← Chapters

နဂါးချိုမြို့

Vol. 68 Ch. 1086

နဂါးချိုမြို့

Vol. 68 Ch. 1086

သော်သော်က မီးဒြပ်စင်ခန္ဓာကို ပိုင်ဆိုင်ထားရာ ထိုထူးခြားသော အခြေအနေတွင် မီးဒြပ်စင် ရင်းမြစ် အပိုင်းအစနှင့် သက်ဆိုင်နေနိုင်ပြီး ချန်လွေ့က [ကောင်းကင်ကုသ] နှင့် ဆေးရည်များကို အသုံးမပြုရဲဘဲ အခြေအနေကို ပိုဆိုးသွားစေမည်ကို စိုးရိမ်နေမိသည်။ အကောင်းဆုံး နည်းလမ်းမှာ မီးဒြပ်စင်ဘုရင် အော့ခ်မာတွန်ကို ရှာဖွေရန်ပင် ဖြစ်လေသည်။

ချန်လွေ့သည် အော့ခ်မာတွန် သို့မဟုတ် မီးဒြပ်စင်ဝိညာဉ်များ၏ အခြေစိုက်စခန်းကို မသိသော်လည်း ထိုနေရာကို သိသောသူ တစ်ဦး ရှိလေသည်။ ထိုသူမှာ လေဒြပ်စင် ဘုရင် ဆက်သ်တိုင်းပင်။ ချန်လွေ့က လေဒြပ်စင်ကောင်များ၏ တိမ်တိုက် နန်းတော်၌ အော့ခ်မာတွန်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။

ချန်လွေ့က အခြေအနေကို နောက်မှရောက်လာသော အသီနာနှင့် ခီရာအား ရှင်းပြခဲ့သည်။ ကတ်သရင်းလည်း ဆက်သွယ်ရေး အဆောင်မှတစ်ဆင့် လီလစ်ဇ်နှင့် ဖရန့်ဇ်တို့ကို ဆက်သွယ်ခဲ့သည်။ နိုင်ငံရေး ကိစ္စများကို ပြန်လည် စီစဉ်ပြီးနောက် သူတို့နှစ်ဦးလုံးက အချိန်မဆွဲတော့ပေ။ ချန်လွေ့က ကျက်သရေမျှော်စင်ကို အသုံးပြု၍ ကတ်သရင်းနှင့် သူ၏ သမီးငယ်ကို [ကြယ်ဂိတ်] မှတစ်ဆင့် တစ်ညလုံး ခေါ်ဆောင်သွားပြီး လူသားလောကရှိ မုန်တိုင်းကျွန်းသို့ ရောက်ရှိလာ၏။

ချန်လွေ့က တိမ်တိုက်နန်းတော်သို့ ချက်ချင်း သွားရောက်ခဲ့သည်။ သူ့ကို စိတ်ပျက်စေသည်မှာ လေဒြပ်စင် ဘုရင် ဆက်သ်တိုင်းက နန်းတော်ထဲ မရှိခြင်းနေပင်။

နန်းတော်ရှိ လေဒြပ်စင်ကောင် လက်ရွေးစင်များ၏ ပြောစကားအရ လေဒြပ်စင်ဘုရင်သည် လွန်ခဲ့သော ရက်အနည်းငယ်က မီးဒြပ်စင်ဘုရင် ဖိတ်ကြားချက်အရ အရေးကြီးသော ကိစ္စများ ဆွေးနွေးရန် မီးလျှံနီ တောင်တန်းရှိ နေမီးလျှံမီးတောင်သို့ သွားခဲ့လေသည်။။

မီးလျှံနီတောင်တန်းမှာ လူသား လောက၏ အနောက်တောင်ဘက်၌ တည်ရှိပြီး နေမီးလျှံ မီးတောင်က လင်းယုန်နီ အင်ပါယာ၏ အဓိက တောင်ကြောများထဲမှ တစ်ခုပင်။

