အပိုင်း ၈၀၁-၈၀၄
Vol. 41 Ch. 801-804
အပိုင်း ( ၈၀၁ )
ဆရာကြီးလီ၏ စိန်ခေါ်မှု
ထိုလူကြီး၏ မြှောက်ပင့်မှု မပြီးခင် လီရွေ့၏ အမာခံပရိတ်သတ်များမှာ သူ့အား မြှောက်ပင့်ကြတော့သည်။
" ဆရာကြီးလီက ရှေးဟောင်းပစ္စည်းမှာတင် မဟုတ်ဘူး။ သူက ကျောက်စိမ်းတုံးလောကမှာလည်း နက်နဲတဲ့ အသိပညာရှိတယ် "
" အမှန်ပဲ အရင်နှစ် ကျောက်လောင်းစင်တာတုန်းက အကြောင်းကို အခုထိ မမေ့နိုင်သေးဘူး။ လီဆရာကြီးက ကျောက်ရိုင်းပုံထဲကနေ ထိပ်တန်းအဆင့်ရှိ တော်ဝင်ကျောက်စိမ်းကို ရွေးလိုက်တာလေ။ ကျောက်မျက်ရတနာ ဝယ်တဲ့သူက မိုးလောက်မြင့်တဲ့ဈေး သန်း၁၂၀နဲ့ ဝယ်သွားတယ် "
" ဟုတ်တယ်။ လီဆရာကြီးက ဒီအခွင့်အရေးကိုယူပြီး ကျောက်လောင်းကစားလောကမှာပါ နတ်ဘုရားအသွင်ယူတော့မှာကွ။ စဉ်းစားကြည့်ရင်တောင် သွေးတွေ ပွက်ပွက်ဆူလာပြီ "
" ဒါပေမဲ့ ဆရာကြီးလီက ပိုက်ဆံတွေကို နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ သူက ပိုက်ဆံတွေ အားလုံးကို လှူပစ်ခဲ့တာ။ သူရဲ့ ခွန်အားနဲ့ စိတ်ဓာတ်အခြေခံက အရမ်းကို လေးစားဂုဏ်ယူစရာပဲ "
" လီဆရာကြီးရဲ့ မိသားစုက အရမ်းချမ်းသာတယ်။ ကျောက်စိမ်းတွေ ရှေးဟောင်းပစ္စည်းတွေနဲ့ ကစားတာက သူ့ရဲ့ ဒီအတိုင်း ဝါသနာသပ်သပ်ပဲ "
" ဝါသနာကိုတောင် တကယ့်ပညာရှင်တွေနဲ့ တန်းတူမက မြင့်တဲ့ အနေအထားရှိဖို့ဆိုတာက ဖြစ်တောင် မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား "
" ဒီလို ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ကြီးရှင်တွေက နှစ်တစ်ရာမှာတောင် တစ်ခါ ပေါ်လာနိုင်တာ မဟုတ်ဘူး။ ဒီလိုအခြေအနေက ငါတို့ နားလည်နိုင်တဲ့ အနေအထား မဟုတ်ဘူး ....... "
လူတိုင်းသည် တွန့်တိုခြင်းမရှိ ချီးကျူးမြှောက်ပင့်နေကြပြီး လီရွေ့အား ကမ္ဘာတင် ပြိုင်ဘက်မရှိသူအဖြစ် တင်စားနေကြသည်။
ယဲ့ဖန်သည် နားထောင်ပြီးသည့်နောက် ခေါင်းကိုလှည့်ပြီး ရှုကျင်းရှင်းကို တိုးတိတ်စွာ ကပ်ပြောသည်။
" ကိုယ်နဲ့ယှဉ်ရင် သူက နိမ့်သေးတယ်၊ ဟုတ်တယ်မလား "
ရှုကျင်းရှင်း ပြုံးပြီး ယဲ့ဖန်ကို စနောက်ရန် ပြင်လိုက်သည်။
သို့သော် ယဲ့ဖန်၏ စနောက်သော စကားများကို လီရွေ့၏ ဦးနှောက်ပျက်မတတ် အမာခံပရိတ်သတ်အချို့ကလည်း ကြားလိုက်ကြသည်။
" ဘယ်ကောင်က ဒီလောက်တောင် အရှက်မရှိနေတာလဲ။ လီဆရာကြီးက မင်းထက် နိမ့်ကျတယ်လို့ ပြောရဲသေးတာလား "
" ဒီလောက် စကားကြီး စကားကျယ်တွေ ပြောနေတာ ပါးစပ်ပုတ်နေဦးမယ် "
" ဟားဟားဟား၊ ဝမရှိဘဲ ဝိလုပ်ချင်တဲ့ကောင်ပဲနေမှာ။ ဘာတွေ လာဟန်ဆောင်နေတာလဲ။ မင်းကိုယ်မင်း အဲ့လောက် အဆင့်ရှိတယ် ထင်နေလား "
ဆူပူကြိမ်းမောင်းရုံဖြင့် အားမရကြတော့ဘဲ ချက်ချင်း စင်တာထဲရှိလူများ ကြားအောင် အော်လိုက်ကြသည်။
" ဒီမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ကွာခြားချက်ကို မသိတဲ့ကောင်တစ်ကောင် ရှိတယ်။ လီဆရာကြီးက သူ့ဖိနပ်ကို သယ်ဖို့တောင် မတန်ဘူးလို့ ပြောနေတယ် "
ထိုလူ၏ အော်သံသည် ကျောက်ဝိုင်းထဲရှိ လူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်နိုင်သည်။
လီရွေ့ပင် လှည့်ကြည့်လာသည်။
လီရွေ့သည် ထိုလူ၏ ပြောကြားချက်ကို ကြားပြီးနောက် ချက်ချင်း လမ်းလျှောက်လာသည်။
သူ၏ ပရိတ်သတ်များမှာလည်း ပွဲကောင်းတစ်ခု ဖြစ်တော့မည်ဆိုသည်ကို သိကြ၍ အနောက်မှ လိုက်လာကြကာ ယဲ့ဖန်တို့ကို မောက်မာသော အကြည့်ဖြင့် ကြည့်ကြလေသည်။
" ဒီကလေးတော့ သေပြီပဲ။ လီဆရာကြီး ဒေါသထွက်ရင် အကျိုးဆက် ပြင်းလောက်တယ် "
" သူက ကောင်းကင်နဲ့ မြေကြီးကြားက ကွာခြားချက်ကိုတောင် မသိဘဲ လီဆရာကြီးကို အထင်သေးလိုက်တာလေ "
" ဒီလိုလူတွေကို ငါအများကြီး တွေ့ဖူးတယ်။ သူတို့က ဒီလို နာမည်ကြီးဆရာကြီးတွေကို လိမ်စားချင်ကြတာ။ သူတို့ရှုံးသွားရင်တော့ ကိစ္စမရှိဘူး၊ နိုင်သွားရင်တော့ နေ့ချင်းညချင်း နာမည်လုသွားကြမှာ "
" ဟားဟား၊ ဆရာကြီးလီကို နိုင်ဖို့ဆိုတာ အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲဖြစ်မှာ ....... "
" သူ့ကို ရှုံးအောင် လုပ်ပြီး မိဘတွေဆီ ငိုပြေးအောင် လုပ်ပစ်မယ် ...... "
လူတိုင်းမှ ပြောဆိုနေကြစဉ်တွင် လီရွေ့သည် ယဲ့ဖန်ရှေ့သို့ ရောက်လာလေ၏။
" ဒါက တကယ်ကို ရေစက်ပဲ။ ငါတို့ ဒီမှာလာတွေ့တာဆိုတော့ "
ယဲ့ဖန်သည် သူ့လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် လီရွေ့ကို ကြည့်လိုက်သည်။
" မင်္ဂလာပါ၊ လီဆရာကြီး ....... "
ယဲ့ဖန်မှ ခေါ်လိုက်သည့် 'လီဆရာကြီး'ဟူသော အခေါ်အဝေါ်တွင် လှောင်သည့် အသံနေအသံထားရှိနေသည်။
လီရွေ့၏ ပရိတ်သတ်များမှာ ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားကြသည်။
ဒီကောင်က ဆရာကြီးလီကို လုံးဝ မလေးစားဘူးဘဲ။
လီရွေ့ ကိုယ်တိုင်ပင် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။
သူသည် ငယ်စဉ်ကတည်းက ရှေးဟောင်းပစ္စည်းများ၏ သခင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
သူ ဘယ်ကိုပင်သွားစေ သူ့ကို လေးစားကြသည်။
အခုအခါ သူ့အား အဖြစ်မရှိသူတစ်ဦးမှ မထီမဲ့မြင် ပြုနေလေသည်။
ဒါကို သူ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။
ထိုကောင်လေးသည် ရှေးဟောင်းပစ္စည်းများအပေါ် အမြင်ကောင်းရှိသည်ကို ဝန်ခံရပေမည်။
ဆံထိုး၏ မူလဇာစ်မြစ်ကို ထိုကောင်လေးက ပြောပြနိုင်လေသည်။
