အပိုင်း ၇၈၉-၇၉၂
Vol. 40 Ch. 789-792
အပိုင်း ( ၇၈၉ )
ပြဖို့ အဖိုးတန်လွန်းတယ်။
သေတ္တာသုံးလုံးထဲရှိ ရတနာများကို ရပြီး၍ ယဲ့ဖန်သည် အခြားဆိုင်များရှိ ပစ္စည်းများကို ဂရုမစိုက်တော့ချေ။
ရောက်ရောက်ချင်းက သူ အားလုံးကို လှည့်ပတ်ကြည့်ပြီးသား ဖြစ်သည်။
ထိုဆိုင်များရှိ ပစ္စည်းများသည် အစစ်တစ်ဝက်နှင့် အတုတစ်ဝက်ဖြစ်ပြီး ပစ္စည်းအစစ်များထဲမှ အချို့ကသာ အရည်အသွေးမြင့်ပစ္စည်းများ ဖြစ်သည်။
အဖိုးတန်ဆုံး တစ်ခုကိုလည်း သူဝယ်ထားပြီးသား ဖြစ်သည်။
သိန်းချီတန်သည့် အခြားပစ္စည်းများလည်း ရှိသေးလေသည်။
သို့သော် သူ၏ ကြိုးစားမှုနှင့် မထိုက်တန်ချေ။
အခြားသူများ စားဝတ်နေရေးအတွက် ချန်ပေးခဲ့လိုက်ခြင်းက ပိုကောင်းလေသည်။
အခုအခါ ယဲ့ဖန်တွင် သေတ္တာသုံးလုံးရှိနေသည်။
ယဲ့ဖန်သည် ထိုသေတ္တာသုံးလုံးကို သယ်ထုတ်ရန်အတွက် အကူအနည်းငယ်ကို ငှားရမ်းခဲ့သည်။
" ဖြည်းဖြည်းသယ်ကြ။ အထဲမှာရှိတဲ့ အရာတွေကို မချိုးမိစေနဲ့ "
စွန်းလူအိုကြီးသည် ယဲ့ဖန်၏ခွန်အားကို အကြွင်းမဲ့ ယုံကြည်လေသည်။
ဤသေတ္တာများအား ယဲ့ဖန် မည်မျှတန်ဖိုးထားသည်ကို မြင်သောအခါ ရွှေ့ပြောင်းသူများအား သေချာ ဂရုစိုက်ရန် သတိပေးနေခဲ့သည်။
မေပယ်ရွက်ဆိုင်မှ လူများသည် ကူညီရင်းဖြင့် အလုပ်များနေကြချိန် သူတို့အနောက်မှ ရင်းနှီးသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။
" ဟားဟားဟား၊ သခင်အသစ်ရှာတာ မြန်လှချည်လား "
လူတိုင်းသည် လှည့်ကြည့်လိုက်သောအခါ ယောင်းစွမ်းမင်းသည် ခရမ်းရောင်ဝါးဆိုင်မှ လူတစ်စုကို ဦးဆောင်လာသည်ကို တွေ့လိုက်ရသည်။
သူတို့သည်လည်း ပစ္စည်းများကို သယ်ယူရွှေ့ပြောင်းရန်အတွက် လုပ်သားအနည်းငယ်ကို ငှားရမ်းခဲ့သည်။
သူတို့၏ အမြတ်ငွေများမှာ မနည်းကြောင်း မြင်နိုင်လေသဘ်။
ယောင်းစွမ်းမင်း ပြောခဲ့သည့် စကားလုံးများမှာ လျန်ကျစ်မူကို ရှင်းလင်းစွာ ညွှန်ပြနေလေသည်။
လျန်ကျစ်မူသည် ယဲ့ဖန်၏ နောက်မှသာ လိုက်နေပြီး သူ့ကို အေးစက်စွာ ကြည့်နေလေသည်။
ဘာမှ မရှင်းပြချေ။
သို့သော် စွန်းရှို့ယိမှာတော့ သည်းခံမနေနိုင်ဘဲ ချက်ချင်းပြန်ပြောသည်။
" ယောင်းစွမ်းမင်း၊ မင်း စကားကို ကြည့်ပြော "
ယောင်းစွမ်းမင်းက ရယ်မောလိုက်သည်။
" ငါပြောတာ မှားသွားလို့လား။ ခရမ်းရောင်ဝါးဆိုင်အတွက် အခုပဲ အလုပ်လုပ်နေရာက သခင်ဟောင်းကို သစ္စာဖောက်ပြီး မင်းတို့ရဲ့ မေပယ်ရွက်ဆိုင်ဆီကို ပြေးသွားတာလေ။ သူက သေချာပေါက် သစ္စာဖောက်ပဲ "
ထိုနေရာ၌ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို အနီးနားရှိ ရှေးဟောင်းကုန်သည်များကလည်း မြင်ပြီး အားလုံးက သူတို့ကို ဝိုင်းလာကာ လျန်ကျစ်မူကို ညွှန်ပြကြသည်။
လင်းကျွင်းကျွင်းသည် သူ၏ ကြမ်းတမ်းသော စကားကို ကြားလိုက်သောအခါ အနည်းငယ် ဒေါသထွက်သွားသည်။
" ယောင်းစွမ်းမင်း၊ ရှင် အရှက်ရောရှိသေးရဲ့လား။ ရှင့်ရဲ့အကြံအစည်တွေ ပျက်သွားလို့ လျန်လူကြီးမင်းကို မထီမဲ့မြင်ပြုပြီး အေးစက်စက် ပြောခဲ့တဲ့သူက ရှင်ပဲ။ အဲဒါကြောင့် လျန်လူကြီးမင်းက ရှင့်ရဲ့ ခရမ်းရောင်ဝါးဆိုင်ကို ထားခဲ့တာကို အခု ရှင်က ပြောင်းပြန်ပြောနေတာလား "
ယောင်းစွမ်းမင်း အေးစက်စွာ နှာခေါင်းထဲမှ လေမှုတ်ထုတ်လိုက်သည်။
" သူက ငါတို့ ခရမ်းရောင်ဝါးဆိုင်ရဲ့ စားခွက်ကို ရိုက်ချိုးသွားတဲ့သူလေ။ သူ့ကို စကားနည်းနည်းတောင် ပြောလို့ မရနိုင်ဘူးလား။ ငါတို့ ခရမ်းရောင်ဝါးဆိုင်ကို ထောင်ချောက်ဆင်ဖို့ မင်းတို့တွေ ပူးပေါင်းထားတာလို့တောင် သံသယဖြစ်မိတယ် "
ဘေးပတ်ဝန်းကျင်တွင် ဒေသခံ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အများအပြား ရှိနေခဲ့သည်။
သူတို့သည် မေပယ်ရွက်ဆိုင် ယန်းချန်မြို့ထဲကို အောင်မြင်စွာ ဝင်ရောက်လာမည်ကို မမြင်ချင်ကြသည့်အတွက် ယောင်းစွမ်းမင်း၏ ဦးဆောင်မှုနောက်ကို လိုက်ကာ စတင်တိုက်ခိုက်ကြသည်။
" ဒါဆို ငါတို့ကိုလှည့်စားဖို့ လျန်ကျစ်မူနဲ့ မေပယ်ရွက်ဆိုင်က ပူးပေါင်းခဲ့တာပဲ "
" ငါသိနှင့်နေတယ်။ ဒီကလေးက ဈေးဆိုင်ကို လျှောက်သွားတုန်းက ဂရုတစိုက်တောင် မကြည့်ဘဲနဲ့ ၅သန်းတန် လက်ဖက်ရည်ခွက်ကို ရွေးနိုင်ပါ့မလား။ ဒါက ရယ်ချင်စရာကောင်းလွန်းတယ်။ တကယ်ကျ သူတို့က ဒီကိစ္စကို ကြိုပြီး ဆွေးနွေးထားတာပဲ "
" ဟူး၊ သစ္စာဖောက်ကို ရှာမိဖို့က ခက်တယ်။ ခရမ်းရောင်ဝါးဆိုင်မှာ ဒီလိုသစ္စာဖောက်က ဘယ်လိုလုပ် ရှိနေတာလဲ "
" ဒီ မေပယ်ရွက်ဆိုင်က အရှက်မဲ့လွန်းတယ်။ ယန်းချန်မြို့ထဲကို ဝင်ဖို့အတွက်နဲ့ သူတို့က ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေကို တကယ်ကြီး အသုံးပြုခဲ့တာဆိုတော့ သူတို့ကို သပိတ်မှောက်ရမယ် "
" မှန်တယ်။ ယန်းချန်မြို့ထဲကို မရိုးသားဘဲ ဝင်လာချင်နေတဲ့ ကုန်သည်တွေကို ပြတ်ပြတ်သားသား သပိတ်မှောက်ပြီး ငါတို့ရဲ့ ရှေးဟောင်းလုပ်ငန်းနယ်ပယ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ် ....... "
