အမဲလိုက်ခြင်း
Vol. 145 Ch. 2066
ဆေးအင်ပါယာ၏ နတ်အာရုံက အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံသွားခဲ့သည်။ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များက ထွက်သွားပြီ ဖြစ်သော်လည်း သူတို့က နတ်အာရုံနှင့် ထောက်လှမ်းနိုင်သော နေရာအတွင်း၌သာ ရှိနေသးသည်။ သူ၏ ကျင့်ကြံဆင့်အရ သူ့နတ်အာရုံက အစွမ်းထက်သည်ထက် ပိုပေသည်။
သူသာလျှင် မဟုတ်ဘဲ အခြား ကျွမ်းကျင်သူ ဆရာသခင်များအတွက်လည်း အတူတူပင် ဖြစ်သည်။ သူတို့၏ ရုပ်ခန္ဓာက ဤနေရာ၌ ရှိနေသော်လည်း သူတို့သည် အဝေးမှ လှုပ်ရှားမှုများကို သတိပြုမိလေသည်။ နင်ဟွာနှင့် အခြားသူများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို လိုက်ဖမ်းရန် အလျင်မလိုပုံရလေသည်။ သူတို့က ရည်ရွယ်ချက်ရှိရှိ အကွာအဝေးကို ထိန်းသိမ်းထားပုံရသည်။
ထို့အပြင် နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များကလည်း ဆုတ်ခွာသွားကြသည်။
သို့သော် နယ်မြေသခင်အိမ်တော် အပြင်ဘက်တွင် ရန်ဟောင်များစွာက ကောင်းကင်ထက်၌ ရပ်နေခဲ့ပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေကြသည်။ တုန်းဟွာအခမ်းအနားက တုန်းဟွာနယ်မြေ၏ အတွင်းရေး ပဋိပက္ခများအဖြစ် ပြောင်းလဲသွားပြီး နယ်မြေသခင်အိမ်တော်သည်ပင် ပါဝင်ပတ်သတ်နေသည်။ ဆေးအင်ပါယာသည် နယ်မြေသခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားနေသည်ဟု ယုံကြည်နေပေသည်။
"ဒီကိစ္စနဲ့ မသက်ဆိုင်တဲ့သူတွေ ဆယ်ခါအသက်ရှုချိန်အတွင်း ထွက်သွားကြ။" ဆေးအင်ပါယာက အခြားရန်ဟောင်များကို ဤနေရာမှ ထွက်သွားရန် ခွင့်ပြုလိုက်သည်။ လူတိုင်းက တောင့်တင်းသွားသော်လည်း မကြာခင် သူတို့က တွေဝေခြင်းမရှိဘဲ လျင်မြန်လှသော အရှိန်နှင့် ထွက်ခွာသွားကြတော့သည်။
ဆေးအင်ပါယာက ဤနေရာတွင် တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေသည်လား။
ချက်ချင်းပင် အားလုံးသော တန်ခိုးရှင်များက အဝေးသို့ ဆုတ်ခွာသွားခဲ့ပြီး နယ်မြေသခင်အိမ်တော်မှ လူများသည်လည်း တတ်နိုင်သမျှ အဝေးသို့ ဆုတ်ခွာသွားခဲ့ကြသည်။
ဆေးအင်ပါယာက နယ်မြေသခင်နင်ယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "နင်ယွမ်.. မင်းက ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ၊ ယန်ပြည်ထောင်နဲ့ လင်ရှောင်းနန်းတော်ကြား ရန်ငြိုးရှိတယ်လို့ ပြောနေပေမယ့် အဆုံးမှာတော့ မင်းကိုယ်တိုင် လှုပ်ရှားမှုပြုခဲ့တယ်။ မင်းက တုန်းဟွာနယ်မြေရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မတန်ဘူး။"
