← Chapters

ယင်ကိုးပါးစစ်မှန်သောနတ်ဘုရား၊ ငါအရင်သွားနှင့်ပြီ

Vol. 37 Ch. 554

ယင်ကိုးပါးစစ်မှန်သောနတ်ဘုရား၊ ငါအရင်သွားနှင့်ပြီ

Vol. 37 Ch. 554

ပင်ကိုပျက်ဆီးခြင်းပင်လယ်ရှိ နတ်ဘုရားလက်နက်မဟာသူတော်စင်၏ အဆင့်အတန်းက စစ်မှန်သောနတ်ဘုရားကို အမှန်တကယ် ဆင့်ခေါ်ထားပြီးချိန်တွင် ပြောင်းလဲသွားမည်ဖြစ်သည်။

သူ့အတွက် စစ်မှန်သောနတ်ဘုရားကိုခေါ်ယူရန် ကုန်ကျစရိတ်သည် အလွန်ကြီးမားသော်လည်း အနာဂတ်တွင် နတ်ဘုရားလက်နက်ဂိုဏ်းကို တိုက်ခိုက်ဝံ့သူတိုင်းသည် ဤစစ်မှန်သောနတ်ဘုရားနှင့် ရင်ဆိုင်ရမည်ကို ကြိုစဉ်းစားရမည်ဖြစ်သည်။

နတ်ဘုရားလက်နက်မဟာသူတော်စင်သည် သူ့ပတ်ဝန်းကျင်ရှိ မဟာမိတ်များထံမှအကြည့်ကို ခံစားခဲ့ရသည်။ သူက အနည်းငယ် ဒုက္ခရောက်နေသော်လည်း ဆက်ထိိန်းထားရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

သူ၏ဂိုဏ်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်လာမည်ဖြစ်၏။

ဤအဆောင်ကို အသုံးပြုလိုက်ခြင်းက တကယ်ကို ထိုက်တန်သည်။ စစ်မှန်သောနတ်ဘုရားနှစ်ပါး တိုက်ပွဲဝင်တော့မည်ဟု လူတိုင်းက ထင်နေကြသောအချိန်တွင်မှ ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားက ဆိုလာသည်။

“ဒီက တာအိုမိတ်ဆွေ။ မင်း ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ နတ်ဘုရားလက်နက်ဂိုဏ်းကို အလွတ်ပေးလို့ရမလား”

သူ့အနေဖြင့် ၎င်းကို အနိုင်ယူနိုင်မည့် အခြားနည်းလမ်းမရှိပေ။ ဖြစ်နိုင်လျှင် ယဉ်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်မျှော်လင့်ဆဲဖြစ်သည်။

"အဲလိုလုပ်ရအောင် မင်းက တန်လို့လားကွ"

ယခုမှ စစ်မှန်သောနတ်ဘုရားအဆင့်သို့ တက်ရောက်စ ကျင့်ကြံသူက မျက်နှာသာပေးခံချင်နေသေးသလား။

“မင်း…”

နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရား၏ မထီမဲ့မြင်မှုက ယင်ကိုးပါး စစ်မှန်သောနတ်ဘုရားကို ဒေါသထွက်သွားစေသည်။ စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာချိန်မှစ၍ သူသွားလေရာ အထူးအရေးပေးခံရသည်။ မည်သူက သူ့ကို မလေးမစားလုပ်ဝံ့သနည်း။

ယနေ့ အရှက်မဲ့စွာထွက်ခွါသွားလိုက်လျှင် သူသည် စစ်မှန်သောနတ်ဘုရားများကြားတွင် လုံးဝရယ်မောစရာ ဖြစ်လာလိမ့်မည်။ ဤနှစ်များတစ်လျှောက် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ကျင့်ကြံခဲ့ရသည်မဟုတ်လား။ ထိုသူက သူ့က်ို မျက်နှာသာမပေးမှတော့ တိုက်ခိုက်ရန်သာကျန်တော့သည်။

