← Chapters

လျှပ်တပြက် တိုက်ခိုက်ခြင်း

Vol. 68 Ch. 1100

လျှပ်တပြက် တိုက်ခိုက်ခြင်း

Vol. 68 Ch. 1100

အရိပ်လေပြေ ဘွတ်ဖိနပ်တွင် စွမ်းရည် ၃ မျိုး ရှိသည်။

(၁) [လေလွင့်ပြေး]

လှုပ်ရှားမှု အရှိန်နှင့် အမြန်နှုန်း စွမ်းရည်ကို များစွာ မြှင့်တင်ပေး။ ၎င်းတွင် [မီးပွင့်] စွမ်းရည် ပါဝင်ပြီး အရှိန်ကို နောက်ထပ် သုံးဆ တိုးမြှင့်နိုင်သည်။ [မီးပွင့်]က ၁မိနစ်ကြာ အာနိသင်ပြီး နှစ်ကြိမ် အသုံးပြုနိုင်၏။

(၂) [လေဖမ်း]၊ [အရိပ်ဖမ်း]

[လေဖမ်းခြင်း]

တိုက်ခိုက်မှု အရှိန်ကို နှစ်ဆ တိုးမြှင့်ပေးသည်။ ကြာချိန်မှာ ၃၀ မိနစ်။

[အရိပ်ဖမ်းခြင်း]

တိုက်ခိုက်မည့်ပစ်မှတ်ကို အသေမှတ်နိုင်သည်။ ပစ်မှတ်က မည်သည့်အကွာအဝေး သို့မဟုတ် ရောလွတ်သို့ ထွက်ပြေးသည်ဖြစ်စေ တိုက်ခိုက်မှုကို စတင်နိုင်သည်။ ကြာချိန်မှာ ၃ မိနစ်။

(၃) [လေခန္ဓာ]

ဤအခြေအနေတွင် ပြိုင်ဘက်၏ တိုက်ခိုက်မှု စွမ်းအားကို အသုံးပြု၍ နောက်သို့ လျှောတိုက်သွားမည် ဖြစ်ပြီး ထိခိုက်နိုင်မှုကို များစွာ လျှော့ချပေးသည်။ ကြာချိန်မှာ ၁၀ မိနစ်။

အမှန်တကယ်တွင် ၎င်းတို့မှာ စွမ်းရည် (၄)မျိုးနှင့် ညီမျှသည်။ အားလုံး အသုံးဝင်လှ၏။

ချန်လွေ့က [လေလွင့်ပြေး] ၏ အရှိန်မြှင့်စွမ်းအားကို လေးလေးနက်နက် ခံစားခဲ့ရသည်။ ၎င်းက သူ၏ ကိုယ်ပိုင်အရှိန်ကို သာမက အမြန်နှုန်း၏ ‘စွမ်းရည်’ နှင့် ‘ပါရမီ’ကိုပါ တိုးစေသည်။ ဥပမာ ချန်လွေ့၏ [လေလိုမြန်ဆန်] အရှိန်အဝါက များစွာ အားတိုးသွားရာ သူက တီဇန်နီယာထံမှ ထိုအဆင့်ရှိ ပြင်းထန်သော တိုက်ခိုက်မှုများကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

[မီးပွင့်]မှာ အရေးကြီးသည့် အခိုက်အတန့်၌ လွတ်မြောက်ရန် သို့မဟုတ် အနိုင်ယူရန် အစွမ်းထက် ကျွမ်းကျင်မှုတစ်ခုပင်။

[လေဖမ်း]၏ တိုက်ခိုက်မှု အရှိန်မြှင့်ခြင်းက သာမန်ပစ္စည်းများ ကဲ့သို့ အခြေခံ တိုက်ခိုက်မှုအရှိန်ကို မတိုးမြှင့်ပေးပေ။ ထိုအစား ၎င်းက ကျွမ်းကျင်မှုများ သို့မဟုတ် ပစ္စည်း ကိရိယာများ၏ တိုးမြှင့်မှုအားလုံး ပြီးနောက် အရှိန်ကို တိုးမြှင့်ပေးခြင်း ဖြစ်ပြီး ၎င်းမှာ အချက်အားလုံးကို စုစည်းထားသော စုစုပေါင်း အရှိန်၏ နှစ်ဆဟု အဓိပ္ပာယ်ရပေသည်။

