← Chapters

ဥာဏ်များသည့် လန်ယာစစ်မှန်သောနတ်ဘုရားမ

Vol. 37 Ch. 542

ဥာဏ်များသည့် လန်ယာစစ်မှန်သောနတ်ဘုရားမ

Vol. 37 Ch. 542

ပေဟွမ်စစ်မှန်သောနတ်ဘုရားက ကမ်းလှမ်းချက်ကို ထုတ်ပြောပြီးနောက် အခြားသော စစ်မှန်သောနတ်ဘုရားသည်လည်း ရီထျန်းရှင်းကို ကမ်းလှမ်းလာကြသည်။

"ရီထျန်းရှင်း မင်းကို တပည့်အဖြစ်နဲ့ ခေါ်ယူပြီးတော့ မင့်ကို ဘယ်သူမှနှောက်ယှက်လို့မရအောင် တာဝန်ခံပေးနိုင်တယ်" လန်ယာစစ်မှန်သောနတ်ဘုရားမသည်လည်း သူမ၏ကမ်းလှမ်းချက်ကို ဆိုသည်။

မူလက ရှေ့တစ်လှမ်းလှမ်းထားသည့် အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား အနည်းငယ်သည် ယခုအချိန်တွင် အဆိုပြုရန်ပင် အရည်အချင်းမရှိကြတော့ရှာချေ။ ရီထျန်းရှင်းအနေဖြင့် သူ့ကိုကာကွယ်ရန်အတွက် ဂိုဏ်းတစ်ခုကို ရွေးချယ်မည်ဆိုလျှင် အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားများက အစောပိုင်းအဆင့်များထက် ပို၍သင့်လျော်သည်။

စစ်မှန်သောနတ်ဘုရားများသည်လည်း မျက်နှာမပျက်အောင် ထိန်းထားရန်လိုသောကြောင့် အစောပိုင်းအဆင့်ကျင့်ကြံသူများသည် အရှက်တကွဲမဖြစ်စေရန် ဘာမှမဆိုခဲ့ကြချေ။

သို့သော် လန်ယာနတ်ဘုရားမမှလွဲ၍ ဤစစ်မှန်သောနတ်ဘုရားများသည် ရီထျန်းရှင်းကိုကာကွယ်ရန်နှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးရန် ကမ်းလှမ်းနိုင်သော်လည်း မည်သူကမှ ရီထျန်းရှင်းကို တပည့်အဖြစ်လက်ခံရန် ဆန္ဒမရှိခဲ့ကြပေ။

၎င်းတို့သည် ရီထျန်းရှင်းစွမ်းရည်ကို အမှန်တကယ် အသိအမှတ်ပြုခဲ့ကြသော်လည်း ရီထျန်းရှင်းအနေဖြင့် အမွေဆက်ခံခြင်းရှိမရှိကို ပို၍စိတ်ပူသည်။ အကာအကွယ်နှင့် အရင်းအမြစ်များပံ့ပိုးပေးခြင်းက ဤစစ်မှန်သော နတ်ဘုရားများအတွက် ရိုးရှင်းသော အလုပ်ဖြစ်၏။

သို့သော် တပည့်အဖြစ်ခံယူလိုက်လျှင် ၎င်းကပိုနက်နဲသွားပြီဖြစ်သည်။ စစ်မှန်သောနတ်ဘုရားအများစုက ထိုအခြင်းအရာအတွက် များစွာဒုက္ခမခံလိုကြချေ။

ရီထျန်းရှင်းသည် ဤစစ်မှန်သောနတ်ဘုရားများပြောသည်ကိုကြားပြီးနောက် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သူ့အနေဖြင့် ဤစစ်မှန်သောနတ်ဘုရားများ၏ အကြံအစည်ကို မည်သို့နားမလည်ဘဲရှိမည်နည်း။

