အပိုင်း ၇၉၇-၈၀၀
Vol. 40 Ch. 797-800
အပိုင်း ( ၇၉၇ )
မအံ့သြဘူးလား။ အံ့သြစရာကောင်းတယ်မလား။
ရှုကျင်းရှင်းသည် အမြဲစိတ်ကောင်းရှိသော်လည်း ထိုသို့သော ယုတ္တိမဲ့သောလူကိုတွေ့သောအခါ သူမ အနည်းငယ် ဒေါသထွက်သွားသည်။
" ရှင်က တခြားသူရဲ့ ပစ္စည်းကို ဖျက်ဆီးလိုက်တော့ ကျွန်မ ရဲကို ခေါ်လို့ရတယ် "
ထိုလူက လက်သီးကို ဝှေ့ယမ်းလိုက်သည်။
" ကျိုးသွားတဲ့ဖုန်းက ဘယ်လောက်တန်မှာလဲ။ ငါ့အမေကို ဒီလိုတိုက်ထားတာ မတောင်းပန်ရင်တောင် ရသေးတယ်။ ဒါပေမယ့် မင်းက ရဲစခန်းကို ဖုန်းဆက်ချင်သေးတာလား။ သွား၊ သွားပြီးတော့ သတင်းပို့လိုက် "
သူ့လက်သီးသည် တခြားသူများကို အချက်ပြလိုက်သလိုဖြစ်ပြီး အားလုံးက ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။
" ဒီမြို့က လူနှစ်ယောက် မာနကြီးလွန်းတယ် မဟုတ်လား။ လူတစ်ယောက်ကို ဝင်တိုက်ပြီး မတောင်းပန်တဲ့အပြင် ရဲခေါ်ဖို့တောင် ခြိမ်းခြောက်ရဲသေးတာလား "
" ငါတို့ရွာသားတွေက အနိုင်ကျင့်လွယ်တယ်လို့ မင်းတို့ တကယ်ထင်နေလား။ မင်းတို့ ဒီနေ့ ငါတို့ကို ရှင်းမပေးရင် မင်းတို့ ရွာထဲက ထွက်သွားနိုင်မှာ မဟုတ်ဘူး "
" မှန်တယ်။ အခုပဲ မင်းတို့ ဝင်တိုက်တာကို ငါ့မျက်လုံးနဲ့ မြင်ခဲ့တာ။ ရဲတွေ လာရင်တောင် သက်သေတွေ ရှိတယ် "
" ဟုတ်တယ်၊ ငါတို့အားလုံး သက်သေလုပ်နိုင်တယ် ....... "
ရှုကျင်းရှင်းသည် ထိုလူယုတ်မာအုပ်စုအပေါ် သည်းခံမှု ပျောက်ဆုံးသွားခဲ့သည်။
" ပြောလိုက်၊ ဘာလိုချင်တာလဲ "
ထိုလူက သူမကို စိုက်ကြည့်နေသည်။
" ဒါက လူသိရှင်ကြား ရှင်းချင်လား၊ သီးသန့်ဖြေရှင်းချင်လားဆိုတဲ့အပေါ် မူတည်တယ် "
ရှုကျင်းရှင်း၏ နှုတ်ခမ်းသည် လှောင်ပြောင်သော အပြုံးအဖြစ် ကွေးတက်သွားသည်။
" နားထောင်ကြည့်တာပေါ့။ အများရှေ့ရှင်းတာနဲ့ သီးသန့်ရှင့်တာနဲ့ ဘာကွာလဲဆိုတာ "
ထိုလူသည် ဒီလုပ်ငန်းမျိုးနှင့် အလွန်ရင်းနှီးလေသည်။
" အများရှေ့ ရှင်းချင်ရင် မင်းဆန္ဒအတိုင်း ရဲကိုခေါ်မယ်။ သူတို့လာလို့ ကျေနပ်လောက်တဲ့ ရှင်းပြချက်ကို မပေးနိုင်ရင် ယောက်သွားရွာက လူတွေက သဘောမတူနိုင်ဘူး "
သူတို့ပတ်ဝန်းကျင်ရှိ လူတစ်စုသည် တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်ကြလိမ့်မည်။
ထိုအဖွဲ့တွင် အနည်းဆုံး လူနှစ်ဆယ်မှ သုံးဆယ်ခန့်ရှိသည်။
သူတို့သည် တစ်ယောက်တစ်ပေါက် လုပ်သည့်အခါ အရာရှိများပင် ခေါင်းကိုက်သွားလိမ့်မည်။
ထိုအမျိုးသားသည် ဆက်၍ ပြောသည်။
" သီးသန့်ရှင်းချင်ရင် ပိုရိုးရှင်းပါတယ် "
ရှုကျင်းရှင်းက ရယ်မောလိုက်သည်။
" ကျွန်မကို ဘယ်လောက်ပေးစေချင်တာလဲ "
ထိုလူသည် သူတို့နှစ်ယောက်ကို ကြည့်ပြီးနောက် BMWကို ကြည့်လိုက်သည်။
" ယွမ် ၁သိန်း "
ရှုကျင်းရှင်း ရယ်လိုက်သည်။
" ရှင်က တကယ် မတန်တဆ ဈေးတောင်းရဲတာပဲ "
ဒေါသကြောင့် ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားပြန်သည်။
" ငါ့အမေရဲ့အသက်က ဘယ်လောက် တန်ဖိုးရှိလိုက်လဲ။ တကယ်လို့ သူမ ဦးနှောက်သွေးကြောပေါက်တာ ဒါမှမဟုတ် အတွင်းပိုင်းသွေးယိုတာတို့ ဖြစ်သွားရင် ယွမ်၁သိန်းဆိုတာ ဆေးဖိုးတောင် မလောက်ဘူး "
ရှုကျင်းရှင်း တစ်ခုခု ထပ်ပြောချင်ပေမယ့် ယဲ့ဖန်က ရုတ်တရက် သူမကို တားလိုက်ပြီး ထိုလူကို ပြုံးပြလိုက်သည်။
" အဲ့လိုဖြစ်ရင် ပိုက်ဆံပိုကုန်လိမ့်မယ်။ ဦးနှောက်သွေးကြောပေါက်တာ ဒါမှမဟုတ် တစ်ခုခုဖြစ်ရင် တာဝန်က ပိုကြီးသွားလိမ့်မယ် "
" ဒီလိုဆိုမှ အရင်က ဆေးပညာကို လေ့လာဖူးတယ်။ လူသားချင်း ထောက်ထားပြီး ခင်ဗျားရဲ့အမေ ဘာဖြစ်နေလဲဆိုတာ ကူညီပေး စစ်ဆေးပေးမယ် "
ထိုယောက်ျား သဘောတူသည်ကို မစောင့်ဘဲ အဘွားကြီးရှေ့တွင် ထိုင်ချလိုက်သည်။
" အဘွားကြီး၊ ဘာဖြစ်နေတာလဲ "
အဘွားကြီးသည် စောင့်ရတာ ပျင်းပြီး အနည်းငယ် အာရုံလွတ်နေသည်။
ရုတ်တရက် ရောက်လာပြီး သူမ ခြေထောက်ကို အလျင်စလို ပွေ့ဖက်လိုက်ဖို့ သူမ မမျှော်လင့်ထားချေ။
" အိုက်ယား၊ ငါ့ခြေထောက်နာတယ်။ ကျိုးသွားပြီ ထင်တယ် "
ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်သည်။
" ခြေထောက်နာတယ် မဟုတ်လား။ ခြေထောက်တွေကို ကုသရတာ လွယ်ပါတယ်။ ခင်ဗျားကို တစ်ချက်လောက် ကြည့်ပေးပါရစေ "
