ချန်ရီစစ်မှန်သောနတ်ဘုရား
Vol. 37 Ch. 546
ထိုပုံရိပ်သည် လက်တစ်ဖက်သာ အသုံးပြုပြီး စွမ်းအင်လှောင်အိမ်၏ အဆက်မပြတ်ဖိအားကို အလွယ်တကူတားဆီးလိုက်သည်။ ထို့ပြင် သူ၏ လှုပ်ရှားမှုများသည် အားလုံးကို ကြိုးစာရန်မလိုသကဲ့သို့ အလွယ်တကူဖြစ်နေသည်။
“မျိုးနွယ်စုခေါင်းဆောင်!”
ရီထျန်ရှင်းသည် ထိုပုံရိပ် မည်သူဖြစ်သည်ကို ပထမဦးဆုံး မှတ်မိသူဖြစ်ပြီး သူ့ကိုမြင်လိုက်သောအခါ အံ့ဩပျော်ရွှင်သွားသည်။ အသက်အန္တရာယ်အလွန်ကြီးမားသည့် အချိန်တွင် ကယ်ဆယ်မည့်သူတစ်ဦး ရောက်ရှိလာခြင်းက အလွန်ဝမ်းမြောက်ဖွယ်ကောင်းသည်။
“ချန်ရီမဟာသူတော်စင်လား”
ဖီးနစ်လည်း သူ့ကို မှတ်မိသွားသည်။ သို့သော် ရီဖန်ထံမှ ထွက်ပေါ်လာသော စွမ်းအားသည် သူတော်စင်အဆင့် မဟုတ်တော့ပဲ စစ်မှန်သောနတ်ဘုရား၏ အဆင့်ဖြစ်နေပြီကို သူသဘောပေါက်လိုက်သည်။
ရီဖန်သည် စစ်မှန်သောနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်နိုင်မည်ကို လူအများ ယုံကြည်ခဲ့ကြသော်လည်း အချိန်လောက်တိုအတွင်း ဖြတ်ကျော်သွားနိုင်သည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ထို့ကြောင့် အထွတ်အထိပ်မဟာသူတော်စင်အဆင့်၌ တစ်သက်လုံး ပိတ်မိနေကြသူများသည် မျက်နှာပျက်နေကြသည်။
သို့သော်လည်း ရီဖန်၏တိုက်ခိုက်ရေးစွမ်းအားသည် ၎င်းတို့အဆင့်ထက် အမြဲသာလွန်နေသည်ဖြစ်ရာ ယခုအချိန်တွင် ထိုသို့မြန်ဆန်စွာ ဖြတ်ကျော်သွားခြင်းသည် တကယ်တန်းတွင် ထူးဆန်းသည့်အရာမဟုတ်တော့ပေ။
“ဖီးနစ်စစ်မှန်တဲ့နတ်ဘုရားကို ကျေးဇူးတင်ပါတယ်”ဟု ရီဖန်က ရိုးသားစွာ အသိအမှတ်ပြုကျေးဇူးတင်ခဲ့သည်။
ယခုအချိန်သည် အလွန်အရေးကြီးသော်လည်း နယ်မြေအများအပြားကို ဖြတ်သန်းရသဖြင့် ရီဖန်၏ လက်ရှိအမြန်နှုန်းဖြင့်ပင် အချိန်အနည်းငယ်ကြာမြင့်ခဲ့သည်။ အကယ်၍ ဖီးနစ်စစ်မှန်သောနတ်ဘုရားသာ မကူညီခဲ့လျှင် ရီဖန်သည် အမှန်တကယ်နောက်ကျသွားနိုင်သည်။
“ချန်ရီစစ်မှန်တဲ့နတ်ဘုရားက နှိမ့်ချလွန်းနေပါပြီ”
ဖီးနစ်စစ်မှန်သောနတ်ဘုရားသည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။ ဖြတ်ကျော်ခြင်းမတိုင်မီကပင် ရီဖန်သည် စစ်မှန်သောနတ်ဘုရားများကို သတ်ပစ်နိုင်သူတစ်ဦး ဖြစ်ခဲ့သည်။ ယခု စစ်မှန်သောနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်ပြီးနောက် သူ၏စွမ်းအားမည်မျှ ကြီးမားသွားမည်ကို အလွန်သိချင်နေသည်။