သို့သော် ကျောက်တုံးလောင်းကစားနှင့် ပတ်သက်ရာတွင် သူ့၌ ပြိုင်ဘက်မရှိဟု သူ ယုံကြည်သည်။
" ဒီလိုဆိုရင်ရော ဘယ်လိုထင်လဲ။ နှစ်ကျော့လောက် လောင်းကြမလား "
လီရွေ့သည် အချိန်မဖြုန်းချေ။
သူသည် ယဲ့ဖန်အား တန်းပြီး စိန်ခေါ်လိုက်သည်။
" ဘယ်လိုမျိုးလဲ "
ယဲ့ဖန်မှာလည်း နောက်မဆုတ်ဘဲ ချက်ချင်းမေးလိုက်သည်။
" ဒါဆို ဘယ်လိုလဲ။ ငါတို့ တစ်ယောက်စီက လုံးဝ မကွဲသေးတဲ့ ကျောက်ဆယ်တုံးကို ရွေးပြီး တစ်ခုပြီးတစ်ခု ကျောက်ဖြတ်ရမယ်။ နောက်ဆုံးကျ စုစုပေါင်းစျေးကို တွက်ပြီး အမြင့်ဆုံးလေလံဈေး ရတဲ့သူက အနိုင်ရမယ် "
လီရွေ့သည် ယဲ့ဖန်အား စည်းကမ်းချက်များကို ရှင်းပြလေသည်။
ဘေးပတ်ဝန်းကျင်မှ လူများသည် စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။
သူတို့သည် ဒီနေ့အတွက် ထိုကဲ့သို့သော ပွဲကြီးပွဲကောင်းကို မမျှော်လင့်ထားကြပေ။
ယနေ့ ဤနေရာသို့ လာရန် သူတို့ ဆုံးဖြတ်လိုက်ခြင်းမှာ မှန်ကန်သွားပုံရသည်။
ယဲ့ဖန်သည် လီရွေ့ကို တည်ငြိမ်စွာပင် ကြည့်နေသေးသည်။
" နိုင်ရင် ဘာဖြစ်မှာလဲ။ ရှုံးရင်ရော ဘာဖြစ်မှာလဲ "
လီရွေ့မှ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" လောင်းတယ်ဆိုမှတော့ ကြီးကြီး လုပ်ရမှာပေါ့။ ရှုံးတဲ့သူက နိုင်တဲ့သူ ဝယ်လိုက်တဲ့ ကျောက်ရိုင်း တန်ကြေးတွေ ရှင်းရမယ်။ အနိုင်ရတဲ့သူက ၁၀သန်း လေလံဈေးရရင် ၁၀သန်းရှင်းရမယ်။ သန်း၁၀၀ဆိုလည်း သန်း၁၀၀ရှင်းရမယ်။ ဘယ်လိုလဲ။ ကစားရဲလား "
လီရွေ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းမှာ စိတ်လှုပ်ရှားလာတော့သည်။
" ဟ ဒါကြီးက အချီကြီးပဲ။ လီဆရာကြီးရဲ့ လုပ်နိုင်စွမ်းနဲ့သာဆိုရင် သူက သန်းရာချီတန်တဲ့ ကျောက်ရိုင်းတုံးတွေတောင် ရမှာ မဟုတ်ဘူးလား "
" ဒီကလေးက အဲ့လောက်တောင် ငွေပေးဖို့ ပိုက်ဆံရှိလောက်မယ် မထင်ဘူး။ အချိန်ကျလာရင် စကားမပြောင်းမိစေနဲ့ "
" ကြည့်နေတဲ့မျက်လုံးတွေ အများကြီးပဲ။ စကားမတည်ရင် အနာဂတ်မှာ ဒီလို ကျောက်ဝိုင်းထဲကို ခြေချဖို့တောင် မစဉ်းစားနဲ့ "
" ဒီကလေးက ဒီလောက်ကြီးတဲ့ ရိုက်ချက်ကြီးကို မခံနိုင်မှာဘဲ စိုးရိမ်တယ်ကွာ။ ဒါက စကားပဲရှိတာ မဟုတ်ဘူး။ ကြေးအစစ်နဲ့ ကစားပွဲကြီး "
" ဟိုကောင်လေး၊ ယောက်ျားမဟုတ်ဘူးလား။ ခုနကကျ လေကြီးနေပြီးတော့။ အစွမ်းအစရှိရင် စိန်ခေါ်တာ လက်ခံလိုက် "
" ပါးစပ်ပြောပဲ မလုပ်နဲ့။ ယောက်ျားပီပီ တည်ကြည်စမ်းပါ ........ "
ယဲ့ဖန်သည် ထိုလူများ၏ ဆူညံသံများကို မကြားချင်ယောင်ဆောင်လိုက်၏။
သူသည် လီရွေ့ကို တခဏ စိုက်ကြည့်လိုက်သည်။
ထို့နောက် ယဲ့ဖန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
" ဒီလောက်ကြီးထိ သွားချင်တာ သေချာလား "
လီရွေ့သည် ဒေါသကိုဆွရန် တမင် သူ၏ မေးကိုငေါ့လိုက်သည်။
" ဘာလဲ၊ ကြောက်တာလား "
ယဲ့ဖန်သည် နှုတ်ခမ်းကို မဲ့ရွဲ့သည့်ပုံစံ ကွေးတက်လိုက်၏။
" ခင်ဗျားကို အဖော်ပြုပေးရတာ ဝမ်းမြောက်စရာပါ။ ဒါပေမဲ့ ရှုံးရင် ပိုက်ဆံပေးဖို့ မလောက်မှာကို စိုးရိမ်မိတယ် "
လီရွေ့ နှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်။
" မပူပါနဲ့၊ ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ မင်းမှာ နိုင်အောင်လုပ်ဖို့ အစွမ်းအစရှိလားဆိုတာ ကြည့်ကြသေးတာပေါ့ "
ယဲ့ဖန်သည် ပို၍ ပျော်ရွှင်စွာပင် ပြုံးလိုက်၏။
" ခင်ဗျားက ချမ်းသာတယ်ဆိုမှတော့ လောင်းကြေးကို နှစ်ဆတိုးလိုက်တာပေါ့။ ကျွန်တော်နိုင်ရင် ခင်ဗျား နှစ်ဆ ပေးချေရမယ် "
လီရွေ့သည် ယဲ့ဖန်၏ မောက်မာသော လေသံကို ကြားပြီး ဒေါသရေမှတ်မှာ ပိုတိုးလာသည်။
" ကောင်းပြီ၊ ဒါဆို ငါကလည်း နှစ်ဆတိုးမယ်။ မင်း အချိန်ကျရင် စကားကို တည်နိုင်ပါစေ "
ယဲ့ဖန် ပေါ့ပါးစွာ ရယ်လိုက်သည်။
" အဲ့ဒီစကား ခင်ဗျားကို ပြောချင်တာ "
လီရွေ့၏ ပရိတ်သတ်များက ဆက်၍ ကျယ်လောင်စွာ အဆက်မပြတ် အော်ပြောကြလေသည်။
" ဒီကလေးက အရမ်းမာန်တက်နေတာပဲ။ သူက ဆရာကြီးလီနဲ့ ပြိုင်တာတောင် လောင်းကြေးနှစ်ဆ တင်ရဲတယ်လား "
" ဟားဟားဟား သူ ခဏနေ ရှုံးရင် ဒီလို ခေါင်းမာနိုင်မှာတောင် မဟုတ်ဘူး "
" လီဆရာကြီးနဲ့ ပြိုင်ရဲတာတဲ့လား။ ဒီကလေးက လီဆရာကြီး ဘယ်လောက်တောင် စွမ်းရည်ရှိလဲဆိုတာ မသိတာပဲ ဖြစ်ရမယ် "
" လီဆရာကြီးရဲ့ ကျောက်ကောင်းကို ရွေးနိုင်တဲ့ စွမ်းရည်က ငါ မြင်ဖူးသမျှထဲ အကောင်းဆုံးပဲ။ ဒီကလေးက လီဆရာကြီးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ "
" သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ "
ရှုကျင်းရှင်းသည် လူတိုင်းမှ ယဲ့ဖန်အား လှောင်ပြောင်နေကြသည်ကို နားထောင်ပြီး အနည်းငယ် စိတ်ရှုပ်လာသည်။
" ရှင်တို့က လီဆရာကြီးကို ဒီလောက်တောင် ယုံနေမှတော့ ဒီလောင်းကြေးထဲ ရှင်တို့ကိုယ်တိုင် ပါကြပါလား "
ထိုစကားကို ကြားပြီး လူတိုင်းမှာ ချက်ချင်း စိတ်ဝင်စားသွားကြသည်။
" ဘယ်လို ပါစေချင်တာလဲ "
ရှုကျင်းရှင်းသည် တည်ငြိမ်စွာဖြင့် ပြောသည်။
" ရှင်တို့ လီဆရာကြီးရဲ့ အကူအညီနဲ့ ရှင်တို့ ကျောက်ရိုင်း ဆယ်တုံးရွေးကြ။ ကျွန်မတို့လည်း နောက်ထပ် ဆယ်တုံးထပ်ရွေးမယ်။ ရှုံးတဲ့သူက နှစ်ဆပေးရမယ်။ စိန်ခေါ်တာကို လက်ခံရဲလား "
လူတိုင်းသည် ထိုစကားကို ကြားပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာများ ဖော်ထုတ်ပြလာကြသည်။
" ဟားဟားဟား၊ ဒီကစားပွဲက စိတ်ဝင်စားစရာပဲ။ ငါ ပါဝင်ချင်တယ် "