စကားပြောနေရင်းဖြင့် အဘွားကြီး၏ ခြေထောက်ကို ကိုင်ကာ ညင်သာစွာ ကွေးလိုက်သည်။
" အိုက်ယား ....... "
အဘွားအိုသည် ချက်ချင်းပဲ သွေးပျက်မတတ် အော်လိုက်သည်။
သူမ၏ ခြေထောက်တစ်ချောင်းလုံး ကြွက်တက်သလို ပြင်းထန်စွာ နာကျင်လာသည်။
" မြန်မြန်ထပြီး ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်။ မဟုတ်ရင် တကယ်ကြီး ကျိုးသွားလိမ့်မယ် "
ယဲ့ဖန်က အမြန် တိုက်တွန်းလိုက်သည်။
ထိုအဘွားကြီးသည် ပရော်ဖက်ရှင်နယ် မင်းသမီး မဟုတ်သည့်အတွက် မင်းသမီးတစ်ယောက်၏ ခံယူချက်က ဘာလဲဆိုတာ သူမ မသိချေ။
ထိုစကားကို ကြားသည်နှင့် သူမ'အလုပ်'ကို ချက်ချင်း မေ့သွားပြီး မြေပြင်ပေါ်မှ အမြန်ထပြီး ခုန်ချလိုက်သည်။
သူမ၏ သွက်လက်တဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် လူငယ်တွေပင် သူမနှင့် ယှဉ်လို့မရလောက်ချေ။
ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးဖြင့် ထိုလူကို ကြည့်လိုက်သည်။
" ကြည့်ပါဦး။ အဘွားကြီး ပြန်ကောင်းသွားပြီ။ ခင်ဗျား မအံ့သြဘူးလား။ အံ့သြစရာကြီး မဟုတ်ဘူးလား "
ရှုကျင်းရှင်း သူမပါးစပ်ကို အုပ်ပြီး ရယ်နေရုံမှလွဲပြီး မတတ်နိုင်ပေ။
ဒီတစ်ယောက်က လူတွေကို လှည့်စားတာ တကယ်တော်တာပဲ။
ပတ်ဝန်းကျင်ရှိ 'ပွဲကြည့်သူများ'မှာလည်း အံ့အားသင့်သွားသည်။
ဒီလို မထင်မှတ် အခြေအနေမျိုး တစ်ခါမှ မကြုံဖူးကြပေ။
အရင်က လူများသည် ကျေကျေနပ်နပ်ကြီး ပိုက်ဆံပေးခဲ့ကြသော်လည်း ဒီနေ့ အခြေအနေက မတူပေ။
အခု ဘယ်လို လုပ်သင့်လဲ။
လူတိုင်းသည် 'မင်းသား'ကိုသာ ကြည့်လိုက်ကြသည်။
သူသည် အမှုဆောင်ဒါရိုက်တာဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။
ထိုလူ၏ အမူအရာမှာ အလွန်နက်မှောင်နေပြီး ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ခွေးသား၊ မင်းက သေချင်နေတာပဲ။ အခု စိတ်ပြောင်းသွားပြီ။ မင်းငါ့ကို ယွမ် ၅သိန်း မပေးရင် ဒီနေ့ ယောက်သွားရွာက ထွက်ဖို့တောင် မစဉ်းစားနဲ့ "
ယဲ့ဖန် မကြောက်မရွံ့ ပြုံးလိုက်သည်။
" ဘာလဲ။ လိမ်လည်မှုပ အလုပ်မဖြစ်တော့ လုယက်လာတာလား။ ပြီးတော့ သေချာစဉ်းစား။ ဒီသဘောသဘာဝက မတူဘူး "
ထိုလူက ကဲ့ရဲ့လေသည်။
" သူများကို အပြစ်မတင်နဲ့ဆိုတာ ဘာကိုဆိုလိုလဲ သိလား။ ဒီနေ့ မင်းကို သေအောင်ရိုက်ရင်တောင် မင်း ဘာမှမသိဘဲ သေလိမ့်မယ် နားလည်လား "
ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာ ရှိနေသည်။
" ဒါဆို ကြိုးစားကြည့်လို့ ရတယ် "
ထိုလူ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
" ဟမ်၊ မင်းက သေချင်နေမှတော့ ငါက သင်ခန်းစာတစ်ခု ပေးလိုက်မယ် "
သူသည် စကားပြောပြီးသည်နှင့် လူရမ်းကားလူတစ်စုမှာ ယဲ့ဖန်တို့ကို ချက်ချင်း ဝိုင်းရံလိုက်သည်။
ထိုလူများသည် ပေါက်တူးများ၊ ပေါက်ပြားများ၊ ခက်ရင်းခွများနှင့် အခြားလယ်ယာသုံးကိရိယာများကို လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။
ထိုလူများသည် ကြောက်လန့်စေရန် ပြင်ဆင်ထားကြသည်မှာ ထင်ရှားလေသည်။
သို့သော်လည်း ယဲ့ဖန်သည် သူတို့၏ ခြိမ်းခြောက်မှုများကို ဂရုမစိုက်ခဲ့ပေ။
လူအုပ်ကြီးအား ပိုလို့ပင် အံ့သြစေသည်မှာ ထိုယောက်ျားသည် ဘေးကြုံနေရသော်လည်း ထိုမိန်းကလေး၏ မျက်နှာ၌ ဘာမှ မထူးခြားသည့် အမူအရာသာ ရှိနေခြင်းဖြစ်သည်။
သူတို့၏ အမူအရာများကို သူမက လုံးဝမကြောက်ချေ။
ထိုပုံစံက သူတို့ကို အနည်းငယ် စိတ်ရှုပ်စေသည်။
အများသောအားဖြင့် ဒီအဆင့်၌ အားလုံးသည် အရှုံးပေးကြပြီး ငွေပေးကြသည်။
အကျပ်ကိုင်သော်လည်း မတုန်လှုပ်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
" ခွေးသား၊ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ မင်းပိုက်ဆံကို နာခံပြီး လွှဲပေးရင် ငါတို့ မင်းကို ချက်ချင်းလွှတ်ပေးလိုက်မယ်။ ပိုက်ဆံက အရေးကြီးပေမယ့် ဘဝထက် ဘာက ပိုအရေးကြီးနိုင်မှာလဲ "
ထိုလူလည်း ထိတ်လန့်နေပြီ ဖြစ်သည်။
သူသည် ငွေအနည်းငယ် ရချင်ရုံသာဖြစ်ပြီး ကြီးကြီးမားမား မလုပ်ချင်ပေ။
သူ့စကားမှာပင် လက်နက်ချမည့် အရိပ်အမြွက်ပြနေသည်။
သို့သော် ယဲ့ဖန်သည် သူ၏လှည့်ကွက်ထဲသို့ မကျခဲ့ပေ။
" မင်း တိုက်ခိုက်ချင်ရင် မြန်မြန်ပြီးအောင်လုပ်။ ကျောက်လောင်းကစားစင်တာကို သွားရဦးမယ် "