ယင်ကိုးပါး စစ်မှန်သောနတ်ဘုရား၏သဘောထားက အနည်းငယ်ထူးဆန်းနေသည်ကို မဟာသူတော်စင် အများအပြားစဉ်းစားမိသည်။ ယဉ်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် ဤလျှို့ဝှက်ဆန်းကြယ်သောစစ်မှန်သောနတ်ဘုရားအပေါ် အနည်းငယ်ယဉ်ကျေးလွန်းပုံရ၏။

၎င်းတို့အတွက် ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားနှင့် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းပြီး မည်သူကပိုစွမ်းအားကြီးသည်ကို မပြောနိုင်ပေ။ ထို့ကြောင့် ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားက အဘယ်ကြောင့် ဤကဲ့သို့ပြုမူသည်ကို သူတို့နားမလည်နိုင်ဖြစ်နေသည်။

မဟာသူတော်စင်အနည်းငယ်သည် နတ်ဘုရားလက်နက် မဟာသူတော်စင်ကိုလှည့်ကြည့်ကာ အဖြေရှာနေသည်။

သို့သော် နတ်ဘုရားလက်နက်မဟာသူတော်စင်သည်လည်း ခေါင်းယမ်းပြကာ သူကိုယ်တိုင်က ရှင်းရှင်းလင်းလင်းမသိကြောင်း ပြောသည်။ ကိုးယင်စစ်မှန်သောနတ်ဘုရား၏ပင်ကိုက ပို၍ယဉ်ကျေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

ကိုးယင်စစ်မှန်သောနတ်ဘုရားသည် သူ၏မူလပုံစံဖြစ်သည့် နတ်ဖီးနစ်မျိုးစိတ်များကြားမှကွဲပြားသည့် ကိုးအောက်ဘုံဖီးနစ်တစ်မျိုးအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ပါးစပ်ကိုဖွင့်ဟလိုက်သည်နှင့် ကိုးအောက်ဘုံမီးတောက် ပေါက်ကွဲသွားပြီး နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားဆီသို့ ဦးတည်သွားခဲ့သည်။

နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် လှုပ်ရှားလိုက်ခြင်းမရှိဘဲ သူ၏ကိုယ်ထည်ကိုအသုံးပြု၍ တိုက်ရိုက်တားဆီးလိုက်သည်။ နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ လုပ်ရပ်ကိုမြင်ရသောအခါ ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် အလွန်ဝမ်းမြောက်နေ၏။

ဤကိုးအောက်ဘုံမီးတောက်က စစ်မှန်သောနတ်ဘုရားနယ်ပယ်ရှိ စွမ်းအားရှင်ပင်လျှင် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ထိခိုက်ဒဏ်ရာရနိုင်သည်။ နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် မည်သည့်အကာအကွယ်မှမပါဘဲ ၎င်းကိုထိပ်တိုက်တွေ့ခဲ့သည်။ သူဒုက္ခရောက်မည်မှာ ကျိန်းသေ၏။

အစောပိုင်း စစ်မှန်သောနတ်ဘုရားက အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားကို အနိုင်ယူနိုင်ခဲ့ပါက သူကျော်ကြားလာမည်မှာ သေချာသည်။ ထိုအချိန်တွင် အခြားစစ်မှန်သောနတ်ဘုရားများကလည်း သူ့ကို အတိုင်းအတာတစ်ခုအထိ လေးစားရလိမ့်မည်။

သို့သော် နောက်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးအား အရည်ပျော်သွားစေနိုင်သည့် ကိုးအောက်ဘုံမီးတောက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ဤမီးတောက်ကို နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားက စုပ်ယူသွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားမှာ မယုံနိုင်ဖြစ်နေသည်။ သူ၏မီးတောက်ကို မည်ကဲ့သို့ လွယ်လွယ်ကူကူ ဖယ်ရှားနိုင်မည်နည်း။ ၎င်းကို မယုံကြည်သော ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် မီးတောက်စွမ်းအားကို တိုးမြှင့်ကာ အစွမ်းကုန်ထုတ်လွှတ်လိုက်သည်။

"မီးတောက်က မဆိုးပါဘူး၊ ငါ့နတ်ကိုယ်ထည်အတွက် ကောင်းသားပဲ"

