← Chapters

အပိုင်း ၇၉၃-၇၉၆

Vol. 40 Ch. 793-796

အပိုင်း ၇၉၃-၇၉၆

Vol. 40 Ch. 793-796

အပိုင်း ( ၇၉၃ )

ဘယ်မိန်းကလေးက သူ့ရဲ့ ဆွဲဆောင်မှုကို တွန်းလှန်နိုင်မှာလဲ။

ယဲ့ဖန်၏ အကြောင်းပြချက်သည် အနည်းငယ် အလှမ်းဝေးသည်ဟု လူတိုင်းခံစားမိသော်လည်း သူသည် ယနေ့တွင် လူတိုင်းအတွက် အံ့အားသင့်စရာများစွာကို ယူဆောင်လာနိုင်ခဲ့သောကြောင့် လူတိုင်းသည် သူ့အား ယုံကြည်ရန်သာ ရွေးချယ်လိုက်ကြသည်။

အကဲဖြတ်သူများသည် ရှေးဟောင်းပစ္စည်းများကို ကောက်ယူပြီး စစ်ဆေးလိုက်ကြသည်။

ထို့နောက် ခေါင်းညိတ်ကြသည်။

" မှန်ပါတယ်၊ ဒါတွေက မြောက်ပိုင်းဝေမင်းဆက်ကပါ။ ယဲ့လူကြီးမင်းက တကယ်ကို အံ့သြစရာပဲ "

ယဲ့ဖန်ကို ထပ်ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများ၌ သဘောကျမှုများနှင့် ပြည့်နှက်နေသည်။

စွန်းရှို့ယိသည် စိတ်လှုပ်ရှားစွာ သူ့လက်တွေကို ပွတ်လိူက်သည်။

" လူတိုင်းပဲ အဲ့တာတွေကို ကြည့်နေဖို့ပဲ အလျင်လိုမနေပါနဲ့။ စျေးနှုန်းကို အတူတူ ခန့်မှန်းပြီး ဒီမှာရှိတဲ့ ပစ္စည်းတွေက ဘယ်လောက်တန်ဖိုးရှိလဲ ကြည့်လိုက်ရအောင် "

အားလုံးသည် တခြား ဘာမှမပြောတော့ဘဲ ပစ္စည်းများကို အကဲဖြတ်တော့သည်။

လင်းကျွင်းကျွင်းသည် ပစ္စည်းတန်ဖိုးများကို ရေတွက်ရန် တာဝန်ယူခဲ့သည်။

ပစ္စည်းအရေအတွက်များသောကြောင့် လူတိုင်းသည် နှစ်နာရီနီးပါးကြာအောင် ရေတွက်ခဲ့ကြပြီးမှ အကြမ်းဖျင်း ခန့်မှန်းချက်ချလိုက်သည်။

လင်းကျွင်းကျွင်းသည် နောက်ဆုံးရလဒ်ကို ကြည့်ပြီး ပါးစပ်ကို မပိတ်နိုင်လောက်အောင်ပင် ထိတ်လန့်သွားသည်။

စွန်းရှို့ယိက အလျင်စလို မေးလိုက်သည်။

" လက်ထောက်မန်နေဂျာလင်း ဘယ်လောက်ထိ တွက်ပြီးပြီလဲ "

တခြားသူများကလည်း အသက်မရှူရဲဘဲ စိုက်ကြည့်နေကြသည်။

လင်းကျွင်းကျွင်းသည် သူမကိုယ်သူမ စိတ်ငြိမ်သက်အောင် လုပ်လိုက်သည်။

" ဒီပုံးထဲမှာ ပစ္စည်းစုစုပေါင်း ၂၂၁ခု ရှိတယ်။ အနိမ့်ဆုံးတန်ဖိုးက ယွမ် ၈သိန်းဖြစ်ပြီးတော့ အမြင့်ဆုံးတန်ဖိုးကို ယွမ်သန်း ၂၀ရှိတယ်။ စုစုပေါင်းတန်ဖိုးက သန်း ၄၀၀ကျော်လောက် ရှိတယ် "

ဤအရေအတွက်မှ ကြီးမားသော အမြတ်ငွေရမည်ကို လူတိုင်းသိထားကြသော်လည်း ဤမျှ များပြားမည်ဟု မမျှော်လင့်ထားကြပေ။

ခဏတာ ထိတ်လန့်သွားကြသည်။

" ဘုရားရေ၊ သူက ၁၀သန်းနဲ့ ဝယ်ခဲ့ပြီး သန်း ၄၀၀ကျော် ဝင်ငွေရသွားတာလား "

မေပယ်ရွက်ဆိုင်တွင် ပါဝင်လာခဲ့သော လျန်ကျစ်မူသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထိုသေတ္တာများထဲမှ အမြတ်ငွေ အဆ ၄၀ ကျော် ရခဲ့သည်။

ဤသည်မှာ သူမြင်ဖူးသမျှထဲတွင် ထိတ်လန့်စရာ အကောင်းဆုံး အမြတ်ငွေရရှိမှုပင် ဖြစ်သည်။

ယဲ့ဖန်ကို ပြန်ကြည့်လိုက်ပြီး သူ အတော်ပင် အံ့သြသွားသည်။

တခြားသူများမှာလည်း ပါးစပ်မပိတ်နိုင်လောက်အောင် ထိတ်လန့်သွားကြသည်။

" အမလေး၊ သူဌေးက တကယ့်ကို ထူးခြားတာပဲ။ တစ်ကြိမ်တည်းနဲ့ သန်း၄၀၀တန် ပစ္စည်းတွေကို ရသွားတာလား "

" ဒီကုန်ပစ္စည်းတွေနဲ့ ယန်းချန်မြို့မှာ အောင်အောင်မြင်မြင်နဲ့ ခြေကုပ်ယူဖို့ လုံလောက်တယ် "

" ယဲ့လူကြီးမင်းက ဘယ်လိုလုပ်လိုက်တာလဲ။ ငါတို့အားလုံး အဲ့ဒီမှာ ရှိနေတာပဲ။ သူက သေတ္တာကိုတောင် မကြည့်ဘဲ ဒီထဲမှာ ရတနာတွေ ရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ "

" မင်းနားလည်နိုင်ရင် မင်း သူဌေးဖြစ်လိမ့်မယ်။ သူ့မှာ ခွန်အား၊ သတ္တိနဲ့ ကံကောင်းခြင်းတွေ ရှိနေတယ်လို့ပဲ ပြောရမယ် "

" ဒီလိုလူမျိုးမှ မအောင်မြင်ရင် ကောင်းကင်ကြီးက မမျှတတော့ဘူး "

အားလုံးသည် ယဲ့ဖန်အား ပြန်ကြည့်ကြပြီး နတ်ဘုရားတစ်ပါးလို လေးစားနေကြသည်။

လင်းကျွင်းကျွင်းသည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

သူမသည် ယဲ့ဖန်ကို ပွေ့ဖက်နမ်းရှုံ့လိုက်သည်။

" ယဲ့ဖန်၊ ရှင်က တကယ်ကို အံ့သြစရာကောင်းတာပဲ။ ဒီထဲမှာ ရတနာတွေရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ "

သူမသည် စိတ်လှုပ်ရှားစွာ စကားပြောနေရင်းဖြင့် ပတ်ဝန်းကျင်က အနည်းငယ် ထူးဆန်းနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ အားလုံးက သူမကို ထူးဆန်းသော အပြုံးဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

သူမ ယဲ့ဖန်ကို နမ်းမိသွားကြောင်း သူမ ချက်ချင်း သဘောပေါက်သွားသည် ။

သူမ၏ လှပသော မျက်နှာလေးသည် ရေများ ရွှဲနစ်နေသကဲ့သို့ ချွေးအေးများ စီးကျလာပြီး သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည်အထိ နီရဲလာသည်။

