နောက်ဆုတ်စေခြင်း
Vol. 145 Ch. 2065
မဟာအင်ပါယာ၏ ကိုယ်စား ပြစ်ဒဏ်စီရင်ခြင်းလား။
ဆေးအင်ပါယာက အပြစ်ရှိသည်လား။
တုန်းဟွာနယ်မြေ၏ နယ်မြေသခင်နင်ယွမ်သည် နယ်မြေအား အုပ်ချုပ်သူတစ်ယောက်ဖြစ်သည်။ သူက ဆေးအင်ပါယာအပြစ်ရှိသည်ဟု ဆိုပြီး မဟာအင်ပါယာကိုယ်စား ဥပဒေအရ အပြစ်ပေးမည်ဟု ကြေညာခဲ့သည်။ သူက ဆေးအင်ပါယာအား သတ်ဖြတ်ရန် တရားဝင်ကြေညာခဲ့ပြီ ဖြစ်သည်။
တုန်းဟွာနယ်မြေတွင် သူ၏ ရပ်တည်ချက်အနေအထားအရ သူ့အား လျော့တွက်ရန် မဖြစ်နိုင်ပေ။ ထိုစကားလုံးများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ဆေးအင်ပါယာ၏ ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်လိမ့်မည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နယ်မြေသခင်အိမ်တော်အတွင်းနှင့် အပြင်မှ တန်ခိုးရှင်များအားလုံးသည် သူတို့၏ နှလုံးသားများ တုန်ယင်လာသည်ကို ခံစားမိလိုက်ကြသည်။ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်ဟူသည့် အမည်မှာ တုန်းဟွာနယ်မြေမှ ဖယ်ရှားခံရတော့မည် ဖြစ်သည်။
အဆုံးမှာတော့ နင်ယွမ်က တုန်းဟွာနယ်မြေ၏ အုပ်ချုပ်သူဖြစ်သည်။ သူက စိတ်ပိုင်းဖြတ်ပြီးပြီ ဖြစ်လေရာ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က နယ်မြေအတွင်းတွင် တည်ရှိနေရန်မဖြစ်နိုင်တော့ပေ။
ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများသည်ပင် နင်ယွမ်အား အံ့အားသင့်ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြသည်။ သူသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား ရင်ဆိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ သူတို့သည် တုန်းဟွာအခမ်းအနားအတွင်း ထိုသို့သော မုန်တိုင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သည့်အခါမှ တွေးထင်ထားခဲ့ခြင်း မရှိကြပေ။ ကြည့်ရသည်မှာ နယ်မြေသခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား ရှင်းလင်းသုတ်သင်ရန် အချိန်အကြာကြီးထဲက စီစဥ်ခဲ့ပုံရလေသည်။
ဤကိစ္စတွင် မည်သို့ ကြီးမားသည့် အကြံအစည်များ ရှိနေသနည်း။
ဆေးအင်ပါယာက ခေါင်းကို ငုံ့ကာ တုန်းဟွာနန်းတော်မှ ဝင့်ကြွားနေသော ပုဂ္ဂိုလ်များကို ကြည့်လိုက်ကြသည်။ တုန်းဟွာအခမ်းအနားမကျင်းပခင်၌ သူသည် မကောင်းသော နိမိတ်ကို ခံစားမိခဲ့ပေသည်။ လီချန်ရှန်းက သူ့အား ပေးပို့ခဲ့သည့် သတင်းကို လက်ခံရရှိပြီးနောက် သူသည် လင်းရှောင်နန်းတော်က လိပ်နတ်ဘုရားကျွန်းစုတွင် လူတိုင်း၏ အရှေ့၌ ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် ပူးပေါင်းကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်တိုက်ခိုက်နေခဲ့သည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း သူနားလည်သဘောပေါက်ခဲ့သည်။ နယ်မြေသခင်အိမ်တော်က သူတို့ကို ကျောထောက်နောက်ခံ ပြုနေသည်။ ထိုကြောင့် သူတို့က ထိုသို့ လက်လွတ်စပယ် လုပ်ဆောင်ရဲခဲ့ခြင်းဖြစ်လေသည်။