" ဒါက ငါတို့ကို ပိုက်ဆံအလကားပေးနေတာပဲ မဟုတ်ဘူးလား။ ငါလည်း ပါမယ် "
" ဒီလောက်ကောင်းတဲ့ကိစ္စ ပထမဆုံး ကြုံဖူးတာပဲ။ ငါ့ပါ စာရင်းထဲမှတ်လိုက် "
" ဒီမိန်းကလေး စိန်ခေါ်တာကို လက်ခံတဲ့သူတိုင်း ငါ့ဆီ စာရင်းလာသွင်းကြ ........ "
ထိုလူအုပ်ကြီးသည် လီရွေ့ကို မျက်စိမှိတ် ယုံစားသည်မှာ ထင်ရှားလေသည်။
ပါဝင်ရန် စိတ်လိုလက်ရ စာရင်းသွင်းကြပြီး စရန်ငွေ ကြိုတင်ချေကြသည်။
လီရွေ့သည် ငြင်းဆိုခြင်းမျိုး တစ်စုံတစ်ရာ မပြုခဲ့ချေ။
သူသည် သူ၏ ပရိတ်သတ်များအား အကျိုးအမြတ်တစ်ချို့ ပေးနိုင်ပါက သူ၏ ခိုင်မာသော ပုံရိပ် တိုးတက်မည်ဖြစ်၍ ဝမ်းသာစွာ ကူညီလိုသည်။
" ကောင်းပြီ၊ ဒါဆို ပြိုင်ပွဲကို စကြတာပေါ့ "
ယဲ့ဖန်မှာလည်း တခြားဘာမှ ပြောစရာမရှိပေ။
ရှုကျင်းရှင်းကို ခေါ်ပြီးနောက် ကျောက်ရိုင်းတုံးများကို သွားရွေးခဲ့သည်။
အမှန်တွင် ယဲ့ဖန်သည် ရွေးစရာပင် မလိုချေ။
လီရွေ့နှင့် စကားပြောနေစဉ်ကတည်းက စနစ်၏ နက်နဲသော စစ်ဆေးခြင်းဖြင့် ရွေးပြီးဖြစ်သည်။
ဘယ်ကျောက်ရိုင်းတုံးများ၌ မည်သို့သော ကျောက်ရည်ကောင်းရှိသည်ကို သိထားပြီးသား ဖြစ်၏။
ယခုအခါ ထိုကျောက်ရိုင်းတုံးများကို ကောက်ယူရန်သာ လိုတော့သည်။
ထို့ကြောင့် ယဲ့ဖန် လုပ်လိုက်သော အပြုအမူသည် မြင်ကွင်းနေရာ၌ ရှိနေသောလူတိုင်းကို အံ့အားသင့်သွားစေသည်။
ယဲ့ဖန်သည် ရှုကျင်းရှင်း၏ လက်သေးသေးလေးကို ဆွဲပြီး ကျောက်ဝိုင်းတစ်လျှောက် လမ်းလျှောက်သွား၏။
သူသည် ကျောက်ရိုင်းတုံးများအား ကြည့်ပင် မကြည့်ဘဲ လက်ညှိုးညွှန်ရွေးလေသည်။
" အဲ့အတုံး ယူမယ်။ အဲ့တာရော၊ ဒီဟာတွေ အကုန်ယူမယ် "
" အဲ့တစ်ခုရော လိုချင်တယ် "
" ပြီးတော့ အဲ့တစ်ခု ....... "
အပိုင်း ( ၈၀၂ )
တကယ့်ဆရာကြီးတွေက ခံစားချက်နောက်ပဲ လိုက်တာ
" ဒီကလေးက ဘာလုပ်နေတာလဲ။ သူက ကျောက်ရိုင်းတုံးတွေကို စစ်မကြည့်ဘဲ ဒီအတိုင်း တန်းရွေးဝယ်နေတာလား "
" ဟားဟားဟား၊ သူက ဆရာကြီးလီကို မနိုင်မှန်းသိတော့ ဒီလို လွယ်လွယ်နဲ့ အလျော့ပေးနေတာ ဖြစ်မှာပေါ့ "
" အနည်းဆုံးတော့ အသိစိတ်လေးရှိသားပဲ။ ဆရာကြီးလီနဲ့ တစ်ယောက်ချင်းယှဉ်ရအောင် သူက တန်လို့လား "
" ဒီကလေးက ဉာဏ်ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဆရာကြီးလီကို ရှုံးရတာက ဂုဏ်ယူစရာပဲ။ ရှုံးရင်တောင် ဆရာကြီးလီရဲ့ လောင်းရိပ်အောက်ကနေ နာမည်ကြီးသွားနိုင်တာပဲ "
" တကယ်ပဲ လီဆရာကြီးကို ရှုံးရတာ ဂုဏ်ယူစရာကောင်းတယ် "
" ဘာပဲဖြစ်ဖြစ် ငါတို့လည်း လီဆရာကြီးရဲ့ အကူအညီနဲ့ ဒီတစ်ခါ ငွေတွေအများကြီး ရတော့မယ်။ ဟားဟားဟား "
" ဒီနေ့ ဒီကိုလာတာ အရှုံးမရှိဘူးဘဲ။ ဘာမှမလုပ်လိုက်ရပဲ တစ်စုံတစ်ယောက်က ပိုက်ဆံလာပုံပေးတာတဲ့လေ ...... "
လူတိုင်း စကားပြောနေစဉ်တွင် ယဲ့ဖန်သည် ကျောက်မျက်ရတနာ အရိုင်းတုံး အတုံး၂၀ကို ရွေးချယ်ပြီးသွားပြီ ဖြစ်၏။
ယဲ့ဖန် ရွေးချယ်ထားသော ကျောက်တုံးအပုံမှာ တောင်အသေးလေးတစ်ခုသဖွယ် အပုံလိုက်ရှိနေသည်။
တစ်ဖက်တွင် လီရွေ့မှာတော့ ကျောက်တုံးများကို ဓာတ်မီးအသေးစားဖြင့် ထိုးကြည့်ပြီး ကျောက်၏ အရောင်ဖြာထွက်မှုမှ ကျောက်အရည်အသွေးကို ခွဲခြားနေသည်။
" လီဆရာကြီး၊ ဟိုကလေးက ရွေးလို့ ပြီးသွားပါပြီ "
ထိုအချိန်တွင် ပရိတ်သတ်တစ်ယောက်မှ လီရွေ့ကို သတိပေးလိုက်သည်။
လီရွေ့ လှည့်ပြီး ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းမှာ အေးစက်သောအပြုံးတစ်ခုအသွင် ကွေးတက်သွားသည်။
" သူ့ကို စိတ်ပူမနေနဲ့။ ဒါက အလျင်နှုန်းကို ယှဉ်ပြိုင်နေတာ မဟုတ်ဘူး။ အဆုံးမှာ ကျောက်ဖြတ်လိုက်ရင် အထဲက ကျောက်ရည်ကို ကြည့်ရမှာ။ သူ့ကို အဲ့မှာ စောင့်ခိုင်းထားလိုက် "
ထိုသို့ပြောပြီး ယဲ့ဖန်တို့တစ်ဖက်ကို အာရုံမစိုက်ဘဲ ဆက်၍ နှေးကွေးစွာ ရွေးချယ်နေလေသည်။
ရှုကျင်းရှင်းသည် အစပိုင်းတွင် ယဲ့ဖန်အပေါ် ယုံကြည်မှု ရှိခဲ့သော်လည်း ယဲ့ဖန်သည် ကျောက်ရိုင်းတုံး အတုံး၂၀ကို ငါးမိနစ်အတွင်း ဆောင်းလေမှ ရွက်ကြွေများရှင်းသကဲ့သို့ ရွေးလိုက်သည်ကို မြင်ပြီး သူမ၏ နှလုံးခုန်သံမှာ စတင် မြန်ဆန်လာရတော့သည်။
" ယဲ့ဖန်၊ ကျွန်မတို့ ပိုပြီး သတိထားရမယ်။ ထပ်ပြီးရှာသင့်တယ် မဟုတ်လား။ ပိုကောင်းတဲ့ ကျောက်တွေရှိနေသေးရင် ဘယ်လိုလုပ်မလဲ "
" မရှိတော့ဘူး။ ကိုယ်ရွေးထားတာ ဒီကျောက်ဝိုင်းစင်တာထဲ အကောင်းဆုံးကျောက်တွေပဲ။ ဒီထက်ပိုကောင်းတာ မရှိတော့ဘူး "
ယဲ့ဖန်သည် ထိုင်ခုံပေါ်၌ ခြေချိတ်ထိုင်လျက် မြင်ကွင်းကို ဇိမ်ကျစွာ ကြည့်နေသည်။
ရှုကျင်းရှင်းသည် ယဲ့ဖန်၏ အရေးမစိုက်သော အကြည့်ကို မြင်ပြီး သူ့ကို အနည်းငယ် နားချရန် လိုအပ်မည်ဟု ခံစားမိလိုက်သည်။
" ယဲ့ဖန်၊ လီရွေ့ကို လူတွေအများကြီးက ဒီလောက် ယုံနေမှတော့ သူ့အရည်အချင်းကို အထင်သေးလို့ မရလောက်ဘူး။ ဂရုမစိုက်မိလို့ ပြဿနာတက်သွားတဲ့အဖြစ်တွေ သမိုင်းမှာ အများကြီးပဲ ....... "
ယဲ့ဖန်သည် သူမ၏ ဆုံးမစကားကြောင့် ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရ၏။
" ဘာလို့ အဘွားကြီးလို ပွစိပွစိ လုပ်နေတာလဲ။ မင်း ကိုယ့်အင်အားကို သိသင့်ပါတယ် "
ရှုကျင်းရှင်း အနည်းငယ် စိတ်ဆိုးသွားရသည်။
သူမသည် သူ့အား စိတ်ပူ၍ အလေးထား ပြောနေခြင်းသာ ဖြစ်သည်။
" ဒါပေါ့၊ ကျွန်မ ရှင့်ကို သေချာပေါက် ယုံပါတယ်။ မယုံရင် ရှင့်ကို ခုနက လောင်းကြေးပိုရအောင် ဝင်ပြောပေးမှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ ....... "