လင်းယုန်နီအင်ပါယာသည် တစ်ချိန်က လူသားလောကတွင် အကြီးဆုံး အင်ပါယာ ဖြစ်ခဲ့ပြီး နယ်မြေ အကျယ်အဝန်းအရ ထိပ်ဆုံး သုံးနိုင်ငံထဲတွင် ပါဝင်ခဲ့သော်လည်း အင်ပါယာဟောင်း၏ နယ်မြေ အများစုမှာ အိမ်နီးချင်းနိုင်ငံဖြစ်သော နဂါးလင်းလက်အင်ပါယာ၏ ပိုင်နက် ဖြစ်သွားခဲ့လေပြီ။ ထိုအရာမှာ နဂါးလင်းလက်အင်ပါယာ၏ ဧကရာဇ်များ မျိုးဆက်ပေါင်းများစွာ စိတ်ရှည် လက်ရှည် စီမံအုပ်ချုပ် ခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။ မူလ လင်းယုန်နီအင်ပါယာက အဆက်မပြတ် ကွဲပြားအင်အားချည့်နဲ့ လာခဲ့ရသည်။ တစ်ချိန်က သိဒ္ဓိ အင်ပါယာ နှစ်ခုနှင့် တန်းတူရှိခဲ့သော ထိပ်တန်းတိုင်းပြည်က တဖြည်းဖြည်း အားနည်းလာခဲ့ပြီး လွန်ခဲ့သော ၁၀နှစ်က နဂါးလင်းလက် အင်ပါယာ၏ လက်အောက်ခံ ဘဝသို့ အပြီးတိုင်ရောက်ရှိကာ ဧကရာဇ် လက်ဇ်၏ ထိန်းချုပ်မှု အောက်သို့ လုံးဝ ကျရောက်သွားခဲ့သည်။

ချန်လွေ့က ရွှေရောင်နယ်မြေ၏ အရှင်သခင် ဖြစ်ခဲ့စဉ်က လင်းယုန်နီ အင်ပါယာအကြောင်း ကြားဖူးခဲ့ရုံသာ ဖြစ်သည်။ ယခုအခါ သူသည် အရှင်သခင် သို့မဟုတ် မင်းသား တစ်ပါး မဟုတ်တော့သည့် အတွက် ထိုအရာများက သူနှင့် မသက်ဆိုင် တော့ချေ။ သူ လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ နေမီးလျှံ မီးတောင်သို့ ချက်ချင်း သွားရောက်၍ မီးဒြပ်စင်ဘုရင် အော့ခ်မာတွန်ကို ရှာဖွေကာ သမီးဖြစ်သူ၏ ‘ရောဂါ’ ကို အမြန်ဆုံးကုသရန်ပင်။

နောက်နေ့နံနက်တွင် ချန်လွေ့နှင့် ကတ်သရင်းတို့က သော်သော်ကို ခေါ်ဆောင်၍ နဂါးလင်းလက် အင်ပါယာ၏ အရှေ့ဘက်ရှိ နဂါးစွယ် မြို့တော်မှ တည်းခိုခန်း တစ်ခုသို့ သွားရောက်ခဲ့ပြီးနောက် အလယ်ရှိ နဂါးချိုမြို့တော်သို့ မြင်းရထားဖြင့် ခရီးဆက်ခဲ့ကြသည်။

“ဖေဖေ၊ မောနေပြီလား...” သော်သော်က ကတ်သရင်း၏ ရင်ခွင်ထဲမှ လှုပ်ရှားပြီး ချန်လွေ့၏ ပါးကို နမ်းလိုက်သည်။ ယခုတွင် ကလေးမလေးက ဖခင်ဖြစ်သူ၏ စူးရှသော မုတ်ဆိတ်မွေးကို ရှောင်ရှား မနေခဲ့ပေ။

