စစ်မှန်သောနတ်ဘုရားများက ဤတာဝန်ကို ငြင်းဆိုသည်
Vol. 37 Ch. 555
ထိုအခိုက်အတန့်တွင် သူသည် ထိပ်တန်းမဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူဖြစ်သောကြောင့် အသက်ရှင်ကျန်ခဲ့ခြင်းဖြစ်သည်ဟု နတ်ဘုရားလက်နက် မဟာသူတော်စင်ခံစားခဲ့ရသည်။ သူ၏အထောက်အထားကြောင့်သာ ထိုသို့လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
မိမိကိုယ်ကို ဖျက်ဆီးလိုက်သော ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီဖြစ်သည်။ နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် သူ၏စစ်မှန်သောဝိညာဉ်ကို မဖျက်ဆီးလိုက်နိုင်သောကြောင့် လူဝင်စားခွင့်ကို ရရှိသွားသည်။
ဤအရာက နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားအား တွက်ချက်မှု အနည်းငယ်မှားယွင်းသွားသည်ဟု ခံစားမိစေပြီး ထိုကိစ္စကြောင့် အစီအစဥ် ပျက်ပြားသွားမည်ကို စိုးရိမ်မိသည်။ နေရာလွတ်ထဲသို့ ကြည့်လိုက်ရင်း နတ်ဆိုးကမ္ဘာ စစ်မှန်သောနတ်ဘုရားသည် မကျေမနပ်ဖြစ်နေသည်။
ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရားက ထိုနေရာသို့ရောက်လာသော်လည်း ယင်ကိုးပါးစစ်မှန်သောနတ်ဘုရားကို မရပ်တန့်ခဲ့ချေ။ သူကိုယ်တိုင်ကလည်း သွေးမျိုးဆက်လျှို့ဝှက်နည်းပညာကို အမြန်မရစေချင်ပုံပေါ်သည်။
၎င်းတို့နှစ်ဦးစလုံးသည် ကောင်းကင်နတ်ဆိုးထံတွင် သစ္စာခံခဲ့ကြသူများဖြစ်ကာ ၎င်းတို့သည် လုပ်ဖော်ကိုင်ဖက်များသာမက ပြိုင်ဖက်များလဲဖြစ်သည်။ ကောင်းကင်နတ်ဆိုး လုံးဝပြန်လည်ရှင်သန်လာလျှင် ပံ့ပိူးမှုအများဆုံးသူက ကောင်းကင်နတ်ဆိုးထံမှ မြင့်မားသောအခွင့်အာဏာကို ရရှိနိုင်မည်ဖြစ်သည်။
ယင်ကိုးပါး စစ်မှန်သောနတ်ဘုရားဘက်တွင် သူ၏စစ်မှန်သောဝိညာဉ် လွတ်မြောက်သွားပြီး ကောင်းကင်နတ်ဆိုးနယ်မြေသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာသည်။ ကောင်းကင်နတ်ဆိုးနယ်မြေတွင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ အတူတကွ တည်ရှိနေသော်လည်း နတ်ဆိုးမျိုးနွယ်၏ စွမ်းအားသည် အနည်းငယ် ပိုမိုအားကောင်းလာသည်။
"မဖြစ်ဘူး။ ငါ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကိစ္စကို တခြားနတ်ဘုရားတွေကို ပြောပြရမယ်!"
ပင်ကိုပျက်ဆီးခြင်းတွင် ဤကဲ့သို့သော အဆင့်မြင့်စွမ်းအားရှင်ကြီးများ ပေါ်လာခြင်းသည် ထူးဆန်းလွန်းနေသဖြင့် ကိစ္စကြီးကြီးမားမား ဖြစ်လာတော့မည့်ပုံပေါ်၏။ ယခု ကောင်းကင်နတ်ဆိုးနယ်ပယ်တွင် စွမ်းအားအကြီးဆုံး စစ်မှန်သောနတ်ဘုရားမှာ ထန်းချီးစစ်မှန်သောနတ်ဘုရားဖြစ်ပြီး နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားနှင့် နီးစပ်သော စွမ်းအားရှိသည်။
ယင်ကိုးပါးစစ်မှန်သော နတ်ဘုရားသည် ဤကိစ္စများကို ထန်းချီးစစ်မှန်သောနတ်ဘုရားအား အသိပေးရန်စီစဉ်ထားပြီး သူသည် ၎င်း၏အကူအညီဖြင့် လက်စားချေနိုင်မည်ဟု ထင်သည်။ နောက်တခဏတွင် ပုံရိပ်တစ်ခုက ယင်ကိုးပါးစစ်မှန်သော နတ်ဘုရား၏လျှို့ဝှက်နယ်မြေ၌ ရုတ်တရက်ပေါ်လာသည်။