လူရမ်းကားများ၏ မျက်နှာတွင် မေးခွန်းအမှတ်အသားများ ပေါ်နေသည်။
သူတို့ ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ။
သူတို့ကို လုံးဝ အထင်သေးနေတာပဲ။
လူတိုင်းသည် လူထွားကြီး၏ မျက်လုံးများကို ကြည့်နေကြသည်။
" ခွေးသားလေး၊ မင်းက တောင်းဆိုတာပဲ။ သူ့ကို ရိုက်ကြ "
ထိုလူသည် အံကြိတ်ပြီး လူတိုင်းကို တိုက်ခိုက်ရန် အချက်ပြကာ သူ့လက်ကို ဝှေ့ယမ်းပြတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်၏ ညာလက်သည် သရဲကဲ့သို့ ထွက်လာပြီး လူမိုက်၏ လက်ထဲမှ ပေါက်တူးကို ဆွဲယူလိုက်သည်။
" တိုက်ခိုက်ရတော့မှာဆိုတော့ လက်နက်ကောင်းတစ်ခုတော့ ရှိရမယ်လေ။ ဟင်း၊ ဒီဂေါ်ပြားက မဆိုးပါဘူး။ ဒါပေမယ့် နည်းနည်းလေး ရှည်လွန်းတယ် "
ရုတ်တရတ် သူ့လက်ထဲမှ ခွန်အားကို ထုတ်လိုက်သည်။
ခွမ်း
လက်ကောက်ဝတ်လောက်ထူသည့် ဂေါ်ပြားလက်ကိုင်မှာ နှစ်ပိုင်းကျိုးသွားရသည်။
အပိုင်း ( ၇၉၈ )
မေ့နေပြီလား မင်းတို့က လူဆိုးတွေပဲ။
ဂေါ်ပြားလက်ကိုင် ကျိုးသွားသောအခါ လူရမ်းကားတစ်စုလည်း တုန်လှုပ်သွားသည်။
ဂေါ်ပြားလက်ကိုင်အား ပြာသစ်သားဖြင့် ပြုလုပ်ထားသည်။
ဤသစ်သားမျိုးသည် အလွန်ကြမ်းတမ်းသောကြောင့် ပြင်းထန်သော ကာယလုပ်သားဖြစ်သည့် လယ်ယာလုပ်ငန်းသုံးကိရိယာအဖြစ် အသုံးပြုသည်။
အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးပင် ထိုဂေါ်ပြားလက်ကိုင်ကို တစ်ချက်ကန်ရုံဖြင့် ချိုးနိုင်မည်မဟုတ်ပေ။
လူတိုင်း သိထားသည့်အတိုင်း တစ်စုံတစ်ခုကို ချိုးဖျက်လိုပါက လက်နှစ်ဖက်မှ လက်ကောက်ဝတ် ကြံ့ခိုင်မှုကိုသာ အားကိုးရသည်။
ထိုသို့ လုပ်နိုင်ရန် အတော်ပင် ခက်ခဲလှသည်။
သို့သော် ထိုလူငယ်ကတော့ ပေါ့ပါးစွာနှင့်ပင် လုပ်နိုင်လေသည်။
နောက်ဆုတ်နေရင်းဖြင့် လူတိုင်းသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ဟုပင် ခံစားလိုက်ရသည်။
ထိုလူထွားကြီးကပင် ကြောက်လွန်း၍ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။
" မင်း ... ဘာလုပ်တာလဲ "
ယဲ့ဖန်သည် ဂေါ်ပြားလက်ကိုင်ကို ကိုင်လိုက်ပြီး သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
" ဘာလုပ်နေတယ်လို့ ထင်လဲ။ ခင်ဗျားပဲ ရိုက်ချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား။ မြန်မြန်ရိုက်လေ "
ကျူးကျီသည် နောက်သို့ အထပ်ထပ်အခါခါ ဆုတ်သွားပြီး သူ့မျက်နှာ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
" မင်း ...... ရှေ့တိုး မလာနဲ့။ မင်း ထပ်တိုးလာရင် ငါ ရဲခေါ်လိုက်မယ် "
ဤစကားကို ယဲ့ဖန် ကြားသောအခါ သူ စကားမပြောနိုင် ဖြစ်သွားသည်။
" အစ်ကိုကြီး မေ့သွားပြီလား။ မင်းတို့ ကောင်တွေကမျဖ လူဆိုးတွေပဲ။ မင်းက ငါတို့ကို လုယက်ခဲ့တာ။ ဘာလို့ ရဲခေါ်ရမှာလဲ "
ရှုကျင်းရှင်း ထိုစကားကို ကြားပြီး မထိန်းနိုင်တော့ချေ။
သူမ ကားကို မှီပြီး ရယ်လိုက်သည်။
ထိုမြင်ကွင်းမှာ တကယ်ကို ရယ်စရာကောင်းလှသည်။
အစက ရက်စက်ကြမ်းကြုတ်သော လူများသည် ယခုအခါ အားနည်းသော အုပ်စုလေးဖြစ်လာသည်။
မူလက ခိုးဆိုးလုယက်ခံရသူမှာ ယခုအခါ လူဆိုးဖြစ်လာသည်။
ကျူးကျီ ဆက်မထိန်းနိုင်တော့ပေ။
သူသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်သည်။
" သူရဲကောင်းကြီး၊ ကျွန်တော်တို့က မျက်စိကန်းပြီး မြင့်မြတ်တဲ့ စွမ်းရည်တွေကို မယှဉ်နိုင်ဘူးဆိုတာ မသိခဲ့ကြပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သနားပါ ....... "
ဒါက ဘယ်လိုဟာသမျိုးလဲ။
သူက ဂေါ်ပြားလက်ကိုင်ကို အလွယ်တကူ ချိုးဖျက်နိုင်တာနဲ့ ရက်စက်တဲ့လူ ဖြစ်သွားတာလား။
အထိုးခံရရင် ငရဲဘုရင်များ ဖြစ်သွားမှာလား။
ဦးဆောင်သူနှင့်အတူ အခြား လူရမ်းကားများသည်လည်း ဒူးထောက်ကာ ခေါင်းငုံ့ကြသည်။
ဤမြင်ကွင်းသည် ယဲ့ဖန်အား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်။
'သင်ခန်းစာ' ပေးမယ်လို့ ပြောထားတယ်လေ။
ဒါက သူ့ကို သင်ခန်းစာပေးနေတာလား။
" ဒါဆို မင်းတို့ ငါ့ကိုလှည့်စားဦးမှာလား "
" မထိရဲတော့ပါဘူး "
" လုယက်တာရော "
" မလုပ်တော့ဘူး၊ မလုပ်ရဲတော့ပ်ဘူး "
" ကောင်းတယ်၊ အဲ့တာကောင်းတယ် "
