← Chapters

နောင်တ

Vol. 11 Ch. 161

နောင်တ

Vol. 11 Ch. 161

ယခု ရဟတ်ယာဉ်တစ်စီး ရောက်လာသည်ဆိုလျှင် ထိုနေရာတွင် ရပ်နားထားမည်မှာ သေချာပေသည်။

ယွီဟွေးဖေး တစ်လမ်းလုံး အားကုန်ပြေးလွှားလာသော်လည်း သူရောက်ရှိသွားသည့်အချိန်တွင် ရဟတ်ယာဉ် ပျံတက်သွားသည်ကို မြင်လိုက်ရသဖြင့် လက်ကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ခဏလေး... ခဏလေးနေဦး"

သို့သော် ရဟတ်ယာဉ်မှာ ရပ်တန့်မည့်ပုံမပေါ်ဘဲ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်။

"ညီလေးယွီ... မင်းဘာလို့ ခုမှရောက်လာတာလဲ။ အဲဒီချန်းရှန်းက မနက်ကတည်းက မင်းကို အကြောင်းကြားတယ်လို့ ပြောတယ်မလား" ကျန်းစန်းရှန်းက မေးသည်။

ယွီဟွေးဖေး ကြားလျှင် ချက်ချင်းပင် မဆဲဘဲမနေနိုင်တော့။

"သောက်ကျိုးနည်း... အဲဒီခွေးကောင်လေးရဲ့ အကောက်ကြံတာ ခံလိုက်ရပြီဟ"

ယွီဟွေးဖေးသည် ချန်းရှန်းက သူ့ကို နှုတ်ဆက်ပွဲသို့ မလာစေချင်ခြင်း၊ သူနှင့်ထန်ယွမ်း ပိုမိုနီးစပ်သွားမည်ကို မလိုလားခြင်းတို့ကြောင့် အချိန်ကိုက်၍ သူ့ကို အကြောင်းကြားခြင်းဖြစ်သည်ဟု ယူဆလိုက်သည်။

ကျန်းစန်းရှန်းသည် လူအိုတစ်ယောက်အနေဖြင့် မည်သို့သောလူစားမျိုးကို မမြင်ဖူးဘဲ ရှိမည်နည်း။ ယွီဟွေးဖေး စကားစသည်နှင့် သူဘာဖြစ်နေသည်ကို နားလည်သွားသည်။ ကျန်းစန်းရှန်းမှာ ဆေးတံကို တစ်ချက်ဖွာရှိုက်ပြီးနောက် မီးခိုးငွေ့များကို မှုတ်ထုတ်ကာ...

"တော်ပြီ... စိတ်မဆိုးနဲ့တော့။ လူငယ်တွေဆိုတာ ဖွန်ကြောင်လိုက်တဲ့အခါ ဒီလိုအကျင့်တွေပဲလေ။ နည်းလမ်းမရွေးဘူး။ ဟိုးအရင်တုန်းက ငါတို့အိမ်က အဖွားကြီးကို လိုက်တုန်းက အဘိုးကြီးစွန်းအိမ်ကိုတောင် မစင်နဲ့ သွားပက်ဖူးတယ်"

အဘိုးကြီးစွန်း ကြားလျှင် ချက်ချင်းပင် ဆဲဆိုလိုက်သည်။ "ဒါဆို မြည်းမသားလေး လုပ်တာကိုး"

ကျန်းစန်းရှန်းက လန့်၍အော်ဟစ်လိုက်သည်။ "အလို... ဒီအဘိုးကြီးက ငါလုပ်တာမှန်း မသိသေးတာကို မေ့သွားတယ်၊ အရင်သွားနှင့်ပြီဟေ့..."

ထို့နောက် အဘိုးကြီးနှစ်ယောက်သည် နှင်းပြင်ပေါ်တွင် ယိုင်နဲ့နဲ့ဖြင့် လိုက်လံထိုးကြိတ်နေကြတော့ရာ ယွီဟွေးဖေးမှာ စကားမပြောနိုင်အောင် ဖြစ်သွားသည်။

ထိုအချိန်တွင် မျက်နှာတွင် ဓားဒဏ်ရာအမာရွတ်နှင့် အဘိုးကြီးတစ်ယောက် လျှောက်လာသည်။

"မကြည့်နဲ့တော့... လူတွေသွားကုန်ပြီ"

ယွီဟွေးဖေးသည် ရဟတ်ယာဉ် ကောင်းကင်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "သူတို့ကို လိုက်မပို့နိုင်လိုက်တာ ဝမ်းနည်းစရာပဲ"