နယ်မြေသခင်အိမ်တော်က တုံ့လိုင်နယ်မြေအကြီးအကဲ၏ သေဆုံးခြင်းကိစ္စတွင် ကြိုးကိုင်နေသူ ဖြစ်သည်အား သိလိုက်သည့်အခါ ဆေးအင်ပါယာက လှောင်ပြောင်လိုသော ခံစားချက်ကို ခံစားမိလိုက်သည်။ သူသည် နှစ်ပေါင်းများစွာ အရူးလုပ်ခံခဲ့ရပြီး နယ်မြေသခင် နင်ယွမ်က အရာအားလုံး၏ နောက်ကွယ်မှ လူဖြစ်ကြောင်း ထင်မှတ်မထားခဲ့မိပေ။
သူသည် ကိစ္စအား အောက်ခြေနက်နက်အထိ အမြဲတမ်း တူးဖော်ချင် နေခဲ့သည်။ ယခုနောက်ဆုံးတွင် သူက အမှန်တရားကို သိရှိခဲ့ပြီး ဝမ်းနည်းမှုနှင့် ပူဆွေးမှုတို့ကို ခံစားလိုက်ရပေသည်။
တုန်းဟွာနယ်မြေ၏ နယ်မြေသခင် နင်ယွမ်က ထိုသို့သော ပြစ်မှုမျိုးကို ကျူးလွန်ခဲ့သည်မှာ ကျိန်းသေ နယ်မြေအတွက် ကောင်းမွန်သော အရာမဟုတ်ပေ။
"နယ်မြေသခင် ခင်ဗျား ကျုပ်ကို သတ်ချင်နေခဲ့တာ ဒီလောက်ကြီး ကြာနေပြီ။" ဆေးအင်ပါယာက ရုတ်တရက်ပြောလိုက်သည်။ "အခု နောက်ဆုံးတော့ အဲဒီလိုလုပ်ဖို့အတွက် ဆင်ခြေကို ရှာတွေ့သွားခဲ့ပြီပဲ။"
နင်ယွမ်က မဟာအင်ပါယာကိုယ်စား တရားစီရင်မည်ဟု ဆုံးဖြတ်လိုက်ပြီး ဆေးအင်ပါယာနှင့် ရင်ဆိုင်ရန် တိုက်ပွဲ၌ ကိုယ်တိုင်ပါဝင်ဖို့ရာ ပြင်ဆင်နေပြီ ဖြစ်သည့်အတွက် ဆေးအင်ပါယာသည်လည်း တွေဝေနှောင့်နှေးနေရန် မလိုအပ်တော့ပေ။ သူက တစ်ဖက်လူကို သည်းခံနေတော့မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူတို့က တွင်းနက်နက်တူးကာ နယ်မြေသခင်က မည်သို့သော လူမျိုးဖြစ်သည်ကို ကောင်းကင်ဒေသ၏ တော်ဝင်နန်းတော်အား သိခွင့်ပြုလိုက်တော့မည် ဖြစ်သည်။
နင်ယွမ်က ဆေးအင်ပါယာကို မော့ကြည့်လိုက်၏။ ဆေးအင်ပါယာက ဆက်ပြောလိုက်သည်။ "ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်က တစ်ချိန်လုံး ကျုပ်တို့ကို ဆန့်ကျင်နေခဲ့တယ်။ လိပ်နတ်ဘုရားကျွန်းစုမှာ သူတို့ အင်အားစုနှစ်ခုက ပူးပေါင်းပြီးတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေကို ရင်ဆိုင်ခဲ့တယ်။ နယ်မြေသခင် ခင်ဗျား အဲဒီတုန်းကလည်း မမြင်သလို မျက်ကွယ်ပြုခဲ့တယ်နော်။ အခုတုန်းဟွာအခမ်းအနားမှာလည်း အခုလိုပဲ ထပ်လုပ်ပြန်ပြီ။ နင်ဟွာက အမှန်တရားကို မစုံစမ်းဘဲ လျှို့ဝှက်နယ်မြေမှာတုန်းက ရီလျှို့နျန်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ နယ်မြေသခင်အိမ်တော်က အဲဒီဘက်ကို ရွေးချယ်ခဲ့ပြီး မဖော်ပြသေးတာပဲရှိတယ်။ ကျုပ်ပြောတာ မှန်တယ်မလား။"
"အတင့်ရဲလိုက်တာ။" နင်ယွမ်က အေးစက်သည့် အသံနှင့် ပြန်ဖြေပြန်ပြောလိုက်သည်။ သူ၏ ပုံရိပ်က အထက်သို့ တဖြည်းဖြည်း မျောလွင့်လာခဲ့၏။ ချက်ချင်းပင် အစွမ်းထက်သော မဟာလမ်းစဥ် ချိပ်စည်းစွမ်းအားက ကျယ်ပြောသည့် လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်။ မရေတွက်နိုင်သော ချိပ်စည်းသင်္ကေတများက သူတို့ အနီးတွင် လှည့်ပတ်လာပြီး လေဟာနယ်တစ်ခုလုံးကို ချိပ်ပိတ်ပစ်လိုက်သည်။