ထိုလူအုပ်စု၏ တွန်းအားပေးမှုအောက်တွင် အမှန်တရားကို မသိသော လူအများသည်လည်း ရှုံ့ချခြင်းသပိတ်တွင် ပါဝင်ခဲ့ကြသည်။
ယောင်းစွမ်းမင်း၏ လှုပ်ရှားမှုသည် အလွန်ကြမ်းတမ်းသည်ဟု ဆိုရမည်ဖြစ်သည်။
သူသည် လျန်ကျစ်မူ၏ ဂုဏ်သိက္ခာကို လုံးလုံးလျားလျား ဖျက်စီးပစ်ချင်ရုံသာမက မေပယ်ရွက်ဆိုင်ကိုလည်း ယန်းချန်မြို့အတွင်းသို့ ဘယ်တော့မှ မ၀င်ရောက်နိုင်စေရန် ဦးတည်နေလေသည်။
လျန်ကျစ်မူသည် ရိုးသားသူဖြစ်သည်။
ထို့ကြောင့် မတရားခံရ၍ ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေပြီဖြစ်သည်။
" ယောင်းစွမ်းမင်း မင်း ငါ့ကို အပုတ်ချနေတာလား။ ဘယ်တုန်းက ငါ မေပယ်ရွက်ဆိုင်နဲ့ ပူးပေါင်းခဲ့လို့လဲ။ အဲ့တာက သေချာပေါက် မင်း ......... "
ယောင်းစွမ်းမင်းသည် သူ့အား ဆက်ပြောရန် အခွင့်မပေးဘဲ ချက်ချင်း နှောင့်ယှက်ခဲ့သည်။
" အမှန်တရားက လူတိုင်းရှေ့မှာ ရှိတယ်။ အခု မင်းက မေပယ်ရွက်ဆိုင်က လူတွေနဲ့ တွဲရှိနေတာပဲ။ တခြားဘာတွေများ ပြောစရာရှိသေးလို့လဲ "
စွန်းရှို့ယိလည်း ဒေါသတကြီး ဝင်ပြောလာသည်။
" မင်းကိုယ်တိုင် မင်းလက်နဲ့ လျန်လူကြီးမင်းကို မောင်းထုတ်ခဲ့တာ။ တခြားသူတွေက ပြန်ဖိတ်ခေါ်တာတောင် မင်းက ခွင့်မပြုနိုင်ဘူးလား။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား "
ယောင်းစွမ်းမင်းသည် သူတို့၏ သေတ္တာများကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကို ဝေ့လိုက်သည်။
" အို၊ မင်းဆိုလိုတာက ငါက သူ့ကို စွပ်စွဲခဲ့တာလား "
စွန်းရှို့ယိ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ လျန်လူကြီးမင်းက ဘယ်လိုလူလဲဆိုတာ ငါ့ထက် မင်းက ပိုသိသင့်တယ်။ သစ္စာဖောက်ဖို့ ဘာမှလုပ်မှာ မဟုတ်ဘူးဆိုတာ သေချာတယ် "
ယောင်းစွမ်းမင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
" ငါက လျန်လူကြီးမင်းကို တကယ်ပဲ ယုံချင်ပေးချင်ပေမယ့် တခြားသူတွေက သူ့ကို မယုံချင်ဘူး။ သူ့အပေါ် သံသယတွေကို ဖယ်ရှားနိုင်ဖို့ နည်းလမ်းက တစ်ခုပဲရှိတယ် "
မျှော်လင့်ထားသည့်အတိုင်း စွန်းရှို့ယိ သည် ငါးစာအား ဖမ်းယူလိုက်သည်။
" ဘာနည်းလမ်းလဲ "
ယောင်းစွမ်းမင်းသည် ယဲ့ဖန်အား ညွှန်ပြပြီး သေတ္တာသုံးလုံးကို ညွှန်ပြသည်။
" လျန်ကျစ်မူက မင်းတို့နဲ့ မပူးပေါင်းဘူးဆိုတာ သက်သေပြချင်ရင် ဒီကလေးက ဒီလိုမျိုး ခွန်အားတွေ တကယ်ရှိတယ်ဆိုတာ မင်းတို့ သက်သေပြရမယ်။ ဒီသေတ္တာထဲမှာ သူ ရွေးထားတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နေတယ် မဟုတ်လား။ ကောင်းတာတွေလည်း အများကြီး ရွေးပြီးလောက်ပြီဆိုတော့ အဲ့တာတွေကို ထုတ်ပြီး နှိုင်းယှဉ်ကြည့်ရအောင်။ ဒီတစ်ခေါက် မင်းတို့ ရွေးထားတဲ့ပစ္စည်းတွေက ငါတို့ကို အနိုင်ယူနိုင်သေးတယ်ဆိုရင် ငါ မင်းတို့ကို ယုံပေးလိုက်မယ် "
စွန်းရှို့ယိ ဆုံးဖြတ်ချက်မချနိုင်ခဲ့ချေ။
သူသည် ယဲ့ဖန်ကို လှည့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ယဲ့ဖန်သည် ယောင်းစွမ်းမင်းကို တစ်ချက်ကြည့်လိုက်သည်။
ယဲ့ဖန်မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
" တောင်းပန်ပါတယ် သေတ္တာထဲက ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတယ်။ ပြဖို့ အဆင်မပြေဘူး "
ယောင်းစွမ်းမင်း ချက်ချင်း အကျယ်ကြီး ရယ်လိုက်သည် ။
" မင်း ကြောက်နေတာလား။ မပြရဲရင် မင်းတို့နဲ့ လျန်ကျစ်မူက ငါတို့၏ ခရမ်းရောင်ဝါးဆိုင်ကို တမင်တကာ လှည့်စားဖို့ ပူးပေါင်းထားတယ်လို့ ဆိုလိုတာပဲ။ မင်း ဒီနေ့ ငါတို့ကို ရှင်းပြရမယ် "
ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဘာလို ရှင်းပြချက်ကို လိုချင်တာလဲ "
ယောင်းစွမ်းမင်း သူ့ကို တည့်တည့်ကြည့်ကာ တင်းမာစွာပြောသည်။
" ပြစ်ဒဏ်အနေနဲ့ မင်းတို့ရဲ့ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ကို နှစ်ငါးဆယ်ကြာအောင် မ၀င်ရဘူးလို့ ကတိပေးရမယ် "
ထိုစကားကို ပြောပြီးသည်နှင့် နေရာရှိ ဘေးလူများမှ အာမေဋိတ်သံများ ချက်ချင်းထွက်ပေါ်လာသည်။
" ဘုရားရေ သူဌေးယောင်းက သိပ်ရက်စက်တာပဲ မဟုတ်လား။ ယန်းချန်မြို့ကို နှစ်၅၀တောင် ဝင်လို့မရဘူးလား "
" ယန်းချန်မြို့က တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အကြီးဆုံးမြို့ပဲ။ ယန်းချန်မြို့ကို မဝင်နိုင်ရင် မေပယ်ရွက်ဆိုင်က ကျုံးဟိုင်မြို့မှာ ထာဝရပိတ်မိနေလိမ့်မယ် "
" တန်တယ်လေ။ သူတိို့ကို ဘယ်သူက ညစ်တီးညစ်ပတ် ကစားခိုင်းလို့လဲ။ စည်းမျဥ်းမလိုက်နာသူတွေကို ပြစ်ဒဏ်ပေးရမယ် "
" သူဌေးယောင်းက ရက်စက်လွန်းလို့ သဘောကျသွားပြီ "
စွန်းရှို့ယိနှင့် အခြားသူများက စိုးရိမ်နေကြသည်။
အကယ်၍ မေပယ်ရွက်ဆိုင်သည် ယန်းချန်မြို့ကို အနှစ်၅၀ကြာ မ၀င်ဘူးဟု အမှန်တကယ် ကတိပေးလိုက်ပါက မေပယ်ဆိုင်သည် ကျုံးဟိုင်မြို့ကဲ့သို့ သေးငယ်သော နေရာလေးတွင်သာ ထာဝရပုန်းရှောင်နေရပြီး ပျက်စီးခြင်းဆီသို့ တဖြည်းဖြည်း ဦးတည်သွားမည် ဖြစ်သည်။
