← Chapters

အပိုင်း ၇၇၇-၇၈၀

Vol. 39 Ch. 777-780

အပိုင်း ၇၇၇-၇၈၀

Vol. 39 Ch. 777-780

အပိုင်း ( ၇၇၇ )

ဒါက သူရဲကောင်းတစ်ဦးရဲ့ အသွင်အပြင်အစစ်။

ချောင်ရှင်းဂိုဏ်းမှ လူများအား ယဲ့ဖန်သိကြောင်း ကြားသောအခါ မီဇီချန်း အံ့သြသွားသည်။

ကောင်းကျူမင်း သေဆုံးမှုကြောင့် ထိုအဖွဲ့အစည်းသည် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ရသော်လည်း အစာရေစာ ငတ်မွတ်နေသော ကုလားအုတ်တစ်ကောင်သည် မြင်းထက် ကြီးမားနေဆဲဖြစ်သည်။

ကျုံးရီခန်းမသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း ချောင်ရှင်းဂိုဏ်းနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် ယုံကြည်ချက် ကင်းမဲ့နေဆဲဖြစ်သည်။

ထိုကောင်လေးသည် ထိုအဖွဲ့အစည်းထဲမှ တစ်စုံတစ်ယောက်ကို အမှန်တကယ် သိနေလျှင် သူ တကယ်ဒုက္ခရောက်ပေလိမ့်မည်။

သို့သော် သူ ထပ်ပြောသည်ကို ကြားလိုက်သောအခါ ချက်ချင်း အော်ရယ်လိုက်သည်။

" ကောင်လေး၊ မင်းပြောတဲ့စကားက အလွန်အကျွံဖြစ်နေတာကို မင်းသိလား။ မင်းက ကြွားလုံးထုတ်ပြီး သူဌေးကောင်းက မင်းကိုတောင် တောင်းပန်တယ်လို့ ပြောနေတာလား။ ဟားဟားဟား "

သူ ရယ်လိုက်သောအခါ အခြားသူများသည် လည်း လိုက်ရယ်ကြသည်။

ယဲ့ဖန်သည် လူတိုင်း၏ သရော်လှောင်ပြောင်မှုကို လျစ်လျူရှုပြီး ပေါ့ပေါ့ပါးပါးသာ ပြုံးလိုက်သည်။

" မှန်လား၊ မမှန်လားဆိုတာ နောက်ကျ သိပါလိမ့်မယ် "

မီဇီချန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

" အဲ့ဒီအဖွဲ့အစည်းကလူတွေ မလာနိုင်ဘူးလို့တော့ မပြောနဲ့။ သူတို့ တကယ်လာရင်ရော ဘယ်လုပ်ရမှာလဲ။ သူဌေးကောင်းနဲ့ သူ့လူတွေက နေဝင်ချိန် ရောက်နေပြီ။ ငါက သူတို့ကို သတ္တိပေးရင်တောင် သူတို့က ငါ့ခေါင်းပေါ်က ဆံပင်တစ်ချောင်းကိုတောင် ကိုင်ရဲပါ့မလား "

ဖိန်းထျန်းငွေကြေးအာမခံမှ လူတိုင်း တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

ယန်းချန်းမြို့မှာ မီဇီချန်းသည် အစွမ်းထက်ကြောင်း သူတို့ သိသော်လည်း သူဌေးကောင်းနှင့် တခြားသူများကိုပင် ဂရုမစိုက်သည်အထိ အစွမ်းထက်မည်ဟု မမျှော်လင့်ထားချေ။

" ဟုတ်တယ်။ သူဌေးကောင်းနဲ့ သူ့အဖွဲ့ ဒီကို ရောက်လာရင်တောင် ဘာလုပ်ရမှာလဲ။ မီလူကြီးမင်းကို တွေ့ရင် ကြောက်လန့်ကုန်မှာပဲ "

" ကောင်းဟူက မီလူကြီးမင်းရဲ့ ဖိနပ်ကို သယ်ဖို့တောင် အခွင့်မရှိဘူး။ မင်းက ငါတို့ကို ခြောက်ဖို့ အဲ့လိုအဖွဲ့ကို အသုံးချချင်နေတာလား "

" သူဌေးကောင်းနဲ့ တခြားသူတွေက ကျုံးရီခန်းမက လူတွေကို တွေ့တဲ့အခါ အသက်တောင် ကျယ်ကျယ်ရှူရဲမှာ မဟုတ်ဘူးမလား "

" မီလူကြီးမင်းက ဘယ်သူမလို့လဲ။ သူဌေးကောင်းနဲ့ သူ့အဖွဲ့ကို ဘာလို့ ဂရုစိုက်နေရမှာလဲ "

ဖိနပ်လျက်သူတစ်စုမှာ မီဇီချန်းဘက်မှ ရပ်တည်ပြီး ချက်ချင်း ကြွားလုံးထုတ်လာကြသည်။

မီဇီချန်းသည် သူ့ကိုယ်သူ အလွန်ကျေနပ်နေပြီး ကမ္ဘာကြီးကို ငုံ့ကြည့်နေသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

" ဟားဟားဟား၊ ကြည့်ရတာ ငါတို့က ဘဝရဲ့ နေဝင်ချိန်ကို တကယ်ရောက်နေသလိုပဲ။ အခုကျ ဘယ်ကလေကဝတွေက ငါတို့ကို အထင်သေးနေတာလား "

စကားမဆုံးခင်တွင် အစည်းအဝေးခန်း တံခါးမကြီးကို တွန်းဖွင့်ခံလိုက်ရသည်။

ကောင်းဟူ၊ ရှုပြောင်းနှင့် ချောင်ရှင်းဂိုဏ်းမှ အခြားအဖွဲ့ဝင်များ ဖြည်းဖြည်းချင်း ဝင်လာကြသည်။

မီဇီချန်းသည် ကောင်းဟူကို မြင်သောအခါတွင် ဦးနှောက်ကြောမှ ကျောရိုးတစ်လျှောက် အအေးဓာတ် စီးဆင်းသွားသည်ကို ခံစားမိပြီး တုန်လှုပ်သွားသည်။

" ဟူ ...… အစ်ကိုဟူ ...... "

တုန်ယင်စွာဖြင့် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း သူ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ လဲကျမတတ် ဖြစ်သွားသည်။

ထိုအချိန် သူ့အနောက်၌ ရပ်နေသော မီနာသည်လည်း အလွန်ကြောက်လန့်သွားကာ မျက်နှာဖြူဖျော့နေပြီး မူးလဲမတတ် ဖြစ်သွားသည်။

တခြားသူများသည် ကောင်းဟူကို မသိကြပင်လျှင် မီဇီချန်း၏ အခေါ်အဝေါ်မှ အမှန်တရားကို ခန့်မှန်းနိုင်လိုက်သည်။

" ဘုရားရေ၊ ချောင်ရှင်းဂိုဏ်းကလူတွေ တကယ်ပဲ ဒီကို ရောက်နေတာလား။ ဒီကောင်လေး ….... ဒီလူကြီးမင်းက လိမ်တာ မဟုတ်ဘူးပေါ့ "

" ပြီးတော့ သူဌေးကောင်းကတောင် ကိုယ်တိုင်လာရတာဆိုတော့ မျက်နှာသာက အရမ်းကြီးနေတာ မဟုတ်လား "

" မီလူကြီးမင်းက ဘာလို့ အရမ်းကြောက်နေတာလဲ။ သူဌေးကောင်းနဲ့ တခြားသူတွေကို မကြောက်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား "

" ဟူး၊ သူက ကြွားနေတာပဲ။ ပြီးတော့ သူဌေးကောင်းကို ခုနက ကြိမ်းမောင်းထားတဲ့လူတွေ သတိထားနေကြ "

လူတိုင်းသည် အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး ချောင်ရှင်းဂိုဏ်းကို လှောင်ပြောင်ခဲ့ကြသူများသည် သေမတတ် ကြောက်လန့်နေကြပြီဖြစ်သည်။

