← Chapters

အပိုင်း ၇၈၅-၇၈၈

Vol. 40 Ch. 785-788

အပိုင်း ၇၈၅-၇၈၈

Vol. 40 Ch. 785-788

အပိုင်း ( ၇၈၅ )

ဒါက မေပယ်ရွက်ဆိုင်ရဲ့ စံသတ်မှတ်ချက်လား။

ယဲ့ဖန်သည် အခြေအနေမှ ရှောင်ထွက်ရန် ဆင်ခြေရှာနေသည်ဟု အနီးနားရှိ လူများကလည်း ခံစားမိသည်။

" အိုး၊ မေပယ်ရွက်ဆိုင်ရဲ့ လူတွေက ခရမ်းရောင်ဝါးဆိုင်ရဲ့ စိန်ခေါ်မှုကို လက်မခံရဲလောက်အောင်ထိ သတ္တိနည်းတာပဲ "

" ဒီလို စံနှုန်းမျိုးနဲ့ ယန်းချန်မြို့ကို လာပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာလား။ ကျုံးဟိုင်မြို့ကို ပြန်သွားလိုက်ကြ "

" သူဌေးယောင်းက ဒီလောက် ပြောပြီးနေတာတောင် မင်းတို့က သေချင်ယောင် ဆောင်နေသေးတာလား "

" မင်းမှာ အရည်အချင်း တကယ်ရှိရင် မင်းရဲ့ အရည်အချင်း ငါတို့ကိုပြလိုက်။ မေပယ်ရွက်ဆိုင်ရဲ့ စွမ်းဆောင်ရည်ကို အားလုံးပဲ ကြည့်ကြရအောင် ......... "

ထိုအချိန်တွင် စွန်းလူအိုကြီးသည် မေပယ်ရွက်ဆိုင်မှ အကဲဖြတ်သူတစ်စုကို ခေါ်ပြီး ပြေးလာသည်။

လူအုပ်စုကြီး၏ ဒေါသကိုကြားလျှင် သူတို့အားလုံးသည် ဖြောင့်မတ်သော စိတ်ထားနှင့် ပြည့်စုံနေသည့် ပုံဖမ်းနေသည်။

အကဲဖြတ်သူနှစ်ဦးမှ ချက်ချင်း ထရပ်လိုက်သည်။

ယဲ့ဖန် လက်မြှောက်ပြီး သူတို့နှစ်ယောက်ကို တားလိုက်သည်။

ယဲ့ဖန် ကွင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်သွားသည်။

" သူဌေးယောင်းက ဒီလိုပြောနေမှတော့ ကျွန်တော်တို့ မေပယ်ရွက်ဆိုင်ဘက်က မပြပေးရင် ဘယ်ကောင်းပါ့မလဲ "

ယောင်းစွမ်းမင်းသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

" မင်းရဲ့ အရည်အချင်းတွေ ငါတို့ကို ပြလိုက်။ ကရုဏာမထားနဲ့။ ငါ့ရဲ့ လက်ဖက်ရည်ခွက်ထက် ပိုစျေးကြီးတဲ့ဟာ တစ်ခုခုကို တကယ် ရွေးနိုင်ရင် ငါ့ခရမ်းရောင်ဝါးဆိုင်က မင်းတို့ မေပယ်ရွက်ဆိုင် ယန်းချန်မြို့ထဲကို ဝင်လာရင် သေချာပေါက် ထောက်ခံပံ့ပိုးပေးမယ် "

စွန်းရှို့ယိနှင့် အခြားသူများသည် သူ့စကားကို ကြားသောအခါ စိတ်လှုပ်ရှားလာသည်။

မေပယ်ရွက်ဆိုင်သည် ယန်းချန်မြို့သို့ဝင်ရောက်ရန် အကြီးမားဆုံးအဟန့်အတားမှာ ဒေသခံ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူများ၏ မျိုးချစ်စိတ်ဆန်လွန်းသောကြောင့်ဖြစ်သည်။

ပြင်ပလူများ ကိုယ့်နယ်ထဲ ဝင်လာမည်ကို လုံးဝ လက်မခံကြချေ။

ခရမ်းရောင်ဝါးဆိုင်သည် သူတို့အား ထောက်ခံပံ့ပိုးပေးလျှင် မေပယ်ရွက်ဆိုင်၏ ယန်းချန်မြို့သို့ ဝင်ရောက်ခြင်းမှာ သေချာပေါက် အဆင်ပြေချောမွေ့မည့်အရာဖြစ်သည်။

သေချာသည်မှာ သူတို့ ဒီစိန်ခေါ်မှုအား အနိုင်ယူရန် လိုအပ်ချက်ဖြစ်သည်။

" သဘောတူတယ် "

ယဲ့ဖန်သည် သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး နောက်လှည့်ကာ ဆိုင်ရှေ့သို့ လျှောက်သွားလိုက်သည်။

ဆိုင်ထဲရှိ ပစ္စည်းအားလုံးသည် ဈေးသတ်မှတ်ထားသောကြောင့် ဆိုင်ရှင်မှ ရုတ်တရက် ဈေးတက်မည်ကို စိုးရိမ်စရာ မလိုချေ။

ယဲ့ဖန်သည် လှည့်ကြည့်လိုက်ပြီး အနက်ရောင် လက်ဖက်ရည်ခွက်ကို ရုတ်တရက် ကောက်ကိုင်လိုက်သည်။

လက်ဖက်ရည်ခွက်ပေါ်၌ ရွှံ့များစွာရှိနေပြီး ယောင်းစွမ်းမင်းနှင့် တခြားသူများ ရွေးထားသည့်ပစ္စည်းလောက် မကောင်းချေ။

ထိုလက်ဖက်ရည်ခွက်၏ စျေးနှုန်းမှာ ယွမ်၁၃၀၀၀ဖြစ်ပြီး ယောင်းစွမ်းမင်း ဝယ်ခဲ့သော ပစ္စည်း၏ ဈေးထက်ဝက်သာထက်ပင် နည်းလေသည်။

" ဒါဆိုလည်း ဒီတစ်ခု "

ယဲ့ဖန် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်နှင့် လင်းကျွင်းကျွင်းမှ ငွေရှင်းရန် အလျင်အမြန် ပြေးလာသည်။

" ဟားဟားဟား၊ ဒါက မင်းရွေးလိုက်တဲ့ ရတနာလား။ ဒီဟာကို ငါတို့နဲ့ ယှဉ်ဖို့ မင်းစီစဉ်နေတာလား "

ယောင်းစွမ်းမင်းသည် ယဲ့ဖန်လက်ထဲတွင် ရှိသည့် အနက်ရောင်လက်ဖက်ရည်ခွက်ကို မြင်သောအခါ သူ မထိန်းနိုင်စွာ ပြုံးနေသည်။

ပွဲကြည့်ရန် ဝိုင်းစုနေကြသည့် လူများကလည်း ရယ်ကြသည်။

" ရယ်ရလို့ သေတော့မယ်။ ဒါက မေပယ်ရွက်ဆိုင်ရဲ့ စံနှုန်းလား။ သူတို့အပေါ် ငါ့ရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်မားသွားပုံရတယ် "

" အိုက်ယား၊ ခရမ်းရောင်ဝါးဆိုင်နဲ့ မယှဉ်နိုင်ရင်တောင် ဒီလောက်ကြီးထိ ဆိုးမနေသင့်ဘူး မဟုတ်လား။ ဒီလိုမျိုးထိလို့ တစ်ခါမှ မတွေးဖူးဘူး ......... "

" ဘာပဲဖြစ်ဖြစ် ခရမ်းရောင်ဝါးဆိုင်က အာဏာကြီးစဲပဲ။ ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် စိန်ခေါ်နိုင်မှာလဲ "

" ဟူး၊ မေပယ်ရွက်ဆိုင်တစ်ခုလုံးအစား ငါတကယ် ရှက်နေပြီ ......... "

စွန်းလူအိုကြီးနှင့် အခြားသူများသည် ဤလူအုပ်စု၏ လှောင်ပြောင်ခြင်းကို ခံရသောအခါ အနည်းငယ် ဒေါသထွက်ခဲ့ကြသည်။

သို့သော်လည်း သူတို့သူဌေးမှ စကားမပြောသေးသဖြင့် ချက်ချင်း တန်ပြန်တိုက်ခိုက်နိုင်ခြင်း မရှိပေ။

လူတိုင်းက ယဲ့ဖန်ကို လှောင်ပြောင်နေကြချိန် ခရမ်းရောင်ဝါးဆိုင်ရှိ လျန်လူကြီးမင်းမှ ယဲ့ဖန်လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ခဏ စိုက်ကြည့်ရင်း ရုတ်တရက် မေးလာသည်။