လျန်ကျစ်မူ၏ မျက်နှာသည် ယောင်းစွမ်းမင်းကြောင့် ဒေါသထွက်လွန်ကာ အရောင်ဖျော့သွားခဲ့သည်။
" ငါ လျန်ကျစ်မူက တစ်သက်လုံး ရိုးသားခဲ့တယ်။ ငါ အသိစိတ်မရှိတဲ့ ဘယ်အရာကိုမှ မလုပ်ဖူးဘူး။ ငါ့အပြစ်ကို သက်သေပြဖို့ သေဖို့ တောင် ဆန္ဒရှိတယ် "
ထို့နောက် သူသည် ပစ္စည်းတင်ဆောင်ပြီး၍ ထွက်ခွာတော့မည့် ကုန်တင်ကားဆီသို့ ပြေးသွားခဲ့သည်။
ထိုပြောင်းလဲမှုသည် ရုတ်ချည်းဖြစ်လွန်း၍ မည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။
သူတို့ အာရုံပြန်ကပ်လာသောအခါ လျန်ကျစ်မူသည် ထရပ်ကားရှေ့သို့ ရောက်နေပြီဖြစ်သည်။
ရှောင်လွှဲမရသည့် အဖြစ်ဆိုးကြီးတစ်ခုက ဖြစ်တော့မည်။
အပိုင်း ( ၇၉၀ )
မေပယ်ရွက်ဆိုင်က ဒီနေရာကို သေချာပေါက် ဝင်လာမှာ
အဖြစ်ဆိုးကြီးအား ရှောင်လွှဲ၍ မရနိုင်တော့ဘူးဟု လူတိုင်းက ထင်နေကြချိန်၌ ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။
ထိုပုံရိပ်သည် လျန်ကျစ်မူထက် နောက်ကျမှ ရောက်လာသော်လည်း ရှေ့တစ်လှမ်းတိုးကာ လျန်ကျစ်မူကို ဆွဲထုတ်လိုက်နိုင်သည်။
ရွှီး
ထရပ်ကားသည် လျန်ကျစ်မူ ရပ်နေခဲ့သည့်နေရာ၌ ဖြတ်ပြေးသွားခဲ့သည်။
ကား၏ အရှိန်နှုန်းမှာ မမြန်သော်လည်း တိုက်မိပါက သေမည်မှာ သေချာလေသည်။
လူတိုင်းသည် အကြောက်တရားကို ခံစားလိုက်ရသည်။
" လျန်လူကြီးမင်း၊ ခင်ဗျား ဘာလုပ်တာလဲ "
ယဲ့ဖန်သည် သူ့ကို နက်မှောင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
" ငါ ...... ငါအပြစ်ကင်းကြောင်းကို သက်သေပြချင်တယ် "
လျန်ကျစ်မူက ဖြည်းညှင်းစွာပြောသည်။
" ဟမ့်၊ စာအုပ်ကြီးဆန်လိုက်တာ။ ခင်ဗျားသေရင် တခြားသူတွေကို ဆဲဆိုဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး "
ယဲ့ဖန်သည် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချလိုက်သည်။
" ဟုတ်ပါတယ်၊ ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် "
လျန်ကျစ်မူ ရှက်သွားပြီး ကျေးဇူးတင်နေမိသည်။
အခု တွေးကြည့်လိုက်မိပြီးမှ ကြောက်စိတ်တွေ တသီတတန်းကြီးကို ခံစားလိုက်ရသည်။
ထိုမှသာ ယဲ့ဖန်၏ အမူအရာ ပိုကောင်းလာသည်။
" တကယ်တော့ ခင်ဗျားရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြချင်ရင် ဒီလိုမျိုး အစွန်းရောက်လွန်းတဲ့နည်းလမ်းကို သုံးဖို့ မလိုပါဘူး "
လျန်ကျစ်မူ သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။
သူ့လိုလူသည် သူ့အသက်ထက် နာမည်ဂုဏ်သတင်းကို ပိုတန်ဖိုးထားလေသည်။
သူ့နာမည်အတွက် သန့်စင်နိုင်ပါက ဘယ်လိုစျေးပဲဖြစ်စေ ပေးဆောင်မည်ဖြစ်သည်။
ယဲ့ဖန်၏ အေးစက်သောအကြည့်များသည် ထိုရှေးဟောင်းပစ္စည်း ရောင်းဝယ်သူများအပေါ် လွှမ်းခြုံသွားသည်။
" အရင်ဆုံး နားလည်ထားရမှာ တစ်ချက်က ခင်ဗျားကို စွပ်စွဲတဲ့သူက ခင်ဗျားဘယ်လောက် မှားထားတယ်၊ မှန်ထားတယ်ဆိုတာကို ခင်ဗျားထက် ပိုသိတယ်။ သူတို့ကို သက်သေပြဖို့ သေပြရင်တောင် အသုံးမဝင်ဘူး။ သူတို့က ခင်ဗျားကို မယုံဘူး။ ပြောရရင် ခင်ဗျားကို မယုံချင်ဘူး "
လျန်ကျစ်မူနှင့် မေပယ်ရွက်ဆိုင်မှ လူများသည် ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။
ယောင်းစွမ်းမင်းနဲ့ ကျန်တဲ့သူတွေက လျန်ကျစ်မူရဲ့ စရိုက်ကို တကယ်ပဲ မသိကြဘူးလား။
တကယ်တော့က လျန်ကျစ်မူ ဒီလို ဘယ်တော့မှ မလုပ်ဘူးဆိုတာ ကောင်းကောင်းသိတယ်။
သူတို့ရဲ့ ဂုဏ်အတွက် တခြားသူကို ရေထဲတွန်းချဖို့ ဝန်မလေးနေတာ။
အိပ်ပျော်ချင်ယောင် ဟန်ဆောင်နေတဲ့လူကို ဘယ်တော့မှ နှိုးလို့ ရမှာ မဟုတ်ဘူး။
လျန်ကျစ်မူသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်လိုက်သည်။
" ဒါဆို အခု ဘာလုပ်ရမှာလဲ "
ယဲ့ဖန်သည် အများသောအားဖြင့် ချဉ်းကပ်ရလွယ်ကူသည့်ပုံပေါက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ယခုအချိန်တွင် သူသည် မောက်မာပြီး လွတ်လပ်သော အသွင်အပြင်ကို ထုတ်လွှတ်နေသည်။
သူသည် သာမာန်လူများကို နှိမ်ချကြည့်နေသော နတ်ဘုရားနှင့်ပင် တူနေသည်။
" ဒီနေ့ ဒီလိုနေရာကို ရောက်နေပြီး ယုတ်ညံ့တဲ့ ပြဿနာတွေကိုတောင် အနိုင်ယူနိုင်တဲ့ အကြောင်းအရင်းနဲ့ အဲ့ဒီ မဟုတ်ရမ်းတရားကောလဟာလတွေကို ဖြတ်ကျော်နိုင်တာက ကိစ္စတစ်ခုကို ယုံကြည်လို့ပဲ။ အမှန်တရားက ကိုယ်မြင်နိုင်တဲ့ အကွာအဝေးအတွင်းမှာပဲ ရှိတယ် "
ယဲ့ဖန်ပြောသမျှ စကားတိုင်းသည် စူးရှထက်မြက်ပြီး အစွမ်းထက်ကာ ဘေးပတ်လည်တွင် ရှိနေသူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာခဲ့သည်။
လျန်ကျစ်မူနှင့် အခြားသူများသည် ဉာဏ်အလင်းရသွားသည်ဟု ခံစားလိုက်ရသည်။
" တချို့လူတွေကတော့ ခွေးဆိုးတွေလိုပဲ။ ရိုးသားတဲ့လူတွေကိုပဲ အနိုင်ကျင့်ရဲကြတာ။ သူတို့ထက် ပိုဆိုးတဲ့သူတွေနဲ့ ကြုံလာရတဲ့အခါ ခွေးတွေလိုပဲ အမြီးတွေ ကုတ်သွားလိမ့်မယ်။ ဒီလိုလူတွေနဲ့ ရိုင်းစိုင်းတဲ့စကားတွေ ပြောနေဖို့ မလိုဘူး။ သူတို့ထက် ပိုဆိုးပြလိုက်လို့ ရတယ် "
