← Chapters

အပိုင်း ၇၈၁-၇၈၄

Vol. 40 Ch. 781-784

အပိုင်း ၇၈၁-၇၈၄

Vol. 40 Ch. 781-784

အပိုင်း ( ၇၈၁ )

ဘာလို့ ထော့နဲ့ထော့နဲ့ ဖြစ်နေတာလဲ

ထိုအချိန်တွင် ကောင်းကင်ယံမှာ မည်းမှောင်လာပြီဖြစ်၍ ယဲ့ဖန် သူမတို့ သုံးဦးနှင့်အတူ ညစာစားရန် ဆုံးဖြတ်လိုက်သည်။

အလှထိပ်ခေါင်လေးသုံးဦးမှာ ယဲ့ဖန် ဘယ်နေရာသွားသည်ဖြစ်စေ လိုက်၍ အဖော်ပြုပေးနေသောကြောင့် အားကျမနာလိုသော အကြည့်များဖြင့် အကြည့်ခံရသည်မှာ စဉ်းစား၍ပင် ရနိုင်သည်။

ထိုကဲ့သို့ အကြည့်မျိုး ရောက်လာသည့်အချိန်တိုင်း ယဲ့ဖန်သည် အလှလေးများနှင့် မထိတရိ နေလိုက်ခြင်းမှာ ထိုလူများအား စိတ်တိုလွန်း၍ သွေးအန်ထွက်လုနီးပါး ဖြစ်စေသည်။

ထမင်းစားပြီးနောက် လေးယောက်လုံးသည် လမ်းလျှောက်ရန်ပင် ပျင်းကြ၍ အနီးနားရှိ တည်းခိုခန်းတွင်သာ အခန်းလေးခန်း စာရင်းပေးပြီး ဝင်တည်းကြသည်။

ယဲ့ဖန်သည် သူ့အခန်းသို့ ပြန်ရောက်ပြီးနောက် ရေချိုးပြီး မီးပိတ်၍ ကုတင်ပေါ်၌ လဲလျောင်းကာ အိပ်ရန် ပြင်ဆင်နေသည်။

သို့သော် ဖန်းကျန်းဝူသည် ဘေးအခန်းတွင် အိပ်နေမည်ကို တွေးလိုက်သောအခါ သူ၏တစ်ကိုယ်လုံး ပူထူလာပြီး အိပ်ပျော်ရန်ပင် အတော် ခက်ခဲလာသည်။

အိပ်ယာပေါ်တွင် ဟိုဒီလှိမ့်လိုက်ရင်း ရုတ်တရက် တံခါးအား ဖြည်းညှင်းစွာ ဖွင့်နေသံကို ကြားလိုက်ရသည်။

ယဲ့ဖန်သည် အိပ်သည့်အခါ တံခါးအား လော့ချတတ်သည့် အလေ့အထ မရှိချေ။

သူ့တွင် ပုံမှန်ထက် သာလွန်သော ခွန်အားရှိသဖြင့် အခန်းထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာပြီး အန္တရာယ်ပြုမည်ကို စိုးရိမ်နေရန်ပေ။

ထိုဝင်လာသူ၏ ခြေသံမှာ အလွန်ပေါ့ပါးသည်။

ထိုသူသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားလေသည်။

ယဲ့ဖန်၏ နှုတ်ခမ်းသည် ပြုံးကာ တွန့်ကွေးတက်သွားသည်။

ဖန်းကျန်းဝူသည် အမှန်တကယ်ပင် သခင်၏ သိတတ်သော တပည့်ကောင်းလေးဖြစ်သည်။

သူ၏ အိပ်ယာကို နွေးထွေးစေရန် လျင်မြန်စွာ လာခဲ့လေသည်။

ယဲ့ဖန်သည် သူ၏ ကုတင်ဘေး၌ ခြေသံများ ရပ်သွားသည်နှင့် ရုတ်တရက် ထပြီး သူမကို ကုတင်ပေါ်သို့ ဆွဲချလိုက်သည်။

ထို့နောက် သူ့လက်ကြားမှ အမျိုးသမီး၏ အော်သံကို ကြားလိုက်ရသည်။

ဟမ်၊ ဖန်းကျန်းဝူ မဟုတ်ဘူးလား။

ယဲ့ဖန်သည် ကုတင်ဘေးရှိ မီးအိမ်ကို အမြန်ဖွင့်လိုက်သည်။

မီးအလင်းရောင်အောက်တွင် ရှိနေသည့် ဖုန်းကျင်းရီ၏ ချစ်စရာကောင်းသော မျက်နှာလေးသည် ယဲ့ဖန်ရှေ့တွင် ပေါ်လာလေသည်။

" မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ "

ယဲ့ဖန် အံ့ဩသွားသည်။

" ကျ ...... ကျွန်မ ........ "

ဖုန်းကျင်းရီ၏ မျက်လုံးများသည် အနည်းငယ် ရှောင်လွှဲနေခဲ့သည်။

သူမသည် ညသန်းခေါင်အချိန်မှာပင် ယဲ့ဖန်၏ အခန်းထဲသို့ ခိုးဝင်ကာ သူမကိုယ်သူမ စတေးရန်အထိ သတ္တိရှိ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် ရောက်လာပြီးသောအခါမှ သူမ အတော်လေး ရင်ခုန်ထိတ်လန့်လာသည်။

ယဲ့ဖန် ခေါင်းငုံ့ပြီး သူမကို သေချာကြည့်လိုက်သည်။

သူမသည် နေ့လယ်ဘက်ကတည်းက ဝတ်ထားသည့် အနီရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။

လက်ရှိတွင် ယဲ့ဖန်၏ ဆွဲရမ်းမှုကြောင့် စကတ်၏ ကြိုးတစ်ချောင်းမှာ ပြုတ်ထွက်သွားပြီး သူမ၏ ဖြူဖွေးနေသည့် အသားအရည်နှင့် ပေါင်တံတို့မှာ ပေါ်လွင်လာသည်။

သူမစကတ်၏ ကာကွယ်ထားသောအပိုင်း လွတ်သွားသည့်အခါ ရှည်လျားပြီး သွယ်လျသော ခြေတံများမှာ အထူးတလည် ဆွဲဆောင်မှု ရှိလှသည်။

" အဲ့တာကို မင်း သေချာစဉ်းစားပြီးပြီလား "

ယဲ့ဖန် ယဉ်ကျေးစွာ မေးလိုက်သည်။

အကယ်၍ ထိုအခိုက်အတန့်တွင် သူမသည် 'မလုပ်ချင်တော့ဘူး'ဟု ပြန်ဖြေခဲ့လျှင်ပင် ယဲ့ဖန် နောက်ဆုတ်နိုင်တော့မည် မဟုတ်ချေ။

" ဟုတ် ........ "

ဖုန်းကျင်းရီ၏ အသံသည် ခြင်တစ်ကောင်လို သေးငယ် နူးညံ့သိမ်မွေ့ပြီး သူမသည် ပူလောင်နေသော ပါးပြင်များကို လက်ဖြင့် အုပ်ထားလေသည်။

ယဲ့ဖန်၏ မျက်နှာပေါ်၌ နတ်ဆိုးဆန်သော အပြုံးမှာ လျင်မြန်စွာ ပေါ်လာ၏။

" ဟုတ် ...... မီးပိတ်လို့ရမလား "

" မီးတွေ ပိတ်လိုက်ရင် မင်းရဲ့ ထူးခြားတဲ့အလှတရားကို ဘယ်လိုလုပ် မြင်နိုင်တော့မှာလဲ "

" ဒါပေမယ့် ကျွန်မ ကြောက်တယ် ....... "

" မကြောက်ပါနဲ့။ ကိုယ် မင်းကို ခွန်အားတွေ ပေးမယ် ........ "

..............................