သူဌေးကောင်း၏ လူများသည် သူတို့စကားကို မကြားရန် မျှော်လင့်နိုင်ကြသည်။

မဟုတ်ပါက သူတို့ သေမိန့်ရပြီးသား ဖြစ်သွားမည်။

ရှုမန်နှင့် ဖုန်းကျင်းရီတို့သည် ယဲ့ဖန်ကို ကြောင်အအ ကြည့်နေကြသည်။

သူတို့ကဲ့သို့ စီးပွားရေးလောကထဲမှ လူများသည် သတင်းစုံကြသည်။

ထို့ကြောင့် သူတို့သည် ချောင်ရှင်းဂိုဏ်းကို သိကြသည်။

ယဲ့ဖန်သည် တကယ်ပင် သူဌေးကောင်းနှင့် တခြားသူများကို ခေါ်လိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။

ဒါက သိပ်ကို အံ့သြစရာမကောင်းဘူးလား။

ကောင်းဟူသည် မီဇီချန်းကို စိုက်ကြည့်လိုက်ပြီး ဘာမှမပြောချေ။

သူသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည့်အခါ သူ၏ သဘောထားမှာ ချက်ချင်း လေးစားသွားသည်။

" ယဲ့လူကြီးမင်း၊ ဒီတစ်ယောက်က လူကြီးမင်းကို ဆန့်ကျင်တဲ့သူလား။ သူ့ကို ဘယ်လို ရှင်းချင်လဲ။ ကျွန်တော် သေချာပေါက် ကူညီပေးပါ့မယ် "

ယဲ့ဖန်သည် ထိုနေရာတွင်သာ ထိုင်နေပြီး သူ့ခြေထောက်များကို ချိတ်လျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" မြင်တဲ့အတိုင်း လုပ်လိုက် "

ထို့နောက် စကားရပ်လိုက်သည်။

ကောင်းဟူသည် ချက်ချင်း လေးစားစွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ "

သူသည် ယဲ့ဖန်၏ ခွေးတစ်ကောင်ကဲ့သို့ နာခံမှုအပြည့်ရှိနေသည်။

ဤသည်မှာ ရှိနေသူတိုင်းကို ထိတ်လန့်စေသည်။

ချောင်ရှင်းဂိုဏ်းသည် မကောင်းဘူးဆိုလျှင်ပင် ယန်းချန်းမြို့၌ ရှိသည့် မြေအောက်အဖွဲ့အစည်း သုံးခုထဲမှ တစ်ခု ဖြစ်သည်။

သို့သော် သူတို့၏ သူဌေးမှာ ယဲ့ဖန်ကို အလွန်လေးစားလေသည်

ဤသည်မှာ မယုံနိုင်စရာကောင်းလှသည်။

ဖုန်းကျင်းရီသည် ယဲ့ဖန်၏ ဘေးတိုက်မျက်နှာကို မှင်သက်စွာ ကြည့်နေသည်။

ယဲ့ဖန်၏ လက်ရှိပုံစံမှာ အလွန်ဆွဲဆောင်မှုရှိလွန်းသည်။

အထူးသဖြင့် 'မြင်တဲ့အတိုင်း လုပ်လိုက်'ဆိုသည့် ရိုးရှင်းသော စာကြောင်းလေးနှင့် လူများစွာ၏ ကံကြမ္မာကို အလွယ်တကူ ထိန်းချုပ်နိုင်ပုံမှာ ဩဇာတိက္ကမ ပြည့်လှသည်။

ဤသည်မှာ သူရဲကောင်းတစ်ယောက်၏ စစ်မှန်သော ပုံစံဖြစ်သည်။

ကောင်းဟူသည် ယဲ့ဖန်၏ အမိန့်ကို လက်ခံရရှိပြီး မီဇီချန်းဘက် လှည့်လိုက်သည်။

" အဘိုးကြီး၊ မင်းက ဘယ်သူ့ကိုမဆို စော်ကားနိုင်ပေမယ့် ယဲ့လူကြီးမင်းကိုတော့ မရဘူး။ အဲ့လို မျက်စိကန်းတဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်နိုင်တယ်။ ငါ့ကိုပြော၊ မင်း ဘယ်လိုသေချင်လဲ "

'ယဲ့လူကြီးမင်း'ဟူသည့် စကားကို မီဇီချန်း ကြားလိုက်သည့်အခါ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

သူသည် ဂျပန်၌ အလုပ်ရှုပ်နေခဲ့သည်။

သူ ဤနှစ်ရက်တွင် ယန်းချန်းမြို့သို့ ပြန်လာသောအခါ ယဲ့လူကြီးမင်း အကြောင်းကို လူအများမှ ပြောဆိုနေကြပြီး တန်ခိုးရှင်အဖြစ် ချီးကျူးနေသည်ကို ကြားလိုက်ရသည်။

ထိုအကြောင်းကို သူ အမြဲသံသယရှိခဲ့သည်။

အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က သူတို့ပြောသလို တကယ်ပဲ အစွမ်းထက်တာလား။

အနာဂတ်မှာ အခွင့်ကောင်းရှိရင် ယဲ့လူကြီးမင်းနဲ့ တွေ့ရမယ်။

သို့သော် ထိုယဲ့လူကြီးမင်းနှင့် တွေ့ဆုံပုံမှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ထို့အပြင် သူသည် ရောက်လာသည့်အချိန်ကတည်းက ယဲ့လူကြီးမင်းကို စော်ကားခဲ့သည်။

သူ့သမီးမှလည်း ထိုကောင်လေးမှာ ယဲ့လူကြီးမင်းဖြစ်ကြောင်း တစ်ခါမှ မပြောဖူးချေ။

အမှန်တွင် မီဇီချန်းသည် မီနာအား မှားယွင်းစွပ်စွဲနေခြင်းဖြစ်သည်။

မီနာသည် ထိုလူငယ်လေး၏ သရုပ်မှန်ကို မသိပေ။

မဟုတ်ပါက အသက်တစ်ရာရှိလျှင်ပင် သူ့ကို စော်ကားရဲမှာ မဟုတ်ချေ။

သူမ အူများ စိမ်းပုတ်သည်အထိ အလွန်နောင်တရနေပြီဖြစ်သည်။

ယဲ့ဖန်တို့သည် ထိုဖောက်သည်များကိုသာ ပြန်လိုချင်ခဲ့ကြခြင်းဖြစ်သည်။

အဲ့ကတည်းက သူတို့ကို ပြန်ပေးခဲ့သင့်တာ မဟုတ်လား။

သို့သော် သူမတွင် လူပေါ်ကြော့ဆန်သော စိတ်ဓာတ်ကြောင့် သူ့အဖေသည် ထိုကိစ္စကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ခံစားခဲ့သည်။

ယခုအခါ သူတို့ သားဖနှစ်ယောက်သည် သေတွင်းထဲ ခုန်ဆင်းသလို ဖြစ်နေခဲ့သည်။

မီဇီချန်းသည် လျင်မြန်စွာ စိတ်ငြိမ်သက်အောင်လုပ်ပြီး တောင်းပန်တိုးလျှိုးစွာ ပြုံးလိုက်သည်။

" အစ်ကိုဟူ၊ ဒါက ယဲ့လူကြီးမင်းကြီးမှန်း တကယ် မသိခဲ့လို့ပါ။ မဟုတ်ရင် အသက်တစ်ရာရှိရင်တောင် သူ့ကို စော်ကားရဲမှာ မဟုတ်ပါဘူး .... "

ရှုမန်နှင့် ဖုန်းကျင်းရီတို့သည် ယဲ့ဖန်အား 'ယဲ့လူကြီးမင်းကြီး'ဟု ခေါ်သည်ကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

လေးစားမှုကို ဆိုလိုကြောင်း ပြောနိုင်သော်လည်း အသက်ခြောက်ဆယ်နီးပါး အဘိုးကြီးတစ်ဦးမှ အသက်နှစ်ဆယ်အရွယ် လူငယ်လေးအား 'လူကြီးမင်းကြီး'ဟု ခေါ်ခြင်းသည် ရယ်စရာကောင်းလှသည်။