"ဒီလို ဖြစ်လာပြီဆိုမှတော့ ကျုပ်အတင့်ရဲတာ ကိစ္စမရှိတော့ဘူး။ ကျုပ်နယ်မြေသခင်ကို မေးစရာတစ်ခုရှိသေးတယ်။ တုံ့လိုင်ကို ဘယ်သူသတ်ခဲ့တာလဲ။" ဆေးအင်ပါယာက မေးလိုက်သည်။ သူ၏ အသံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေပြီး နယ်မြေသခင်အိမ်တော်၏ အတွင်းနှင့် အပြင်ကိုပါ ပဲ့တင်ထပ်သွားခဲ့သည်။ မရေတွက်နိုင်သော လူများကသူ၏စကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ကြရပေသည်။
သူတို့သည် ယခင်က ထိုကိစ္စနှင့် ပတ်သတ်သော အရာအားလုံးကို ကြားဖူးခဲ့ကြသည်။ ချက်ချင်းပင် ကျယ်ပြောသော လေဟာနယ်တစ်ခွင်၌ နယ်မြေသခင်အိမ်တော် အတွင်းနှင့်အပြင်မှ တန်ခိုးရှင်အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေသည်။
ဆေးအင်ပါယာက တုံ့လိုင်နတ်ဘုရားအကြီးအကဲအား မည်သူသတ်ခဲ့သနည်းဟု မေးနေသည်။
သူ၏ ဆိုလိုရင်းက ရှင်းလင်းပေသည်။ ထိုသည်မှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်း၌ နယ်မြေသခင်နင်ယွမ် ပါဝင်နေသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
ဆေးအင်ပါယာသည် ယခင်က နယ်မြေသခင်အိမ်တော်မှ ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်တို့အား ကျောထောက်နောက်ခံ ပြုပေးနေသည်ဟု ပြောခဲ့သည်။
ထိုသည်က အမှန်ဖြစ်နိုင်သလား။
လူအများက သံသယ ဖြစ်နေကြသည်။ အဆုံးမှာတော့ ထိုအရာက ဆေးအင်ပါယာ၏ တဖက်သတ် ပြောဆိုမှုသာ ရှိသေးသည် မဟုတ်ပါလား။ ထိုသည်က အမှန်ဖြစ်လျှင် နယ်မြေသခင်၏ အပြစ်က အလွန်ကြီးမားလှသည်။ သူက တုန်းဟွာနယ်မြေတစ်ခုလုံးကို သူ၏ အုပ်ချုပ်မှုအောက်ကျရောက်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်လား။
တုန်းဟွာနယ်မြေသည် ကောင်းကင်ဒေသ၏ တစိတ်တပိုင်းဟု သတ်မှတ်နိုင်ပြီး နယ်မြေအတွင်းရှိ အင်အားစုများက နယ်မြေသခင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော်လည်း အမှန်တွင် အင်အားစုတစ်ခုချင်းစီက အမှီအခို ကင်းကြပြီး နယ်မြေသခင် အပါအဝင် မည်သည့် အင်အားစု၏ ထိန်းချုပ်မှုကိုမှ ခံလိမ့်မည် မဟုတ်ပေ။ သူတို့ အမိန့်နာခံနိုင်မည့် တော်ဝင်နန်းတော်မှ ပေးသည့်အမိန့်သာ မဟုတ်ခဲ့လျှင် နယ်မြေသခင်အိမ်တော်က နယ်မြေတစ်ခုလုံးမှ အင်အားစုများကို အမိန့်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ တုန်းဟွာအခမ်းအနားတွင် အင်အားစုအသီးသီးမှ တန်ခိုးရှင်များ ပါဝင်ကြခြင်းကပင် နယ်မြေသခင်ကို လေးစားမှုပြသခဲ့ပြီး ဖြစ်သည်။
နယ်မြေသခင်နင်က အင်ပါယာရှီ၊ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်နှင့် မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်တို့ကို အမိန့်ပေးနိုင်လိမ့်မည်လား။
ထိုသည်မှာ သိသာစွာပင် မဖြစ်နိုင်ပေ။