[အရိပ်ဖမ်း]မှာ ပို၍ပင် လျှို့ဝှက် ဆန်းကြယ်သည်။ ၎င်းက ပစ်မှတ်ကို အသေမှတ်ထားနိုင်ပြီး နေရာလွတ် ဖြတ်ကျော် တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည်။ ပြိုင်ဘက်က အခြား နေရာလွတ်သို့ ထွက်ပြေး သွားလျှင်ပင် သူက ဆက်လက် တိုက်ခိုက်နိုင်ပေသည်။ ၎င်းမှာ အတားအဆီးအားလုံးကို ကျော်လွှား နိုင်သော ‘အထူးခြေရာခံဒုံးပျံ’ တစ်ခုပင်။ တိုက်ခိုက်မှု အကြိမ် အရေအတွက်နှင့် ၃မိနစ် ကြာချိန် ကန့်သတ်ချက်တော့ ရှိပေသည်။

[လေခန္ဓာ]က အလွန်ပင် အသုံးဝင်သော အားလျှော့ခြင်းနှင့် ကာကွယ်ရေး စွမ်းရည်တစ်ခု ဖြစ်သည်။

သို့သော် [လေလွင့်ပြေး] မှလွဲ၍ အရိပ်လေပြေ ဘွတ်ဖိနပ်၏ ထိုစွမ်းရည်များကို ၂၄နာရီလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်။

အရိပ်လေပြေ ဘွတ်ဖိနပ်သာ မရှိလျှင် တီဇန်နီယာ၏ ကြောက်စရာ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ချန်လွေ့က [ကြေးမုံခန္ဓာ]၊ [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း] နှင့် [ကြယ်လမ်းလွှဲ] ကဲ့သို့ အသက်ကယ် အစွမ်းများကို သုံးလိုက်ရမည် ဖြစ်၏။

ထိုအစိမ်းရောင် လျှပ်စီးကြောင်း လျှပ်တစ်ပြက် အတွင်း၌ မိမိ၏ လက်သီးပိုက်ကွန်မှ လွတ်မြောက် သွားသည်ကို မြင်သောအခါ တီဇန်နီယာ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ ရှောင်တိမ်းနေရင်း ချန်လွေ့သည် ‘မီးစုစည်းသလင်းကျောက်သဲ’ ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။ တီဇန်နီယာ ခြေကိုတော့လိုက်ပြီး ချက်ချင်းပင် ချန်လွေ့၏ ရှေ့တွင် ပေါ်လာသည်။

ချန်လွေ့က ထိပ်တိုက် ရင်ဆိုင်ရာ၌ ပြိုင်ဘက် မဟုတ်ကြောင်း သိရာ အရှိန်ကို အခွင့်ကောင်း ယူရမည်။ သူ၏ ခန္ဓာကိုယ်ကို ဘေးသို့ ယိမ်းရွှေ့လိုက်ပြီး တီဇန်နီယာကို အစွမ်းကုန် ရှောင်ကွင်းကာ ‘မီးစုစည်း သလင်းကျောက်သဲ’ဆီသို့ လျင်မြန်သော ပစောက်ကွေ့ဖြင့် ပြေးဝင်သွားခဲ့သည်။ သို့သော်လည်း တီဇန်နီယာက သူ့နောက်သို့ တောက်လျှောက် လိုက်ပါလာသည်။ ထိုအရှိန်က [လေလွင့်ပြေး] တိုးမြှင့်မှု ရှိသော ချန်လွေ့ထက် သာနေ၏!

ချန်လွေ့လည်း ထွက်ပြေးရာတွင် ဝါရင့် တစ်ဦး ဖြစ်သည်။ သူက လမ်းလွှဲများ အသုံးပြု ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားနေခဲ့ပြီး အကြိမ်ပေါင်း များစွာ အဖမ်းခံရ လုနီးပါး ဖြစ်ခဲ့သည်။

ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့် [လေလိုမြန်ဆန်]၏ အရှိန်အဝါကို ပေါင်းထည့်ပြီးနောက်တွင် ၎င်းက နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် အရှိန်နှင့် နီးကပ်နေပြီ ဖြစ်သည်။ အရိပ်လေပြေ ဘွတ်ဖိနပ်၏ တိုးမြှင့်စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် ၎င်းက SSSS+ အဆင့်သို့ ရောက်နေသင့်သော်လည်း တီဇန်နီယာက သူ့ထက် ပိုမြန်နေ၏!