“ဖေဖေ ဘာမှ မဖြစ်ပါဘူး။” ချန်လွေ့က သမီးငယ်လေး၏ ဆံပင်နှစ်ခွကို ထိလိုက်သည်။ ယမန်ညက သူသည် ပင်လယ် မြေပုံအတိုင်း တစ်ညလုံး နေရာ ရွှေ့ပြောင်းခဲ့ရသည်။ မရင်းနှီးသော မြေပြင်နှင့် ပင်လယ်ပြင်၏ အနှောင့် အယှက်များကြောင့် သူတို့ လမ်းမှား လုနီးပါး ဖြစ်ခဲ့၏။ ကံကောင်းစွာပင် အချိန်များစွာကြာပြီးနောက် နဂါးစွယ် မြို့တော်၏ တည်နေရာကို ရှာဖွေ တွေ့ရှိခဲ့လေသည်။ ပင်လယ်ခရီး သွားသည့်အခါ သဲလူသားများသာ စစ်မှန်သော လမ်းကျွမ်းကျင်သူများ ဖြစ်ကြသည်။ ချန်လွေ့ကိုယ်တိုင်မှာ ယာယီ ကပ္ပတိန်တစ်ဦးသာဖြ စ်ပြီး ထိုနေရာတွင် မှော်မြေပုံကို အသုံး မပြုနိုင်သောကြောင့် ပင်လယ်မြေပုံ သည်လည်း တိကျမှုမရှိခဲ့ပေ။

ချန်လွေ့၏ စွမ်းအင် ကုန်ဆုံး ရခြင်းမှာ ကျက်သရေမျှော်စင်ကို ထိန်းသိမ်းထားရခြင်းကြောင့် အဓိက ဖြစ်သော်လည်း နဂါးစွယ်မြို့တော်သို့ တစ်ညတည်းနှင့် ရောက်ရှိနိုင်ခြင်းက သင်္ဘောစီးခြင်းထက် များစွာ ပို၍ မြန်ဆန်လှသည်။

သော်သော်သည် လွန်ခဲ့သောညက ကတ်သရင်း နှင့်အတူ ကျက်သရေ မျှော်စင်ထဲတွင် ရှိနေခဲ့သည်။ သူက ရေခဲတမျှ အေးစက်နေဆဲ ဖြစ်ပြီး နိုးတဝက် အိပ်တဝက်အခြေအနေဖြင့် တုန်လှုပ်နေပြီး နိုးမလာခဲ့ပေ။ နေ့ခင်းဘက် နိုးလာသောအခါ သူ၏ အခြေအနေမှာ အတော်လေးကို တိုးတက်လာသော်လည်း တစ်ခါ တစ်ရံတွင်မူ သည်းမခံနိုင်အောင် ချမ်းစိမ့်မှုကို ခံစားနေရဆဲပင်။

“ဖေဖေ။ သမီး ဖေဖေ့ရဲ့ ပခုံးကို နှိပ်ပေးမယ်လေ။” သော်သော်က ချန်လွေ့၏ ကိုယ်ပေါ်တွင် မှီလိုက်ပြီး လက်သီးဆုပ်လေးများဖြင့် သူ့ပခုံးကို ထုပေးလိုက်သည်။

“ဝိုး သော်သော် တော်လိုက်တာ။ ဖေဖေ ရုတ်တရက်ကြီး မပင်ပန်း တော့သလိုပဲ။” ချန်လွေ့၏ စကားကြောင့် သော်သော်က ပို၍ပင် အားထည့်ကာ ထုပေတော့သည်။ သို့သော် ချန်လွေ့က သမီးလေးကို အလွန်အကျွံ အလုပ်မခိုင်းလိုပေ။ သူက တစ်ဖက်လှည့်၍ သော်သော်ကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက် ထားလိုက်သည်။

ချန်လွေ့ ငယ်စဉ်က ဖျားနာခဲ့စဉ် မိဘများ သူ့ကို ဆေးရုံသို့ ချီပိုး ခေါ်ဆောင်သွားခဲ့သည့် မြင်ကွင်းကို ပြန်လည် အမှတ်ရမိသည်။ သူ၏ မှတ်ဉာဏ်ထဲ မိဘများ၏ အသံနှင့် အပြုံးများမှာ အလွန် ဝေဝါးနေခဲ့ သော်လည်း ထွေးပွေ့မှု၏ နွေးထွေးမှု မှာမူ ယခု သူ့အဖြစ် ကဲ့သို့ပင် ရှင်းလင်းနေခဲ့သည်။

ကတ်သရင်းသည် ချန်လွေ့၏ စိတ်ခံစားချက်ကို သိရှိပြီး သူ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင် လိုက်လေသည်။ ချန်လွေ့က ကတ်သရင်းကို ခေါင်းညိတ်ပြ လိုက်သည်။ ထိုအခိုက်အတန့်တွင် သူတို့၏ နှလုံးသားက ရုတ်တရက် တစ်ခုတည်း ပေါင်းစည်းသွားခဲ့၏။