ယဲ့ဖန်သည် သူမ ဆက်ပြောမည့်အရေးအား အကြည့်တစ်ချက်ဖြင့် တားလိုက်လေသည်။
" ဒါပေမဲ့တွေ ထပ်ပြောမနေနဲ့။ ကိုယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ကိစ္စမျိုး ဘယ်တုန်းက လုပ်ဖူးလို့လဲ။ ရလဒ်ကိုသာ စောင့်ပြီး ကြည့်နေလိုက် "
ရှုကျင်းရှင်း ပြောစရာစကား မရှိတော့ချေ။
သူက ဒီလောက်တောင် ပြောပြီးမှတော့ ဘာပြောနိုင်ဦးမှာမလို့လဲ။
သို့သော် ယဲ့ဖန်၏ တွက်ချက်ပုံအား သူမ စိတ်ထဲမှ နားမလည်နိုင် ဖြစ်နေရသည်။
ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့ နှစ်ဦးသား တစ်နာရီကျော် စောင့်ပြီးသည့်နောက် လီရွေ့၏ ရွေးချယ်မှု ပြီးဆုံးသွားရသည်။
လူတစ်စုသည် လက်ထဲတွင် ကျောက်ရိုင်းတုံးများကို ပွေ့လျက် လျှောက်လာကြသည်။
" ပြိုင်ပွဲကို ဒီလောက်အစောကြီး အရှုံးပေးလိုက်တာလား "
လီရွေ့သည် ယဲ့ဖန်ရှေ့သို့ လျှောက်လာပြီးနောက် လှောင်ရယ်သော အသံနေအသံထားဖြင့် ပြောလိုက်၏။
" ဘယ်သူက အရှုံးပေးလို့လဲ "
ယဲ့ဖန် သူ့ကို စူးရဲစွာ ကြည့်လိုက်သည်။
" ကျောက်တွေကို ရွေးတာ ငါးမိနစ်လောက်ပဲ အချိန်ယူလိုက်တာကို ငါ မြင်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်တာပဲ မဟုတ်ဘူးလား "
လီရွေ့သည် သူ၏ အထင်သေးခြင်းကို ဖုံးကွယ်မထားချေ။
" ဆရာကြီးအစစ်တွေက သူတို့ရဲ့ ခံစားချက်နောက်ကိုပဲ လိုက်တာ။ အပိုတွေလုပ်နေတဲ့သူတွေကတော့ အရူးတွေကို လှည့်စားနိုင်မှာပေါ့ "
ယဲ့ဖန်သည် နောက်ဆုတ်မနေဘဲ ပြန်ပြောလိုက်သည်။
သူ၏ စကားများသည် လီရွေ့၏ ပရိသတ်များကို ချက်ချင်းပင် ဒေါသထွက်စေခဲ့သည်။
" ဒီကလေးက မောက်မာလွန်းတယ်။ သူက ဆရာကြီးလီကို ဒီလိုမျိုး ပြောရဲတဲ့ သတ္တိရှိတယ်လား "
" ငါတောင် သည်းမခံနိုင်တော့ဘူး။ ဒီနေ့ ထိရောက်တဲ့ သင်ခန်းစာ မပေးရရင် ဒီဒေါသကို မျိုချနိုင်မှာ မဟုတ်ဘူး "
" ဒီကလေးကို အရင် ခေါင်းမာခိုင်းလိုက်စမ်းပါ။ နောက်ကျ ဒီလိုစကားမျိုး ပြောနိုင်မှာတောင် မဟုတ်ဘူး "
" မာနကြီးလေလေ၊ အကျိုးဆက်ကြီးလေလေပဲ။ ဆရာကြီးလီက ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ နောက်ကျ သိသွားမှာပါ "
" ဆရာကြီးလီ၊ သူ့ကို ပြောမနေနဲ့။ လူစကားနားလည်မှာ မဟုတ်ဘူး။ ကျောက်ကိုပဲ အမြန်ဖြတ်လိုက်ကြရအောင်။ မစောင့်နိုင်တော့ဘူး "
" ဟုတ်တယ်၊ ဆရာကြီးလီရဲ့ ခွန်အားကို ထပ်ပြီး တွေ့ချင်နေပြီ .......... "
လီရွေ့သည် လူတိုင်း၏ ဆွေးနွေးမှုကို နားထောင်ပြီးနောက် ယဲ့ဖန်နှင့် ဆက်လက်အငြင်းမပွားတော့ပေ။
" ကောင်းပြီ၊ ဒါဆို ကျောက်ဖြတ်တဲ့နေရာကို သွားပြီးတော့ ကျောက်တွေကို အရင်ဖြတ်ပြီး စစ်မှန်တဲ့ ခွန်အားက ဘာလဲဆိုတာ လူတချို့ မြင်အောင် ပြကြမယ် "
ထိုသို့ပြောပြီးနောက် ပရိတ်သတ်တစ်စုကို ဦးဆောင်ကာ ကျောက်ဖြတ်စက်ရှိရာဆီသို့ သွားခဲ့သည်။
လီရွေ့ကဲ့သို့ ဆရာကြီးတစ်ယောက်အတွက် ကိုယ်တိုင် ဖြတ်တောက်ရန် မလိုသည်မှာ သဘာဝကျလေသည်။
သူသည် ကျောက်တုံးပေါ်တွင် မျဉ်းတစ်ကြောင်း ဆွဲပေးရန်သာ လိုလိုက်ပြီး သူ့အတွက် ကျောက်ဖြတ်ပေးချင်သူများမှာ အပြေးအလွှား ဝန်းရံလာပေသည်။
ယဲ့ဖန်သည် လီရွေ့၏ ကျောက်အတွင်းမှ ကျောက်ရည်ကို သိထားပြီးဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်သည် ကျောက်ဖြတ်သည်ကို ကြည့်ပေးရန်ပင် ပျင်းလွန်းလှသည်။
သို့သော် ရှုကျင်းရှင်းမှာတော့ ထိုင်မနေနိုင်တော့ဘဲ ကျောက်ဖြတ်ပွဲကို ကြည့်ရန် ထွက်သွားခဲ့သည်။
စူးဝါးသော ကျောက်ဖြတ်သံ ထွက်ပေါ်လာ၍ အရှေ့ဆုံးမှ လူအနည်းငယ်သည် နားရွက်များကို ဖုံးအုပ်ထားသော်လည်း ကျောက်အရည်အသွေးကို စစ်ဆေးရန် ခေါင်းကိုတော့ အစွမ်းကုန် မော့ကြည့်နေကြသည်။
ပွဲကြည့်သူအများစုမှာ သူတို့၏ အကျိုးစီးပွားနှင့် ဆက်စပ်သူများလည်း ပါနေ၍ အတော်လေး စိတ်ဝင်စားနေကြသည်။
ထိုအချိန်၌ ရှေ့ဆုံးတန်းတွင် ကြည့်နေသော လူများထဲမှ တစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
" အစိမ်းရောင်မြင်တယ် "
ကျောက်ခွဲသည့် နေရာတစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။
" မြန်မြန်ပြော၊ ကျောက်ရည်က ဘယ်လိုလဲ "
သူ့အနောက်ရှိ လူများက တိုက်တွန်း မေးလေသည်။
ကျောက်တုံးဖြတ်ရာ၌ တာဝန်ရှိသူသည် စက်ကို ရပ်လိုက်ပြီး ကျောက်အတွင်းမှ အမှုန်များ လွှင့်စင်စေရန် ခေတ္တ စောင့်လိုက်သည်။ ထို့နောက်မှ စက်အဖုံးကို ဖွင့်ပြီး ဘတ်စကက်ဘောအရွယ်လောက်ကြီးသည့် ကျောက်စိမ်းတုံးကြီးကို ထုတ်လိုက်တော့သည်။
ကျောက်အတွင်းရှိ ကျောက်စိမ်းရည်သည် အလွန်ကြည်သည်ကို မြင်နေရပြီး ရေခဲအပိုင်းအစတစ်ခုကဲ့သို့ ဖြစ်နေသည်ကို လူတိုင်း မြင်ကြသည်။
" ရေခဲသားကျောက်စိမ်းပဲ "
ရှေ့ဆုံးတန်းမှ တစ်စုံတစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။
" အမလေး ဘုရား၊ တကယ်ပဲ ရေခဲသားကျောက်စိမ်း အမျိုးအစားလား။ ပြီးတော့ အရွယ်အစားက ကြီးလွန်းတယ်လေ။ တကယ်ကို ရှားလွန်းတဲ့ အနေအထားပဲ "
" လီလူကြီးမင်းက တကယ်ကို ထူးခြားလွန်းတယ်။ ပထမဆုံးပွဲထွက်ကတင် ရေခဲသားကျောက်စိမ်းဖြစ်နေပြီ "
" ကျောက်ရည်ထဲမှာ အပွင့်ရာတွေ ရှိပြီးတော့ နည်းနည်းအနာအဆာရှိပေမဲ့ ဈေးက လုံးဝ သေးမှာ မဟုတ်ဘူး "
" ထပ်ဖြတ်ကြရအောင်။ အထဲမှာ ကျောက်ရည် ဆက်ရှိနေသေးရင် တန်ဖိုးကတော့ ဖြတ်မရအောင် ကြီးနေမှာပဲ "
လီရွေ့၏ ကျောက်ရွေးနိုင်မှု လောင်းကစားအပေါ် လူတိုင်းက မှင်သက်နေကြသည်။