ဓားဒဏ်ရာအမာရွတ်နှင့် အဘိုးကြီးက "ကြားရတာတော့ အရေးကြီးတဲ့ ရုတ်တရက်အခြေအနေတစ်ခုခုရှိလို့ အတွင်းကလူတစ်ယောက်ကို ပြန်ခေါ်သွားပြီး ဖြေရှင်းခိုင်းတာတဲ့။ ဘာကိစ္စလဲတော့ မသိဘူး၊ ဘာပဲဖြစ်ဖြစ် အရမ်းအရေးကြီးတယ်။ အထက်က တိုက်ရိုက် စစ်သုံးရဟတ်ယာဉ်လွှတ်ပြီး လာခေါ်တာ... ဒီနေ့လည်း ကံကောင်းလို့ မုန်တိုင်းငြိမ်သွားလို့ သူတို့ဝင်လာနိုင်တာ။ မဟုတ်ရင် အဲဒီလေယာဉ်လည်း ဝင်မရဘူး"

ယွီဟွေးဖေးသည် ဓားဒဏ်ရာအမာရွတ်နှင့် အဘိုးကြီးမှာ စစ်ပြန်တစ်ဦးဖြစ်ကြောင်း သိသည်။ သူသည် အတိတ်က တကယ့်လက်နက်ကိုင်စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။ သူ၏မျက်နှာပေါ်မှ ဓားဒဏ်ရာမှာ အမှန်တကယ်တွင် ဓားဒဏ်ရာမဟုတ်ဘဲ ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူ၏ဂုဏ်သိက္ခာပင်။ အရက်သောက်သည့်အခါတိုင်း ထိုအမာရွတ်မှာ နီရဲနေပြီး ကင်းခြေများကြီးတစ်ကောင်နှင့်ပင် တူနေသည်။ သူအနှစ်သက်ဆုံးအရာမှာ အရက်မူးသည့်အခါ အခြားသူများ၏ကလေးများကို ခြောက်လှန့်ခြင်း ဖြစ်၏။

ယွီဟွေးဖေး ငယ်စဉ်က ဤဓားဒဏ်ရာအမာရွတ်နှင့် အဘိုးကြီး၏ခြောက်လှန့်မှုကြောင့် အိမ်အပြင်မထွက်ရဲခဲ့သည်မှာ အကြိမ်မနည်းတော့ချေ။ ဤအဘိုးကြီး၏ ဆိုးရွားသောဝါသနာကို ရွာထဲမှလူများလည်း မတတ်သာကြချေ။

အကြောင်းမှာ ဤအဘိုးကြီးတွင် ဤဆိုးရွားသောဝါသနာတစ်ခုသာ ရှိပြီး သူ၏လူ့ကျင့်ဝတ်မှာ အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။ ငယ်စဉ်က ရွာထဲတွင် ကိစ္စတစ်ခုခုရှိလျှင် သူသည် ပထမဆုံးပြေးထွက်သူဖြစ်ပြီး ရွာ၏အကာအကွယ်ပေးသူ အမှန်ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မုဆိုးများထဲတွင် သေနတ်ပစ်အကောင်းဆုံးလည်း ဖြစ်သည်။

ယွီဟွေးဖေး မမေးဘဲမနေနိုင်တော့။

"အဘိုး အတိတ်က စစ်မှုထမ်းတုန်းက ဒီပစ္စည်းမျိုး မြင်ဖူးလား"

အဘိုးကြီးက ဟားတိုက်ရယ်မောရင်း "သူ့ထက်အများကြီးပိုကြီးတာတွေတောင် ငါဘယ်လောက်မြင်ဖူးမှန်းမသိဘူး... အဲဒီတုန်းက ကောင်းကင်တစ်ခုလုံး လေယာဉ်ပျံတွေချည်းပဲ၊ ဗုံးတွေက မိုးရွာသလိုပဲ။ လေယာဉ်ပျံတွေဖြတ်သွားပြီးရင် ဘာပစ္စည်းမှ အကောင်းအတိုင်းမကျန်တော့ဘူး..."

ဤနေရာသို့ရောက်သောအခါ အဘိုးကြီးသည် တစ်စုံတစ်ခုကို သတိရသွားဟန်တူပြီး မျက်လုံးများမှာ ညှိုးငယ်သွားကာ သက်ပြင်းတစ်ချက်ချပြီး လှည့်ထွက်သွားသည်။ အဘိုးကြီး၏ ကိုင်းညွှတ်နေသော ကျောပြင်ကို ကြည့်ရင်း ယွီဟွေးဖေးသည် အခြားတစ်ယောက်သောသူကို မြင်ယောင်လာသည်။

ယွီဟွေးဖေးသည် တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ အခြားသူများကို မေးမြန်းကြည့်ရာ နောက်ဆုံးတွင် ကျန်ซန်းရှန်းထံမှ သူ့အတွက် စကားချန်ထားသူ အမှန်ပင်ရှိကြောင်း သိလိုက်ရသည်။