ယဲ့ဖန်သည် သူတို့၏ ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ဂရုမစိုက်ချေ။
သူသည် ဂေါ်ပြားလက်ကိုင်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် အကြိမ်အနည်းငယ် ခေါက်လိုက်သည်။
" မင်း ငါ့သူငယ်ချင်းရဲ့ ဖုန်းကို အခု ချိုးထားတာဆိုတော့ လျော်ကြေးပေးသင့်တယ် မထင်ဘူးလား "
ထိုလူသည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
" ဟုတ် ........ ပေးသင့်ပါတယ် "
ယဲ့ဖန် ပြုံးပြီး ပြောသည်။
" ငါ့သူငယ်ချင်းရဲ့ဖုန်းကို ကုမ္ပဏီကနေ စိတ်ကြိုက်မှာထားတာ။ အဲ့တာက အနည်းဆုံး ယွမ် ၁သိန်းရှိတယ်။ ငွေသား ဒါမှမဟုတ် ဘဏ်ကနေ လွှဲပေးမလား "
ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" ၁သိန်းလား။ ဒါက အရမ်းများလွန်းတယ် မဟုတ်ဘူးလား ထ
ယဲ့ဖန်က ချက်ချင်း ပြောလိုက်သည်။
" အရမ်းများတာလား။ ကျောက်လောင်းကစားပွဲကို သွားတဲ့ ငါတို့ခရီးစဉ် ကြန့်ကြာနေတုန်း ကျောက်စိမ်းတွေကို တခြားသူများက ဝယ်သွားနိုင်တယ်။ အဲ့ဒီအခါ အနည်းဆုံး သန်းဆယ်ဂဏန်းလောက် ဆုံးရှုံးရလိမ့်မယ် "
" ပြီးတော့ ခုနက ကြောက်နေခဲ့ရတာ။ အလုပ်ဆုံးရှုံးတာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ဒီလိုလျော်ကြေးငွေတွေ ....... "
ထိုလူသည် ညှိုးငယ်သောမျက်နှာဖြင့် အမြန် ဖြတ်ကာပြောသည်။
" မလုပ်ပါနဲ့ ....… မတွက်ပါနဲ့တော့။ ဒီအတိုင်း သဘောတူလိုက်လို့ မရဘူးလား "
ယဲ့ဖန် ချက်ချင်း ပုခုံးတွန့်လိုက်သည်။
" ဒါဆို ပိုက်ဆံယူခဲ့ "
ထိုလူသည် ငွေကိစ္စ ဆွေးနွေးရန် လူအုပ်စုကို အမြန်စုရုံးလိုက်သည်။
ဤစစ်ဆင်ရေးသည် ဆုံးရှုံးမှုကြီးဖြစ်သည်။
တစ်ပြားတစ်ချပ်မှ မရခဲ့ရုံသာမ ပြန်ပေးရနေသည်။
ခဏအကြာတွင် ညစ်နွမ်းနေသော ငွေစက္ကူများနှင့်အတူ ထိုလူ ပြန်ရောက်လာသည်။
" သူရဲကောင်းကြီး၊ ကျွန်တော်တို့မှာ ယွမ် ၁သောင်းပဲ ရှိပါတယ်။ တကယ်ကို ဒီထက် မကျန်တော့တာပါ "
ယဲ့ဖန်သည် ထိုစကားကို မယုံချေ။
" ခင်ဗျားတို့ ဒီလိုမျိုး ဆိုးသွမ်းမှုတွေ အများကြီး လုပ်ဖူးကြမှာ မဟုတ်လား။ အကြိမ်ကြိမ် ငွေတွေအများကြီး ခိုးယူထားတယ်လေ၊ မဟုတ်ဘူးလား။ ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ "
ထိုလူက ပြောသည်။
" သူရဲကောင်းကြီး၊ ကျွန်တော်တို့က ပိုက်ဆံတွေ အများကြီး တောင်းပေမယ့် ကျွန်တော်တို့မှာလည်း လူတွေ အများကြီးရှိတယ်။ လူတိုင်းကို မျှပေးတဲ့အခါ တကယ်ကျ လူတစ်ယောက်ချင်းစီ ပိုက်ဆံအများကြီး ရမှာ မဟုတ်ဘူး "
ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။
" လူတွေ အများကြီးခေါ်ဖို့ ဘယ်သူပြောလို့လဲ။ အသင်းတစ်သင်းကို ဘယ်လို ရိုးရှင်းအောင် လုပ်လဲဆိုတာ မသိဘူးလား "
" အသင်းတစ်သင်းက ကြီးကြီးမားမားဖြစ်ချင်တယ်ဆိုရင်တော့ ကုန်ကျစရိတ်နဲ့ ထိရောက်မှုကို ထည့်သွင်းစဉ်းစားရမယ် "
" လုပ်အားခက မြင့်ပေမယ့် လုပ်ရည်ကိုင်ရည်က မတိုးတက်ဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းတာဝန်မကျေဘူး ......... "
ထိုလူသည် နားထောင်ရင်း ခေါင်းညိတ်ပြီး သူ့အမူအရာက အလွန်လေးစားနေသည်။
ရှုကျင်းရှင်း အံ့သြသွားသည်။
ယဲ့ဖန်က သူတို့ကို သင်တန်းပေးနေတာလား။
လိမ်စားတဲ့ လုပ်ငန်းကို ပိုကြီးပြီး အားကောင်းလာအောင်လုပ်ဖို့ သူ တကယ်ကြီး ပြောနေတာလား။
ယဲ့ဖန် သူ့ကို ရှင်းပြလေသည်။
" ဒီစီးပွားရေး စီမံခန့်ခွဲမှုသင်တန်းအတွက် ငါမင်းကို အခကြေးငွေမယူပါဘူး။ ဒါပေမယ့် မင်းဖုန်းအတွက် ပေးချေရမှာကို တစ်ပြားမှ မလျှော့ဘူး "
ထိုလူက ဝမ်းနည်းသွားပြန်သည်။
" တကယ် ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး။ ဒီလိုဆိုရင်ရော ...... ကျွန်တော်တို့က အခမဲ့အလုပ်လုပ်ပေးမယ်။ ကျွန်တော့်အကြွေးတွေကို ဆပ်တယ်လို့ သတ်မှတ်လိုက်ပါ။ ကျွန်တော် လူကြီးမင်းဆီကနေ ဆက်ပြီး သင်ယူချင်သေးတယ် "
" မင်းကို အလုပ်လုပ်ခိုင်းတာ ဘာအသုံးဝင်လဲ "
ယဲ့ဖန် သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် အဘွားကြီး၏ ခေါင်းပေါ်မှ ဆံညှပ်ကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။
" တကယ်လို့ မင်းမှာ ပိုက်ဆံမရှိရင် တခြား အဖိုးတန်ပစ္စည်းနဲ့ ပေးချေလို့ရတယ် "
ထိုလူသည် လှည့်ပြီး လူရမ်းကားများကို ကြည့်လိုက်သည်။