" လူကြီးမင်းလေး၊ ငါ ကြည့်လို့ရမလား "

အားလုံးသည် လျန်လူကြီးမင်း ဘာကို ဆိုလိုချင်နေမှန်း မသိဘဲ အံ့သြစွာ ကြည့်နေကြသည်။

ယဲ့ဖန် ဘာမှ မပြောခဲ့ချေ။

လက်ဖက်ရည်ခွက်ကို ထိုလျန်လူကြီးမင်းဆီ ပေးလိုက်သည်။

လျန်လူကြီးမင်းသည် ဂရုတစိုက်ယူကာ အသေအချာ အကဲဖြတ်ကြည့်လိုက်သည်။

သူ၏အမူအရာမှာ ပို၍ အံ့သြလာပုံရသည်။

" ဒါက …..... အဲ့တာ ဖြစ်နိုင်မလား ...... ”

ယောင်းစွမ်းမင်း စိတ်ဝင်တစား မေးလိုက်သည်။

" လျန်လူကြီးမင်း၊ ဒီလက်ဖက်ရည်ခွက်က တစ်ခုခုမှားနေလို့လား "

လျန်လူကြီးမင်းသည် ခေါင်းကို မော့ပြီး ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်ပြီးနောက် ယောင်းစွမ်းမင်းကို လှည့်ကြည့်လိုက်သည်။

" ကျွန်တော် မမှားရင် ဒါက တောင်ပိုင်းဆုန်းမင်းဆက် ကျန်းဖိုက ယုန်မွေးလက်ဖက်ရည်ခွက် ဖြစ်လောက်တယ်။ ကျန်းဖိုလက်ဖက်ရည်ခွက်တွေထဲမှာ အရည်အသွေးအကောင်းဆုံးတွေထဲကဆိုတာ သေချာတယ် "

အားလုံးသည် လျန်လူကြီးမင်း၏ ရှင်းပြချက်ကို ကြားပြီးနောက် အချင်းချင်း ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် ရှေးဟောင်းပစ္စည်းနှစ်ခြိုက်သူများ ဖြစ်သောကြောင့် ကျန်းဖိုအကြောင်းကို သိကြသည်။

ထိုဖိုသည် ဆုန်းမင်းဆက်တွင် ကျော်ကြားသော ဖိုတစ်ခုဖြစ်ပြီး အနက်ရောင်ကြွေသုတ်လက်ဖက်ရည်ခွက်များဖြင့် အထူးတလည် ကျော်ကြားလေသည်။

ဤသာမန်ပုံစံ လက်ဖက်ရည်ခွက်သည် ဆုန်းမင်းဆက်မှ စစ်မှန်သော အနက်ရောင်ကြွေသုတ်ခွက် ဖြစ်နေမည်ဟု မမျှော်လင့်ထားကြပေ။

ထိုခွက်၏ တန်ဖိုးသည် တိုင်းတာ၍ပင် မရနိုင်ပေ။

စွန်းရှို့ယိနှင့် လင်းကျွင်းကျွင်းတို့သည် ပို၍ပင် စိတ်လှုပ်ရှားနေခဲ့ကြသည်။

မေပယ်ရွက်ဆိုင်က ဒီနေ့ နာမည်ကြီးတော့မှာလား။

ယောင်းစွမ်းမင်း၏ အမူအရာမှာ အနည်းငယ် မှုန်ကုပ်သွားသည်။

" လျန်လူကြီးမင်း၊ ဒါက တောင်ပိုင်းဆုန်းမင်းဆက် ယုန်မွေးလက်ဖက်ရည်ခွက်ဆိုတာ သေချာလို့လား "

တစ်ဖက်တွင် ယောင်းစွမ်းမင်းသည် မေးနေသော်လည်း တစ်ဖက်တွင် လက်ဖက်ရည်ခွက်မှာ အစစ်အမှန်ဖြစ်လျှင်ပင် အသံကျယ်ကျယ်ဖြင့် မပြောခြင်းက အကောင်းဆုံးဖြစ်ကြောင်း လျန်လူကြီးမင်းအား အရိပ်အမြွက် ပြောနေခဲ့သည်။

မဟုတ်ပါက ခရမ်းရောင်ဝါးဆိုင်၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော ထိခိုက်မှုဖြစ်လိမ့်မည်။

လျန်လူကြီးမင်းသည် သူ၏ အရိပ်အမြွက်ကို နားမလည်ခဲ့ချေ။

တစ်နည်းပြောရလျှင် သူသည် ထိုအလိမ်အညာ၌ မပါဝင်ချင်ပေ။

ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" မှန်တယ်၊ ငါမမှားဘူး။ ဒါက တောင်ပိုင်းဆုန်းမင်းဆက်က ကျန်းမီးဖို ယုန်မွေးလက်ဖက်ရည်ခွက်ပဲ "

ထိုတစ်ကြိမ်၌ လူစုလူဝေးက ချက်ချင်း အပြင်းအထန် ဆွေးနွေးကြတော့သည်။

" ဒါက တကယ်ပဲ တောင်ပိုင်းဆုန်းမင်းဆက်က ယုန်မွေးလက်ဖက်ရည်ခွက်လား။ ဒီ မေပယ်ရွက်ဆိုင်က အကဲဖြတ်တဲ့သူက အံ့သြစရာကောင်းလွန်းတယ် မဟုတ်ဘူးလား "

" ဟုတ်တယ်၊ သူ ခုနက အဲ့ပစ္စည်းကို ရွေးတော့ အနီးကပ်တောင် မကြည့်ဘဲ တန်းရွေးခဲ့တာကို ငါ မြင်လိုက်တယ် "

" ဒါက တကယ် အံ့သြစရာကောင်းတာပဲ။ သူဘယ်လိုလုပ်လိုက်မှန်းတောင် မသိဘူး "

" တကယ်သာဆိုရင် ဒီလက်ဖက်ရည်ခွက်ရဲ့တန်ဖိုးက တိုင်းတာလို့တောင် မရနိုင်ဘူး "

" ပြီးခဲ့တဲ့အကြိမ် လေလံပွဲမှာ ကျန်းဖိုလက်ဖက်ရည်ခွက်ကို လေလံတင်ရောင်းတာကို တွေ့ခဲ့တာ မှတ်မိတယ်။ အဲ့အချိန်တုန်းက ယွမ် ၈သိန်းကျော်နဲ့ လေလံတင်ရောင်းခဲ့တာ။ ဒါက တကယ်ကြီး အဖိုးမဖြတ်နိုင်တဲ့ဈေးပဲ "

" ဒါဆို ဒီဟာကလည်း အနည်းဆုံး သိန်းဂဏန်း ရှိလောက်တယ် မဟုတ်လား။ ခရမ်းရောင်ဝါးဆိုင်ရွေးတဲ့ ပစ္စည်းစျေးထက် အများကြီး ပိုတယ် "

" ခရမ်းရောင်ဝါးဆိုင် ဒီတစ်ခါတော့ ကိုယ့်ကိုကိုယ် သေနတ်နဲ့ ပစ်လိုက်မိတာပဲ …..... "

အပိုင်း ( ၇၈၆ )

ဒါက စွမ်းအားကြီးတာထက်ပိုတဲ့ ဖောက်ပြန်သော တတ်ကျွမ်းမှု

တစ်ဖက်တွင် ယောင်းစွမ်းမင်းသည် လူတိုင်း၏ ဆွေးနွေးမှုကို ကြားလိုက်ပြီး ချက်ချင်းပင် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။

မေပယ်ရွက်ဆိုင်အား အရူးလုပ်ရန် သူသည် တစ်ဖက်သူကို လှောင်ပြောင်ရန်ဖြင့် တမင်တကာ စကားလုံးလှများသုံးကာ ခရမ်းရောင်ဝါးဆိုင် ရှုံးလျှင် ယန်းချန်မြို့ထဲသို့ မေပယ်ရွက်ဆိုင် ဝင်လာခြင်းကို ထောက်ခံပံ့ပိုးပေးမည်ဟု ကတိပေးခဲ့သည်။

သို့သော် မေပယ်ရွက်ဆိုင်ဘက်တွင် အမှန်တကယ် အဖိုးမဖြတ်နိုင်သော တောင်ပိုင်းဆုန်းမင်းဆက်မှ လက်ဖက်ရည်ခွက်အား ရွေးချယ်နိုင်မည့် ကျွမ်းကျင်သူတစ်ဦး ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။

ဒီတစ်ကြိမ်၌ သူ့ကိုယ်သူ သေနတ်နှင့် ပစ်မိပြီဖြစ်သည်။

မေပယ်ရွက်ဆိုင်အား ယန်းချန်မြို့သို့ ဝင်ရောက်ခွင့် ပြုလိုက်ပါက ခရမ်းရောင်ဝါးဆိုင်၏ အနေအထားကို ထိခိုက်စေမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တားဆီးရပေမည်။