" ကျွန်မ .....အပြင်သွားကြည့်လိုက်ဦးမယ်... "

သူမသည် မျက်နှာကို အုပ်ပြီး အလျင်အမြန် ပြေးထွက်လာခဲ့သည်။

သူမ နှလုံးသားထဲ၌ ဆက်၍ အော်နေမိသည်။

'ပြီးပြီ၊ ပြီးသွားပြီ။ အနာဂတ်မှာ ဘယ်သူ့ကိုမှ ပြစရာ မျက်နှာမရှိတော့ဘူး'

ထို့နောက် လူတိုင်းသည် ယဲ့ဖန်ကို ထူးဆန်းစွာကြည့်နေကြသည်။

သူတို့၏ စိတ်ထဲ၌ ယဲ့ဖန်တို့ နှစ်ဦးကြားတွင် ဇာတ်လမ်းတစ်ခုခုရှိနေကြောင်း ပြောနေသည်။

ယဲ့ဖန် ကိုးယိုးကာားနိုင်စွာ ချောင်းဆိုးလိုက်သည်။

" ဘာကြည့်နေတာလဲ။ လက်ထောက်မန်နေဂျာလင်းက စိတ်လှုပ်ရှားပြီး ခံစားချက်တွေ မထိန်းနိုင်တာပါ။ ဒါတွေအားလုံးက လုပ်ဖော်ကိုင်ဖက်တွေကြား ဆက်ဆံရေးပဲ ....... "

သူ၏ အတင်းအကျပ် ရှင်းပြချက်ကို လူတိုင်းမှ ကြားသောအခါ အားလုံး စိတ်ထဲမှ လှောင်ပြောင်ကြသည်။

သရဲပဲ ယုံလိမ့်မယ်။

လုပ်ဖော်ကိုင်ဖက်တွေကြားက ခံစားချက်တွေကြောင့်ဆို ဘာလို့ သူတို့ကို မနမ်းဘဲ သူဌေးကိုပဲ နမ်းရတာလဲ။

သို့သော် ထူးဆန်းတာမျိုးတော့ မရှိချေ။

ဘယ်မိန်းကလေးက ယဲ့ဖန်ရဲ့ ဆွဲဆောင်မှုကို တွန်းလှန်နိုင်မှာလဲ။

မိန်းကလေးတွေ မပြောနဲ့ ယောက်ျားလေးတွေတောင် မနည်းတောင့်ခံနေရတာ။

ငယ်ရွယ်၊ ချောမော၊ ချမ်းသာပြီး ဩဇာကြီးသော သူသည် ဖြောင့်တန်းနေသော အမျိုးသားများကိုပင် လိင်တူချစ်သူအဖြစ် ပြောင်းလဲပေးနိုင်လောက်သည်။

ယဲ့ဖန်သည် ထိုလူများ၏ ထူးဆန်းသော အကြည့်များကို မြင်လိုက်ရပြီး သူ ဒီမှာဆက်နေပါက အန္တရာယ်ရှိနိုင်မည်ဟု ခံစားလိုက်ရသည်။

" အဲ့တာ ...... စွန်းလူအိုကြီး၊ ဒီပစ္စည်းတွေကို အမြန်ဆုံးရောင်းလိုက်။ ဈေးတွေကို နည်းနည်းနိမ့်အောင် သတ်မှတ်နိုင်တယ်။ အဲ့တာတွေကိုရောင်းပြီးရင် ကျွန်တော့်အကောင့်ထဲကို ငွေလွှဲလိုက်။ ပိုက်ဆံအလောတကြီး လိုနေတယ် "

ညွှန်ကြားချက်ပေးပြီးနောက် ဖန်းကျန်းဝူနှင့် အမြန်ထွက်ခွာသွားခဲ့သည်။

သူတို့နှစ်ယောက် ဂိုဒေါင်ထဲမှ ထွက်လာသည့်အခါ လင်းကျွင်းကျွင်းသည် အလေအလွင့်ကြောင်လေး နှစ်ကောင်အား အစာကျွေးနေသည်ကို အဝေးမှ တွေ့လိုက်ရသည်။

သူတို့နှစ်ယောက် ထွက်လာသည်ကို သူမ ရှင်းလင်းစွာ မြင်လိုက်သော်လည်း သူမက မမြင်ချင်ယောင်ဆောင်နေသည်။

သူမ အတော်လေး ရှက်နေသေးပုံရသည်။

ယဲ့ဖန် ခေါင်းယမ်းကာ ပြုံးလိုက်သည်။

ထို့နောက် သူမကို မနှုတ်ဆက်ဘဲ ထွက်ခွာရန် ပြင်ဆင်သည်။

ထိုအခိုက်အတန့်တွင် ဖန်းကျန်းဝူက ရုတ်တရက် ပြောသည်။

" သခင်၊ အရင်ပြန်သွားလိုက်ပါ။ ကျွန်မ အစ်မလင်းကို ခေါ်ပြီး ယန်းချန်မြို့ကို လိုက်ပြချင်တယ် "

ယဲ့ဖန် သူမကို အံ့သြစွာ ကြည့်လိုက်သည်။

" မင်းက ယန်းချန်မြို့နဲ့ မရင်းနှီးဘူးလေ။ အတူတူ မပျောက်စေနဲ့ဦး "

ဖန်းကျန်းဝူ ချိုသာစွာ ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျန်းဝူ မလုပ်ပါဘူး "

ယဲ့ဖန် သူမ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်သည်။

ထို့နောက် ဘာမှထပ်မပြောတော့ဘဲ တစ်ယောက်တည်း ထွက်သွားခဲ့သည်။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ ကားထွက်သွားသည်ကို မြင်လိုက်မှ သက်ပြင်းတစ်ချက် ချလိုက်သည်။

အခု သူမသည် လူတိုင်းရှေ့တွင် ထိုလုပ်ရပ်မျိုး လုပ်ခဲ့သည်။

တွေးကြည့်သည့်အခါ ရှက်နေရသည်။

သူမအား အခွင့်ရေးယူသူဟု ထင်သွားမည်လား သူမ တွေးမိသည်။

ဒီကိစ္စကြောင့် သူမကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ။

သူမ၏ အရှုံးနှင့် အမြတ်များကို စိုးရိမ်နေချိန် သူမအနောက်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

" အစ်မလင်း၊ ကျွန်မတို့ စကားကောင်းကောင်းပြောလို့ ရမလား "

လင်းကျွင်းကျွင်း လှည့်ကြည့်လိုက်သည့်အခါ ဖန်းကျန်းဝူသည် သူမနောက်၌ ချစ်စရာကောင်းသော အပြုံးလေးနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

" ကောင်းပြီလေ ........ "

အပိုင်း ( ၇၉၄ )

ကျန်းဝူက သခင့်အလိုကျ ဖြစ်ပေးမှာ

ယဲ့ဖန်သည် ဟိုတယ်သို့ပြန်လာပြီးနောက် လွန်ခဲ့သည့်ရက်အတွင်းမှ ရလဒ်များကို တွက်ချက်နေခဲ့သည်။

ဤကာလအတွင်းတွင် သူသည် ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်း၊ မြေဝယ်ခြင်း၊ ကာစီနိုကစားခြင်းနှင့် ယနေ့ရရှိထားသော ရှေးဟောင်းပစ္စည်းများကို ပေါင်းပြီး တွက်ချက်လိုက်ပါက ကွာဟချက် ၁.၅ဘီလီယံကို ဖြေရှင်းပြီးဖြစ်သည်။

တစ်ပတ်အတွင်း ဤမျှများသော ငွေပမာဏအား ရရှိနိုင်ခြင်းသည် လူများစွာကို အံသြသွားစေရန် လုံလောက်သည်။

