← Chapters

အပိုင်း ၇၇၃-၇၇၆

Vol. 39 Ch. 773-776

အပိုင်း ၇၇၃-၇၇၆

Vol. 39 Ch. 773-776

အပိုင်း ( ၇၇၃ )

ချက်ကျလက်ကျနဲ့ ပါးရိုက်ခံလိုက်ရတယ်

ရှုမန်နှင့် ဖုန်းကျင်းရီတို့ အံ့သြသွားသည်။

" ဒါပေမယ့် ဒါက တရားမဝင်ဘူးလေ "

ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။

" လုံလောက်တဲ့ အမြတ်ရှိတဲ့အခါ လူတွေက စွန့်စားရဲလာကြတယ် "

ရှုမန် ခဏ သေချာစဉ်းစားလိုက်သည်။

ယဲ့ဖန်၏ ခန့်မှန်းချက်မှာ မှန်နိုင်သည်ဟု သူမ ခံစားမိသည်။

" ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ "

ယဲ့ဖန် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

" ခဏနေဦး၊ ကျွန်တော် ဖုန်းဆက်လိုက်ဦးမယ် "

ခဏကြာပြီးနောက် ယဲ့ဖန် ပြန်လာသည်။

" သွားကြရအောင်။ သူတို့နဲ့ သွားပြောရအောင် "

ရှုမန် အံ့သြသွားသည်။

" ငါတို့ ဘယ်သူ့ကို ရှာနေတာလဲ "

ယဲ့ဖန်သည် သူမ၏ ချောမွေ့သော နဖူးလေးကို တောက်လိုက်သည်။

" အစ်မရဲ့ဖောက်သည်ကို ခိုးသွားတဲ့ ဘယ်သူမဆို သွားရှာရမှာပေါ့ "

ရှုမန်၏ မျက်နှာသည် နီရဲလာပြီး သူမ၏ နှလုံးခုန်သံမှာလည်း တုန်ခါသွားသည်။

သူမက "အိုး"ဟု တိုးတိုး ရေရွတ်ပြီး အရင်ထွက်လာခဲ့သည်။

ဖုန်းကျင်းရီသည် ထိုမြင်ကွင်းကို မြင်ပြီး အနည်းငယ် မနာလိုဖြစ်မိသွားသည်။

သို့သော် သူမ၏ အနေအထားကို ပြင်ရန် ချက်ချင်း သတိထားလိုက်သည်။

ယဲ့ဖန်သည် သူမအား စောင့်ရှောက်စေရန် သဘောတူခဲ့သည် ဆိုပင်လျှင် သူမသည် အရိပ်ထဲမှသူသာဖြစ်သည်။

သူမတွင် မနာလိုဖြစ်ပိုင်ခွင့်မရှိပေ။

ထိုအချက်ကို သူမ အသိအမှတ်မပြုပါက ယဲ့ဖန်သည် သူမကို စက်ဆုပ်သွားပေလိမ့်မည်။

ထို့နောက် သူတို့သုံးဦးသည် ယန်းချန်းမြို့ရှိ ဖိန်းထျန်းငွေကြေးအာမခံဌာနချုပ်သို့ သွားကြသည်။

ဧည့်ကြိုဝန်ထမ်းသည် သူတို့သုံးယောက် ဝင်လာသည်ကို တွေ့ပြီး အမြန် ထရပ်ကာ မေးသည်။

" ဘယ်သူ့ကို ရှာနေတာပါလဲ "

" မင်းတို့ရဲ့ ဥက္ကဌမီနာ ဒီမှာ ရှိလား "

ရှုမန် ချက်ချင်း တည့်တိုးမေးလိုက်သည်။

" ကျွန်မတို့ ဥက္ကဌမီက အစည်းအဝေးတက်နေပါတယ်။ ရှင်တို့မှာ ရက်ချိန်းရှိလား။ မရှိရင် ဝင်လို့မရပါဘူး။ မရပ်ရင် လုံခြုံရေးကို ခေါ်လိုက်ပါမယ် ....... "

ဧည့်ကြို၏ စကားမဆုံးခင်တွင် ယဲ့ဖန်က အထဲသို့ အမြန်ဝင်သွားလေသည်။

ရှုမန်တို့သည်လည်း ယဲ့ဖန်အနောက်မှ လိုက်သွားကြသည်။

သူတို့သုံးယောက်သည် အစည်းအဝေးခန်းသို့ ဝင်သွားသည်။

ယဲ့ဖန်သည် တံခါးပင် မခေါက်ချေ။

သူသည် တွန်းဖွင့်ပြီး ဝင်သွားလေသည်။

အစည်းအဝေးခန်းထဲတွင် လူတစ်စု ထိုင်နေပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

ရုတ်တရက် လူတစ်ယောက် ဝင်လာသည်ကိုမြင်သည့်အခါ တံခါးနားရှိ လူတစ်ယောက်မှ မကျေမနပ်ဖြင့် ထရပ်လိုက်သည်။

" မင်း ဘာလုပ်တာလဲ။ အစည်းအဝေး လုပ်နေတယ်ဆိုတာ မင်း မသိဘူးလား။ မင်းကို ဘယ်သူက ဝင်ခွင့်ပေးလိုက်တာလဲ ....... "

ယဲ့ဖန်သည် ထိုလူ၏ ခေါင်းကို ဖိပြီး တွန်းလိုက်သည်။

ထိုလူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ အစည်းအဝေးစားပွဲပေါ်သို့ လဲကျသွားသည်။

သူ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်နှင့် ပြည့်နှက်နေသော်လည်း ရှေ့သို့ ဆက်ပြီး မလျှောက်ရဲချေ။

" မီနာက ဘယ်သူလဲ "

ယဲ့ဖန်သည် ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် အရှေ့တွင် ထိုင်နေသော အမျိုးသမီးတစ်ဦး၏ မျက်နှာကို တွေ့လိုက်သည်။

ထိုအမျိုးသမီးသည် အသက်သုံးဆယ်ခန့်ဖြစ်လောက်ကာ သူမ၏ ရုပ်ရည်သည် သာမန်ထက် သာလွန်သည်ဟု ဆိုနိုင်သည်။

သို့သော် သူမသည် ၀တ်စားဆင်ယင်ရာတွင် အလွန်စည်းစနစ်ကျလွန်းသောကြောင့် သူမ၏ ရုပ်ရည်အား အနည်းငယ် ရင့်သွားစေသည်။

" ငါပဲ .... မင်းငါ့ကို ဘာလို့ ရှာတာလဲ "

ထိုအမျိုးသမီးသည် ယဲ့ဖန်၏ မောက်မာသော သဘောထားကို ရင်ဆိုင်နေရသော်လည်း သူမ၏ အထက်တန်းစားဆန်သော အပြုအမူကို ထိန်းထားနိုင်ဆဲဖြစ်သည်။

ထိုအချိန်တွင် ရှုမန်နှင့် ဖုန်းကျင်းရီတို့ကို တွေ့သွားသည်။

မီနာသည် သူတို့ နှစ်ယောက်ကို မြင်လိုက်သည်နှင့် ချက်ချင်း နားလည်သည့်ပုံ ပေါ်လာသည်။

" ဒါဆို ဒါရိုက်တာရှုက ငါတို့ကို ဝေဖန်ဖို့ လာတာလား။ ငါတို့ ပြန်ပေးဆွဲခံရပြီလို့ ထင်လိုက်တာ "

ရှုမန်သည် အသက်ရှူ ငြိမ်အောင် လုပ်ပြီးနောက် ရှေ့သို့ လျှောက်သွားသည်။

" မီနာ၊ သူတို့ကို အရင်ထွက်ခိုင်းလိုက်။ ငါနင့်ကို မေးစရာရှိတယ် "