သို့သော်လည်း ဆေးအင်ပါယာ ပြောသည့်အတိုင်းသာ ဖြစ်ခဲ့လျှင် နယ်မြေသခင်က အလွန်ရည်မှန်းချက် ကြီးလှသည်။ သူက တုန်းဟွာနယ်မြေတစ်ခုလုံးကို အကြွင်းမဲ့ လွှမ်းမိုးနိုင်မည့် အာဏာကို လိုချင်နေသည်။
"ဆေးအင်ပါယာ ခင်ဗျားရူးသွားပြီလား။" နင်ယွမ်က ဆေးအင်ပါယာကို ကြည့်ကာပြောလိုက်သည်။ "ကျုပ် တုန်းဟွာအခမ်းအနားကို ကျင်းပတယ်ဆိုတာ မဟာအင်ပါယာရဲ့ ဆန္ဒကို ဆက်ခံပြီးတော့ သိုင်းပညာအမွေအနှစ်တွေကို တုန်းဟွာနယ်မြေတစ်ခွင်မှာ ပျံ့နှံ့စေဖို့ပဲ။ ဒါပေမယ့် ဆေးအင်ပါယာက ဖျောင်းဖျတာကို နားမထောင်ဘဲ ပဋိပက္ခတွေ ဖြစ်အောင်လုပ်ဖို့ ဆန္ဒရှိနေတယ်။ ဒီလိုသာဆိုရင် ဒီနေ့ဒီအချိန်ကစပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဆိုတဲ့ နာမည်က တုန်းဟွာနယ်မြေကနေပြီးတော့ ရှင်းလင်းပစ်လိုက်ရတော့မယ်။ ဒါပေမယ့်လည်း ဒါက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေနဲ့တော့ မသက်ဆိုင်ဘူး။ ကျုပ်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်။ ရီလျှို့နျန်ကတော့ ကျုပ်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တဲ့ အတွက်ကြောင့် သူ ဒီမှာ ကျန်နေခဲ့ဖို့ လိုတယ်။ ကျန်တဲ့လူတွေက သွားလို့ရပြီ။"
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အမည်က တုန်းဟွာနယ်မြေမှ ရှင်းလင်းခံရလိမ့်မည်ဖြစ်သည်။
ထင်ထားသလိုပင် နယ်မြေသခင်နင်ယွမ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဆက်လက်တည်ရှိနေရန် ခွင့်မပြုနိုင်တော့ပေ။
သို့သော်လည်း သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်များကို လွတ်မြောက်ခွင့်ပေးရန် ဆန္ဒရှိသည်။ သူက ရီဖူရှင်းတစ်ယောက်ကိုသာ လိုချင်ခြင်းဖြစ်သည်။
ထိပ်သီးအဆင့်ပုဂ္ဂိုလ်ကြီးများသည် ထိုမြင်ကွင်းက မြင်သောအခါ အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တန်ခိုးရှင်များသည် နင်ယွမ်၏ အလားအလာကို မီနိုင်ခြင်းမရှိဘဲ သူ့ထက် စွမ်းရည်နိမ့်ကျကြသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည်လည်း ထိုကဲ့သို့ တူညီစွာ ဖြစ်ခဲ့သည်။ နယ်မြေသခင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို တစ်ကြိမ်လွတ်မြောက်ခွင့်ပေးခဲ့ပြီး သူတို့အား နောက်တစ်ကြိမ် ဂရုစိုက်တော့မည် မဟုတ်ပေ။ အဆုံးမှာတော့ သူက တုန်းဟွာနယ်မြေသခင် ဖြစ်ကာ လူများကို စိတ်ရှိသလို သတ်၍ မရနိုင်ပေ။
သို့သော် သူက ရီဖူရှင်းအား ချုပ်ထားလိုသည်။ ထိုသူ၏ ပါရမီက ထူးခြားပြီး ကျုံးချန်ထက် သာလွန်နေသည်ပင် ဖြစ်နိုင်၏။ ထို့အပြင် သူက ချိပ်စည်းကိုပင် ချိုးဖျက်နိုင်ခဲ့သည်။ နယ်မြေသခင်နင်က ရီဖူရှင်း ချိပ်စည်းဖျက်ခြင်းမှ မည်သည့်အကျိုးကျေးဇူး ရခဲ့သလဲ သူမသိသော်လည်း သူက ရီဖူရှင်းအား မည်သို့ အလွတ်ပေးနိုင်ပါမည်နည်း။