သို့သော် ထိုအရှိန်ကို ယဲ့ဖန် မကျေနပ်သေးချေ။

ပန်းတိုင်ဖြစ်သည့် ၁၁ဘီလီယံရရန် ၆ဘီလီယံကျော် လိုနေသေးသည်။

သွားရမည့်လမ်းမှာ ရှည်နေသေး၏။

ဘယ်နေရာ၌ ငွေထပ်ရမလဲဆိုတာ စဉ်းစားရန် လိုနေသေးသည်။

နေ့လယ်ခင်းတစ်ခုလုံး အခန်းထဲ၌ ငွေရှာရန် မရေမတွက်နိုင်သော နည်းလမ်းများကို တွေးနေခဲ့သော်လည်း နောက်ဆုံး၌ အားလုံးကို ငြင်းပယ်ခဲ့သည်။

အများစုမှာ အချိန်ကြာခြင်း၊ သို့မဟုတ် အန္တရာယ်အလွန်များခြင်း ဖြစ်သည်။

အဆုံးတွင် လမ်းတစ်လမ်းသာကျန်တော့သည်။

ထိုအရာမှာ ရှုကျင်းရှင်းပြောခဲ့သည့် ကျောက်လောင်းကစားပွဲခင်းဖြစ်သည်။

ထိုကျောက်တုံး လောင်းကစားပွဲတော်၏ အခြေအနေကို အတိအကျ မသိရသော်လည်း လောင်းကစားအကြောင်း ဖြစ်နေသရွေ့ သူ၏ နက်နဲသော စကန်ဖတ်ခြင်းမှာ အသုံးဝင်လာနိုင်သည်။

တကယ်တွင် လှည့်စားခြင်းနှင့် မခြားနားပေ။

သူ၏ စိတ်ကူးများ တက်ကြွနေချိန်မှာပင် ကောင်းကင်ကြီးက မှောင်လာပြီဖြစ်သည်။

သူသည် အနည်းငယ် ဗိုက်ဆာလာ၍ ဖန်းကျန်းဝူ၏ တံခါးကို သွားခေါက်ခဲ့သည်။

သို့သော် အတွင်းမှ တုံ့ပြန်မှု မရှိခဲ့ပေ။

သူမ ပြန်မရောက်သေးဘူးဟု သူ ထင်လေသည်။

ထိုမိန်းကလေးနှစ်ယောက် ဘယ်သွားနေမှန်း သူ မသိသော်လည်း အားပြင်းလှသော နင်ဂျာ ဖန်းကျန်းဝူနှင့်အတူ သွား၍ သူတို့၏ လုံခြုံရေးအား စိတ်ပူစရာ မလိုပေ။

တစ်ခုခုစားရန် အောက်ထပ်သို့ ဆင်းပြီးနောက် ရေချိုးပြီး အိပ်ရန်ပြင်သည်။

သူ ငေးမှိုင်နေစဉ် သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။

ယဲ့ဖန် ဖုန်းကို ကောက်ကိုင်လိုက်သည့်အခါ ဖန်းကျန်းဝူဆီမှ စာဝင်လာသည်ကို တွေ့လိုက်သည်။

[ ကျွန်မအခန်းကို လာခဲ့ပါ ]

ဆရာကြီးရှောင်ယဲ့၏ အိပ်ငိုက်နေစိတ်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

အိပ်ယာပေါ်၌ ဖြစ်ပေါ်လာတတ်သည့် ဖန်းကျန်းဝူ၏ အရိုင်းဆန်သော သဘာဝကို တွေးမိပြီးသည်နှင့် သူ၏ သွေးသားများမှာ တဟုန်ထိုးတက်လာသည်။

အဝတ်အစားဝတ်ရန်ပင် စိတ်မပူနိုင်တော့ဘဲ မျက်နှာသုတ်ပုဝါတစ်ထည်ပတ်ကာ အပြင်ထွက်လာခဲ့သည်။

တံခါးကို တွန်းဖွင့်ပြီး ခေါင်းထွက်ကြည့်လိုက်သည်။

အပြင်၌ ဘယ်သူမှ မရှိကြောင်းကို မြင်ပြီး ဖန်းကျန်းဝူ၏ အခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။

သူမသည် တံခါးကို သော့ခတ်မထားသည့်အပြင် အနည်းငယ်ပင် ဟထားသေးသည်။

ထိုပုံစံက သူ့ကို ပိုပြီး ကျေနပ်စေသည်။

ထိုကလေးမလေးမှာ ပို၍ပို၍ ဥာဏ်ကောင်းလာသည်။

သခင်အတွက် တံခါးကို ဘယ်လိုဖွင့်ထားရမည်ဆိုတာကိုပင် သူမ သိလေသည်။

အခန်းထဲကို ဝင်လာသည့်အခါ အထဲ၌ မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။

အခန်းထဲ၌ ဖြာကျနေသော လရောင်တောက်တောက်အောက်ရှိ ကုတင်ပေါ်၌ လဲလျောင်းနေသော အမျိုးသမီးတစ်ဦးကို မထင်မရှား မြင်လိုက်ရသည်။

ပတ်ထားသောပုဝါကို ဖယ်ကာ မြေကြီးပေါ်ပစ်ချပြီး ကုတင်ပေါ် ခုန်ချလိုက်သည် .........

သို့သော် မကြာခင်မှာပင် သူ့တစ်ကိုယ်လုံး နေလို့မကောင်း ဖြစ်သွားသည်။

ဒါက မဟုတ်သေးဘူး

ဖန်းကျန်းဝူသည် အနည်းငယ် ဝဖြိုးပြီး ခပ်ဖောင်းဖောင်း ကိုယ်လုံးကိုယ်ပေါက် ရှိသော်လည်း သူ့လက်ထဲမှ ခံစားချက်မှာ အနည်းငယ် ပိန်ပါးနေသည်။

ထိတ်လန့်တုန်လှုပ်စွာဖြင့် ကုတင်ဘေးမှ မီးအိမ်ကို အမြန်ဖွင့်လိုက်သည်။

သူ့မျက်လုံးများထဲ၌ သွေးရောင် အနည်းငယ် ရောဖြာနေသော မျက်နှာကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာမှာ မူးနေသကဲ့သို့ နီမြန်းနေသည်။

လင်းကျွင်းကျွင်းလား။

ယဲ့ဖန် မတတ်နိုင်ဘဲ တုန်လှုပ်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

တစ်နေရာရာမှာ ပြဿနာရှိရမယ်။

ယဲ့ဖန် ကြောင်အနေစဉ် ဘေးမှ ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ ဖန်းကျန်းဝူသည် ကုတင်တစ်ဖက်၌ ပုန်းနေပြီး တိတ်တိတ်လေး ရယ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန် ချက်ချင်း ဒေါသထွက်သွားသည်။

" ဒါဆို မင်းပေါ့။ ကောင်မလေး ဒီနောက်ကွယ်က ဘယ်သူလဲ။ မင်း ....... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ "

ဖန်းကျန်းဝူသည် မြေကြီးပေါ်မှ ထကာ သူမ၏ ကြီးမားပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် သူ့ကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။

"သခင်၊ သခင့်အတွက် ကျန်းဝူ ပြင်ဆင်ထားတဲ့ အံ့အားသင့်မှုကို မကြိုက်ဘူးလား "

ယဲ့ဖန်သည် အလွန်စိတ်လှုပ်ရှားနေပြီး စကားတွေက မပြေပြစ်တော့ပေ။

" ဘာ .... ဒါက ဘယ်လိုအရှုပ်ထုတ်မျိုးလဲ။ ဒါက အံ့သြစရာ ဟုတ်လား။ မင်း သူမကို ဘာလုပ်လိုက်တာလဲ "