မီနာက တည်ငြိမ်စွာ ပြုံးလိုက်သည်။

" အစည်းအဝေးခန်းထဲက လူတိုင်းက ငါတို့ကုမ္ပဏီရဲ့ ကျောရိုးပဲ။ ပြောစရာရှိရင် သူတို့ရှေ့မှာ ပြောလို့ရတယ် "

ရှုမန်သည် သူမရှေ့၌ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။

" ဒါပေမယ့် ငါပြောမယ့်စကားက နင်ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တချို့ ပါနေနိုင်တယ်။ သူတို့ကို ကြားစေချင်တာ သေချာလား "

မီနာသည် ချက်ချင်း အသံထွက်ကာ ရယ်လိုက်သည်။

" ဘာ၊ ငါဆိုတဲ့ မီနာက ငါ့ရဲ့ လုပ်ရပ်တွေတိုင်းကို အမြဲတမ်း မြင်သာအောင် လုပ်ခဲ့တာ။ တခြားသူတွေကို ငါက ဘာတွေ ပေးမသိစရာ ရှိမှာလဲ။ လျှို့ဝှက်ဆန်းကြယ်နေဖို့ မလိုဘူး။ ပြောစရာရှိရင် မြန်မြန်ပြော။ အရေးကြီးတာတွေ လုပ်ဖို့ ကျန်သေးတယ် "

ရှုမန်သည် သွယ်ဝိုက်မနေတော့ဘဲ အဓိကအကြောင်းအရာကို တန်းပြောခဲ့သည်။

" မကြာသေးခင်တုန်းက နင် ငါ့ဆီကဖောက်သည်တွေ အများကြီးကို ခိုးယူခဲ့တယ်လေ။ နင် တော်တော် မလွန်ဘူးလား "

မီနာက နှုတ်ခမ်းကို ဖွဖွမဲ့ကာ ပြုံးလိုက်သည်။

" နင်ပြောတာ တစ်ခုခုမှားနေပြီ။ နင့်ဖောက်သည်တွေကို ခိုးတယ်ဆိုတာ ဘာစကားလဲ။ ဖောက်သည်ဆိုတာ နေရာတိုင်းမှာ ရှိတယ်။ ပိုကောင်းတဲ့ ကမ်းလှမ်းချက်ကို ပေးတဲ့သူကို သူတို့က ရွေးချယ်ကြမှာပဲ။ သူတို့ကို လုဖို့ လိုသေးလို့လား "

ရှုမန်သည် သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" အဲ့တာ နင့်ကို မေးချင်တာ အတိအကျပဲ။ နင် နှစ်တိုင်း ၃၀ရာခိုင်နှုန်းထက်ပိုပြီး ပြန်ပေးမယ်လို့ သူတို့ကို ကတိပေးထားတယ်။ နင် တကယ်လုပ်နိုင်လို့လား "

ထိုစကားကို ပြောပြီးသည်နှင့် မီနာ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

" နင် ..... ဒါကို ဘယ်သူဆီက ကြားလာတာလဲ "

အစည်းအဝေးခန်းရှိ အခြားလူများကလည်း စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။

" ဒါကဘာလဲ။ ငါကြားတာ မှားသွားတာလား။ ၃၀ရာခိုင်နှုန်း ပြန်ရမှာလား။ ဒါက နည်းနည်း ချဲ့ကားလွန်းတယ် မဟုတ်ဘူးလား "

" ဥက္ကဌမီက ဒီကိစ္စကို ဘယ်တုန်းကမှ မပြောဘူး။ ဒါက ဖောက်သည်ကို သီးသန့် ကတိပေးထားတာလား "

" ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ အရင်တုန်းကတောင် အများဆုံး ၁၅ရာခိုင်နှုန်း လောက်ပဲ ပြန်ရနိုင်တာ။ ၃၀ရာခိုင်နှုန်းက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" သူမက ဒီလိုကတိကို တကယ်ပေးခဲ့ပြီးတော့ ကတိကို မတညိနိုင်ရင် ငါတို့ ဖိန်းထျန်းငွေကြေးအာမခံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ် "

ရှုမန်သည် လူအုပ်ကြီး၏ ဆွေးနွေးမှုကို ကြားသောအခါ သူမ ချက်ချင်း ပြုံးပြလိုက်သည်။

" နင်ရဲ့ သစ္စာရှိတဲ့ ဝန်ထမ်းတွေက နင် ဖောက်သည်ကို ပေးခဲ့တဲ့ကတိကို မသိဘူးဘဲ "

မီနာ ချက်ချင်း ငြင်းလိုက်သည်။

" ငါ ဖောက်သည်တွေကို ၃၀ရာခိုင်နှုန်း ပြန်ပေးမယ်လို့ တစ်ခါမှ ကတိမပေးခဲ့ဖူးဘူး။ ငါ့ကို ချောက်မချနဲ့ "

သူမ၏ စကားမပြီးခင်တွင် ရှုမန်၏ နောက်၌ ရပ်နေသည့် ဖုန်းကျင်းရီမှ ရုတ်တရက် သူမဖုန်းကို ထုတ်လိုက်ပြီး သူမ ရိုက်ကူးထားသည့် ဗီဒီယိုကို ဖွင့်ပြလိုက်သည်။

" ဥက္ကဌဝမ်၊ မီနာက ဘယ်လို အခြေအနေတွေ ကမ်းလှမ်းခဲ့တာလဲ။ ရှင် ကျွန်မကို အမှန်အတိုင်း ပြောပေးနိုင်မလား "

" ကျွန်တော့်ကို ဥက္ကဌမီနာက ဘာကော်မရှင်မှ မယူဘဲ တစ်နှစ်ကို ၃၀ရာခိုင်နှုန်းထက် မနည်း ပြန်ပေးဖို့ ကတိပေးထားပါတယ် "

" ရှင် သူမကို ဒီလောက်ယုံတာလား "

" ဟုတ်ပါတယ်၊ ကျွန်တော်တို့ လျှို့ဝှက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မပေးနိုင်ရင် သူမတို့ဘက်က သီးသန့် လျော်ကြေးငွေ ပေးမှာပါ "

" ......... "

မျက်နှာကို ပါးတက်ရိုက်လိုက်တာပဲ။

ချက်ကျလက်ကျနဲ့ ပါးရိုက်ခံလိုက်ရတယ်။

အပိုင်း ( ၇၇၄ )

ဘာလိုချင်တာလဲ။

မီနာသည် ဗီဒီယိုထဲရှိ ထိုယောက်ျားကို မြင်သောအခါ သူမ၏ အမူအရာမှာ ပို၍ပင် ရုပ်ဆိုးလာသည်။

ဖုံးကွယ်ထား၍ မရကြောင်း သူမ သိလိုက်ပြီးအတွက် ရိုးသားစွာ ခေါင်းညိတ် ဝန်ခံလိုက်သည်။

" ဟုတ်တယ်၊ ငါ သူတို့ကို နှစ်တိုင်း ၃၀ရာခိုင်နှုန်းထက်မနည်း ပြန်ပေးမယ်လို့ ငါ ကတိပေးခဲ့တယ် "

သူမ ပြောပြီးသည်နှင့် ဖိန်းထျန်းငွေကြေးအာမခံ၏ အမှုဆောင်အရာရှိများမှာ ချက်ချင်းပေါက်ကွဲသွားသည်။

" ဒါက ဘာလဲ။ ဒါက တကယ်ပဲ မှန်နေခဲ့တာလား။ ဥက္ကဌကြီး မင်း ဘာတွေ တွေးနေတာလဲ "