ကောင်းဟူ သူ့စကားတွေကို နားမထောင်ချင်ပေ။

သူက ဖြတ်ပြောလိုက်သည်။

" ကောင်းပြီ၊ အရေးမပါတဲ့ စကားတွေကို ရပ်လိုက်။ မင်းကိုယ်တိုင် မရွေးချယ်နိုင်ဘူးဆိုတော့ မင်းအတွက် ငါရွေးပေးမယ်။ အပိုင်းပိုင်း ခုတ်ပြီး ငါးစာကျွေးမယ်ဆို ဘယ်လိုလဲ "

ထိုစကားကိုကြားသောအခါ မီဇီချန်း မူးလဲမတတ် ဖြစ်သွားသည်။

" ပြောင်းကျီ၊ လုပ်လိုက်တော့ "

ကောင်းဟူ ဘာမှ မပြောဘဲ ရှု ပြောင်းကို တိုက်ရိုက် လက်ပြလိုက်သည်။

ရှုပြောင်းသည် ကောင်းဟူ၏ ညွှန်ပြချက်ကို ကြားပြီး ဓားတစ်လက်နှင့် မီဇီချန်း ဆီသို့ ချက်ချင်း လျှောက်သွားသည်။

အစည်းအဝေးခန်းသည် ချက်ချင်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

လူတိုင်းသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ချောင်ရှင်းဂိုဏ်းမှ လူများသည် တံခါးကို ပိတ်ဆို့ရပ်ထားသောကြောင့် သူတို့မှာ လုံးဝ မလွတ်မြောက်နိုင်ချေ။

အထူးသဖြင့် အားနည်းသော မီဇီချန်း၏ ကိုယ်ရံတော်များ ဖြစ်သည်။

သူတို့သည် အမြန်ဆုံး ကိုယ်ရောင်ဖျောက်ပြီး တခဏချင်းတွင် ပျောက်သွားကြသည်။

အပိုင်း ( ၇၇၈ )

မတွေ့ရတာ ကြာတာနဲ့ အစ်ကိုဟူက အခြားသူရဲ့ ခွေးတစ်ကောင် ဖြစ်နေပြီလား။

မီဇီချန်းသည် ရှု ပြောင်းမှ လူသတ်တော့မည့် အရိပ်အယောင်နှင့် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရပြီး ချက်ချင်း စိတ်ပျက်လက်ပျက်ဖြင့် ထအော်လိုက်သည်။

" အစ်ကိုဟူ၊ ကျွန်တော့်ကို သနားပါ။ အစ်ကိုဟူ၊ မှားခဲ့တာတွေ သိပါတယ်။ ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးပါ့မယ်။ ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ "

သို့သော် ကောင်းဟူသည် သူ့တောင်းဆိုချက်ကြောင့် မတုန်လှုပ်သွားပေ။

သူ့မျက်လုံးထဲ၌ ထိုလူမှာ လူသေဖြစ်နေပြီဖြစ်သည်။

မီဇီချန်းသည် အသနားခံရသည်မှာ အချည်းနှီးဖြစ်ကြောင်း မြင်လိုက်ရသည်။

ထို့နောက် သူ့အနောက်၌ ရပ်နေသာ သူ၏သမီးကို ရုတ်တရက် ဆွဲထုတ်ပြီး သူ့ရှေ့မှာ ရပ်စေလိုက်သည်။

" အစ်ကိုဟူ၊ ဒါတွေအားလုံးက ဒီမိန်းမကြောင့်ပဲ။ သတ်ချင်ရင် သူ့ကို သတ်ပစ်လိုက်။ မသေချင်သေးဘူး .......... "

ယဲ့ဖန်နှင့် ကျန်လူများသည် မီဇီချန်း၏ အရှက်ကင်းမဲ့မှုကြောင့် အံ့အားသင့်သွားကြသည်။

သူ့အသက်အား ကယ်တင်ရန်အတွက် မဆိုင်းမတွပင် သူ၏ သမီးကို စတေးလိုခဲ့သည်။

မီနာသည် သူမ၏ အဖေကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

" အဖေ၊ ဘယ်လိုလုပ် ဒီလိုမျိုးတွေ ပြောနိုင်တာလဲ "

မီဇီချန်းသည် သူမကို နှလုံးသားမဲ့စွာ ကြည့်နေသည်။

" ငါပြောတာ ဘာမှားသွားလို့လား။ မင်းသာ သူတို့ကို အရင် ပြဿနာ မရှာခဲ့ဘူးဆိုရင် ဒါတွေအားလုံး ဖြစ်လာမှာလား။ မင်းက ဒီကိစ္စကို ဖြစ်လာစေခဲ့တဲ့သူမလို့ သေချာပေါက် မင်းကပဲ အကျိုးဆက်တွေကို ခံရမယ်။ ပြီးတော့ ငါမင်းကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့ပြီး စည်းစိမ်ဥစ္စာတွေကို ခံစားခွင့် ပေးခဲ့တယ်။ အခု ငါ့ကျေးဇူးကို ဆပ်ဖို့အချိန်တန်ပြီ "

မီနာသည် ချက်ချင်း ခါးသီးစွာ ရယ်သည်။

" ဟားဟားဟား၊ ဒီစကားတွေကို အဖေ့ပါးစပ်က ထွက်လာတာ တကယ် မယုံနိုင်ဘူး။ ကောင်းပြီလေ၊ ကျွန်မကို အဖေပေးခဲ့တဲ့ အသက် အခု ပြန်ပေးလိုက်မယ် "

ထိုစကားကို ပြောပြီးနောက် သူမသည် လှည့်ကြည့်ကာ ရှုပြောင်း၏ လက်ထဲမှ ဓားကို လုယူရန် ကြိုးစားခဲ့သည်။

ရှုပြောင်းသည် ဘာဖြစ်နေသည်လဲဆိုတာ နားမလည်နိုင်တော့ပေ။

သူသည် အမြန်ရှောင်လိုက်ပြီး အကူအညီတောင်းရန် ယဲ့ဖန်ကို ကြည့်လိုက်သည်။

ယဲ့ဖန် မျက်လုံးဝေ့ပြီး ရုတ်တရက်ပြောလိုက်သည် ။

" ကောင်းပြီ၊ ဒီနေ့တော့ သူတို့အသက်ကို လွှတ်ပေးလိုက်ကြရအောင် "

နောက်ဆုံးတွင် ရှိနေသူအားလုံး သက်ပြင်းချလိုက်ကြသည်။

နောက်ဆုံးတော့ ဘယ်သူမှ မသေရတော့ဘူး။

ယဲ့လူကြီးမင်းသည် အလွန်ကြင်နာတတ်သည်ဟု လူတိုင်းက ထင်မြင်ကြသည်။

သို့သော် ကောင်းဟူသည် ယဲ့ဖန် မည်မျှရက်စက်သည်ဆိုတာ သိလေသည်။

ထိုအဖေနှင့် သမီးသည် နှစ်ယောက်ကြားမှရန်ငြိုးများကို ဘယ်တော့မှ ကုစားနိုင်မှာမဟုတ်ချေ။

တစ်ယောက်နှင့် တစ်ယောက် သတ်ကြပေမည်။

အဖေနှင့်သမီး အချင်းချင်း သတ်ဖြတ်ကြသည်မှာ ကြေကွဲစရာကောင်းလှသည်။

ဒီယဲ့လူကြီးမင်းက တကယ်ကို ရက်စက်လွန်းတယ်။

ရက်စက်လွန်းတယ်။

မီဇီချန်းကဲ့သို့သော မြေခွေးအိုကြီးသည် ယဲ့ဖန်၏ အစီအစဉ်ကို သဘာဝကျစွာ နားလည်လေသည်။

သူသည် မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူမိုက်တစ်ယောက်၏ အသံ ရုတ်တရက် ထွက်လာသည်။