ငါတို့ သမီးလေး နေကောင်း သွားမှာပါ။

မိသားစုဆိုတာ အမြဲတမ်း အတူတူ ရှိနေမှာပါ။

နဂါးလင်းလက် အင်ပါယာနှင့် လင်းယုန်နီ အင်ပါယာ အကြားရှိ နယ်စပ်မြို့မှာ နဂါးတောင်ပံမြို့ ဖြစ်သည်။ နဂါးစွယ်မြို့မှ နဂါး တောင်ပံမြို့သို့ တိုက်ရိုက်သွားခြင်းက အချိန်များစွာ ကြာမြင့်လွန်းသည်။ နဂါးစွယ်မြို့၌ ချန်လွေ့ စုံစမ်း မေးမြန်းခဲ့သည်များအရ အချိန်ကုန် သက်သာဆုံး နည်းလမ်းမှာ နဂါးချို မြို့သို့ အရင် သွားရောက်ရန်ပင်။

အင်ပါယာ၏ ဒုတိယမြောက် ဂရစ်ဖင် ဗိုလ်ခြေဖြစ်သော မိုးကြိုး ဗိုလ်ခြေသည် နဂါးချိုမြို့တွင် တပ်စွဲ ထားလေသည်။ ငွေကြေး သုံးစွဲ၍ အဆက်အသွယ် ရှာဖွေလိုစိတ်ရှိလျှင် စစ်ဘက်သုံး ဂရစ်ဖင်များကို စီးနင်း၍ နဂါးတောင်ပံမြို့သို့ သွားရောက် နိုင်သည်။ ထိုဂရစ်ဖင်များမှာ ကောင်းမွန်စွာ လေ့ကျင့်ထားပြီး မှတ်ဉာဏ်ကောင်းကာ အမြန်ဆုံး ခရီး လမ်းကြောင်းကို အလိုလို ရွေးချယ်နိုင်စွမ်း ရှိကြသည်။

ချန်လွေ့သည် ထိုကဲ့သို့သော ဂရစ်ဖင်များကို သုံးနိုင်မည်ဆိုလျှင် သူ၏ [သရုပ်ခွဲမျက်လုံး] နှင့် ဆေးရည် အမျိုးမျိုးဖြင့် တိုးမြှင့်နိုင်စွမ်းကြောင့် နဂါးတောင်ပံမြို့သို့ သာမန်ထက်ပို၍ ပိုမြန်မြန် ရောက်ရှိ နိုင်လိမ့်မည်ဟု တွေးတောမိသည်။ ငွေကြေးအတွက် စဉ်းစားစရာ မလိုပေ။

ချန်လွေ့က အကောင်းဆုံး မြင်းရထားကို ငှားရမ်းခဲ့ပြီး သုံးရက် အကြာတွင် နဂါးချိုမြို့သို့ ရောက်ရှိ လာခဲ့သည်။

နဂါးချိုမြို့၏ လုံခြုံရေးမှာ အထူး တင်းကျပ်လှသည်။ မြို့ထဲသို့ ဝင်ရန်ပင် တင်းကျပ်စွာ စစ်ဆေးခြင်း ခံရသည်။ အရေးကြီး ပုဂ္ဂိုလ် တစ်ဦးဦးက နဂါးချိုမြို့သို့ ဗိုလ်ခြေ ကိစ္စများ စစ်ဆေးရန် ရောက်ရှိ လာသည်ဟု ဆိုကြ၏။

ချန်လွေ့က ကျက်သရေပြာ အင်ပါယာသို့ လက်ထပ်ရန် သွားရောက်ခဲ့စဉ်က ပစ္စည်းများစွာ ပြင်ဆင်ခဲ့သည်။ သူ့မိသားစုဝင်များ ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်ရာ ကျော်ကြားသော ကုန်သည်ကြီးများ အသင်းမှ ကုန်သည်တစ်ဦး အဖြစ် စစ်ဆေးရေးကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။