နတ်ဆိုးကမ္ဘာ နတ်ကိုယ်ထည်။ အဆုံးမရှိသော မကောင်းဆိုးဝါးချီသည် နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရား၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ နတ်ဆိုးချီကြိုးတစ်ချောင်းစီက အစွမ်းထက်သောသတ္တဝါကို ကိုယ်စားပြု၏။

နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏ နတ်ကိုယ်ထည်ကို မရေမတွက်နိုင်သောသတ္တဝါများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နတ်ကိုယ်ထည်ကို နတ်ဘုရားတိုင်း ပိုင်ဆိုင်ကြသော်လည်း သီးသန့်နတ်ကိုယ်ထည်ကိုပိုင်ဆိုင်ရန်ကတော့ မလွယ်ကူပေ။ သင့်လျော်သော ကျင့်ကြံနည်းစနစ်ကို ဖန်တီးရန်လိုအပ်ရုံသာမက အရင်းအမြစ်များစွာလည်း လိုအပ်သည်။ သီးသန့်နတ်ကိုယ်ထည်ကိုပိုင်ဆိုင်သော သူတိုင်းက အဆင့်တူများကြားတွင် အလွန်သန်မာလေ့ရှိသည်။

“သီးသန့်နတ်ကိုယ်ထည်!”

နောက်ဆုံးတွင် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားနှင့်ပက်သက်သည့် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်ရာ ယင်ကိုးပါးစစ်မှန်သော နတ်ဘုရား၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် သာမန် အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားမျှသာဟု သူထင်ခဲ့သော်လည်း၊ ထိုသို့ မဟုတ်ခဲ့ပေ။

ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ဤမျှလောက် စွမ်းအားကြီးသည့် စစ်မှန်သောနတ်ဘုရား မည်သို့ပေါ်လာနိုင်မည်နည်း။

"တာအိုမိတ်ဆွေရေ ငါ ရှုံးနိမ့်တာကို ဝန်ခံပြီးတော့ အရှုံးပေးပါတယ်!"

ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ် သူ၏သွေးမျိုးဆက်အတွင်းအထိ ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ သေခြင်းတရားကို သူကြောက်၏။

"အမှိုက်ကများ မင်းအရှုံးပေးရင်တောင် ငါ့အတွက် ဘာအကျိုးရှိမှာလဲ!"

ကိုးအောက်ဘုံဖီးနစ်သည်လည်း နတ်မွန်းစတားများ၏သွေးမျိုးဆက်ရှိသည်။

စစ်မှန်သောနတ်ဘုရား နတ်မွန်းစတား၏သွေးမျိုးဆက်က သူ့အတွက် တန်ဖိုးမနည်းလှပေ။ သွေးမျိုးဆက်လျှို့ဝှက်ချက်ကို အမြန်အသက်သွင်းပြီး ချက်ချင်းသုံးနိုင်လိမ့်မည်။

ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရား၏စကားကိုကြားသောအခါ လုံးဝမတွန့်ဆုတ်ဘဲ ပြေးသွားခဲ့သည်။ မိမိလုံခြုံရေးအတွက် အလွန်အမင်းစိုးရိမ်နေရသောကြောင့် နတ်ဘုရားလက်နက် မဟာသူတော်စင်အတွက် မတွေးနိုင်တော့ပေ။

“နောင်မှာ အခွင့်အရေးရရင် မင်းကို ငါပြန်ပေးပါ့မယ်ကွာ!”

ကိုးယင်စစ်မှန်သောနတ်ဘုရားသည် သူ့ကိုယ်သူ ချက်ခြင်းယုံကြည်လိုက်ပြီး သူ့စိတ်နှလုံးထဲမှ အပြစ်ရှိစိတ်ကိုလွှတ်ချလိုက်ကာ အရှိန်ပြင်းစွာဖြင့် ပေါက်ကွဲထွက်သွားပြီး ပင်ကိုပျက်ဆီးခြင်းပင်လယ်ဆီသို့ ပြေးသွားသည်။

"မင်းထွက်သွားနိုင်တယ်လို့ ငါမပြောခဲ့ဘူးနော်!"