ယဲ့ဖန်သည် ယောင်းစွမ်းမင်းနှင့် သူ့နောက်လိုက်များကို ကြည့်သောအခါတွင် မျက်လုံးထဲတွင် လုံးဝဂရုမစိုက်ခြင်းနှင့် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။
ထိုပုံစံက သူတို့၏ နှလုံးသားထဲကိုပင် နက်နဲစွာ ထိခိုက်စေလေသည်။
သူတို့သည် ယဲ့ဖန်ကို ကျိန်ဆဲကြသည်။
" ဒီကောင်က ငါတို့ကို ခွေးလို့ ခေါ်နေတာလား "
" သူတို့က အပြစ်ရှိတဲ့သူတွေဆိုတာ သိသာနေတာတောင် အခုကျ ငါတို့ကပဲ အမှားတစ်ခုခုလုပ်ထားသလိုပဲ ငါတို့ကို ပြန်ကိုက်နေလိုက်တာ "
" ဘယ်လောက်တောင် လျှာစောင်းထက်တဲ့ကောင်လဲ။ သူတို့က အမှားလုပ်ပြီး ငါတို့ကို ပြန်ဟောင်နေတာပဲ "
" ဒါက မင်းတို့ မေပယ်ရွက်ဆိုင်က ငါတို့ကို ပေးတဲ့ ရှင်းပြချက်ပဲလား။ ဒီ မေပယ်ရွက်ဆိုင်က တကယ်ကို အရှက်မရှိဘူးဘဲ "
" လူတိုင်းပဲ အတူတူ သပိတ်မှောက်ကြရအောင်။ ဒီလိုလူတွေကို ငါတို့ ယန်းချန်မြို့ထဲကို ဝင်ခွင့်မပြုနိုင်ဘူး "
" မှန်တယ်၊ အားလုံးစုပြီး သပိတ်မှောက်ကြမယ် ......... "
ယောင်းစွမ်းမင်းသည် ယဲ့ဖန်ကို မာန်တက်စွာ ကြည့်နေသည်။
" ဒါဆို မင်း ငါတို့ကို ဘာမှမရှင်းပြချင်တော့ဘူးလား။ သေချာစဉ်းစား။ မင်းက ယန်းချန်မြို့ရဲ့ ရှေးဟောင်းပစ္စည်းလောကကနေ ဖြတ်ထုတ်နေတာပဲ။ မင်းကို တားဖို့ ငါတို့အားလုံး အတူတူလုပ်ဆောင်လိုက်တာနဲ့ မင်းရဲ့ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ထဲကို ဘယ်တော့မှ ဝင်နိုင်မှာမဟုတ်ဘူး "
ယဲ့ဖန်သည် သူ့ခြိမ်းခြောက်စကားကို ကြားပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
" ကျုပ်က စည်းကမ်းဖောက်ဖျက်တဲ့သူ မဖြစ်ချင်ဘူး။ ခင်ဗျားတို့ရဲ့ စည်းကမ်းတွေကို လိုက်နာခဲ့ပါသေးတယ်။ ဒါပေမယ့် ခင်ဗျားက အရမ်းအရှက်မဲ့နေမှတော့ ခင်ဗျားစကားကို လိုက်နာနေဖို့ မလိုဘူး။ ဒီနေ့ ပြောလိုက်မယ်။ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ကို ကျိန်းသေပေါက် ဝင်လာမှာ။ ကျုပ်ကို ဘယ်သူတားနိုင်မလဲဆိုတာ ကြည့်ချင်ပါသေးတယ် "
ထိုအခိုက်အတန့်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် မောက်မာပြီး ဂုဏ်ရှိသော ကိုယ်ရောင်ဝါမှာ ထင်ရှာလာသည်။
သူ့အား လူများစွာမှ ဝိုင်းဆဲဆိုနေသည်ကိုပင် မကြောက်ချေ။
သူ့၌ လူထောင်ပေါင်းများစွာအား တွန်းလှန်နိုင်သော စိတ်ဓာတ်မျိုးရှိလေသည်။
လင်းကျွင်းကျွင်းနှင့် ဖန်းကျန်းဝူနှစ်ယောက်လုံးသည် မျက်စိရှေ့မျိ မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
ဒီတစ်ယောက်က အရမ်းကို စွဲဆောင်မှုရှိတာပဲ။
စွန်းရှို့ယိ၊ လျန်ကျစ်မူနှင့် မေပယ်ရွက်ဆိုင်မှ ကျန်လူများမှာလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။
အကယ်၍ အခြားသူဌေးသာဖြစ်ပါက သူတို့သည် ဤကဲ့သို့ ဖိအားများကို ရင်ဆိုင်ရကာ အလျှော့ပေး အရှုံးခံမိကြမည်ဖြစ်သည်။
သို့သော် သူတို့၏ သူဌေးငယ်လေးသည် လူများစွာကိုပင် တစ်ချိန်တည်း၌ စစ်ကြေညာရန် ဆန္ဒရှိနေသည်။
ဒီလိုသူဌေးမျိုးရှိနေမှတော့ သူတို့ ဘာထပ်တောင်းဆိုရဦးမှာလဲ။
အချိန်အတိုင်းအတာတစ်ခုအထိ ယဲ့ဖန်ဘက်မှ လူများသည် စိတ်လှုပ်ရှားနေသည်။
ရန်သူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် သူတို့သည် မည်သို့သော ခံစားချက်ကိုမျှ မထုတ်ပြခဲ့ကြပေ။
ယောင်းစွမ်းမင်းနှင့် အခြားသူများသည် ယဲ့ဖန်တို့၏ တောက်ပသော အပြုအမူတို့ကြောင့် အတင်းအကြပ် တွန်းအားပေးခံရပြီး နှစ်လှမ်းဆုတ်သွားခဲ့ကြသည်။
သို့သော် တစ်စုံတစ်ယောက်သည် သူရဲဘောကြောင်လွန်းသည်ဟု ခံစားမိပြီး လျင်မြန်စွာ တုံ့ပြန်လာသည်။
" ဘာကြောက်စရာ ရှိလို့လဲ။ ဒီမှာ ငါတို့က အများကြီးပဲ။ မေပယ်ရွက်ဆိုင်ကို ဘာလို့ ကြောက်ရမှာလဲ "
" မှန်တယ်၊ ငါတို့မှာ သက်သေတွေ အများကြီးရှိတယ်။ အဲ့တာကို ဘာလို့ ကြောက်နေရမှာလဲ "
" သူတို့က စည်းကမ်းဖောက်ဖျက်သူတွေဆိုတာ ရှင်းနေတာပဲ။ ငါတို့ကပဲ သူတို့ကို အတင်းအကြပ်လုပ်ခိုင်းထားတာမှ မဟုတ်တာ။ ဒါက ဘယ်လိုတောင် ယုတ္တိမရှိလိုက်လဲ "
" မင်းတို့ရဲ့ မေပယ်ရွက်ဆိုင်က အခုတောင် အရမ်းကို မောက်မာလွန်းနေပြီ။ ငါတို့က မင်းကို ယန်းချန်မြို့ထဲ တကယ်ဝင်ခွင့်ပြုလိုက်ရင် ငါတို့ အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝတွေ ရှိနိုင်ပါဦးမလား "
" ယန်းချန်မြို့ထဲကို ဝင်မလာအောင် မေပယ်ရွက်ဆိုင်ကို ငါတို့ ပြတ်ပြတ်သားသား သပိတ်မှောက်ရမယ် "
ယောင်းစွမ်းမင်းသည် ဆွေးနွေးမှု၏ ခေါင်းဆောင်အဖြစ် ပေါ်လွင်နေပြီး သူသည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ကောင်လေး၊ ငါတို့ မင်းကို အခွင့်အရေး ပေးပါတယ်။ မင်းက တန်ဖိုးမထားတော့ ငါတို့ကို အပြစ်မတင်နဲ့။ ငါ၊ ယောင်းစွမ်းမင်းက ခရမ်းရောင်ဝါးဆိုင်ကိုယ်စား၊ မေပယ်ရွက်ဆိုင်ကို အပြီးအပိုင် ပိတ်ပင်လိုက်ပြီလို့ ကြေညာတယ်။ ငါအသက်ရှုနေသေးသရွေ့ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ ထဲကို ဘယ်တော့မှ ဝင်လာနိုင်မှာ မဟုတ်ဘူး "