ထိုအချက်ကို တွေးပြီး လျန်လူကြီးမင်းကို အလျင်စလို အချက်ပြပြီး ပြောလိုက်သည်။

" ဒီလက်ဖက်ရည်ခွက်က သာမန်ပဲလို့ ထင်တယ်။ တောင်ပိုင်းဆုန်းမင်းဆက်က ရှိနေခဲ့တယ် ဆိုရင်တောင် ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တစ်ခု ဖြစ်နေလောက်တယ် "

လျန်လူကြီးမင်းသည် ယောင်းစွမ်းမင်း၏ မျက်လုံးထဲမှ အကြည့်ကို မြင်လိုက်ရပြီး စိတ်ရှုပ်သွားခဲ့သည်။

" ဖိုဆောက်တာနဲ့ ပတ်သက်ပြီး မင်း ဘာသိလဲ။ ဒီလက်ဖက်ရည်ခွက်က တောက်ပြောင်တဲ့အရောင်နဲ့ နူးညံ့တဲ့ ဖွဲ့စည်းပုံအထိအတွေ့ ရှိသည်။ ပိုရှားတာက ဒီခွက်ကို လုံး၀ ထိန်းသိမ်းထားတာပဲ။ ကျန်းမီးဖိုရဲ့ အနက်ရောင်ကြွေထည်များထဲက ရှားပါးပစ္စည်းကောင်းတစ်ခုလို့ ဆိုရမယ်။ ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်လို့ ဘယ်လိုလုပ် ခေါ်ရမှာလဲ "

သူ၏ စကားကြောင့် ယောင်းစွမ်းမင်း ဒေါသထွက်မတတ် ဖြစ်သွားသည်။

ဒီလောက် ခေါင်းမာတဲ့ အကဲဖြတ်သူကို ဘယ်လိုလုပ် ရှာတွေ့ထားတာလဲ။

ခရမ်းရောင်ဝါးဆိုင် တစ်ခုလုံး မျက်နှာပျက်သွားသည်။

ယဲ့ဖန်နှင့် ကျန်သည့်သူများကလည်း ထိုမြင်ကွင်းကို မြင်ပြီး ကျေနပ်သွားကြသည်။

ခရမ်းရောင်ဝါးဆိုင်က အတွင်းပြဿနာတွေ စနေပြီလား။

စွန်းရှို့ယိသည် ကောက်ကျစ်သော မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည်။

ထိုအခွင့်အရေးကို ချက်ချင်း ဆုပ်ကိုင်ကာ မေးလိုက်သည်။

" ဒါဆို လျန်လူကြီးမင်း ဒီလက်ဖက်ရည်ခွက်က ဘယ်လောက်တန်လဲဆိုတာ ခန့်မှန်းပေးလို့ ရမလား "

လျန်လူကြီးမင်းသည် လေးနက်သောအမူအရာဖြင့် လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေသည်။

ခဏအကြာတွင် သူ့အကဲဖြတ်ချက်ကို ပေးလာခဲ့သည်။

" ဒီလိုရှားပါးပြီး လက်ရာမြောက်တဲ့ ထုတ်ကုန်တစ်ခုကို အကဲဖြတ်ဖို့က ခက်ခဲတယ်လို့ ထင်တယ်။ စျေးသတ်မှတ်ရရင် ၅ သန်းထက် မနည်းဘူး "

ထိုစကား ပြောပြီးသည်နှင့် အားလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

" အမလေး ဘုရားရေ၊ သိန်းချီလောက်ပဲ ရှိမယ်လို့ ထင်ထားတာ။ ၅သန်းကျော်မယ်လို့ မမျှော်လင့်ထားဘူး "

" ဟ၊ သူက ၁သောင်းလောက်နဲ့ ဝယ်ခဲ့တာလေ။ ဒါပေမယ့် တကယ်ကြီး ၅သန်းတောင် တန်ဖိုးရှိသွားတာလား။ လိမ်နေတာလား "

" ဒါက ခရမ်းရောင်ဝါးဆိုင်ရဲ့ အကဲဖြတ်သူက ခန့်မှန်းထားတဲ့ ဈေးနှုန်းဆိုတော့ ယုံကြည်စိတ်ချရမယ် ထင်တယ် "

" ဟုတ်တယ်၊ ခရမ်းရောင်ဝါးဆိုင်နဲ့ မေပယ်ရွက်ဆိုင်က ကောင်းမွန်တဲ့ အခြေအနေမှာ မရှိတော့ သူတို့က သေချာပေါက် ပိုပြောမှာ မဟုတ်ဘူး "

" ဒါပေမယ့် ဒီလောက်ကြီးက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား။ ၅သန်းတောင်လေ။ မေပယ်ရွက်ဆိုင်ရဲ့ အကဲဖြတ်သူက နည်းနည်းလေး လွန်လွန်းတယ် မဟုတ်ဘူးလား "

" ပြီးတော့ သူက အရမ်းငယ်သေးတယ်လေ။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး ....... "

လူတိုင်းသည် ဤစျေးနှုန်းမှာ မယုံနိုင်စရာကောင်းသည်ဟု ထင်လိုက်သော်လည်း ထိုစျေးနှုန်းကို ခရမ်းရောင်ဝါးဆိုင်၏ အကဲဖြတ်သူမှ ခန့်မှန်းထားသောကြောင့် မည်သူမျှ မေးခွန်းမထုတ်ရဲကြပေ။

လူတိုင်းသည် ယဲ့ဖန်အား မှင်တက်စွာ ကြည့်နေကြသည်။

အထူးသဖြင့် ထိုလူငယ်လေးမှာ အလွန်ငယ်ရွယ်လေသည်။

အထူးသဖြင့် အဘိုးကြီးအုပ်စုကြားရှိ လူငယ်ချောချောလေးသည် အများအာရုံကို ဖမ်းစားနိုင်ခဲ့သည်။

မေပယ်ရွက်ဆိုင်မှ လူများပင် မယုံကြည်နိုင် ဖြစ်ခဲ့ကြသည်။

၅သန်းတန်ဖိုးရှိ အရည်အသွေးမြင့် ပစ္စည်းတစ်ခုအား ပေါ့ပါးစွာ ရွေးလိုက်ရုံဖြင့် ဝယ်ယူနိုင်လိုက်ခြင်းအား 'စွမ်းအားကြီး'သည်ဟူ၍ပင် မဖော်ပြနိုင်တော့ချေ။

အဖြစ်အပျက်မှာ အနည်းငယ် ဖောက်ပြန်နေလေသည်။

အထူးသဖြင့် လင်းကျွင်းကျွင်းသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။

သူမသည် သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်ဘဲ ယဲ့ဖန်ဆီသို့ ပြေးသွားပြီး သူ၏ လက်မောင်းထဲသို့ ပြေးဝင်လိုက်သည်။

သူမသည် ဤကာလအတွင်း ရှေးဟောင်းပစ္စည်းများနှင့် ထိတွေ့ဆက်ဆံရပြီး ဤလုပ်ငန်းကြီး၏ ရေအတိမ်အနက်မှာ အတော်လေး နက်ရှိုင်းနေသည်ကို သိလာရသည်။

ရှေးဟောင်းပစ္စည်းလုပ်ငန်းခွင်၌ သက်တမ်းတစ်ဝက်လောက်ပင် ရှိခဲ့ကြသည့် ပညာရှင်များစွာပင် ထိုအချက်ကို သတိထားလေသည်။

သို့သော် ယဲ့ဖန် အတွက်တော့ ထိုပညာမှာ ထမင်းစားရေသောက်လောက်ပင် လွယ်ကူလေသည်။

ယဲ့ဖန် သည် မေပယ်ရွက်ဆိုင်တစ်ခုလုံးအတွက် တံဆိပ်ခေါင်းတစ်ခုတည်းဖြင့် လဲလှယ်နိုင်ခဲ့ပုံကို သူမ ယနေ့အချိန်ထိ မမေ့နိုင်ပေ။

ထိုကဲ့သို့ ကျက်သရေရှိမှုက သူမကို လန်းဆန်းစေသည်။

စွန်းရှို့ယိသည် ဆိုင်၏ မန်နေဂျာအဖြစ် သူ့တာဝန်ကို မမေ့ပေ။

သူသည် ယောင်းစွမ်းမင်းဆီသို့ ချက်ချင်း လျှောက်လာပြီး ပြောသည်။

" သူဌေးယောင်း ကျွန်တော်တို့ဘက်က ရွေးတဲ့ ရှေးဟောင်းပစ္စည်းရဲ့တန်ဖိုးက မင်းတို့ဘက်ထက် ကျော်နေတော့ ယန်းချန်မြို့ထဲကို မေပယ်ရွက်ဆိုင် ဝင်လာတာကို ထောက်ခံပံ့ပိုးပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား။ စကားပြန်မရုတ်ဘူးမလား "