ကျောက်အရည်အသွေးကို ကျောက်ရည်ဖြင့် ဆုံးဖြတ်လေသည်။
ပဲစေ့၊ ကျောက်စေး၊ ကျောက်စေးရေခဲသား၊ ရေခဲသားနှင့် မှန်သားဟူ၍ အဆင့်ဆင့်ရှိသည်။
အရည်အသွေးမြင့်လေ ကြေးကြီးလေဖြစ်၏။
ကျောက်ရည်ပေါ်မူတည်၍လည်း ဈေးနှုန်းမှာ ကွာခြားသွားနိုင်သေးသည်။
လီရွေ့ရွေးလိုက်သော ကျောက်စိမ်းသည် ရေခဲသားဖြစ်ပြီး ဒုတိယအမြင့်ဆုံး အမျိုးအစားဖြစ်ပြီး မှန်သားထက်သာ ဈေးနိမ့်သည်။
ထိုအချက်မှကြည့်လျှင် လီရွေ့သည် ဆရာကြီးဟူသော ဂုဏ်ပုဒ်ကို ထိုက်တန်စွာ ရရှိထားသည်ဟု ဆိုနိုင်သည်။
ရှုကျင်းရှင်းသည် ရေခဲသားကျောက်စိမ်းကို မြင်ပြီးနောက် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
လီဆရာကြီးက ရေခဲသားကျောက်စိမ်းကို ချက်ချင်း ရနိုင်ခဲ့သည်။
ထိုအချက်က သူမကို အတော်လေး ဖိအားများလာစေသည်။
ယဲ့ဖန်ရွေးထားသော ကျောက်စိမ်းများမှာ အရည်အသွေး မညံ့ရန်သာ သူမ ဆုတောင်းမိတော့သည်။
ထိုအချိန် တစ်စုံတစ်ယောက်မှ ရုတ်တရက် စတင် လေလံဆွဲလေသည်။
" လီဆရာကြီး ကျောက်တုံးကို ဆက်ဖြတ်မနေနဲ့တော့။ ကျွန်တော် ၁သန်းပေးဝယ်မယ် "
" ဒီလောက်ကြီးတဲ့ ရေခဲသားကျောက်ကို ၁သန်းတဲ့လား။ အိပ်မက်မက်နေလိုက်။ ၁.၅သန်း ပေးမယ် "
" ဘာတွေ တွေးနေကြတာလဲ။ တစ်ဖြတ်တည်းနဲ့တင် အစိမ်းရောင်က စိုနေတာကို ၁.၅သန်းတည်းနဲ့ လိုချင်ကြသေးတာလား။ ၂သန်းပေးမယ် "
" ၃သန်း ပေးမယ် .... "
လူတိုင်းသည် ထိုကျောက်စိမ်းတုံးကို ရရန် အလုအယက် ဝယ်ယူကြတော့သည်။
မကြာမီတွင် တစ်စုံတစ်ယောက်မှ ၅သန်းပေးဝယ်ပြီး လေလံကြေးမှာလည်း မြင့်သည်ထက် မြင့်လာရ၏။
ကျောက်ဖြတ်ရန် တာဝန်ယူထားသူသည် လီရွေ့ကို ကြည့်လိုက်သည်။
" လီလူကြီးမင်း ဆက်ဖြတ်ရဦးမလား "
အပိုင်း ( ၈၀၃ )
အတွေ့အကြုံမရှိတဲ့ အသွင်အပြင်
လီရွေ့သည် အခြားသူများ၏ စကားကို လျစ်လျူရှုပြီး ထိုလူကို ခေါင်းညိတ်ပြလိုက်သည်။
" ဆက်ဖြတ်လိုက်။ ဒီပစ္စည်းက ဘယ်လောက်ထိ တန်ကြေးရှိနိုင်မလဲဆိုတာ သိချင်တယ် "
ထိုလူသည် ကျောက်ဖြတ်စက်ထဲသို့ ပြန်ထည့်ပြီး ဆက်လက် လုပ်ဆောင်လေသည်။
လေလံဆွဲရာ၌ ပါဝင်ခဲ့သည့်သူများမှာ နောင်တရသော အမူအရာများ ပေါ်လာကြသည်။
သို့သော် လီဆရာကြီးမှ ပြောပြီးဖြစ်၍ သူတို့သည်လည်း ဘာမှပြောစရာ မရှိပေ။
နားကွဲမတတ် ကျောက်ဖြတ်သံကို ထပ်ကြားရပြီးနောက် ကျောက်ရိုင်းတုံးသည် အလယ်မှ တစ်ဝက်တိတိ ပိုင်းသွားတော့သည်။
ထိုအချိန်တွင် ရှေ့ဆုံးမှ သူတစ်ယောက်က ရုတ်တရက် သက်ပြင်းချလိုက်လေသည်။
" ကျောက် မအောင်ဘူး "
ထိုစကားကို လူတိုင်း ကြားလိုက်သည့်အခါ သူတို့၏ နှလုံးသားများ ချက်ချင်း အေးခဲသွားရသည်။
သူတို့ အံ့ဩနေကြချိန်၌ ကျောက်ကို ဖြတ်နေသည့်သူက ကျောက်ကို စက်ထဲမှ ထုတ်ယူလိုက်သည်။
ဒုတိယတစ်ပိုင်း ဖြတ်ထားသော မျက်နှာပြင်မှာ အဖြူရောင်သပ်သပ်သာဖြစ်နေပြီး အစိမ်းရောင် လုံးဝမရှိချေ။
ထိုကျောက်စိမ်းပေါ်တွင် ပထမဖြတ်ရာ၌သာ ကျောက်စိမ်းအလွှာပါးလေး ရှိနေခြင်းသာ ဖြစ်ခဲ့သည်။
အလွန်ဆုံးအဖြစ် လက်စွပ်၊ နားကပ်စသည်တို့ ပြုလုပ်ရန် အသုံးပြုနိုင်သည်။
ထို့ကြောင့် ထိုကျောက်စိမ်းတုံး၏ တန်ဖိုးမှာ ချက်ချင်းပင် ထိုးကျဆင်းသွားရသည်။
နောက်ဆုံးရလဒ် ခန့်မှန်းတွက်ချက်ပြီးသည့်နောက် ထိုကျောက်စိမ်းသည် ယွမ်၂သိန်းခန့်သာ တန်ကြေးရှိသည်။
ထိုကျောက်ရိုင်းတုံးကို မဖြတ်ခင် ဝယ်ခဲ့သည့်ဈေးမှာ ယွမ်၁သိန်းကျော်ဖြစ်သည်။
ထို့ကြောင့် အမြတ်ပမာဏမှာ အလွန်သေးငယ်လွန်းလှသည်။
တခြားသူများသာဖြစ်ပါက ထိုအမြတ်ငွေမှာပင် အင်မတန် ပျော်ရွှင်စရာဖြစ်သည်။
သို့သော် ဆရာကြီးလီအတွက်တော့ ထိုအဖြစ်မှာ ခြေလှမ်းမှားတစ်ခု ဖြစ်လေသည်။
အစောပိုင်း လေလံဆွဲရာ၌ ပါဝင်ခဲ့ကြသည့် လူအနည်းစုမှာ သူတို့၏ ကံကြမ္မာကို တိတ်တဆိတ် ဝမ်းမြောက်နေကြတော့သည်။
သူတို့သည် သန်းချီသုံးပြီး အမှန်ပင် လေလဲဆွဲခဲ့လိုက်ပါက ကြီးမားသော ဆုံးရှုံးမှုကြီး ကြုံတွေ့ရပေလိမ့်မည်။
လီရွေ့ အနည်းငယ် စိတ်ပျက်သွားသော်လည်း ထိုအဖြစ်ကို အလွန်အမင်း ဂရုမစိုက်ချေ။
ဒါက ပထမဆုံးတစ်ခုပဲ ရှိသေးတယ်။
နောက်ထပ် ကိုးခု ရှိသေးတယ် မဟုတ်လား။
" ဆက်လုပ် "
ကျောက်ကို ဖြတ်သည့်လူမှာ ချက်ချင်း နောက်ထပ် ကျောက်ရိုင်းတစ်တုံးကို ကောက်ယူပြီး ကျောက်ဖြတ်စက်ဆီ လျှောက်သွားလေသည်။
ထိုတစ်ကြိမ်တွင်တော့ လီဆရာကြီးသည် လူတိုင်းကို စိတ်မပျက်စေခဲ့ချေ။
လီရွေ့သည် သူ၏ အရည်အချင်းဖြင့် ကျောက်စေးရေခဲသားကို ကျောက်ရိုင်းတုံးအား ဖြတ်၍ ရရှိခဲ့သည်။
ထို့အပြင် ရရှိထားသော ကျောက်စေးရေခဲသား ကျောက်စိမ်း၏ ကျောက်သားမှာ အတော်လေး ရှင်းသန့်သည်။
ကျောက်စေးရေခဲသားသည် ကျောက်စိမ်းများအနက် ထိပ်တန်းဟု ယူဆနိုင်သည်။
သို့သော် ကျောက်စိမ်းအရွယ်အစားမှာ သေးငယ်နေခဲ့သည်။
သို့ဖြစ်၍ နောက်ဆုံး တွက်ချက်မှုရလဒ်အရ ၁သန်းကျော် ရရှိလေသည်။
လူအုပ်ကြီးမှာ ချက်ချင်း အားပေးသံညံသွားကြသည်။
အထူးသဖြင့် လီရွေ့၏ ပရိတ်သတ်များ ဖြစ်သည်။
သူတို့သည် ပထမဆုံးအကြိမ်၌ ရှုံးနိမ့်ခဲ့သောကြောင့် သူတို့၏ အမာခံစိတ်ဓာတ်မှာ အနည်းငယ် ရိုက်ချခံလိုက်ရသည်။
သို့သော် ယခု နောက်ဆုံး၌ သူတို့ ခေါင်းမော့နိုင်ပြီ ဖြစ်သည်။
ထို့နောက် ဆရာကြီးလီသည် ကျန်ကျောက်ရိုင်းတုံးများကိုလည်း ဖြတ်စေခဲ့သည်။
ကျောက်မအောင်သည့်အတုံး မရှိသလောက်ဖြစ်၏။
အဆုံးတွင် လီရွေ့သည် ယဲ့ဖန်နှင့် ယှဉ်ပြီး ဝယ်ခဲ့သည့် ကျောက်စိမ်းဆယ်တုံးအား ဖြတ်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ၁၅ သန်းခန့် ရရှိခဲ့သည်။