ကြောက်စရာကောင်းသော စွမ်းအား၊ ကြောက်စရာကောင်းသော အရှိန်!

တီဇန်နီယာ နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးလိုက်ပြန်သည်။ ယခင်ကထက် ပိုမြန်၏။ ထိုအခိုက် ချန်လွေ့သည် ပြိုင်ဘက်က အရိပ်လေပြေ ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားသည်ဟုပင် အထင်မှား လုနီးပါး ဖြစ်သွားသည်။

ဒေါသူပုန် ထနေသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို စုတ်ဖြဲတော့မည့် အချိန်တွင် ချန်လွေ့၏ အစိမ်းရောင် လျှပ်စီးကြောင်း နောက်တစ်ကြိမ် လင်းလက်သွားပြန်သည်။ သူ၏အရှိန် ရုတ်တရက် သုံးဆ တိုးမြင့်သွားပြီး လက်သီးစွမ်းအား အတိုင်းအတာ အတွင်းမှ ချက်ချင်း လွတ်မြောက် သွားခဲ့သည်။

လေပြေရိပ် ဘွတ်ဖိနပ်၏ [မီးပွင့်]!

နှစ်ဦးသား၏ တိုက်ပွဲမှာ ခုနက အပြန်အလှန် အကြိမ်များစွာ ဖြစ်ပွားခဲ့သော်လည်း အလွန်ပင် မြန်ဆန်သော အရှိန်ကြောင့် တကယ့် အချိန်က ၁မိနစ်ပင် မပြည့်သေးပေ။ ချန်လွေ့ ထိုနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို စိတ်ထဲတွင် စွဲမှတ် ထား၏။ [မီးပွင့်] စွမ်းအားဖြင့် သူက မနီးမဝေးတွင် ပျံဝဲနေသော ‘မီးစုစည်း သလင်းကျောက်သဲ’ ဆီ တဟုန်ထိုး သွားလိုက်သည်။

ထိုအခိုက် အန္တရာယ်ခံစားချက်က နောက်တစ်ကြိမ် ချဉ်းကပ်လာပြီး ချန်လွေ့ တုန်လှုပ်သွားခဲ့လေသည်။ တီဇန်နီယာက [မီးပွင့်]ကို အမှီ လိုက်နိုင်တယ်လား! ဒါက သူရဲ့ တကယ့် အရှိန်လား။

မဟုတ်ဘူး! တီဇန်နီယာက [ယုံကြည်မှုချပ်ကာ]ကိုတောင် မဝတ်ရသေးဘူး!

ဒီမိန်းမက ငါ ကြုံတွေ့ခဲ့ဖူးသမျှ နတ်ဘုရား-ယောင် အထွတ်အထိပ် တွေထဲမှာ အမြန်ဆုံးပြိုင်ဘက်ဆိုတာ သေချာတယ်။ ခွန်အားသက်ကလည်း အသန်မာဆုံးပြိုင်ဘက် ဖြစ်နိုင်တယ်!

ချန်လွေ့က တီဇန်နီယာ၏ လက်သီးချက်ကို ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် လက်သီးချက်ထဲတွင် ယခင်က အသုံးမပြုခဲ့သော အရှိန်အဝါ ပါဝင်နေသည်။ မရေမတွက်နိုင်သော အားကောင်းသည့် အလင်းများက နေရာလွတ် အက်ကွဲကြောင်းများနှင့် အတူ ပစ်လွှတ် ထွက်လာသည်။ ယခုတစ်ကြိမ်တွင် ‘မျဉ်းများ’ အစား ‘မျက်နှာပြင်များ’ အဖြစ်သို့ ပေါင်းစပ် သွားပြီး ချန်လွေ့ကို အဘက်ဘက်မှ ပိတ်ဆို့လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ‘မျက်နှာပြင်များ’က ပို၍ ပို၍ ကြီးမားလာပြီး အလျင်အမြန်ပင် ခေါက်ချိုးသွားကာ ကုဗတုံးနှင့် ဆင်တူသော လုံးဝ ပိတ်ထားသည့် နေရာလွတ်တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။ ချန်လွေ့ ၎င်းထဲတွင် ပိတ်မိသွား၏။ ပြေးစရာ နေရာ မရှိတော့ပေ။