လက်ရှိအခြေအနေအရ လန်ယာ နတ်ဘုရားဂိုဏ်းသို့ဝင်ရောက်ခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။ သို့သော် ဤ လန်ယာ နတ်ဘုရားဂိုဏ်းက အမှန်တကယ် ရည်ရွယ်ချက်ကောင်း ရှိပါသလား။

ရီထျန်းရှင်း၏ တိတ်ဆိတ်နေမှုနှင့်အတူ လေထုသည် တစ်ဖန်ပြန်လည်လေးလံလာသည်။

"ရီထျန်းရှင်း မင်းမှာရွေးချယ်ခွင့်တစ်ခုပဲရှိတယ်။ ဒါကြောင့် မင်းအရွေးမမှားဖို့ ငါမျှော်လင့်တယ်"

ပေဟွမ် စစ်မှန်သောနတ်ဘုရားသည် ရီထျန်းရှင်းကို လွှမ်းမိုးလိုသည့် သူ၏ရောင်ဝါကိ ဖြန့်ကြက်လိုက်သည်။ စစ်မှန်သောနတ်ဘုရားတစ်ဦး၏ ရောင်ဝါက ရီထျန်းရှင်းအား တွင်းနက်ကြီးတစ်ခုကဲ့သို့ ဆွဲသွင်းခံနေရသလို ခံစားရစေသည်။ ကြီးမားသောဖိအားအောက်တွင် သူ့ခန္ဓာကိုယ်က အချိန်မရွေး ကွဲအက်သွားမည်ကဲ့သို့ဖြစ်နေ၏။

"ပေဟွမ် မင်းက စစ်မှန်တဲ့နတ်ဘုရားဖြစ်ပြီးတော့ ဂျူနီယာတစ်ယောက်ကို ဘာလို့ဒုက္ခပေးနေတာလဲ။ ဘယ်မှာလဲ မင့်သိက္ခာ”

လန်ယာစစ်မှန်သောနတ်ဘုရားသည် ရီထျန်းရှင်း၏အနားသို့ရောက်လာပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောဖိအားများ တခဏချင်းပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာ ရီထျန်းရှင်း အသက်ပြန်ရှင်လာသလို ခံစားလိုက်ရပြီး သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

စစ်မှန်သောနတ်ဘုရားတစ်ဦးက မည်မျှပင် စွမ်းအားကြီးမားပါစေ၊ ရီထျန်းရှင်းသည်လည်း သူကိုယ်တိုင်က စစ်မှန်သောနတ်ဘုရားနယ်မြေသို့ မကျော်ဖြတ်နိုင်ဟု မထင်ပါ။ ယနေ့ ထိုသူက သူ့အားအနိုင်ကျင့်ခဲ့သည်ကို သေချာပေါက်မှတ်မိနေပါလိမ့်မည်။

ရီထျန်းရှင်းသည် သူ့တွင် ရွေးချယ်စရာမရှိတော့ကြောင်း သိလိုက်သည်။ ဤအခြေအနေအောက်တွင် သူ့အနေဖြင့် အန္တရာယ်အနည်းဆုံးဖြစ်သည့် အသင့်လျော်ဆုံးရွေးချယ်မှုကိုသာ ရွေးချယ်နိုင်သည်။

ရီမိသားစုသည် ၎င်း၏တပည့်များကို အခြားဂိုဏ်းများနှင့်ပတ်သက်ရန် တားဆီးခြင်းမရှိသောကြောင့် လမ်းကြောင်းများစွာရှိခြင်းက အလွန်ပုံမှန်ဖြစ်သည်။

"လန်ယာစစ်မှန်တဲ့နတ်ဘုရားမကို ကျွန်တော့ဆရာအဖြစ် အသိအမှတ်ပြုလိုပါတယ်"

အခြားသော စစ်မှန်သောနတ်ဘုရားများ ထပ်မပြောလာမီ ရီထျန်းရှင်းက စပြောလိုက်သည်။

"ကောင်းပြီ၊ မင်းငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုရင် ဒီနေ့ မင်းကို ငါသေချာပေါက် ကာကွယ်ပေးမှာပါ!"