သူ့အသံ ထွက်ပေါ်လာသည့်အခါ စောင့်ကြည့်မျှော်စင်က ကောင်းကင်သို့ ပျံသန်းတက်သွားပြီး ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် နယ်မြေသခင်အိမ်တော်ကို ဗဟိုပြု၍ မရေတွက်နိုင်သော ကျောက်တံခါးများ ကျဆင်းလာကာ နတ်တံတိုင်းများအဖြစ် ပြောင်းလဲသွားပြီး နယ်မြေသခင်အိမ်တော်ကို ချိပ်ပိတ်လိုက်သည်။ သူရှိနေသည့်နေရာမှ ကောင်းကင်ဂိတ်တံခါးကဲ့သို့ စောင့်ကြည့်မျှော်စင်သည်သာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပုံရလေသည်။
နယ်မြေသခင်အိမ်တော်က ဖိနှိပ်ကာ ပိတ်ဆို့ခံလိုက်ရပြီး တိုက်ပွဲမြေပြင်တစ်ခု ဖြစ်လာခဲ့ပေသည်။ ဆေးအင်ပါယာက မည်သည့် ချုပ်ထိန်းမှုမှ မရှိဘဲ သူ့ကိုယ်သူ အပြည့်အဝ လွှတ်ပေးလိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ တပည့်များကို ထွက်သွားဖို့ရာ လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ သူက ယခု လေဟာနယ်ကို ပိတ်ချလိုက်ပြီး ဝင်ရောက်စွက်ဖက်ကာ ကူညီမပေးနိုင်တော့ပေ။ အခြား အဓိကအင်အားစုသုံးခုကလည်း မပါဝင်နိုင်တော့ဘဲ သူတို့က ကိုယ့်ကြမ္မာကိုယ်သာ အားကိုးရတော့မည် ဖြစ်သည်။
သူ လှုပ်ရှားလိုက်သည်ကို မြင်ပြီးနောက် လေဟာနယ်ကို မြင့်မြတ်သော အလင်းများနှင့် ဝန်းရံထားပြီး တားမြစ်ကန့်သတ်ထားသော နေရာအတွင်း မရေတွက်နိုင်သည့် ချိပ်စည်းသင်္ကေတများ ပေါ်ပေါက်လာကာ လေဟာနယ်ကို တိုက်ရိုက်လွှမ်းခြုံသွားသည်။ အချို့က နတ်တံတိုင်းပေါ်သို့ တိုက်ရိုက်ကျဆင်းလာပြီး ဖိနှိပ်ခြင်းလမ်းစဥ်ကို တားဆီးရန် အလွှာနှစ်ခု ဖန်တီးလိုက်သည်။
သူတို့သည် လူငယ်မျိုးဆက်များကို မပါဝင်စေဘဲ ထွက်ခွာခွင့်ပေးခဲ့သည့်အပေါ် အပြန်အလှန် နားလည်မှုပေးထားသည်။ ဤသည်က သူတို့၏ တိုက်ပွဲဖြစ်ကာ သူတို့ထဲမှ တစ်ယောက်ယောက် လှုပ်ရှားလာပါက အငယ်တန်းထဲမှ မည်သူမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အခြေအနေက ဤကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။
ယခု နှစ်ဖက်လုံးက တစ်ချိန်တည်းတွင် လေဟာနယ်ကို ချိပ်ပိတ်လိုက်ပြီး ထိုနေရာကို တိုက်ပွဲမြေပြင်အဖြစ် အသုံးပြုခဲ့သည်။ ထိုလူငယ်များ နောက်ပိုင်း မည်သို့ဖြစ်မည်မှာ သူတို့အပေါ်တွင်သာ မူတည်နေပေသည်။ သို့သော် နင်ယွမ်အနေနှင့် အကြွင်းမဲ့ အရေးသာပေသည်။ နင်ဟွာက အဓိကအင်အားစုမှ ရန်ဟောင်များကို ဦးဆောင်ကာ သူတို့နောက် လိုက်သွားပေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်များက လွတ်မြောက်သွားနိုင်ပါမည်လား။
တိုက်ပွဲတွင် နင်ယွမ်က ထိုကိစ္စနှင့်ပတ်သတ်ပြီး သံသယမရှိဘဲ ဤနေရာမှ အဖြစ်အပျက်များကိုသာ အနည်းငယ် စိတ်ပူနေပေသည်။