စာတစ်စောင်နှင့် စကားတစ်ခွန်း။

ထိုစကားတစ်ခွန်းမှာ အဖွဲ့ခေါင်းဆောင်စုန့် ချန်ထားခဲ့ခြင်း ဖြစ်သည်။ သူက၊

"တောင်ပြာတန်းများ မပြောင်းလဲသလို၊ ရေကြည်စိမ်းများလည်း အစဉ်စီးဆင်းနေဦးမှာပါ၊ နောင်တစ်ချိန်မှာ ပြန်ဆုံကြတာပေါ့"

ယွီဟွေးဖေးသည် နှုတ်ခမ်းမဲ့ရင်း "ဒီအဖွဲ့ခေါင်းဆောင်စုန့်က အရင်က ဓားပြလုပ်ခဲ့တာလားမသိဘူး"

ထိုစာကို ဖွင့်ဖတ်ကြည့်ရာ စာတစ်ကြောင်းနှင့် လက်မှတ်တစ်ခုသာ ပါဝင်သည်။

"ငါတို့သွားပြီ... နောက်တစ်ခါပြန်ဆုံရင် ငါနဲ့ထန်ယွမ်းရဲ့ကလေးကို ခေါ်လာပြီး မင်းနဲ့တွေ့ပေးမယ်။ သူ့ကိုမင်းကို ဦးလေးလို့ခေါ်ခိုင်းမယ်"

လက်မှတ်ထိုးသူက ချန်းရှန်း။

ယွီဟွေးဖေးသည် ထိုလူ၏မျက်နှာပေါ်မှ ဂုဏ်ယူဝံ့ကြွားစွာနှင့် တောက်ပစွာရယ်မောနေသည့်ပုံကို မြင်ယောင်မိချိန် နှာခေါင်းကိုသုတ်ရင်း တိုးတိုးလေးပြောလိုက်သည်။

"ရန်သူကို တည့်တည့်ရင်မဆိုင်ရဲတဲ့ သောက်အပေါစားကောင်"

သို့သော် ယွီဟွေးဖေးလည်း စိတ်မဆိုးချေ။ သူယုံကြည်သည်မှာ အိမ်ထောင်ရေးဖြစ်စေ၊ အချစ်ရေးဖြစ်စေ ဤသည်တို့မှာ ကံကြမ္မာနှင့်ဆိုင်သည်။

ကံကြမ္မာရောက်လာလျှင် အလိုလိုရမည်၊ ကံကြမ္မာမရောက်သေးလျှင် တောင်းဆို၍မရ၊ အချိန်သာကုန်ပေလိမ့်မည်။

ပါးစပ်မှ ဤသို့ပြောနေသော်လည်း ညစာစားသည့်အခါတွင် ယွီဟွေးဖေးသည် စိတ်ထဲတွင် တစ်မျိုးခံစားနေရသည်။

နွားကျောင်းသားကလည်း "အနည်းဆုံးတော့ အတူတူ ရှင်ဆိုင်ခဲ့ကြတာ၊ ဒီလိုသွားတာက အရမ်းပြတ်သားလွန်းတယ်၊ အရက်တစ်ခွက်တောင် မသောက်သွားဘူး"

ယွီဟွေးဖေး ခေါင်းညိတ်သည်။ ထိုအချိန်တွင် ချွေ့ကျွယ်က "အရင်ရှေးခေတ်က စစ်သည်တစ်မျိုးရှိတယ်။ ဘာလုပ်လဲဆိုတာတော့ ငါမပြောတော့ဘူး၊ ဒါပေမဲ့ သူတို့က တာဝန်ထမ်းဆောင်တိုင်း သေအတူ ရှင်အတူပဲ... ဒီစစ်သည်တွေက အပြင်လူတွေနဲ့ သိပ်ပြီးဆက်သွယ်မှုမလုပ်ဘူး၊ သူတို့နဲ့ သိပ်ပြီးနက်ရှိုင်းတဲ့ဆက်ဆံရေးမထားဘူး။ ကိုယ်တစ်နေ့သေသွားရင် တခြားတစ်ယောက်ကို ဝမ်းနည်းပူဆွေးမှုတွေ အပိုမပေးချင်လို့တဲ့"

ယွီဟွေးဖေးသည် ဤစကားကိုကြားလျှင် စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားသည်။ သူ အဖွဲ့ခေါင်းဆောင်စုန့် ထိုညကပြောခဲ့သော ပုံပြင်ကို သတိရသွားသည်။ သူတို့အဖွဲ့တစ်ဖွဲ့သည် အစပိုင်းတွင် ဆယ်ယောက်ကျော်ယောက်မှ ယနေ့တွင် သူနှင့်ဟူကြီး နှစ်ယောက်သာကျန်တော့သည်။

ထန်ယွမ်း၏မိဘများလည်း ကယ်ဆယ်ရေးလုပ်ငန်းတွင် သေဆုံးခဲ့ရသည်။ ဤကယ်ဆယ်ရေးဝန်ထမ်းများသည်လည်း သေခြင်းရှင်ခြင်းအစွန်းတွင် လျှောက်လှမ်းနေရသူများဖြစ်ရာ သူတို့တွင်လည်း ထိုသို့သောအတွေးမျိုး ရှိနိုင်မည်လော။

ယခုအချိန်တွင် မြို့တစ်မြို့မှ ဟိုတယ်တစ်ခု၌...