သူသည် စကားပြောနေစဉ်တွင် လင်းကျွင်းကျွင်းအား လှမ်းကြည့်မိသည်။

ဖန်းကျန်းဝူသည် သူမ၏ အဝတ်အစားများကို ချွတ်ထားပုံရသည်။

ထိုအခိုက်အတန့်လေးမှာ … အလွန်ချစ်စရာကောင်းလှသည်။

ဖန်းကျန်းဝူသည် သူမ၏ ပါးစပ်ထဲတွင် စုပ်ချိုချဉ်တစ်လုံး ရှိနေသည်။

" သူမက အဆင်ပြေပါတယ်။ သူမကို ဆေးပဲ ခတ်ခဲ့တာ။ မနက်ဖြန်အိပ်ရာနိုးလာရင် ကောင်းသွားမှာပါ "

ယဲ့ဖန် ဒေါသထွက်လွန်းလို့ ဆဲမိမတတ်ဖြစ်သွားသည်။

" မင်း ...... မင်းဘာလို့ သူ့ကို ဆေးခတ်ခဲ့တာလဲ "

" သခင်က သူမကို နည်းနည်း သဘောကျနေပုံရတယ်လို့ ထင်တယ်။ ကျန်းဝူက သခင့်ကို အနွေးပေးချင်တဲ့ ချည်အနွေးထည်လေးပါ။ သခင်က ကြိုက်တယ်ဆို ကျန်းဝူက သခင့်အတွက် လုပ်ပေးမှာ "

ယဲ့ဖန်သည် ဒေါသကြောင့် မူးလဲမတတ်ဖြစ်နေရသည်။

" သူ့ကို ကြိုက်တယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ ....... သူမကို ကြိုက်တယ်ဆိုရင်တောင် ဒီလိုနည်းလမ်းတွေကို သုံးလို့မရဘူး။ ဒါကို ဘာလို့ခေါ်လဲ သိလား .......

" ဘာလို့ခေါ်လဲ "

ဖန်းကျန်းဝူ သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။

ယဲ့ဖန် သူမနဖူးကို တောက်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် မင်း လုပ်ခဲ့တာက မှားနေတယ် "

" ဒါကို လုပ်ချင်တယ်ဆိုရင်တောင်မှ အဲ့ဒီလူရဲ့ သဘောတူညီချက်ကို ရယူရမယ်။ ဒီလိုနည်းလမ်းတွေ မသုံးရဘူး နားလည်လား "

ဖန်းကျန်းဝူသည် နားမလည်သလို ကြည့်လိုက်သည်။

" ဘာကွာလို့လဲ။ သခင်က သူမကို သဘောကျတယ်။ သူမကလည်း သခင့်ကို ကြိုက်တယ်ဆိုမှတော့ ဘယ်လိုနည်းနဲ့ သုံးသုံး အတူတူပဲ မဟုတ်ဘူးလား "

ယဲ့ဖန် ကျွဲပါးစောင်းတီးနေရသလို ခံစားလိုက်ရသည်။

" ကျန်းဝူ၊ မင်း တစ်စုံတစ်ယောက်ကို သဘောကျနေရုံနဲ့ မင်းလုပ်ချင်တာကို လုပ်စရာမလိုဘူး။ အရေးကြီးဆုံးက မင်းရဲ့စိတ်ဆန္ဒတွေကို ချုပ်တည်းထားနိုင်ရမယ်။ မင်းနားလည်လား "

ဖန်းကျန်းဝူ ခေါင်းညိတ်လိုက်သည်။

" အခုမှ နားလည်ပါပြီ။ အဲ့တာက လူတစ်ယောက်ကို သတ်လိုက်သလိုပဲ။ သူကို သတ်ချင်နေပေမဲ့ သတ်ချင်တဲ့ ရည်ရွယ်ချက်ကို ထိန်းထားပြီး လုပ်ကြံသတ်ဖြတ်ဖို့ အခွင့်အရေးကို စောင့်ရမယ်။ အဲ့လို မဟုတ်လား သခင် "

ယဲ့ဖန်သည် သူမ နားထင်လေးများကို ပွတ်သပ်လိုက်သည်။

" အဲ့လိုပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆို ဒီလိုမျိုး ထပ်မလုပ်ရတော့ဘူး …... လုပ်ချင်ရင်တောင် ငါ့ခွင့်ပြုချက်ကို အရင်ယူရမယ်၊ နားလည်လား "

ဖန်းကျန်းဝူ ခေါင်းညိတ်လိုက်သည်။

" ဒါဆို သခင်၊ ကျေးဇူးပြုပြီး ပြန်သွားပါ။ ကျွန်မ သူမအဝတ်အစားတွေဝတ်ဖို့ ကူညီပေးလိုက်ပါ့မယ် "

ယဲ့ဖန် တကယ်တွင် အချိန်အတော်ကြာအောင် နေချင်သည်။

သူမနှင့် မကစားနိုင်လျှင်ပင် အနည်းဆုံး အဝေးမှ ကြည့်နိုင်သည်။

သို့သော် တစ်ဖက်မှ ထွက်သွားရန် ပြောထားပြီး ဖြစ်သောကြောင့် ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။

အခုလေးတင် သူမအား လူမှန်ကြီးလုပ်၍ ဆုံးမထားသောကြောင့် အခုပင် လောဘကြီးပြခြင်းက မကောင်းချေ။

လှည့်ကြည့်ဖို့ အခွင့်ကောင်းယူပြီး တစ်ချက်ခိုးကြည့်လိုက်ကာ မျက်နှာသုတ်ပုဝါအား မြေကြီးပေါ်မှ ကောက်ယူပြီး သူ့ခန္ဓာကိုယ်ကို ပတ်ထားလိုက်သည်။

တံခါးနား ရောက်ခါနီးတွင် ယဲ့ဖန် တမင်လှည့်၍ ပြောလိုက်သည်။

" မြန်မြန် ဝတ်ပြီး ကူညီပေးလိုက်။ အအေးမမိစေနဲ့ "

ထို့နောက် တစ်ချက်လှမ်းကြည့်လိုက်သည်။

ဒီဝတ်စုံက တကယ်ကို အဖြူရောင်လေးပဲ။

အပိုင်း ( ၇၉၅ )

အကောင်းဆုံးမိန်းမ

နောက်တစ်နေ့မနက်တွင် ယဲ့ဖန် သူ့အခန်းထဲမှ ထွက်လာသောအခါ ဘေးအခန်းထဲမှ ထွက်လာသော ဖန်းကျန်းဝူနှင့် လင်းကျွင်းကျွင်းတို့နှင့် ဝင်တိုးသည်။

" ကျွင်းကျွင်းလား။ မနေ့ညက ကျန်းဝူနဲ့ ရှိနေတာလား "

ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို ထိတ်လန့်စွာကြည့်သည့်အခါ ဖန်းကျန်းဝူက သူ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

ဒီသရုပ်ဆောင်ချက်က အံ့မခန်းပဲ။

လင်းကျွင်းကျွင်း ခေါင်းကုတ်ပြီး သူ့ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။

" မနေ့က ကျွန်မ ကျန်းဝူနဲ့ ဘားကို သွားပြီး သတိလစ်သွားတဲ့အထိ သောက်ခဲ့တာ။ ကံကောင်းလို့ ကျန်းဝူက ကျွန်မကို ပြန်သယ်လာခဲ့တာ။ ကျွန်မ အရမ်းသောက်ခဲ့မိလို့ အော့အန်ထားတာတောင် ကျန်းဝူက ကျွန်မအဝတ်အစားတွေကို ကူလဲပေးထားသေးတယ်။ သူမက တကယ်ကို ကြင်နာတတ်တဲ့ မိန်းကလေးပဲ "

ယဲ့ဖန် ဖန်းကျန်းဝူကို မျက်ခုံးပင့်လိုက်ပြီး 'မဆိုးဘူး ကောင်မလေး၊ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ငါ့ထက်တောင် ပိုကောင်းတယ်'ဟု ပြောလိုက်သယောင် ကြည့်လိုက်သည်