ယောင်းစွမ်းမင်းသည် ထိုအခိုက်အတန့်တွင် အလွန်စိတ်ဓာတ်ကျသွားရသည်။

သူ၏ အကဲဖြတ်သူသည် သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဟု သူ မမျှော်လင့်ခဲ့ချေ။

ယခုအခါ အခြေအနေများမှာ ပြောင်းလဲမရတော့သဖြင့် သူ့ကတိအား မဖောက်ဖျက်နိုင်တော့ပေ။

" ငါတို့ရဲ့ ခရမ်းရောင်ဝါးဆိုင်က အမြဲတမ်း ရိုးသားမှုကို အခြေတည်တယ်။ ကတိပေးထားတာဆိုတော့ သေချာပေါက် လိုက်နာပေးရမှာပေါ့။ ခရမ်းရောင်ဝါးဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကျုပ် ယောင်းစွမ်းမင်းက ယန်းချန်မြို့ကို မေပယ်ရွက်ဆိုင် ဝင်ရောက်လာတာကို သေချာပေါက် ထောက်ခံပံ့ပိုးကူညီပေးတယါ "

စွန်းရှို့ယိနှင့် မေပယ်ရွက်ဆိုင်မှ လူများအားလုံးသည် ပျော်ရွှင်သွားကြတော့သည်။

ခရမ်းရောင်ဝါးဆိုင်သည် ယန်းချန်မြို့၏ ရှေးဟောင်းပစ္စည်းလုပ်ငန်း၌ ခေါင်းကြီးပိုင်း ဖြစ်သည်။

ထိုသို့သောဆိုင်မှ သဘောတူလိုက်လျှင် အခြားရှေးဟောင်းပစ္စည်းရောင်းဝယ်သူများသည်လည်း ခုခံကြမည် မဟုတ်ပေ။

သေးငယ်သော သဘောမတူမှုများ ရှိမည်မှာ သေချာသော်လည်း စွန်းရှို့ယိသည် သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်လေသည်။

ရှိနေသူ အားလုံးများ၊ အထူးသဖြင့် ယန်းချန်မြို့၏ ဒေသခံရှေးဟောင်းပစ္စည်းရောင်းဝယ်သူများမှာ အချင်းချင်း ကြည့်နေကြသည်။

သူတို့အားလုံး အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေကြသည်။

" ခရမ်းရောင်ဝါးဆိုင်က မေပယ်ရွက်ဆိုင်ကို ယန်းချန်မြို့ထဲကို ဝင်ခွင့်ပြုဖို့ သဘောတူလိုက်တာလား။ ဒါဆို အနာဂတ်ကျ ငါတို့ရဲ့နေ့ရက်တွေ မလွယ်ကူတော့မှာကို စိုးရိမ်ရတယ် "

" ငါတို့လည်း ဘာလုပ်နိုင်မှာမလို့လဲ "

" သူဌေးယောင်းက မေပယ်ရွက်ဆိုင်ကို အစက နှိမ်နှင်းချင်ပေမယ့် မေပယ်ရွက်ဆိုင်က ဒီလောက်ထိ ပြင်းထန်နေမယ်လို့ မမျှော်လင့်ထားဘူး "

" ဟားဟားဟား၊ သူများကို အရူးလုပ်ချင်ပေမဲ့ နောက်ဆုံးကျ သူကိုယ်တိုင်ပဲ လူရွှင်တော် ဖြစ်သွားရတာလေ "

" ခရမ်းရောင်ဝါးဆိုင်က ဒီနေ့ မျက်နှာပျက်သွားရပြီ။ သူတို့ကို မေပယ်ရွက်ဆိုင်က လုံးဝ နှိမ်နင်းခဲ့တာ "

" ယန်းချန်မြို့ရဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေး ခေါင်းကြီးပိုင်းက သိပ်မကြာခင်မှာ ပြောင်းတော့မယ် ထင်တယ် ........ "

အားလုံး ဆွေးနွေးနေကြစဉ် အချိန်အတော်ကြာ ပျောက်သွားခဲ့သော ဖန်းကျန်းဝူသည် ဘယ်နေရာမှမှန်းမသိ ထွက်ပေါ်လာခဲ့သည်။

သူမသည် ယဲ့ဖန်၏ လက်ကို တိတ်တဆိတ် ဆွဲလိုက်သည်။

" သခင်၊ မြန်မြန် ကျန်းဝူနောက်ကို လိုက်ခဲ့ "

ယဲ့ဖန် သူမကြောင့် စိတ်ရှုပ်သွားသည်။

" ငါတို့ ဘယ်သွားမလို့လဲ "

ဖန်းကျန်းဝူသည် သူမ၏ နှုတ်ခမ်းပေါ်တွင် လက်ညှိုးကို အမြန် တင်လိုက်သည်။

" ဟင့်အင်း၊ သခင့်အသံကို လျှော့ပါဦး။ တခြားသူတွေ မသိစေနဲ့ "

ယဲ့ဖန်သည် ကူကယ်ရာမဲ့နေခဲ့သည်။

သူမလက်ကို ဆွဲပြီး လူအုပ်ထဲက လိုက်ထွက်ရုံသာ တတ်နိုင်တော့သည်။

ထိုပုံစံကို မြင်ပြီး မေပယ်ရွက်ဆိုင်မှ လူများကလည်း အမြန် အနောက်က လိုက်သွားကြသည်။

ပျော်စရာ မရှိတော့သည်ကို တွေ့လိုက်ရ၍ လူအုပ်ကြီးက လူစုခွဲသွားသည်။

အားလုံး ထွက်သွားပြီးနောက် ယောင်းစွမ်းမင်းသည် ချက်ချင်း ခေါင်းကိုလှည့်ကာ လျန်လူကြီးမင်းအား ပြဿနာရှာတော့သည်။

" လျန်ကျစ်မူ၊ မင်း ဘာကိုဆိုလိုတာလဲ။ ငါ မင်းကို အရိပ်အမြွက်ပေးနေတာကို ဘာကိစ္စနဲ့ လက်ဖက်ရည်ခွက်ရဲ့ ဈေးအမှန်ကို ပြောလိုက်တာလဲ။ မင်းရဲ့ လုပ်ရပ်တွေက ငါတို့ခရမ်းရောင်ဝါးဆိုင်ကို ဘယ်လောက်တောင် ဒုက္ခပေးခဲ့လဲ သိလား "

လျန်ကျစ်မူ၏ အမူအရာသည် အကျည်းတန်သွားသည်။

" ငါပြောသမျှက ငါ့ရဲ့အသိစိတ်နဲ့ အမှန်ပဲ။ တောင်းပန်ပေမဲ့ ငါ့ရဲ့အသိစိတ်ကို ဆန့်ကျင်ပြီး မလုပ်နိုင်ဘူး "

ယောင်းစွမ်းမင်း ဒေါသအရမ်းထွက်ကာ ရယ်မောလိုက်သည်။

" အသိစိတ်ရှိတယ်ဆိုတာ ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲ။ ငါ့ရဲ့ ခရမ်းရောင်ဝါးဆိုင်က မင်းကို ထောက်ပံ့ပေးဖို့ ပိုက်ဆံတွေအများကြီး သုံးထားတာကို မင်းက အပြင်လူဘက်က လိုက်နေတာလား "

လျန်ကျစ်မူက အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။

" မင်းက မင်းရဲ့ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဆိုတာ ငါသိခဲ့ရင် မင်းငါ့ကို ပိုက်ဆံဘယ်လောက်ပေးပေး ခရမ်းရောင်ဝါးဆိုင်ကို ရောက်လာမှာ မဟုတ်ဘူး "

ယောင်းစွမ်းမင်းသည်လည်း လုံးဝ ဒေါသထွက်သွားသည်။

" အဲ့လောက်ကြီးကျယ်နေမှတော့ ပိုက်ဆံတွေပြန်ပေးပြီး ထွက်သွားလိုက် "

လျန်ကျစ်မူ အေးစက်စွာ ရယ်မောလိုက်သည်။

" စိတ်မပူပါနဲ့။ မင်းပေးခဲ့တဲ့ ပိုက်ဆံအားလုံးကို ငါ ပြန်ပေးမယ်။ ငါ့လက်ကို ညစ်ပတ်စေမယ့် ပိုက်ဆံတွေ ငါတစ်ပြားမှ မယူဘူး "

ထို့နောက် သူ၏ အင်္ကျီလက်ကို ရုတ်ပြီး လှည့်ထွက်သွားသည်။

.......................