နောက်တစ်နေ့ မနက်တွင် ယဲ့ဖန် နိုးလာသောအခါ ဖန်းကျန်းဝူသည် အမှန်တကယ် ခိုးဝင်လာခဲ့သည်။

ဖုန်းကျင်းရီသည် ထွက်သွားပြီဖြစ်သည်။

ယဲ့ဖန် အိပ်ရာမှထပြီးနောက် ရေချိုးသန့်စင်ပြီးနောက် ရှုမန်နှင့် ဖုန်းကျင်းရီတို့ လမ်းလျှောက်လာသည်ကို သူမြင်လိုက်ရသည်။

ဖုန်းကျင်းရီသည် ယဲ့ဖန်အနား ရောက်နေနှင့်သော ဖန်းကျန်းဝူကို မြင်လိုက်ရသည့်အခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။

သူမသည် ယဲ့ဖန်ကို တစ်ယောက်တည်းသာ ပိုင်ဆိုင်လိုမိသည်။

သို့သော် သူမသည် ထိုကဲ့သို့ လုပ်ပိုင်ခွင့်မရှိပေ။

ယဲ့ဖန်သည် အားလုံးမှ အပိုင်စားလိုချင်နေသည့် သခင်လေးဖြစ်သည်။

သူမ တစ်ညတာ ပိုင်ဆိုင်ခွင့်ရခဲ့သည်ကိုပင် အတော်ပျော်ရွှင်မိသည်။

" မနက်ခင်းပါ "

ယဲ့ဖန် သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ဖုန်းကျင်းရီနှင့် နှစ်ယောက်တည်းသာ နားလည်နိုင်မည့် ဆွဲဆောင်မှုရှိသော အကြည့်ကို ပစ်လွှတ်လိုက်သည်။

ဖုန်းကျင်းရီ ရှက်ရွံ့ပြီး ခေါင်းငုံ့လိုက်သည်။

မနေ့ညက သူမ ကြုံတွေ့ခဲ့ရသည့်အရာသည် သူမဘဝ၏ အရူးသွပ်ဆုံးအရာပင် ဖြစ်သည်။

ယခု ပြန်တွေးကြည့်သည့်အခါ သူမ၏ မျက်နှာတစ်ခုလုံး နီရဲနေပြီး နှလုံးခုန်သံမှာလည်း မြန်ဆန်လွန်းနေသည်။

သို့သော် ယဲ့ဖန်မှာတော့ ပုံမှန်အတိုင်း ရှိနေပြီဖြစ်သည်။

သူသည် ရှုမန်နှင့် စကားစမြည်ပြောရင်း ရယ်မောနေခဲ့သည်။

" အစ်မမန်၊ ဒီနေ့အတွက် အစီအစဉ်ရှိလား။ အစ်မတို့တွေ ပျော်ဖို့ ယန်းချန်မြို့ကို ကျွန်တော် လိုက်ပြပေးမယ်လေ "

ဖုန်းကျင်းရီသည် ရှုမန်ကို ချက်ချင်း မျှော်တလင့်တကြီး ကြည့်လိုက်သည်။

လက်ရှိတွင် ဖုန်းကျင်းရီသည် သူမ၏'ချစ်ရသူ'နှင့် အချိန် အတူကုန်ဆုံးချင်နေသည်။

သို့သော် ရှုမန်ကတော့ ခေါင်းခါငြင်းလိုက်သည်။

" အဲ့ဒီဖောက်သည်တွေက မနေ့ညက ငါ့ဆီကို ထပ်ပြီး ဆက်သွယ်လာကြတယ်။ စာချုပ်သစ်ချုပ်ချင်တယ်လို့လည်း ပြောနေကြတော့ ဒီနေ့ ငါတို့မှာ အချိန်မရှိလောက်မှာကို စိုးရိမ်တယ်ရယ် "

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်မပြောတော့ပေ။

ဖုန်းကျင်းရီ စိတ်ပျက်သွားသည်။

ထိုအချိန်တွင် ဖန်းကျန်းဝူသည် အခန်းထဲမှ ထွက်လာခဲ့သည်။

ဖုန်းကျင်းရီသည် သူမကို လျင်မြန်စွာ ချောင်းကြည့်လိုက်သော်လည်း ထိုကောင်မလေး၏ အမူအရာမှာ ပုံမှန်သာ ဖြစ်နေကြောင်း သူမ မြင်လိုက်သည်။

ထိုကောင်မလေးသည် တစ်ချက်ကြည့်လိုက်မိလျှင် ရူးနှမ်းပြီး ချစ်စရာကောင်းသည့် မိန်းကလေးဟု ထင်ရနိုင်သည်။

သို့သော် ညအခါမှာ သူမ ဘယ်လောက် ရူးသွပ်နေတတ်သည်ဆိုတာကိုတော့ စိတ်ကူးယဉ်ရခက်ပေမည်။

" အောက်ထပ်ကိုဆင်းပြီး မနက်စာ စားကြရအောင် "

ယဲ့ဖန်သည် အားလုံး စုံနေသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် ချက်ချင်း ခေါ်လိုက်ပြီး လေးယောက်အတူတူ မနက်စာစားရန် ထွက်သွားကြသည်။

ဖုန်းကျင်းရီသည် ယဲ့ဖန်၏ နောက်မှ လိုက်နေရင်း မနေ့ညက အရိုင်းဆန်သော မြင်ကွင်းများသည် သူမ၏ စိတ်ထဲတွင် ပြန်လည် ထပ်ဟပ်လာလေသည်။

ရှုမန်၏ အသံသည် နားထဲတွင် ရုတ်တရက် ကြားလိုက်ရသည်။

" ကျင်းရီ၊ နင် မနေ့ညက ဘယ်တွေသွားနေတာလဲ။ နင့်ကိုရှာဖို့ အခန်းထဲ သွားခဲ့သေးတယ်။ ဒါပေမယ့် နင် ရှိမနေဘူး "

" ဘာ ...... ဘာလို့လဲ။ ကျွန်မ ..... အိမ်သာသွားတာပါ "

" နင့်အခန်းထဲမှာ အိမ်သာ မရှိဘူးလား "

" ကျွန်မ ....... ကျွန်မအိမ်သာက ပျက်နေတော့ အများသုံးအိမ်သာကို သွားခဲ့တာ "

" ဒါနဲ့ နင့်ခြေထောက်ကရော ဘာဖြစ်တာလဲ။ ဘာလို့ ထော့နဲ့ထော့နဲ့ ဖြစ်နေတာလဲ "

" ကျွန်မ ...... အိမ်သာသွားတုန်းက မတော်တဆ ခြေချင်းဝတ် လည်သွားလို့ပါ "

" အခု ဘာလို့ ချွေးတွေ ဒီလောက်တောင် ပြန်နေတာလဲ "

" အဟွတ်၊ အဟွတ် ...... ရာသီဥတုက အရမ်းပူလို့လေ "

ထိုအခိုက်အတန့်တွင် အေးမြသော ဆောင်းဦးလေညင်းများ တိုက်ခတ်လာသည်။

ဆောင်းရာသီ ရောက်လာပြီဖြစ်သည်။

အပိုင်း ( ၇၈၂ )

သူတို့ နှစ်ယောက်ကြား ဆက်ဆံရေး တစ်ခုခု ရှိရမယ်။

ယဲ့ဖန်သည် မိန်းကလေးသုံးယောက်နှင့်အတူ စားသောက်ပြီးသွားသည့်အခါ မေပယ်ရှေးဟောင်းဆိုင်၏ မန်နေဂျာဖြစ်သူ စွန်းရှို့ယိထံမှ ဖုန်းဝင်လာလေသည်။

ဖုန်းအဝင်ကို မြင်သည့်အခါ သူ၏ မျက်လုံးတွေ တောက်ပလာပြီး ဦးနှောက်မှ စတင် အလုပ်လုပ်တော့သည်။

ယဲ့ဖန်သည် မေပယ်ရွက်ဆိုင်ကို လက်ခံရရှိပြီးကတည်းက စွန်းလူအိုကြီးသည် ဖြေရှင်း၍ မရသော ပြဿနာရှိနေခြင်း မဟုတ်ပါက သူ့ကို ဖုန်းခေါ်ခဲလေသည်။

ဤတစ်ကြိမ် ရုတ်တရတ် ဖုန်းခေါ်ဆိုမှုသည် ထူးခြားသောအခြေအနေ သို့မဟုတ် ရှုပ်ထွေးသော ပြဿနာတစ်ခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုအတွေးများ သူ့စိတ်ထဲ၌ ပေါ်လာသည်နှင့် ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်သည်။

" ဘာဖြစ်လို့လဲ၊ စွန်းလူအိုကြီး "

" ယဲ့လူကြီးမင်း၊ မင်းအခုထိ ယန်းချန်မြို့မှာပဲ ရှိသေးတာလား "

စွန်းရှို့ယိ ချက်ချင်း ဂရုတစိုက် မေးလိုက်သည်။

" ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ "

ယဲ့ဖန်သည် ပါးစပ်ကို လက်သုတ်ပုဝါနှင့် သုတ်လိုက်ပြီး ဖုန်းပြောရန် ဘေးနားကို လျှောက်သွားသည်။

" ဒီနေ့ ပစ္စည်းတွေဖြည့်ဖို့ ယန်းချန်မြို့ကို ကျွန်တော်ရောက်နေပါတယ်။ လက်ထောက်မန်နေဂျာလင်းလည်း ပါလာတယ်။ အဲ့တာကြောင့် လူကြီးမင်းနဲ့ တွေ့ချင်လို့ပါ "

စွန်းရှို့ယိ အမြန် ပြန်ဖြေလေသည်။

သူ ပြောနေသည့် လက်ထောက်မန်နေဂျာလင်းမှာ လင်းကျွင်းကျွင်း ဖြစ်လေသည်။

လွန်ခဲ့ရက်အနည်းငယ်အတွင်းတွင် သူမ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်များကြောင့် လင်းကျွင်းကျွင်းအား စွန်းလူအိုကြီးမှ လက်ထောက်မန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။

ထိုအချိန်တုန်းက လင်းကျွင်းကျွင်း ရာထူးတိုးသွားခြင်းသည် ယဲ့ဖန် သူ့ကြောင့်ဟု သံသယရှိခဲ့သည်။