လန်ယာစစ်မှန်သောနတ်ဘုရား၏ ကတိစကားနှင့်အတူ ကောင်းကင်ယံကို လွှမ်းခြုံထားသည့် လမင်းကြီးထွက်ပေါ်လာပြီး နေရာလွတ်နတ်ဘုရားမျှော်စင်ကို ဖုံးလွှမ်းထားသည်။ လမင်း၏စွမ်းအားကြောင့် လန်ယာသည် လနန်းတော်မှ နတ်သမီးအသွင်ဖြစ်နေ၏။

အခြားသော စစ်မှန်သောနတ်ဘုရားများသည်လည်း ချက်ချင်းပင် စိတ်လေးလံလာသည်။ ဤစစ်မှန်သောနတ်ဘုရားမက ပို၍ပင် စွမ်းအားကောင်းလာပုံပေါ်သည်။ လန်ယာစစ်မှန်သောနတ်ဘုရားမသည် ယခင်က ၎င်းတို့နှင့် များစွာကွာခြားပုံမပေါ်ပေ။

ယခုတော့ သူမသည် ၎င်းတို့ကို ကျော်တက်သွားပြီဖြစ်သည်မှာ ထင်ရှား၏။

"လန်ယာ ငါတို့အားလုံး ကောင်းကောင်းသိပါတယ်၊ နေရာလွတ်နတ်ဘုရားမျှော်စင်ရဲ့အမွေကို တစ်ယောက်တည်း အပိုင်စီးလို့မရဘူးလေ!"

ပေဟွမ်စစ်မှန်သောနတ်ဘုရားသည်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏နတ်တိုင်းပြည် သူ့နောက်မှထွက်ပေါ်လာကာ လန်ယာစစ်မှန်သောနတ်ဘုရားမကို ပစ်မှတ်ထားသည်။

"ဟုတ်တယ် လန်ယာ၊ မင်းတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး!"

ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ လုပ်ဆောင်ချက်ကြောင့် အခြားစစ်မှန်သောနတ်ဘုရားသုံးပါးသည်လည်း အာဏာပြလာသည်။

တစ်ခဏအတွင်း နယ်မြေတစ်ခုလုံးသည် စစ်မှန်သောနတ်ဘုရားလေးပါး၏ ဖိနှိပ်မှုအောက်တွင်ရှိနေသဖြင့် ၎င်းတို့တိုက်ပွဲဖြစ်လာလျှင် ၎င်းတို့မထွက်ပြေးနိုင်မည်ကိုစိုးရိမ်သော အခြားကျင့်ကြံရေးသမားများမှာ ကြောက်လန့်တကြား ထွက်ပြေးကြ၏။

လန်ယာစစ်မှန်သောနတ်ဘုရား၏ စွမ်းအားက ၎င်းတို့၏မျှော်လင့်ချက်ထက် ကျော်လွန်သော်လည်း စစ်မှန်သောနတ်ဘုရားအားလုံးကို နောက်ဆုတ်သွားစေရန် မလုံလောက်သည်မှာ ထင်ရှားသည်။ ကိုယ်ကျိုးစီးပွါးနှင့်ပက်သက်လာလျှင် မည်သူကမှ နောက်ဆုတ်ရန်ရွေးချယ်မည် မဟုတ်ပေ။

နေရာလွတ်နတ်ဘုရားမျှော်စင်၏ အမွေအနှစ်သည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတွင် ၎င်းတို့ကို ပိုမိုတိုးတက်ကောင်းမွန်လာစေမည့် တစ်ခုတည်းသာ ဖြစ်နိုင်သည်။ အခြားအထက်နယ်မြေများတွင် သင့်လျော်သော အမွေအနှစ်များ ရှိနိုင်သော်လည်း အခြားသူတစ်ဦး၏နယ်မြေတွင် တိုက်ခိုက်ရန် မလွယ်ကူချေ။ ဤအမွေကိုရရှိရန် မျှော်လင့်ချက်သည် ကြီးမားကြောင့် ၎င်းတို့အဆုံးရှုံးခံလိမ့်မည်မဟုတ်ပေ။