နင်ယွမ်က ရီဖူရှင်း နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ ကျင့်ကြံလိုခြင်းအား ငြင်းဆန်ခဲ့သည်။ သူက ရီဖူရှင်း၏ အသက်ကို လိုချင်နေ၏။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်များက နင်ယွမ်ဘက်သို့ ကြည့်လိုက်ကြသည်။ လီချန်ရှန်းက ပြောလိုက်သည်။ "ဒီနေ့ဖြစ်ရပ်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကလူတွေ မမှားခဲ့ဘူး။ နယ်မြေသခင်က ကိုယ့်ရပ်တည်မှုကိုယ် ရှင်းရှင်းလင်းလင်း လုပ်ပြီးပြီဆိုမှတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပြစ်တင်ရှုံ့ချပြီး ဆရာ့ကို အပြစ်တင်နေစရာ မလိုဘူး။ ဒီအရာအားလုံးကို ယန်ပြည်ထောင်နဲ့ လင်းရှောင်နန်းတော်က လုပ်ခဲ့တာ။ ဘယ်သူမှန်လဲ ဘယ်သူမှားလဲဆိုတာ လောကကြီးက ဆုံးဖြတ်လိမ့်မယ်။ ဒီနေရာက ထွက်သွားဖို့ကတော့ ကျုပ်တို့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေအနေနဲ့ အတူထွက်သွားရလိမ့်မယ်။"
"မင်းတို့က သေချင်နေတာပဲ။" အင်ပါယာယန်က လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ရန်ဟောင်များ အားလုံးက ယနေ့ သေရပေလိမ့်မည်။
အမှန်တွင် သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ရင်ဆိုင်ချင်နေခဲ့သည်။ ယခု သူတို့က ထိုသို့လုပ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။ ယနေ့ကုန်ဆုံးသွားလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တုန်းဟွာနယ်မြေ၌ တည်ရှိတော့မည် မဟုတ်ပေ။
"ချန်ရှန်း၊ ကျုံးချန် တခြားလူတွေ ခေါ်ပြီး ထွက်သွားတော့။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပြန်ဆုတ်သွား။" ဆေးအင်ပါယာက အမိန့်ပေးလိုက်သည်။ ဤတိုက်ပွဲက ထိပ်သီးအဆင့်ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲဖြစ်သည်။ လီချန်ရှန်းနှင့် အခြားသူများ ဤနေရာ၌ ရှိနေပါက ဆိုးကျိုးသာ ရှိနိုင်ပေသည်။
အင်ပါယာယန်နှင့် လင်းယွင်ကျီက လီချန်ရှန်းနှင့် အခြားသူများကို စိုက်ကြည့်လိုက်ကြသည်။ ဆေးအင်ပါယာက ထပ်ပြောလိုက်၏။ "ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ဂျူနီယာတွေကို တိုက်ခိုက်ရင် ကျုပ်ဘက်ကလည်း အားလုံးကို သတ်ပစ်ဖို့ တွေဝေနေမှာ မဟုတ်ဘူး။"
"နားလည်ပါပြီ။" လီချန်ရှန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူတို့က ဖြစ်နေသည့် အခြေအနေအား နားလည်ပေသည်။ ဤနေရာ၌ ရှိနေခြင်းက သူတို့အတွက် အရေးမသာစေနိုင်ပေ။ သူတို့က ယခု ပြန်ဆုတ်ခွာရုံသာ တတ်နိုင်ပေသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် သူတို့က ဆေးအင်ပါယာအား အကူအညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ ထွက်ပြေးလွတ်မြောက်ပြီးနောက်မှသာ ဆေးအင်ပါယာက ဆုတ်ခွာရန် အခွင့်အရေး ရနိုင်ပေလိမ့်မည်။
ဆေးအင်ပါယာက သူတို့အတွက် စောင့်ကြည့်မျှော်စင် နတ်ရတနာကို သယ်လာခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် သူ လွတ်မြောက်လိုလျှင် မည်သူမှ သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။