" ကျွင်းကျွင်း၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောစရာတစ်ခု ရှိသေးတယ်။ အထူးသဖြင့် မိန်းကလေးတွေ အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ မလုံခြုံဘူး။ အခြားသူအကြောင်း မတွေးရင်တောင် ကိုယ့်အတွက်ကိုယ် ပြန်စဉ်းစားရမယ် "

ယဲ့ဖန်သည် မျက်နှာထားတည့်တည့်ဖြင့် သင်ကြားနေသော လေသံဖြင့် ပြောသည်။

လင်းကျွင်းကျွင်း၏ ခေါင်းလေးသည် သူမ၏ ရင်ဘတ်ထဲသို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

" ကျွန်မမှားတာ သိပါတယ်။ ထပ်မလုပ်တော့ပါဘူး "

ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ မနေ့ညက အများကြီးမစားထားတော့ ဗိုက်ဆာလား။ မြန်မြန် သွားစားလိုက် "

လင်းကျွင်းကျွင်း သူ့ကို မော့ကြည့်လိုက်သည်။

" ရှင် ကျွန်မတို့နဲ့ မစားဘူးလား "

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" လုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်။ စားပြီးရင် အမြန်ပြန်ပြီး စွန်းလူအိုကြီးတို့ တခြားသူတွေနဲ့ တွေ့လိုက်။ မြန်မြန် အဲ့ဒီပစ္စည်းတွေကို ဖြေရှင်းလိုက် "

ထို့နောက် ယဲ့ဖန် လှည့်ထွက်သွားလေသည်။

လင်းကျွင်းကျွင်းသည် ဖန်းကျန်းဝူကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

" ကျန်းဝူ၊ ငါ မနေ့ညကအတွက် နင့်ကို တကယ် ကျေးဇူးတင်ပါတယ်။ နင့်ကြောင့်သာ မဟုတ်ရင် အကျိုးဆက်တွေက မှန်းဆလို့တောင် မရလောက်ဘူး။ ငါ့ရဲ့ အရက်ခံနိုင်ရည်က ဒီလောက်ဆိုးနေမယ်လို့ မမျှော်လင့်ထားဘူး ......... "

ဖန်းကျန်းဝူ သူမ၏ လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းလိုက်သည်။

" ဒီမနက်တင် ခဏခဏ ကျေးဇူးတင်ပြီးနေပြီလေ။ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ညီမလေးတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား "

လင်းကျွင်းကျွင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်။ ငါတို့က သူငယ်ချင်းကောင်းတွေပဲ။ အခင်ဆုံးသူငယ်ချင်းတွေ "

" အင်း၊ စကားပြောနေတာ ရပ်ပြီး မနက်စာ သွားစားရအောင် "

" ကောင်းပြီ၊ ငါ နင့်ကို ကျွေးမယ် "

" ဒါဆို အားနာမနေတော့ဘူး "

" စကားမစပ် ကျန်းဝူ နင်ငါ့အဝတ်အစားတွေ လဲဖို့ကူညီပေးတာလေ ငါ့အတွင်းခံဘောင်းဘီ ဘယ်ရောက်သွားလဲ မြင်မိသေးလား "

" ညီမလေး မမြင်လိုက်ဘူး။ ဝတ်ထားတာ မဟုတ်ဘူးလား "

" ဟင်၊ ဘာတွေပြောနေတာလဲ။ ဘယ်သူက မဝတ်လို့လဲ "

" ညီမကတော့ ခဏခဏ မဝတ်ဘူး "

" အာ ......... "

...........…....................................

ယဲ့ဖန်သည် မနေ့ည ဖန်းကျန်းဝူ၏ အခန်းထဲမှ ပြန်ရောက်ပြီးနောက် ရှုကျင်းရှင်းထံမှ ဖုန်းဝင်လာပြီး ယနေ့သည် ကျောက်လောင်းကစားပွဲတော်၏ ဖွင့်ပွဲနေ့ဖြစ်ကြောင်း သူ့ကိုပြောခဲ့သည်။

သူတို့နှစ်ယောက် ဒီမနက် တွေ့ဖို့ သဘောတူထားပြီး ခန်းမသို့ အတူတူ သွားကြသည်။

ဒီတစ်ခါတွင် ယဲ့ဖန်သည် အများအာရုံကို မဆွဲဆောင်ချင်သည့်အပြင် အေးဆေးသည့် သရုပ်မှန်နှင့်သာ နေချင်သည်။

ယဲ့ဖန်၏ ကားသည် စွဲမက်ဖွယ်ကောင်းလွန်းသောကြောင့် ရှုကျင်းရှင်း၏ BMW 3 Seriesကိုသာ မောင်းနှင်ရန် ဆုံးဖြတ်ခဲ့သည်။

ဟိုတယ်မှ ထွက်လာသောအခါတွင် ရှုကျင်းရှင်းသည် သူ့ကို အောက်ထပ်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် ယနေ့တွင် မျက်နှာပြောင်နှင့် ဖြစ်သည်။

သူမသည် အဖြူရောင် အင်္ကျီအပွ၊ ဂျင်းဘောင်းဘီတစ်ထည်နှင့် အနက်ရောင် သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။

အဝတ်အစားတွေမှာ တကယ်ပင် ရိုးရှင်းလှသည်။

ထိုအဝတ်အစားများသည် ယွမ် ၃၀၀ထက် ပိုမကုန်ကျသော်လည်း သူမ ၀တ်ထားသည့်အခါ ချက်ချင်း အဆင့်မြင့်သွားကြသည်။

ရှုကျင်းရှင်းသည် ရှေးရိုးဆန်သောအဝတ်အစားများကိုသာ ၀တ်ဆင်လေ့ရှိပြီးကျူးရှောင်ကျောင်းနှင့် လုရှောင်ရတို့ကဲ့သို့ ကြိုးဆွဲစကတ်များ သို့မဟုတ် ဘောင်းဘီတိုများကို ဝတ်ဆင်ခဲသည်။

သို့သော် သူမ၏ ရုပ်ရည်သည် သူတို့ထက် နိမ့်ကျနေသည် မဟုတ်ပေ။

တကယ်တွင် နည်းနည်းပင် ပိုကောင်းနေခဲ့သည်။

ဤသည်မှာ သူ၏ အမြင်နှင့် ခန့်မှန်းချက်ဖြစ်သည်။

တိကျသည့် အချက်အလက်ကို လိုချင်ပါက သူ့လက်နှင့် တိုင်းတာရပေမည်။

သို့သော် သူ့မှာ ထိုသို့လုပ်ရန် သတ္တိမရှိသေးချေ။

ယဲ့ဖန်သည် သူ့အကြည့်ကို အမြန်ပြန်ရုတ်လိုက်ပြီး ပြုံးလျက် မေးသည်။

" မစားရသေးဘူး မဟုတ်လား။ မနက်စာအတူတူစားချင်လား "

" ရှင် မစားရသေးတာ ကျွန်မသိတယ်။ ရှင့်အတွက် ဝယ်ထားပြီးသား "

ရှုကျင်းရှင်းသည် ရှေ့မှ ခရီးသည်ထိုင်ခုံကို ညွှန်ပြသည်။

ယဲ့ဖန်သည် ထိုင်ခုံပေါ်ရှိ စွပ်ပြုတ်၊ ဖက်ထုပ်နှင့် ပဲနို့ကို လှမ်းကြည့်လိုက်ရာ အထုပ်ပေါ်တွင် 'ဖုလုံ'ဟူသော စာလုံးရိုက်နှိပ်ထားသည်ကို တွေ့လိုက်ရသည်။

ထိုမနက်စာဆိုင်သည် ယန်းချန်မြို့တွင် အလွန်နာမည်ကြီးမှန်း သူ သိလေသည်။

မနက်တိုင်း မနက်စာဝယ်ရန် တန်းစီစောင့်ဆိုင်းနေသူ အများအပြားရှိပြီး တစ်နာရီကျော်ကြာအောင် တန်းစီရလေ့ရှိသည်။