လန်ယာစစ်မှန်သောနတ်ဘုရားသည် စစ်မှန်သောနတ်ဘုရားများ၏ဆုံးဖြတ်ချက်ကို လျှော့တွက်မိလိုက်ကာ ကျဉ်းကြပ်ထဲသို့ကျရောက်နေသည်။ သို့သော် သူမမှာ နောင်တရစရာမရှိချေ။ ရီထျန်းရှင်းကို တပည့်အဖြစ် လက်ခံလိုက်ခြင်းက သူမ၏ကံကြမ္မာဟု ခံစားမိသည်။

လန်ယာစစ်မှန်သောနတ်ဘုရားသည်

ကံကြမ္မာမူလနိယာမနှင့် လနတ်မူနိယာမလမ်းကြောင်းမှတဆင့် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်လာသောကြောင့် ကံကြမ္မာကိုအလွန်အလေးထားသည်မှာ ထင်ရှားသည်။ တိုက်ပွဲက မလွဲမသွေဖြစ်ရမည်ဆိုလျှင်လည်း ဖြစ်ပါစေတော့။

တိုက်ပွဲနေရာမှ လွတ်ကင်းသောနေရာရှိ မဟာသူတော်စင်များစွာတို့သည် လန်ယာစစ်မှန်သောနတ်ဘုရားကို စစ်မှန်သောနတ်ဘုရားလေးပါး ဝန်းရံထားသည်ကို စောင့်ကြည့်နေကြပြီး သူမနောက်ရှိ ရီထျန်းရှင်းက အားနည်းနေသည်ဟု ရုတ်တရက်ခံစားမိကြသည်။

အင်အားနည်းသူသည် အဖိုးတန်သောအရာကို ရရှိထားသော်လည်း အင်အားကြီးသောသူများ၏လုယက်မှုမှ မရှောင်လွှဲနိုင်ပေ။ ၎င်းတို့ကိုယ်တိုင်သည်လည်း အားနည်းပြီး ကျောထောက်နောက်ခံမရှိဘဲ ခြိမ်းခြောက်လုယူခံနေရသည့် ရီထျန်းရှင်းနှင့် အခြေအနေ ကွာခြားခြင်းမရှိချေ။

"ရီထျန်းရှင်း လုပ်ထားစမ်းပါ!"

"ရီထျန်းရှင်း မင်းက ငါတို့ကို သာမာန်ကျင့်ကြံသူတွေကို ကိုယ်စားပြုတယ်၊ မင်း အင်အားကြီးသူတွေရဲ့ ဖိနှိပ်မှုကို ချိုးဖျက်ပစ်ရမယ်"

စစ်မှန်သောနတ်ဘုရားများ၏ရှေ့တွင် ၎င်းတို့သည် ရီထျန်းရှင်းအတွက် ထောက်ခံမှုကို ပွင့်ပွင့်လင်းလင်းပင်ထုတ်ဖော်ဝံ့ခြင်းမရှိကြသော်လည်း ၎င်းတို့၏နှလုံးသားထဲတွင် သူ့အတွက် တိတ်တဆိတ်ဆုတောင်းခဲ့ကြသည်။ နောက်ဆုံးတွင် တိုက်ပွဲဖြစ်ပွါးခဲ့၏။