" ဘယ်သူလဲ၊ ငါ့နယ်မြေကို ငါ့လူတွေ ဒုက္ခပေးရဲတာလား။ ငါတို့ကို ပုန်ကန်ချင်နေတာလား "

ထို့နောက်တွင် သားမွေးကုတ် ၀တ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်လာပြီး သူ၏ အနောက်တွင် တေလေကြမ်းပိုးများ ဖြစ်ကြသည့် လူတစ်စု ဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် အသက်လေးဆယ်ဝန်းကျင် ရှိပြီဖြစ်သည်။

အထူးခြားဆုံးမှာ နဖူးပေါ်ရှိ ဒေါင်လိုက်အမာရွတ်ကြီးဖြစ်သည်။

ရုတ်တရက် ကြည့်လိုက်သည့်အခါ မျက်လုံးနှင့် တူလေသည်။

ကောင်းဟူသည် ထိုလူကို မြင်သောအခါ ချက်ချင်း ရယ်မောလိုက်သည်။

" မျက်လုံးသုံးလုံး၊ မတွေ့တာကြာပြီ "

ထိုလူသည် ကောင်းဟူကို မြင်သောအခါ သူ၏အမူအရာ အနည်းငယ် ပြောင်းသွားသည်။

" ကောင်းဟူလား။ ငါ့နယ်မြေကို လူတွေအများကြီးခေါ်လာပြီး မင်း ဘာလုပ်ချင်နေတာလဲ "

ကောင်းဟူ အံ့သြသွားသည် ။

" ဒါဆို ဒါက မင်းရဲ့နယ်မြေလား။ ဒါဆို ဒီလူက မင်းရဲ့လူတွေထဲက တစ်ယောက်လားဂ"

ထို့နောက် မီဇီချန်းကို ညွှန်ပြလိုက်သည်။

မီဇီချန်း အမြန်ပြေးသွားသည် ။

" အစ်ကိုကြီး၊ မင်း ငါ့ကိုကူညီရမယ်။ သူတို့က အခု ငါ့ကို သတ်ချင်နေတာ "

မျက်လုံးသုံးလုံး၏ မျက်ခုံးများ ချက်ချင်း ပင့်တက်သွားသည်။

" ကောင်းဟူ၊ မင်း သူ့ကို မတိုက်ခိုက်ခင်တုန်းက သူက ငါတို့ ကျုံးရီခန်းမအဖွဲ့ဝင်တစ်ယောက်ဆိုတာ မင်းသိလား "

ကောင်းဟူ ခေါင်းညိတ်လိုက်သည်။

" ငါကြားတယ် "

" သူက ငါတို့ ကျုံးရီခန်းမကဆိုတာ မင်း သိတာတောင် မင်း သူ့ကို ထိရဲသေးတာလား။ မင်း ငါတို့ ကျုံးရီခန်းမကို မင်း မျက်လုံးထဲ မထည့်ဘူးလား "

ကောင်းဟူ လုံးဝနောက်မဆုတ်သွားချေ။

သူ့ကိုသာ လှောင်ရယ်နေခဲ့သည်။

" မင်းရဲ့ ကျုံးရီခန်းမကို မျက်လုံးထဲ မထည့်တော့ မင်း ငါ့ကို ဘာလုပ်မှာလဲ "

မျက်လုံးသုံးလုံးသည် သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

" မင်းရဲ့ မျိုးဆက်သစ်က အရင်တုန်းကလိုပဲလို့ မင်း တကယ်ကြီး ထင်နေလား။ အခု ကောင်းကျူမင်း သေသွားပြီဆိုတော့ မင်းတို့အားလုံးက ငါ့မျက်လုံးထဲမှာ အမှိုက်တွေချည်းပဲ။ ငါ့ရှေ့မှာ မင်း ဒီလောက်ထိ မောက်မာရဲတဲ့သတ္တိ ဘယ်ကရတာလဲ "

ထိုစကားကို ပြောပြီးသည်နှင့် ချောင်ရှင်းဂိုဏ်းဝင်အားလုံး ဒေါသတကြီး ဖြစ်လာကာ သူတို့ဆီသို့ တိုးဝင်လာသည်။

ကျုံးရီခန်းမမှ လူများကလည်း သူတို့ကိုကြိုဆိုရန် ရှေ့တက်လာကြသည်။

ဖရိုဖရဲ တိုက်ပွဲကြီး အချိန်မရွေး ဖြစ်သွားနိုင်သည်။

ထိုအချိန်တွင် တည်ငြိမ်စွာ ထိုင်နေသည့် ယဲ့ဖန်မှ ရုတ်တရက် ပြောလိုက်သည်။

" ဒီလို သတ်ဖြတ်နေမယ့် မြင်ကွင်းမျိုးကို မမြင်ချင်ဘူး။ မင်းတို့ရဲ့ လက်နက်တွေကို ဖယ်လိုက် "

ကောင်းဟူသည် ချက်ချင်း ဦးညွှတ်ပြီး သဘောတူပြီးနောက် သူ့လက်အောက်ငယ်သားများကို ပြန်ဆုတ်ခိုင်းလိုက်သည်။

မျက်လုံးသုံးလုံး ချက်ချင်း ပြုံးလိုက်သည်။

" ဘာလဲ။ ငါတို့နောက်ဆုံးတွေ့တာ ရက်ပိုင်းပဲရှိသေးတယ် အစ်ကိုဟူက တစ်ယောက်ယောက်ရဲ့ ခွေးဖြစ်သွားပြီလား "

သူသည် စကားပြောနေရင်းနှင့် ယဲ့ဖန်ကိုကြည့်လိုက်ပြီး သူ့အမူအရာ ပြောင်းသွားသည်။

" ယဲ့ဖန်လား "

ယဲ့ဖန်အား ယခင်က မမြင်ဖူးသော်လည်း မကြာသေးမီမှ မီးမောင်းထိုးပြခံရသည် ထိုလူငယ်ကို မသိသည်မှာ မဖြစ်နိုင်ပေ။

သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။

ထိုအချိန်တွင် ကောင်းဟူသည် လမ်းလျှောက်လာပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

" မင်းရဲ့လူတွေက ယဲ့လူကြီးမင်းကို စော်ကားခဲ့တယ်။ မင်း ဒီကိုဂကိုယ်ကိုယ် ရောက်လာတာဆိုတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ ထ

မျက်လုံးသုံးလုံး လှည့်၍ မီဇီချန်းကို ကြည့်လိုက်သည်။

မီဇီချန်း ရှက်စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

" ဘော့စ်၊ ကျွန်တော် ဂျပန်မှာ အလုပ်ရှုပ်နေတာ ကြာပါပြီ ….... ဒီကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပြန်ရောက်တာဖြစ်လို့ ယဲ့လူကြီးမင်းကို မမှတ်မိလိုက်ပါဘူး "

မျက်လုံးသုံးလုံးသည် သူ့ကို စကားပြီးအောင်ပင် မစောင့်ဘဲ အနှောင့်အယှက်ပေးလိုက်သည်။

" နားလည်မှုလွဲတာက ဖြေရှင်းလို့ မရဘူးလား။ ဘာပဲဖြစ်ဖြစ် ယဲ့လူကြီးမင်းက ဘေးကင်းတယ်ဆို ဒီကိစ္စပြီးသွားပြီလေ "

ကောင်းဟူ ချက်ချင်း ရယ်လိုက်သည်။

" မင်းပြောတာနဲ့ လုပ်ပေးရမှာလား။ ယဲ့လူကြီးမင်းက သဘောထားကြီးပြီး သူ့ကို မသတ်ခဲ့ဘူး။ သေဒဏ်ကနေ ရှောင်လွှဲနိုင်ပေမဲ့ ပြစ်ဒဏ်ကနေတော့ မလွတ်နိုင်ဘူး။ အနည်းဆုံးတော့ အဓိပ္ပါယ်ရှိဖို့ သူ့လက်နှစ်ချောင်းကို ဖြတ်ပစ်ရမှာပဲ မဟုတ်လား "