ထို့ကြောင့် သူသည် စွန်းလူအိုကြီးအား ပြန်လည်စဉ်းစားရန်ပင် အကြံပေးခဲ့သည်။

နောက်ဆုံးတွင် ယဲ့ဖန်အား လမ်းကြောင်းပုံစံတစ်ခုတည်း မသွားဘဲ ပင်ကိုယ်အရည်အချင်း ရှိသူများကို မည်သို့ စုဆောင်းသင့်ကြောင်းကိုပင် လူအိုကြီးစွန်းက သွန်သင်ခဲ့သည်။

ယဲ့ဖန်သည် လာတွေ့ရန် ချက်ချင်း သဘောမတူဘဲ ပြန်မေးလေသည်။

" ပစ္စည်းပြန်ဖြည့်မလို့လား။ ဘာပစ္စည်းလဲ "

" ဒီနေ့ပဲ ရှီရှန်းပြည်နယ်ကနေ ကုန်ပစ္စည်းတွေ တစ်သုတ်ရောက်လာတယ်။ နန်းယွဲ့ပြည်နယ်က ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတွေ အားလုံး ရောက်လာကြမှာ။ မြန်မြန်လုပ်ရမယ်။ ငါတို့ဘက်က လက်နှေးနေရင် တခြားသူတွေဆီက လုသွားခံရနိုင်တယ် "

စွန်းရှို့ယိ၏ အသံမှာ အနည်းငယ် စိတ်မရှည်နေပုံရသည်။

" ဒါဆိုလည်း ဘာလို့ ကိုယ့်ဟာကိုယ် မသွားတာလဲ။ ဘာလို့ ကျွန်တော့်ကို တွေ့ချင်နေရတာလဲ "

ယဲ့ဖန်သည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

" ဒီပစ္စည်းအသုတ်က နည်းနည်းများတဲ့အပြင် တစ်ဝက်လောက်က အစစ်တွေ။ မင်းကိုယ်တိုင်လုပ်မှ ဖြစ်မယ် "

ထိုအခါမှသာ စွန်းလူအိုကြီးသည် သူ၏ ရည်ရွယ်ချက်များကို ရှင်းပြခဲ့လေသည်။

" ပိုအရေးကြီးတာ ငါတို့ရဲ့ အရင်တစ်ခေါက် အတွေ့အကြုံအရ ဒီကုန်ပစ္စည်းတွေထဲမှာ ထိပ်တန်းကုန်ပစ္စည်းတွေ ရှိတတ်တယ် "

" ရှေးဟောင်းရတနာအရောင်းဆိုင်တွေ တော်တော်များများ အဲ့ဒီမှာ ရောက်နေနိုင်တယ် "

" ဒါဟာ ရှေးဟောင်းပစ္စည်းဆိုင် အားလုံးအတွက် အခွင့်ကောင်းတစ်ခုလို့ ပြောရင် ချဲ့ကားနေတာ မဟုတ်ဘူး "

ယဲ့ဖန်သည် ရှုမန်နှင့် ကျန်သည့်သူများကို ကြည့်လိုက်သည်။

ယဲ့ဖန် တခဏ တုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်သည်။

" ကောင်းပြီလေ၊ လိပ်စာကို ပို့ပေးလိုက်။ ခင်ဗျားတို့ကို လာရှာလိုက်မယ် "

ယဲ့ဖန် ဖုန်းချပြီးနောက် ပြန်ထိုင်လိုက်သည်။

" အစ်မတို့ ဘယ်သွားမှာလဲ။ ကျွန်တော် အဲ့ဒီကို လိုက်ပို့ပေးရမလား "

ဖုန်းကျင်းရီက စကားပြောတော့မည်ဖြစ်သည်။

သို့သော် ဘေးမှာ ရှိနေသည့် ရှုမန်က ဝင်ပြောလေသည်။

" နင့်မှာ လုပ်စရာရှိရင် သွားလေ။ နောက်မှ ငါတို့ဘာသာ သွားလိုက်မယ် "

ယဲ့ဖန် ခဏ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပြီလေ၊ ဒါဆို ကျွန်တော် အရင်သွားလိုက်မယ် "

ဖန်းကျန်းဝူသည် ယဲ့ဖန်၏ လက်ကို အမြန်ဆွဲလိုက်သည်။

" သခင်၊ ဘယ်သွားမလို့လဲ။ ကျန်းဝူကို နောက်မှာ မထားခဲ့ပါနဲ့နော် "

ရှုမန်သည် သူမ၏ လုပ်ရပ်ကို မြင်ပြီး အမှတ်မထင် မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ဖန်သည် အလွန်ပင် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။

ဆင်ခြေရှာရန် စဉ်းစားနေသည်။

" ငါ လုပ်စရာရှိသေးလို့ မင်း အစ်မနှစ်ယောက်နဲ့ အရင်ကစားနေလိုက်။ ပြီးမှ ငါလာခေါ်မယ် ဟုတ်ပြီလား "

ဖန်းကျန်းဝူ သူမခေါင်းကို တရစပ် ခါနေသည်။

" မရဘူး၊ ကျန်းဝူ သခင့်နောက်ကို လိုက်မှာ "

ယဲ့ဖန် ကူကယ်ရာမဲ့နေခဲ့သည်။

သူ အချိန်ကို ငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။

" မင်း ငါ့နောက်ကို လိုက်လို့ရပေမယ့် မဟုတ်တဲ့စကားတွေ သတိလက်လွတ် မပြောမိစေနဲ့ "

" မင်းတို့ ဂျပန်တွေကို ဒီမှာ သိပ်ကြိုဆိုတာမဟုတ်ဘူး သိတယ်မလား။ လူတွေက မင်းရဲ့ပုံစံကို သိသွားရင် မင်း အန္တရာယ်ဖြစ်လိမ့်မယ်၊ နားလည်လား "

ဖန်းကျန်းဝူသည် သူမ၏ လက်သီးသေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။

" ကျန်းဝူ မကြောက်ပါဘူး။ သူတို့က ကျန်းဝူကို အနိုင်ကျင့်ရင် ကျန်းဝူက သူတို့ကို ပြန်ရိုက်လိုက်မယ် "

ယဲ့ဖန်သည် ဤမိန်းကလေးမှာ ချစ်ဖို့ကောင်းရုံသပ်သပ်ဖြစ်သည့် မိန်းကလေးမဟုတ်ကြောင်း မေ့မတတ် ဖြစ်သွားသည်။

သူမသည် အမှန်တွင် ရက်စက်ကြမ်းကြုတ်လှသည့် ကောင်မလေးဖြစ်သည်။

ယဲ့ဖန် ဘာမှထပ်ပြန်မပြောတော့ဘဲ ဖန်းကျန်းဝူနှင့်အတူ ထွက်သွားသည်။

ရှုမန်သည် သူတို့၏ ကျောကို ကြည့်ကာ သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

" သူတို့ နှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခုခုတော့ ရှိနေလောက်မယ် "

" ငါ့ရဲ့ မသိစိတ်က အဲ့လိုဖြစ်နေတယ်လို့ ပြောနေတယ် "

ခေါင်းငုံ့ပြီး စားသောက်နေသည့် ဖုန်းကျင်းရီသည် သူမအကြောင်း ပြောနေသည်ဟု ထင်သွားခဲ့သည်။

ထိုအခါ သူမလက်တွေ တုန်လာပြီး ခက်ရင်းနှင့် ဓားက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

" အစ်မမန် ...... အစ်မ သိပြီးပြီလား "

ရှုမန် သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

" နင်လည်း အဲ့လိုထင်တယ်လား "

ဖုန်းကျင်းရီသည် အာရုံအသိစိတ်များ ပြန်ကပ်လာသည်။

ရှုမန်၏ စကားများအရ သူမနှင့် ယဲ့ဖန်၏ ဆက်ဆံရေးအကြောင်း သိပုံမရချေ။

ဖုန်းကျင်းရီ သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမသည် ဤအဆင့်သို့ ရောက်သောအခါ အခြားသူများ၏ ဝေဖန်ခြင်းကို ခံနိုင်ရည်ရှိရန် ပြင်ဆင်ထားသော်လည်း ရှုမန်နှင့် ရင်ဆိုင်ရသောအခါ နေရခက်နေသေးသည်။

ရှုမန်သည် ယဲ့ဖန်၏ ရည်းစားမဟုတ်သော်လည်း သူမသည် ယဲ့ဖန်အပေါ် ခံစားချက်ရှိနေကြောင်း ပြောနိုင်လေသည်။

သူမတို့နှစ်ယောက်သည် အလေးအနက်ထားပြီး ယဲ့ဖန်၏ အချစ်အတွက် ရယူမည်ဆိုလျှင် သူတို့နှစ်ယောက်သည် အချစ်ပြိုင်ဖက်ဟု သတ်မှတ်နိုင်သည်။