ဆူနာမီကဲ့သို့ အော်ဟစ်သံလှိုင်းများနှင့်အတူ ကျောက်ဖြတ်ကွင်းသည် ချက်ချင်းပင် ဆူညံသွားရသည်။
" လီဆရာကြီးက တကယ်ကို ဆရာကြီး ပီသပါပေတယ်။ သူ့အရည်အချင်းက တကယ် ထူးထူးခြားခြားပဲ။ စုစုပေါင်း ၁၅ သန်းတောင် ရသွားတာ "
" ဒီကျောက်စိမ်း ၁၀တုံးကို ဝယ်တုန်းက စုစုပေါင်း ယွမ် ၁သန်းလောက်ပဲ ကုန်ခဲ့တာကို ငါမြင်တယ် "
" ဆရာကြီးလီကို အရမ်းလေးစားတယ်။ သူက တကယ်ကို နတ်ဘုရားအဆင့်ပဲ "
" ဆရာကြီးလီက သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပြီ။ တစ်ယောက်ယောက်ကတော့ နေမထိထိုင်မသာတွေ ဖြစ်နေတော့မှာပဲ၊ ဟုတ်တယ်မလား "
အားလုံးသည် ယဲ့ဖန်အား လှည့်ကြည့်လိုက်သည့်အခါ ယဲ့ဖန်မှ အံ့ဩနေသည့်အမူအရာ မရှိသည်ကို မြင်ပြီး သူတို့က တဖန်ပြန်အံ့ဩသွားကြရသည်။
ယဲ့ဖန်သည် ထိုရလဒ်အား မျှော်လင့်ထားပြီးဖြစ်သကဲ့သို့ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
" ဒီကလေးက ဒီအချိန်မှာတောင် ငြိမ်ငြိမ်လေး ထိုင်နေနိုင်တာလား။ သူက ရည်မှန်းချက်ကြီးတာ သေချာတယ် "
" သူက သရုပ်ဆောင်နေတာပဲ နေမှာပါ။ သူ့စိတ်ထဲမှာတော့ သေလောက်အောင် ထိတ်လန့်နေလောက်ပြီ မဟုတ်လား "
" ဒါတော့ သေချာတယ်။ လီဆရာကြီးက တစ်ကြိမ်တည်းနဲ့ ကျောက်စိမ်းကို ၁၀သန်းကျော် ရခဲ့တာလေ။ သူ့လိုကောင်က ဘယ်လိုလုပ် ပြိုင်နိုင်မှာလဲ "
" ဟားဟားဟား၊ သူ ဘယ်လောက်ကြာကြာ ဆက်ပြီး သရုပ်ဆောင်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ ........ "
လီရွေ့သည် လူတိုင်း၏ ဆွေးနွေးမှုကို အတိုင်းသား ကြားနေရသည်။
ထိုအခါ သူ့ကိုယ်သူ ပိုဂုဏ်မောက်လာပြီး ယဲ့ဖန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
" ငါ့ရဲ့ ရလဒ်က ၁၅ သန်းလောက်ရှိတယ်။ စံမမီပေမယ့် ဒီလောက်က မင်းကိုယှဉ်ဖို့ လုံလောက်ပါတယ်။ ကျောက်ကိုဖြတ်ဖို့ မင်းအလှည့်ပဲ "
သို့သော် ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက် လီရွေ့၏ ပရိသတ်များကို ညွှန်ပြလေသည်။
" အလျင်မလိုပါနဲ့။ သူတို့တွေရဲ့ ကျောက်တွေကို အရင်ဆက်ပြီး ဖြတ်ကြရအောင် "
လီရွေ့၏ ပရိတ်သတ်များနှင့် ရှုကျင်းရှင်းတို့ကြား၌လည်း လောင်းပွဲ ရှိသည်။
ထိုခွေးတွေက ပျော်ရွှင်စွာ ဟောင်နေကြ၍ ယဲ့ဖန်သည်လည်း ဂရုစိုက်ပေးချင်လာသည်။
လီရွေ့သည် ယဲ့ဖန်မှ ကြောက်ရွံ့နေပြီး တမင် အချိန်ဆွဲနေသည်ဟု ခံစားမိသော်လည်း သူသည် ပေါ့ပါးစွာသာ ပြုံးပြလျက် တခြားဘာမှမပြောတော့ပေ။
လီရွေ့သည် တစ်စုံတစ်ဦးအား ကျောက်ရိုင်းဆယ်တုံးကို ဆက်၍ ဖြတ်ခိုင်းသည်။
အားလုံးသည် စုဝေးနေကြပြီး ယခုအကြိမ်အား အရင်အကြိမ်ကထက် ပို၍ စိတ်လှုပ်ရှားနေကြသည်။
ထိုကျောက်စိမ်းရိုင်းတုံးများကို သူတို့၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်ယူခဲ့ပြီး လီရွေ့မှ သူတို့အတွက် ကူညီရွေးချယ်ပေးခဲ့သည်။
သူတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားနှင့် ဆက်စပ်နေပြီဖြစ်၍ အနည်းငယ် စိတ်ပူနေကြသည်။
သို့သော် သူတို့ လျင်မြန်စွာ စိတ်ငြိမ်သက်သွားကြရသည်။
ပထမဆုံး ကျောက်အား ဖြတ်တောက်ခဲ့ပြီး ယွမ် ၅သိန်းကျော် တန်ကြေးရှိမည်ဟု ခန့်မှန်းရသည်။
ဒုတိယတစ်တုံးမှာလည်း ယွမ် ၄သိန်းကျော် တန်ကြေးရှိကာ တတိယ အတုံးမှာ ယွမ် ၆သိန်းကျော် တန်ကြေးရှိသည် .............
ကျောက်စိမ်းရိုင်း ဆယ်တုံးလုံး၏ နောက်ဆုံး စုစုပေါင်းတန်ဖိုးမှာ ယွမ် ၅သန်းခန့်ဖြစ်သည်။
ထိုဆယ်တုံးသည် ပထမအကြိမ် လီရွေ့ ရွေးခဲ့သော ဆယ်တုံးလောက် အရည်အသွေးမကောင်းသော်လည်း အလွန်ရှားပါးသော ကျောက်စိမ်းများ ဖြစ်နေသေးသည်။
ဤတစ်ကြိမ်၌ လူတိုင်း၏ စိတ်ထဲရှိ လီရွေ့၏ ပုံရိပ်မှာ ပို၍ပင် မြင့်မားလာခဲ့သည်။
ယနေ့တွင် ကျောက် စုစုပေါင်း အတုံးနှစ်ဆယ်ကို ဖြတ်ခဲ့ပြီး အကုန်နီးပါး ကျောက်အောင်လေသည်။
ဤသို့ ပုံမှန်မဟုတ်သည့် ခွန်အားမျိုးမှာ အမှန်ပင် အံ့သြစရာကောင်းလှသည်။
" ဆရာကြီးလီက တကယ် နတ်ဘုရားဆန်လိုက်တာ။ ဈေးက တိုးပြီးရင်း တိုးလာတယ်။ ဒါကို အံ့ဖွယ်လို့ ပြောလို့ရတယ် မဟုတ်လား "
" ဟုတ်တယ်။ အရင်တုန်းက ဆရာကြီး တော်တော်များများကို တွေ့ဖူးပေမယ့် လီဆရာကြီးနဲ့ ယှဉ်လိုက်ရင် သူတို့က အားနည်းသွားတယ် "
" ရွေးလိုက်သမျှ ကျောက်က ကျောက်အောင်မယ်လို့ ဘယ်ဆရာကြီးက ၁၀၀ရာခိုင်နှုန်း ပြောရဲတဲ့ သတ္တိရှိလဲ။ ဒါပေမဲ့ လီဆရာကြီးကတော့ ရွေးလိုက်သမျှ ကျောက်အောင်တယ်ကွ "
" လီဆရာကြီးကိုပဲ ဆရာကြီးလို့ ခေါ်ထိုက်တာ။ တခြားသူတွေကို စိတ်ထဲတောင် ထည့်မနေနဲ့ "
" ငါတို့ ဒီတစ်ကြိမ် သေချာပေါက် အနိုင်ရမှာ။ ဒီကလေး နောက်ကျရင် ဘယ်လိုငိုမလဲဆိုတာ ကြည့်ရအောင် ဟားဟားဟား ...... "
လီရွေ့သည် ယခုအခါ ပို၍ပင် မာနကြီးလာသည်။
သူ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" အခု မင်းမှာ ဆင်ခြေ မရှိတော့ဘူး မဟုတ်လား။ ကျောက်တွေ အားလုံးကို ဖြတ်ပြီးနေပြီ။ ပထမအကြိမ် စုစုပေါင်းတန်ဖိုးက ၁၅ သန်းကျော်နဲ့ ဒုတိယအကြိမ်က ၅ သိန်းကျော်ရှိတယ်။ အခု မင်းရဲ့ ကျောက်တွေကို ဖြတ်ဖို့ အလှည့်ရောက်ပြီ "
ယဲ့ဖန်သည် မျက်နှာပေါ်တွင် အပြုံးမပျက်ချေ။
ဖြည်းညှင်းစွာ ထရပ်ပြီး ကျောက်ဖြတ်ဝိုင်းထဲသို့ လမ်းလျှောက်လာခဲ့သည်။