ပိတ်ထားသော နေရာလွတ်ထဲတွင် ထို‘မျက်နှာပြင်များ’က ကြောက်စရာ စွမ်းအားဖြင့် စုစည်းထားသော မရေမတွက်နိုင်သည့် ‘မျဉ်းများ’ကို ပစ်လွှတ်ကာ ချန်လွေ့ဆီသို့ ပြေးဝင်လာသည်။ ၎င်းတို့ ဖြတ်သန်း သွားရာနေရာတိုင်းတွင် အရာအားလုံး ကြေမွသွား၏။ ကုဗတုံး နေရာလွတ် လျင်မြန်စွာ ကျုံ့ဝင်နေခဲ့သည်။

ထိုအရာက သာမန် တိုက်ခိုက်မှု တစ်ခု မဟုတ်ဘဲ တီဇန်နီယာ၏ အန္တိမအရှိန်အဝါထဲမှ တစ်ခုဖြစ်သည့် [အထီးကျန်ကွယ်ပျောက်] ပင်!

အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို ရင်ဆိုင်ရာတွင် ချန်လွေ့ လုံးဝ မရှောင်တိမ်းနိုင်ခဲ့ပေ။ သူ၏ မျက်လုံးများ လင်းလက်သွားပြီး ခန္ဓာကိုယ် ရုတ်တရက် ဖောက်ထွင်း မြင်နိုင်သလိုဖြစ်ကာ အသက်ကယ် တိုက်ကွက်တစ်ခုကို နောက်ဆုံးတွင် စတင်လိုက်ရသည်။

[ကြေးမုံခန္ဓာ]!

တီဇန်နီယာ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ချန်လွေ့ နှင့်အတူ ဗလာနတ္ထိ အခြေအနေသို့ ရောက်သွားသင့်သော ‘ကုဗတုံး’က ထူးဆန်းစွာ တွန့်လိမ် သွားခဲ့သည်။ ‘မျက်နှာပြင်များ’က ‘မျဉ်းများ’ အဖြစ်သို့ ပြန်လည် ပြိုကွဲသွားပြီး သူ့ဆီ ပြန်လာကာ ပတ်ပတ်လည်မှ နေရာလွတ်က ရုတ်တရက် ကြေမွသွား၏။

ထိုကဲ့သို့ တန်ပြန်‘မျဉ်းများ’သည် သူ၏ တိုက်ခိုက်မှုလို နေရာလွတ်ကို မဖျက်ဆီးနိုင်သော်လည်း စွမ်းအားက ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။ သူ့ကို မယုံကြည်နိုင် ဖြစ်စေသည်မှာ နတ်ဘုရား-ယောင်အဆင့် အလယ်အလတ်အဆင့်တွင်ရှိသော ပြိုင်ဘက်က နတ်ဘုရား-ယောင် အဆင့် အထွတ်အထိ တိုက်ခိုက်မှုကို အမှန်တကယ် တန်ပြန်နိုင်ခြင်းပင်!

တီဇန်နီယာ များများစားစား မစဉ်းစားနိုင်ခင်ပင် တန်ပြန်လာသော မရေမတွက်နိုင်သည့် အားကောင်းသော စွမ်းအားများဖြင့် ရစ်ပတ်ခံလိုက်ရသည်။ အနီးအနားမှ နေရာလွတ်က ဖရိုဖရဲနှင့် စတင်၍ ကြေမွလာသည်။ ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော ခုခံမှု စွမ်းအားများက ပျက်သုဉ်းခြင်းမျဉ်းများ၏ ကျူးကျော်ခြင်းကို ခံလိုက်ရပြီး သူ၏ အဖြူရောင်ဝတ်ရုံပေါ် မရေမတွက် နိုင်သော အက်ကွဲကြောင်းများ ပေါ်လာလေသည်။

ချန်လွေ့က သူ၏ ‘လက်ရာ’ ကို နောက်လှည့်မကြည့်ပေ။ ထိုအစား သူက အရေးကြီးဆုံးအရာ ဖြစ်သည့် ‘မီးစုစည်းသလင်းကျောက်သဲ’ ဆီသို့ [မီးပွင့်] စွမ်းအားဖြင့် အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