သူမသည် ရင်းနှီးသော ရဲဘော်ကို အချစ်ပြိုင်ဖက်အဖြစ် လက်ခံနိုင်သော်လည်း ရှုမန်မှာတော့ လက်ခံနိုင်မည်မဟုတ်ကြောင်းကို သူမ စိုးရိမ်လေသည်။

ဤကိစ္စကို သေချာစွာ ဆွေးနွေးရပေမည်။

တစ်ဖက်တွင် ယဲ့ဖန်သည် ရှုမန်နှင့် ဖုန်းကျင်းရီတို့ကို နှုတ်ဆက်ပြီးနောက် ဖန်းကျန်းဝူနှင့်အတူ ကားမောင်းထွက်သွားပြီး မကြာမီတွင် စွန်းရှို့ယိတို့နှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့်နေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာမှာ ဂိုဒေါင်ကြီးတစ်ခုဖြစ်လေသည်။

တံခါးအပြင်ဘက်သို့ အကြီးစားနှင့် အလတ်စားယာဉ်များစွာ ရှိနေကြပြီး ကြည့်ရသည်မှာ အလွန် ရှုပ်ပွနေသည်။

ယဲ့ဖန်သည် ဖန်းကျန်းဝူနှင့်အတူ ရောက်လာသောအခါ စွန်းရှို့ယိ၊ လင်းကျွင်းကျွင်းနှင့် မေပယ်ရွက်ဆိုင်၏ အမာခံ အဖွဲ့ဝင်တစ်ချို့တို့ ဂိုဒေါင်၏ အဝင်ပေါက်တွင် စောင့်နေသည်။

ကြည့်ရသလောက် သူတို့ ဒီရောက်နေသည်မှာ အတော်ကြာပြီဖြစ်ပုံရသည်။

ယဲ့ဖန် ကားပေါ်မှဆင်းလာသည်ကို မြင်လိုက်သောအခါ လင်းကျွင်းကျွင်းသည် သူမ၏ ဆန္ဒကို မထိန်းနိုင်ဘဲ ယဲ့ဖန်ဆီသို့ လျှောက်လှမ်းချင်လာသည်။

သို့သော် ဖန်းကျန်းဝူသည် ကားပေါ်မှ သွက်လက်သော အမူအရာဖြင့် ဆင်းထွက်လာသည်ကို တွေ့လိုက်သောအခါ ချက်ချင်း အရှိန်လျှော့သွားသည်။

ဖန်းကျန်းဝူသည် ထိုအခြေအနေကို မြင်လိုက်သည်နှင့် ထိုမိန်းကလေးမှာ သူမသခင်၏ 'မီးတောက်ဟောင်း' ဖြစ်သည်ကို သူမ သိလိုက်ပြန်သည်။

သူမ၏သခင်သည် အရာရာ၌ ကောင်းမွန်သော်လည်း သံယောဇဉ်တွေ များလွန်းလေသည်။

သို့သော် ထိုသို့သော ဆွဲဆောင်မှုရှိလွန်းသည့် အချက်များကြောင့်ပင် သူမသည်လည်း ပြန်'ဖြောင့်'လာခြင်း အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

အကယ်၍ တုံးအအလူမျိုး ဖြစ်နေခဲ့လျှင် သူမသည်လည်း သခင့်ကို နှစ်သက်မည်မဟုတ်ပေ။

ယဲ့ဖန်မှာတော့ ထိုမျှလောက် စိတ်ပူစရာမရှိချေ။

ချက်ချင်းပင် လက်နှစ်ဖက်ကို ဖွင့်ကာ လျှောက်သွားလိုက်သည်။

" ကျွင်းကျွင်း မတွေ့တာကြာပြီ "

သူသည် စကားပြောနေစဉ်တွင် လင်းကျွင်းကျွင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

လင်းကျွင်းကျွင်းသည် ထိတ်လန့်နေသော ယုန်မလေး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ချက်ချင်းလွတ်မြောက်ရန် ရုန်းသည်။

သို့သော် ယဲ့ဖန်သည် သူမကို တင်းကြပ်စွာ ဖက်ထား၍ သူမမှာ ပြေးရန်နေရာမရှိပေ။

" ကြည့်တဲ့လူတွေ ရှိတယ် "ဟု ရှက်ရွံ့စွာဖြင့် သူ့ကို အမြန် သတိပေးလိုက်သည်။

" ကြည့်ပါစေပေါ့၊ ကိုယ်တို့က မဟုတ်တာ လုပ်နေတာမှ မဟုတ်တာ "

ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

သို့သော် သူသည် လွန်လွန်ကျူးကျူး မလုပ်ချေ။

လင်းကျွင်းကျွင်းသည် အနာဂတ်တွင် မေပယ်ရွက်ဆိုင်ကို စီမံခန့်ခွဲရမည်ဖြစ်၍ သူမ၏ ပုံရိပ်ကို သတိထားရမည်ဖြစ်သည်။

မဟုတ်ပါက သူမသည် လူထုအပေါ် အာဏာရှိပြီး ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

စွန်းလူအိုကြီးသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည် မသိသော်လည်း သူ၏ လက်များကို ဖွင့်လိုက်သည်။

" သူဌေး၊ ကျွန်တော်လည်း ဖက်ချင်တယ် "

ယဲ့ဖန်သည် သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ချက်ချင်း တွန်းထုတ်လိုက်သည်။

" သွားစမ်းပါဗျာ၊ ကျွန်တော် ယောက်ျားတွေကို စိတ်မဝင်စားဘူး "

သူ့နောက်တွင် ရှိသည့် မေပယ်ရွက်ဆိုင်၏ အမှုဆောင်အရာရှိများသည်လည်း ရယ်မောကြသည်။

သူတို့သည် ယဲ့ဖန်နှင့် အဆက်အသွယ် သိပ်မရှိကြ၍ အနည်းငယ် တုန်လှုပ်နေကြသော်လည်း သူတို့၏ သူဌေးမှာ အလွန်ဖော်ရွေသူဖြစ်သည်ကို တွေ့လိုက်ရပြီးနောက် သူတို့၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

" ဒါဆို မြန်မြန် လုပ်ကြရအောင်။ ကျွန်တော်တို့ ရှေးဟောင်းဆိုင်တွေ တော်တော်များများ ရောက်နေတာကို တွေ့လိုက်တယ်။ ကြာကြာစောင့်နေရင် ကောင်းတာတွေ တစ်ခုမှ ရွေးလိုက်နိုင်မှာ မဟုတ်ဘူး "

စွန်းလူအိုကြီးက အလျင်စလို တိုက်တွန်းလိုက်သည်။

ယဲ့ဖန်သည် သူတို့နှင့်အတူ ဂိုဒေါင်ထဲသို့ ဝင်သွားခါနီး၌ သူ့နောက်မှ ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

" အိုး၊ ဒါက စွန်းလူအိုကြီး မဟုတ်လား။ မင်းရဲ့ မေပယ်ရွက်ဆိုင်က ဒီမှာ ဘာလာလုပ်တာလဲ "

အပိုင်း ( ၇၈၃ )

မင်း ...... ဘယ်လို နတ်ဆိုးဂါတာ သုံးခဲ့တာလဲ။

ယဲ့ဖန်နှင့် ကျန်သည့်သူများ လှည့်ကြည့်လိုက်သည့်အခါ သူတို့ရှိရာဆီသို့ လျှောက်လာနေသည့် လူတစ်စုကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ ခေါင်းဆောင်လာသူသည် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။

သူ၏ ပုံစံသည် အလွန်ချမ်းသာပုံရပြီး သူ့လက်ထဲတွင် စိတ်ပုတီးတစ်ကုံးကို စိတ်နေသည်။

သူ့ပုံစံမှာ ဘုရားငယ်အသွင် ဆောင်ယောင်နေသည်။

စွန်းရှို့ယိသည် ချက်ချင်းပင် ယဲ့ဖန်၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောသည်။

" ဒီလူရဲ့ နာမည်က ယောင်းစွမ်းမင်းပါ။ သူက ယန်းမြို့မှာရှိတဲ့ ခရမ်းရောင်ဝါး ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင် "

ယဲ့ဖန် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။

အစောပိုင်း ထိုလူ၏ လေသံအရ သူသည် စွန်းရှို့ယိအပေါ် ဒေါသတရားများဖြင့် ပြည့်နှက်နေကြောင်း ပြောပြနိုင်လေသည်။

" ဒါက သူဌေးယောင်းပါလား။ ပစ္စည်းတွေ ဝယ်ဖို့ ဒီကို ရောက်နေတာလား "

စွန်းရှို့ယိသည် သူ၏ အမှတ်အသား အပြုံးကို ပြုံးပြခဲ့သည်။

" ဟုတ်တယ်၊ ဒီတစ်ခေါက် ရှီရှန်းပြည်နယ်က ပစ္စည်းတွေက ကောင်းတာတွေ အများကြီးပါတယ်လို့ ငါကြားထားတယ်။ ငါတို့၏ ခရမ်းရောင်ဝါးဆိုင်ကလည်း သေချာပေါက် နောက်ကောက်ကျန်နေမှာ မဟုတ်ဘူးလေ "