တစ်ဖက်တွင် ယဲ့ဖန်အား ဖန်းကျန်းဝူမှ အဝေးဆိုင်တစ်ခုဆီသို့ ဆွဲခေါ်သွားခဲ့သည်။

အခြားဆိုင်များ အားလုံးသည် ကြိတ်ကြိတ်တိုးနေသော်လည်း ထိုဆိုင်မှာ ခြောက်ကပ်နေသည်။

အကြောင်းမှာ ဆိုင်ပိုင်ရှင်သည် ရှေးဟောင်းပစ္စည်းများကို လုံးဝ ချမပြထားသောကြောင့်ဖြစ်သည်။

ပစ္စည်းများအားလုံးကို တစ်မီတာစတုရန်းပတ်လည်ရှိသော သေတ္တာကြီး သုံးလုံးထဲတွင် ထည့်ထားသည်။

တခြားသူများ မြင်မှာကို ကြောက်သည့်အလား သေတ္တာတွေကို သော့ခတ်ထားလေသည်။

အပိုင်း ( ၇၈၇ )

ချမ်းသာတဲ့သူတွေက မိုက်မဲတယ်

ယဲ့ဖန်သည် သေတ္တာအနည်းငယ်ကို ကြည့်ပြီးနောက် ပိုင်ရှင်သုံးယောက်ကို တစ်ချက်ကြည့်လိုက်သည်။

လူအိုကြီးမှာ အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ဦးဖြစ်ပြီး ကျန်နှစ်ယောက်မှာ အသက်ရွယ်တူ လူလတ်ပိုင်းနှစ်ဦး ဖြစ်သည်။

သူတို့ သုံးယောက်မှာ ရုပ်အလွန်တူလေသည်။

သူတို့မှာ သားအဖများ ဖြစ်ရမည်။

သူတို့သုံးဦးမှာ အလွန်ရိုးသားပြီး တခြားဆိုင်ပိုင်ရှင်များကဲ့သို့ လောဘကြီးသည့် ခံစားချက်မျိုး မရှိချေ။

" ခင်ဗျားတို့က ဒီမှာ ပစ္စည်းရောင်းဖို့ မဟုတ်ဘူးလား။ ဘာလို့ မပြထားတာလဲ "

ယဲ့ဖန်သည် သေတ္တာအတွင်းရှိ ပစ္စည်းများအား စစ်ဆေးရန် သူ၏ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းစနစ်ကို အသုံးပြုပြီးဖြစ်သော်လည်း ထိုလူသုံးဦးကို မတုန်မလှုပ် ကြည့်နေလိုက်သည်။

" လူငယ်လေး၊ မင်း ဘာတွေပြောနေတာလဲ။ သေချာပေါက် ငါတို့က ဒီကို ကုန်ပစ္စည်းရောင်းဖို့ လာတာပေါ့ "

အဘိုးအိုသည် ရှီရှန်းပြည်နယ်၏ လေယူလေသိမ်းသံဖြင့် စကားပြောသည်။

သူ၏ လက်ကြမ်းနှစ်ချောင်းသည် လုယူခံရမည်ကို ကြောက်နေသကဲ့သို့ သေတ္တာပေါ်၌ မသိစိတ်ဖြင့် ဖိထားလေသည်။

" ခင်ဗျားတို့ ဒီကို ပစ္စည်းလာရောင်းတာဆိုပြီး ဘာလို့ ပစ္စည်းတွေကို မပြတာလဲ။ ဝယ်မလား၊ မဝယ်ဘူးလားဆိုတာ မဆုံးဖြတ်ခင် ကျွန်တော်တို့ တစ်ချက်လောက် ကြည့်ရမယ် မဟုတ်ဘူးလား "

သူတို့၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ယဲ့ဖန် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။

ထိုအခါ အဘိုးအိုက ပြောလာသည်။

" အဲ့တာတွေ ဒီအတိုင်း ကြည့်လို့မရဘူး။ မကြည့်ခင် မင်း ငါတို့ကို ပိုက်ဆံအရင်ပေးရမယ် "

အငယ်လေးက ဆက်ပြောသည်။

" ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်တို့ ရှီရှန်းပြည်နယ် လူတွေက ရိုးသားတဲ့သူတွေပါ။ ခင်ဗျားတို့ကို လိမ်မှာ မဟုတ်ပါဘူး။ သေချာတာကတော့ သူတို့ပစ္စည်းတွေထက် အားကောင်းတယ် "

လင်းကျွင်းကျွင်း မထိန်းနိုင်ဘဲ ရယ်မိသည်။

" ကျွန်မတို့က ရှင်တို့ကို မယုံတာ မဟုတ်ပါဘူး။ ကျွန်မတို့က စီးပွားရေးလုပ်နေတာဆိုတော့ နှစ်ဖက်စလုံးအတွက် တာဝန်ရှိဖို့ ငွေမပေးချေခင် ပစ္စည်းတွေကို ကြည့်ရမယ် "

အဘိုးအိုသည် ထိုစကားကို ကြားသောအခါ ချက်ချင်းထွက်သွားရန် အမိန့်ပေးလိုက်သည်။

" ဒါဆို ငါတို့ မရောင်းဘူး။ တခြားနေရာကို သွားကြည့်လို့ရတယ် "

လင်းကျွင်းကျွင်း အံ့အားသင့်သွားသည်။

" ရှင် ကျွန်မတို့ကို နောက်နေတာလား။ ဒီလိုမျိုးနဲ့ စီးပွားရေး ဘယ်လိုလုပ်မှာလဲ။ ရှင်ရဲ့ ဒီလိုလုပ်နေပုံနဲ့ ရောင်းနိုင်တာကမှ ထူးဆန်းလိမ့်ဦးမယ် "

အဘိုးအိုက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" မင်းပြောတာကို မကြိုက်ဘူး၊ မိန်းကလေး။ ရောင်းနိုင်သည်ဖြစ်စေ မရောင်းနိုင်သည်ဖြစ်စေ ဒါက ငါတို့ရဲ့ လုပ်ငန်းပဲ။ မင်းနဲ့ ဘာဆိုင်လို့လဲ "

လင်းကျွင်းကျွင်း ဒေါသထွက်သွားသည်။

သူမ လှည့်ကြည့်ကာ ယဲ့ဖန်၏ လက်မောင်းကို ဆွဲလိုက်သည်။

" သွားရအောင်၊ ဒီလိုရောင်းတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။ ဘာလို့များ ရောင်းမယ့်ပစ္စည်းတွေကို မပြရတာလဲ "

သို့သော် ယဲ့ဖန်ကတော့ မတုန်လှုပ်ချေ။

ယဲ့ဖန်သည် သားအဖသုံးယောက်ကို ဆက်ကြည့်နေသည်။

" ဒီပစ္စည်းတွေကို ဘယ်လောက်နဲ့ ရောင်းချင်တာလဲ "

သူတို့သုံးယောက်သည် ဘယ်လောက်ဖြင့် ရောင်းရမည်ဆိုသည်ကို ဆွေးနွေးနေကြသကဲ့သို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

နောက်ဆုံးတွင် အသက်အကြီးဆုံးလူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" သန်း ၂၀ "

" ဖူး ......... "

လင်းကျွင်းကျွင်းသည် ထိုဈေးနှုန်းကို ကြားသောအခါ ရယ်ချလိုက်သည်။

" ဘယ်လောက်။ ရှင်က ဒီလိုဈေးကို ပြောရဲသေးတာလား။ သန်း၂၀ဆိုတာ ဘယ်လောက်လဲဆိုတာရော ရှင် သိရဲ့လား "

ထိုအချိန်တွင် ဖြတ်သွားသော ကုန်သည်အချို့ကလည်း ဝင်ပြောကြသည်။

" ကောင်မလေး၊ မင်း ဘာလို့ သူတို့ကို အာရုံစိုက်နေတာလဲ။ ဒီသုံးယောက်က အရူးတွေ။ ဘယ်သူက သူတို့လို စီးပွားရေးလုပ်မှာလဲ "

" ဟုတ်တယ်။ ခုနက ပစ္စည်းတွေ လာကြည့်တဲ့သူတွေ အများကြီးရှိသေးပေမယ့် ဘာကြီးပဲဖြစ်နေနေ သူတို့က ကြည့်ခွင့်မပေးဘူး။ ပစ္စည်းတွေကို မကြည့်ခင် ပိုက်ဆံပေးရမယ် "

" ဒီလို စီးပွားရေးသမားကို ပထမဆုံး တွေ့ဖူးတာပဲ။ သူများတွေကို အရူးတွေလို့ သူတို့က တကယ်ကြီး ထင်နေတာလား။ သူတို့သေတ္တာထဲမှာ ကျောက်ပုံကြီးရှိနေရင် ဘယ်လိုလုပ်မလဲ "