" အဲ့လောက်ကို တိုးလာတယ် ခေါ်လား။ ခင်ဗျားရဲ့ အတွေ့အကြုံမရှိတဲ့ အသွင်အပြင်ကို ကြိုက်တယ်။ ခဏနေ တကယ် အမြတ်တိုးလာတာ ဘာလဲဆိုတာ ကြည့်ခွင့်ပေးလိုက်မယ်။ ကျောက်ကို ဖြတ်ဖို့ ဘယ်သူ ကူညီပေးချင်လဲ "
ယဲ့ဖန် မေးသည့်အခါ ပတ်ဝန်းကျင်၌ ရှိနေသည့်သူများသည် ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြောင်း သိလိုက်ရသည်။
" ဒါဆိုလည်း ထားလိုက်။ ကိုယ်တိုင်လုပ်မယ် "
စကားပြောရင်း ကျောက်တစ်တုံးကို ကောက်ယူပြီး ကျောက်စက်ရှိရာသို့ လျှောက်သွားသည်။
အပိုင်း ( ၈၀၄ )
ဆက်မဖြတ်ရင် ခွေးမျက်လုံးတွေကို သန့်စင်မပေးနိုင်ဘူး
ယဲ့ဖန်သည် ကိုယ်တိုင် ကျောက်ဖြတ်မည်ကို မြင်ပြီး လီရွေ့၏ ပရိတ်သတ်များက ဘဝင်ခိုက်စွာ ပြုံးလိုက်ကြသည်။
တစ်ဖက်လူသည် သူ့ကိုယ်သူ အရူးလုပ်မိမည်ကို ကြည့်ရပါက သူတို့ အမှန်ပင် ပျော်ရွှင်ရပေလိမ့်မည်။
ထို့အပြင် မည်သူကမျှ ရှေ့ကိုတိုးပြီး မကြည့်ကြပေ။
အဝေးမှသာ အေးစက်စွာ ကြည့်နေကြသည်။
သူတို့၏ အမြင်၌ လက်ရှိ လောင်းပွဲတွင် ဇာတ်ရှိန်တက်စရာအကြောင်း မရှိသည်ဟု ထင်သည်။
ဒီကလေးက ဒီတစ်ခါတော့ ရှုံးကို ရှုံးမှာပဲ။
ကြည့်ဖို့တောင် လိုသေးလို့လား။
ထို့ကြောင့် ရှုကျင်းရှင်းတစ်ယောက်တည်းကသာ ကျောက်ဖြတ်စက်နားသို့ လျှောက်သွားပြီး ကြည့်နေသူဖြစ်သည်။
ပို၍ တိကျစွာ ပြောရလျှင် ယဲ့ဖန်သည် ကျောက်ဝိုင်းသို့ တစ်ကြိမ်သာ ရောက်ဖူးသည်ဖြစ်၍ ကျောက်ဖြတ်စက်ကို ကိုင်တွယ်ရာမှာ အနည်းငယ် အလွဲအချော်ဖြစ်နေခဲ့သည်။
လူအုပ်ကြီး၏ အမြင်မှာတော့ ထိုပုံစံမှာ အပျော်တမ်းသမားတစ်ယောက်၏ အတွေ့အကြုံဖြစ်နေသည်။
" မင်းကိုယ်မင်း အရှက်မခွဲသင့်ပါဘူး။ စောစောစီးစီး အရှုံးပေးလိုက်တာ မကောင်းဘူးလား "
" ဟုတ်တယ်၊ လီဆရာကြီးဆီမှာ ရှုံးရတာက အရှက်ရစရာ မဟုတ်ပါဘူး "
" ငါတို့က သန်း၂၀တန်ကြေးရှိတဲ့ ကျောက်တွေကို ရထားတာ။ မင်းက သန်း၄၀ ပေးရုံပါဘဲ "
" ဟူး၊ အခု ငါ တကယ် နောင်တရနေပြီ။ ခုနက ရှယ်ယာများများ ပါလိုက်သင့်တာ။ ဒါက လမ်းပေါ်က ပိုက်ဆံကောက်ရတာပဲ "
" ဒါတွေအားလုံးက ဆရာကြီးလီကြောင့်ပဲ။ နောက်ကျ အိမ်မှာထားဖို့ လီဆရာကြီးကို အသက်ရှည်စေအဆောင်တစ်ခုခု ပေးရမယ်။ ဒီလို အရည်အချင်းကြီးတဲ့ ဆရာကြီးလီလိုလူက အသက်ရှည်ရှည်နဲ့ လူထုကို အများကြီးအကျိုးပြုနိုင်ဖို့ ဆုတောင်းတယ် "
" လီဆရာကြီးရဲ့ နောက်ကို လိုက်ရတာ မမှားဘူး ..... "
ယဲ့ဖန်သည် သူတို့၏ လှောင်ပြောင်နေမှုကို မကြားသလိုသာ နေခဲ့သည်။
သူသည် ကျောက်ဖြတ်စက်တွင် ကျောက်စိမ်းတုံးကို တင်ပြီး စတင်ရန် ခလုတ်ကို နှိပ်လိုက်သည်။
ချောက်
လွှသည် ကျောက်စိမ်းတုံးကို ဖြတ်လိုက်သောအခါ မီးပွားများ ချက်ချင်း လွင့်စင်လာသည်။
တစ်ချိန်တည်းမှာပင် အအေးခံအရည်အား အပူချိန်လျှော့ချရန် အဆက်မပြတ် ဖျန်းပေးနေပြီး ကျောက်စမှုန်များဖြင့် ပြည့်နှက်သွားသည်။
ရှုကျင်းရှင်းသည် ဘေးနားတွင် ရပ်ကာ ကျောက်ဖြတ်စက်ကိုသာ ထိတ်လန့်စွာ ကြည့်နေလေသည်။
သူမနှင့် လောင်းကစားလုပ်ခဲ့သည့် လူတစ်စုမှ ဖြတ်လိုက်သော ကျောက်များသည် ယွမ် ၅သန်းကျော် တန်ဖိုးရှိသည်။
လောင်းကြေးအရ ရှုံးနိမ့်ပါက နှစ်ဆဖြစ်သည့် ယွမ် ၁၀သန်းကျော်ကို ပေးရမည်။
၁၀သန်းသည် ယဲ့ဖန်ကဲ့သို့ သူဌေးကြီးတစ်ဦးအတွက် ငွေအနည်းငယ်မျှသာ ဖြစ်သည်။
သို့သော် သူမ၏ မိသားစုနောက်ခံအတွက်တော့ ထိုငွေသည် မိုးလောက်မြင့်သော ပမာဏဖြစ်သည်။
သူမ၏အစ်ကို ရှုချန်းမင်းသည် ရာထူးနှင့် အာဏာ မြင့်မားသော်လည်း ဝတ္တရားဖောက်ပြားခြင်း မရှိသူ ဖြစ်ပေသည်။
ထို့ကြောင့် လစဉ်ရရှိသော လစာမှာ အလွန်နည်းလှသည်။
သူမသည် ရှေးဟောင်းပစ္စည်းများကို စုဆောင်းကာ ကျောက်ဝိုင်း လောင်းကစားတွင် ဝါသနာပါသောကြောင့်သာ လွန်ခဲ့သည့်နှစ်များအတွင်း ငွေအနည်းငယ် ရရှိခဲ့သည်။
သို့သော် သူမတွင် ယွမ် သန်းအနည်းငယ်သာ ရှိသည်။
လျော်ကြေးပေးရန် လုံးဝ မလုံလောက်ချေ။
သူမသည် အံ့ဖွယ်ဖြစ်ရပ်များကို ယဲ့ဖန်မှ ဖန်တီးနိုင်မည်ဟု မျှော်လင့်လျက် မျှော်လင့်ချက်များကို ပုံအပ်ထားသည်။
ဒေါက်
ပထမပိုင်း ဖြတ်ပြီးနောက် ကျောက်စိမ်း၏ အပြင်ဆုံးအလွှာမှ ကွာကျပြီး သူမ၏ နှလုံးသားသည်လည်း ချက်ချင်း ခုန်ပေါက်သွားသည်။
ယဲ့ဖန်သည် စက်အဖုံးဖွင့်ပြီး မြူမှုန်များ လွင့်စင်သွားစေရန် စောင့်ဆိုင်းကာ ကျောက်စိမ်းတုံးကို ထုတ်လိုက်သည်။
လီရွေ့၏ ပရိသတ်များက ယဲ့ဖန် ကျောက်ဖြတ်စက်နှင့် ရုန်းကန်နေရသည်ဟု ခံစားမိသော်လည်း သူတို့၏ သိချင်စိတ်ကို မတွန်းလှန်နိုင်၍ လှမ်းကြည့်မိသူ အနည်းငယ်လည်း ရှိနေသည်။
ထို့နောက် သူတို့၏ မျက်လုံးအိမ်များ ချက်ချင်း တုန်လှုပ်သွားရသည်။
" ဟ၊ အရောင်မဲ့ရေခဲသားလား "
ထိုလူ၏ အာမေဋိတ်စကားနောက်တွင် ငြီးငွေ့စွာ စောင့်ဆိုင်းနေကြသော လူတစ်စုမှာ ယဲ့ဖန်နား ဝိုင်းလာကြတော့သည်။
ယဲ့ဖန်၏ လက်ထဲမှ ကျောက်ကို တွေ့လိုက်သည့်အခါ လူတိုင်း၌ တူညီသော အမူအရာဖြစ်နေကာ အံ့ဩနေသည့် အမူအရာများ ရှိနေကြသည်။
သူတို့၏ ကိုယ်ပိုင်မျက်လုံးကိုပင် မယုံနိုင်ကြချေ။
လက်သီးနှစ်ဆုပ်အရွယ် ကျောက်တုံးအား လက်ဖဝါးအရွယ် အပေါက်တစ်ခုကို ဖြတ်လိုက်ရာ အတွင်းဘက်မှ ကျောက်သလင်းကဲ့သို့ ကြည်လင်နေသော ကျောက်စိမ်းမှာ ပေါ်လာသည်။
ကျောက်ရည်နှင့် ပြည့်နေပြီး အရောင်မဲ့ကျောက်စိမ်းဖြစ်သည်။
" ဒါက အရောင်မဲ့ ရေခဲသားအမျိုးအစား ကျောက်စိမ်းပဲ။ နောက်ပြီးတော့ ဒီကျောက်ရဲ့ အရည်အသွေးနဲ့ ကျောက်ရည်က အရမ်းမြင့်တယ် "