အနည်းဆုံး ပေဟွမ်စစ်မှန်သောနတ်ဘုရားကို တားဆီးနိုင်မည်ဟု သူထင်သည်။ အဝေးမှကြည့်နေကြသည့် ကျင့်ကြံသူများသည်လည်း ရီဖန်ကိုမြင်ကာ အံ့ဩသွားကြသည်။ ၎င်းတို့သည် အဝေးတွင် ရှိသော်လည်း ရီထျန်ရှင်းမှ “အဘိုး” ဟု အားကိုးတကြီးခေါ်ခဲ့သည့် အသံကိုကြားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ၎င်းတို့၏မျှော်လင့်ချက် ပျက်ဆီးသွားရသည်။ မူလက ၎င်းတို့သည် ရီထျန်ရှင်းသည် ၎င်းတို့ကဲ့သို့ နောက်ခံအင်အားမရှိသူဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ဖီးနစ်စစ်မှန်သောနတ်ဘုရား လှုပ်ရှားခဲ့ချိန်တွင်ပင် ၎င်းတို့၏ မျှော်လင့်ချက်ကို မဖျက်ဆီးနိုင်ခဲ့ချေ။
သို့သော် ယခုအချိန်တွင် တစ်စုံတစ်ယောက်က “ရီထျန်ရှင်းတွင် နောက်ခံမရှိပါ” ဟု ပြောလျှင် ၎င်းတို့သည် အကြီးအကျယ်စိတ်တိုကြလိမ့်မည်။
“စစ်မှန်တဲ့နတ်ဘုရားကို အဘိုးအဖြစ်ရနေတာကို နောက်ခံမရှိဘူးလို့ သတ်မှတ်ရင် နောက်ခံရှိတယ်ဆ်ိုတာကို ဘယ်ထိများသတ်မှတ်မှာတုန်း” အကြီးအကဲ အများအပြားက နောက်တွင်ရပ်တည်နေမှသာ နောက်ခံရှိခြင်း ဖြစ်မည်လား။ သို့ဖြစ်လျှင် ၎င်းတို့ကို မည်သို့ သတ်မှတ်မည်နည်း။
အားလုံးသည် ရီထျန်ရှင်းကို ဒေါသထွက်စွာဖြင့် ကြည့်နေကြကာ ၎င်းတို့လိမ်လည်ခံရသကဲ့သို့ ခံစားနေကြရသည်။
၎င်းတို့ကို ကြည့်ပြီး ရီထျန်ရှင်း စိတ်မသက်မသာဖြစ်သွားသည်။ သူ့အနေဖြင့် တကယ်တမ်း နောက်ခံရှိမရှိ တစ်ခါမှ မပြောခဲ့ဖူးသလိုပါ။
ထိုအချိန်တွင် တိုက်ခိုက်မှုကို တစ်ဖက်လက်ဖြင့်သာ ထိန်းကာ ဖီးနစ်စစ်မှန်သောနတ်ဘုရားနှင့်ပင် သက်သာစွာ စကားပြောနေသည့် ရီဖန်ကိုကြည့်ကာ ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် အလွန်လျစ်လျူရှုခံရသကဲ့သို့ ခံစားနေရသည်။ ၎င်းသည် ရီဖန်ကို သာမန်စစ်မှန်သောနတ်ဘုရားတစ်ဦးသာဖြစ်သည်ဟု ထင်နေသည်။
“စွမ်းအင်လှောင်အိမ်၊ သူတို့ကို ဖိနှိပ်လိုက်”