ယောင်းစွမ်းမင်းသည် စကားပြောနေစဉ်တွင် စွန်းရှို့ယိ ဘေးနားတွင် ရှိသည့် လင်းကျွင်းကျွင်းကို ကြည့်လိုက်သည်။

" ဒါက မေပယ်ရွက်ဆိုင်ရဲ့ လက်ထောက်မန်နေဂျာအသစ်ဖြစ်တဲ့ မိန်းကလေးလင်း ဖြစ်ရမယ်။ မင်္ဂလာပါ၊ ငါ့နာမည်က ယောင်းစွမ်းမင်းပါ "

ထိုလူသည် လက်ကို ဆန့်တန်းရင်း ပြုံးပြလိုက်သည်။

လင်းကျွင်းကျွင်းသည် သူမလက်ကို ဆန့်ပြီး မနှုတ်ဆက်လိုက်ပဲ အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်သည်။

" မင်္ဂလာပါ သူဌေးယောင်း။ ကျေးဇူးပြုပြီး အနာဂတ်မှာ ကျွန်မကို ဒီလောကထဲမှာ သင်ပြဂရုစိုက်ပေးပါဦး "

ယောင်းစွမ်းမင်းသည် စိတ်မဆိုးဘဲ သူ့လက်ကို ပြန်ဆွဲရုတ်လိုက်ပြီး ခေါင်းကို လှည့်ကာ စွန်းရှို့ယိကို ကောက်ကျစ်စွာ ပြုံးပြလေသည်။

" စွန်းလူအိုကြီး၊ မင်းက အသက်ကြီးပေမယ့် နှလုံးကတော့ မအိုဟောင်းသေးဘူးဘဲ။ မင်းက ဒီလို လှတဲ့ လက်ထောက်မန်နေဂျာလေးနဲ့ နေ့တိုင်း အလုပ်လုပ်နေရတော့ အားအင်တွေ အပြည့်နဲ့ သန်စွမ်းနေရောပဲ မဟုတ်လား "

စွန်းရှို့ယိ၏အမူအရာမှာ ချက်ချင်းပြောင်းသွားသည်။

" ယောင်းစွမ်းမင်း၊ မင်း ထပ်ပြီး မဟုတ်တဲ့စကားတွေကို ပြောရဲတဲ့သတ္တိရှိရင် ငါ့မင်းကို ပြန်စော်ကားဖို့ ဝန်မလေးဘူး "

သူသည် စကားပြောနေစဉ်တွင် ယဲ့ဖန်၏ အမူအရာကိုလည်း တိတ်တဆိတ် အကဲခတ်နေမိသည်။

ကံကောင်းစွာဖြင့် ယဲ့ဖန်က ဒေါသမထွက်ပေ။ အနည်းဆုံးဖြင့် သူ့မျက်နှာပေါ်တွင် အမူအရာ မပြချေ။

ယောင်းစွမ်းမင်းသည် ပြုံးနေဆဲဖြစ်သည်။

" နောက်လိုက်တာပါ။ ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ ကြည့်ပါဦး။ အပြစ်ရှိတယ်လို့ ခံစားရလို့လား ........ "

သူ၏စကား မပြီးခင်မှာပင် ယဲ့ဖန်က ရုတ်တရက် ဖြတ်ပြောခဲ့သည်။

" သူဌေးယောင်း၊ ခင်ဗျားရဲ့ စိတ်ပုတီးစေ့မှာ တစ်ခုခု မှားနေပုံရတယ်။ ကျွန်တော့်ကို ကြည့်ခွင့်ပေးပါလား "

ယောင်းစွမ်းမင်း သူ့ကို စိုက်ကြည့်နေသည်။

" မင်းက ဘယ်သူလဲ "

စွန်းရှို့ယိ သူတို့ကို ချက်ချင်း မိတ်ဆက်ပေးချင်သည်။

" ဒါက ငါတို့ မေပယ်ရွက်ဆိုင် ရဲ့ ......... "

"ကျွန်တော်က မေပယ်ရွက်ဆိုင်ရဲ့ အကဲဖြတ်သူအသစ်ပါ "

ယဲ့ဖန်က ချက်ချင်း ပြန်ဖြေလေသည်။

ယောင်းစွမ်းမင်းသည် ချက်ချင်းပြုံးပြီး စွန်းရှို့ယိကို ကြည့်လိုက်သည်။

" သူဌေးစွန်း၊ ဒီအကဲဖြတ်တဲ့သူကို ဘယ်က ရှာတွေ့လာတာလဲ။ ဒါက မယုံချင်စရာ မကောင်းဘူးလား။ ငါ့ရဲ့ နှင်းဆီသားလက်ကောက်မှာ ပြဿနာရှိနေတယ်လို့ မင်းကများ ပြောရဲတယ်လား။ မင်း ငါ့ကို လာနောက်နေတာလား "

စွန်းရှို့ယိ ရယ်လိုက်သည်။

" အင်း ...… ဒီအကဲဖြတ်တဲ့ကောင်လေးက မင်းရဲ့ ပစ္စည်းမှာ ပြဿနာတစ်ခုရှိနေတယ်လို့ ပြောရင် အဲ့ပစ္စည်းမှာ တကယ်ပြဿနာရှိနေပြီ "

ယောင်းစွမ်းမင်း မထိန်းနိုင်ဘဲ ရယ်မိသည်။

" မင်း သူ့ကို အဲ့လောက်တောင် ယုံလား။ ကောင်းပြီ၊ ဒါဆို ငါ သူ့ကို ကြည့်ခွင့်ပေးလိုက်မယ်။ ငါ့လက်ကောက်မှာ ဘာဖြစ်နေတာလဲဆိုတာ သိချင်ပါသေးတယ် "

စကားပြောနေရင်းဖြင့် လက်ကောက်ကို လှမ်းပေးလိုက်သည်။

ယဲ့ဖန်သည် ထိုပုတီး ယူလိုက်ပြီးနောက်တွင် စစ်ဆေးသည့်ပုံ ဟန်ဆောင်ခဲ့သည်။

" မဟုတ်သေးဘူး၊ ဒါက စန္ဒကူးနီသား မဟုတ်ဘူး။ ခင်ဗျားက အဖုထတဲ့ နှင်းဆီသားတွေကို သုံးထားတာ "

ယောင်းစွမ်းမင်းသည် ထိုအခွင့်အရေးကို ချက်ချင်း အရယူပြီး လှောင်ပြောင်ရယ်မောလိုက်သည်။

" ဟားဟားဟား၊ မေပယ်ရွက်ဆိုင်ရဲ့ အကဲဖြတ်သူတွေရဲ့ စံနှုန်းက အရမ်းနိမ့်လွန်းနေတယ် မဟုတ်ဘူးလား။ ငါ ဒီလက်ကောက်ကို နှစ်အတော်ကြာအောင် ဝတ်ခဲ့တာ။ အလုံးနှင်းဆီသား ဟုတ်မဟုတ် ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ "

ယဲ့ဖန် သူ့ကို လေးနက်စွာ စိုက်ကြည့်နေသည်။

" ဒါက တကယ့်ကို သစ်သားပုတ်တွေနဲ့ လုပ်ထားတာ။ မယုံရင် ကြည့် "

ယဲ့ဖန်သည် ပြောနေရင်းဖြင့် လက်ချောင်းများကို ညင်သာစွာ ညှစ်လိုက်ရာ စန္ဒကူးနီသား ဆုတောင်းပုတီးစေ့မှာ ချက်ချင်း ကြေမွသွားရသည်။

ထို့နောက် ညင်သာစွာ ပွတ်လိုက်ရာ ပုတီးစေ့များသည် အမှုန့်ဖြစ်သွားတော့သည်။

ယောင်းစွမ်းမင်းနှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြသည်။

သူတို့အားလုံးသည် အသိပညာစုံသူများ ဖြစ်ကြသည်။

ပုတီးစေ့များသည် စန္ဒကူးနီ ဟုတ်မဟုတ်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်ကြသည်။

သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့ ထိတ်လန့်သွားသည်။

" အမလေး ဘုရား၊ ဒီနှင်းဆီသားက ဘယ်လောက်တောင် မာလိုက်သလဲ။ သူက တကယ်ကြီး အမှုန့်ဖြစ်အောင် ကြိတ်လိုက်တာလား။ သူ့ရဲ့ အားက ဘယ်လောက်တောင် ပြင်းထန်လိုက်လဲ "

" ငါ့မျက်လုံးတွေကို မယုံတော့ဘူး။ ဒါက တကယ်ပဲ စန္ဒကူးနီသာူလား။ သူက ဘယ်လိုလုပ် တို့ဟူးတုံးကို ညှပ်လိုက်သလို ကြိတ်လိုက်တာလဲ "