ထိုပုံရိပ်မှာ ၎င်းရှာဖွေနေသည့် ထန်းချီးစစ်မှန်သောနတ်ဘုရားပင်ဖြစ်သည်။ သို့သော် ၎င်းမလှုပ်ရှားရသေးမီ ထန်းချီးစစ်မှန်သောနတ်ဘုရားရောက်ရှိလာသည့်အတွက် ၎င်းကို လာရှာခြင်းဖြစ်သည်ကို နားလည်လိုက်သည်။
"နတ်ဆိုးကမ္ဘာနဲ့ ထျန်းရှုက အရူးပဲ။ အစောပိုင်း စစ်မှန်တဲ့နတ်ဘုရားရဲ့ စိတ်ဝိဉာဏ်ကို လွှတ်ပေးလိုက်ကြတယ်” ဟုပြောလိုက်ပြီးနောက် ထန်းချီး၏နောက်တွင် တွင်းနက်တစ်ခုပေါ်လာပြီး ဤနတ်နည်းစနစ်သည် ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုနေသည်။
လွတ်မြောက်ရန်ကြိုးစားနေသော ယင်ကိုးပါး စစ်မှန်သောနတ်ဘုရားသည် ခံနိုင်ရည်မရှိတော့သဖြင့် ထန်းချီး၏နတ်နည်းစနစ်ထဲသို့ ဆွဲသွင်းခံရတော့သည်။ ဤအခိုက်အတန့်တွင် ယင်ကိုးပါး စစ်မှန်သော နတ်ဘုရားသည် တုံ့ပြန်မှုကို ပြုလုပ်လိုက်တော့သည်။
ထန်းချီးနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားသည် တူညီသောဘက်တွင်ရှိနေသည်။ ထန်းချီး၏ ပြောစကားအရ နတ်ဆိုးကမ္ဘာနှင့် ကောင်းကင်ဘုံစစ်မှန်သောနတ်ဘုရားတို့အနက်မှ တစ်ပါးက လျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သော နတ်ဘုရား ဖြစ်ရမည်။
ဤလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားသည် ထန်းချီးအပါအဝင် အလယ်အလတ်အဆင့်ရှိ စစ်မှန်သော နတ်ဘုရားသုံးဦးကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားက အလွန်ပြင်းထန်သည်။
ယင်ကိုးပါးစစ်မှန်သောနတ်ဘုရား၏ အတွေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် ထန်ချီး၏ အရှိန်အဝါသည် အနည်းငယ်ပိုအားကောင်းလာသည်။
"မလုံလောက်သေးဘူး၊ ဖြတ်ကျော်နိုင်ဖို့ဆို နောက်ထပ် စစ်မှန်တဲ့နတ်ဘုရားတွေကို စားသုံးဖို့ လိုနေသေးတယ်!"
ထန်းချီး၏ မျက်လုံးများသည် ရက်စက်ခြင်းနှင့် လောဘများဖြင့် ပြည့်နေသည်။ ပင်ကိုပျက်ဆီးခြင်းနယ်မြေ၏အရင်းမြစ်ရိုင်းများသည် ပြန်လည်ရှင်သန်တော့မည်။ ကောင်းကင်နတ်ဆိုးအရှင် လုံးဝ ပြန်လည်ရှင်သန်လာလျှင် ယခုကဲ့သို့ လျှို့ဝှက်စွာ စားသုံးရန် လိုတော့မည်မဟုတ်ပေ။
ကောင်းကင်နတ်ဆိုးနှင့် ပူးပေါင်းခြင်းက သက်ရှိသတ္တဝါအားလုံးကို ပျက်ဆီးခြင်းသို့ကျရောက်စေနိုင်သော်လည်း ထိုအချက်က ၎င်း၏စိတ်အပေါ် ဝန်ထုပ်ဝန်ပိုးမျှ မဖြစ်စေချေ။ ၎င်းသည် အရာအားလုံးကိုဝါးမျိုရန် မွေးဖွားလာခြင်းဖြစ်သည်ဟု ယုံကြည်ထားသည်။
သက်ရှိသတ္တဝါအားလုံး သေသွားလျှင်ပင် ၎င်းနှင့် မသက်ဆိုင်ဟုပေ။ အကယ်၍ ကောင်းကင်နတ်ဆိုးကသာ ၎င်းအား အနာဂတ်တွင် လွတ်လပ်စွာ ဝါးမျိုနိုင်မည်ဟူသော ကတိမပေးပါက ၎င်းသည်လည်း သူနှင့်ပူးပေါင်းရန် စိတ်ဝင်စားမည် မဟုတ်ချေ။
တစ်ဖက် ပင်ကိုပျက်စီးခြင်းပင်လယ်တွင် နတ်ဘုရားလက်နက်ဂိုဏ်းလုံးဝပျောက်ကွယ်သွားသည်ကို လူတိုင်းက တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထို့ကြောင့် ယခုအချိန်တွင် ဤလျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားသည် အခြားစစ်မှန်သောနတ်ဘုရားများထက် သာလွန်ကြောင်းမှာ လုံး၀သေချာနေပြီဖြစ်သည်။
"ယင်းကိုးပါး စစ်မှန်သော နတ်ဘုရားက ဒီလျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားနဲ့ မယှဉ်နိုင်ဘူး၊ ငါတို့ဘာလုပ်သင့်လဲ။"