" ဟားဟားဟား၊ လူမိုက်ကပဲ သူတို့ရဲ့ထောင်ချောက်ထဲမှာ ကျမှာ ........ "

လူလတ်ပိုင်းအရွယ် ကောင်လေးက သူတို့ဆီပြေးပြီး ရိုက်လိုက်ချင်သော်လည်း အဘိုးအိုက တားလိုက်သည်။

ထိုအချိန်၌ ယဲ့ဖန်က ရုတ်တရက် ပြောလိုက်သည်။

" ကျွန်တော် ခင်ဗျားရဲ့ ပစ္စည်းတွေကို ဝယ်မယ်။ ဒါပေမယ့် ဈေးက နည်းနည်းများလွန်းတယ် "

ထိုသို့ ပြောသည့်အခါ လမ်းသွားလမ်းလာများကလည်း အံ့ဩသွားကြသည်။

တကယ်ကြီး ဒီလိုအရူးတစ်ယောက် ရှိနေတာပဲ။

သုံးယောက်လုံး ဝမ်းသာသွားကြသည်။

အဘိုးအိုက အမြန် မေးလိုက်သည်။

" ဘယ်လောက်ပေးနိုင်မှာလဲ "

ယဲ့ဖန် ခေါင်းငုံ့ပြီး ခဏ စဉ်းစားလိုက်သည်။

နောက်ဆုံးတွင် လက်ငါးချောင်းကို ဆန့်ထုတ်လိုက်သည်။

" ၅ သန်း "

အဘိုးအို၏ အပြုံးမှာ ချက်ချင်း အေးခဲသွားသည်။

" မင်း ဈေးဖြတ်တာ အရမ်းကောင်းလွန်းတယ်။ ဒီမှာရှိနေတာက ရတနာတွေချည်းပဲ။ အနည်းဆုံး ...... အနည်းဆုံး ၁၈သန်းပဲ။ မနည်းရဘူး "

ယဲ့ဖန် သူ့မေးစေ့ကို ထိလိုက်သည်။

" ခင်ဗျားတို့က အရမ်းရိုးသားတာကို ကျွန်တော် မြင်ရတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ နောက်ထပ် ၁သန်း ထပ်ထည့်ပေးမယ်။ ၆ သန်းလောက်ဆို ရသင့်တယ် မဟုတ်လား "

အဘိုးအိုက ခေါင်းခါပြန်သည်။

" မရဘူး၊ ၆သန်းက အရမ်းနည်းတယ်။ ငါတို့ သေချာပေါက် မရောင်းနိုင်ဘူး။ အနည်းဆုံး ၁၇ သန်း "

" ၇ သန်း "

" ၁၅ သန်း "

" ၈ သန်း "

" ၁၃ သန်း ....... "

သူတို့နှစ်ဦး အပြန်အလှန် ဈေးဆစ်နေကြပြီး နောက်ဆုံးတွင် စျေးနှုန်းအား ၁၀ သန်းအဖြစ် သတ်မှတ်ခဲ့သည်။

ယဲ့ဖန်သည် ထပ်တိုးပြီး မပေးချင်တော့သောကြောင့် အဘိုးအိုသည် မကျေနပ်သော်လည်း ခေါင်းညိတ်ပြီး သဘောတူလိုက်ရသည်။

သူတို့ရောင်းသည့် နည်းလမ်းဖြင့် ဤပစ္စည်းများကို ရောင်းထွက်နိုင် မဟုတ်ကြောင်းကို သိထားသော်လည်း ပစ္စည်းများကို မြေကြီးထဲမှ တူးဖော်ပြီးသားဖြစ်နေသည်။

ဤကဲ့သို့ စီးပွားရေးလုပ်ငန်းကို သူတို့ ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်မှ ၁၀သန်းပေးရန် ဆန္ဒရှိသောကြောင့် သူတို့သည်လည်း မျှော်မှန်းထားသည့်ထက် ကျော်လွန်ကာ ရရှိခဲ့သည်။

" လက်ထောက်မန်နေဂျာလင်း၊ ပိုက်ဆံလွှဲပေးလိုက်ပါ "

ယဲ့ဖန်သည် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်ပြီး လင်းကျွင်းကျွင်းကို အမိန့်ပေးလိုက်သည်။

" ထပ်စဉ်းစားချင်သေးလား။ ရှင့်အတွက် အန္တရာယ်နည်းနည်းများမယ် ထင်တယ် ...... "

လင်းကျွင်းကျွင်းသည် သူ့ကို ဆွဲဆောင်နားချချင်သော်လည်း ယဲ့ဖန်က မတုန်လှုပ်ချေ။

" ဒါဟာ ဂိမ်းတစ်ခုပဲ။ ဒါကို ကံစမ်းသေတ္တာ နှိုက်တယ်လို့ သဘောထားလိုက်တာပေါ့။ ရတနာတစ်ခုကို ရှာနိုင်ရင်တော့ ကံကောင်းတယ်။ ကျောက်တုံးတစ်ခုရလာရင်တော့ ကံမကောင်းဘူးပေါ့ "

လင်းကျွင်းကျွင်းသည် ယဲ့ဖန်မှ စိတ်မပြောင်းသည်ကို မြင်ပြီး တခြားဘာမှ မပြောတော့ချေ။

အမှန်တော့ သူမသည် အလုပ်သမားတစ်ဦးသာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုငွေများကို သူ့ပိုင်လေသည်။

သူက ဖြုန်းချင်နေမှတော့ ဖြုန်းပါစေ။

အရောင်းအ၀ယ် ပြီးသွားသောအခါ သားအဖသုံးယောက်သည် ဝမ်းသာအားရဖြင့် ချက်ချင်း အော်ဟစ်လိုက်ကြသည်။

သူတို့သည် သစ်သားသေတ္တာသုံးလုံးကို ယဲ့ဖန်နှင့် ကျန်တစ်ဦးထံသို့ ချက်ချင်း ပစ်ချပေးပြီး ငွေထုတ်ရန် ဘဏ်သို့ ပြေးသွားကြသည်။

မေပယ်ရွက်ဆိုင်မှ အကဲဖြတ်သူများသည် သူတို့သူဌေး၏ ဆုံးဖြတ်ချက်အား အနည်းငယ် ညံ့ဖျင်းသည်ဟု ခံစားမိသော်လည်း ထိုကိစ္စအပေါ် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မပြုနိုင်ပေ။

ဘေးကနေသာ စောင့်ကြည့်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် သူဌေးသည် ယွမ် ၅သန်း ရရှိထားသေးသည်။

ထို့ကြောင့် အရှုံးပေါ်လျှင် ယွမ် ၅သန်းသာ ဆုံးရှုံးမည်ဖြစ်သည်။

လက်မခံနိုင်သော်လည်း ထိုးနှက်ချက်အား ခံနိုင်ရည်ရှိသေးသည်။

သို့သော် လမ်းသွားလမ်းလာအချို့မှာတော့ ယဉ်ကျေးနေခြင်း မရှိတော့ပေ။

သူတို့က လှောင်ရယ်ကြတော့သည်။

" ဟူး၊ လူတွေက ပိုက်ဆံရှိတာနဲ့ တကယ်မိုက်မဲကြတာပဲ။ ဒီအတိုင်းနဲ့ ယွမ် ၁၀သန်းက မြောင်းထဲရောက်သွားရော "

" ဘယ်လောက်တောင် မသိတတ်လိုက်လဲ။ မင်းမိဘရဲ့ ပိုက်ဆံတွေဆိုရင်တောင် မင်း ဒီလောက် မဖြုန်းတီးသင့်ဘူး "

" သူပြောတာ မကြားဘူးလား။ ၁၀သန်းဆိုတာ သူ့အတွက် အပျော်သဘောသက်သက်ပဲ "

" ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ပိုက်ဆံမဟုတ်ဘူး ......... "

အပိုင်း ( ၇၈၈ )

သူမရဲ့ သိတတ်ပုံကို ကြည့်ပါဦး

" ရှင်ရဲ့ ကံစမ်းသေတ္တာကို ကျွန်မတို့ ဖွင့်ရတော့မလား "

လင်းကျွင်းကျွင်းသည် သစ်သားသေတ္တာသုံးလုံးကို ကြည့်ပြီး ဒေါသဖြစ်နေသော်လည်း သူမဒေါသကို မထုတ်ပြရဲခဲ့ပေ။

" အရင်ပြန်သွားပြီးမှ ကြည့်ရအောင် "

ယဲ့ဖန်သည် ခဏ တွေးပြီးနောက် အဆုံး၌ ငြင်းလိုက်သည်။

" ဟွန့်၊ ကျွန်မတို့ ပြန်သွားပြီးမှ ဖွင့်လိုက်ပြီး ကျောက်တုံးတွေ ပြည့်နေတာတွေ့ရင် ပျော်စရာကောင်းနေမှာပဲ "