မြင်းရထား တည်းခိုခန်းသို့ ရောက်ရှိပြီးနောက် ချန်လွေ့က ဦးစွာ တည်းခိုရန် ဟိုတယ် တစ်ခုကို ရှာဖွေခဲ့သည်။ သူ အပြင်ထွက်ရန် ပြင်ဆင်နေစဉ် သော်သော်က အတူ အပြင်ထွက်ပြီး ကစားလိုကြောင်း ပူဆာလေသည်။ ကတ်သရင်းက သမီးလေးမှာ ရက်အတော်ကြာ မြင်းရထားထဲတွင် နေခဲ့ရသဖြင့် အလွန် ပျင်းနေကြောင်း သိရှိသည်။ သူက ထိုနေရာတွင် မည်သို့ အေးအေးဆေးဆေး နားနေနိုင် မည်နည်း။ ထို့အပြင် သူ၏ စိတ် အခြေအနေ မတည်ငြိမ်ပါက သူ၏ ‘ရောဂါ’ အတွက် အန္တရာယ်ရှိပေမည်။ ချန်လွေ့အား မိုးကြိုး ဗိုလ်ခြေသို့ သွားရောက် စုံစမ်းနေစဉ် သူက ‌သော်သော်ကို ဈေးဝယ်ထွက်ရန် ခေါ်သွားမည်ဟု သူက ပြောခဲ့၏။ ချန်လွေ့ ခဏ စဉ်းစားပြီးနောက် ကတ်သရင်းအား မှော်ဖုန်းတစ်လုံး ပေးလိုက်ကာ အဆက်အသွယ် မပြတ်စေရန် အသုံးပြုနည်းကို သင်ပေးခဲ့သည်။

ထိုကဲ့သို့သော မှော်ဖုန်းမျိုးက နတ်ဆိုးဘုံတွင် ယခင်က မထွက်ပေါ် လာခဲ့ဖူးပေ။ ၎င်းက လူသား လောက၌ သူ ဖန်တီးခဲ့သော အသစ်အဆန်း ပစ္စည်း တစ်ခု ဖြစ်၏။ နဂါးများနှင့် ကျောင်းတော်တို့၏ တွန်းအားပေးမှုကြောင့် မှော်ဖုန်းက ယခုအခါ ရေပန်းစား လာခဲ့လေပြီ။ နဂါးချိုမြို့ကဲ့သို့ နေရာကြီးများတွင် မှော်ဂိမ်း အချက်ပြ မျှော်စင်များကို အခြေခံထားသော သီးသန့် အချက်ပြ ဌာနများ ရှိနေရာ ဖုန်းခေါ်ဆိုမှုများကို ပိုမိုပြတ်သားစေသည်။

ကတ်သရင်းက ပုံမှန်ပင် ဝတ်ရုံနှင့် မျက်နှာလွှားကို ဝတ်ဆင်ထားသည်။ သူက သော်သော်ကို ရင်ခွင်ထဲပိုက်၍ လမ်းပေါ်တွင် လျှောက်လှမ်းနေ၏။ ထိုနေရာရှိ ပြင်းထန်သော အလင်း ဒြပ်စင် စွမ်းအင်က နတ်ဆိုးဘုံ ပတ်ဝန်းကျင်နှင့် ကျင့်သားရနေသော ကတ်သရင်းအတွက် အနည်းငယ် မခံမရပ်နိုင် ဖြစ်စေသော်လည်း သူက နတ်ဘုရား တစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ အချိန် အနည်းငယ် ကြာပြီးနောက်တွင် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။ မစ်-သော်သော်မှာမူ မည်သည့် ထူးခြားမှုကိုမှ မခံစားရဘဲ ပတ်ဝန်းကျင်ရှိ အသစ်အဆန်းများကို ပျော်ရွှင်စွာ ကြည့်ရှုနေပြီး အလွန် ပျော်ရွှင်နေဟန် တူလေသည်။