ချက်ချင်းပင် ကမ္ဘာမြေကွဲအက်လာပြီး ကောင်းကင်ကြီးပြိုကျလာသည်။ စစ်မှန်သောနတ်ဘုရားများကြား တိုက်ပွဲအပြီးတွင် နေရာလွတ်နတ်ဘုရားမျှော်စင်၏ စည်ကားနေသော ပတ်ဝန်းကျင်သည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွား၏။ ကောင်းကင်နှင့်မြေကမ္ဘာကြား နတ်ဘုရားမျှော်စင်တစ်ခုသာ ထီးထီးကြီးကျန်ခဲ့သည်။

မူလက လန်ယာစစ်မှန်သောနတ်ဘုရားမသည် ရီထျန်းရှင်းအား ကာကွယ်နိုင်မည်မဟုတ်ဟု လူတိုင်းကထင်ခဲ့ကြသော်လည်း လန်ယာစစ်မှန်သောနတ်ဘုရားမ၏ တိုက်ပွဲစွမ်းအားသည် ကျင့်ကြံသူများ၏ထင်မြင်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။

လန်ယာနတ်ဘုရားမထံမှ လလက်စွပ်က ရုတ်တရက်ပေါ်လာပြီး ပေဟွမ်စစ်မှန်သောနတ်ဘုရားထံ ပေါက်ကွဲသွားသည်။ ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ခန္ဓာကိုယ်ကို ကာကွယ်ပေးသောနတ်စွမ်းအားသည် ချက်ချင်းပျက်ပြယ်သွားပြီး သူ့ကိုယ်သူကာကွယ်ရန် နတ်လက်နက်တစ်ပိုင်းကို ထုတ်ယူလိုက်သော်လည်း

သူ၏အမူအရာကသိသိသာသာပြောင်းလဲသွားသည်။

သို့သော် လန်ယာစစ်မှန်သောနတ်ဘုရားမ၏တိုက်ခိုက်မှုက ရုတ်တရက်ဖြစ်သောကြောင့် နတ်လက်နက်တစ်ပိုင်းကို ချက်ချင်းချိုးဖျက်လိုက်ရာ ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ခန္ဓာကိုယ်ကို ပြင်းထန်စွာထိခိုက်သွားသည်။ သူ၏ကိုယ်ထည်သည် ချက်ခြင်းလွှင့်ပျံသွားပြီး ခဏအကြာတွင် မိုင်တစ်သန်းအကွာ၌ ပြန်ပေါ်လာကာ သူ၏မျက်နှာသည် အလွန်ဆိုးရွားနေ၏။

"သူ့ကို မသတ်နိုင်လိုက်ဘူးလား"

လန်ယာစစ်မှန်သောနတ်ဘုရားသည် အနည်းငယ်နောင်တရသွားသည်။ ဤတိုက်ခိုက်မှုပင်လျှင် ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ စိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်ပေ။ ပေဟွမ်စစ်မှန်သောနတ်ဘုရား၏ ဝိညာဉ်အကြွင်းအကျန်များရှိနေသေးသောကြောင့် သူ့ကို ပြန်လည်မွေးဖွားခွင့်ရရှိစေခဲ့၏။

ပေဟွမ်စစ်မှန်သောနတ်ဘုရား ပြန်လည်မွေးဖွားလာသော်လည်း သေချာပေါက်ထိခိုက်သွားသောကြောင့် သူ၏ကျင့်ကြံမှုစွမ်းရည် ထက်ဝက်ခန့်ကိုသာ အသုံးချနိုင်ခဲ့သည်။

သို့သော် ၎င်းတို့နောက်တစ်ကြိမ် ထပ်လှုပ်ရှားမည်ဆိုလျှင် စစ်မှန်သောနတ်ဘုရားများဘက်မှ ကြိုတင်ပြင်ဆင်ထားမည်ဖြစ်သောကြောင့် လန်ယာစစ်မှန်သောနတ်ဘုရားမထံတွင် နတ်လက်နက်တစ်ခုရှိနေလျှက်ပင် လွယ်ကူမည်မဟုတ်ပေ။

"နတ်လက်နက်! လန်ယာ မင်းမှာ နတ်လက်နက်ရှိနေတာပဲ!"