ဆေးအင်ပါယာကိုယ်တိုင်က အစွမ်းထက်သော ခွန်အားရှိပြီး ယခု သူက စောင့်ကြည့်မျှော်စင်ကို အတူယူလာသည့်အတွက် သူ့တိုက်ပွဲစွမ်းအားက နောက်တစ်ဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။ သူက ယခုအချိန်၌ သေချာပေါက် အန္တရာယ်များသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သို့သော် နယ်မြေသခင်အိမ်တော်၏ နတ်ရတနာက ဖျက်ဆီးခံလိုက်ရပြီး လင်းယွင်ကျီနှင့် အင်ပါယာယန် မည်သူမှ နတ်ရတနာကို သယ်ဆောင်လာခြင်း မရှိပေ။
သို့ဆိုလျှင်ပင် အဓိကအင်အားစု သုံးခု၏ ခေါင်းဆောင်များအနေနှင့် သူတို့တွင် အရေးသာမှု ရှိနေဆဲ ဖြစ်သည်။ နင်ယွမ်က သူတစ်ယောက်တည်းနှင့်ပင် စောင့်ကြည့်မျှော်စင်နှင့်အတူ လာသော ဆေးအင်ပါယာကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိပေသည်။ သို့သော်လည်း ဆေးအင်ပါယာက စိတ်လွတ်လက်လွတ် ရင်ဆိုင်ရန် ပြင်ဆင်နေသည့်အတွက် သူက ဂရုမစိုက်ဘဲ မနေရဲချေ။
ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်အောက်တွင် ရပ်နေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဥ်နှင့် ပေါင်းစပ်နေသည်။ ဖိနှိပ်ခြင်းမဟာလမ်းစဥ်က ဤလေဟာနယ်တစ်ခွင်လုံးကို လွှမ်းခြုံထားပြီး မိုးခြိမ်းသံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာသည်။ အဓိကအင်အားစုသုံးခု၏ ခေါင်းဆောင်များက မမြင်ရသော ဖိနှိပ်နိုင်သည့် စွမ်းအားကို ခံစားလိုက်ရသည်။ သူတို့်အပြင် အခြားသော အစွမ်းထက် ပုဂ္ဂိုလ်များလည်း တုန်းဟွာနန်းတော်တွင် ကျန်ရစ်ခဲ့ပေသည်။ သူတို့က ဤတိုက်ပွဲအား ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုသောကြောင့် ထွက်ခွာမသွားဘဲ တိုက်ပွဲကို ရပ်ကာ စောင့်ကြည့်နေကြပေသည်။
စောင့်ကြည့်မျှော်စင်မှ အလွန်တောက်ပသော နတ်အလင်းများ ထုတ်လွှတ်နေပြီး ကောင်းကင်မှ ရှေးဟောင်းအရှိန်အဝါတို့ ကျဆင်းလာသည်။ မရေတွက်နိုင်သော နတ်အလင်းများက ဆေးအင်ပါယာပေါ်သို့ ကျဆင်းလာပြီး သူက စောင့်ကြည့်မျှော်စင်နှင့် တသားတည်း ဖြစ်သွားသလို ထင်မှတ်ရပေသည်။
သူက လက်ကို မြှောက်ကာ ကောင်းကင်သို့ ရိုက်ချလိုက်သည်။ ကောင်းကင်မှ တောက်ပသော နတ်အလင်းက လင်းလက်လာပြီး ကောင်းကင်ကို ထိုးဖောက်လိုက်သည်။ ကောင်းကင်က ချက်ချင်း ပြိုကျလာသလို လျှပ်တပြက်အတွင်း တန်ခိုးရှင်သုံးယောက်အား တိုက်ခိုက်လိုက်လေသည်။