၎င်းသည် နတ်စွမ်းအားကို ထပ်မံပေါက်ကွဲစေကာ ၎င်း၏ အစီအစဉ်ကို ပျက်ကွက်စေသူ ရီဖန်ကို စွမ်းအင်လှောင်အိမ်ဖြင့် သတ်ပစ်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ရီဖန်၏ လက်ဖြင့် ထိန်းထားသည့် စွမ်းအားသည် ကြီးမားလာသည်ကို ခံစားမိသဖြင့် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ပြင်းထန်လာသည့်စွမ်းအားကို ချေဖျက်လိုက်သည်။
“နိယာမသုံးထောင်၊ ပြန်လည်မွေးဖွားခြင်းလက်သီး”
ထိုတိုက်ခိုက်ချက်ကို ထုတ်လိုက်ချိန်တွင် ရီဖန်၏ နောက်၌ ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းခြောက်ခု ပေါ်ပေါက်လာပြီး ကောင်းကင်အကျဉ်းထောင်ကို ချက်ချင်းပင် ကြေမွသွားစေသည်။ သူ၏စွမ်းအားသည် ဖြတ်ကျော်ပြီးနောက်တွင် အလွန်မြန်ဆန်စွာ တိုးတက်နေသောကြောင့် သူသည် လက်ရှိစွမ်းအားကို ကိုယ်တိုင်ပင်အပြည့်အဝ မသိရှိသေးပါ။
စစ်မှန်သောနတ်ဘုရားများသည် ကိုယ်ထဲရှိ စစ်မှန်သောနတ်ဘုရားသွေးမျိုးဆက်ကို အဆက်မပြတ် ပြောင်းလဲသန့်စင်နိုင်လျှင် ပိုမိုအစွမ်းထက်လာမည် ဖြစ်ပြီး ရီဖန်သည် သူ၏သွေးမျိုးဆက်ကို အုပ်စိုးရှင် သွေးမျိုးဆက်အဖြစ် ပြောင်းလဲသန့်စင်ခဲ့သောကြောင့် အလွန်အစွမ်းထက်နေခြင်းဖြစ်သည်။ ယခုလက်ရှိ၌ သူ၏သွေးမျိုးဆက်အဆင့်သည် အလွန်မြင့်မားနေပြီဖြစ်သည်။
ရီဖန်သည် ပေဟွမ်စစ်မှန်သောနတ်ဘုရားကို တစ်ချက်လှည့်ကာကြည့်လိုက်သည်။ အကယ်၍ ဤအခြေအနေကို စတင်သူသည် ရီထျန်ရှင်းသာ ဖြစ်ခဲ့လျှင် သူသည် ၎င်းကို သက်ညှာစွာ ဆက်ဆံဦးမည်။ သို့သော် ၎င်းတို့က ရီမိသားစုဝင်များကို ဦးစွာတိုက်ခိုက်ခဲ့သဖြင့် သူသည် ၎င်းတို့တစ်ဦးကိုမျှ ချမ်းသာပေးတော့မည်မဟုတ်ပေ။
သူ၏ဖြတ်ကျော်မှုအပြီးတွင် ကောင်းကင်ချိတ်ဆက်နယ်မြေထဲ၌ ရီမိသားစုကို အန္တရာယ်ပေးနိုင်မည့်သူများမှာ အနည်းငယ်သာ ရှိတော့သည်ဟု ရီဖန် ယုံကြည်သည်။ ထိုကြောင့်လည်း ရီမိသားစုသည် ဆက်လက်၍ပုန်းကွယ်နေရန် မလိုတော့ချေ။
ထိုသို့ဖြင့် စစ်မှန်သောနတ်ဘုရားစွမ်းအားအသစ်ကို စမ်းသပ်ကြည့်ရန် စတင်တိုက်ခိုက်လိုက်သည်။ သူ့ရှေ့ရှိ အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားပေဟွမ်သည် သူ၏ လက်ရှိစွမ်းအားကို သိနိုင်ရန် ကောင်းကောင်း အထောက်အကူပြုမည်ဟု သူထင်ပါ၏။
“ပြန်လည်မွေးဖွားခြင်းလက်သီး!”
ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုသည် ထပ်မံပေါ်ပေါက်လာပြီး ဤအကြိမ်၌ ပစ်မှတ်သည် ပေဟွမ်စစ်မှန်သောနတ်ဘုရားဖြစ်သည်။ အန္တရာယ်အငွေ့အသက်ကို ခံစားမိသောအခါ ပေဟွမ်သည် ချွေးစေးများပြန်လာပြီး အသက်ရှူသံများလည်း အလွန်ကျယ်လောင်လာကာ အလွန်တုန်လှုပ်နေသည်။
ယခင်က လန်ယာ၏ နတ်လက်နက်ကို ရင်ဆိုင်ခဲ့စဉ်ကပင် ၎င်းသည် ယခုလို အလွန်ကြီးမားသော ခြိမ်းခြောက်မှုအန္တရာယ်ကို မခံစားခဲ့ရပါ။ သို့သော် ရီဖန်၏ လှုပ်ရှားမှုကို သတိထားမိသည်နှင့် သေခြင်းကို တိုက်ရိုက်မျက်နှာချင်းဆိုင် ကြည့်နေရသကဲ့သို့ ခံစားနေရသည်။
၎င်း၏အမြင်တွင် ရီဖန်သည် အစောပိုင်းအဆင့်စစ်မှန်သောနတ်ဘုရားတစ်ဦးသာ ဖြစ်သင့်သည်။ ထင်ယောင်ထင်မှားလား သို့မဟုတ် တခြားအကြောင်းအရာတစ်ခုကြောင့်လား မသိနိုင်သော်လည်း ၎င်းသည် ပင်ကိုအသိစိတ်ကြောင့် တိုက်ခိုက်ချက်ကို ရှောင်တိမ်း ထွက်ပြေးရန်ကြိုးစားလိုက်သည်။
ရီထျန်ရှင်း၏ဘိုးဘေးသည် မထင်မှတ်လောက်အောင် အစွမ်းထက်သော လူတစ်ဦးဖြစ်နေသဖြင့် ၎င်းသည် ယှဉ်မတိုက်နိုင် ဖြစ်နေသည်။ ထို့ကြောင့် အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားစွမ်းအားကို အပြည့်အဝ အသုံးချကာ လျှို့ဝှက်နည်းလမ်းများကို အသုံးပြုလိုက်သည်။
“ပေဟွမ် ဘာလုပ်နေတာလဲ။ အစောပိုင်းအဆင့် စစ်မှန်တဲ့နတ်ဘုရားတစ်ဦးကြောင့် ဒီအခြေအနေထိ ရောက်နေတာလား?” ဟု လန်ယာစစ်မှန်သောနတ်ဘုရားကို ဝန်းရံတိုက်ခိုက်နေကြသည့် စွမ်းအားရှင်များက မျက်ခုံးပင့်၍ တစ်ယောက်ကိုတစ်ယောက် မေးလိုက်ကြသည်။
၎င်းတို့သည် ရီဖန်၏ ပစ်မှတ်ဟုတ်သောကြောင့် ပေဟွမ်ကြုံနေရသည်များကို ကောင်းစွာ နားမလည်ကြပေ။ ၎င်းတို့အမြင်တွင် အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားတစ်ဦးအတွက် လျှို့ဝှက်နည်းလမ်းကို အသုံးချနေရသည်မှာ တစ်ခုခုမှားနေသကဲ့သို့ ဖြစ်နေသည်။
“လန်ယာကြောင့် ပေဟွမ် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လို့များလား”
“အဲ့လိုမဖြစ်နိုင်ဘူး။ ပေဟွမ်က တိုက်ခိုက်ဖို့မဟုတ်ပဲ ထွက်ပြေးဖို့အတွက် လျှို့ဝှက်နည်းစနစ် အသုံးပြုနေတာ”
စစ်မှန်သောနတ်ဘုရားတစ်ဦးချင်းစီ၏ ထွက်ပြေးသည့်နည်းလမ်းမှာ ထူးခြားသဖြင့် ပထမဆုံးကြည့်ရုံနှင့် အလွယ်တကူ သတိပြုမိနိုင်သည်။ ထိုကြောင့် ပေဟွမ်၏ထွက်ပြေးမည့်နည်းစနစ်ကို အခြားစစ်မှန်သောနတ်ဘုရားတို့က သတိပြုမိနေကြပြီး ၎င်းဘာလုပ်နေသည်ကို သဘောမပေါက်နိုင်ဖြစ်နေကြသည်။