မျက်လုံးသုံးလုံး၏ မျက်နှာသည် မည်းမှောင်သွားသည်။

" ကောင်းဟူ၊ အရမ်းကြီး မလွန်နဲ့။ သူက ငါ့လူ။ မင်း သူ့ကို သင်ခန်းစာပေးရမယ့်နေရာမဟုတ်ဘူး "

ကောင်းဟူ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ ငါသူ့ကို မထိဘူး။ အဲ့တာကို မင်းကိုယ်တိုင်လုပ်ပြီးတော့ ယဲ့လူကြီးမင်းကို ရှင်းပြလိုက် "

မျက်လုံးသုံးလုံးက အေးစက်စွာ ပြောလိုက်သည်။

" ဘာရှင်းပြစရာရှိလို့လဲ။ မင်း ကောင်းဟူဆိုတဲ့ကောင်မှာ သတ္တိရှိတယ်လို့ ငါ ထင်ခဲ့ပေမယ့် အခု ကောင်လေးတစ်ယောက်ကို ကြောက်ရတဲ့အထိ မင်းက တခြားတစ်ယောက်ရဲ့ ခွေးဖြစ်ချင်နေတာလား။ မင်းက ယဲ့ဖန်ကို ကြောက်ပေမယ့် ငါကတော့ မကြောက်ဘူး "

သူသည် စကားပြောနေရင်းဖြင့် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ချီးကို ယဲ့လူကြီးမင်းလား။ ငါ မင်းကို မျက်နှာသာပေးရင် မင်းက ယဲ့လူကြီးမင်းပဲ။ ဒါပေမဲ့ ငါက မင်းကို မျက်နှာသာမပေးရင် မင်းက ဘာကောင်မှ မဟုတ်ဘူး "

အစည်းအဝေးခန်းကြီးသည် အလွန်တိတ်ဆိတ်နေသည်။

အားလုံး၏ အကြည့်များသည် ယဲ့ဖန်ဆီ ရောက်နေကြသည်။

ဤကဲ့သို့ စော်ကားခြင်းကို ခံရပြီး လက်တုံ့ပြန်မှု မရှိပါက မျက်နှာအား ပါးရိုက်ခြင်းမျိုး ဖြစ်ပေလိမ့်မည်။

အပိုင်း ( ၇၇၉ )

ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ

ယဲ့ဖန် ဖြည်းဖြည်းချင်း ထရပ်ပြီး မျက်လုံးသုံးလုံးဆီသို့ လျှောက်သွားသည်။

သူသည် မျက်လုံးသုံးလုံးထက် ခေါင်းတစ်လုံးစာအပြည့် အရပ်ရှည်သောကြောင့် သာလွန်သော ရောင်ဝါမှာ ပိုသိသာနေသည်။

" ခင်ဗျားက ကျုံးရီခန်းမရဲ့ သူဌေးလား "

သူ့အသံသည် အလွန်နူးညံ့နေပြီး ဒေါသအရိပ်အယောင်ပင် မရှိချေ။

" ကျွန်တော်ပါ။ ယဲ့လူကြီးမင်းမှာ ဘာညွှန်ကြားချက်တွေ ရှိလို့လဲ "

မျက်လုံးသုံးလုံးသည် သူ့မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ရှိနေသည်။

ထိုနာမည်ကြီး ယဲ့လူကြီးမင်းကို လုံးဝအလေးအနက်မထားချေ။

" ခင်ဗျားက ကျွန်တော့်နာမည်ကို ကြားပြီးမှတော့ ကျွန်တော့်ကို စော်ကားရင်ဖြစ်မယ် အကျိုးဆက်ကို သိသင့်တယ် မဟုတ်လား "

ယဲ့ဖန်သည် သူငယ်ချင်းဟောင်းတစ်ဦးနှင့် စကားပြောနေသကဲ့သို့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေးသည်။

" နျုံစစ်သွမ်း၊ ကောင်းကျူမင်းနဲ့ ရီမိသားစု အားလုံး တော်တော် သနားစရာကောင်းအောင် နိဂုံးချုပ်သွားတာကို ကြားပါတယ်။ ဒါကြောင့် ယန်းချန်းမြို့တစ်ခုလုံးက မင်းကို အရမ်းကြောက်နေကြတယခ။ မင်းကို နှောင့်ယှက်တဲ့သူတွေက ကောင်းတဲ့အဆုံးသတ်ရမှာ မဟုတ်ဘူးလို့ ပြောကြတယ် "

မျက်လုံးသုံးလုံးသည် ယဲ့ဖန်၏ ကိစ္စများကို သူ၏ကိုယ်ပိုင်နောက်ကျောကဲ့သို့ သိသည်။

" သိပြီးသားကိုတောင် စော်ကားရဲမှတော့ ခင်ဗျားကို ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား "

ယဲ့ဖန်၏ အသံသည် ခြိမ်းခြောက်မှု များဖြင့် ပြည့်နှက်နေသည်။

" ဟားဟားဟား၊ ငါ့ရဲ့ ကျုံးရီခန်းမက ဓါးပေါ်က သွေးတွေကို လျှာနဲ့လျက်တဲ့ လုပ်ငန်း အမြဲလုပ်နေတာ။ ခြိမ်းခြောက်ခံရတိုင်းသာကြောက်နေရင် တရားထုတ်နေတာတောင်ကြာပြီ။ မင်းမှာ ဘာလှည့်ကွက်တွေရှိလဲ၊ ယဲ့လူကြီးမင်း။ အဲ့တာတွေကို သုံးလိုက်။ ငါ မျက်လုံးသုံးလုံးက 'သူရဲဘောကြောင်'တဲ့ စကားလုံးတွေ ပြောရင် ငါက ခွေးမသားပဲ "

မျက်လုံးသုံးလုံးသည် သူ၏ ခြိမ်းခြောက်မှုကို ကြုံနေသော်လည်း အလွန်စိတ်ခိုင်မာနေဆဲဖြစ်သည်။

ကျုံးရီခန်းမမှလူများသည် ချောင်ရှင်းဂိုဏ်းမှ လူများကို ပို၍ မာနကြီးစွာဖြင့် ကြည့်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ချောင်ရှင်းဂိုဏ်းမှ လူများသည်လည်း ခေါင်းမမော့နိုင်လောက်အောင် ရှက်နေကြသည်။

ချောင်ရှင်းဂိုဏ်းသည် ကျုံးရီခန်းမအား အမြဲနှိမ်ခဲ့သော်လည်း ယနေ့တွင် တစ်ဖက်မှ အသာစီးရနေသည်။

သူတို့သည် သူဌေး ကောင်းဟူကိုလည်း အပြစ်မတင်ဝံ့ကြချေ။

ယဲ့လူကြီးမင်းမှ ကျုံးရီခန်းမကို လေးနက်သောသင်ခန်းစာ ပေးလိမ့်မည်ဟုသာ မျှော်လင့်ခဲ့ကြသည်။

ထိုအခါ အနည်းဆုံးဖြင့် ချောင်ရှင်းဂိုဏ်းသည် သူတို့၏ ကျုံးရီခန်းမထက် မနိမ့်ကျကြောင်း သက်သေပြနိုင်လိမ့်မည်။

ယဲ့ဖန်သည် ချက်ချင်း မပေါက်ကွဲသေးချေ။

သူ မီဇီချန်းကို တစ်ချက်ကြည့်လိုက်သည်။

" ကျွန်တော်သိသလောက် မီလူကြီးမင်းက ကျုံးရီခန်းမရဲ့ လုပ်ငန်းတွေကို အမြဲတမ်း တာဝန်ယူနေတာ မဟုတ်လား "

လက်ရှိတွင် မီဇီချန်းသည် မျက်လုံးသုံးလုံး၏ ကျောထောက်နောက်ခံဖြင့် မောက်မာလာပြန်သည်။

" ဟုတ်တယ်။ ဘာဖြစ်လဲ "

ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။

" နောက်ပြီးတော့ ခင်ဗျားဂျပန်မှာ ခင်ဗျားရဲ့လုပ်ငန်းကို အချိန်အတော်ကြာအောင် စီမံခန့်ခွဲနေတာလည်း ကြားထားတယ်။ ဒီလုပ်ငန်းက အရမ်းအရေးကြီးတယ် မဟုတ်လား "