လင်းကျွင်းကျွင်း မထိန်းနိုင်ဘဲ သူ့ကို လှောင်ပြောင်လိုက်သည်။

ယဲ့ဖန်၏ ရှေးဟောင်းပစ္စည်းများအား အကဲဖြတ်နိုင်စွမ်းကို သူမ ယုံကြည်သော်လည်း မမြင်ရသည့် သေတ္တာထဲ၌ ရတနာတစ်ခုရှိကြောင်း ကောက်ချက်ချရဲသည်ကိုတော့ သူမ မယုံနိုင်ပေ။

သူက နတ်ဘုရားမလို့လား။

" မင်းရဲ့ အမြင်အာရုံက နည်းနည်း အားနည်းနေသေးတယ် "

ယဲ့ဖန်သည် သူမအား စိတ်ရှုပ်စွာ ကြည့်ပြီး ဖန်းကျန်းဝူဘက်ကို လှည့်ကြည့်လိုက်သည်။

"ကျန်းဝူ၊ ဒီဆိုင်လေးမှာ တစ်ခုခုရှိနေပြီဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ "

ဖန်းကျန်းဝူသည် သူ့ကို အမှန်အတိုင်းပြောလေသည်။

" တရုတ်ပြည်မှာ 'တစ်ခုခုမှားရင် နတ်ဆိုးရှိနေတယ်'ဆိုတဲ့ စကားတစ်ခွန်းရှိတာကို ကြားဖူးတယ်။ ဒီဆိုင်က တခြားဆိုင်တွေနဲ့ မတူဘူး ....... "

လင်းကျွင်းကျွင်းမှ ရုတ်တရက် စကားကို ဖြတ်ပြောလိုက်သည်။

" သူတို့က နင်ရဲ့ စိတ်နေစိတ်ထားကို အခွင့်ကောင်းယူပြီး ဆန့်ကျင်ဘက်လုပ်ရင် ဘယ်လိုလုပ်မလဲ "

ဖန်းကျန်းဝူ သူမကို စိုက်ကြည့်လိုက်သည်။

" ကျွန်မလည်း အဲ့လိုတွေးပြီး သူတို့ကို ဘေးကနေ တိတ်တဆိတ် စောင့်ကြည့်နေခဲ့တယ်။ တစ်ယောက်ယောက်က သူတို့ဆိုင်နားကို ချဉ်းကပ်လာတဲ့အခါတိုင်း အဘိုးအိုက သစ်သားသေတ္တာကို မသိစိတ်ကနေ ဖိချလိုက်တာကို သတိထားမိတယ် ........ "

လင်းကျွင်းကျွင်း စကားကို ပြန်ဖြတ်ပြောပြန်သည်။

" ဘာကိုဆိုလိုတာလဲ "

ဖန်းကျန်းဝူ နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။

" ရှင် ကျွန်မကို မနှောင့်ယှက်လို့ မရဘူးလား။ အဲ့တာ အရမ်းရိုင်းတယ် "

လင်းကျွင်းကျွင်းသည် လူတိုင်းရှေ့တွင် အပြောခံရပြီးနောက် အနည်းငယ် ဒေါသထွက်သွားသည်။

" ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့ လုပ်ချင်တာလုပ်လို့ရတယ်။ ငါ ဂရုမစိုက်တော့ဘူး ဟုတ်ပြီလား "

ထိုစကားကို ပြောပြီးနောက် သူမသည် ဘေးနားသို့ လျှောက်သွားကာ စူပုတ်နေတော့သည်။

ယဲ့ဖန်က သူမကို ဂရုမစိုက်ချေ။

သူက ဖန်းကျန်းဝူအား ဆက်ပြောရန် လက်ပြလိုက်သည်။

ထိုမှ ဖန်းကျန်းဝူက ဆက်၍ပြောသည်။

"ကျန်းဝူ ဆရာဆီကနေ စိတ်ပညာကို သင်ယူခဲ့ဖူးတယ် ........ "

" မင်း စိတ်ပညာကို သင်ခဲ့တာလား။ ဘာလို့ စိတ်ပညာကို လေ့လာနေတာလဲ "

ဤအကြိမ်၌ ယဲ့ဖန်မှ ဖြတ်ပြောလိုက်သော်လည်း ဖန်းကျန်းဝူသည် လင်းကျွင်းကျွင်းတုန်းကလို ပြန်မပြောရဲချေ။

သူမ ရှင်းပြရုံသာ တတ်နိုင်သည်။

" နင်ဂျာတွေဟာ သူတို့အချိန်ရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ပုန်းအောင်းနေပြီးတော့ သူတို့ရဲ့တိုက်ခိုက်မှုတွေကို နောက်ဆုံး တစ်ဆယ်ရာခိုင်နှုန်းမှာပဲ အသုံးချရတယ်လို့ ဆရာက ပြောတယ်။ အဲ့တာကြောင့် ကျွန်မတို့က တိုက်ခိုက်ရမယ့် အခွင့်အရေးကို အဲ့ဒီဆယ်ရာခိုင်နှုန်းအတွင်းမှာ တိတိကျကျ ရှာဖွေနိုင်ဖို့ လူတွေရဲ့ စိတ်ပညာကို ဆုပ်ကိုင်ထားရမှာ "

ယဲ့ဖန် ခေါင်းညိတ် သဘောတူလိုက်သည်။

" ဆက်ပြော "

ဖန်းကျန်းဝူသည် လူနှစ်ယောက်မှ ဆက်တိုက် နှောက်ယှက်ခြင်းကို ခံခဲ့ရပြီး သူမပြောနေသည့် အကြောင်းအရာကိုပင် မေ့လုမတတ် ဖြစ်နေပြီဖြစ်သည်။

သူမ၏ အတွေးများကို စုစည်းလိုက်ရသည်။

" အဲ့ဒီအဘိုးကြီးရဲ့ လုပ်ရပ်တွေအားလုံးက မသိစိတ်က လုပ်နေတာတွေချည်းပဲ။ သေတ္တာထဲက အရာတွေက သူတို့အတွက် အရမ်းအရေးကြီးတယ်ဆိုတာ သိသာနေတယ်။ ပြီးတော့ ဈေးဝယ်တွေက မေးမြန်းတဲ့အခါလည်း လိမ်နေတဲ့ပုံ မပေါ်ဘူး။ နောက်ပြီးတော့ ...... "

သူမ၏ ခွဲခြမ်းစိတ်ဖြာချက်များကို ကြားပြီးနောက် ယဲ့ဖန်သည် သူမကို စိတ်ထဲတွင် အတော်လေး သဘောကျသွားသည်။

ယဲ့ဖန်သည် နက်နဲသော စကန်ဖတ်ခြင်းလုပ်ဆောင်ချက် ရှိသောကြောင့် အတွင်းထဲရှိအရာကို ဆုံးဖြတ်နိုင်ခဲ့သည်။

သို့သော် ဖန်းကျန်းဝူသည် သိမ်မွေ့သော လှုပ်ရှားမှုအနည်းငယ်မှ များစွာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

ဤသည်မှာ အလွန်ရှားလှသည်။

" ကောင်းပြီ၊ ဒီသေတ္တာထဲမှာ ရတနာတကယ်ရှိရင် မင်းအပေါ် အကြွေးတင်နေတယ်လို့ သတ်မှတ်လိုက်မယ်။ သေချာစဉ်းစားထား ဘာဆု လိုချင်လဲ "

ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ ပုခုံးကို ပုတ်လိုက်သည်။

သူမကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်လာသည်။

" သခင် ပျော်တဲ့ဟာ ဘာမဆို လုပ်ချင်ပါတယ်။ ကျန်းဝူက သခင့်ကို ကျန်းဝူကို ပိုကြိုက်စေချင်တယ် "

ယဲ့ဖန်သည် သူမအား ပွေ့ဖက်ပြီး ပါးပြင်ကို အနမ်းပေးချင်မိသွားသည်။

သူမရဲ့ ပုံစံနဲ့ သိတတ်မှုကို ကြည့်ပါဦး။ ပြီးတော့ လင်းကျွင်းကျွင်းကို ကြည့်လိုက်။

ဘယ်လောက်တောင် ကွာခြားလိုက်လဲ။

ယဲ့ဖန်သည် မထိန်းနိုင်ဘဲ သူမ၏ မျက်နှာလေးကို အကြိမ်ပေါင်းများစွာ ပွတ်သပ်မိလိုက်သည်။

သူမအား စကားအနည်းငယ်ပြောတော့မည့်အချိန်၌ စွန်းရှို့ယိ အလျင်အမြန် လျှောက်လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလူအိုကြီး အစောက ဘယ်သို့ပြေးသွားမှန်း ယဲ့ဖန် မသိခဲ့ချေ။