" ဒါ ....... မင်းကိုယ်တိုင် ဝယ်လာခဲ့တာလား "

သူသည် ရှုကျင်းရှင်းအား ငေးမှိုင် ကြည့်နေမိသည်။

" အိမ်သာကိုလည်း ကိုယ်တိုင် တက်လားလို့ ဘာလို့ မမေးတာလဲ "

ရှုကျင်းရှင်းသည် သူ့အမေးကို ကြားသောအခါ မထိန်းနိုင်ဘဲ ရယ်မိသည်။

" မင်း ကိုယ့်အတွက် မနက်စာဝယ်ဖို့ မနက်အစောကြီး တန်းစီပေးထားတာကို ရင်ခုန်သွားလို့ပါ "

ယဲ့ဖန်သည် ရှုကျင်းရှင်း၏ မျက်လုံးများကို လေးနက်စွာ ကြည့်လိုက်သည်။

" ဘယ်သူ ...... ဘယ်သူက ရှင့်အတွက် အထူးဝယ်ပေးခဲ့လို့လဲ။ ကျွန်မ ... ကျွန်မအတွက်ဝယ်လာတာ။ ရှင့်အတွက် တစ်ခု အပိုယူလာပေးတာ "

ရှုကျင်းရှင်း၏ မျက်လုံးများ အနည်းငယ်တုန်လှုပ်သွားသည်။

သူမ၏ စကားလုံးများသည် သူမ၏ ဆန္ဒကို အနည်းငယ် ဆန့်ကျင်နေသည်။

တကယ်တော့ သူမ မနက်စာစားပြီးသား ဖြစ်သည်။

ဖုလုံမနက်စာဆိုင်ကို ဖြတ်မောင်းလာသောအခါ အပြင်ဘက်တွင် တန်းစီနေသော လူတန်းရှည်ကြီးကို တွေ့လိုက်ရသည်။

မေးကြည့်လိုက်သည့်အခါ ထိုမနက်စာဆိုင်မှာ အလွန်နာမည်ကြီးကြောင်း သိလိုက်ရသည်။

ဝယ်ရန်အတွက်ပင် အဝေးမှ လူတော်တော်များများ လာပြီးတန်းစီကြသည်။

ယဲ့ဖန် မနက်စာမစားရသေးဘူးဟု သူမထင်လိုက်သည့်အတွက် တန်းစီပြီး ဝယ်ခဲ့လိုက်သည်။

မြောက်ပိုင်းလောက် မအေးသော်လည်း ဆောင်းရာသီ အစောပိုင်းဖြစ်သည်။

မနက်က အပူချိန်မှာ အတော်အေးနေသေးသည်။

အခြားလူများသည် ထူထဲသော အဝတ်များကို ဝတ်ဆင်ထားသော်လည်း သူမသည်သာ တစ်ဦးတည်း ပါးလွှာသောအဝတ်အစားဖြင့် လေထဲတွင် တုန်လှုပ်နေသည်။

ယဲ့ဖန် မနက်စာကို ကြည့်ပြီး သူမကို ကြည့်လိုက်သည်။

သူ့နှလုံးသားမှာ နာကျင်ရပြီး သူမကို ပွေ့ဖက်ကာ နွေးထွေးစေချင်သည်။

သို့သော် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထိုအဆင့်သို့ မရောက်သေးချေ။

သူမအား နွေးထွေးမှု ပေးလိုက်ပါက သူ့ကို မကောင်းသောသူဟု အထင်ခံရပေမည်။

" ကောင်းပြီ၊ မြန်မြန် ကားပေါ်တက်။ သွားရင်းမှ စကားပြောရအောင် "

ရှုကျင်းရှင်းသည် သူ့အကြည့်ကြောင့် အနည်းငယ်ရှက်သွားပြီး ယာဉ်မောင်းထိုင်ခုံသို့ အလျင်အမြန် တက်သွားသည်။

ယဲ့ဖန်သည် ရှေ့ခရီးသည် ထိုင်ခုံတွင် ထိုင်လေသည်။

" မင်း ကိုယ့်ကို ကားပေါ်မှာ စားစေချင်တာလား "

ရှုကျင်းရှင်းသည် အနည်းငယ် အသန့်ကြိုက်သော အကျင့်တစ်ခုရှိသည်။

သူမ၏ကားသည် လုံးဝ သန့်ရှင်းနေပြီး မွှေးရနံ့သင်းသင်းလေး ရှိနေသည်။

သူမ ကောင်းမွန်စွာ ဂရုစိုက်လေ့ရှိသည်မှာ ထင်ရှားသည်။

ထို့ကြောင့် ဒီထဲမှာ မနက်စာတောင် မစားရက်ချေ။

" ဒါပေမယ့် ရှင်အပြင်မှာ စားနေတာကို မကြည့်နိုင်ဘူးလေ "

သူမ ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီး ကားကို စနှိုးလိုက်သည်။

ယဲ့ဖန်သည် သူမ၏ ပြီးပြည့်စုံသော ဘေးမျက်နှာကို ကြည့်လိုက်သည်။

ယဲ့ဖန်သည် စားချက်များနှင့် ပြည့်နှက်နေခဲ့သည်။

သူသိသည့် မိန်းကလေးများထဲမှ ဇနီးကောင်းတစ်ယောက်အဖြစ် ပြီးပြည့်စုံသော ကိုယ်စားလှယ်လောင်းကို ရွေးရမည်ဆိုလျှင် ရှုကျင်းရှင်းဖြစ်မည်မှာ သေချာလေသည်။

ကျူးရှောင်ကျောင်းသည် ရူးသွပ်လွန်း၍ ကစားဖော်တစ်ဦးဖြစ်ရန်သာ သင့်လျော်သည်။

လုရှောင်ရနှင့် ရှန်းပိုင်ထျန်းတို့သည် ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး အခြားသူများမှ သူတို့ကို အစေခံရန် စောင့်နေကြသူများဖြစ်သည်။

ချန်းရွှမ်သည် အလုပ်အား ရူးသွပ်သူတစ်ဦးဖြစ်သည်။

အလုပ်ရှိနေလျှင် သူများကို ဂရုစိုက်ဖို့ နေနေသာသာ သူမကိုယ်သူမပင် ဂရုမစိုက်နိုင်ချေ။

အခြားမိန်းကလေးများသည် ထူးချွန်ကြသော်လည်း အမျိုးမျိုးသော ပြဿနာများ ရှိကြသည်။

ရှုကျင်းရှင်း တစ်ဦးတည်းသာ မိသားစု နောက်ခံ၊ စိတ်နေစိတ်ထား၊ ဉာဏ်ရည် ဉာဏ်သွေးအရ ပြစ်ချက်မရှိတာဖြစ်သည်။

ပို၍ရှားပါးသည်မှာ သူမသည် သူ့ခံစားချက်များကို အမြဲ ထည့်သွင်းစဉ်းစားပေးခြင်းဖြစ်သည်။

သေချာသည်မှာ သူမသည် အကောင်းဆုံးဇနီးသည်ဖြစ်နိုင်သည်၊

ယဲ့ဖန်၏ ပါးစပ်မှ စကားတစ်ခွန်းသည် မသိစိတ်အရ ထွက်ပေါ်လာသည်။

" မိန်းမ ..... အာ မဟုတ်သေးပါဘူး။ ကျင်းရှင်း၊ ဒီကျောက်လောင်းစင်တာကို မင်း ဘယ်လိုထင်လဲ "

ရှုကျင်းရှင်းသည် သူမကို 'မိန်းမ'ဟု ခေါ်လိုက်သည်ကို ကြားပြီး ရှက်သွားသော်လည်း မကြားချင်ယောင်ဆောင်နေလိုက်သည်။