လန်ယာစစ်မှန်သောနတ်ဘုရားသာ တစ်စုံတစ်ရာကို နားလည်လိုက်၍ တိတ်တဆိတ် ပြုံးလိုက်မိသည်။ ရီထျန်ရှင်းသည် နောက်ခံမရှိသူမဟုတ်ဘဲ သူ၏နောက်ခံ ဤစစ်မှန်သောနတ်ဘုရားသည် အလွန် အစွမ်းထက်သူတစ်ဦးပင် ဖြစ်နေသည်။
မကြာမီအချိန်တွင် စစ်မှန်သောနတ်ဘုရားအချို့သည် ပေဟွမ်၏ ရည်ရွယ်ချက်ကို နားလည်သိရှိလာခဲ့သည်။ မပြတ်လှည့်လည်နေသော ခရုပတ်ခွေခြောက်ခု ပေါ်လာပြီး ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် မိုင်သန်းထောင်ပေါင်းများစွာ အကွာအဝေးသို့ ချက်ချင်းပင် ထွက်ပြေးသွားလိုက်သည်။
သို့သော်လည်း ၎င်း၏နေရာလွတ်သည် အဆက်မပြတ်ကျုံ့၍ ပျက်စီးလာနေသည်ဟု ခံစားနေရသည်။ စစ်မှန်သောနတ်ဘုရားတစ်ဦး၏ အဆင့်ဖြင့် ၎င်းကိုမထိန်းချုပ်နိုင်နေသည်မှာ လုံးဝ မဖြစ်နိုင်သည့်အရာဖြစ်သည်။ ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းရင်းတစ်ခုသာရှိသည်။ ၎င်းမှာ ရီဖန်ကြောင့်သာဖြစ်ရမည်။
ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းခြောက်ခုအောက် ကျရောက်ပြီးလျှင် မည်သူမှ ၎င်း၏ကန့်သတ်မှုမှ လွတ်မြောက်နိုင်ကြမည်မဟုတ်ချေ။ ထိုအရာသည် နေရာလွတ်အပေါ်မူတည်ခြင်းမဟုတ်ဘဲ အခြေအနေနှင့် ကံကြမ္မာအပေါ်တွင်သာ မူတည်တော့မည်။ နေရာလွတ်စွမ်းအားရှင်ပင်လျှင် ပြန်လည်မွေးဖွားခြင်း၏ ဆင့်ခေါ်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။
ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းနှင့် နီးကပ်လာသည်နှင့်အမျှ ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် ပို၍စိုးရိမ်လာခဲ့သည်။ ၎င်းသာ ထိုလမ်းကြောင်းထဲသို့ စုပ်ယူခံရမည်ဆိုလျှင် အချိန်မြစ်ထဲရှိ ၎င်း၏ စစ်မှန်သောဝိညာဉ်သည်ပင် သူ့ကို ကယ်တင်နိုင်မည်မဟုတ်ကြောင်း ခံစားမိသည်။
“ချန်ရီစစ်မှန်တဲ့နတ်ဘုရား ငါအရှုံးပေးပါပြီ။ ငါ့ရဲ့ အရင်းအမြစ်အားလုံးကိုလည်း မင်းကိုပေးပါမယ်” ဟု ကြောက်လန့်တကြားပြောလိုက်သည်။
သို့သော် ရီဖန်သည် မည်သို့မျှမတုံ့ပြန်ခဲ့ချေ။ အကယ်၍ ရီမိသားစုကျင့်ကြံသူများအား တိုက်ခိုက်ခဲ့ခြင်းကို တောင်းပန်ရုံဖြင့် ကျေအေးရမည်ဆိုလျှင် နောက်ထပ်လူများသည်လည်း ထိုသို့ပင် လိုက်လုပ်ကြမည်။
ယနေ့တွင် စစ်မှန်သောနတ်ဘုရားတစ်ဦး သေဆုံးရန်မှာ သေချာနေပြီး ထိုအဖြစ်မှတဆင့် နောက်ထပ်လူများကို ကြောက်ရွံ့စေရန်ရည်ရွယ်သည်။ ထိုအခါမှသာ ရီမိသားစုကျင့်ကြံသူများကို ထိခိုက်စေလိုသူများသည် ရီဖန်အားသတ်နိုင်မှသာ ကျန်မိသားစုဝင်များကို ထိခိုက်အောင် ပြုလုပ်၍ရမည်ကို သိရှိသွားမည်ဖြစ်သည်။
“မလုပ်ပါနဲ့!”