ကတ်သရင်းက အငွေ့အသက်ကို ချုပ်တည်း ထားသဖြင့် သာမန်လူ တစ်ဦးကဲ့သို့ ထင်ရစေသည်။ သူ၏ စစ်မှန်သော ရုပ်ရည်ကို ဖုံးကွယ် ထားသော်လည်း သူ၏ လျှို့ဝှက် ဆန်းကြယ်ပြီး ကျက်သရေ ရှိသော အသွင်အပြင်နှင့် ရင်ခွင်ထဲမှ ချစ်စရာ ကောင်းသော ကလေးမလေး တို့ကြောင့် အာရုံစိုက်မှု များစွာကို ရရှိနေခဲ့သည်။

“မေမေ၊ ဟိုဟာက ဘာကြီးလဲ။ မွှေးနေတာပဲ။” သော်သော်က ဈေးသည်တစ်ဦး ပြုလုပ်နေသော သကြားလုံး ပန်းပွင့်ကို လက်ညှိုး ထိုးရင်း မေးလိုက်သည်။

လူသား လောကသို့ ပထမဆုံး အကြိမ် ရောက်သော ကတ်သရင်း အတွက်မူ ထိုအရာများက အသစ် အဆန်းများ ဖြစ်နေသည်။ သူက ခေါင်းခါလိုက်သည်။ “သော်သော် ကြိုက်ရင် မေမေ ဝယ်ကျွေးမယ်လေ။”

“မိန်းမလှလေး၊ ချစ်စရာကောင်းတဲ့ ကလေးမလေး၊ ဒါက အထူးပြုလုပ် ထားတဲ့ မှော်သကြားလုံးပါ။ အရသာ လေးမျိုး ရှိတယ်။ တစ်ခုကို သလင်းကျောက်ဖြူ ဒင်္ဂါး ၃ ပြား၊ လေးခုယူရင် ၁၀ ပြားပါ။”

“အရသာ တစ်မျိုးစီ တစ်ခုပေးပါ။” ယခု သော်သော်တွင် မီးဒြပ်စင် ရင်းမြစ် အပိုင်းအစ ရှိနေပြီဖြစ်ရာ ယခင်ကဲ့သို့ အလွန် မဆာလောင် တော့သော်လည်း ကလေးမလေးက သရေစာ စားရသည်ကို နှစ်သက်ဆဲ ဖြစ်သည်။

ကတ်သရင်းက ဧကရီတစ်ပါး ဖြစ်သော်လည်း များသောအားဖြင့် သာမန်လူ ကဲ့သို့ ခရီးသွားလေ့ရှိရာ ငွေအကြွေများ ဆောင်ထားတတ်၏။ သူက သလင်းကျောက်နက် ဒင်္ဂါး တစ်ပြားကို ထုတ်၍ ဈေးသည်အား ပေးလိုက်သည်။

ဈေးသည်၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။ “မိန်းမလှလေး။ ဒီတန်ဖိုးက အရမ်း များလွန်းလို့ ကျွန်တော့်မှာ အကြွေမရှိပါဘူး။”

ကတ်သရင်းက စကားပြောရန် ပြင်လိုက်စဉ်မှာပင် တပ်မက်သော အကြည့် အချို့ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူက ဘေးသို့ လှည့်ကြည့်လိုက်ရာတွင် အဝေး တစ်နေရာမှ လူတစ်စုကို တွေ့ရှိ လိုက်ရသည်။ ထိုထဲမှ လူလတ်ပိုင်း အမျိုးသားတစ်ဦးက သော်သော်ကို စူးစိုက်ကြည့်နေခဲ့သည်။

ပို၍တိကျစွာ ဆိုရလျှင် သူက မီးဒြပ်စင် ရင်းမြစ် အပိုင်းအစကို စိုက်ကြည့်နေခြင်းပင်။

ထိုအချိန်တွင် မီးဒြပ်စင်ရင်းမြစ် အပိုင်းအစကို ချန်လွေ့က အထူး သတ္တု တစ်မျိုးဖြင့် ဖုံးအုပ်ထားကာ မီးအိမ်ပုံစံ ဆွဲသီးငယ် တစ်ခုအဖြစ် ပြုလုပ်၍ သော်သော် လည်ပင်းတွင် ဆွဲပေးထား၏။