သူတို့အားလုံးသည် အဝတ်စုတ်များကို ၀တ်ထားကြသည်။
သူတို့မှာ အဖိုးတန်အရာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
ယဲ့ဖန် အချိန်ဖြုန်းဖို့ စိတ်မဝင်စားနိုင်တော့ဘဲ အဘွားကြီး၏ ခေါင်းပေါ်ရှိ ဆံညှပ်ကို ညွှန်ပြလိုက်သည်။
" ဒီဆံထိုးက ပိုက်ဆံနည်းနည်းတန်တယ် ထင်တယ်။ ငါယူလိုက်မယ် "
အဘွားအိုသည် ထိုစကားကို ကြားပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မရဘူး၊ ဒါက ငါတို့မိသားစုရဲ့ အမွေအနှစ်ပဲ ........ "
သူ့စကား မပြီးခင်တွင် သူ့သားက လက်ကို ဆွဲပြီး ဖြုတ်ချပစ်လိုက်သည်။
" ဘာမိသားစု အမွေလဲ။ အဖေက ဒီလိုပြောတာနဲ့ သူ့ကို တကယ်ယုံနေတာလား။ ဆင်းရဲသား လယ်သမား မျိုးဆက် ရှစ်ဆက် မှာ ဘယ်လိုလုပ် ရတနာတွေ ရှိနိုင်မှာလဲ "
သူသည် စကားပြောနေစဉ်တွင် ဆံထိုးကို ယဲ့ဖန်အား ရတနာတစ်ခု လက်ဆောင်ပေးနေသလိုမျိုး ပေးလိုက်သည်။
အရင်က ကျောက်စိမ်းအစစ်ကို မြင်ဖူးလေသည်။
ဒီဆံထိုးကို သာမန်ပစ္စည်းနှင့် ပြုလုပ်ထားသည်မှာ ထင်ရှားလေသည်။
မည်မျှပင် တန်ဖိုးကြီးပါစေ အများဆုံး ယွမ် ရာဂဏန်းလောက်သာ တန်နိုင်သည်။
ယွမ် ၉သောင်း ပေးစရာ မလိုတော့ချေ။
သူသည် ယဲ့ဖန်ကို စိတ်ထဲမှ လှောင်ပြောင်ခဲ့သည်။
ဒီလိုအမှိုက်မျိုးကို သူက ကြိုက်နေတာပဲ။
ယဲ့ဖန်သည် သူ့လက်ထဲတွင် ဆံထိုးကို ကိုင်လိုက်ပြီး နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပြန်ရောက်လာသည်။
" ကောင်းပြီ၊ ဒါဆို မင်းဖုန်းအတွက် ပေးစရာ မလိုတော့ဘူး "
" မင်းတို့ မြန်မြန်ပြန်ကြ။ နောက်ဆို သင့်တော်တဲ့ အလုပ်တစ်ခုကို ရှာ။ မင်းတို့နဲ့ ပြန်တွေ့ရရင် စကားပြောရတာ သိပ်လွယ်မှာမဟုတ်ဘူး "
" အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်။ အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် ....... "
အပိုင်း ( ၇၉၉ )
မင်းရဲ့အဖွားက ဧကရီချီရှီမလို့လား။
လူရမ်းကားတစ်စုသည် ကျေးဇူးတင်စကားဆိုပြီး ထွက်ခွာသွားခဲ့ကြသည်။
ရှုကျင်းရှင်းသည် ထိုလူယုတ်မာများ ထွက်သွားသည်ကို စောင့်နေခဲ့သည်။
" နင် တကယ် စိတ်ပုတ်တာပဲ။ ဖုန်းတစ်လုံးအတွက်နဲ့ ယွမ် ၁သိန်း လိုချင်နေတာလား "
ယဲ့ဖန် မသိမသာ ပြုံးလိုက်သည်။
" ကိုယ်က သူ့ဆေးကို ပြန်မြည်းစမ်းကြည့်ခိုင်းတာပါ "
ရှုကျင်းရှင်း သူ့လက်ထဲမှ ဆံထိုးကို ကြည့်လိုက်သည်။
" ဒီဆံထိုးကရော ဘာအတွက် လိုချင်တာလဲ။ ဒီကျောက်စိမ်းရဲ့ အရောင်ကိုကြည့်ရတာ အရမ်းရိုးရှင်းတဲ့ပုံပေါက်တယ် "
ယဲ့ဖန် လျှို့ဝှက်ဆန်းကြယ်သော အပြုံးကို တမင်တကာ ပြုံးပြသည်။
" မင်း နားမလည်ပါဘူး။ ဒီဆံထိုးက အရမ်းတန်ဖိုးရှိတယ် "
ရှုကျင်းရှင်း သူ့ကို မျက်စောင်းထိုးလိုက်သည်။
" လိမ်ဖို့မကြိုးစားနဲ့။ ဒီဟာက ယွမ် ၁သောင်းကျော်နဲ့ ရောင်းလို့ရရင် ရှင်ရဲ့ တောင်းဆိုမှုတိုင်းကို သဘောတူပေးမယ် "
ယဲ့ဖန် ချက်ချင်း ပြုံးလိုက်သည်။
" တောင်းဆိုတာ သဘောတူပေးမှာလား။ သေချာလား "
ရှုကျင်းရှင်း စိတ်ချလက်ချ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ သေချာပါတယ်။ ရောင်းနိုင်ရင်ပေါ့ ....... "
သူမစကား မပြီးခင် ရုတ်တရက် သူ့နောက်မှ အသံတစ်ခု ကြားလိုက်ရသည်။
" ညီအစ်ကို ဒီဆံညှပ်ကို ရောင်းနေတာလား။ ယွမ် ၁သိန်းပေးဝယ်ဖို့ ဆန္ဒရှိတယ် "
သူတို့နှစ်ယောက် လှည့်ကြည့်လိုက်သည့်အခါ Mercedes-Benz Gကို လမ်းဘေး ရပ်ထားသည်ကို တွေ့လိုက်ရသည်။
ကားမောင်းသူ ထိုင်ခုံ၌ လူတစ်ယောက် ထိုင်နေပြီး သူတို့ကို ပြုံးပြီး ကြည့်နေသည်။
ထိုလူသည် အသက်နှစ်ဆယ်လောက်ရှိပြီး ချောမောသော်လည်း ပြုံးလိုက်သည့်အခါ ဆိုးသွမ်းသည့် ခံစားချက်ကို ပေးစွမ်းသည်။
ကားရှေ့ရှိ ဖင်းမြို့ ကားလိုင်စင်နံပါတ်ပြားကြောင့်သာမဟုတ်ပါက ထိုလူအား ယဲ့ဖန် ငှားထားသည်ဟု ရှုကျင်းရှင်း ထင်မိမည်ဖြစ်သည်။
ဒီဆံညှပ်ကို ယွမ်၁သိန်းနဲ့ ဝယ်ချင်နေတာလား။
ပိုက်ဆံရှိလွန်းလို့ ရူးသွားတာလား။
သို့သော် သူမအား အံ့အားသင့်စေသည့်အရာမှာ နောက်တွင် ဆက်ပြီး ဖြစ်ပျက်ခဲ့သည်။
ယဲ့ဖန်သည် မဆိုင်းမတွ သဘောတူလိုက်မည်ဟု သူမ ထင်ခဲ့သည်။
ဤကဲ့သို့ မိုက်မဲလှသည့် ဝယ်သူနှင့် တွေ့ဆုံရန်မှာ မလွယ်လှပေ။
သို့သော် ယဲ့ဖန်ကတော့ သူ့ကို တန်းပြီး ငြင်းဆိုလိုက်သည်။