" ဒါက စန္ဒကူးနီ ဖြစ်ရမယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က တစ်စုံတစ်ယောက်က ယွမ် ၁သိန်းနဲ့ ဝယ်ချင်တယ်လို့ ပြောခဲ့ပေမယ့် သူဌေးယောင်းက ငြင်းခဲ့တယ် "

" ဘုရားရေ၊ ဒါက မယုံနိုင်စရာပဲ ........ "

လူတိုင်းသည် သရဲတစ္ဆေ မြင်နေသကဲ့သို့ ယဲ့ဖန်ကို ကြည့်နေကြသည်။

အထူးသဖြင့် ယောင်းစွမ်းမင်းသည် အလွန်ကြောက်လန့်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

" မင်း ...... မင်း ဘယ်လို နတ်ဆိုးဂါထာတွေ သုံးလိုက်တာလဲ "

ယဲ့ဖန် သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။

" ဒါက ဘယ်လိုလုပ် နတ်ဆိုးဂါထာ ဖြစ်မှာလဲ။ ခင်ဗျားရဲ့ ပုတီးစေ့က တစ်ခုခု မှားနေတာ သိသာတာကို။ ကြည့်လိုက်၊ ကြည့်လိုက် ...... "

ယဲ့ဖန်သည် ပြောသည့်အတိုင်း ပုတီးစေ့များကို အမှုန့်ဖြစ်အောင် ဖိလိုက်သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး တစ်စစီ ခြေမွခံနေရသော ပုတီးသံများသာ ရှိတော့သည်။

နောက်ဆုံး၌ ကြိုးတစ်ချောင်းသာ ကျန်ခဲ့တော့လေသည်။

ယဲ့ဖန်သည် ယောင်းစွမ်းမင်းကို ကြိုးပြန်ပေးပြီး သူဌေးယောင်း၏ နေရာတစ်ခုကို ကြည့်ကာ ဆက်ပြုံးပြလေသည်။

" သူဌေးယောင်း၊ ခင်ဗျားရဲ့ အဲ့ဒီနေရာမှာလည်း ပြဿနာရှိမယ် ထင်တယ်။ ခင်ဗျား ကျွန်တော့်ကို စမ်းကြည့်စေချင်လား "

ယဲ့ဖန်သည် စကားပြောနေစဉ်တွင် ယောင်းစွမ်းမင်း၏ အစိတ်အပိုင်းတစ်ခုဆီသို့ လက်လှမ်းဟန်ဆောင်လိုက်သည်။

ယောင်းစွမ်းမင်းသည် အလွန်ကြောက်သွားပြီး သူ၏ လက်အောက်ငယ်သား အနောက်သို့ အမြန်ပုန်းနေလိုက်သည်။

" မင်း ...... မင်း အနားကပ် မလာနဲ့ ...... "

ယဲ့ဖန် ပြုံးရုံသာ ပြုံးလိုက်သည်။

သူ့နောက်ကို လိုက်ရန် ပျင်းကာ လိုက်ဖို့လည်း စိတ်ကူးမရှိပေ။

ယဲ့ဖန်သည် လှည့်ပြီး စွန်းလူအိုကြီးနှင့် ကျန်သူများကို ပြောသည်။

" သွားကြရအောင် "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ဦးဆောင်ကာ ဂိုဒေါင်ထဲဆီသို့ လျှောက်ဝင်သွားသည်။

စွန်းရှို့ယိနှင့် မေပယ်ရွက်ဆိုင်မှ အခြားသူများ အားလုံး၏ မျက်နှာပေါ်တွင် ဂုဏ်တက်နေသော အပြုံးများ ရှိနေကြသည်။

ယောင်းစွမ်းမင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

သူသည် ယဲ့ဖန်၏ နောက်ကျောကို ကြောင်အအဖြင့် ကြည့်နေသည်။

သူ့၏ အမူအရာမှာ မသေချာဖြစ်နေသည်။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ အနောက်သို့ လိုက်သွားကာ သူမ၏ လှပသော မျက်လုံးများမှာ ကျေးဇူးတင်စကားများဖြင့် ပြည့်နှက်နေသည်။

ယဲ့ဖန်သည် ယောင်းစွမ်းမင်းအား နောက်ပြောင်ခြင်း၏ သင်ခန်းစာတစ်ခု ပေးလိုက်သည်မှာ ထင်ရှားလေသည်။

ယဲ့ဖန်က သူမကို ဂရုစိုက်သေးပုံရသည်၊

ထိုအချက်ကို တွေးပြီး သူမသည် ယဲ့ဖန်အနားရှိ ဖန်းကျန်းဝူကို ချက်ချင်း ကြည့်လိုက်သည်။

တိုက်ဆိုင်စွာပင် တစ်ဖက်ကောင်မလေး၏ ကြည်လင်ပြတ်သားသော မျက်လုံးလေးများကလည်း သူမကို ကြည့်နေသည်။

" မမ၊ အရမ်းလှတယ် "

ဖန်းကျန်းဝူ၏ ပါးစပ်လေးသည် အလွန်ချိုမြိန်သော စကားလေးများ ထွက်လာသည်။

သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာငယ်လေးနဲ့ ပေါင်းဖက်လိုက်ပါက စိတ်အမာဆုံးလူကိုပင် အရည်ပျော် နွေးထွေးစေမှာ သေချာသည်။

" ကျေးဇူးတင်ပါတယ်။ ညီမလေးလည်း အရမ်းလှတယ် "

လင်းကျွင်းကျွင်းသည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း သူမ အမြန် ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမသည် အတွေးလွန်နေသလားဟု တိတ်တဆိတ် တွေးနေမိသည်။

ယဲ့ဖန်က ဒီချစ်စရာကောင်းတဲ့ ကောင်မလေးကို သူ့ညီမလေးလေးလိုပဲ ဆက်ဆံနေတာလား။

သို့သော် ဖန်းကျန်းဝူသည် သူမ၏ မျက်နှာပေါ်တွင် ပါးနပ်သော အပြုံးတစ်ခု ပေါ်လာသည်ကို လင်းကျွင်းကျွင်း သတိမထားမိလိုက်ပေ။

သူမ၏ အပြစ်ကင်းစင်သော အသွင်အပြင်အောက်တွင် ဖန်းကျန်းဝူသည် လင်းကျွင်းကျွင်းအား မူးအောင်တိုက်ရန် အခွင့်အရေးရှာပြီး သူမကို သခင်၏ အိပ်ရာပေါ်သို့ ဆွဲခေါ်ရန် စဉ်းစားနေသည်။

နောက်တွင် အားလုံးက အလုပ်တစ်ခုကို အတူတူ လုပ်ကြမည်ဖြစ်သည်။

သခင်သည် မိန်းမလှလေးနှစ်ယောက်၏ အမှုထမ်းခြင်းကို နှစ်သက်ပုံရသည်။

ဒီလိုနည်းနဲ့ ဆက်သလိုက်ရင် သခင်က ကျန်းဝူကို ပိုချစ်လောက်တယ် မဟုတ်လား။

ဟီးဟီးဟီး ............

အပိုင်း ( ၇၈၄ )

၁သိန်းလောက်ပဲကျော်တဲ့ အမှိုက်တွေကို စိတ်မဝင်စားဘူး။

ပစ္စည်းတွေသည် ယဲ့ဖန် မျှော်မှန်းထားသည်ထက် အများကြီး ပိုရှိလေသည်။

ဂိုဒေါင်ထဲ၌ စျေးဆိုင်မျိုးစုံနှင့် ပြည့်နှက်နေသည်။

ဈေးဆိုင်များတွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်နှက်နေပြီး အများစုမှာ မြေဆီရနံ့များပင် သင်းနေကြသေးသည်။

သို့သော် ပစ္စည်းများ၏ ဇာစ်မြစ်ကို မေးရန်မှာ မဖြစ်နိုင်ပေ။

စွန်းရှို့ယိသည် ပစ္စည်းများ၏ နောက်ခံအကြောင်းကို မမေးရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။

မေးလိုက်ခြင်းမှာ စည်းကမ်းဖောက်ဖျက်ခြင်း ဖြစ်သည်။

ထို့အပြင် ဤနေရာတွင် တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ဝှမ်းမှ ရှေးဟောင်းပစ္စည်းရောင်းချသူများလည်း အများအပြားရှိနေခဲ့သည်။

သူတို့ထဲမှ အများစုသည် စွန်းလူအိုကြီး၏ အသိမိတ်ဆွေများဖြစ်ပြီး လူအများက သူ့ကို လာပြီး နှုတ်ဆက်ကြသည်။

ဂိုဒေါင်ထဲ၌ လူများသည် ဂေါ်ဖီကောက်နေသကဲ့သို့ ဆိုင်များရှေ့၌ ရွေးဝယ်နေကြသည်။

ယဲ့ဖန်သည် ဝင်လိုက်သည်နှင့် စနစ်၏ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းကို စတင်ခဲ့သည်။