" ဟုတ်တယ်၊ ပြန်နှုန်း ၃၀ရာခိုင်နှုန်းက တွေးကြည့်ရင်တောင် မဖြစ်နိုင်ဘူး "

" ဘာလို့ ငါတို့နဲ့ မဆွေးနွေးတာလဲ။ ဖောက်သည်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး အဲ့လို ကတိကဝတ်ပြုလိုက်ရတာလဲ။ မင်း ငါတို့ကို ရှင်းပြရမယ် "

" မင်း ကုမ္ပဏီကို ဂရုစိုက်သေးရဲ့လား။ မင်းကုမ္ပဏီကို ဘာတွေ ယူလာတာလဲ "

သူမအား မေးခွန်းထုတ်လျက် လူတိုင်းမှာ တုန်လှုပ်သွားကြရသည်။

မီနာသည် လူအုပ်ကြီးမှ ဒေါသထွက်ပြီးသည်အထိ စောင့်ကာ အေးအေးဆေးဆေး ပြန်ဖြေသည်။

" ကတိ ပေးရဲမှတော့ ကျွန်မမှာလည်း အကြောင်းပြချက် ရှိတယ်။ ရှင်တို့ သိဖို့တော့ မလိုအပ်ဘူး။ အဲ့ဒီအချိန်ကျမှ မလုပ်နိုင်ခဲ့ရင် အားလုံးကို သေချာပေါက် ရှင်းပြပေးမယ် "

ဖိန်းထျန်းငွေကြေးအာမခံအထက်ပိုင်းရှိ အမှုဆောင်များသည် သူမအား မကျေနပ်ကြဘဲ ချက်ချင်းပင် ရူးသွပ်စွာ အော်ဟစ်လိုက်ကြသည်။

" ဘယ်အကြောင်းကို ပြောနေတာလဲ။ ငါတို့ သိဖို့မလိုဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ မင်း ငါတို့ကို မျက်စိထဲ မထည့်ဘူးလား "

" ငါတို့အားလုံးက ကုမ္ပဏီရဲ့ ထိပ်တန်းအဆင့်တွေပဲ။ ငါတို့တောင် သိခွင့်မရှိဘူးလား။ ဒါဆို ဘယ်သူက သိခွင့်ရှိတာလဲ "

" ငါတို့ကို ရှင်းလင်းချက်ပေး။ အချိန်တန်ရင် မင်း ငါတို့ကို ဘယ်လိုရှင်းပြနိုင်တယ်ဆိုတာ ငါ ကြားချင်တယ် "

" ဒီနေ့ ရှင်းရှင်းလင်းလင်းပြောရမယ်။ မဟုတ်ရင် ငါတို့ သဘောမတူဘူး "

" ဟုတ်တယ်၊ ငါ သဘောမတူဘူး "

လူတိုင်း၏ မေးခွန်းများကို ရင်ဆိုင်လိုက်ရသောအခါ မီနာ၏ မျက်နှာသည် ပို၍ အရုပ်ဆိုးလာသည်။

သူမသည် ရှုမန်ကို မုန်းတီးစွာ စိုက်ကြည့်နေတော့သည်။

" အခု ကျေနပ်ပြီလား "

ရှုမန်သည် ငြိမ်သက်စွာ ထိုင်နေသည်။

" ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ နင်က ကုမ္ပဏီရဲ့ အမှုဆောင်တွေကိုတောင် အသိမပေးဘဲ ဖောက်သည်ကို မဖြစ်နိုင်တဲ့ ကတိတွေပေးခဲ့တဲ့သူလေ။ နင် ငါ့ရဲ့ဖောက်သည်တွေကို ဖမ်းလုဖို့အတွက်နဲ့ ဘယ်ကြေးမဆို ပေးဖို့ လုပ်နေတာလား "

မီနာ မထိန်းနိုင်ဘဲ အေးစက်စွာ ရယ်လိုက်သည်။

" နင် မလုပ်နိုင်တိုင်း ငါ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ တကယ်လို့ လာမယ့်နှစ်မှာ ကတိအတိုင်း မလုပ်ဆောင်နိုင်ရင် ငါ့ကိုယ်ငါ အပြစ်တင်ပြီး ရာထူးကနေ အလိုလျောက် နှုတ်ထွက်ပေးမယ်ဆိုတာကို ငါ ဒီနေ့ ပြောလိုက်မယ် "

ဖိန်းထျန်းငွေကြေးအာမခံ၏ အမှုဆောင်အရာရှိများသည် ချက်ချင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူမသည် ဤကဲ့သို့ ကတိမျိုး ပေးလာမယ်ဟု မမျှော်လင့်ထားချေ။

သူမသည် တကယ်ပင် ယုံကြည်မှု ရှိနေပုံရသည်။

သို့သော် သံသယတစ်ခု ပေါ်လာလေသည်။

ဒီယုံကြည်မှုမျိုးကို သူမ ဘယ်နေရာက ရရှိခဲ့သနည်း။

ထိပ်တန်းပြည်တွင်းငွေကြေးအာမခံကုမ္ပဏီများပင်လျှင် သူတို့၏ဖောက်သည်များအတွက် ပြန်ရငွေ ၃၀ရာခိုင်နှုန်းထက် ပိုမည်ဟု အာမ မခံနိုင်ကြချေ။

အားလုံး ပဟေဠိဖြစ်နေကြချိန်တွင် ယဲ့ဖန်ဆီ ရုတ်တရက် မက်ဆေ့တစ်စောင် ရောက်လာသည်။

ဖတ်ပြီးနောက် လှောင်ရယ်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

" တကယ်တော့ ဖောက်သည်တွေကို ၃၀ရာခိုင်နှုန်းထက်ပိုပြီး ပြန်ရအောင် လုပ်ပေးဖို့က မခက်ပါဘူး။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရင် ၂၀၀ရာခိုင်နှုန်းထက်တောင် ပြန်ရဖို့ ဖြစ်နိုင်တယ် "

ယဲ့ဖန်သည် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပြီး ရှုမန် ဘေး၌ ဝင်ထိုင်လိုက်သည်။

သူ့စကားကို ကြားပြီးနောက် အားလုံးက သူ့ကို ဝေဖန်ကြတော့သည်။

" ဒီအရူးက ဘယ်က ရောက်လာတာလဲ။ ဒီလိုရူးနေတဲ့ စကားတွေကို သူ ဘယ်လိုလုပ် ပြောနေတာလဲ "

" ဟားဟားဟား၊ ၂၀၀ရာခိုင်နှုန်း ပြန်ရတာလား၊ ပိုက်ဆံက လေထဲက ရလာတယ်လို့ မင်း ထင်နေလား "

" စတော့ဈေးကွက်မှာ စွန့်စားရတာတွေ ရှိတယ်။ ၂၀ရာခိုင်နှုန်း ပြန်ရတယ်ဆိုရင်တောင် ဘုရားပေးတဲ့ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်နေပြီ။ အိပ်မက်မက်နေတာလား "

" ဘူဖေးရရင်တောင် ၅၀ရာခိုင်နှုန်းထက် မပိုဘူး "

ယဲ့ဖန်သည် လူတိုင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသော်လည်း သူ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

" ဒါက သာမန် လည်ပတ်မှုတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလောက် မြင့်တဲ့ ပြန်ရနှုန်းမျိုး ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် သမားရိုးကျမဟုတ်တဲ့ လည်ပတ်မှုတစ်ခု ဖြစ်နေခဲ့မယ်ဆိုရင် အဲ့တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး "

တစ်စုံတစ်ယောက်မှ ချက်ချင်းမေးခွန်းထုတ်လိုက်သည်။

" အိုး၊ ဒါဆို မင်းရဲ့ သမားရိုးကျမဟုတ်တဲ့ လုပ်ဆောင်ချက်ကို ငါတို့ ကြားချင်ပါသေးတယ် "

ယဲ့ဖန်သည် ထိုင်နေသည့် မီနာကို ကြည့်လိုက်သည်။

" ဥက္ကဌမီကရော ကြားချင်လားလို့ တွေးမိတယ် "

မီနာ၏ အမူအရာမှာ အလွန်အကျည်းတန်နေသည်။

" ကောင်းပြီ ဒါဆို ပြောကြည့်စမ်းပါ "

ယဲ့ဖန်သည် သူ့မျက်နှာတွင် အပြုံးမပျက်ချေ။

" ငါသာဆိုရင် ဒီဖောက်သည်တွေရဲ့ ရန်ပုံငွေတွေကို စုဆောင်းပြီး တခြားနေရာမှာ သုံးလိုက်မယ် ........ "

ယဲ့ဖန်၏ စကားမပြီးခင်တွင် တစ်စုံတစ်ယောက်မှ သူ့ကို ဖြတ်ပြောလိုက်သည်။

" ဒါက တရားမဝင် ရန်ပုံငွေရှာတာပဲ။ တရားမဝင်ဘူး "

" သူ့မှာ ထက်မြက်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ငါ ထင်ခဲ့တာ။ တရားမ၀င် ရန်ပုံငွေရှာဖို့ ပြောနေမယ်မှန်း မမျှော်လင့်ထားဘူး "

" အဲ့လိုလုပ်ရင်တောင် အမြတ်ငွေ ၃၀ရာခိုင်နှုန်းထက်ပိုအောင် ရှာနိုင်မယ်လို့ ဘယ်လိုလုပ် အာမခံနိုင်မှာလဲ "

" ဟုတ်တယ်။ တခြားလုပ်ငန်းတွေမှာ ပိုက်ဆံရှုံးသွားရင် ဖောက်သည်တွေကို ဘယ်လိုရှင်းပြမှာလဲ "

ယဲ့ဖန်ပြောသော စကားလုံးများ၏ နောက်ကွယ်မှ ပိုလေးနက်သည့် အဓိပ္ပါယ်ကို သူတို့ နားမလည်နိုင်ကြသော်လည်း မီနာ၏ အမူအရာမှာတော့ သိသာစွာ ပြောင်းလဲသွားပြီး သူမ အနည်းငယ် ကြောက်လန့်သွားသည်။

" နင်ဘယ်သူလဲ။ နင့်ကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ "

ယဲ့ဖန်သည် သူမကို ကြောင်အစွာ ကြည့်လိုက်သည်။

" ဥက္ကဌကြီးက ဘာကိုဆိုလိုတာလဲ။ ကျွန်တော့်ရဲ့ ရင်းနှီးမြုပ်နှံမှု အစီအစဉ်အကြောင်းကိုပဲ ပြောပြတာပါ။ ဘာလို့ ဒီလောက်တောင် အရမ်းစိတ်လှုပ်ရှားနေရတာလဲ "

မီနာ မတ်တပ်ထရပ်ပြီး အပြင်ကို လှမ်းအော်လိုက်သည်။

" လုံခြုံရေး ဘယ်မှာလဲ။ ဒီလူကို မောင်းထုတ်လိုက် "

တံခါးအပြင်ဘက်တွင် လုံခြုံရေးအစောင့်အချို့ ရှိနေသည်။

သူမ၏ အမိန့်ကို ကြားသောအခါ ချက်ချင်းဝင်လာကြသည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပေးပါ။ မဟုတ်ရင် ကျွန်တော်တို့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်ပါနဲ့ "

လုံခြုံရေးမှူးသည် ချက်ချင်း ယဲ့ဖန်ကို စိုက်ကြည့်နေလိုက်သည်။

ယဲ့ဖန်သည် ဒေါသတကြီးဖြစ်နေသော မီနာကို ကြည့်ရင်း ငြိမ်သက်စွာ ထိုင်နေသေးသည်။

" ဥက္ကဌကြီး ဘာလုပ်နေတာလဲ။ ကျွန်တော် ပြောတာမှန်နေလို့ ရှက်ပြီး ဒေါသဖြစ်သွားတာလား "

မီနာက သူ့စကားများကို ဆက်ပြီး နားမထောင်ချင်တော့ချေ။

သူမသည် လုံခြုံရေးအစောင့်များကို ချက်ချင်း အော်လိုက်သည်။

" နင်တို့ အလုပ်လုပ်ချင်သေးလား။ မြန်မြန် ခေါ်ထုတ်သွားကြ "

လုံခြုံရေးမှူးလည်း အချိန်မဖြုန်းတော့ချေ။

သူသည် ယဲ့ဖန်ကို အရင် ဖမ်းလိုက်သည်။

သို့သော် သူ လက်လှမ်း၍ပင် မမှီသေးချိန်တွင် ယဲ့ဖန်၏ လက်သည် လျှပ်စီးလက်သလို ဆန့်ထွက်လာပြီး သူ့အင်္ကျီကော်လာကို ဆုပ်ကိုင်လိုက်သည်။

သူသည် အင်အား သိပ်မသုံးလိုက်ရဘဲ သူ့လက်ကို အနည်းငယ်လှုပ်လိုက်ရုံဖြင့် လုံခြုံရေးမှူးကို တွန်းထုတ်ပစ်လိုက်နိုင်သည်။

ကျန်ရှိနေသည့် လုံခြုံရေး အနည်းငယ်မှာလည်း မှင်သက်သွားကြသည်။

ယဲ့ဖန်သည် ထိုနည်းအတိုင်းပင် ဆက်လက်လုပ်ဆောင်ပြီး သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ပစ်ပေါက်ပြီးနောက် တံခါးကို ပြင်းထန်စွာ ကန်ပိတ်ပစ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် အစည်းအဝေးခန်းထဲရှိ လူတိုင်းမှာ အံသြသွားကြသည်။

ဖိန်းထျန်းငွေကြေးအာမခံ၏ လုံခြုံရေးအစောင့်များကို ယန်းချန်းမြို့ရှိ အကောင်းဆုံး လုံခြုံရေးကုမ္ပဏီမှ ငှားရမ်းထားလေသည်။

ထိုလူများသည် အတွေ့အကြုံရင့်သည်။

သို့သော် ယဲ့ဖန်၏ လက်ထဲတွင် သူတို့သည် ကြက်ပေါက်ကလေးများနှင့် တူလေသည်။

ထိုလူငယ်ကို ဘယ်သူမှ လျှော့မတွက်ရဲကြတော့ပေ။

ယဲ့ဖန် လက်ခုပ်တီးပြီး မီနာကို ပြုံးပြကာ ပြန်ထိုင်လိုက်သည်။

" ဆက်ကြမလား "

မီနာသည် ကုလားထိုင်ပေါ်သို့ ပြန်လဲကျသွားပြီး သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" နင် ...... နင် ဘာလိုချင်တာလဲ "

မီနာသည် ရှုံးနိမ့်ကြောင်း ဝန်ခံသည့်သဘောနှင့် ယဲ့ဖန်ဆီမှ အသနားခံရန် အခွင့်အရေးယူခဲ့သည်။

" တကယ်တော့ လိုချင်တာက အရမ်းရိုးရှင်းပါတယ်။ ခင်ဗျား ဒုန်းအန်းကုမ္ပဏီကနေ လုသွားတဲ့ ဖောက်သည်တွေအားလုံးကို ပြန်ပေးစေချင်တယ်။ ဒါက သိပ်မလွန်သင့်ဘူး မဟုတ်လား "