" တောင်းပန်ပါတယ် ဒီဆံထိုးက ရောင်းဖို့မဟုတ်ပါဘူး "
ရှုကျင်းရှင်းက သူ့ကို ကြောင်အအ ကြည့်မိသည်။
သူ ဘာတွေတွေးနေမှန်း မသိချေ။
ယွမ် ၁သိန်းရနေပြီလေ။
ဒါကို မရောင်းသေးဘူးလား။
ထိုယောက်ျားက ငြင်းဆန်လိုက်သည်ကို အံ့သြပုံမပေါ်ချေ။
သူက ပြုံးရုံသာ ပြုံးနေသည်။
" ဒီဆံထိုးကို အရမ်းကြိုက်လို့ပါ။ စျေးပြောလိုက်။ အရမ်းကြီး မလွန်သေးသရွေ့တော့ လက်ခံနိုင်ပါတယ် "
ယဲ့ဖန်သည် မတုန်လှုပ်ချေ။
" ဈေးမဖွင့်တာ ပိုကောင်းပါတယ်။ ခင်ဗျား ဘယ်လိုမှ မတတ်နိုင်ဘူး "
ထိုလူသည် အနည်းငယ်မျှ စွန့်လွှတ်လိုခြင်း မရှိသေးပေ။
" ရိုးရိုးသားသားပြောရရင် မင်းဆံထိုးရဲ့ အရည်အသွေးက အရမ်းနိမ့်ပါတယ် "
" ဘာလို့ဝယ်ချင်တာလဲဆိုတော့ အဘွားမှာ အရင်က တစ်ပုံစံတည်းတူတဲ့ဟာ ရှိတယ်။ နောက်ကျ သူမ မတော်တဆ ကျကွဲသွားတာ။ သူမပျော်အောင် ပြန်ဝယ်ပေးချင်တာ "
" ဒါဆိုရင်ရော ဘယ်လိုလဲ။ ယွမ် ၅သိန်းနဲ့ ဝယ်ချင်တယ် "
သူ့စကားကို ကြားပြီးနောက် ရှုကျင်းရှင်းသည် သူ၏ သိတတ်မှုကို လေးစားသွားသည်။
တစ်ဖက်သား၏ ကမ်းလှမ်းချက်မှာ တကယ်ပင် မနည်းလှချေ။
သူမ ချက်ချင်း ယဲ့ဖန်ဘက် လှည့်လိုက်သည်။
" သူက တော်တော်လေး ရိုးသားတယ် ထင်တယ်။ ကျွန်မတို့ သူ့ကို ဘာလို့ မရောင်းတာလဲ။ သူ့အဘွားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကူညီပေးတယ်လို့လည်း ယူဆနိုင်တယ်လေ "
ယဲ့ဖန် သူမကို လျစ်လျူရှုလိုက်သည်။
သူသည် ထိုလူကို ခဏမျှ စိုက်ကြည့်နေသည်။
" ခင်ဗျားအဘွားမှာလည်း ဒီလို ဆံထိုး တစ်ပုံစံတည်း ရှိတာလား။ ဒါဆို ခင်ဗျားရဲ့အဘွားက ဧကရီချီရှီလားလို့ မေးပါရစေ။ ဒါမှမဟုတ် မိဖုရားဘေးနားက ကလေးထိန်းလား "
ထိုလူငယ်လေးမှာ သေချာစွာ နားလည်ထားသည်။
ယဲ့ဖန်သည် ဤဆံထိုး၏ မူလကို မသိဘဲ စျေးနှုန်းချိုသာစွာဖြင့် ရောင်းလိုသည်ဟု သူမျှော်လင့်ထားသည်။
သို့သော် တစ်ဖက်မှ ထောက်ပြလာသည့်အခါ သူလည်း ဆက်ပြီး မပြောတော့ချေ။
သူသည် ခပ်ဖျော့ဖျော့ ပြုံးပြီး မောင်းထွက်သွားသည်။
ယဲ့ဖန်သည် ထိုလူအား စကားတစ်ခွန်းတည်းဖြင့် မောင်းထုတ်နိုင်သည်ကို ရှုကျင်းရှင်း မြင်လိုက်ပြီး သူမ ပို၍ပင် စိတ်ရှုပ်သွားသည်။
" ဒါက ...... ဘာဖြစ်တာလဲ။ ရှင့်စကားကို ကြားပြီးတာနဲ့ သူက ဘာလို့ ထွက်သွားတာလဲ "
ယဲ့ဖန် သူမမေးခွန်းကို မဖြေချေ။
ထိုအစား သူက စနောက်ကာ ပြောသည်။
" ဒီဆံထိုးကို ယွမ် ၁သောင်းကျော်နဲ့ ရောင်းနိုင်တာနဲ့ ကိုယ့်ရဲ့တောင်းဆိုချက်မှန်သမျှကို သဘောတူမှာဆို "
ရှုကျင်းရှင်း၏ မျက်နှာမှာ နီရဲလာပြီး သူမ ချက်ချင်း ငြင်းရန် ကြိုးစားသည်။
" ရောင်းဖို့ပြောပေမယ့် ရှင် မရောင်းလိုက်ဘူးလေ "
ယဲ့ဖန် ပေါ့ပါးစွာ ပြောလိုက်သည်။
" မင်း စကားမတည်တော့မယ်ဆိုတာ ကိုယ်သိတယ်။ ဘာလို့ မရောင်းလိုက်တာလဲ သိချင်လား "
ရှုကျင်းရှင်း လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
သူမသည် အလွန်စပ်စုချင်မိသည်။
ဒီနေ့ ဤပဟေဠိကို မဖြေရှင်းနိုင်ပါက ညဘက်တွင် အိပ်မပျော်နိုင်လောက်ပေ။
ယဲ့ဖန်က သူမကို တိုက်ရိုက်မဖြေချေ။
ဆံထိုးကို ဓာတ်ပုံရိုက်ယူပြီး Chen Qiushanဆီသို့ ပို့လိုက်သည်။
တစ်မိနစ်မပြည့်မီတွင် တစ်ဖက်မှ အသံဖိုင်ရှည်ကြီးတစ်ခု ပြန်ပို့ခဲ့သည်။
" ယဲ့ညီလေး၊ မင်းက စောက်ရမ်းတော်လွန်းနေတာ မဟုတ်ဘူးလား။ ငါသာ မမှားရင် ဒါက ဧကရီချီရှီရဲ့ အနှစ်သက်ဆုံး ဆံညှပ်ပဲ မဟုတ်လား။ မင်း ဘယ်ကရလာခဲ့တာလဲ။ ဒီလို ရှားပါးတဲ့ ရတနာတွေကို မင်း ဘယ်လိုလုပ်ပြီး အမြဲတမ်း ရနေရတာလဲ။ ဒီဆံညှပ်ကို ငါတို့ရဲ့ လေလံပွဲမှာ လေလံတင်ရမယ်။ စျေးကောင်းကောင်းနဲ့ လေလံတင်နိုင်မယ်လို့ အာမခံတယ် ....... "
သူသည် တရစပ် ပြောသွားသော်လည်း ရှုကျင်းရှင်း နားလည်လိုက်သည်။
ဒီဆံထိုးကို ဧကရီရှီချီက တကယ်ပဲ ဝတ်ခဲ့တာလား။
ဒါဆိုရင် တန်ဖိုးက ခန့်မှန်းဖို့တောင် ခက်လိမ့်မယ်။
'ဧကရီချီရှီ'ဟု ယဲ့ဖန်ပြောလိုက်သည်ကို ထိုလူ ကြားလိုက်ရသောအခါ စိတ်ပျက်စွာ ထွက်သွားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေယ။
" အဲ့လူက ယုတ်မာလွန်းတာပဲ။ သူ့အဘွားရဲ့ ဆံထိုးလေးကို ပြန်ဝယ်ပေးချင်တာလို့ ထင်နေခဲ့တာ။ ဒီလောက် အရှက်မဲ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး "
သူမ ဒေါသအရမ်းထွက်ပြီး မျက်နှာပင် ဖြူဖျော့သွားသည်။
ယဲ့ဖန်အား ၅သိန်းနှင့် ရောင်းရန် သူမက ဆွဲဆောင်ခဲ့သေးသည်။
ကံကောင်းစွာနှင့် ယဲ့ဖန်က သူမစကား နားမထောင်ခဲ့ချေ။
မဟုတ်ပါက သူ အကြီးအကျယ် ဆုံးရှုံးရပေလိမ့်မည်။
ထိုဆံညှပ်၏ တန်ဖိုးအတိအကျကို သူမ မသိသော်လည်း ယွမ်၅သိန်း မဟုတ်သည်မှာ သေချာလေသည်။
တခဏ သူမ ရှက်သွားသည်။
ထို့နောက် ယဲ့ဖန်သည် ချန်းချုံရှန်းဆီသို့ အသံမက်ဆေ့ချ် ပို့ခဲ့သည်။
" အစ်ကိုချန်း၊ ကျေးဇူးပြုပြီး ဈေးနှုန်းကို ခန့်မှန်းပေးပါဦး။ ဒီဆံထိုးကို ဘယ်လောက်နဲ့ ရောင်းရမလဲဆိုတာ ကြည့်ပေးပါဦး "
ချန်းချုံရှန်း - " ဒီဆံထိုးက သမိုင်းတန်ဖိုး အရမ်းမြင့်မားတယ်။ သေချာပေါက် ရတနာတစ်ခုလို့ ယူဆနိုင်တယ်။ စျေးသတ်မှတ်ရမယ်ဆို သန်း၃၀ကျော်လောက် ရှိမယ် ...... "
အပိုင်း ( ၈၀၀ )
လူငယ်ပညာရှင်
ထိုစကားကို ရှုကျင်းရှင်း ကြားပြီး သူမ အံ့အားသင့်သွားပြန်သည်။
ဤသည်မှာ ဧကရီချီရှီ ဝတ်ဆင်ခဲ့သော ဆံထိုးဖြစ်သည်ကို သူမ သိပြီး ၎င်း၏တန်ဖိုးမှာ နိမ့်မည်မဟုတ်ကြောင်း သူမသိသော်လည်း ဤမျှ ရယ်စရာကောင်းလောက်အောင် မြင့်မားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
" ယဲ့ဖန်၊ တောင်းပန်ပါတယ်။ အဲ့ဒီလူရဲ့ ပန်းလိုစကားတွေမှာ လှည့်စားခံခဲ့ရပြီး ဆံထိုးကို သူ့ဆီရောင်းဖို့တောင် အကြံပေးခဲ့မိတယ်။ ရှင် အပြစ်မတင်ဘူး မဟုတ်လား "
အလှလေးရှုသည် အများသောအားဖြင့် သူမ၏ မျက်နှာပေါ်တွင် ထက်မြက်သော အကြည့်မျိုး ရှိသည်။
ယခုအခါ သူမသည် ရုတ်တရက် အမှားကို ဝန်ခံလိုက်သဖြင့် ယဲ့ဖန်က မထိန်းနိုင်ဘဲ ခပ်ဟဟ ရယ်မိသည်။
" မင်း ပေးခဲ့တဲ့ ကတိအကြောင်း ပြောကြရအောင် "
အဆုံးတွင် ရှုကျင်းရှင်းသည် သူမ၏ ကတိကို လေးစားရန် သဘောတူခဲ့သော်လည်း ယဲ့ဖန်သည် သူမထံမှ လိုချင်သောအရာကို မစဉ်းစားနိုင်သဖြင့် သူမကို အကြွေးမှတ်ထားရန်သာ ပြောခဲ့သည်။
သူတို့နှစ်ဦးသည် ခရီးဆက်ကြပြီး မကြာမီတွင် ကျောက်လောင်းကစား စင်တာနေရာသို့ ရောက်ရှိလာကြသည်။
ကွင်းကြီးသည် အလွန်ကျယ်ပြီး အနည်းဆုံး ဘောလုံးကွင်း ၃ကွင်း အရွယ်အစားရှိလေသည်။
အထဲတွင် အတော်လေး စည်ကားနေပြီဖြစ်သည်။
အပြင်တွင် အဆင့်အတန်း အမျိုးမျိုးရှိသည့် ကားများ ရပ်ထားသည်။
ယွမ် သောင်းချီမှ သန်းချီတန်သည့် ဇိမ်ခံကားများ ရှိနေသည်။
သူတို့အားလုံးသည် ဒီနေရာသို့ ကျောက်လောင်းကစားလုပ်ရန် ရောက်နေခြင်း ဖြစ်နိုင်သည်။
ယဲ့ဖန်တို့၏ အသွင်အပြင်သည် လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အထူးသဖြင့် အကြည့်များသည် မမလေးရှုကို အဓိက အာရုံစိုက်နေကြသည်။
ဒီနေ့တွင် မိတ်ကပ်မလိမ်းထားသော်လည်း သဘာဝအလှတစ်မျိုးဖြင့် အစွမ်းကုန်လှနေသည်။
မိတ်ကပ်မလိမ်းဘဲဖြင့်ပင် သူမသည် အာရုံစူးစိုက်မှု၏ ဗဟိုချက်ဖြစ်လာနိုင်သည်။
ကံကောင်းထောက်စွာဖြင့် မကြာမီတွင် တစ်စုံတစ်ယောက်သည် လူအုပ်ကြီး၏ အာရုံများအားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။
" ဆရာကြီးလီ ရောက်နေပြီ "ဟူသော ဘယ်ကမှန်းမသိသည့် အော်သံကို ကြားလိုက်ရသည်။
ထိုအသံ ကြားပြီးသည်နှင့် အနီးနားမှ လူများအားလုံး တံခါးဆီသို့ ပြေးသွားကြသည်။
ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးကာ ခန်းမထဲသို့ဝင်လိုက်ကြသည်။
ရှုကျင်းရှင်း လမ်းလျှောက်လာရင်း ယဲ့ဖန်ကို မိတ်ဆက်ပေးသည်။
" ဒီကျောက်လောင်းကစားစင်တာရဲ့ နေရာကို အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲထားတယ်။ အပြည့်အဝ လောင်းကစားနေရာ၊ တစ်ဝက် လောင်းကစားနေရာနဲ့ ပရီမီယံအဆင့်ဆိုပြီး အပိုင်းတွေ ရှိတယ် "
ယဲ့ဖန် ပတ်ပတ်လည်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
အမှန်တိုင်းပြောရလျှင် လောင်းကစားမှုအပိုင်းသည် ပြီးပြည့်စုံသော ကံတရားဟု ပြောနိုင်သည်။
ကံမကောင်းပါက ကျောက်တုံးကြီးတစ်တုံးသာ ရမည်ဖြစ်ပြီး လောင်းကစားနိုင်သည်၊ မနိုင်သည်မှာ ကံတရားအပေါ်တွင်သာ မူတည်သည်။
အခွံ၊ အရောင်၊ အက်ကွဲခြင်းနှင့် အခြားအသေးစိတ်အချက်များမှ အတွင်းကျောက်ရေကို မြင်နိုင်သည်ဟု ပြောသူများလည်း ရှိကြသည်။
ယဲ့ဖန်မှာတော့ ထိုစကားကို အနည်းငယ် သံသယရှိလေသည်။