ပို၍ အံ့သြမိစေသည်မှာ စွန်းလူအိုကြီး၏ ဘေး၌ နောက်ထပ်လူတစ်ယောက် ရှိနေလေသည်။

ထိုလူမှာ ခရမ်းရောင်ဝါးဆိုင်မှ လျန်လူကြီးမင်းဖြစ်သည်။

စွန်းရှို့ယိသည် ပြေးသွားမည်ကို ကြောက်နေသကဲ့သို့ သူ့လက်ကို ဆွဲလိုက်သည်။

သူတို့နှစ်ယောက်သည် ယဲ့ဖန်ရှေ့သို့ အလျင်အမြန် ရောက်လာသည်။

" သူဌေး၊ ကျွန်တော့်မှာ ဂုဏ်ယူစရာကောင်းတဲ့ တောင်းဆိုချက်တစ်ခု ရှိတယ်။ ကျွန်တော်တို့ရဲ့ မေပယ်ရွက်ဆိုင်မှာ လျန်လူကြီးမင်းကို အကဲဖြတ်ဖို့ ဖိတ်ကြားချင်တယ်။ သဘောတူရဲ့လား "

ယဲ့ဖန်သည် လျန်ကျစ်မူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" လျန်လူကြီးမင်းက ခရမ်းရောင်ဝါးဆိုင်က မဟုတ်ဘူးလား "

စွန်းရှို့ယိသည် လျန်ကျစ်မူနှင့် ယောင်းစွမ်းမင်းကြားမှ အဖြစ်အပျက်ကို ချက်ချင်း ပြန်ပြောပြသည်။

စွန်းလူအိုကြီးသည် မြေခွေးအိုကြီးဟု ဆိုရပေမည်။

ယောင်းစွမ်းမင်း၏ စရိုက်ကို နားလည်ထားသလောက် ထိုလူသည် အသေးငယ်ဆုံးသော မကျေနပ်မှုအတွက်ပင် လက်စားချေမည်ကို သိထားလေသည်။

ထိုအချိန်တွင် လျန်ကျစ်မူသည် မေပယ်ရွက်ဆိုင်အတွက် ပြဿနာဖြစ်စေခဲ့ကာ သူနှင့် ပူးပေါင်းခြင်း မရှိခဲ့ပေ။

ထိုကြောင့် သေချာပေါက် အငြှိုးထားမည်ကို သိ၍ ဘေးနားမှ တိတ်တဆိတ် ပုန်းပြီး စောင့်ကြည့်နေလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း လျန်ကျစ်မူသည် ထိုအချက်ကြောင့် ယောင်းစွမ်းမင်းနှင့် ပြဿနာတက်ပြီး ခရမ်းရောင်ဝါးဆိုင်မှ ဒေါသတကြီးဖြင့် ထွက်လာခဲ့သည်။

စွန်းရှို့ယိသည် ချက်ချင်း လျန်ကျစ်မူနောက်သို့ တိတ်တဆိတ် လိုက်လာပြီး သူ့ကို တားလိုက်သည်။

အတော်ကြာ ဆွဲဆောင်ပြီးသည့်နောက် လျန်ကျစ်မူအား ဆွဲခေါ်နိုင်လိုက်သည်။

လင်းကျွင်းကျွင်းသည် သူမ၏ မပျော်ရွှင်မှုများကို စိတ်ထဲမှ ဖယ်လိုက်ပြီးဖြစ်သည်။

ယောင်းစွမ်းမင်းဘက်ကို လှည့်ပြီး ကြိမ်းမောင်းလေသည်။

" ဒီလောက် ရွံစရာကောင်းတဲ့လူက ခရမ်းရောင်ဝါးဆိုင်ကို ဒီလောက်အတိုင်းအတာအထိရောက်အောင် ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။ အရမ်းဒေါသထွက်စရာကောင်းတာပဲ "

ထိုသို့ပြောရင်း ယဲ့ဖန်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

" သူဌေး၊ လျန်လူကြီးမင်းက လိမ်ပြောဖို့ထက် ယောင်းစွမ်းမင်းကိုတောင် စော်ကားဖို့ စွန့်စားရဲတာဆိုတော့ သူ့စရိုက်က ဖြောင့်မတ်တယ်ဆိုတာ မြင်နိုင်တယ်။ ကျွန်မတို့ရဲ့ မေပယ်ရွက်ဆိုင်က သူ့ကို လက်ခံသင့်တယ်လို့ ကျွန်မ ထင်တယ် "

စွန်းရှို့ယိလည်း ဝင်ထောက်ခံလိုက်သည်။

" ဟုတ်ပါတယ်။ လျန်လူကြီးမင်းရဲ့ စရိုက်နဲ့ စွမ်းရည်က ပြဿနာမရှိပါဘူး။ သေချာတာကတော့ သူက ကျွန်တော့်ထက် မညံ့ပါဘူး။ ကျွန်တော်တို့ရဲ့ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ထဲ ဝင်တော့မှာဆိုတော့ လျန်လူကြီးမင်းလို အရည်အချင်းရှိပြီး လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်လိုပါတယ် "

တစ်ချိန်တည်းတွင် လူတိုင်း၏ အကြည့်များသည် ယဲ့ဖန်ဘက်သို့ လှည့်လာပြီး သူ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။

ယဲ့ဖန်က အမြန်ပြန်ဖြေဖို့ စိတ်မ၀င်စားချေ။

လျန်ကျစ်မူကို လှည့်ကြည့်လိုက်သည်။

" မေပယ်ရွက်ဆိုင်မှာ လျန်လူကြီးမင်းကို ကြိုဆိုနိုင်ပါတယ်။ ဒါပေမယ့် လျန်လူကြီးမင်းရဲ့ အတွေးကရော ဘယ်လိုလဲ "

လျန်ကျစ်မူသည် ယဲ့ဖန်ကို ကြည့်နေသည်။

ဤလူငယ်လေးသည် အမှန်တကယ်တွင် မေပယ်ရွက်ဆိုင်၏ တကယ့်သူဌေး ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ၏အမေးကို ကြားသောအခါ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။

" အရင်က ဘယ်ရှေးဟောင်းဆိုင်ကိုမှ အားကိုးဖို့ မစီစဉ်ထားပေမယ့် အစ်ကိုရှို့ယိက ကျွန်တော့်ကို အကြိမ်ကြိမ်ဖိတ်ခေါ်ထားတယ်။ ထပ်ငြင်းရင် ကျေးဇူးကန်းရာ ကျလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုရှိတယ်။ မင်းသဘောတူရင် ပါဝင်ဖို့ စဉ်းစားမယ် "

ယဲ့ဖန် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်တယ်။

" ကျေးဇူးပြုပြီး၊ ပြောပါ လျန်လူကြီးမင်း "

လျန်ကျစ်မူက ဖြောင့်မတ်သော အမူအရာဖြင့် ပြောသည်။

" ကျွန်တော်က လိမ်တတ်တဲ့လူ မဟုတ်ဘူး။ မင်းက ယောင်းစွမ်းမင်းလို လူတွေကို လှည့်စားတာ ကူညီစေချင်ရင် မင်းရဲ့ မေပယ်ရွက်ဆိုင်ကို ဝင်မှာထက် ငါ့ကိုယ်ငါ အငတ်ခံနေလိုက်မယ် "

သူ၏ စကားမှာ အနည်းငယ် မယဉ်ကျေး၍ ယဲ့ဖန်၏ အမူအရာကို ကြည့်လျက် စွန်းရှို့ယိ၏ နှလုံးသားမှာ တင်းကျပ်သွားသည်။

သို့သော် ယဲ့ဖန်က စိတ်မဆိုးချေ။

ထိုအစား သူ့မျက်နှာ၌ ပျော်ရွှင်သည့် အမူအရာပေါ်လာသည်။

" ဒါဆို ခင်ဗျား လူမှန်ကို ရှာတွေ့သွားပြီလို့ ပြောရမယ်။ ရိုးသားတဲ့လူတွေကို သဘောကျတယ်။ မေပယ်ရွက်ဆိုင်ကနေ ကြိုဆိုပါတယ် "

ယဲ့ဖန်သည် ပြောသည့်အတိုင်း လက်ကို သူ့ဘက်မှ ဆန့်ထုတ်ဖို့ အစပြုခဲ့သည်။

လျန်ကျစ်မူသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ယဲ့ဖန်လက်ကို ဆွဲနှုတ်ဆက်ရန် လှမ်းလိုက်သည်။

" ငါ လျန်ကျစ်မူ အစွမ်းကုန်လုပ်ပေးဖို့ ဆန္ဒရှိပါတယ် "

All Chapters