မီနာ အခက်တွေ့သွားသည်။

" ဘယ်ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမလဲဆိုတာကို ရွေးချယ်ဖို့က ဖောက်သည်ရဲ့ လွတ်လပ်ခွင့်ပဲ။ ငါ ထိန်းချုပ်လို့ မရဘူး ....... "

ဖုန်းကျင်းရီ ချက်ချင်း ရယ်မောလိုက်သည်။

" ရှင်က စကားတွေနဲ့ သူတို့တွေကို လိမ်ညာထားတာလေ။ သူတို့ကို တစ်နှစ်ကို ၃၀ရာခိုင်နှုန်း ပြန်ပေးမယ်လို့ ကတိမပေးထားရင် သူတို့က ဖိန်းထျန်းကို ရွေးပါ့မလား "

မီနာသည် ချက်ချင်း တိတ်ဆိတ်သွားပြီး စိတ်ထဲမှ တွက်ဆလိုက်သည်။

အကယ်၍ သူမသည် ထိုဖောက်သည်များအား ဒုန်းအန်းငွေကြေးအာမခံသို့ အမှန်တကယ် ပြန်ပေးလိုက်မည်ဆိုပါက ဖိန်းထျန်းငွေကြေးအာမခံ၏ အမှုဆောင်အရာရှိများသည် သူမအား လွှတ်ထားပေးမည် မဟုတ်ပေ။

သူဌေးရာထူးကိုလည်း ဆက်ထိန်းထားနိုင်မည်မှာ မသေချာပေ။

သူမသည် မည်ကဲ့သို့ လွတ်မြောက်ရမည်ကို စဉ်းစားနေပြီး အခြားနည်းလမ်းများကိုလည်း တွေးတောနေသည်။

ထိုအချိန်၌ ယဲ့ဖန်က ထပ်ပြောပြန်သည်။

" ကျွန်တော့်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ တကယ်လို့ ခင်ဗျားက တခြားလှည့်ကွက်တွေကို ကစားချင်သေးတယ်ဆိုရင် ခင်ဗျား ဘယ်လို ၂၀၀ရာခိုင်နှုန်း ထက် ပိုပြီး ပြန်ရအောင် လုပ်မလဲဆိုတာ ပြောလိုက်ဖို့ ဝန်မလေးဘူး "

အပိုင်း ( ၇၇၅ )

ထိတ်လန့်သွားခဲ့တဲ့ ယဲ့ဖန်

မီနာ၏ အမူအရာသည် ပြောင်းလဲသွားပြီး ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေခဲ့သည်။

" နင် ...... ငါ့ကို အရင်ဖုန်းဆက်ခွင့်ပေး "

ယဲ့ဖန် သူမကို မတားချေ။

သူမကို အစည်းအဝေးခန်းထဲမှ ထွက်ခွင့်ပြုလိုက်သည်။

ဖုန်းကျင်းရီ အနည်းငယ် စိုးရိမ်သွားသည်။

" ဥက္ကဌကြီး၊ ကျွန်မတို့ သူမကို ဖုန်းခေါ်ခွင့်မပေးသင့်ဘူး။ သူမက အကူအညီတောင်းလိမ့်မယ် "

သို့သော် ယဲ့ဖန်က ဂရုမစိုက်ချေ။

" ခွန်အားရှေ့မှာ လှည့်ကွက်အားလုံးက အသုံးမဝင်ဘူး။ သူမကို ဟိုဟိုဒီဒီလှည့်ပြီး သူမ ကစားနိုင်တဲ့ လှည့်ကွက်တွေကို ကြည့်ကြတာပေါ့ "

ဖုန်းကျင်းရီ အနည်းငယ်စိုးရိမ်နေသေးသော်လည်း ယဲ့ဖန်မှ ထိုသို့ပြောပြီးသည့်နောက်တွင် သူမလည်း ပြောနိုင်စရာ မရှိတော့ပေ။

ရှုမန်သည် ယဲ့ဖန်ကို အကြွင်းမဲ့ယုံကြည်လေသည်။

ယဲ့ဖန် လုပ်ချင်သည်ကို လုပ်ခွင့်ပေးထားသည်။

သူမကို စိတ်ပျက်စေမည်မဟုတ်ကြောင်း ယုံကြည်လေသည်။

ခဏကြာပြီးနောက် မီနာသည် ဖုန်းပြောပြီး ပြန်ဝင်လာကာ သူတို့သုံးယောက်ကို ပြုံးပြလိုက်သည်။

" အဲ့ဒီဖောက်သည်တွေကို နင်တို့ဆီ ငါပြန်ပေးနိုင်ပေမယ့် ဒီကိစ္စကို ငါတစ်ယောက်တည်း ဆုံးဖြတ်ချက် မချနိုင်ဘူး။ ငါ့အဖေက မကြာခင် ဒီကို လာလိမ့်မယ်။ သူ ဖြေရှင်းပေးလိမ့်မယ် "

" ကောင်းပြီ ဒါဆို ငါတို့ ခဏစောင့်လိုက်တာပေါ့ "

ယဲ့ဖန်သည် ကုလားထိုင်ပေါ်သို့ မှီလိုက်ပြီး သူ့ခြေထောက်တွေကို သက်တောင့်သက်သာ ချိတ်လိုက်သည်။

" အစ်မမန်၊ နေ့လည်စာ မစားဘူးလား။ ခဏနေ ဘယ်မှာစားချင်တာလဲ။ ကျွန်တော်ကျွေးမှာ ....... "

မီနာသည် ယဲ့ဖန်၏ မောက်မာသော အသွင်အပြင်ကို ကြည့်ပြီး စိတ်ထဲတွင်တော့ လှောင်ပြုံးမပြုံးဘဲ မနေနိုင်ပေ။

'နင့်ကို ခဏလောက် မာနကြီးခွင့် ပေးထားလိုက်မယ်။ အဖေလာတဲ့အခါ နင် မာနကြီးနိုင်သေးလား ငါ စောင့်ကြည့်နေမယ်'

ယဲ့ဖန်နှင့် ကျန်သူများသည် အကြာကြီးစောင့်စရာ မလိုလိုက်ချေ။

မိနစ်နှစ်ဆယ် ကြာပြီးနောက် လူလတ်ပိုင်းအမျိုးသားတစ်ဦး တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။

ထိုလူသည် အသက်ငါးဆယ်ကျော်ဝန်းကျင်မျက်နှာပုံသဏ္ဍာန်ရှိပြီး သူ၏ ထောင့်ကျကျမျက်နှာထားမှာ အလွန်ဂုဏ်သိက္ခာရှိပုံပေါ်သည်။

သူ၏ အနောက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားအချို့ရှိသည်။

ထိုလူများ လျှောက်လှမ်းလာပုံကို ကြည့်ကာ ကိုယ်ခံပညာရှင် တစ်ဦးအနေဖြင့် သူတို့၏ အင်အားမှာ မနည်းကြောင်း ယဲ့ဖန် ပြောနိုင်လေသည်။

ထိုလူ ဝင်လာသည်နှင့် ယဲ့ဖန်တို့ကို ကြည့်ကာ သူ၏ မျက်လုံးထဲတွင် လူသတ်ချင်သော အငွေ့အသက်များ တောက်ပလာသည်။

ဖိန်းထျန်းကုမ္ပဏီ အမှုဆောင်အရာရှိများသည် သူ့ကို တွေ့သည့်အခါ ရိုသေစွာနှုတ်ဆက်ရန် ထလာကြသည်။

" မင်္ဂလာပါ မီလူကြီးမင်း ..... "

" မင်္ဂလာပါ မီလူကြီးမင်း ..... "

ရှုမန်သည် ယဲ့ဖန် နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

" ဒါက မီနာရဲ့ အဖေ မီဇီချန်း "

ထိုအချိန်တွင် မီနာလည်း အမြန် ထရပ်လိုက်သည်။

" အဖေ၊ ရောက်ပြီလား "

မီဇီချန်း အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" ဒီလို အသေးအမွှားကိစ္စလေးအတွက်နဲ့ ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတာလား။ တခြားဘာလုပ်နိုင်တာရှိလဲ "

သူ့အဖေရှေ့၌ မီနာ မကျေမနပ် မလုပ်ပြရဲချေ။

ချက်ချင်း ရိုသေလေးစားစွာဖြင့် အမြန် ပြန်ဖြေလိုက်သည်၊

" ဟုတ်ပါတယ်၊ ကျွန်မက အရည်အချင်းမပြည့်မီပါဘူး။ အဖေ၊ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ "

မီဇီချန်း သူမကို မကြည့်တော့ချေ။

သူ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" မင်းက ငါ့သမီးကို အနိုင်ကျင့်တဲ့သူလား "

သူသည် စကားပြောနေစဉ်တွင် ဆေးလိပ်တစ်လိပ်ကို ကောက်ယူကာ မီးခိုးငွေ့များ ထွက်သည်အထိ ရှိုက်လိုက်သည်။

ယဲ့ဖန်သည် သူ့မျက်နှာ၌ အပြုံးမပျက်ရှိနေသည်။

" ခင်ဗျား မြင်တာနဲ့ မပြောနိုင်ဘူးလား။ ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်။ ကျုပ်က သူ့ကို အနိုင်ကျင့်တာ မဟုတ်ဘူး။ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ခင်ဗျားရဲ့သမီးက လုံခြုံရေးအစောင့်တွေနဲ့ တိုက်ခိုက်ဖို့ ညွှန်ကြားလို့ ကျုပ်မှာ ထိတ်လန့်သွားခဲ့ရတာ "

အမှုဆောင်အရာရှိများအားလုံး မျက်လုံးပြူးသွားကြသည်။

အဲ့ဒီ လုံခြုံရေးအစောင့်တွေကို မင်းပဲ ကြက်သေတွေလို ဖယ်ထုတ်လိုက်ပြီး မင်းကပဲ ပြန်ပြီး ထိတ်လန့်နေရသေးတာလား။

မီဇီချန်းသည် သူ၏ ဆေးပြင်းလိပ်ကို ယူလိုက်ပြီး မီးခိုးတစ်ရှိုက်ကို မှုတ်ထုတ်လိုက်သည်။

" မင်းနဲ့ အပိုစကားတွေ ပြောဖို့ ငါ့မှာ အချိန်မရှိဘူး။ အဲ့ဒီဖောက်သည်တွေကို ငါတို့က ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ငါတို့ဘက်က ကောင်းကောင်းမလုပ်နိုင်တာတွေလည်း ရှိတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ မင်းအပေါ် ကျေးဇူးကြွေးတင်နေတယ် မှတ်လိုက်။ နောက်ဆို ယန်းချန်းမြို့မှာ ပြဿနာတစ်ခုခုကြုံရင် မင်း ငါ့ဆီကို လာရှာလို့ ရတယ် "

ထိုကောင်လေးသည် သူနှင့် လူချင်းတွေ့နိုင်ရုံသာမက ကျေးဇူးကြွေးလည်း အတင်ခံမည်ဟု ပြောလိုက်သည်။

ဤသည်ကို သူကျေနပ်သင့်သည်။

ဒုန်းအန်းငွေကြေးအာမခံတွင် ခိုင်မာသောကျောထောက်နောက်ခံရှိနေပြီး သူတို့၏ လျှို့ဝှက်ချက်အချို့ကို သိနေပုံရသည်ဟူသော အချက်ကြောင့်သာ မဟုတ်ပါက ဒီသုံးယောက်ကို စိတ်ထဲထည့်နေမည်ပင် မဟုတ်ချေ။

ရှုမန် အနည်းငယ် ဒေါသထွက်သွားသည်။

" ကျွန်မတို့က ရှင့်ရဲ့ကျေးဇူးကို မလိုချင်ဘူး။ ရှင် ကျွန်မတို့ဆီက ခိုးထားတဲ့ ဖောက်သည်တွေကို ပြန်ပေးနိုင်ဖို့နဲ့ ဒီလိုလှည့်ကွက်တွေကို ရပ်တန့်ဖို့ပဲ မျှော်လင့်တယ် "

သူမသည် လူရှေ့သူရှေ့တွင်ပင် မျက်နှာသာမပေးသည်ကို မြင်လိုက်ပြီး မီဇီချန်း၏ မျက်နှာထားသည် မည်းမှောင်သွားသည်။

" ငါ မင်းကို မျက်နှာသာတွေ အများကြီးပေးထားပြီးသား။ ကျေးဇူးကန်းမနေနဲ့ "

ရှုမန်သည် သူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုခဲ့သည်။

" ရှင့်ဘက်က ကျွန်မတို့ရဲ့ ဖောက်သည်တွေကို အရင်လုယူခဲ့တာ။ ဘာလို့ ကျွန်မတို့ မှားနေတဲ့ပုံစံ လုပ်နေတာလဲ "

မီဇီချန်း အေးစက်စွာ နှာမှုတ်လိုက်သည်။

" ငါတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရထားတဲ့ ဖောက်သည်တွေကို ဘာလို့ မင်းတို့ကို ပြန်ပေးရမှာလဲ။ မင်းမှာ အရည်အချင်းရှိရင် ငါတို့ရဲ့ဖောက်သည်တွေကို ယူသွားလိုက်။ မင်းမှာ အရည်အချင်းမရှိရင်တော့ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် လုပ်မနေနဲ့ "

ရှုမန် ဒေါသအရမ်းထွက်ပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည် ။

သို့သော် ယုတ္တိမတန်သည့် လူတစ်ဦးနှင့် ယှဉ်တွေ့ရသောအခါ သူမ အားကိုးရာမဲ့ ဖြစ်နေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် သူမ၏ ပုခုံးကို ပုတ်ကာ မီဇီချန်းကို လှည့်ကြည့်လိုက်သည်။

" မီဇီချန်း၊ ကျုပ်က ခင်ဗျားနဲ့ အတူတူထိုင်နေတာနဲ့တင် ခင်ဗျားကို မျက်နှာသာ ပေးထားပြီးပြီ။ ကိစ္စတွေကို ကြီးကြီးကျယ်ကျယ် မလုပ်ချင်ပေမယ့် ခင်ဗျားက လိုက်လျောဖို့ ငြင်းဆန်ခဲ့မယ်ဆိုတော့ ကျုပ်ကို မညှာတာဘူးလို့ အပြစ်မတင်နဲ့ "

အစည်းအဝေးတစ်ခန်းလုံး တိတ်ဆိတ်သွားကာ ပင်အပ်ကျသံကိုပင် ကြားနိုင်လေသည်။

အားလုံးက ယဲ့ဖန်ကို ကြောင်အစွာ စိုက်ကြည့်နေကြသည်။

ဒီတစ်ယောက်က မီလူကြီးမင်းကိုတောင် ခြိမ်းခြောက်ရဲတဲ့ သတ္တိရှိတာလား။

" ဒီကလေးက မီလူကြီးမင်းကို ဒီလိုလေသံမျိုးနဲ့ ပြောရဲတာလား။ ဒါက မာနကြီးလွန်းတယ် မဟုတ်လား "