သူက ထိုကဲ့သို့ ကြေညာလိုက်သည့်အခါ အခြားသူများကလည်း လိုက်ပြီး ကြေညာကြသည်။
" ငါတို့ မှင်အိုးအမွှေးနံ့ဆိုင်ကလည်း မေပယ်ရွက်ဆိုင်ကို အပြီးအပိုင် ပိတ်ပင်သွားမယ်ဆိုတာ ကြေညာတယ် "
" ငါတို့ ကျောက်စိမ်းရနံ့အိမ်ကလည်း မေပယ်ရွက်ဆိုင်ကို အပြီးတိုင် ပိတ်ပင်သွားမယ်လို့ ကြေညာတယ် "
" ကျင်းရှီရွှမ်းကလည်း မေပယ်ရွက်ဆိုင်ကို အပြီးတိုင် ပိတ်ပင်သွားမယ်လို့ ကြေညာတယ် "
" ငါ့ရဲ့ ချုံလန်ဥယျာဉ်ကလည်း ကြေညာမယ် ....... "
" ............... "
ယန်းချန်မြို့ရှိ ဒေသခံ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များသည် မေပယ်ရွက်ဆိုင်ကို ပိတ်ပင်မည်ဟု ကြေညာနေကြစဉ် သူတို့နောက်မှ အလွန်အံ့သြစရာကောင်းသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
" ဆရာကြီးရှောင်ယဲ့လား "
ထိုအသံသည် ရုတ်ခြည်းထွက်ပေါ်လာပြီး လူတိုင်း၏ စည်းချက်အော်သံကို အနှောင့်အယှက်ပေးလိုက်သည်။
အားလုံးက သူ့ကို လှည့်ကြည့်ကြသည်။
ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ဦးသည် လက်အောက်ငယ်သားတစ်စုနှင့် အမြန်လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ယန်းချန်မြို့ရှိ ဒေသခံ ရှေးဟောင်းပစ္စည်းအရောင်းကိုယ်စားလှယ်များသည် ထိုလူမှာ ရှေးဟောင်းပစ္စည်းလမ်းရှိ လင်းကန်အိမ်ရာမှ ရွှယ်ပုဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
လင်းကန်အိမ်ရာသည် ယန်းချန်မြို့မြို့၌ အကြီးဆုံး ရှေးဟောင်းပစ္စည်းရောင်းချသူ မဟုတ်သော်လည်း ပိုင်ရှင်သည် အသက်အကြီးဆုံးဖြစ်သည်။
ထိုအိမ်ရာသည် ချင်မင်းဆက် ကုန်ဆုံးချိန်မှစ၍ တည်ရှိခဲ့ပြီး မျိုးဆက်ခြောက်ဆက် စီးဆင်းလာကာ ရွှယ်ပုမှ ဆက်ခံခဲ့သည်။
ယောင်းစွမ်းမင်းပင်လျှင် ရွှယ်ပုအား ‘သူဌေးရွှယ်'ဟု တလေးတစား ပြောဆိုရမည်ဖြစ်သည်။
လူတိုင်းသည် လက်ကိုစုပြီး နှုတ်ဆက်ကြသည်။
" မင်္ဂလာပါ သူဌေးရွှယ် ....... "
သို့သော် သူတို့ အံ့သြသွားရသည်မှာ ရွှယ်ပုသည် သူတို့ကို စိတ်မ၀င်စားချေ။
သူသည် သူတို့အားလုံးကို ဖြတ်သွားကာ ယဲ့ဖန်ရှေ့သို့ ရောက်သွားပြီး သူ့အမူအရာမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
" ဆရာကြီးရှောင်ယဲ့၊ မင်းကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး "
အပိုင်း ( ၇၉၁ )
မင်းတို့နဲ့ အတူရှိနေရတာ ရှက်စရာကောင်းတယ်။
ယဲ့ဖန် ခဏလောက် ထိတ်လန့်သွားသော်လည်း လျင်မြန်စွာ သတိရသွားသည်။
ဒါက ရှေးဟောင်းလမ်းမှာ ကံစမ်းသေတ္တာတွေကို ဖွင့်ပေးခဲ့တဲ့ သူဌေး မဟုတ်ဘူးလား။
ယဲ့ဖန်သည် ထိုလူအပေါ် အလွန်ကောင်းသည့် ထင်မြင်ချက် ရှိသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် အဖိုးတန်သေတ္တာများစွာကို ဖွင့်ခဲ့သော်လည်း တစ်ဖက်လူမှာ သူ့စကားကို ပြန်မရုတ်သိမ်းသည့်အပြင် နေရာမှာတင် ငွေပေးချေခဲ့သည်။
" သူဌေးရွှယ်လား။ တွေ့ရတာဝမ်းသာပါတယ် "
ယဲ့ဖန်သည် ရည်ရွယ်ချက် မကောင်းသောသူများနှင့် ကြုံရသည့်အခါ သူ့၌ ကောင်းမွန်တဲ့ အမူအရာ မရှိသည်မှာ သဘာဝကျလေသည်။
သို့သော် သူသည် ရည်ရွယ်ချက်ကောင်းရှိသော သူများအပေါ်၌တော့ အလွန်ကြင်နာတတ်လေသည်။
ရွှယ်ပုသည် ယဲ့ဖန်အနောက်ကို ကြည့်လိုက်ပြီး စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။
" နောက်ထပ် ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆရာကြီးရှောင်ယဲ့ကို အကဲဖြတ်သူအဖြစ် ငှားရမ်းခဲ့တာများလား "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" မဟုတ်ဘူး၊ ကျွန်တော်က တကယ်တော့ ကျုံးဟိုင်မြို့ မေပယ်ရွက်ဆိုင်ရဲ့ ပိုင်ရှင်ပါ။ ဒီနေ့ ပစ္စည်းတွေဝယ်ဖို့ ဒီကိုရောက်နေတာ "
ရွှယ်ပု ရုတ်တရက် နားလည်သွားသည်
" ဒီလိုလား။ ဆရာကြီးရှောင်ယဲ့ရဲ့ အကဲဖြတ်နိုင်စွမ်းက အရမ်းပြင်းထန်တယ်ဆိုတာ ငါ သိတယ်။ သေချာတာကတော့ အမည်မဲ့လူမဟုတ်ဘူး။ ဆရာကြီးရှောင်ယဲ့ရဲ့ ဦးဆောင်မှုအောက်မှာ မေပယ်ရွက်ဆိုင်က သေချာပေါက် ဂုဏ်ကျက်သရေအပြည့်နဲ့ အဆုံးမရှိတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်
ယောင်းစွမ်းမင်းနှင့် ကျန်သူများသည် ရွှယ်ပုနှင့် ယဲ့ဖန်တို့၏ စကားဝိုင်းကို နားထောင်ကြရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အတော်ရင်းနှီးပုံပဲ။
ပြီးတော့ သူဌေးက ဒီကလေးအပေါ် အရမ်းလေးစားနေတယ်။
ထိုအချက်များ သူတို့ကို ပဟေဠိဖြစ်စေသည်။
" သူဌေးရွှယ်၊ ဒီကောင်လေးနဲ့ ...... ယဲ့သူဌေးက သိတာလား "
ယောင်းစွမ်းမင်း စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ရွှယ်ပု လှည့်ကြည့်လိုက်ပြီး သူ့ကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။
" ငါက ဆရာကြီးရှောင်ယဲ့နဲ့ တစ်ကြိမ် တွေ့ဖူးတယ်။ သူ့ရဲ့ အစွမ်းထက်တဲ့ အကဲဖြတ်နိုင်စွမ်းကိုလည်း ကိုယ်တိုင်တွေ့ကြုံဖူးပါတယ်။ ငါ့ရဲ့ တစ်သက်လုံးမြင်ဖူးသမျှထဲမှာ အသန်မာဆုံး ရှေးဟောင်းပစ္စည်းဆရာကြီးလို့ ပြောလို့ရတယ် "
ဟား...............