လက်တစ်ဖက်က ယင်ကိုးပါးနတ်ဘုရား၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။ သူ့သွေးမျိုးဆက် ထုတ်ယူလိုက်ရခြင်းကြောင့် ပြင်းထန်သောဝေဒနာက ယင်ကိုးပါးနတ်ဘုရားကို ကျယ်လောင်စွာငိုကြွေးမိစေသည်။ သူ၏စွမ်းအားက တဖြည်းဖြည်းလျော့နည်းနေ၏။

သူ၏ကျင့်ကြံမှုအဆင့် မလျော့နည်းသွားလျှင်ပင် ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားနှင့် မယှဉ်နိုင်ပေ။ ယခု သွေးမျိုးဆက်ပါ ထုတ်ယူခံလိုက်ရလျှင် အသက်ရှင်ရန် မျှော်လင့်ချက်ပင် နည်းသွားလိမ့်မည်။

စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ကျင့်ကြံနိုင်စွမ်းရှိသော လူတိုင်းသည် ကြီးမားသောစိတ်ဆန္ဒကို ပိုင်ဆိုင်ကြသည်။

စစ်မှန်သောစိတ်ဝိညာဉ်ကြိုးမျှင်တစ်ခုရှင်သန်နေသရွေ့ အသစ်ပြန်လည်စတင်ရန်မျှော်လင့်ချက်ရှိသေးသည်။ နောက်အခိုက်အတန့်တွင် ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် သူ၏ကိုယ်ပိုင်ဝိညာဉ်ကို လောင်ကျွမ်းစေလိုက်ပြီး သူ၏နတ်ကိုယ်ထည်နှင့် စွမ်းအားကိုပေါက်ကွဲစေခဲ့သည်။

သူ၏ပြတ်သားမှုက နတ်ဆိုးကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ သူ အချိန်မီတားဆီးချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ ၎င်းတို့၏ကျင့်ကြံမှုအဆင့်တွင် ကွာဟချက်ရှိသော်လည်း နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားအတွက် ထိုနည်းစနစ်ကိုတော့ ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်ချေ။

အဆုံးတွင် ယင်ကိုးပါးစစ်မှန်သောနတ်ဘုရား မိမိကိုယ်ကိုဖျက်ဆီးလိုက်သည်ကိုသာ စောင့်ကြည့်နေနိုင်သည်။

"ချီးပဲကွာ!"

နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် သူရရှိတော့လုဆဲဆဲ သွေးမျိုးဆက်ကို လက်လွတ်လိုက်ရသောကြောင့် ဒေါသဖြင့် မကျိန်ဆဲမိဘဲ မနေနိုင်ပေ။ သို့သော် အခြားရွေးချယ်စရာမရှိချေ။ သူ့အနေဖြင့် နတ်ဘုရားလက်နက်ဂိုဏ်းကိုသာ ပေါက်ကွဲမှုမှ ကာကွယ်ပေးလိုက်ရသည်။

ဂိုဏ်းအတွင်း မဟာသူတော်စင်အများအပြားသည် ယင်ကိုးပါး စစ်မှန်သောနတ်ဘုရား၏ မိမိကိုယ်ကိုပေါက်ကွဲထွက်ခြင်းမှထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားရကာ တုန်လှုပ်နေသည်။ ၎င်းတို့ မသေသွားသောကြောင့် ဤတစ်ကြိမ်ကံကောင်းသည်ဟု ဆိုရမည်။

စွမ်းအားပေါက်ကွဲမှုသည် မိုင်ပေါင်းသန်းပေါင်းများစွာအတွင်းမှ အရာအားလုံးကို ပျက်သုဉ်းသွားစေခဲ့ကာ မရေမတွက်နိုင်သော အသက်ပေါင်းများစွာသည် သဲလွန်စတစ်ခုမျှပင် မကျန်ရစ်ဘဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိတ်လန့်စွာဖြင့် ပင်မနယ်မြေသို့ မျှော်ကြည့်နေကြသည်။ ဘာတွေဖြစ်သွားသနည်း။