ကြောက်လန့်တကြားအော်ဟစ်လျက်ပင် ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ ပုံရိပ်သည် ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းထဲသို့ စုပ်ယူခံရပြီး နောက်ဆုံးတွင်ပျောက်ကွယ်သွားတော့သည်။ တပြိုင်နက်ပင် အချိန်မြစ်ထဲ၌ ကြီးမားသော အနက်ရောင်လက်တစ်ဖက် ပေါ်ထွက်လာပြီး ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ စစ်မှန်သောဝိညာဉ်ကို ချက်ချင်းပယ်ဖျက်သွားခဲ့သည်။
“တစ်ခုခုမှားနေပြီ၊ ပေဟွမ့်ဝိညာဉ်ရဲ့ရောင်ဝါ ပျောက်သွားပြီ!”
စစ်မှန်သောနတ်ဘုရားတစ်ဦးက စိုးရိမ်စွာပြောလိုက်သည်။ ထို့နောက်အခိုက်အတန့်တွင် နတ်သက်ကြွေခြင်းဖြစ်စဉ်သည်လည်း ဖြစ်ပေါ်လာသည်။ ကောင်းကင်သည် ငိုကြွေးလျက်ရှိပြီး အဖြစ်အပျက်သည် ရီဖန် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားကို အနိုင်ယူခဲ့စဉ်ကထက် ပိုကြီးမားသည်။
အားလုံးကလည်း ထိုသို့ဖြစ်ရခြင်းမှာ ပေဟွမ်စစ်မှန်သောနတ်ဘုရား သေဆုံးခြင်းကြောင့်ဟု သဘောပေါက်လိုက်သည်။ ဤသို့ အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားတစ်ဦးက ပေဟွမ်ကို လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့ခြင်းကို အားလုံးက မယုံကြည်နိုင်ဖြစ်နေသည်။
အချို့စစ်မှန်သောနတ်ဘုရားများသည် ၎င်းတို့တိုက်ခိုက်နေသည်ကိုပင် မေ့သွားသည်အထိ ပေဟွမ်သေဆုံးမှုကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ပေဟွမ်သည် လန်ယာကြောင့် အလွန်အားနည်းနေသော်လည်း ၎င်းတို့သာဆိုလျှင် ပေဟွမ်ကို တစ်ခါထဲဖြင့် အနိုင်ယူနိုင်မည်မဟုတ်ပေ။
သို့သော် စွမ်းအားပမာဏမသိနိုင်သည့် စစ်မှန်သောနတ်ဘုရားတစ်ဦး ပေါ်ထွက်လာပြီး ၎င်းကို ရုတ်တရက် လွယ်ကူစွာအနိုင်ယူနိုင်ခဲ့သည်။ ရီဖန်သည် ပေဟွမ်ကို ထိုသို့အနိုင်ယူနိုင်လျှင် အခြား စစ်မှန်သောနတ်ဘုရားများကိုပါ အနိုင်ယူနိုင်လိမ့်မည်။ ထိုအချက်ကြောင့် ၎င်းတို့သည် အသည်းစိမ့်အောင် ကြောက်လန့်သွားကြသည်။
၎င်းတို့သည် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ရောက်ကတည်းက ထိုသို့ကြောက်စရာကောင်းသည့် ခံစားမှုကို မတစ်ခါမျှ မခံစားဖူးကြသေးပေ။ လန်ယာစစ်မှန်သောနတ်ဘုရားမပင်လျှင် ပေဟွမ်၏ သေဆုံးမှုကို မြင်ကာ ကျောရိုးထိစိမ့်အောင် ကြောက်ရွံ့သွားသည်။
သူမလက်ရှိဖိအားများမှ အနည်းငယ်သက်သာစေရန် ရီဖန်က ပေဟွမ်အား ထိန်းထားနိုင်မည်ဟုသာ ထင်ထားသော်လည်း ပေဟွမ်သည် ရီဖန်၏ လက်ထဲတွင် အလွယ်တကူ ကျဆုံးသွားမည်ဟု သူမတစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။