ပင်မနယ်မြေရှိ အခြားသောခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်လုံးများတွင် အကူအညီမဲ့မှုကို မြင်လိုက်ရသည်။ တစ်ဦးခြင်းတိုက်ပွဲများအတွက် ထွက်သွားခဲ့စဉ်က ၎င်းတို့သည် ကောင်းကင်နတ်ဆိုးနယ်မြေ အနှံ့ကို ရောက်ခဲ့ကြပြီးဖြစ်သည်။
ယင်ကိုးပါးစစ်မှန်သောနတ်ဘုရား၏ စွမ်းရည်များကိုလည်း ကြားသိပြီးဖြစ်သည်။ ထိုခေါင်းဆောင်များထဲမှတစ်ဦးသည် ယင်ကိုးပါး စစ်မှန်သောနတ်ဘုရားထံမှ အကူအညီရယူခဲ့သည်။ ယင်ကိုးပါး စစ်မှန်သောနတ်ဘုရားသည် နေရာသို့ရောက်လာခဲ့သော်လည်း ထိုနေရာတွင် ရှိမနေသကဲ့သို့ ငြိမ်သက်နေသည်။
ခရမ်းရောင်လနတ်ဂိုဏ်း၏ ခေါင်းဆောင်သည် ယင်ကိုးပါး စစ်မှန်သောနတ်ဘုရား မတော်တဆမှုတစ်ခုကြုံသည်ကိုပင် စိတ်သက်သာရာရနေ၏။ မဟုတ်ဘဲ သူလည်း ယင်ကိုးပါး စစ်မှန်သော နတ်ဘုရားကို ဖိတ်ခေါ်ခဲ့လျှင် နတ်ဘုရားလက်နက်ဂိုဏ်း၏ကံကြမ္မာသည် ၎င်းတို့၏ကံကြမ္မာ ဖြစ်လာလိမ့်မည်။
"အားလုံးဘဲ သေတာကိုဘဲ ထိုင်စောင့်နေလို့မရဘူး”
၎င်းတို့အမြင်တွင် အခု ၎င်းတို့တွင် ရွေးချယ်စရာ နှစ်ခုရှိနေသည်။ တစ်ခုမှာ ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ဆုတ်ခွာပြီး ၎င်းတို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြားသင့်လျော်သော အထက်နယ်မြေများကို ရှာဖွေရန်ဖြစ်သည်။ အခြားတစ်ခုမှာ အတူတကွတိုက်ခိုက်ရန်နှင့် စစ်မှန်သောနတ်ဘုရားများစွာကို အရေးယူရန် တောင်းဆိုပြီး ဤလျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားကို ရပ်တန့်နိုင်ရန် ကြိုးစားကြခြင်းဖြစ်သည်။
၎င်းတို့ ထိုသို့တောင်းဆိုနိုင်သော စစ်မှန်သောနတ်ဘုရားများသည် အခြေခံအားဖြင့် သာမန် အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားများသာဖြစ်သည်။ အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအများအပြား ပူးပေါင်းတိုက်ခိုက်လျှင် အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားတစ်ဦးကို ရပ်တန့်နိုင်မည်ဖြစ်သည်။
"အားလုံးပဲ၊ ငါတို့မှာ ဒီ ရွေးချယ်စရာနှစ်ခုထဲဘဲ ရှိနေပုံရတယ်"
နောက်ကျနေသော ဉာဏ်အလင်းသိုလှောင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ထိုအချိန်တွင် အားကိုးရာမဲ့နေသောမျက်နှာဖြင့် ရောက်လာသည်။
"အခြားစကြဝဠာဆီကို သွားနိုင်မဲ့လမ်းအားလုံးကို လုံး၀ပိတ်လိုက်ပြီဖြစ်တဲ့အတွက် ငါတို့ ဒီပင်ကိုပျက်စီးခြင်းပင်လယ်ကနေ ထွက်မသွားနိုင်တော့ဘူး"
လမ်းများကို ပိတ်ထားလိုက်ပြီဖြစ်ပြီး ပိတ်ထားသည့်စွမ်းအားသည် မဟာသူတော်စင်အဆင့် စွမ်းအားရှင်များ မဖြတ်ကျော်နိုင်သည့် အဆင့်ဖြစ်သည်။
"ဘာပြောတယ်"
အထွတ်အထိပ် မဟာသူတော်စင်များသည် ထိတ်လန့်သွားကြ၏။ ဤလျှို့ဝှက်ဆန်းကြယ်သောအင်အားသည် ၎င်းတို့အားလုံးကို ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် အသေသတ်ရန် ကြံစည်ထားပြီး အားလုံးကို ယဇ်ပူဇော်ရန် စီစဉ်နေသည်ဟုပင် ထင်ကုန်ကြသည်။
ကောင်းကင်ဘုံယဇ်ပူဇော်ခြင်းအဆင်းအကျင်းသည် အမှန်တကယ်ပင် ယဇ်ပူဇော်ရန် လိုအပ်သည်။ ထို့ကြောင့် ထိုနေရာရှိ မဟာသူတော်စင်အဆင့် စွမ်းအားရှင်အားလုံးသည် အလွန်ကြောက်လန့်ကုန်ကြ၏။