" မီလူကြီးမင်းရဲ့ နာမည်ကိုတောင် မကြားဖူးဘူးလား။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား "

" သူ မသိတာ သေချာတယ်။ မဟုတ်ရင် မင်းသူ့ကို အသက်တစ်ရာပေးရင်တောင် မီလူကြီးမင်းရှေ့မှာ မောက်မာရဲမှာ မဟုတ်ဘူး "

" ဒီကောင် သေတော့မှာ သေချာတယ် ...... "

အပိုင်း ( ၇၇၆ )

အုပ်စုအသေးစားဆိုတာ ဘာကိုပြောတာလဲ

ဖိန်းထျန်းငွေကြေးအာမခံ၏ အမှုဆောင်များသာမက ရှုမန်နှင့် ဖုန်းကျင်းရီတို့ပင် ယဲ့ဖန်၏ စကားကြောင့် ထိတ်လန့်သွားကြသည်။

မီဇီချန်းသည် ယန်းချန်းမြို့တွင် အလွန်အစွမ်းထက်ပြီး ကျုံးရီခန်းမနှင့် အဆက်အသွယ်ရှိသည်ကို အားလုံးကြားဖူးကြသည်။

ဖိန်းထျန်းငွေကြေးအာမခံသည် တစ်နှစ်မပြည့်မီမှာပင် ကျုံးဟိုင်မြို့သို့ ဝင်ရောက်လာနိုင်သည့် အကြောင်းရင်းမှာ မီဇီချန်း၏ လွှမ်းမိုးမှုကြောင့် ဖြစ်သည်။

ယဲ့ဖန်သည် ယန်းချန်းမြို့သို့ ရောက်သည်မှာ အချိန်တိုလေးသာ ရှိသေးသည်။

အဲ့တာကို ဘယ်လိုလုပ်ပြီး ဒီလို ဒေသခံ အာဏာရှင်ကို စော်ကားနေရတာလဲ။

မီနာသည်လည်း အံ့ဩသွားရသည်။

သူမသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ထိုကောင်လေးသည် သူမရှေ့၌ မာနထောင်လွှားနေသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် အခုအခါ သူမအဖေရှေ့၌ပင် မာနကြီးရဲသည့် သတ္တိရှိနေသည်ကို တွေ့လိုက်ရသည်။

သူ့ကိုယ်သူ အထင်ကြီးနေတာလား၊ ဒါမှမဟုတ် အားကိုးစရာတစ်ခုခု ရှိနေလို့လား။

မီဇီချန်း ဒေါသအလွန်ထွက်ပြီး ရယ်လိုက်သည်။

" ဟားဟား၊ ငါ့ကို ဘယ်သူကမှ ခြိမ်းခြောက်ရဲတာကြာပြီ။ လူငယ်လေး၊ မင်းက တော်တော် ရဲရင့်တာပဲ။ ငါ့စကားတစ်ခွန်းတည်းနဲ့ မင်း ယန်းချန်းမြို့မှာ မရှင်သန်နိုင်စေရဘူးဆို မင်းယုံလား "

ယဲ့ဖန်သည် သူ၏ ခြေထောက်များကို ချိတ်လျက် ထိုင်နေသေးပြီးကာ သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်ချေ။

" ဒါဆို ကျုပ်စကား တစ်ခွန်းတည်းနဲ့ ခင်ဗျား ယန်းချန်းမြို့မှာ မရှင်သန်နိုင်စေရဘူးဆိုရင်ရော မင်းယုံလား "

ထိုအခါ ဘယ်သူမှ ဘာမှ မပြောရဲတော့ချေ။

ထိုကောင်လေးသည် မာနကြီးခြင်းမဟုတ်ဘဲ တကယ်ကို ရူးသွားပြီဟု အားလုံးက ခံစားမိကြသည်။

သူသည် ထိုကဲ့သို့ မိုက်မဲသော စကားများကို အမှန်တကယ်ပင် ပြောထွက်နိုင်လေသည်။

မီဇီချန်း၏ အမူအရာမှာ သုန်မှုန်သွားသည်။

" ကောင်လေး၊ မင်းက ဒီလိုစကားကြီးတွေ ပြောရဲမှတော့ ဘယ်သူ အသက်ရှင်ပြီး ကျန်နိုင်မလဲဆိုတာ ပြိုင်ကြည့်ရအောင်။ မင်းလိုကောင်လေးကိုတောင် မရှင်းနိုင်ရင် အနာဂတ် ယန်းချန်းမြို့မှာ ငါ ရှင်သန်နိုင်မှာတောင် မဟုတ်ဘူး "

ထိုစကားကို ပြောပြီးနောက် ချက်ချင်း ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

ဖုန်းခေါ်လိုက်သည့်အချိန်တွင် သူ၏ နဂိုမှ ဂုဏ်သိက္ခာရှိသော အမူအရာသည် ချက်ချင်း ပျော့ပြောင်းသွားခဲ့သည်။

" အစ်ကိုကြီး၊ ဒီမှာ ပြဿနာတစ်ခု ကြုံနေပါတယ်။ အဲ့တာ ကျွန်တော်တို့လုပ်ငန်းနဲ့ သက်ဆိုင်နေတာပါ။ ဟုတ်ပါတယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ကွာခြားမှုကိုတောင် မသိတဲ့ ခွေးသားလေးက ...... "

ဖုန်းခေါ်ဆိုခြင်းမှာ ဆယ်မိနစ်ကျော် ကြာလေသည်။

ထို မီလူကြီးမင်းသည် ဖုန်းပြောနေသူကို အလွန်ကြောက်နေပုံရကာ တစ်ချိန်လုံး ဒူးထောက်နေသည့် အနေအထားတွင် ရှိနေသည်။

သို့သော် ဖုန်းချသွားသောအခါ သူ၏ မောက်မာသော မျက်နှာထား ပြန်ပေါ်လာခဲ့သည်။

နေရာ၌ ရှိနေသူတိုင်းသည် သူ၏ အမူအရာပြောင်းလဲနိုင်စွမ်းကြောင့် တုန်လှုပ်သွားကြသည်။

မီလူကြီးမင်းသည် သူတို့ရှေ့၌ မာနကြီးပြီး ကြီးစိုးနေသည့်ပုံစံ ရှိသော်လည်း သူ့ထက် အားကောင်းသူနှင့် ရင်ဆိုင်ရသည့်အခါ ဖိနပ်လျက်မတတ် ခယနေသည်။

သို့သော်လည်း သူတို့သည် မရယ်ရဲကြပေ။

မီဇီချန်းပင် အလွန်ကြောက်အောင် လုပ်နိုင်သူသည် အင်မတန် အားကောင်းသည့် နောက်ခံရှိရမည်။

ရှုမန်နှင့် ဖုန်းကျင်းရီတို့သည် ယဲ့ဖန်အား ဘာလုပ်ရမယ်မှန်းမသိဘဲ စိုးရိမ်တကြီး ကြည့်နေကြသည်။

သို့သော် ယဲ့ဖန်သည် ခွေးအိုကြီးတစ်ကောင်ကဲ့သို့ ငြိမ်သက်နေဆဲဖြစ်သည်။

ဖုန်းကိုထုတ်ပြီး မက်ဆေ့ချ်တိုနှစ်ခု ပို့လိုက်ပြီးနောက် ဆက်ငြိမ်နေလိုက်သည်။

" ရှောင်ဖန်၊ နင် နောက်ထပ် မိတ်ဆွေတွေ ရှာချင်သေးလား။ ငါစိုးရိမ်တာက ..... "