ထို ကျောက်ပညာရှင်အများစုသည် ကြွယ်ဝစည်းစိမ်အားလုံးကို ဆုံးရှုံးသွားကြရသည်။
ထိုလက္ခဏာများသည် အမှန်တကယ် အသုံးဝင်ပါက လောင်းကစားဖြစ်မှာ မဟုတ်တော့ချေ။
တစ်ဝက် လောင်းကစားနေရာတွင် အနည်းငယ် ဖွင့်ထားသော ကျောက်စိမ်းများဖြင့် ပြည့်နေသည်။
ကျောက်အတွင်းသားများမှာ အနည်းငယ် မြင်နေရ၍ အန္တရာယ်အနည်းငယ် လျော့သွားလေသည်။
ထို့ကြောင့် တစ်ဝက်လောင်းကစားဝိုင်းရှိ ပစ္စည်းများ၏ စျေးနှုန်းသည် မြင့်မားမည်မှာ သေချာသည်။
သို့သော်လည်း လောင်းကစားဧရိယာတွင် အန္တရာယ်များလည်း ရှိနေသည်။
အလွှာကောင်းတစ်ခုကို မြင်နေရသော်လည်း ကျောက်သားတစ်ခုလုံးကို ဖြတ်ဖွင့်ပြီးသည့်အခါ လုံးဝ အသုံးမဝင်တာမျိုးလည်း ဖြစ်သွားနိုင်သည်။
ပရီမီယံအဆင့်လောင်းကစားအပိုင်းတွင် ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့လုံးမှ 'အလွန်အလားအလာရှိ'သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ထားသော ပစ္စည်းများဖြစ်သည်။
ထိုပစ္စည်းများသည် အလွန်စျေးကြီးပြီး လေလံတင်ရန် လိုအပ်သည်။
" ရဲဘော်ယဲ့၊ ဒီနေ့ အနိုင်ရဖို့ ယုံကြည်ချက်ရှိလား "
ရှုကျင်းရှင်းသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။
ရှားရှားပါးပါး ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
" အကြီးအကဲ၊ စောင့်ကြည့်လိုက်ပါ "
ယဲ့ဖန်သည် ချက်ချင်းပင် သူမအား စစ်ရေးအရ အလေးပြုလိုက်သည်။
" ဘာအကြီးအကဲလဲ "
ရှုကျင်းရှင်း ချက်ချင်း မျက်လုံးဝေ့လိုက်သည်။
" ဘာကြောင့်လဲတော့ မသိပေမယ့် ကိုယ့်ကို မင်းက ထိန်းချုပ်တာကို သဘောကျတယ်။ ကိုယ်က နည်းနည်း ဈေးပေါတယ်လို့ မထင်ဘူးမလား "
ယဲ့ဖန်သည် သူ့မျက်လုံးများထဲတွင် ဆိုးညစ်သော အပြုံးတစ်ခုရှိနေသည်။
" ဟုတ်တယ်၊ ဈေးပေါတယ်ထင်တယ် "
ရှုကျင်းရှင်း၏ လှပသော မျက်နှာလေးသည် အနည်းငယ် နီမြန်းသွားပြီး သူမ အမြန်လှည့်ကာ ထွက်သွားခဲ့သည်။
'မင်းထိန်းချုပ်တာကို ခံရတာ ကြိုက်တယ်'ဆိုသည့် စကားအား တွေးလျှင် အများကြီး ကျယ်ပြောနိုင်သည်။
ဒါက အရိပ်အမြွက်လား။
ထိုအချိန်မှာ တံခါးဝ၌ ဆူညံသံတွေကို ကြားလိုက်ရသည်။
ထို့နောက် လူအုပ်ကြီးသည် လူငယ်တစ်ဦးကို ခန်းမထဲသို့ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် ထိုလူငယ်လေးကို တွေ့သောအခါ တစ်ယောက်ကိုတစ်ယောက် ချက်ချင်း ကြည့်လိုက်ကြသည်။
အမှန်တွင် ထိုလူငယ်သည် ယဲ့ဖန်ဆီမှ ရွာဝင်ပေါက်၌ ဆံထိုးတောင်းခဲ့သူဖြစ်သည်။
" ဒီမှာ ဆုံနိုင်တာ တကယ်ကို ကံကြမ္မာပဲ "
ယဲ့ဖန်၏ မျက်နှာပေါ်တွင် ရယ်မောသောအပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
" ဒါက ရန်သူတွေအတွက် ဆုံဖို့ လမ်းကျဉ်းလွန်းလို့ ထင်တယ် မဟုတ်လား "
ရှုကျင်းရှင်းသည် သူ့ကို စနောက်ကျီစယ်လေသည်။
သူမ ထိုသို့ပြောရသည့် အကြောင်းရင်းမှာ ထိုလူငယ်သည် သူတို့နှစ်ယောက်ကို မြင်ဖူးသော်လည်း သူ့အကြည့်တွေမှာ ဖော်ရွေနေခြင်း မရှိ၍ ဖြစ်သည်။
ယဲ့ဖန်က သူ့ကို စိတ်မ၀င်စားချေ။
လူအုပ်ထဲသို့ မဝင်သည့် လူတစ်ယောက်ကို ဆွဲမေးလိုက်သည်။
" ညီအစ်ကို၊ ဒီလူက ဘာလုပ်တာလဲ။ သူက လူတိုင်းကြားမှာ အတော်လေး ရေပန်းစားပုံပဲ "
ထိုလူက သူ့ကို ကြည့်လေသည်။
" မင်း သူ့ကိုတောင် မသိဘဲ ကျောက်လောင်းကစားစင်တာကို လာရဲတာလား "
ယဲ့ဖန်သည် သူ့စကားကြောင့် ရွှင်မြူးသွားသည်။
" သူ့ကို မလေးစားရင် ပင်လယ်ထဲက ထွက်လို့ မရနိုင်ဘူးလား "
ထိုလူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဒီလိုမျိုးပဲ။ သူ့အမည်က မကြာသေးတဲ့ နှစ်တွေအတွင်း ရှေးဟောင်းလောကမှာ အရည်အချင်းအရှိဆုံးဖြစ်လာတဲ့ လူငယ်ပညာရှင် လီရွေ့ပဲ "
ယဲ့ဖန် မသိစိတ်က သူ့နှာခေါင်းကို ထိလိုက်သည်။
" ကျွန်တော်က အရည်အချင်းအရှိဆုံးတစ်ယောက် မဟုတ်ဘူးလား "
ရှုကျင်းရှင်း သူမပါးစပ်ကို အုပ်ပြီး ရယ်နေရုံကလွဲလို့ မတတ်နိုင်ချေ။
ဒီတစ်ယောက်က တကယ်ကို ရွဲ့တတ်တာပဲ။
ထိုလူက သူ့ကို စိုက်ကြည့်နေသည်။
" မင်းကိုယ်မင်း သူနဲ့ နှိုင်းလို့ရမလား။ သူက ငယ်ပေမယ့် ရှေးဟောင်းပစ္စည်းလောကမှာ နာမည်ကြီးနေပြီ။ ရှေးဟောင်းဆရာတော်တော်များများကလည်း သူ့ကို ရှုံးနိမ့်ကြောင်း ဝန်ခံထားကြတယ် ....... "