ထိုအချိန်တွင် အပြင်ဘက်၌ ရှိနေသော ရန်ဟောင်များက ပိုမိုဝေးကွာသော နေရာသို့ ဆုတ်ခွာသွားကြပြီး သူတို့ မြင်တွေ့နေရသော ထိုဘက်မှ အစစ်အမှန်ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကို ခံစားမိကြပေသည်။ နယ်မြေသခင်အိမ်တော်ကို ဗဟိုပြုကာ မဟာလမ်းစဥ်မုန်တိုင်းက တရကြမ်း ထိုးထွက်လာခဲ့သည်။ ကြည့်ရသည်မှာ ကောင်းကင်မှ ကျဆင်းလာသော နတ်အလင်းများက တောက်ပသည့် ရောင်စဥ်များနှင့် လေဟာနယ်ကို ချိပ်ပိတ်လိုက်သည့်အတွက် သူတို့က တိုက်ပွဲအတွင်းကို မြင်နိုင်စွမ်းမရှိကြပေ။
ယနေ့ ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်ကို သယ်ဆောင်လာပြီး နယ်မြေသခင်နင်ယွမ်၊ အင်ပါယာယန်နှင့် လင်းယွင်ကျီတို့ကို ရင်ဆိုင်ရန် ပြင်ဆင်နေပေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ဤအရှင်သခင်က အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည်လားကို မည်သူမှ မသိပေ။
…
အခြားတစ်နေရာတွင် ရီဖူရှင်းနှင့် အခြားသူများက တုန်းဟွာကောင်းကင်အတွင်း လျင်မြန်စွာ ရွေ့လျားသွားနေကြပြီး လိန်မိသားစု တည်ရှိရာသို့ ဦးတည်နေခဲ့သည်။ သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ပြန်ရန် အာကာသခရီးသွားဝင်္ကပါကို သုံးချင်နေပေသည်။
ထိုအချိန်၌ လီချန်ရှန်း၊ ကျုံးချန်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များက စိုးရိမ်ပူပန်နေကြပုံရသည်။ သူတို့က သူတို့ကိုယ်သူတို့ စိတ်မပူသော်လည်း ဆေးအင်ပါယာအတွက် စိုးရိမ်နေကြပေသည်။ ဤတိုက်ပွဲတွင် ဆေးအင်ပါယာ၏ ကံကြမ္မာက မသိနိုင်ဖွယ် ဖြစ်သည်။ အင်ပါယာယန်နှင့် လင်းယွင်ကျီနှစ်ယောက်တည်းဆိုလျှင် သူတို့က ထိုမျှ စိတ်ပူမည် မဟုတ်ပေ။ သို့သော်လည်း နောက်တစ်ယောက် ရှိနေသေးပြီး ထိုသူမှာ တုန်းဟွာနယ်မြေသခင် နင်ယွမ် ဖြစ်လေသည်။
နင်ယွမ်၏ မူလဇာစ်မြစ်နှင့် သူမည်မျှ အားကောင်းသန်မာသည်ကို မည်သူမှ မသိကြပေ။ ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်အား ယူဆောင်လာလျှင်ပင် လီချန်ရှန်းနှင့် အခြားသူများက ဆေးအင်ပါယာ၌ အနိုင်ရနိုင်သည့် အခွင့်အလမ်း အများကြီး ရှိနေသည်ဟု မထင်ပေ။ နယ်မြေ ၁၈ ခု၏ နယ်မြေသခင်များက အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုလူများက အချင်းချင်း ရင်ဘောင်တန်းရပ်တည်နိုင်ကာ နယ်မြေတစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်ကြပေသည်။
ဆေးအင်ပါယာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို တည်ထောင်ခဲ့ပြီး အုပ်ချုပ်သူတစ်ယောက် ဖြစ်လာသော်လည်း နယ်မြေသခင်နှင့် ယှဥ်လျှင် သူက နောက်ကောက်ကျကျန်ရစ်ပေသည်။
သူတို့နောက်တွင် လေဟာနယ်ကို ဖြတ်ကာ လိုက်လာကြသည့် အစွမ်းထက် ရန်ဟောင်တစ်စုက သူတို့၏ အရှိန်ကို စတင်မြှင့်တင်လိုက်ကြသည်။ နင်ဟွာက လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှ နတ်အလင်းတို့ တောက်ပနေသည်။ သူ့အရှိန်က မိုးကြိုးလျှပ်စီးကဲ့သို့ လျင်မြန်လှသည်။