ယဲ့ဖန်သည် အလွန်မတုန်မလှုပ်ဖြစ်နေသည်ကို မြင်ပြီး ရှုမန် ချက်ချင်း နေရခက်သွားသည်။

သူတို့သည် မီဇီချန်းနှင့် ထိပ်တိုက် တိုက်ခိုက်နေရပြီဖြစ်သည်။

ပြဿနာကို ဖြေရှင်းရန် သူတို့၌ ယုံကြည်မှု မရှိပါက သူတို့ ထိခိုက်ပေလိမ့်မည်။

ယဲ့ဖန် သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျွန်တော့်ကို အပ်ထားလိုက်။ အစ်မက ဒီမှာထိုင်ပြီး ရှိုးပွဲကြည့်ဖို့ပဲ လိုတယ် "

ရှုမန် ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်၏ တည်ငြိမ်သည့် အသွင်အပြင်ကို မြင်လိုက်သောအခါ သူမ၏ နှလုံးသားမှာ ချက်ချင်း ငြိမ်သက်သွားခဲ့သည်။

ဘေးနားရှိ ဖုန်းကျင်းရီလည်း ငြိမ်သက်သွားသည်။

ယဲ့ဖန်အား ကြည့်နေသည့် သူမ၏ အကြည့်တွေမှာ ပိုလို့တောင် စွဲလမ်းမှု ပါဝင်နေသည်။

မီဇီချန်းသည် ယခုအချိန်ထိ ငြိမ်သက်စွာ ထိုင်နေနိုင်သေးသည်ကို မြင်လိုက်ရပြီး ချက်ချင်း ရယ်မောလိုက်သည်။

" ကောင်လေး၊ မင်း သေခါနီးနေပြီ။ ဒီမှာ ဟန်ဆောင်ရဲတဲ့ သတ္တိရှိသေးတာလား။ ငါဘယ်သူကို ခေါ်ထားလဲ မင်းမသိဘူး ဟုတ်တယ်မလား။ ငါ ကျုံးရီခန်းမက တစ်ယောက်ယောက်ကို ခေါ်ထားဆိုတာ မင်းကိုပြောဖို့ မကြောက်ဘူး။ ကြားတော့ကြားဖူးလောက်တယ် မဟုတ်လား "

လူတိုင်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

ထိုအဖွဲ့အစည်းသည် ကောင်းဟူ၏ အဖွဲ့လောက် မကျော်ကြားသော်လည်း ယန်းချန်းမြို့၌ အတော်လေး နာမည်ကြီးသည်။

ကျုံးရီခန်းမမှ တစ်စုံတစ်ယောက်အား မီဇီချန်းမှ ခေါ်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ဤကိစ္စမှာ လွယ်လွယ်နှင့် ပြီးမည်မဟုတ်ချေ။

မီနာသည် ရှုမန်ကို မာန်တက်စွာ ကြည့်နေသည်။

" အရင်က နင်တို့ကို ထွက်သွားဖို့ ငါ အခွင့်အရေးပေးခဲ့ပါတယ်။ နင်တို့က သေချင်နေတဲ့သူတွေဆိုတော့ ငါ့ကို အပြစ်တင်လို့ မရဘူး "

ရှုမန်နှင့် ဖုန်းကျင်းရီတို့သည် အလွန်ကြောက်လန့်ကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။

သူတို့သည် ယဲ့ဖန် လျင်မြန်စွာ ကြည့်လိုက်ကြသည်။

သို့သော်လည်း ယဲ့ဖန်မှာတော့ ယခင်အတိုင်း ငြိမ်သက်နေဆဲဖြစ်ကာ ကြောက်ရွံ့မှုလည်း မပြခဲ့ပေ။

" ကျုံးရီခန်းမ။ အသံက ရင်းနှီးသားပဲ။ ဘာလုပ်ကြတာလဲ "

မီဇီချန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကျုံးရီခန်းမက ဘာလဲဆိုတာတောင် မင်းမသိဘူးဘဲ ငါ့နေရာမှာ လာမောက်မာရဲသေးတာလား။ ခဏနေကျ မင်းသေမှာဆိုတော့ ငါပြောမယ်။ ကျုံးရီခန်းမက သူဌေးကောင်းနဲ့ ယန်းချန်းမြို့မှာတဲ့ သူ့လူတွေကလွဲရင် ဒုတိယအဆင့်ဘဲ။ မင်း နားလည်လား "

ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်သည် သေမတတ် ကြောက်လန့်သွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း တစ်ဖက်သား၏ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိပုံက သူ့ကို အလွန်စိတ်ပျက်သွားစေခဲ့သည်။

ယဲ့ဖန်မှ ပြောသည်။

" အိုး၊ အုပ်စုအသေးစားလေးလား "

" ဖူး ......... "

လူတိုင်း အံ့ဩသွားကြသည်။

အုပ်စုအသေးစားလို့ ခေါ်လိုက်တာလား။

လူတိုင်းသည် ယဲ့ဖန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။

ဒီကောင်က တကယ်ပဲ လူမိုက်လား။

ဒါမှမဟုတ် ရူးနေတာလား မသိတော့ဘူး။

ယဲ့ဖန် သူတို့၏ အကြည့်တွေကို ဂရုမစိုက်ချေ။

သူ မီဇီချန်းကိုသာ ပြုံးပြလိုက်သည်။

" စီးပွားရေးအငြင်းပွားမှုကို ဖြေရှင်းဖို့အတွက် ခင်ဗျားက ကျုံးရီခန်းမက လူတွေကို ခေါ်ထားမှတော့ ကျုပ်က ကောင်းဟူရဲ့ လူတွေကို ခေါ်ရင် စည်းမျဥ်းတွေကို ချိုးဖောက်ရာမကျဘူး ဟုတ်တယ်မလား "

မီဇီချန်း၏အပြုံးသည် အေးခဲသွားသည်။

" မင်း အဲ့ကလူတွေကို သိတာလား "

ယဲ့ဖန် သူ့နားရွက်ကို ကုတ်လိုက်သည်။

" တကယ်တော့ ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် အဲ့သူဌေးက လွန်ခဲ့တဲ့ နှစ်ရက်က ကျုပ်ဆီလာပြီး တောင်းပန်တယ်လေ။ နားလည်မှုလွဲတာမလို့ ကျုပ် သူတို့ကို အရေးမယူလိုက်ဘူး "

သူပြောပြီးသည်နှင့် အစည်းအဝေးခန်းထဲ၌ ရယ်မောသံများ ချက်ချင်း ထွက်ပေါ်လာသည်။

" ဒီကလေးက ကြွားတတ်တာပဲ။ သူထေးကောင်းက သူ့ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့ လာခဲ့တာလား။ မင်း ငါတို့ကို နောက်နေတာလား "

" အဲ့လို ရက်စက်တဲ့လူက သူ့ကို ဘာလို့တောင်းပန်ရမှာလဲ "

" ကောင်းဟူကို တွေ့တာနဲ့ သူသေးထွက်ကျမှာ ဖြစ်နိုင်တယ်။ ကြွားလုံးထုတ်တဲ့အခါ ဇာတ်လမ်းကောင်းကောင်းရေး "

" ချောင်ရှင်းဂိုဏ်းက လူတွေက အပြင်မှာ တစ်စုံတစ်ယောက်က သူတို့ရဲ့ နာမည်ကို သုံးပြီး ဒုက္ခပေးနေတာ သိရင် ဒီကလေး ဘာဖြစ်သွားမယ်ထင်လဲ "

" ဒါဆို ရလဒ်က အရမ်းစိတ်မကောင်းဖြစ်စရာကြီး ဖြစ်သွားမှာကိုတောင် ကြောက်ရတယ် ........ "

All Chapters