" ဒီကျောက်လောင်းစင်တာ ဒီနှစ်ပိုင်းအတွင်း အခမ်းနားဆုံးပဲ။ မကြာသေးမီခင်ကမှ ကျောက်စိမ်းထုတ်လုပ်သူနဲ့ လက်ဝတ်ရတနာရောင်းချသူ အရေအတွက်က စံချိန်ချိုးသွားတာ "

သူတို့နှစ်ဦးသည် ကျောက်လောင်းကစားပွဲ ကျင်းပသည့်နေရာသို့ သွားရင်း ကျောက်လောင်းကစားစင်တာအကြောင်း စကားစမြည် ပြောဖြစ်ကြသည်။

အပိုင်း ( ၇၉၆ )

ပါးစပ်စီးသွားတာပဲ

ကျောက်လောင်းကစားစင်တာသည် တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်ရှိ ယောက်သွားကျေးရွာတွင် ကျင်းပကြောင်း ရှုကျင်းရှင်းမှ ပြောသည်။

မြို့အတွင်း၌ ဤမျှကြီးသောနေရာကို မပေးနိုင်ချေ။

" ဒီယောက်သွားကျေးရွာအကြောင်း ကြားဖူးတယ်။ နာမည်ကောင်း မရှိဘူး။ မကောင်းတဲ့ တောင်တွေ ချောင်းတွေနဲ့ ရက်စက်တဲ့ လူတွေပဲ ရှိတယ် "

ယဲ့ဖန်သည် သူကြားထားသော သတင်းအကြောင်း ရှုကျင်းရှင်းကို ပြောပြသည်။

သို့သော် ရှုကျင်းရှင်းက သိပ်ပြီး မတွေးခဲ့ပေ။

" နေရာတိုင်းမှာ လူဆိုးတွေရှိပါတယ်။ သူတို့ကို တုတ်တစ်ချောင်းနဲ့ လိုက်သတ်ရုံနဲ့ မရဘူး။ တစ်ရွာလုံး လူဆိုးတွေနဲ့ ပြည့်နေရင် ဘယ်လိုလုပ်ဖြစ်မှာလဲ။ မယုံပါနဲ့၊ တိကျမှန်ကန်တဲ့ အဖြေကို ကောက်ချက်ချဖို့ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ရမယ် "

ယဲ့ဖန် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

သို့သော် မကြာမီတွင် သူတို့ နတ်ဆိုးကို စစ်ဆေးတွေ့ရှိခဲ့သည်။

သူတို့ နှစ်ယောက်က ယောက်သွားရွာထဲသို့ ဝင်လာချိန်၌ သုံးဘီးဆိုင်ကယ်တစ်စီးသည် သူတို့ရှေ့၌ ဖြည်းညှင်းစွာ မောင်းနှင်နေသည်။

ရှုကျင်းရှင်းသည် ဟွန်းကို နှစ်ကြိမ် နှိပ်လိုက်သော်လည်း တစ်ဖက်သူသည် သူမဟွန်းပေးသံကို မကြားရပုံရသည်။

ထိုလူသည် လမ်းသွားလမ်းလာများထက်ပင် နှေးကွေးစွာ မောင်းနှင်နေခဲ့သည်။

ရှုကျင်းရှင်းသည် သုံးဘီးကားကို ကျော်တက်ရန် လွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် သူမကားက သုံးဘီးအား ကျော်မတက်ခင်၌ အဘွားကြီးတစ်ယောက် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

" အား ........ "

ကံကောင်းထောက်မစွာဖြင့် ရှုကျင်းရှင်း၏ စိတ်သည် လျင်မြန်စွာ တည်ငြိမ်လာခဲ့သည်။

ရုတ်တရက် အထိတ်တလန့် ဖြစ်သွားခဲ့သော်လည်း သူမ လျင်မြန်စွာ ငြိမ်သက်သွားပြီး ဘရိတ်ကို အရှိန်ပြင်းပြင်းဖြင့် လှမ်းနင်းလိုက်သည်။

သို့သော် သူတို့ကားရှေ့မှ အဘွားအိုသည် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

သို့သော် ကားသည် ထိုအဘွားအိုကို လုံးဝ မထိကြောင်း ယဲ့ဖန် သေချာမြင်လိုက်ရသည်။

သူတို့ လှည့်စားခံနေရသည်မှာ သိသာလေသည်။

အဘွားကြီး မြေပြင်ပေါ်သို့ လဲကျသွားသည့နှင့် 'လမ်းသွားလမ်းလာများ'မှ သူမနား ဝိုင်းရံလာကြသည်။

" မကောင်းတော့ဘူး။ အမျိုးသမီးယာဉ်မောင်းက တစ်ယောက်ယောက်ကို ဝင်တိုက်သွားတယ်။ အားလုံးပဲ မြန်မြန်လာပြီး လာကြည့်ကြ "

" ဟေး၊ ဒါက ကျူးကျီရဲ့အမေ မဟုတ်ဘူးလား။ သူမ ဘယ်လိုလုပ်ပြီး ယာဉ်မတော်တဆမှု ဖြစ်ရတာလဲ။ မြန်မြန်သွားပြီး ကျူးကျီကို အကြောင်းကြားကြ "

" ဒီကားကို ငါသိတယ်။ BMWလို့ ခေါ်တယ် "

" သူတို့က ချမ်းသာရင်ရော ဘာလုပ်ရမှာလဲ။ တစ်ယောက်ယောက်ကို တိုက်မိရင် သူတို့တာဝန်ယူရမယ်လေ။ ကားပေါ်က ဆင်းကြစမ်း "

ရှုကျင်းရှင်းသည် ယဲ့ဖန်အား အားကိုးရာမဲ့စွာ ကြည့်နေသည်။

" ပါးစပ်စီးတာပဲ။ ခေါင်းကို သံရိုက်မိကုန်ပြီ "

ယဲ့ဖန် ထိုင်ခုံခါးပတ်ကို ဖြည်ရင်း ခါးသက်စွာ ပြုံးလိုက်သည်။

" ဆင်းပြီး ကြည့်ကြရအောင် "

သူတို့ နှစ်ယောက် ကားပေါ်မှ ဆင်းလာသောအခါ ဒေါသတကြီးဖြင့် ရွာသားများက ဝိုင်းအုံလာကြသည်။

" ကားကို ဘယ်လိုမောင်းလာတာလဲ။ မင်းတို့ မျက်လုံး ကန်းနေတာလား။ ဒီလောက် လူတစ်ယောက်လုံးကို မမြင်ဘူးလား "

" ဒါက အမျိုးသမီးယာဉ်မောင်းလား။ ဒါဆိုရင် တိုက်မိတာ မထူးဆန်းတော့ပါဘူး "

" ဘယ်လို မောင်းနေတာလဲ။ ဒါက လူသတ်မှုပဲ "

" သူမကို မလွတ်စေနဲ့။ အားလုံးပဲ ကားကို အရင် ဝိုင်းထားကြ ......... "

ရှုကျင်းရှင်းသည် လူတိုင်းအား စိတ်တည်ငြိမ်စေရန် အမြန် ကြိုးစားလိုက်သည်။

" စိတ်မပူပါနဲ့၊ အားလုံးပဲ။ ကျွန်မတို့ ထွက်ပြေးမှာ မဟုတ်ပါဘူး။ အဘွားကို အရင် စစ်ဆေးကြည့်ရအောင် "

စကားပြောရင်း အဘွားကြီးဆီ အမြန်လျှောက်လာခဲ့သည်။

" အန်တီ၊ အဆင်မပြေဘူးလား "

အဘွားကြီးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်စွာ ညည်းညူလိုက်သည်။

" အား … ငါ့တစ်ကိုယ်လုံး နာကျင်နေပြီ။ ငါသေတော့မှာလား "

ရှုကျင်းရှင်းသည် သူမ၏ ညံ့ဖျင်းသော သရုပ်ဆောင်မှုစွမ်းရည်ကို မြင်လိုက်သောအခါ စကားပင် မပြောနိုင်တော့ပေ။

