကြောင်းကြားပါ၊ အဲတာမှ ငါတို့အတူ အဖြေရှာနိုင်မယ်"

နတ်ဘုရားလက်နက်ဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်သည့် နတ်ဘုရားလက်နက်မဟာသူတော်စင်သည် သေခြင်းတရားကိုစောင့်နေရန် ဆန္ဒမရှိသောကြောင့် အခြားအင်အားစုများကို ချက်ချင်းအသိပေးခဲ့သည်။ စစ်မှန်သော နတ်ဘုရားနယ်မြေစွမ်းအားရှင်ကို သူတို့ဘာသာ မခုခံနိုင်သည်မှာ သေချာသည်။

အကယ်၍ အခြားသူများနှင့်မပူးပေါင်းလျှင် စစ်မှန်သောနတ်ဘုရားများရောက်လာသောအခါ ၎င်းတို့၏တစ်ခုတည်းသော ကံကြမ္မာက ပျက်ဆီးခြင်းတရားဖြစ်လိမ့်မည်။ နတ်ဘုရားလက်နက်မဟာသူတော်စင်၏ အဆိုပြုချက်သည် အခြားသောအင်အားစုများထံမှ တုံ့ပြန်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။

“အားလုံးပဲ ငါ စစ်မှန်တဲ့နတ်ဘုရားနယ်မြေ စွမ်းအားရှင်နဲ့ ဆက်သွယ်နိုင်တယ်၊ ဒါပေမယ့် အဲဒါကကုန်ကျစရိတ်နည်းမှာမဟုတ်ဘူး”

အားလုံးက အကြံကုန်နေချိန်တွင် ထျန်းကျင်းမဟာသူတော်စင်က ဗုံးတစ်လုံးကြဲချလိုက်သည်။

"မင်း နောက်ပြောင်နေတာ မဟုတ်တာ သေချာလား"

မဟာသူတော်စင်တစ်ယောက်က ၎င်းကို မယုံချင်ပေ။ စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများကို ဆက်သွယ်ရန် အလွန်လွယ်ကူပါက ၎င်းတို့ ယခုလောက်အထိ တွန်းပို့ခံရမည်မဟုတ်ချေ။

"ယုံယုံ မယုံယုံ မင်းအပေါ်မှာပဲ မူတည်တယ်”

ထျန်းကျင်းမဟာ သူတော်စင်က သူ့လက်ကို လှန်လိုက်ရာ သင်္ကေတတစ်ခု ပေါ်လာသည်။

“ဒါက တကယ်ကို စစ်မှန်တဲ့နတ်ဘုရားအမွေအနှစ်ပဲ”

နတ်ဘုရားလက်နက်မဟာသူတော်စင်၏မျက်လုံးများ တောက်ပလာသည်။ ၎င်းထံမှ စစ်မှန်သောနတ်ဘုရားရောင်ဝါကို သူခံစားခဲ့ရ၏။

ထျန်းကျင်းမဟာသူတော်စင်က ရယ်လိုက်သော်လည်း ဘာမှမဆိုပေ။ ၎င်းအမွေအနှစ်သည် စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူတစ်ဦးမှပေးသော ကတိတစ်ခုဖြစ်ကာ ထျန်းကျင်းဂိုဏ်း၏ဝှက်ဖဲဖြစ်သည်။

ထျန်းကျင်းမဟာသူတော်စင်သည် ၎င်းကို အသုံးပြုရန် နှစ်ရာနှင့်ချီ၍ တွန့်ဆုတ်နေခဲ့သည်။ အကယ်၍ ထျန်းကျင်းဂိုဏ်းကို ဖျက်ဆီးနိုင်သည့် အကျပ်အတည်းကို မကြုံတွေ့ခဲ့ပါက၊ သူ့အနေဖြင့်၎င်းကိုထုတ်လာမည်မဟုတ်ချေ။

သို့သော် ဤမျှအဖိုးတန်သည့် အမွေအနှစ်ကို ဖြုန်းတီးပစ်မည်မဟုတ်။ တန်ဖိုးအမြင့်ဆုံးရရှိအောင် အသုံးချရမည်။ ဤလျှို့ဝှက်အစည်းအဝေးကို နတ်ဘုရားလက်နက်မဟာသူတော်စင် ဆင့်ခေါ်ချိန်မှစ၍ ထျန်းကျင်းမဟာသူတော်စင်က ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

သူ့အနေနှင့် လုံလောက်သည့် အရင်းအမြစ်များ ပြန်ရနိုင်မည်ဆိုလျှင် ၎င်းကိုစွန့်လွှတ်ရမည်အား စိတ်မ၀င်စားပေ။ စစ်မှန်သောနတ်ဘုရားထံ အကူအညီတောင်းခြင်းက ငွေကုန်ကြေးကျများသော်လည်း ၎င်းက ထိုက်တန်လိမ့်မည်။

မကြာမီ ထျန်းကျင်းမဟာသူတော်စင်က အဖိုးအခသတ်မှတ်လိုက်သည်။ ၎င်းက ဤအင်အားစုများ စုစုပေါင်းပိုင်ဆိုင်မှု၏ ငါးပုံတစ်ပုံနီးပါးဖြစ်သည်။ ၎င်းတို့သာ လက်ခံနိုင်လျှင် စစ်မှန်သောနတ်ဘုရား၏အကာအကွယ်ကို အခြားသူများထံဝေမျှရန် စိတ်မရှိပါ။

ထျန်းကျင်းဂိုဏ်းသည် ဤစစ်မှန်သောနတ်ဘုရားထံ ကျေးဇူးပြုဖူးသော်လည်း ၎င်းကိုအသုံးပြုပြီးသည်နှင့် စစ်မှန်သောနတ်ဘုရားထံ နောက်ထပ်အကူအညီတောင်းရန် အခွင့်အရေးမရှိသလောက်ပင်ဖြစ်သည်။

"ငါတို့သဘောတူတယ်!"

"ငါတို့လည်း သဘောတူတယ်!"

…

အတန်ကြာစဉ်းစားပြီးနောက်၊ မဟာသူတော်စင်များစွာတို့သည် အံကြိတ်ကာ ထျန်းကျင်းမဟာသူတော်စင်မှ အဆိုပြုသည့်စျေးနှုန်းကို သဘောတူခဲ့ကြသည်။ ပိုက်ဆံပြန်ရှာလို့ရသော်လည်း ဂိုဏ်းပျက်ဆီးသွားလျှင် သွားပြီဖြစ်သည်။

"စကားမစပ်၊ ရီမိသားစုက မလာဘူးဘဲ!"

ရီမိသားစုတွင် ထိပ်တန်း မဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူများရှိသည်ဟူသော သတင်းက လျှို့ဝှက်ထားခြင်းမရှိသောကြောင့် နတ်ဘုရားလက်နက်မဟာသူတော်စင်သည်လည်း ၎င်းတို့ကို အသိပေးရန် မမေ့ပါလေ။

သို့သော် ရီကျင်းထျန်က ၎င်းတို့နှင့်ပုးပေါင်းမည့် ရည်ရွယ်ချက်မရှိပေ။

"ရီမိသားစုက ငါတို့ရဲ့ရည်ရွယ်ချက်ကောင်းတွေကို နားမလည်မှတော့ ငါတို့ကဘာလို့ သူတို့ကို ဂရုစိုက်ရမှာလဲ !"

All Chapters