"သွားကြစို့။" လီချန်ရှန်းက ပြောလိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ချက်ချင်းပင် ကောင်းကင်သို့ တက်ကာ နယ်မြေသခင်အိမ်တော်မှ ထွက်လိုက်ကြသည်။
နင်ယွမ်က သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ "ရီလျှို့နျန် နေခဲ့ရမယ်လို့ ကျုပ် ပြောထားတယ်လေ။"
သူက ပြောပြီးသည်နှင့် နင်ဟွာ ခြေလှမ်းလိုက်သည်။ တစ်ချိန်တည်းတွင် နယ်မြေသခင်အိမ်တော်မှ အခြားတန်ခိုးရှင်များသည် ထွက်ပြေးသွားသော လီချန်ရှန်းနှင့် အခြားလူများနောက်သို့ လိုက်သွားလေသည်။
အခြားတစ်ဖက်တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ ရန်ဟောင်များသည်လည်း လီချန်ရှန်းနှင့် အခြားလူများနောက်သို့ လိုက်သွားကြသည်။
သို့သော် နင်ယွမ်၊ အင်ပါယာယန်နှင့် လင်းယွင်ကျီတို့ ထိပ်သီးပုဂ္ဂိုလ်ကြီးသုံးယောက်က မလှုပ်ရှားကြပေ။ သူတို့က ရပ်နေရာတွင် ကျန်ရှိနေပြီး ထိုကိစ္စအား ဝင်မစွက်သလိုပင် ရှိနေသည်။
သို့သော် အခြေအနေက သိသာစွာပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအတွက် အရေးသာခြင်း ရှိမနေပေ။ နင်ဟွာတစ်ယောက်တည်းသည်ပင် ပြိုင်ဘက်ကင်း တည်ရှိမှု ဖြစ်ပြီး ရင်ဆိုင်ရန် ခက်ခဲနေပြီ ဖြစ်သည်။
အင်ပါယာယန်နှင့် လင်းယွင်ကျီက ဆေးအင်ပါယာအား ကြည့်ကာ သရော်လိုက်ကြသည်။ သူတို့သုံးယောက်က မတိုက်ခိုက်လျှင်ပင် နင်ဟွာနှင့် အခြားတန်ခိုးရှင်များက လီချန်ရှန်းတို့အား သတ်ဖြတ်ရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။ မည်သူမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဆေးအင်ပါယာကိုယ်တိုင်ပင် ယနေ့ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်လား စောင့်ကြည့်ရမည် ဖြစ်သည်။
ဆေးအင်ပါယာက မတိုက်ခိုက်ခဲ့ပေ။ နှိုင်းယှဥ်၍မရအောင် မဟာလမ်းစဥ်ဖိအားက အထက်မှ ကျဆင်းလာပေသည်။ သို့သော်လည်း ဆေးအင်ပါယာသည် လီချန်ရှန်းနှင့် အခြားလူများ ဤနေရာမှ လွတ်မြောက်သည်ထိ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
နင်ယွမ်သည်လည်း တူညီစွာပင် နင်ဟွာနှင့်အခြားလူများ နယ်မြေသခင်အိမ်တော်သို့ ပြန်လည်ဆုတ်ခွာသွားသည်အား စောင့်ဆိုင်းနေသည်။
သူတို့အားလုံးတွင် သူတို့၏ အာရုံစိုက်မှုများ ရှိကြသည်။ သူတို့က ချက်ချင်း တိုက်ခိုက်လိုက်လျှင် သူတို့၏ စွမ်းအားကို ဂျူနီယာလေးများက ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ နှစ်ဖက်လုံးက ရှင်းလင်းစွာ သိရှိပြီး ထိုသို့သော အခြေအနေများ ဖြစ်ပွားမည်ကို မလိုချင်ကြပေ။ ထို့ကြောင့် သူတို့က အချင်းချင်းနားလည်မှုနှင့် စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
သို့သော်လည်း ကျယ်ပြောသော လေဟာနယ်အတွင်း ဖိအားက ပို၍ ပြင်းထန်လာသည်။ ၎င်းက မွန်းကြပ်စရာကောင်းလှပေသည်။
***