" အန်တီ၊ လမ်းလျှောက်နိုင်မလား စမ်းကြည့်ပါဦး "

အဘွားကြီးသည် ချက်ချင်းပင် သူမကို စိုက်ကြည့်လိုက်သည်။

" နင် လူစကား‌ရော ပြောတတ်သေးရဲ့လား။ အတိုက်ခံရရင် လမ်းလျှောက်ဖို့ ကြိုးစားနိုင်ပါ့မလား "

ဘေးပတ်ဝန်းကျင်မှ ရွာသားများကလည်း ဝေဖန်ကြသည်။

" ဟုတ်တယ်။ ဒီမိန်းမက စကား မပြောတတ်ဘူးလား။ လမ်းလျှောက်ဖို့ ကြိုးစားကြည့်ဆိုတာ ဘာကို ဆိုလိုတာလဲ "

" ဟမ်း၊ သူမက တာဝန်မယူချင်ဘူး ထင်တယ်။ လူတိုင်းပဲ သူတို့ကို တားလိုက်။ သူတို့ကို မလွတ်စေနဲ့ "

" မြို့ကလူတွေက ငါတို့ ကျေးလက်က လူတွေကို အမြဲအထင်သေးတယ်။ ငါတို့ဘဝတွေကို သူတို့က လုံးဝ ဂရုမစိုက်ဘူး "

"ဒါဆို သူတို့က မြို့က ဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ သူတို့ဘဝက ငါတို့ထက် အဖိုးတန်နေလို့လား။ ငါတို့ကရော ထမင်းမစားရဘူးလား "

လူတိုင်းက ချဲ့ကားပြောကြသည်။

ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။

ထိုအချိန်တွင် ယဲ့ဖန်သည် အဘွားကြီး၏ ခေါင်းပေါ်တွင် ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

ကျောက်စိမ်း၏ အရည်အသွေးမှာ မကောင်းသော်လည်း ထွင်းထုခြင်းမှာ ထူးခြားလှသည်။

သာမန်ပစ္စည်းမဟုတ်သည်မှာ သိသာလေသည်။

ယဲ့ဖန်သည် နက်နဲသော စစ်ဆေးခြင်းကို ချက်ချင်း ဖွင့်လိုက်ပြီး ကျောက်စိမ်းဆံထိုးနှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို မြင်လိုက်ရသည်။

[ ကျောက်စိမ်းမှ ထွင်းထားသော နဂါး ကျောက်စိမ်းဆံထိုး။ ချင်မင်းဆက်နန်းတော်မှ အထူးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသည့်အရာ။ ဧကရီချီရှီ၏ အကြိုက်ဆုံးပစ္စည်း။ သူမ သေဆုံးပြီးနောက် ရုပ်အလောင်းနှင့်အတူ မြှုပ်နှံခဲ့။ နောက်ပိုင်း စွန်းတန်းယင်းမှ ခိုးယူခံခဲ့ရ ....... တန်ဖိုးငွေ - ၃၀၀,၀၀၀,၀၀၀ ]

ယဲ့ဖန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုအချက်အလက်ကို မြင်လိုက်ပြီးသည့်အခါ သူ အတော်ကို ထိတ်လန့်သွားရသည်။

ထိုဆံထိုးသည် ဧကရီချီရှီ ဝတ်ဆင်ခဲ့သော ဆံထိုးဖြစ်သည်။

ဧကရီချီရှီကို မကြိုက်သော်လည်း သူမအသုံးပြုခဲ့သည့် အရာများကို နှစ်သက်လေသည်။

ထိုအရာများ အားလုံးသည် ငွေများဖြစ်လေသည်။

သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားပြီး ချက်ချင်း မလှုပ်ရှားပေ။

ယဲ့ဖန်သည် စောင့်နေပြီး ဘာဖြစ်မယ်ဆိုတာ သိချင်သည်။

ထိုအချိန်တွင် ထွားကျိုင်းသော အမျိုးသားတစ်ဦးသည် လူစုလူဝေးကို တွန်းဖယ်ပြီး ပြေးလာသည်။

" အမေ ဘာဖြစ်တာလဲ "

ဇာတ်လိုက် ရောက်လာပြီပဲ။

အဘွားအိုသည် ထိုလူ လာနေသည်ကို မြင်ပြီး ချက်ချင်း ငိုလေသည်။

" ကျူးကျီ၊ မင်းအမေ ကားတိုက်ခံရတယ်။ မကြာခင် သေတော့မှာ။ အနာဂတ်မှာ မင်း အမေရှိတော့မှာ မဟုတ်ဘူး "

ထိုလူသည် အချိန်အတော်ကြာ ညှစ်ထုတ်သော်လည်း မျက်ရည်တစ်စက်မှ မညှစ်နိုင်ပေ။

သို့သော် သူသည် ငိုရှိုက်သောလေသံဖြင့် ပြောသည်။

" အမေ၊ အမေသေရင် သူတို့အသက်နဲ့ ပြန်ပေးဆပ်ရမယ် "

ထိုသို့ပြောရင်း မတ်တပ်ထရပ်ကာ ယဲ့ဖန်တို့ကို ကြည့်လိုက်သည်။

ဒီလူသည် အရပ် ၁.၉မီတာနီးပါး ရှိပြီး သူတို့ နှစ်ယောက်ထက် ဦးခေါင်းအပြည့် မြင့်သည်ဟု ပြောနိုင်သည်။

ထိုအခိုက်အတန့်တွင် သူသည် သူတို့နှစ်ဦးကို စူးစိုက်ကြည့်နေပြီး အလွန်ကြောက်စရာကောင်းနေသည်။

" မင်းက ငါ့အမေကို ကားနဲ့တိုက်တဲ့သူတွေလား။ ပြော၊ ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးမှာလဲ "

ထိုလူသည် စကားပြောရင်း လက်သီးများကို ပြင်းထန်စွား တင်းတင်းဆုပ်ထားပြီး လက်ဆစ်ချိုးသံများပင် ထွက်ပေါ်နေသည်။

ခြိမ်းခြောက်မှုမှာ ထင်ရှားနေသည်။

ရှုကျင်းရှင်းသည် သူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုခဲ့သည်။

သူမ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။

" ဒါကို အရင်ပြောပါရစေ။ ကျွန်မ သူမကို မထိခဲ့ဘူး။ ဒါကို သက်သေပြဖို့ ကားထဲမှာ မှတ်တမ်းတင်စက် ရှိတယ် "

" ဒါပေမယ့် လူ့သားခြင်းစာနာပြီး သူမအတွက် လူနာတင်ကားခေါ်ပြီး တစ်ကိုယ်လုံး စစ်ဆေးဖို့ ဆေးရုံကို သွားနိုင်အောင် ကူညီပေးနိုင်တယ်။ စစ်ဆေးမှုအတွက် ပေးချေလို့လည်း ရတယ် "

" ဒါပေမယ့် တစ်ခုတော့ သတိရပါ။ ဒါကြောင့်နဲ့ ကျွန်မက သူမကို တိုက်တယ်လို့ မဆိုလိုဘူး။ ဒါဟာ လူသားဆန်မှု သက်သက်ပဲ "

သူမသည် စကားပြောရင်းဖြင့် ဖုန်းခေါ်ရန် ပြင်သည်။

ထိုအခိုက်အတန့်တွင် ထိုလူသည် ရုတ်တရက် သူမဖုန်းကို လုယူသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။

ချက်ချင်းပင် ဖုန်းမှာ အပိုင်းပိုင်းကွဲသွားရသည်။

" ချီးကို လူသားဆန်ပါလား။ ဒီနေ့ ပိုက်ဆံမပေးရင် မင်းတို့ကို လူသားမဆန်တဲ့အထိ ငါရိုက်ပစ်မယ် "

All Chapters