သူသည် လန်ယာစစ်မှန်သောနတ်ဘုရားမနှင့် အနည်းငယ်ဝေးကွာနေကာ သူမ၏နတ်လက်နက်ကသာ အချိန်မြစ်ကိုဖြတ်ကျော်လာလျှင် သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖျက်ပစ်နိုင်သည်။ သူ၏ စိတ်ဝိညာဉ် ပျောက်ကွယ်သွားပါက သူသည်လည်း အမှန်တကယ် ပျက်စီးလိမ့်မည်။

အခြားစစ်မှန်သောနတ်ဘုရားများသည်လည်း ပေဟွမ် စစ်မှန်သောနတ်ဘုရားနှင့်အတူ မိုင်သန်းချီ၍ နောက်ပြန်ဆုတ်သွားခဲ့သည်။ ၎င်းတို့သည် စစ်မှန်သောနတ်ဘုရားအဆင့် အလယ်အလတ်တွင်ရှိသော်လည်း နက်လက်နက်တစ်ပိုင်းများသာ ပိုင်ဆိုင်ကြကာ ၎င်းတို့ထဲတွင် စစ်မှန်သောနတ်ဘုရားလက်နက်များ မရှိကြပေ။

အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား ကျင့်ကြံသူများသည် အထွတ်အထိပ် မဟာသူတော်စင်လက်နက်များကိုသာ အသုံးပြုကြ၏၊

၎င်းနှင့်ယှဉ်လျှင် သူတို့ပိုင်ဆိုင်သည့်လက်နက်က အတော်လေးကောင်းမွန်သည်။

သို့သော် စစ်မှန်သောနတ်လက်နက်နှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့၏ နတ်လက်နက်တစ်ပိုင်းများက အတော်လေးအားနည်းသည်။ နတ်လက်နက်ရှိသည့် စစ်မှန်သောနတ်ဘုရားနှင့် နတ်လက်နက်မရှိသည့် စစ်မှန်သောနတ်ဘုရားသည် အဆင့်မတူကြချေ။

"လန်ယာ မင်းတကယ်ကို သန်မာတယ်ဆိုတာ ငါဝန်ခံတယ်။ မင်း ရီထျန်းရှင်းကို ကာကွယ်နိုင်တယ်၊ ဒါပေမယ့် ရီထျန်းရှင်းရခဲ့တဲ့ အမွေကိုတော့ လူတိုင်းနဲ့ ဝေမျှရမယ်"

ပေဟွမ်စစ်မှန်သောနတ်ဘုရားသည် လန်ယာစစ်မှန်သောနတ်ဘုရားကို အနည်းငယ်ကြောက်ရွံ့သည်။ ဤနတ်လက်နက်ကို မကြာသေးမီကမှ ရရှိခဲ့ခြင်းမဖြစ်နိုင်ပေ။ ယခု ၎င်းကို ထုတ်ဖော်ပြသရန် ရွေးချယ်လိုက်ခြင်းက လန်ယာစစ်မှန်သောနတ်ဘုရားမသည် မည်မျှ ခုခံနိုင်ကြောင်း ပြသနေသည်။

နတ်လက်နက်တစ်ခုတည်းသာဆိုလျှင် ၎င်းတို့အတွက် ခြိမ်းခြောက်မှုက မပြင်းထန်ဘဲ အနည်းငယ်သတိထားနေသရွေ့ ၎င်းကို ခုခံနိုင်သေးသည်။ သို့သော် လန်ယာစစ်မှန်သောနတ်ဘုရားထံတွင် နတ်လက်နက်တစ်ခုတည်းသာရှိမည်ဟု မည်သူအာမခံနိုင်မည်နည်း။ နောက်တစ်ခုသာ ထွက်လာလျှင် ၎င်းတို့ အမှန်တကယ်ဒုက္ခရောက်လိမ့်မည်။

All Chapters