မျက်လုံးသုံးလုံးက စိတ်မရှည်တော့ချေ။

" မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ "

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

" ကြုံကြိုက်စွာနဲ့ပဲ ငါ့မှာ ဂျပန်က သူငယ်ချင်းတချို့ရှိတယ်။ ငါစကားတစ်ခွန်း ပြောလိုက်တာနဲ့ ဂျပန်မှာရှိတဲ့ မင်းတို့ရဲ့လုပ်ငန်းက မြောင်းထဲရောက်သွားလိမ့်မယ်။ တစ်ပြားမှ ပြန်မရနိုင်ဘူး။ အဲ့လိုဆို ယုံမလား "

မျက်လုံးသုံးလုံးသည် ချက်ချင်း ရယ်မောလိုက်သည်။

" ယဲ့ဆိုတဲ့ကောင် ငါက ကြောက်တယ်လို့ မင်းထင်လား။ ဘယ်လောက်ပဲ အာဏာစက်ကျယ်ပါစေ ဂျပန်ထိ ရောက်နိုင်ပါ့မလား။ ငါ မယုံဘူး။ လာ၊ မင်းသူငယ်ချင်းကို အခုပဲ ခေါ်လိုက်။ မင်းမလုပ်နိုင်ရင် မင်းက ငါ့သားပဲ "

တစ်ချိန်တည်းမှာပင် အစည်းအဝေးခန်းမထဲ၌ ဆွေးနွေးမှုများ ဆူညံသွားခဲ့သည်။

" ဒါ ယဲ့လူကြီးမင်း ကြွားလုံးထုတ်နေတာပဲ မဟုတ်လား။ ယန်းချန်းမြို့မှာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဂျပန်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ "

" ကျုံးရီခန်းမက လူတွေကို ကြောက်အောင်လုပ်ဖို့ပဲ မဟုတ်လား။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါတော့ မယုံဘူး "

" သူ့ကိုယ်သူ နိုင်ငံတကာ သူဌေးကြီးလို့ တကယ်ကြီး ထင်နေတာလား။ ဂျပန်တွေက လက်ခံမယ် ထင်နေလား "

" သူဌေးမျက်လုံးသုံးလုံးက သူဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင် "

သူတို့သာမက ရှုမန်၊ ဖုန်းကျင်းရီနှင့် ကောင်းဟူတို့သည်လည်း ယဲ့ဖန်၏ စကားများသည် အနည်းငယ် ချဲ့ကားလွန်းသည်ဟု ခံစားမိသည်။

သို့သော် သူတို့သည် ယဲ့ဖန်ဘက်၌ ရှိနေကြ၍ သဘာဝကျစွာဖြင့် ယဲ့ဖန်လုပ်ရပ်ကို မေးခွန်းထုတ်မှာ မဟုတ်ချေ။

ခြုံပြောရလျှင် ယဲ့ဖန်သည် ထိုကဲ့သို့သော စွမ်းအားရှိနေသည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။

ထိုအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့သည်။

ယဲ့ဖန်သည် ဖတ်ကြည့်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ပိုတောက်ပလာသည်။

မျက်လုံးသုံးလုံးသည် သူ့အပြုံးကို မြင်ပြီး လှောင်ပြောင်လိုက်ပြန်သည်။

" ဘာလဲ။ ဂျပန်က ငါ့စီးပွားရေး ပျက်သွားပြီဆိုတဲ့အကြောင်း စာရတယ်လို့ မပြောနဲ့။ ယဲ့လူကြီးမင်းက တကယ်ကို အံ့သြစရာကောင်းတာပဲ။ တွေးလိုက်တာနဲ့ အစွမ်းထက်သွားရောလား။ မင်းကို လေးစားပါတယ် "

သူ၏ ကဲ့ရဲ့လှောင်ပြောင်သံကို လူတိုင်းမှ ကြားနေရပြီး ကျုံးရီခန်းမမှ လူတစ်စုကလည်း ရယ်မောလိုက်ကြသည်။

ထိုအချိန်တွင် မီဇီချန်း၏ ဖုန်းမှ ရုတ်တရက် မြည်လာသည်။

ခေါ်ဆိုသူကိုကြည့်ပြီး ပြုံးနေသည်ကို ရပ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

မီဇီချန်း၏ အမူအရာသည် ရုတ်တရက် အလွန်ရုပ်ဆိုးသွားသည်ကို လူတိုင်း တွေ့လိုက်ကြပြီး ထို့နောက် ကျွန်းဘာသာစကားဖြင့် စကားလုံးအချို့ ပြောနေသည်ကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မီဇီချန်း၏ နဖူးမှ ချွေးပေါက်ကြီးများ လှိမ့်ကျလာသည်။

မျက်လုံးသုံးလုံးသည် ရုတ်တရက် ဆိုးရွားသော ခံစားချက်ကို ခံစားလာရသည်။

မီဇီချန်း ဖုန်းချပြီးသည့်အခါ စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

" ဘာဖြစ်တာလဲ "

မီဇီချန်း ချက်ချင်း ပြန်မဖြေချေ။

သူသည် ယဲ့ဖန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

မျက်လုံးသုံးလုံးသည် စိတ်ပူလွန်း၍ သူ့ကို ရိုက်ချင်လာသည်။

" ဘာဖြစ်တာလဲ။ မင်း ဘာလို့ ဘာမှမပြောတာလဲ "

မီဇီချန်းသည် အာရုံတွေ ပြန်ကပ်လာပြီး တုန်ရီနေသော နှုတ်ခမ်းများဖြင့် ပြောလိုက်သည်။

" ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို ဂျပန်စစ်ဆေးရေးရုံးက သိမ်းဆည်းသွားတဲ့အကြောင်း ဂျပန်ကနေ သတင်းရပါတယ် ...... "

မျက်လုံးသုံးလုံးသည် ချက်ချင်း အေးခဲသွားသည်။

" ဖမ်းဆီးခံရတာလား။ ဘာလို့ သိမ်းတာလဲ။ ပစ္စည်းတွေက အဆင်ပြေတယ်လို့ မင်းပဲပြောတာ မဟုတ်ဘူးလား "

မီဇီချန်းသည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။

" ဒီတစ်ခေါက် မီရာဇကီပြည်နယ်က အဆင့်မြင့်အရာရှိတချို့ကို လာဘ်ထိုးပြီး ဂိုဒေါင်ကို ကောင်းကောင်းဝှက်ထားပါတယ်။ အဲ့တာက လုံးဝ အဆင်ပြေတယ်။ ဒါပေမဲ့ အဲ့ဒိထအဆင့်မြင့်အရာရှိတွေ ရုတ်တရက် အဖမ်းခံလိုက်ရပြီး ကျွန်တော်တို့ရဲ့ ဂိုဒေါင်က ဖော်ခံလိုက်ရတာပါ။ ယွမ် ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအားလုံးကို သိမ်းခံလိုက်ရပါတယ် ....... "

သူ စကားမဆုံးခင်တွင် မျက်လုံးသုံးလုံး၏ အမြင်အာရုံတွေ မည်းမှောင်သွားပြီး မူးလဲမတတ် ဖြစ်သွားသည်။

ကျုံးရီခန်းမသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် လျင်မြန်စွာ မြင့်တက်လာနိုင်ခြင်း အကြောင်းရင်းမှာ သူတို့သည် ရွှေတြိဂံဒေသမှ အကောင်ကြီးတစ်ယောက်နှင့် လျှို့ဝှက်ဆက်သွယ်မှုရခဲ့ပြီး ဂျပန်နိုင်ငံသို့ မကောင်းသော ကုန်ပစ္စည်းတချို့ကို ပို့ဆောင်ရန် ကူညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒုန်းအန်းကုမ္ပဏီ ဖောက်သည်များအား လုယူရသည့် အကြောင်းရင်းမှာ သေချာပေါက် အမြတ်ထွက်မည့် ထိုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ရန်ပုံငွေများ စုဆောင်းခြင်း ဖြစ်သည်။