[မီးပွင့်] အရှိန်က အလွန်ပင် မြန်ဆန်လှသည်။ မျက်စိတစ်မှိတ် အတွင်း လေထဲတွင် ဆိုင်းငံ့နေသော သလင်းကျောက်စက်လုံးမှာ လက်တစ်ကမ်းအလိုတွင် ရှိနေပြီ ဖြစ်သည်။

ချက်ချင်းပင် ချန်လွေ့က သူ၏ နောက်မှ အငွေ့အက် ရုတ်တရက် အဆများစွာ တိုးမြင့်လာသည်ကို သတိပြုမိလိုက်သည်။ တီဇန်နီယာ၏ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ ဖြစ်နေသော အလင်းများနှင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော နေရာလွတ်အားလုံး ချက်ချင်းပင် အမှုန့် ဖြစ်သွားသည်။ တစ်ချိန်တည်း နီးပါးမှာပင် ခရမ်းရောင် အလင်းနှင့်အတူ ပုံရိပ် တစ်ခု ပေါက်ကွဲထွက်လာသည်။

ခရမ်းရောင်အလင်းက အလွန် မြန်ဆန်လှသောကြောင့် မျက်စိ တစ်မှိတ် အတွင်း ချန်လွေ့ကို အမီလိုက်လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအလင်းတွင် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား ပါဝင်နေသည်။ ၎င်းက ချန်လွေ့ကို မထိတွေ့ခင်မှာပင် နောက်ကျောတွင် နာကျင်မှုကို ခံစားနေရသည်။ အမျက်ဘုရင် ချပ်ကာနှင့် ပေါင်းစပ်ထားသော ကြယ်ချပ်ကာပင် မကာကွယ်နိုင်ပေ။ ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့် ထိမှန်ခံရမည်ဆိုလျှင် အသက်ရှင်ဖို့ အခွင့်အလမ်း မရှိပေ။

တီဇန်နီယာ ထိုရန်သူကို လုံးဝ အဆုံးသတ်တော့မည့် အချိန်တွင် ပြိုင်ဘက်၏အရှိန် နောက်တစ်ကြိမ် မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။ သူ အမှန်တကယ် မမီနိုင်တော့ပေ။ သူ တိတ်တဆိတ် အံ့အားသင့် သွားခဲ့သည်။ “သူ ဘယ်လိုလုပ် အရှိန် ထပ်မြှင့်နိုင်သေးတာလဲ။”

မဟုတ်သေးဘူး!

သူ ချက်ချင်းပင် သတိပြုမိ လိုက်၏။ တစ်ဖက်လူ ပိုမြန်လာခြင်း မဟုတ်ဘဲ သူ နှေးသွားခြင်းပင်!

အချိန်စီးဆင်းမှု ပြောင်းနေတယ်!

အချိန်အရှိန်အဝါပဲ!

ထိုအလှည့်အပြောင်းအနည်းငယ်၊ နှစ်ဦးသား၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ အပါအဝင် အားလုံး မျက်စိ တစ်မှိတ် မပြည့်ခင်မှာပင် ဖြစ်ပျက်ခဲ့သည်။ အစိမ်းရောင် လျှပ်စီးကြောင်းကဲ့သို့ ပုံရိပ်က ‘မီးစုစည်းသလင်းကျောက်သဲ’ နှင့် ခြေတစ်လှမ်း အကွာတွင်သာ ရှိတော့သည်။ အချိန်တိုင်း မျက်လုံး မှိတ်ထားသော တီဇန်နီယာက နှေးသွားသော အချိန်ဥပဒေသကို လျစ်လျူရှုပြီး မျက်လုံးဖွင့်လိုက်၏!

ချန်လွေ့က ဝိညာဉ် တုန်ခါ သွားသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်ထဲ မျက်လုံးတစ်စုံ ပေါ်လာ၏။ တစ်ဖက်က အနီရောင် ဖြစ်ပြီး အခြားတစ်ဖက်က ငွေရောင် ဖြစ်၏။ မျက်လုံးများ ပေါ်လာသည့် အခိုက် သူ၏ တစ်ကိုယ်လုံးရှိ သွေးများက စီးဆင်းမှု ရပ်တန့်သွားသကဲ့သို့ပင် ဖြစ်သွားသည်။ သွေးများသာမက ကြယ်စွမ်းအား၊ ဝိညာဉ်စွမ်းအားနှင့် အသိစိတ်ပင်လျှင် ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် အချိန် အရှိန်အဝါသည်လည်း အမှန်တကယ် ရပ်တန့်သွား၏!