“ဆာ-လာဗ်ဒီနို၊ ဆာ-က အဲဒီ အမျိုးသမီးကို သဘောကျတာလား။” တော်ဝင်မျိုးနွယ် တစ်ဦးလို ပုံပန်း သွင်ပြင်ရှိသော လူငယ် တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ “အဲဒီအမျိုးသမီးက ကောင်းကောင်း ဖုံးကွယ်ထားပေမယ့် ထူးခြားတဲ့ အရှိန်အဝါရှိတယ်။ သူက သာမန် မဟုတ်တဲ့ မျိုးရိုးကဆိုတာ ကျွန်တော် တစ်ချက် ကြည့်ရုံနဲ့ သိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မှတ်ဉာဏ် အထဲမှာတော့ နဂါးချိုမြို့ရဲ့ အမျိုးသမီးတွေထဲမှာ ဒီလို လျှို့ဝှက် ဆန်းကြယ်တဲ့ မိန်းမလှမျိုး မရှိဘူး ထင်တယ်။ ဆာနဲ့ စကားပြောဖို့ ကျွန်တော် သူကို ဖိတ်ခေါ် ပေးရမလား။”

“ငါက အဲ့ဒီ အမျိုးသမီးကို စိတ်မဝင်စားဘူး။” လူလတ်ပိုင်း အရွယ် လဗ်ဒီနိုက ခေါင်းခါလိုက် သော်လည်း သူ၏ အမြင်အာရုံမှာ မီးဒြပ်စင် အရင်းအမြစ် အပိုင်းအစမှ မခွာခဲ့ပေ။ “ငါ့မှာ အထူး အာရုံခံ စွမ်းရည်ရှိတယ်။ ဟိုကလေးမလေး လည်ပင်းက ဆွဲကြိုးက အတော်လေး အစွမ်းထက်တဲ့ မီးဒြပ်စင် ရတနာ တစ်ခု ဖြစ်လောက်တယ်။ ဒါကို သာမန် အရုပ်ကစားစရာ တစ်ခုလို သဘောထားနေကြတာ တကယ့်ကို ဖြုန်းတီးရာကျတာပဲ။”

“သြော်... ဒီလိုကိုး။ ဆာ့လို တော်ဝင်မှော်ပညာရှင်တစ်ယောက် သတိပြုမိတဲ့ ပစ္စည်း ဆိုရင်တော့ သာမန် ပစ္စည်း တစ်ခုတော့ မဟုတ်လောက်ဘူး။” လူငယ်က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။ “ဒီလို ဆိုရင်တော့ အဲဒီရတနာကို သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ဖော်နိုင်မယ့် ထိုက်တန်တဲ့ သခင်ဆီ ပြန်ရောက် သွားအောင် လုပ်ပေးပါ့မယ်။”

“ကျေးဇူးပါပဲ...”

“ဆာက နဂါးချိုမြို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။ ကျွန်တော်က အိမ်ရှင် တစ်ယောက် အနေနဲ့ အကောင်းဆုံး ကြိုးစားပေးရမှာပေါ့။ ဒါက သာမန်ကိစ္စလေး တစ်ခုပဲ။ ယဉ်ကျေးစရာ မလိုပါဘူး။”

ထိုအခိုက်တွင် သော်သော်က သကြားလုံးကို မျက်နှာပေါ်တွင် အပြုံးပန်းဝေဆာလျက် တစ်ကိုက် ကိုက်လိုက်၏။ “ကောင်းမှကောင်း။ မေမေလည်း စားကြည့်လေ။”

ထိုသို့ပြောပြီး သော်သော်က ကတ်သရင်း၏ မျက်နှာလွှားကို မတင်ကာ သကြားလုံးကို ခွံ့ကျွေး လိုက်သည်။ တော်ဝင်မှော်ပညာရှင် ဟုခေါ်သော ထိုသူက နတ်ဆိုးအရှင် သခင် အဆင့်သာ ရှိသဖြင့် ကတ်သရင်းက ထိုလူများကို အရေးမစိုက်ပေ။ သူက ပါးစပ်ဟ၍ သကြားလုံးကို တစ်ကိုက် စားပြီး ပြုံးလိုက်၏။ “ဟုတ်တယ် တကယ် အရသာ တယ်။ သော်သော်က အလိမ္မာဆုံးပဲ။ အရသာ ရှိတာရှိရင် မေမေ့ကို သတိရတယ်။”