သို့သော် အခုအခါ အရာအားလုံး ပြီးသွားပြီဖြစ်သည်။

သူသည် ယဲ့ဖန်ကို ပြန်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

အရင်ကလို မောက်မာမှု မရှိတော့ချေ။

သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

" ယဲ့ ..... ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်တော်တို့အားလုံးကို အသက်ရှင်ခွင့်ပေးပါ "

အပိုင်း ( ၇၈၀ )

ဘော့စ်အကြီးစားဆိုတာ ဘာလဲ။

မျက်လုံးသုံးလုံး၏ ဒူးထောက်ခြင်းသည် ရှိနေသူအားလုံးကို အံ့သြသွားစေသည်။

သူသည် ခုနကထိ မာနကြီးနေပြီး ယဲ့ဖန်ကို မျက်လုံးထဲပင် မထည့်ခဲ့သော်လည်း အခုအခါ တကယ်ပင် ဒူးထောက်ပြီး အသနားခံနေရသည်။

သူ့မျက်နှာအား ပါးရိုက်လိုက်ခြင်းဖြစ်သည်။

ရှုမန်နှင့် ဖုန်းကျင်းရီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

သူတို့သည်လည်း အလွန်တုန်လှုပ်သွားကြသည်။

ယဲ့ဖန်၏ စွမ်းဆောင်ရည်သည် သူတို့ စိတ်ကူးထားသည်ထက် များစွာ သာလွန်ကျော်နေသည် ။

ယဲ့ဖန်သည် လှည့်စားနေသည်ဟုပင် သူမ ခံစားရသည်။

ရက်အနည်းငယ်ကြာ မတွေ့ရသည့်ကြားတွင် သူသည် သူမ၏အသိဉာဏ်ကိုပင် ပြန်လည်သစ်ဆန်းနိုင်စေခဲ့သည်။

သူမသည် သူ့နောက်ကို အသည်းအသန် ပြေးလိုက်လာနေသော်လည်း ပို၍ ဝေးကွာသွားသည်ဟု ခံစားရသည်။

ဖုန်းကျင်းရီသည် စိတ်ရှုပ်သွားသည်။

ယဲ့ဖန်သည် ဤမျှထိ အစွမ်းထက်သည်ကို သူမ သိခဲ့ပါက ယဲ့ဖန်အား သွေးဆောင်ရန် သတ္တိရှိပါဦးမည်လား။

ယဲ့ဖန်ကတော့ တခြားသူများ၏ အတွေးကို ဂရုမစိုက်ချေ။

သူ မျက်လုံးသုံးလုံးကိုသာ ငုံ့ကြည့်နေလိုက်သည်။

" ဒီနေ့ ရှုံးနိမ့်တာကို ဝန်ခံရင် ခွေးမသားဖြစ်လိမ့်မယ်လို့ ခင်ဗျား ပြောသလိုပဲ အခု အရှုံးကို ဝန်ခံနေတာလား "

မျက်လုံးသုံးလုံးသည် သူ့ကိုယ်သူ နှစ်ခါ ပါးရိုက်လိုက်သည်။

" ကျွန်တော်က ခွေးမသားပါ။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါလို့ပဲ တောင်းဆိုပါတယ်။ ကျွန်တော်က အခုကစပြီး လူကြီးမင်းရဲ့လက်ပါးစေပါ။ ကိုက်စေချင်တဲ့ သူတိုင်းကို ကိုက်ပေးပါ့မယ် "

မျက်လုံးသုံးလုံးသည် သူကိုယ်သူပင် ဂရုမစိုက်နိုင်တော့ပေ။

ထိုလုပ်ငန်းတွင် သူ့ပိုက်ဆံ အကုန်လုံးနီးပါး ပုံအောထားပြီး ပိုက်ဆံအများကြီးလည်း ချေးထားရသည်။

ထိုလုပ်ငန်း မအောင်မြင်ပါက အကျိုးဆက် ဘယ်လောက်ပြင်းထန်မည်ဆိုတာ သူ တွေးပင် မတွေးရဲချေ။

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" နောက်ကျသွားပြီ။ ခင်ဗျားရဲ့ပစ္စည်းတွေကို အစိုးရက သိမ်းလိုက်ပြီ။ ခင်ဗျားရဲ့ ဒီလိုလုပ်ငန်းမျိုးက အလင်းထဲမှာ သေသွားမှာပဲ။ ဒါကို ခင်ဗျားက ကျွန်တော့်ထက် ပိုသိသင့်တယ် "

မျက်လုံးသုံးလုံးသည် ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့အမူအရာမှာ မှုန်မှိုင်းသွားသည်။

မီဇီချန်းသည် အမြန်လျှောက်လာသည်။

" သူဌေး၊ ငါတို့ အခု ဘာလုပ်မှာလဲ။ အမြန်ထပြီး နည်းလမ်းကို တွေးပါ။ ဖိန်းထျန်းငွေကြေးအာမခံကလည်း ဖောက်သည်တွေရဲ့ ရန်ပုံငွေတွေ အများကြီးကို အလွဲသုံးစားလုပ်ခဲ့ရတာ။ အခုတော့ အားလုံး ပျက်စီးသွားပြီ။ ငါတို့ ဘာလုပ်သင့်လဲ "

မျက်လုံးသုံးလုံးက သူ့ကို လှည့်ကြည့်သည်။

" ခွေးသား၊ ဒါ မင်းအပြစ်ပဲလေ။ ယဲ့လူကြီးမင်းကို မင်း မစော်ကားရင် ငါ့လုပ်ငန်းက ပျက်ပါ့မလား။ ငါ မင်းကို သတ်ပစ်မယ် ........ "

သူသည် စကားပြောနေရင်းဖြင့် မီဇီချန်းကို မြေကြီးပေါ်သို့ တွန်းချလိုက်ပြီး သူ့ကို စတင်ရိုက်တော့သည်။

ရှိနေသူအားလုံးသည် အေးစက်စွာ စောင့်ကြည့်နေကြသော်လည်း မည်သူကမျှ သူတို့ကို တားဆီးရန် ရှေ့သို့ မတိုးခဲ့ကြပေ။

အထူးသဖြင့် မီနာဖြစ်သည်။

သူမသည် ရင်ခုန်နေသော အမူအရာပင် ရှိနေသည်။

သို့သော် ယဲ့ဖန်ကို ထပ်ပြီး ကြည့်လိုက်သည့်အခါ သူမ၏ အမူအရာမှာ အလွန်ရှုပ်ထွေးသွားရသည်။

ထိုလူငယ်လေးသည် ငယ်ရွယ်နုပျိုချောမောပြီး မိန်းမတိုင်းကို စွဲလန်းစေနိုင်သည့် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားလေသည်။

သူမရည်းစားသည် အလွန်ထူးချွန်သော်လည်း ယဲ့လူကြီးမင်းနှင့် ယှဉ်ပါက သူ့ဖိနပ်ကို သယ်ရန်ပင် မထိုက်တန်ချေ။

ယဲ့ဖန်နှင့် စောစီးစွာ မဆုံဖြစ်ခဲ့သည်ကို သူမ နောင်တရမိသည်။

မဟုတ်ပါက သူ၏ အငယ်အနှောင်းဖြစ်ရန် ကြိုးပမ်းမိလောက်သည်။

အခုအခါ သူမသည် အပျိုမဟုတ်တော့သည့်အပြင် သူမဘက်မှ ကိုယ်တိုင်ကမ်းလှမ်းလျှင်လည်း ယဲ့လူကြီးမင်းက သူမကို နှစ်သက်လိမ့်မည် မဟုတ်ပေ။

" ဥက္ကဌမီ ....... "

မီနာ စိတ်ကူးယဉ်နေချိန်၌ ယဲ့ဖန် ရုတ်တရက် သူ့ခေါင်းကို လှည့်ပြီး သူမကို ကြည့်လိုက်သည်။