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ စေတန်တောင် ငါသုံးတဲ့ အချိန် အရှိန်အဝါကို တန်ပြန်ဖို့အတွက် ဆန့်ကျင်ဘက် အချိန်စွမ်းအားကိုပဲ သုံးနိုင်တယ်။ ဘာအစွမ်း သုံးလိုက်လို့ တီဇန်နီယာက အချိန်အရှိန်အဝါကို တိုက်ရိုက် ချိုးဖျက်နိုင်ခဲ့တာလဲ!

ရှေ့မှ လေထဲတွင် ဆိုင်းငံ့နေသော ‘မီးစုစည်းသလင်းကျောက်သဲ’ သည် လက်တစ်ကမ်းအလိုတွင် ရှိနေသော်လည်း အချိန်အရှိန်အဝါ၏ အာနိသင်မရှိသော ခရမ်းရောင် အလင်းက ချန်လွေ့၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားပြီး သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြေမွ သွားခဲ့သည်။

ထိုအချိန်တွင် ချန်လွေ့၏ အသံသာ ထွက်ပေါ်လာခဲ့သည်။ “[သစ်တောလိုနှေးကွေး]”။

ယခင် ထိုးစစ်၊ ခံစစ်မှ အရှိန်အဝါ ပြိုင်ဆိုင်မှုအထိ လုပ်ငန်းစဉ် တစ်ခုလုံး ချက်ချင်း ဖြစ်ပျက်ခဲ့ပြီး အသံ၏ အမြန်နှုန်းကို များစွာ ကျော်လွန်သွားခဲ့သည်။

‘မီးစုစည်းသလင်းကျောက်သဲ’ ကို ရတော့မည်ဖြစ်သော ချန်လွေ့က နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။ သူ ‘မီးစုစည်းသလင်းကျောက်သဲ’ ကို မရခင်မှာပင် အစိတ်စိတ် အမြွှာမြွှာ ကြေမွသွားခဲ့၏။

တီဇန်နီယာ၏ ငွေ-နီ မျက်ဆံများ အနည်းငယ် ကျုံ့သွားသည်။ သူ၏ အမြင်အာရုံထဲတွင် ကြေမွသွားသော ခန္ဓာကိုယ်က အမှန်တကယ်တွင် ယင်ကောင်များ ဖြစ်နေသည်။ ‘ကြေမွ’ ပြီးနောက်တွင် ယင်ကောင်များသည် ချန်လွေ့၏ ခန္ဓာကိုယ် အဖြစ်သို့ ပြန်လည် စုစည်းသွားခဲ့သည်။ သူက ဒဏ်ရာ အနာတရ မရှိပေ။

‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ ၏ [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း]ပင်!

ချန်လွေ့၏ ညာလက်က ရွှေနီ အလင်း ထုတ်လွှတ်နေသော သလင်းကျောက် စက်လုံးတစ်ခုကို ကိုင်ထား၏။ ထိုအရာက ‘မီးစုစည်း သလင်းကျောက်သဲ’ ဖြစ်လေသည်။

“မဒမ်-တီဇန်နီယာ၊ ကျုပ်တို့ ဆက်ပြီး တိုက်ခိုက်ဖို့ မလိုတော့ဘူး ထင်တယ်... အနည်းဆုံးတော့ လောလောဆယ်အတွက်ပေါ့။”