ဤကြောက်စရာကောင်းသည့် စွမ်းအားက အဘယ်ကြောင့်နည်း။ မိုင်ပေါင်းများစွာ ဝေးကွာသည့်တိုင် ၎င်းတို့က ထိုစွမ်းအားကိုခံစားနိုင်သေးသည်။

“ပင်ကိုပျက်ဆီးခြင်းပင်လယ် ပျက်စီးသွားတော့မှာလား”

ကျုံးဖန်မြို့တွင် ကျင့်ကြံနေသည့် ရီဖန်ပင်လျှင် ပင်မနယ်မြေရှိ လှုပ်ရှားမှုများကို သတိပြုမိလိုက်သည်။

“စစ်မှန်တဲ့နတ်ဘုရားက ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်တာလား”

ရီဖန် မျက်မှောင်ကြုတ်လိုက်မိပြီး အတော်လေး မပျော်မရွှင်ဖြစ်သွားသည်။ သူ၏မိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ရှိရန် လိုအပ်သည်။ ရီမိသားစုသည် ယခုအချိန်တွင် အရင်းအမြစ်များ မချို့တဲ့ဘဲ ၎င်းတို့ ချို့တဲ့သည်မှာ အချိန်ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ပြဿနာများက ရီဖန်ကို အလွန်စိတ်ဆိုးစေသည်။

"စိတ်မပူပါနဲ့၊ ကျင့်ကြံဖို့ပဲ အာရုံစိုက်ကြ"

ရီဖန်၏အသံက ရီမိသားစုတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ စွမ်းအင်အတက်အကျကြောင့် ကျင့်ကြံမှုအခြေအနေကနေ နိုးထလာသည့်သူများက ရီဖန်၏အသံကို ကြားလိုက်ရပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။ မျိုးနွယ်စုခေါင်းဆောင်က အဆင်ပြေတယ်ဟုဆိုလျှင် သေချာပေါက်ပြေလိမ့်မည်။

မျိုးနွယ်စုခေါင်းဆောင်ပင် မဖြေရှင်းနိုင်သည့်အရာတစ်ခုဆိုလျှင်လည်း ၎င်းတို့သိထားလျှင်ပင် အကျိုးရှိမည်မဟုတ်ပေ။ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ရမည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြှင့်တင်ကာ မျိုးနွယ်စုခေါင်းဆောင်၏ စိတ်ပူပင်မှုနှင့် ပြဿနာများကိုဖြေလျှော့ရန် ကူညီခြင်းက ပိုကောင်းလိမ့်မည်။

"ငါတို့မသေဘူးလား"

နတ်ဘုရားလက်နက် မဟာသူတော်စင်နှင့် အခြားသူများက အံ့ဩစွာ မျက်လုံးဖွင့်လိုက်ကြသည်။ ဖြစ်ပျက်ခဲ့သမျှ ထင်ယောင်ထင်မှားဖြစ်စရာမဟုတ်ကြောင်း စွမ်းအားလှိုင်းများက ပြောနေသည်။ သို့သော် ၎င်းတို့က စစ်မှန်သောနတ်ဘုရား၏ မိမိကိုယ်ကိုပေါက်ကွဲခြင်းမှ အမှန်တကယ် လွတ်မြောက်ခဲ့ကြပုံရသည်။

သို့သော် ၎င်းတို့ပတ်ဝန်းကျင်တွင် နတ်ဘုရားလက်နက်ဂိုဏ်းမှလွဲ၍ အခြားသက်ရှိအရာများ၏ ခြေရာပင်မရှိတော့ပေ။ သို့သော် သူတို့မပျော်နိုင်သေးမီ တိုက်ခိုက်မှုတစ်ခုက နတ်ဘုရားလက်နက်ဂိုဏ်းတစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးသွားခဲ့သည်။

လက်နက်သန့်စင်သူအနည်းငယ်မှလွဲ၍ အသက်ရှင်ကျန်ခဲ့သောကျင့်ကြံသူများအားလုံး တစ်ဖန်သေဆုံးသွားလေပြီ။

All Chapters