ထို့ကြောင့် ဤနေရာရှိ ပစ္စည်းများအကြောင်းကို ကောင်းမွန်စွာ နားလည်လိုက်သည်။

ထိုရှေးဟောင်းပစ္စည်းများသည် အစစ်တစ်ဝက်၊ အတုတစ်ဝက်ဖြစ်ကာ အတုပြုလုပ်နည်းများသည် အလွန်လိမ္မာပါးနပ်လှသည်။

အများစုသည် မြေဆီရနံ့ပင် သင်းနေသေးကာ လောလောလတ်လတ်မှ တူးဖော်ထားသည့် ရှေးဟောင်းပစ္စည်းများပုံစံ ဖြစ်သော်လည်း အမှန်တကယ်တွင် အတုများဖြစ်သည်။

လမ်းတစ်လျှောက်တွင် ထိုအတုများအား ဝယ်ယူရန် ငွေအမြောက်အမြား ပေးနေသည့် ရှေးဟောင်းပစ္စည်း ကုန်သည်များစွာကို သူတွေ့လိုက်သည်။

ထိုလူများသည် လုယူခံရမည်ကိုပင် ကြောက် ကာ ရတနာများကဲ့သို့ ဂရုတစိုက် ဝယ်ယူကိုင်တွယ်နေကြသည်။

ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းများကို ရွေးယူရန် အလျင်မလိုပေ။

လမ်းတလျှောက်ရှိ လူများ၏ မျက်နှာကို ကြည့်လိုက်သည်။

ယဲ့ဖန်သည် သေမျိုးကမ္ဘာကြီး တစ်ခုလုံးကို မြင်ရသကဲ့သို့ ခံစားလိုက်ရသည်။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်အနောက်မှ လိုက်လျက် လမ်းလျှောက်နေသည်ကိုသာ တွေ့ရသည်။

သူမ အနည်းငယ် စိုးရိမ်နေမိသည်။

" မြန်မြန်ရွေးရမယ်။ မဟုတ်ရင် တခြားတစ်ယောက်ယောက်က အားလုံးကို ယူသွားလိမ့်မယ် "

သို့သော် ယဲ့ဖန်သည် အလျင်လိုခြင်းမရှိ လမ်းလျှောက်နေဆဲဖြစ်သည်။

" စိတ်မပူပါနဲ့။ ဒီရောင်းသူတွေက အရမ်းဉာဏ်ကောင်းလွန်းကျတယ်။ ကောင်းတဲ့ပစ္စည်းတွေကို တပြိုင်တည်း ထုတ်ထားကြမှာ မဟုတ်ဘူး။ မဟုတ်ရင် သူတို့ အရူးတွေကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ "

လင်းကျွင်းကျွင်း အနည်းငယ် အံ့သြသွားသည်။

" ရှင် ဘယ်လိုလုပ် သိတာလဲ "

ယဲ့ဖန် သူမ၏ မေးစေ့လေးကို မြှောက်လိုက်သည်။

" ဒီမှာ ဗဟုသုတွေ အများကြီးရှိတယ်။ မင်း ဖြည်းဖြည်းချင်း သင်ယူနိုင်တယ် "

လင်းကျွင်းကျွင်း၏ မျက်နှာလေးမှာ နီမြန်းသွားရသည်။

ကံကောင်းထောက်မစွာဖြင့် စွန်းလူအိုကြီးနှင့် အခြားလူများသည် ရှေးဟောင်းပစ္စည်းများကို ရှာဝယ်ယူရန် လမ်းခွဲသွားခဲ့ကြပြီး ဖန်းကျန်းဝူသည် ဂိုဒေါင်ထဲသို့ ဝင်လာချိန်ကတည်းက ပျောက်ကွယ်သွားခဲ့သည်။

နှစ်ယောက်သား လမ်းလျှောက်လာရင်း တစ်နေရာမှ အော်ဟစ်သံများ ရုတ်တရက် ကြားလိုက်ရသည်။

" သွားကြည့်ရအောင် "

ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး လင်းကျွင်းကျွင်းကို ပြောလိုက်သည်။

သူမ သဘောတူခင်မှာပင် ယဲ့ဖန်က လျှောက်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် စျေးဆိုင်သည် လူများစွာဖြင့် ဝိုင်းနေပြီဖြစ်သည်။

သူတို့နှစ်ယောက် လမ်းလျှောက်လာသည့်အခါ အားလုံး၏ ဆွေးနွေးမှုကို ကြားလိုက်ရသည်။

" ဟ၊ သူဌေးယောင်းရဲ့ကံက ကောင်းလွန်းတာပဲ မဟုတ်လား။ တကယ်ကြီး ဒီလောက်ကောင်းတဲ့ပစ္စည်းကို ဝယ်နိုင်ခဲ့တာပဲ "

" ဒါကို ကံကောင်းတယ်လို့ ဘယ်လိုလုပ် ယူဆနိုင်မှာလဲ။ သူဌေးယောင်းရဲ့ မျက်လုံးတွေက အရမ်းကောင်းတယ်လို့ ပြောရမှာ။ ရတနာတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိတယ်လေ "

" ခရမ်းရောင်ဝါးဆိုင်က တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်အနေနဲ့ အခိုင်အမာရပ်တည်နိုင်တာ အံ့သြစရာမဟုတ်တော့ဘူး "

" အင်း၊ သူဌေးယောင်းက ဒီနေ့အတွက် အကြီးဆုံး ကံထူးရှင် ဖြစ်လိမ့်မယ် ........ "

ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့သည် လူအုပ်ထဲသို့ တိုးဝင်လာပြီး ယောင်းစွမ်းမင်းနှင့် ကျန်သည့်သူများကို တွေ့လိုက်ရသည်။

သူတို့သည် လက်ဖက်ရည်ခွက်တစ်ခွက်ကို ကိုင်ပြီး သေသေချာချာ ကြည့်နေကြသည်။

သူတို့၏ မျက်နှာများသည် ရွှင်လန်းမှုများ အပြည့်ဖြစ်နေသည်။

" လျန်လူကြီးမင်း၊ ခင်ဗျား ကျုပ်ကို ဈေးပြောပေးလို့ ရမလား။ ဒီလက်ဖက်ရည်ခွက်က ဘယ်လောက်တန်လဲ "

ယောင်းစွမ်းမင်း၏ မျက်နှာပေါ်ရှိ အရေတွန့်များသည်ပင် တုန်ယင်နေကာ သူ မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်နေရသည်။

သူနှင့်အတူ ပါလာသည့် အဘိုးကြီးတစ်ယောက်ကို မေးလေသည်။

ထိုအဘိုးအိုသည် အသက် ၆၀ခန့်ရှိပြီး အဖြူရောင် တရုတ်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသည်။

သူ၏ ပုံစံကို ကြည့်ရသည်မှာ သခင်ကြီးတစ်ယောက်ပုံစံရှိသည်။

သူ၏ မေးခွန်းကို ကြားသည့်အခါ လျန်လူကြီးမင်းဆိုသူသည် သူ၏ မုတ်ဆိတ်ဖြူကို ပွတ်သပ်လိုက်သည်။

" ဒါက ဆုန်းမင်းဆက်က ဟူထျန်းဖိုက ခွက်ပဲ။ အရောင်အဆင်း၊ အရည်အသွေး ဒါမှမဟုတ် ပုံသဏ္ဍာန်ပဲဖြစ်ဖြစ် အားလုံးက အရမ်းကောင်းတယ်။ ဒီထောင့်တစ်နေရာက ကွဲနေတာ နှမြောစရာပဲ။ မဟုတ်ရင် ဒီခွက်ရဲ့တန်ဖိုးက ပိုမြင့်နေမှာ ........ "

အားလုံးသည် သူ စကားကွေ့ဝိုက်နေပြီး ပင်မအကြောင်းအရာ မပြောသည်ကို ကြားလိုက်ရသော်လည်း ဘယ်သူမှ သူ့ကို အလျင်စလို မလုပ်ရဲကြပေ။

လင်းကျွင်းကျွင်းသည်လည်း ထိုအဘိုးအိုမှ ဈေးပြောမည်ကို စောင့်နေချိန်တွင် ယဲ့ဖန်မှ "၁သိန်း"ဟု တိုးတိုးလေး ပြောလိုက်သည်ကို ကြားလိုက်ရသည်။

သူမသည် ယဲ့ဖန်အား မမေးခင် ထိုဆရာကြီးချန်မှ ပြောလာသည်။

" ကျွန်တော်မြင်သလောက်တော့ ဒီလက်ဖက်ရည်ခွက်က ၁သိန်းလောက် ရှိသင့်တယ် "

လင်းကျွင်းကျွင်းသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ယဲ့ဖန်က အဝေးကြီးမှာ ရပ်နေတာတောင် ဒီခွက်ရဲ့ တန်ဖိုးကို ပြောနိုင်တာလား။

သူက ဒီလောက်တောင် အစွမ်းထက်တာလား။

စျေးနှုန်းကို ကြားပြီးသည့်အခါ လူတိုင်းက အော်ဟစ်အားပေးကြသည်။

" သူဌေးယောင်းက ဒါကို ယွမ်၃သောင်းနဲ့ အခုလေးတင် ဝယ်ထားတာလေ "