ထိုစကားကို ပြောပြီးသည်နှင့် လူအုပ်ကြီးထဲမှ ချက်ချင်း အာမေဋိတ်သံများ ထွက်လာသည်။
အမှန်တရားကို မသိတဲ့သူများက အသံတိုးတိုးဖြင့် ဆွေးနွေးကြသည်။
" ဒါဆို ဒီကလေး ...… ယဲ့သူဌေးရဲ့ အကဲဖြတ်နိုင်စွမ်းက တကယ်ကို အားကောင်းတာလား "
" သူဌေးယောင်းပြောတော့ ခရမ်းရောင်ဝါးဆိုင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်လည်ဖို့ အဲ့သူဌေးလေးက လျန်ကျစ်မူနဲ့ ပူးပေါင်းခဲ့တာဆို "
" သူဌေးယောင်းနဲ့ ယှဉ်ရင် သူဌေးရွှယ်ရဲ့ စရိုက်ကို ပိုယုံကြည်တယ်။ ယဲ့သူဌေးရဲ့ အကဲဖြတ်နိုင်စွမ်းက အရမ်းသန်မာတယ်လို့ သူပြောမှတော့ သူပြောတာ အမှန်ပဲ ဖြစ်ရမယ် "
" ဒါဆို သူဌေးယောင်းက သူတို့ကို တမင်တကာ စွပ်စွဲနေတာလို့ ဆိုလိုတာလား။ ဒါက စိတ်မပုတ်လွန်းဘူးလား "
" ဟားဟား၊ တကယ်တော့ သူ့ကို မေပယ်ရွက်ဆိုင်က လူမြင်ကွင်းမှာ ပါးရိုက်လိုက်တာ။ သူက အရှက်ကွဲလွန်းပြီး သူတို့ကို တမင်အကောက်ကြံနေတာ ဟုတ်တယ်မလား "
" အိုက်ယား၊ ငါ အခု သူအရူးလုပ်တာခံရပြီး မေပယ်ရွက်ဆိုင်ကို ဆဲဆိုမိသေးတယ်။ ဒီခွေးသားက တကယ်ပြဿနာရှာတာပဲ "
" ဟေး၊ တိုးတိုးနေ၊ သူဌေးယောင်း မကြားအောင် သတိထား။ ယန်းချန်မြို့မှာ ဆက်နေချင်သေးရဲ့လား "
" သူကကျ ဒီလို အရှက်မဲ့တဲ့ လုပ်ရပ်ကို လုပ်ထားတာပဲ။ အပြောမခံနိုင်ဘူးလား "
အားလုံး၏ ဆွေးနွေးမှုများကို နားထောင်ရင်း ယောင်းစွမ်းမင်းနှင့် နောက်လိုက်များ၏ အမူအရာမှာ အနည်းငယ် အကျည်းတန်လာသည်။
ယခုအခါ ရွှယ်ပုသည် သက်သေအဖြစ် ရှိနေပြီဖြစ်ပြီး သူတို့၏ ချောက်ချသော လုပ်ရပ်သည် ချက်ချင်းပင် ပြိုလဲသွားရသည်။
တစ်ဖက်သားရဲ့ အကဲဖြတ်နိုင်စွမ်းက အားကောင်းနေမှတော့ သူက လျန်ကျစ်မူနဲ့ ဘာလို့ ပူးပေါင်းဖို့ လိုနေဦးမှာလဲ။
ယောင်းစွမ်းမင်းသည် သူ့နှလုံးသားထဲမှ မုန်းတီးမှုကို ခံစားနေသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးမပျက်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲဖြစ်သည်။
" သူဌေးရွှယ်၊ ခင်ဗျား ဒါကို မသိမှာ စိုးရိမ်တယ်။ ဒီသူဌေးယဲ့က အရမ်းမာနကြီးတယ်။ သူက ငါတို့ ယန်းချန်မြို့ရဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေကိုတောင် အလေးမထားဘူး။ အခုပဲ ငါတို့အားလုံးက မေပယ်ရွက်ဆိုင်ကို ပိတ်ပစ်ဖို့ တွန်းအားပေးမယ့်အကြောင်း ဆုံးဖြတ်လိုက်ပြီ။ သူ့ရဲ့ပန်းလိုစကားတွေနဲ့ အလိမ်မခံမိပါစေနဲ့ "
သူ့စကားသည် ရွှယ်ပုအား ဖိအားပေးရန် ကြိုးစားနေခြင်းဖြစ်သည်။
သူသည် ယဲ့ဖန်ဘက် အတူရှိနေပါက ယန်းချန်မြို့၏ ရှေးဟောင်းပစ္စည်းလောကတစ်ခုလုံးဖြင့် ဆန့်ကျင်ရမည်ဟု ပြောနေသည်မှာ သိသာလေသည်။
ရွှယ်ပုသည် သူ၏ စကားကို ကြားပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" အတိအကျ ဘာဖြစ်သွားတာလဲ "
ဘေးမှာရပ်နေသည့် စွန်းရှို့ယိသည် သူဌေးရွှယ်၏ အနေအထားကို သိပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို အမြန်ပြန်ပြောပြလေသည်။
ထိုစကားကို ကြားပြီးနောက် ရွှယ်ပု၏ အမူအရာမှာ ချက်ချင်း နက်မှောင်သွားခဲ့သည်။
" အဓိပ္ပာယ်မရှိတာ။ ယန်းချန်မြို့ရဲ့ ရှေးဟောင်းပစ္စည်းလောကမှာ ဒီလို စက်ဆုပ်စရာကောင်းတဲ့ ကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်သွားတာလဲ။ မင်းတို့နဲ့ အတူရှိနေရတာ ရှက်ဖို့ကောင်းလိုက်တာ "
ယောင်းစွမ်းမင်းသည် ချက်ချင်းပင် စိုးရိမ်လာသည်။
" သူဌေးရွှယ်၊ သူတို့ဘက်က ဇာတ်လမ်းကို နားမထောင်နဲ့။ သူတို့ပြောသလို မဟုတ်ဘူး ........ "
ရွှယ်ပုသည် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဒါဆို ငါ့ကိုပြော၊ ဘာဖြစ်တာလဲ "
ယောင်းစွမ်းမင်းသည် သူ၏ စူးရှသော အကြည့်ကို မြင်ပြီး ပါးစပ်ကိုပင် မဖွင့်နိုင်တော့ချေ။
" ဘာပဲဖြစ်ဖြစ် သူတို့ကို တားမြစ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးသား။ ယောင်းစွမ်းမင်း အသက်ရှင်နေသရွေ့ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ထဲ ဝင်ဖို့ကို မေ့လိုက်နိုင်တယ် "
အခြားကုန်သည်များကလည်း ခေါင်းညိတ် သဘောတူကြသည်။
ရွှယ်ပုသည် သူတို့၏ စကားများကို ကြားလိုက်သောအခါ ဟာသတစ်ခု ကြားလိုက်ရသလို ဖြစ်သွားသည်။
" မင်းရဲ့ အစွမ်းအစနဲ့ မေပယ်ရွက်ဆိုင်ကို တကယ်ပဲ တားနိုင်မယ်လို့ ထင်နေတာလား "
ယောင်းစွမ်းမင်း၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
" သူဌေးရွှယ်က ဒီကလေးအတွက်နဲ့ ယန်းချန်မြို့ရဲ့ ရှေးဟောင်းပစ္စည်းလောကတစ်ခုလုံးကို ဆန့်ကျင်ချင်တာလား "
ရွှယ်ပုသည် သူ၏ သဘောထားခွဲရန် ကြိုးစားမှုကို ကြားသော်လည်း သူ၏ လှည့်စားမှုထဲ ကျမသွားပေ။
" ငါ့ကို တွန်းအားပေးဖို့ ဒီစကားတွေ လာမသုံးနဲ့။ ငါ ရွှယ်ပုမှာ ဒီလိုစွမ်းရည်ရှိနေတာတော့ မဟုတ်ဘူး "
" ဒါပေမဲ့ ဆရာကြီးရှောင်ယဲ့ရဲ့ ခွန်အားနဲ့သာဆို ယန်းချန်မြို့ကို လွယ်လွယ်ကူကူ ဝင်နိုင်ဖို့ သူက ငါ့အကူအညီကိုတောင် မလိုအပ်ဘူး။ သူတို့ရှေ့မှာ မင်းတို့ ကြက်တွေ၊ ခွေးတွေချည်းပဲ "
ထိုရှေးဟောင်းပစ္စည်းကုန်သည်များသည် သူတို့အား 'ကြက်နှင့်ခွေးများ'ဟု ခေါ်ခံကြ
ပြီး သူတို့၏ အမူအရာမှာ အနည်းငယ်ရုပ်ဆိုးသွားသည်။
" သူဌေးXue၊ ခင်ဗျားပြောတာကို ကျုပ်တို့ မကြိုက်ဘူး။ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ကို တကယ် ဝင်နိုင်ပါ့မလား "
" သူတို့ကို တားဆီးဖို့ အားလုံးက အတူတူ ပူးပေါင်းဆောင်ရွက်ကြမယ်။ အဲ့တာဆို ယန်းချန်မြို့မှာ သူတို့ ရှင်သန်နိုင်မယ် မထင်ဘူး "
" သူဌေးရွှယ်က ငါတို့ကို မကူညီလည်း မေပယ်ရွက်ဆိုင်ကို ယန်းချန်မြို့ထဲ မဝင်နိုင်အောင် ထာဝရလုပ်နိုင်မယ်လို့ ယုံကြည်တယ် "
" သူဌေးရွှယ်၊ ခင်ဗျားက တခြားသူကို ချီးမြှောက်ဖို့ ကိုယ့်ဂုဏ်သိက္ခာကို လျှော့ချနေတာလား။ ငါတို့ ယန်းချန်မြို့က လူတွေက ဒီလိုလာလုပ်လို့ မရဘူး "
" လက်တွဲပြီး မေပယ်ရွက်ဆိုင်ကို သပိတ်မှောက်ကြစို့ ........ "
အပိုင်း( ၇၉၂ )
ရှေးခေတ်ကဆို ဧကရာဇ်ပဲ
ရွှယ်ပုသည် လူအုပ်ကြီး၏ ပြင်းထန်သော တွန်းလှန်ချက်များနှင့် ရင်ဆိုင်ရသော်လည်း သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်နေသည့် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။
" ငါမင်းတို့ကို နှိမ့်ချနေတာ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့အားလုံး လက်ချင်းချိတ်ထားရင်တောင် မင်းတို့က ဆရာကြီးရှောင်ယဲ့ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး "
ယောင်းစွမ်းမင်းသည် ယဲ့ဖန်ကို ကြည့်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
" သူ့ရဲ့ အကဲဖြတ်နိုင်စွမ်းက အားကောင်းရင်ရော ဘာလုပ်ရမှာလဲ။ သူတို့ကို အကာအကွယ်ပေးမယ့်သူ မရှိရင် ယန်းချန်မြို့မှာ ခြေကုပ်ချနိုင်မှာ မဟုတ်ဘူး "