"ရောက်ခါနီးပြီ။" လိန်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။ သူတို့က မူလတွင် အခမ်းအနားကို စူးစမ်းချင်ရုံမျှသာ ဖြစ်သော်လည်း ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သည့်အခါကမှ တွေးထင်မထားခဲ့ပေ။ သူတို့နှင့် ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ဆက်ဆံရေးကို ထောက်ချင့်လျှင် သူတို့က ကျိန်းသေ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်တွင် ရှိနေမည် ဖြစ်သည်။
သို့သော် လိန်ချင်းဟန်က ဤနေရာ၌ ရှိမနေပေ။ သူမက တုန်းဟွာကျောင်းတော်၏ တပည့်တစ်ယောက် ဖြစ်ပြီး တုန်းဟွာကျောင်းတော်၏ ကာကွယ်မှုအောက်၌ အဆင်ပြေလိမ့်မည်ဟု သူက တွေးခဲ့သည်။
သို့ပေမယ့် ထိုအချိန်၌ လိန်မိသားစုခေါင်းဆောင်၏ မျက်နှာက ဖြူဖျော့သွားလေသည်။ သူသာလျှင်မဟုတ်ဘဲ လီချန်ရှန်း၏ နတ်အာရုံသိစိတ်ကလည်း လိန်မိသားစုခြံဝန်းထဲမှ အခြေအနေကို လှမ်းမြင်လိုက်ရရာ သူ့အမူအရာက အလွန် မည်းမှောင်သွားသည်။
တစ်ချိန်က ကျော်ကြားခဲ့သော လိန်မိသားစုခြံဝန်းက အခု အပျက်အစီးများအဖြစ် ပြောင်းလဲသွားလေသည်။ တိုက်ခိုက်မှုအောက်တွင် အာကာသခရီးသွားဝင်္ကပါအစီအရင်သည်လည်း ဖျက်ဆီးခံလိုက်ရလေသည်။ လက်ရှိ အိမ်တော်ခြံဝန်းအား သိမ်းပိုက်ထားသူများ၌ ယန်မိသားစုမှလူများ ပါဝင်သည်။ သူတို့က တုန်းဟွာအခမ်းအနားတွင် ပထမဆုံးတိုက်ပွဲ၌ လိန်ချင်းဟန်ကို စိန်ခေါ်ခဲ့သော ရှေးဟောင်းတော်ဝင်ယန်မိသားစုအခွဲမှ လူများဖြစ်သည်။
"သေစမ်း..." လိန်မိသားစုခေါင်းဆောင်က သူ့မျက်စိရှေ့မှ မြင်ကွင်းကို နီရဲနေသော မျက်လုံးများနှင့် ကြည့်ရင်း ရေရွတ်လိုက်သည်။ လူအများစုက အပျက်အစီးများအတွင်း လဲလျောင်းနေကြရသည်။ သူ့ကလန်က သွေးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ထိုအဓိက ကလန်နှစ်ခုက နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့ကြသည်။ ယခု အခြားတစ်ဖက်က ဤအခွင့်အရေးကို ယူကာ လိန်မိသားစုအား သတ်ဖြတ်ခဲ့ပေသည်။
"ကြည့်ရတာ ဒီကိစ္စမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ခင်ဗျားတို့အားလုံးကို ဆွဲထည့်မိခဲ့ပြီ ထင်တယ်။" လီချန်ရှန်းက သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများတွင် ကြီးစွာသော နာကျင်မှုတို့ ထင်ဟပ်နေသည်။ ဤပဋိပက္ခသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရည်ရွယ်ထားပြီး လက်စားချေခြင်းက အနှေးနှင့်အမြန် ဖြစ်လာမည် ဖြစ်သည်။ အကြောင်းမှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းနောက်ကွယ်မှ အကြောင်းရင်းအားလုံးမှာ နယ်မြေသခင် နင်ယွမ်ရှိနေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဤနေ့ရက်က အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်ပြီး သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။ ရီဖူရှင်း၏ ထွက်ပေါ်လာမှုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား တိုက်ခိုက်မည့် သူတို့ အစီအစဥ်ကို အရှိန်မြှင့်ရန် ပြည့်စုံသော ဆင်ခြေတစ်ခု ဖြစ်သွားလေသည်။ ရီဖူရှင်းက အဓိကအကြောင်းရင်းခံတစ်ခု မဟုတ်လျှင်ပင် နယ်မြေသခင်က ဝင်ရောက်စွက်ဖက်နိုင်ရန် အခြားသော အကြောင်းပြချက်များအား အသုံးပြုလိမ့်မည်သာ ဖြစ်သည်။
"နယ်မြေသခင် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။" မုန်တိုင်းနတ်ဆိုး၏ မျက်လုံးများက အေးစက်နေသည်။ သူသည်လည်း ဤပြဿနာများက နယ်မြေသခင်နင်ယွမ်ကြောင့် ဖြစ်ရကြောင်း နားလည်ပေသည်။
သူ၏ ထောက်ခံမှုမရှိပါဘဲ ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်က ထိုကဲ့သို့ လုပ်ဆောင်ရဲလိမ့်မည် မဟုတ်ပေ။ သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဖိနှိပ်နိုင်စွမ်းရှိသော်လည်း ထိုမျှ ရဲတင်းစွာဖြင့် ပေါ်ပေါ်ထင်ထင် လူသတ်မှု ကျူးလွန်ရဲလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ ဆေးအင်ပါယာက ထိုနေရာ၌ ရှိနေလေသည်။ သူတို့က လူသတ်ပွဲကြီး ကျင်းပခဲ့လျှင် ကျိန်းသေ ပြဿနာဖြစ်ပေလိမ့်မည်။
သို့သော် နင်ယွမ်ကြောင့် ထိုလူများက ထိုမျှ အထိန်းအကွပ်မဲ့စွာ ပြုမူလာရဲကြခြင်း ဖြစ်သည်။
ယခင်က တုံ့လိုင်နတ်ဘုရားအကြီးအကဲသည်လည်း ထိုသို့သော အခြေအနေအောက်၌ သုတ်သင်ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။
ယန်မိသားစုမှ တန်ခိုးရှင်များက ကောင်းကင်ထက်တွင် ရစ်ဝဲနေပြီး သူတို့ကို တားဆီးထားသည်။ သူတို့၏ အနောက်တွင် သူတို့အား အမဲလိုက်နေသော ပိုမိုသန်မာအားကောင်းသည့် စစ်ကူများ ရှိနေသေး၏။ သူတို့က မည်သည့်နေရာမှ လွတ်လမ်းမရှိတော့သည့်ပုံပင်။
"ဆက်သွားပြီး တိုက်ခိုက်" လီချန်ရှန်းက ပြောလိုက်သည်။ သူက လိန်မိသားစုခြံဝန်းကို ချဥ်းကပ်လာသည်နှင့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းဆန္ဒများ ထုတ်လွှတ်လိုက်သည်။ သူသာလျှင်မဟုတ်ဘဲ ကျုံးချန်နှင့် အခြား ရန်ဟောင်များလည်း တူညီစွာပင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းဆန္ဒများကို ထုတ်လွှတ်လိုက်သည်။