" ကျောက်စိမ်းက အစိမ်းရင့်ပဲ။ အရောင်မဲ့ရေခဲသားအမျိုးအစားက အရောင်ပါတဲ့ ရေခဲသားအမျိုးအစားလောက်တော့ မကောင်းပေမယ့် အဲ့တာက ရေခဲသားအမျိုးအစား ဖြစ်နေတုန်းပဲ "
" အဲ့တာက အရင်တုန်းကပါ။ အခုနှစ်တွေအတွင်းမှာ အရောင်မဲ့ရေခဲသားကျောက်စိမ်းတွေရဲ့ ဈေးနှုန်းက အတော်လေး မြင့်လာတယ်။ ဒီလို အရောင်မဲ့ကျောက်စိမ်းမျိုးကို လူတော်တော်များများ ကြိုက်လာကြတယ်လေ "
" အထူးသဖြင့် အခုခေတ်လူငယ်တွေပဲ။ သူတို့အားလုံးက အစိမ်းကို ထင်းလွန်းတယ်ဆိုပြီး အရောင်မဲ့ကျောက်စိမ်းကို ကြိုက်နေကြတယ် "
" ဒီကောင်ရဲ့ကံက တကယ် မဆိုးဘူးဘဲ။ အခု ဒီကျောက်ကနေ သူ ဘယ်လောက် ထုတ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ ....... "
အချို့က ယဲ့ဖန်ကို ချီးကျူးနေကြသော်လည်း သဘောမတူသူများလည်း ရှိနေသေးသည်။
" ဒါက ကျောက်ဖြတ်သားလေး တစ်ခုပဲလေ။ အထဲမှာ ဘာရှိနေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ "
" ဟုတ်တယ်၊ ဆရာကြီးလီလို ပထမအလွှာပဲ ကောင်းနေရင် ဘယ်လိုလုပ်မလဲ "
" ဆရာကြီးလီရဲ့ ကျောက်က အရောင်ပါတဲ့ ရေခဲသားအမျိုးအစားပဲ။ သူ့ကျောက်ထက် အများကြီး ပိုကောင်းတယ် "
" အဲ့ဒီလောက် မာန်တက်မနေနဲ့။ မြန်မြန် ဆက်ဖြတ်။ ကျောက်ရည် ဘယ်လောက် ကောင်းကောင်း ထုတ်နိုင်လဲ ကြည့်ရအောင် ......... "
ရှုကျင်းရှင်းသည် အစပိုင်းတွင် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ထိုလူများမှ အမှန်တရားရေအေးများ လောင်းချပြီးနောက် သူမ အနည်းငယ် ငြိမ်သက်သွားသည်။
" ယဲ့ဖန်၊ ရှင် ဆက်ပြီး ဖြတ်ချင်သေးတာလား "
ဆက်ဖြတ်ပါက အရဲစွန့်သကဲ့သို့ ဖြစ်သွားနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အခွင့်အလမ်းများလည်း ရှိလာမည်ဖြစ်သည်။
လီရွေ့၏ ပထမတစ်ခုကဲ့သို့ ကျောက်အရည်အသွေး ကျသွားနိုင်ဖွယ်ရှိပြီး ကျောက်တန်ဖိုးမှာလဲ အလွန်လျော့ကျသွားမည်ဖြစ်သည်။
အကယ်၍ စျေးတက်လာလျှင် ကျောက်တန်ဖိုးမှာလဲအဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်။
ယဲ့ဖန်သည် သူမကို ပြုံးပြလိုက်သည်။
" ဒါပေါ့ ကိုယ်မဖြတ်ရင် သူတို့ရဲ့ ကန်းနေတဲ့ ခွေးမျက်လုံးတွေကို ဘယ်လိုလုပ် အမှန်တရား ပြပေးနိုင်မှာလဲ "
မကြာသေးမီက ယဲ့ဖန်ကို သဘောကျခဲ့သော သူများမှာလည်း သူ့စကားကို ကြားပြီးနောက် နောက်တစ်ကြိမ် ဒေါသထွက်လာခဲ့ကြသည်။
" သူ့ရဲ့ မာန်တက်နေတဲ့ မျက်နှာထားကို ကြည့်လိုက်ကြဦး။ ဒီကျောက်စိမ်းက အောင်မှာလဲမဟုတ်ပါဘူး။ သူအခုကို ရှုံးစပြုနေပြီပဲ မဟုတ်လား "
" အဟမ်း၊ ဒီကျောက်ရည်က ကောင်းနေခဲ့မယ်ဆိုရင်ရော။ ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ သူက ဒီအဆင့်ထိပဲ ကံကောင်းနိုင်ပြီး သူ့ရဲ့ကံကောင်းမှုတွေ ဆက်မရှိနိုင်တော့တာကိုလေ "
" သူ အစတော့ ကံကောင်းပါတယ်။ ဒါပေမဲ့ သူ့ခွန်အားက ဆရာကြီးလီထက် ပိုသန်မာတာလို့တော့ မထင်ဘူးမလား "
" အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဆရာကြီးလီရဲ့ ဖိနပ်ကိုတောင် သယ်ဖို့ မတန်ဘူး "
" မပြောနဲ့တော့။ ဘယ်လိုဟာသတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်။ ဒီကျောက်က ရှုံးမှာ ဖြစ်နိုင်တယ် "
" မေးစရာရှိလို့လား။ ၁၀၀ရာခိုင်နှုန်း ရှုံးမှာ၊ ဟားဟား ...... "
ယဲ့ဖန်သည် ဆက်လက် ဖြတ်တောက်ရန် ကျောက်ဖြတ်စက်သို့ ပြန်မလာမီ လူတိုင်းကို အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်သေးသည်။
လီရွေ့သည် မျက်နှာပြင်ပေါ်တွင် တည်ငြိမ်နေသော်လည်း အမှန်တကယ်မှာ အနည်းငယ် တုန်လှုပ်သွားရသည်။
ထိုကလေး၌ အရည်အချင်းရှိနေမည်ဟု သူ မမျှော်လင့်ထားချေ။
ပထမအဖြတ်မှာပင် အရောင်မဲ့ရေခဲသားကို အမှန်တကယ် ရလာခဲ့သည်။
သူ မတတ်နိုင်ဘဲ ထိတ်လန့်သွားသည်။
ကျွီ .............
နောက်ထပ် နားအူစေသည့် ဖြတ်သံ ထွက်ပေါ်လာပြန်သည်။
လူတိုင်းသည် သူတို့၏ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ချေ။
ကျောက်စက်ကို ဝိုင်းပြီး ရလဒ်ကို စောင့်နေကြ၏။
ခဏအကြာတွင် ဒုတိယအဖြတ် ပြီးသွားသည်။
ယဲ့ဖန်သည် ကျောက်ဖြတ်စက်၏ အဖုံးကိုဖွင့်ပြီး ကျောက်စိမ်းကို ထပ်မံ ထုတ်ယူလိုက်သည်။
" ဟာ ......... "
အားလုံးသည် ဝိုင်းကြည့်ဖို့ ရှေ့တက်လာကြည့်ကြသည့်အခါ အားလုံး ရင်သပ်ရှုမောသွားကြသည်။
အမလေး၊ ဘုရားရေ။
ယဲ့ဖန်၏ ဒုတိယအဖြတ်သည် ပါးလွှာသောအလွှာတစ်ခုကိုသာ ဖြတ်တောက်လိုက်ပြီး အရောင်မဲ့ရေခဲသား မျက်နှာပြင်များစွာကို ပေါ်လာစေခဲ့သည်။
" ဟာ ဘုရားဘုရား၊ ဒီတစ်ပိုင်းလုံးက တကယ်ကြီး အရောင်မဲ့ရေခဲသားပဲလား။ ဒါကြီးက ဟုတ်ရော ဟုတ်ရဲ့လား "
" တကယ်ကြီး ကျောက်ရှုံးတာ မဟုတ်ဘဲ ဈေးကတောင် ပိုမြင့်လာတာလား။ ဒါက တကယ့် အမြတ်ကြီးပဲ "
" ဘာတွေဖြစ်နေတာလဲ သိကြလား။ ဒီကျောက်စိမ်းက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ကြည့်ရအောင် "
" အခု သေချာ မြင်နေရပြီ။ ဒီပစ္စည်းက အနည်းဆုံး ၅သန်းလောက် တန်တယ် "
ထိုလူမှ ပြောပြီးသည်နှင့် အားလုံး နှုတ်ဆိတ်သွားကြသည်။
လီရွေ့သည် အတုံး၂၀ ဖြတ်ခဲ့သော်လည်း တစ်တုံးတည်းမှ ယွမ် ၅သန်း မရဖူးခဲ့ပေ။
ယဲ့ဖန် ပထမဆုံး ခွဲလိုက်သောပစ္စည်း၏ တန်ဖိုးသည် လီရွေ့ ခွဲခဲ့သော စုစုပေါင်းတန်ဖိုးအားလုံး၏ သုံးပုံတစ်ပုံနီးပါး ဖြစ်လာသည်။
ပို၍ပင် အံ့ဩစရာကောင်းသည်မှာ ယဲ့ဖန် ဖြတ်တောက်ရန် ၁၉တုံး ကျန်နေသေးသည်။
ဤသည်မှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။