ရွှယ်ပု ခေါင်းယမ်းပြီး ပြုံးလိုက်သည်။
" ငါတစ်ခုပဲပြောမယ်။ ချောင်ရှင်းဂိုဏ်းက လူတွေတောင် ဆရာကြီးရှောင်ယဲ့ကို အရမ်းလေးစားကြရတာ။ ကျန်တာကတော့ မင်းတို့ကိုယ်တိုင်ပဲ စဉ်းစားလို့ရတယ် "
သူသည် ပြောပြီးသည်နှင့် ရိုသေလေးစားစွာ ယဲ့ဖန်နောက်သို့ ဆုတ်သွားခဲ့သည်။
သို့သော် သူ့စကားကြောင့် ရှိနေသူအားလုံးမှာ အံ့သြသွားကြသည်။
" ဘာလဲ။ ချောင်ရှင်းဂိုဏ်းလား။ ဒီလို ဘာမဆို လုပ်ရဲတဲ့လူတွေကတောင် ယဲ့သူဌေးကို အရမ်းလေးစားကြတာ ဟုတ်လား။ ဒါက ဘယ်လိုဖြစ်တာလဲ "
" အရင်က အဲ့ဒီလူတွေနဲ့ ကြုံဖူးတယ်။ သူတို့အားလုံးက ရက်စက်တဲ့လူတစ်စုပဲ။ ယဲ့သူဌေး က သူတို့နဲ့ ဘယ်လိုလုပ် အဆက်အသွယ်ရှိတာလဲ "
" စီးပွားရေးလုပ်တဲ့သူတွေတောင် ချောင်ရှင်းဂိုဏ်းရဲ့ သဘောထားကို နားထောင်ရမယ်။ သူတို့က ငါတို့ဆိုင်ကို လာဒုက္ခပေးရင် ငါတို့ သေချာပေါက် မကြာခင်မှာပဲ ပိတ်လိုက်ရမှာ "
" သူတို့ကို ချောင်ရှင်းဂိုဏ်းက တစ်ယောက်ယောက်က တကယ်ပဲ ကာကွယ်ပေးနေတယ်ဆိုရင် မေပယ်ရွက်ဆိုင်ကို ဘယ်သူကမှ ပြဿနာရှာရဲမှာ မဟုတ်ဘူး "
" ယဲ့သူဌေးက ဒီလိုမျိုး သတ္တိရှိရှိ ပြောရဲတာက သူ့မှာ ဒီလို ယုံကြည်မှုတွေ ရှိနေနိုင်တဲ့ အနေအထား ဖြစ်နေလို့လား "
" သူဌေးယဲ့က တစ်ချက်ကြည့်လိုက်ရုံနဲ့ ရိုးရှင်းတဲ့လူ မဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ်။ သူ့ဆီက ကောင်းကင်ဘုံရဲ့အရှိန်အဝါရတယ်။ ရှေးခေတ်ကလို ပြောရမယ်ဆိုရင် သူက ဧကရာဇ်တစ်ပါးရဲ့ ပုံစံပဲ "
" ယဲ့သူဌေးကို တွေ့တုန်းက ဘာလို့ ဒူးထောက်ချင်နေတာလဲလို့ တွေးမိနေတာ ......... "
ယဲ့ဖန်သည် ချောင်ရှင်းဂိုဏ်းနှင့် ဆက်ဆံရေးရှိကြောင်း ကြားသောအခါ သူတို့၏ သဘောထားသည် ချက်ချင်း ၁၈၀ဒီဂရီ လှည့်သွားကြသည်။
တော်တော်များများက သူ့ကို မြှောက်ပင့်ကြတော့သည်။
မေပယ်ရွက်ဆိုင်မှ လူများသည် သူတို့၏ သူဌေးကို ကြောင်အစွာ စိုက်ကြည့်နေသည်။
သူတို့ရဲ့ သူဌေးက တကယ်ပဲ ဒီလိုအစွမ်းထက်တာလား။
အထူးသဖြင့် ယဲ့ဖန်နှင့် ပိုရင်းနှီးသည် စွန်းရှို့ယိနှင့် လင်းကျွင်းကျွင်းတို့လို လူတွေပင် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။
ယဲ့ဖန်က ယန်းချန်မြို့ကိုရောက်တာ ဘယ်လောက်ကြာသေးလို့လဲ။
သူ့မှာ ဒီလောက်တောင် သြဇာရှိနေပြီလား။
သူက လှည့်စားနေတာလား။
ယောင်းစွမ်းမင်းနှင့် မေပယ်ရွက်ဆိုင်အား သပိတ်မှောက်ရန် ကြွေးကြော်ခဲ့ကြသူ အားလုံးသည် စိတ်ပျက်စွာဖြင့် လူစုခွဲလိုက်ကြသည်။
ရှင်းလင်းစွာပြောရလျှင် ရှေးဟောင်းပစ္စည်းလောကသည် အသိုင်းအဝိုင်းငယ်လေး တစ်ခုမျှသာဖြစ်သည်။
ချောင်ရှင်းဂိုဏ်းကဲ့သို့ တရားဥပဒေမဲ့သူများနှင့် ရင်ဆိုင်ရသောအခါ သူတို့၌ လုံးဝ ခံနိုင်ရည်မရှိပေ။
ယခုအခါ သူတို့သည် မေပယ်ရွက်ဆိုင်အား သပိတ်မှောက်ရန် မပြောနှင့် ယဲ့ဖန်မှ သူတို့အား လက်စားချေမည်ကိုပင် စိုးရိမ်လာရသည်။
ယောင်းစွမ်းမင်းသည် တစ်ဦးတည်း ကွင်းထဲတွင် ရပ်နေကျန်ခဲ့သည်။
သူသည် မေပယ်ရွက်ဆိုင်အား တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သူဖြစ်သည်။
သူသည် အစောပိုင်းကထိ စိတ်အားထက်သန်နေခဲ့သော်လည်း ယခုချိန်တွင် နောက်ပြန်ဆုတ်ရန် ခက်ခဲသည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ချောင်ရှင်းဂိုဏ်းအား စော်ကားရန်လည်း မတတ်နိုင်သလို ဒီအတိုင်း ထွက်ပြေးသွားလျှင်လည်း ခရမ်းရောင်ဝါးဆိုင်အနေဖြင့် အနာဂတ်၌ မျက်နှာထားစရာ နေရာမရှိတော့ပေ။
" အဟမ်း၊ မေပယ်ရွက်ဆိုင်က ယန်းချန်မြို့ထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ စည်းကမ်းတွေကို လိုက်နာပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းကောင်း လိုက်လျောညီထွေ နေနိုင်ရင် ကျွန်တော်တို့ရဲ့ ခရမ်းရောင်ဝါးဆိုင်က အမြဲကြိုဆိုနေမှာပါ ............. "
ယောင်းစွမ်းမင်းသည် အရှုံးပေးချင်တယ်သော်လည်း မာနခံနေ၍ ဤကဲ့သို့ ကြီးကျယ်သော စကားများ ပြောနေသည်ကို လူတိုင်းက မြင်နေရသည်။
သို့သော် ယဲ့ဖန်သည် သူ့ကို မကျေမနပ်ဖြစ်ပြီး အေးစက်စွာ မေးသည်။
" စည်းကမ်းတွေကို လိုက်နာရမှာလား။ ဘယ်သူ့ စည်းကမ်းလဲ။ ဒါက ခင်ဗျားရဲ့ ခရမ်းရောင်ဝါးဆိုင်က ချမှတ်ထားတဲ့ စည်းမျဥ်းပဲလား "
ယောင်းစွမ်းမင်း သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အားလုံးက စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားကြတယ်။ အားလုံးအတူတူ သတ်မှတ်ထားတာ ......... "
သူသည် ပြောနေရင်း နဖူးမှ ကျလာသည့် အေးစက်သော ချွေးများကို သုတ်လိုက်သည်။
သူ့မျက်နှာသည်လည်း ကြောက်ရွံ့မှုဖြင့် ဖြူဖျော့နေသည်။
ယဲ့ဖန်သည် ရယ်မောလိုက်ပြီး ရှိသမျှလူတိုင်းကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
" မေပယ်ရွက်ဆိုင်က ဒီကို စီးပွားရေးလုပ်ဖို့ ရှိနေတာ။ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ရန်သူမဖြစ်ချင်သလို ဘယ်သူ့ရဲ့ စည်းကမ်းကိုမှ ဖောက်ဖျက်လိုခြင်း မရှိဘူး။ ဒါပေမယ့် အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေရင် စမ်းကြည့်နိုင်တယ်။ မျောက်ခြောက်ဖို့ ကြက်သတ်တာက အခွင့်အရေးကောင်းပဲ "
အားလုံးသည် ယဲ့ဖန်အား စိုက်ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်ကြသည်။
ယဲ့ဖန်မှ သူတို့အား အထင်လွဲသွားမည်ကိုပင် လွန်စွာ ကြောက်နေကြသည်။
မဟုတ်ပါက ဒုက္ခဖြစ်ပေလိမ့်မည်။
ထိုစကားကိုပြောပြီးနောက် ယဲ့ဖန်သည် အခြား ဘာမျှမပြောဘဲ ထွက်သွားလေသည်။
မေပယ်ရွက်ဆိုင်မှ လူများလည်း ချက်ချင်း လိုက်လာခဲ့သည်။
သူတို့ ဂုဏ်ယူနေကြသည်။
ယခင်က သူတို့သည် ယန်းချန်မြို့ရှိ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူများထံမှ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
သို့သော် သူတို့နယ်မြေမဟုတ်သဖြင့် ဒေါသကို မျိုသိပ်ထားခဲ့ရသည်၊
ယခုအခါ အခြေအနေက ကွဲပြားသွားလေသည်။
ဤကဲ့သို့ လွှမ်းမိုးမှုရှိသည့် သူဌေးသည် သူတို့၏ ကျောထောက်နောက်ခံအဖြစ် ရှိနေသောကြောင့် အနာဂတ်၌ ယန်းချန်မြို့တွင် တခြားသူများ၏ ရိုသေမှုကို ခံရလိမ့်မည်။
သူတို့ကို ဘယ်သူကမှ ထပ်ပြီး ပြဿနာရှာရဲသော သတ္တိရှိမှာ မဟုတ်ချေ။
ထို့နောက် မေပယ်ရွက်ဆိုင်သည် ပိုကြီးမားသည့် အဆင့်သို့ ရောက်ရှိလာလိမ့်မည်။
စွန်းရှို့ယိ၊ လင်းကျွင်းကျွင်း၊ လျန်ကျစ်မူတို့အားလုံးသည် အနာဂတ်အတွက် ယုံကြည်မှုအပြည့်ရှိနေကြသည်။
မေပယ်ရွက်ဆိုင်၏ ဆိုင်းဘုတ်သည် တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးနှင့် နိုင်ငံတစ်ဝှမ်းလုံးတွင် သေချာပေါက် တောက်ပနေတော့မည် ဖြစ်သည်။
......................................