" ခရမ်းရောင်ဝါးဆိုင်က ဂုဏ်သတင်းနဲ့ တကယ်ပဲ ကိုက်ညီတယ် "

" သူတို့က ယန်းချန်မြို့မှာ နံပါတ်တစ် ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ ဖြစ်လာရတာ အကြောင်းရင်းရှိနေတာပဲ "

တန်ဖိုးပမာဏမှာ များလေသည်။

လူတိုင်း၏ စိတ်အားထက်သန်စွာ ဆွေးနွေးသံကို ကြားသော်လည်း ယောင်းစွမ်းမင်းမှာတော့ အနည်းငယ် စိတ်ပျက်သွားသည်။

စျေးနှုန်းကို အနည်းဆုံး ဆယ်ဆလောက် တိုးနိုင်မည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း ကောင်းမွန်သည့် အစပြုမှုတစ်ခု ဖြစ်ခဲ့သည်။

အတုအား ချက်ချင်း ဝယ်လိုက်မိခြင်းထက် ပိုကောင်းလေသည်။

သူသည် လူအုပ်ကို ကျေးဇူးတင်နေချိန်တွင် လူအုပ်ထဲရှိ ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းကို ရုတ်တရက် တွေ့လိုက်ရသည်။

" ဟေး၊ ဒါက မေပယ်ရွက်ဆိုင်က အကဲဖြတ်သူ မဟုတ်ဘူးလား။ ဘာလဲ၊ မင်းဒီကိုရောက်နေတာကြာပြီလေ။ တစ်ခုမှ မရွေးရသေးတာလား။ မင်းတို့ မေပယ်ရွက်ဆိုင်ရဲ့ စံနှုန်းတွေက အရမ်းမြင့်နေတာမဟုတ်ဘူးလား "

သူသည် အထူးသဖြင့် 'မေပယ်ရွက်ဆိုင်'ဟူသော စကားလုံးကို တမင်တကာ ကျယ်လောင်စွာ ပြောလိုက်ပြီး မေပယ်ရွက်ဆိုင်မှ လူများသည် သူ့ထက် ညံ့ကြောင်း အခြားသူများ မသိမှာကို စိုးရိမ်နေသည့်အလား တမင်အလေးပေး ပြောခဲ့သည်။

ယောင်းစွမ်းမင်းသည် သူတို့အား ပစ်မှတ်ထားရသည့် အကြောင်းရင်းကို စွန်းရှို့ယိမှ ပြောခဲ့သည်။

အဓိကမှာ မေပယ်ရွက်ဆိုင်သည် ဤကာလအတွင်းတွင် ယန်းချန်မြို့အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေသောကြောင့် ခရမ်းရောင်ဝါးဆိုင်မှ ရန်လိုမှု ရလာခဲ့ခြင်းဖြစ်သည်။

မေပယ်ရွက်ဆိုင်၏ လက်ထောက်မန်နေဂျာအနေဖြင့် လင်းကျွင်းကျွင်းသည် အနှိမ်မခံချင်ပေ။

သူမက ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။

" ဟုတ်တယ်။ ကျွန်မတို့ရဲ့ မေပယ်ရွက်ဆိုင်ရဲ့ စံနှုန်းက တကယ်ပဲ မြင့်လွန်းတယ်။ ၁သိန်းလောက်ပဲ တန်တဲ့ အမှိုက်တစ်စကို စိတ်မဝင်စားဘူး "

မူလက သူမသည် ယောင်းစွမ်းမင်းအား နှိမ်ချင်ခြင်းသာ ဖြစ်သော်လည်း ထိုမြေခွေးအိုကြီးသည် သူမ၏ စကားများကို အထအနကောက်ရန် မမျှော်လင့်ခဲ့ပေ။

" အိုး၊ တကယ်လား။ ဒါဆို မေပယ်ရွက်ဆိုင်က ဘယ်လို ရတနာတွေ ရွေးမလဲဆိုတာ ငါတို့က အရမ်းကြည့်ချင်ပါသေးတယ်။ မြန်မြန် ငါတို့ကို ပြ "

ယောင်းစွမ်းမင်းမှ ဦးဆောင် ပြောလာသောအခါ အခြားနောက်လိုက်များ အားလုံးကလည်း လိုက်ပြောကြသည်။

" မှန်တယ်။ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ထဲ ဝင်တော့မယ်လို့ ကြားတယ်။ ဒါဆို မင်းတို့ရဲ့ ခွန်အားကို ငါတို့ကို ပြလေ "

" ဟုတ်တယ်။ တခြားသူရဲ့ နယ်မြေထဲကို ဝင်ချင်ရင် မင်းတို့ရဲ့ အရည်အချင်းကို ပြရမယ် မဟုတ်လား "

" ခရမ်းရောင်ဝါးဆိုင်က ရွေးထားတဲ့ပစ္စည်းတွေလောက် မင်းတို့ ရွေးမယ့် ရှေးဟောင်းပစ္စည်းတွေက အဖိုးမတန်ဘူးဆိုရင်တော့ တတ်နိုင်သမျှ မြန်မြန် ပြန်လိုက်တာ ပိုကောင်းတယ် "

" ဟားဟားဟား၊ ယန်းချန်မြို့မှာ ခရမ်းရောင်ဝါးဆိုင်က ရှိနေတာ ဘယ်နှစ်နှစ်ရှိပြီလဲ။ မင်းရဲ့ မေပယ်ရွက်ဆိုင်က သူတို့ကို ဘယ်လိုလုပ် ကျော်နိုင်မှာလဲ "

" မြန်မြန်ရွေးလိုက်။ ကြည့်ရအောင် ........ "

လင်းကျွင်းကျွင်း အကျပ်ရိုက်နေသည်။

သူမသည် ယဲ့ဖန် ကိုသာ အကူအညီတောင်းရတော့သည်။

ယဲ့ဖန် သူမကို တမင်တကာ နောက်ပြောင်လေသည်။

ယဲ့ဖန်သည် တန်းပြီး လက်လျှော့လိုက်သည်။

" ဘာလို့ ကိုယ့်ကို ကြည့်နေတာလဲ။ ဘယ်သူပြောလိုက်တာမလို့လဲ။ ကိုယ့်ဟာကိုယ် ရှင်းရမယ်လေ "

လင်းကျွင်းကျွင်း အနည်းငယ် ရှက်သွားသည်။

" ကျေးဇူးပြုပြီး ကူညီပါ။ ရှင်က မေပယ်ရွက်ဆိုင်ရဲ့ ပိုင်ရှင်လေ။ မေပယ်ရွက်ဆိုင်ရဲ့ နာမည်ပျက်သွားရင် ရှင့်အတွက် မကောင်းဘူးမဟုတ်လား "

ယဲ့ဖန်သည် သူမ၏ စိုးရိမ်သောကရောက်နေသည့် ပုံစံကို မြင်ချင်လေသည်။

" အဆင်ပြေပါတယ်။ ကိုယ်က ငွေရှာဖို့ မေပယ်ရွက်ဆိုင်ကို အားကိုးနေတာမဟုတ်ဘူး။ ကိုယ့်နာမည်ပျက်သွားတော့ ဘာလုပ်ရမှာလဲ "

လင်းကျွင်းကျွင်း ဆက်ပြောချင်သော်လည်း ယောင်းစွမ်းမင်းမှ သူမကို ဆက်လက်လှောင်ပြောင်လိုက်သည်။

" ဘာလဲ။ မင်းတို့က မလုပ်ရဲဘူးလို့တော့ မပြောနဲ့။ မင်းတို့ရဲ့ မေပယ်ရွက်ဆိုင်က အကဲဖြတ်သူတွေက မတော်ဘူး ထင်တယ် "

ဘေးပတ်ဝန်းကျင်မှ လူတွေကလည်း ရယ်မောနေကြသည်။

ယဲ့ဖန် လှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်နေလိုက်သည်။

" ကျွန်တော်တို့က သူဌေးယောင်းကို မျက်နှာသာပေးနေတာပါ။ ဒီဆိုင်က ပစ္စည်းကောင်းတွေ အရမ်းရသွားရင် သူဌေးယောင်းနဲ့ ခရမ်းရောင်ဝါးဆိုင်က အသုံးမကျဘူးဖြစ်သွားမှာ မဟုတ်လား "

ယောင်းစွမ်းမင်း ချက်ချင်း ဆက်ပြောသည်။

" ဟားဟားဟား၊ မင်းက စကားကို ဘယ်လိုပြောရမလဲဆိုတာ တကယ်ကို သိတာပဲ။ မင်းမှာ အရည်အချင်းမရှိရင် ပြောလိုက်။ ဘာလို့ အကြောင်းပြချက်တွေ အများကြီးရှာနေတာ လဲ။ မင်းမှာ တကယ် အရည်အချင်းရှိတယ်ဆိုရင် သွားရွေးလိုက်။ ငါ့ကို မျက်နှာသာ မပေးနဲ့ "

All Chapters