" ဘာအမိန့်ရှိပါသလဲ၊ ယဲ့လူကြီးမင်း "

မီနာသည် လျင်မြန်စွာ သတိပြန်ရလာသည်။

ယဲ့ဖန်သည် သူမ၏ အတွေးများကို မြင်သွားသည်ဟု သူမ ထင်လိုက်မိသည်။

သူမ၏ မျက်နှာမှာ နီရဲသွားသည်။

" အစ်မမန်ရဲ့ ဖောက်သည်တွေကို အခု သူမဆီ ပြန်ပေးနိုင်မလား "

ယဲ့ဖန်သည် သူမ၏ အတွေးများကို ဂရုမစိုက်နိုင်ပေ။

သူသည် မူလအစမှ ခေါင်းစဉ်ကို ပြန်ပြောခဲ့သည်။

" ဟုတ်ကဲ့ပါ။ အဲ့ဒီဖောက်သည်တွေရဲ့ ငွေတွေအားလုံးကို ချက်ချင်း ပြန်ပေးပြီး ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလိုက်ပါ့မယ်။ ဒုန်းအန်းကုမ္ပဏီအတွက်လည်း နစ်နာကြေး နှစ်ဆပေးပါ့မယ် "

မီနာသည် ပြဿနာကို မရှာရဲတော့ဘဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူမ စုဆောင်းထားသောငွေများကို အချိန်မီ အသုံးမချခဲ့ချေ။

မဟုတ်ပါက ထိုငွေများသည် မြောင်းထဲသို့ ဆင်းသွားမည် ဖြစ်သည်။

ယဲ့ဖန် သူမကို မကြည့်တော့ချေ။

သူ ရှုမန်ကို လှည့်ကြည့်လိုက်သည်။

" အစ်မ၊ ရလဒ်ကို ကျေနပ်ရဲ့လား "

ရှုမန်၏ မျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ခု ပေါ်လာသည်။

" အရမ်းကျေနပ်တယ်၊ ရှောင်ဖန်။ ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်သည် သူမ၏ နဖူးပြင်ကို နောက်တစ်ကြိမ် တောက်လိုက်ပြန်သည်။

" ကျွန်တော့်ကို ဘာလို့ကျေးဇူးတင်နေတာလဲ။ အပြင်လူလို ဆက်ပြောနေရင် အစ်မကို သင်ခန်းစာ ပေးတော့မယ် "

ရှုမန် နာကျင်လွန်း၍ မျက်ရည်များ ကျလာသော်လည်း သူမနှလုံးသားက ချိုမြိန်နေသည်။

ခေါင်းငုံ့ပြီး ပြန်ဖြေရင်း ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။

" အင်း "

မီနာ မနာလိုဖြစ်မိသည်။

ထိုအမျိုးသမီးသည် သူမထက် ပိုလှပြီး သူမထက်လည်း အရည်အချင်းရှိသည်။

ရှုမန်၏ ယောက်ျားတွေအပေါ် အမြင်မှာ သူမထက်လည်း အဆတစ်ရာ ပိုကောင်းနေမည်ဟု သူမ မမျှော်လင့်ထားချေ။

ထိုသည်မှာ သူမအတွက် တကယ့် ထိုးနှက်ချက်တစ်ခုဖြစ်သည်။

ယဲ့ဖန်သည် ကိစ္စအားလုံး ပြေလည်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ပြီး ကောင်းဟူကို နှုတ်ဆက်ကာ ရှုမန်၊ ဖုန်းကျင်းရီ တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

မိုင်ထောင်ချီဝေးတဲ့ ဂျပန်မှာ ဒီလောက်သြဇာကြီးတဲ့ စွမ်းအားရှိတာ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုပ်လဲ။

ဖိန်းထျန်းရှိ အရာရှိများသည် အချင်းချင်း ထိတ်လန့်တကြားကြည့်နေကြသည်။

ယဲ့ဖန်တို့သုံးဦး ပထမဦးဆုံး ရောက်လာသညိ့အခါ ဤအဆင့်အထိ ရောက်သွားမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

မီမိသားစု၏ ဖခင်နှင့် သမီးတို့သည် အချင်းချင်း ရန်သူဖြစ်သွားရုံမျှမက ဂျပန်ရှိ သူတို့၏ လုပ်ငန်းများကိုလည်း ဆုံးရှုံးခဲ့ရသည်။

ရှုပ်ထွေးလွန်းသည်ဟု ဆိုနိုင်သည်။

ယဲ့ဖန်မှာတော့ ရည်ရွယ်ချက်ကို ရရှိပြီးဖြစ်၍ ဘာကိုမျှ ဂရုမစိုက်ဘဲ ထွက်သွားခဲ့သည်။

သူသည် ရိုးရှင်းပေါ့ပါးစွာ နေနိုင်လွန်းသည်။

ဘော့စ်အကြီးစားဆိုတာ ဘာလဲ။

ဒါက တကယ့်ဘော့စ်အကြီးစားပဲ။

သူတို့သုံးယောက် ဖိန်းထျန်းကုမ္ပဏီ အဆောက်အဦးမှ ထွက်လာသောအခါ အနီရောင် ဂျပန်ကာတွန်းဂါဝန် ၀တ်ဆင်ထားသော မိန်းကလေးကို တွေ့လိုက်ရသည်။

သူမ ပါးစပ်ထဲ၌ ငုံ့ထားသော လော်လီချောင်းလေးတစ်ချောင်း ရှိနေပြီး ယဲ့ဖန်၏ ကားကို မှီနေသည်။

" သခင်၊ ကျန်းဝူရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ရဲ့လား "

ယဲ့ဖန် ထွက်လာသည်ကို သူမ မြင်ပြီး သူ့ဆီသို့ အမြန်ပြေးသွားသည်။

ယဲ့ဖန်သည် ဖိန်းထျန်းငွေကြေးကုမ္ပဏီသို့ မရောက်ခင်၌ ဖုန်းခေါ်ဆိုမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

တစ်ကြိမ်မှာ ဖန်းကျန်းဝူကို ဖုန်းဆက်ပြီး ဖိန်းထျန်းငွေကြေးကုမ္ပဏီ၏ နောက်ခံအကြောင်း စုံစမ်းရန် သူမအား အကူအညီတောင်းခြင်းဖြစ်သည်။

နောက်ဆုံးတွင် မီဇီချန်းသည် ဂျပန်နိုင်ငံ၌ မှောင်ခိုစီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်နေကြောင်း သူသိလိုက်ရသည်။

သူမသည် သူ၏ အောင်ပွဲအတွက် များစွာ အထောက်အကူပြုခဲ့သည်ဟု ဆိုနိုင်သည်။

" ဟုတ်တယ်၊ ငါ အရမ်းကျေနပ်တယ် "

ယဲ့ဖန်သည် ကလေးအဆီတွေရှိသည့် သူမမျက်နှာကို ညှစ်လိုက်သည်။

ရေတွေ ထွက်လာသလိုပင် ခံစားလိုက်ရသည်။

သူမနောက်တွင် ရှုမန်နှင့် ဖုန်းကျင်းရီတို့ နှစ်ဦးစလုံးသည် ထိုချစ်စရာကောင်းသောပုံစံဖြင့် မိန်းကလေးကို ဂရုတစိုက် ကြည့်နေကြသည်။

ယဲ့ဖန်နှင့် သူမ၏ ဆက်ဆံရေးမှာ မည်သို့ရှိသည်ကို သူတို့ မသိကြချေ။

သူတို့နှစ်ယောက်၏ ရင်းနှီးသော လှုပ်ရှားမှုများကို ကြည့်လျှင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အလွန်ကောင်းကြောင်း မြင်နိုင်သည်။

မောင်နှမဆက်ဆံရေးများလား။

ဒါပေမယ့် ဘာလို့ သူ့ကို 'သခင်'လို့ ခေါ်တာလဲ။

ဒီအခေါ်အဝေါ်က နည်းနည်း ညစ်ညမ်းတယ်။

All Chapters