‘မီးစုစည်းသလင်းကျောက်သဲ’ ကို ရခဲ့သော်လည်း ချန်လွေ့ ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။ ခုနက တိုက်ပွဲ အလွန် တိုတောင်းသော်လည်း အားလုံးကို အလွန် မြင့်မားသော အရှိန်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို လျှပ်တပြက် တိုက်ခိုက်ခြင်း ဟူ၍ ခေါ်ဆိုနိုင်ပေသည်။ ၎င်းက ကြုံတွေ့ခဲ့ဖူးသမျှ တိုက်ပွဲတိုင်းထက် ပိုမိုပြင်းထန်ကာ ပိုမို၍ အန္တရာယ် များပေသည်။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် တီဇန်နီယာ၏ တိုက်ခိုက်ရေး စွမ်းရည်နှင့် အရည်အချင်းများက အလွန် ကြောက်မက်ဖွယ်ကောင်း၏။ အရိပ်လေပြေဘွတ်ဖိနပ်နှင့် ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ တို့၏ စွမ်းအားသာ မရှိခဲ့လျှင် သူက ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။

တီဇန်နီယာ နှာခေါင်းရှုံ့လိုက်ပြီး အမှန်တကယ်ပင် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ခန္ဓာပေါ်မှ အဖြူရောင်ဝတ်ရုံက [ကြေးမုံခန္ဓာ] တန်ပြန်မှုကြောင့် ပျက်စီးသွားရာ ဝတ်ရုံကို မြေပေါ်သို့ ပစ်ချလိုက်ပြီး အတွင်းမှ ဝတ်စုံကို ပေါ်လာ၏။

၎င်းတို့မှာ တိုက်ခိုက်ရာတွင် အဆင်ပြေသော အဖြူရောင် ကိုယ်ကျပ်ဝတ်စုံများ ဖြစ်ကြသည်။ တီဇန်နီယာက အရပ်အမောင်း အလယ်အလတ်သာ ရှိသော်လည်း ခန္ဓာကိုယ် အချိုးအစားမှာ အလွန် ညီညာလှသည်။ ထိုဝတ်စုံက သူ၏ အသားအရေကို အနည်းငယ်သာ ဖော်ပြသော်လည်း ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော ကောက်ကြောင်းများဖြင့် ရစ်ပတ်ထား၏။

အဖြူရောင်ဝတ်ရုံ ဝတ်ထားသော တီဇန်နီယာက တိတ်ဆိတ် ငြိမ်သက်သော ကန္တာရ နတ်ဘုရားမ ဖြစ်လျှင် လက်ရှိ တီဇန်နီယာမှာမူ ခန္ဓာကိုယ်အနှံ့ ဒေါသူပုန်ထနေသော မီးစွမ်းအားတစ်ခု ဖြစ်လာနိုင်သကဲ့သို့ အားကောင်းသော တိုက်ခိုက်ရေး အငွေ့အသက် ထုတ်လွှတ်နေသော သူရဲကောင်းဆန်သည့် စစ်နတ်သမီး တစ်ပါး ဖြစ်နေသည်။

သူ၏ လက်ထဲတွင် အလွန် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသော လက်နက်တစ်ခုကို ကိုင်ထားသည်။ ၎င်းမှာ ယခင်ဘဝက ချန်လွေ့ မြင်ခဲ့ဖူးသော လွန်နှင့် ဆင်တူသည့် ရှည်လျား သေးငယ်သော ခရုပတ် ဓားပုံစံ ဖြစ်သည်။ ဓားကိုယ်ထည်က ခရမ်းရောင်နှင့် အသွားက ငွေရောင် ဖြစ်ကာ ထက်လှ၏။

၎င်းမှာ ချန်လွေ့၏ အသက်နှင့် ဝိညာဉ်ကိုပင် ရိတ်သိမ်းလုနီးပါး ဖြစ်ခဲ့သော ကြောက်မက်ဖွယ်ရာ လက်နက်ပင်။ သူသာ [နတ်ဆိုးယင်ကောင်အသွင်ပြောင်း] ကို အချိန်မီ မသုံးခဲ့လျှင် သူ၏ ခန္ဓာကိုယ်က ထိုဓားကြောင့် အမှန် တကယ် အပိုင်းပိုင်း ဖြစ်သွားလေပြီ။

တီဇန်နီယာ၏ မျက်လုံးများက ချန်လွေ့၏ မျက်နှာပေါ်ကို စူးစိုက် နေ၏။ သူ၏ ငွေ-နီ မျက်လုံးများက ချန်လွေ့၏ မျက်နှာဖုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ပင် ချွန်ထက်သော ဓားတစ်စင်းသဖွယ် တောက်ပနေ၏။ “မြေတံဆိပ်! လေတံဆိပ်!”

All Chapters