ယဲ့ဖန်နှင့် ရွှယ်ပုတို့သည် အချိန်အတော်ကြာ စကားစမြည်ပြောခဲ့ကြပြီးနောက် နှုတ်ဆက်ကာ ထွက်သွားကြသည်။
မေပယ်ရွက်ဆိုင်သည် ကုန်ပစ္စည်းများ သိုလှောင်ရန်အတွက် ယန်းချန်မြို့ရှိ ဂိုဒေါင်ငယ်တစ်ခုကို ငှားရမ်းခဲ့သည်။
သူတို့သည် သစ်သားသေတ္တာကြီးသုံးလုံးကို ဂိုဒေါင်ထဲသို့ ပို့လိုက်ပြီးနောက် စွန်းရှို့ယိနှင့် တခြားသူများမှာဖွင့်ကြည့်ရန် မစောင့်နိုင်တော့ချေ။
သို့သော် သူဌေးက ဘာမှ မပြောသေး၍ သူတို့ ဘာမှမလုပ်ရဲကြချေ။
ယဲ့ဖန်သည် သူတို့၏ အတွေးများကို မြင်နေရပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဖွင့်ကြည့်လိုက် "
သေတ္တာများကိုဖွင့်ရန် ကိရိယာများကို ရှာဖွေရင်း လူတိုင်းမှာချက်ချင်းပင် ရွှင်မြူးလာကြသည်။
လင်းကျွင်းကျွင်းသည် မစောင့်နိုင်တော့ပေ။
ယဲ့ဖန် ၁၀သန်းသုံး၍ ဝယ်ခဲ့သော ကံစမ်းသေတ္တာကို သူမတွေ့ချင်နေသည်။
သေတ္တာကို ဖွင့်လိုက်သည်နှင့် ယဲ့ဖန်မှလွဲ၍ လူတိုင်း ထိတ်လန့်သွားကြသည်။
သေတ္တာထဲ၌ ပစ္စည်းဟောင်းမျိုးစုံနှင့် ပြည့်နက်နေသည်။
ကြေး ဘုရားရုပ်ပွားတော်များ၊ ကျောက်စိမ်း အသုံးအဆောင်များ၊ ကြွေခွက်များနှင့် ကျောက်မျက်ပန်းကန်များ ပါဝင်သည်။
ပြိုးပြိုးပြက်ပြက် တောက်ပနေသည့် အခင်းအကျင်းတစ်ခုဖြစ်နေသည်။
သေတ္တာအား အဖုံးထူထူဖြင့် ဖုံးအုပ်ထားသောကြောင့် ပစ္စည်းများသည် အချင်းချင်း ထိမိ၍ ပျက်စီးခြင်း မရှိပေ။
လူတိုင်းသည် အတွင်းမှ ပစ္စည်းများကို ထုတ်ယူလိုက်ကြသည်။
သေတ္တာ ၃လုံး ရှင်းသွားသောအခါ ကြမ်းပြင်တွင် အနည်းဆုံး ပစ္စည်းများ ရာဂဏန်းကျော် ရှိနေသည်။
" ရေကြည့်ပြီးပြီ။ စုစုပေါင်း ၂၂၁ခု ရှိတယ် ....... "
စာရင်းဇယားကို ဖော်ပြပြီးသောအခါ လင်းကျွင်းကျွင်း၏ အသံမှာ တုန်လှုပ်သွားသည်။
ဤတစ်ကြိမ် ရရှိမှုမှာ သူမ စိတ်ကူးထားသည်ထက် ကျော်လွန်သွားလေသည်။
သူမသည် ယဲ့ဖန်အား စွန့်စားလွန်းသည့်အတွက် အပြစ်တင်ခဲ့သော်လည်း ယခုအခါ သူမ တုန်လှုပ်နေပြီး အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။
သူ့မှာ ထိုးဖောက်မြင်နိုင်စွမ်း ရှိနေတာလား။
မဟုတ်ရင် ဒီသေတ္တာထဲမှာ ရတနာတွေ အများကြီးရှိနေတယ်ဆိုတာ သူ ဘယ်လိုလုပ် သိနိုင်တာလဲ။
တွေးရင်းဖြင့် သူမ၏ ရင်ဘတ်ကို မသိစိတ်က ဖိလိုက်မိသည်။
" လူတိုင်းပဲ ဒီအရာတွေက ဘယ်နှစ်သက္ကရာဇ်ကလဲဆိုတာ ခွဲခြားသတ်မှတ်ရအောင် "
စွန်းရှို့ယိသည် သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားလိုက်ပြီး လူတိုင်းကို အကဲဖြတ်ရန် ညွှန်ကြားနေလေသည်။
" ဒါတွေအားလုံးက မြောက်ပိုင်း ဝေမင်းဆက်ရဲ့ အသုဘပစ္စည်းတွေပဲ "
ယဲ့ဖန်သည် ကုလားထိုင်ပေါ်တွင် အေးဆေးစွာ ထိုင်နေပြီး ဖန်းကျန်းဝူ ဝယ်ထားသည့် နို့လက်ဖက်ရည်ကို သောက်နေသည်။
" ရှင် ...... ဘယ်လိုလုပ်သိတာလဲ "
လင်းကျွင်းကျွင်းသည် တစ်ဖန် တုန်လှုပ်သွားပြန်သည်။
ယဲ့ဖန်သည် ထိုပစ္စည်းများကို မစစ်ဆေးဘဲ ထိုရှေးဟောင်းပစ္စည်းများ၏ သက်တမ်းကို တကယ်ပင် ဆုံးဖြတ်နိုင်မည်လား။
ယဲ့ဖန်သည် သူ၌ စနစ်ရှိသောကြောင့်ဟု ပြောလိုက်ချင်သည်။
သို့သော် သေချာပေါက် ထိုသို့ ပြောမရပေ။
ထို့ကြောင့် အဓိပ္ပာယ်ရှိအောင် လုပ်ကြံပြောရမည်။
" ဘာလို့လဲဆိုတော့ အဲ့ဒီလူ သုံးယောက်လုံးက ရှီရှန်းပြည်နယ်ကဖြစ်ပြီးတော့ သူတို့ပုံစံက သင်္ချိုင်းဖောက်ပုံရတယ်။ မြောက်ပိုင်း ဝေမင်းဆက်ရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတော့ သင်္ချိုင်းဂူကြီးတွေ အများကြီးရှိတယ်လို့ ခန့်မှန်းလိုက်တာ .......... "