ကတ်သရင်းက မျက်နှာလွှားကို လျင်မြန်စွာ ပြန်ချလိုက်သော်လည်း လူငယ်က ရင်သပ်ရှုမောဖွယ်ရာ အလှကို တစ်ချက် မြင်လိုက်ရပြီး သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။ သူသည် မူလက အစောင့်များကို သွားခိုင်းရန် စဉ်းစားထားသော်လည်း ချက်ချင်းပင် စိတ်ပြောင်းသွား၏။ “လောကကြီးမှာ ဒီလောက် လှပတဲ့ အမျိုးသမီးမျိုး ရှိနေတာလား။ ဟိုမင်းသမီး ပုလဲ လန်းဘိစ်ကိုတောင် သာမန်ပဲလို့ ပြောရမယ်။ ဆာ-လဗ်ဒီနို။ အဲဒီ အမျိုးသမီးကိုတော့ ကျွန်တော့်ဆီက လုယူလို့ မရဘူးနော်။ ရတနာနဲ့ ကလေးမလေးက ဆာ့အတွက်၊ ဒီအမျိုးသမီးကတော့ သေချာပေါက် ကျွန်တော့်အတွက်ပဲ။”

လဗ်ဒီနို၏ မျက်လုံးများသည် မီးဒြပ်စင်ရင်းမြစ်အပိုင်းအစကိုသာ စူးစိုက်နေခဲ့၏။ သူက ကတ်သရင်း၏ မျက်နှာကို လုံးဝ သတိမပြုမိဘဲ ခေါင်းညိတ်လိုက်သည်။

ကတ်သရင်းက ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရာ မျက်မှောင် ကြုတ်လိုက်မိသည်။ သူ ထွက်သွားရန် ပြင်ဆင်နေစဉ်မှာပင် လူငယ်က လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ “မိန်းမလှလေး။ ကျုပ်က နဂါးချိုမြို့တော်ဝန်ရဲ့ သား ဘော်တူလီပါ။ မိန်းကလေးကို နေ့လယ်စာ သုံးဆောင်ဖို့ ဖိတ်ခေါ်ခွင့် ရနိုင်မလား...”

“တောင်းပန်ပါတယ်။ ကျွန်မမှာ အချိန် မရှိပါဘူး။” ကတ်သရင်းက ထိုသူများ၏ စကားဝိုင်းကို အစော ကတည်းက ကြားသိထားပြီးဖြစ်ရာ တစ်ဖက်လူတွင် မရိုးသားသော ရည်ရွယ်ချက် ရှိကြောင်း သိရှိသည်။ ယခု ချန်လွေ့က ဗိုလ်ခြေသို့ ဂရစ်ဖင်တစ်ကောင် ရရှိရန် ကြိုးစား နေလေသည်။ သော်သော်၏ အခြေအနေက အဓိကဖြစ်ရာ သူ ပြဿနာမဖြစ်လိုပေ။ “ကျွန်မရဲ့ ခင်ပွန်းက သိပ်မကြာခင် ကျွန်မကို လာကြိုတော့မှာ။”

“ခင်ဗျားကို ဘယ်သူက ဖိတ်ခေါ် နေလဲဆိုတာ နားမလည်သေးဘူး ထင်တယ်။” ဘော်တူလီ ဆက်လက် ပြုံးနေလိုက်သည်။ “ကျုပ် ပြောပြီးမှတော့ ခင်ဗျား ငြင်းလို့ မရတော့ဘူး။ ဘာလို့လဲ ဆိုတော့ ကျုပ်က ဘော်တူလီလာ့ခ်နီ မို့လို့ပဲ။ ခင်ဗျားရဲ့ ကလေးနဲ့ ခင်ပွန်းကို ထပ်တွေ့ချင်သေးတယ် ဆိုရင်တော့ လိမ်လိမ်မာမာနဲ့ လိုက်ခဲ့လိုက်ပါ။ မဟုတ်ရင်တော့ သူတို့ကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ပေးလိုက်မယ်။”

“မိုက်မဲလိုက်တာ။” ကတ်သရင်း၏ မျက်လုံးများ ရုတ်တရက် အေးစက် သွားတော့သည်။

All Chapters