ရီဖူရှင်း၏ လက်ထဲ၌ လှံရှည်တစ်လက်ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် တိုက်ပွဲဆန္ဒတို့ ပေါက်ကွဲထွက်လာကာ နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ အေးစက်သော သတ်ဖြတ်ခြင်းစွမ်းအားများက သူ့မျက်လုံးများမှ ထွက်ပေါ်လာပြီး အလွန်အေးစက်သော စွမ်းအားများ လိုက်ပါလာသည်။
လူစုက အလွန် လျင်မြန်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် လိန်မိသားစုခြံဝန်းအတွင်း ရောက်ရှိသွားကြသည်။ ယန်မိသားစု တန်ခိုးရှင်များက အပျက်အစီးများအထက် လေဟာနယ်တွင် ရပ်နေကြပြီး မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသည်။ ယန်မိသားစု အကြီးအကဲ၏ ခေါင်းဆောင်မှုအောက်တွင် သူတို့ တစ်ယောက်ချင်းစီအား စစ်မှန်သည့် နဂါးတစ်ကောင်က ဝန်းရံထားပြီး ကောင်းကင်ကို ဖိနှိိပ်ထားသည်။ သူတို့သည် ထိုတန်ခိုးရှင်များက သူတို့ထံ တိုးဝင်လာနေသည်ကို မြင်သောအခါ ချက်ချင်းပင် မဟာလမ်းစဥ် တိုက်ခိုက်မှုကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။ စစ်မှန်သော နဂါးအားလုံးက အော်မြည်နေကြပြီး ရှေ့သို့ တိုးဝင်လာကာ လေထဲတွင် မျောလွင့်လာကြသည်။
လီချန်ရှန်းနှင့် ကျုံးချန်တို့က အမြန်ဆုံးဖြစ်ကာ ချက်ချင်း တိုက်ခိုက်လိုက်ကြပြီး ထိုနတ်နဂါးများ၏ ကြီးမားသော ခန္ဓာကိုယ်တို့က တစ်ခုချင်းစီ ပေါက်ကွဲပျက်စီးသွားလေသည်။
ထို့အတူပင် ရီဖူရှင်းကလည်း အလွန် လျင်မြန်လှပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက အဆင့်ခုနစ် အစွမ်းထက် ရန်ဟောင်တစ်ပါး၏ အရှေ့တွင် ရပ်ကာ အစွမ်းထက် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ သူက ရီဖူရှင်း၏ တိုက်ခိုက်မှုကို မြင်သည့်အခါ လက်များကို မြှောက်၍ လွှမ်းမိုးနိုင်စွမ်းသော နဂါးချိပ်စည်းကို ထုတ်ဖော်လိုက်သည်။
ဘုန်း...
ရီဖူရှင်း၏ လှံက ပြေးထွက်သွားပြီး အစွမ်းထက် လှံစွမ်းအားများသည် နဂါးချိပ်စည်းကို တိုက်ရိုက်ထိုးဖောက်သွားကာ အလယ်မှ ထက်ခြမ်းခွဲလိုက်ပြီး ပြိုကွဲပျက်စီးသွားစေသည်။
စွပ်ခနဲအသံတစ်ခု ထွက်ပေါ်လာပြီး လှံက ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသည်။ အဆင့်ခုနစ်ရန်ဟောင်တစ်ပါးက အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ လေဟာနယ်ထဲ၌ ချက်ချင်း ဖျက်ဆီးခံလိုက်ရပေသည်။
"ဂရုစိုက်" ယန်မိသားစုခေါင်းဆောင်က အော်ဟစ်လိုက်ပြီး သူက အလွန် ကြည့်ရဆိုးနေသည်။ သူတို့ အမိန့်က အာကာသခရီးသွားဝင်္ကပါကို ဖျက်ဆီးပြီး ဤနေရာ၌ စစ်ကူများရောက်မလာခင်အထိ နှောင့်နှေးစေရန် ကြားဖြတ်နှောက်ယှက်ထားရမည် ဖြစ်သည်။
သူတို့ သေသေရှင်ရှင် သူတို့က ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
***