ဟူကြီးသည် ဘေးတွင်ထိုင်ကာ အရက်သောက်ရင်း မျက်နှာချင်းဆိုင်တွင် စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငုံ့ကာ ဓားမြှောင်တစ်ချောင်းကို ကစားနေသော ထန်ယွမ်းကို ကြည့်နေသည်။

"ဒီဓားက အဲဒီကောင်လေးရဲ့ဓားမလား" ဟူကြီးက မေးသည်။

ထန်ယွမ်းသည် စကားမပြောဘဲ သိမ်းဆည်းလိုက်ပြီးမှ "ကျားသစ်ပါးစပ်ထဲမှာ စိုက်နေတာ၊ ကျွန်မဆွဲထုတ်ပြီး ယူလာတာ သူမသိဘူး"

ဟူကြီးက ခေါင်းညိတ်သည်။ "အစကတည်းက ငါမင်းတို့ကို ဒီအလုပ်မလုပ်ဖို့ တိုက်တွန်းခဲ့တယ်။ ဒီအလုပ်က လုပ်လေလုပ်လေ အန္တရာယ်များလေပဲ... ဘယ်နေ့ဘယ်အချိန်မရှိတော့မလဲ မပြောနိုင်ဘူး။"

ထန်ယွမ်းက "ကျွန်မသိတယ်၊ ဒါပေမဲ့ ကျွန်မ... ရှင်တို့မရှိတော့တာကို ကြည့်ချင်တယ်"

‘ဖွီး...’

ဟူကြီးသည် အရက်တစ်ငုံကို မှုတ်ထုတ်လိုက်ပြီး မဆဲဘဲမနေနိုင်တော့။ "ဒီကောင်မလေး ဘယ်လိုစကားပြောနေတာလဲ"

သို့သော် သူသည် ထန်ယွမ်း၏မျက်လုံးများမှာ အလွန်တည်ကြည်နေသည်ကို တွေ့လိုက်ရာ ဟူကြီး တိတ်ဆိတ်သွားသည်။

ထန်ယွမ်းက "ကျွန်မမိဘတွေဆုံးတုန်းက ကျွန်မလိုက်မပို့နိုင်ခဲ့ဘူး။ အဖွဲ့သားတချို့ဆုံးတုန်းက ကျွန်မသူတို့ကို မကယ်နိုင်ခဲ့ပေမယ့် သူတို့ဘယ်မှာဆုံးသွားလဲဆိုတာ ကျွန်မသိတယ်။ နှစ်စဉ်ပွဲတော်တွေမှာ ဘယ်နေရာကို ဦးတည်ပြီး ကန်တော့ရမလဲဆိုတာ သိတယ်။ ဟူကြီး... ရှင်နဲ့ဦးလေးစုန့်က ကျွန်မရဲ့အရင်းနှီးဆုံးလူတွေပဲ။ ကျွန်မ ရှင်တို့ဆုံးတဲ့အချိန်မှာ ကျွန်မဘေးမှာ မရှိမှာကို မလိုလားဘူး"

ဟူကြီး ဆက်လက်တိတ်ဆိတ်နေပြီး အချိန်အတော်ကြာပြီးနောက် "လျှောက်မပြောနဲ့။ ဟူကြီးဆိုတဲ့ ငါက အနည်းဆုံးအသက်တစ်ရာနေနိုင်တယ်" စကားဆုံးသည်နှင့် ထရပ်ကာ ထွက်ခွာသွားသည်။

အပြင်ထွက်သည့်အခါတွင် ဟူကြီးက လှည့်ကာ စကားတစ်ခွန်းချန်ထားခဲ့သည်။

"ကောင်မလေး... မင်းဒီလိုမေ့မရနိုင်ရင် ထွက်လိုက်တော့။ ဒီလိုဆိုရင် ငါတို့လည်း မင်းလက်ထပ်၊ ကလေးမွေးတာကို ကြိုတင်ကြည့်နိုင်မယ်၊ ငါတို့တကယ်ဘာဖြစ်သွားတဲ့အထိ မစောင့်နဲ့၊ မင်းကိုပို့ပေးမယ့်လူတောင် မရှိတော့မှာစိုးလို့။ မင်းမထွက်ဖို့ဆုံးဖြတ်ထားရင်တော့ မဆက်သွယ်နဲ့တော့... နောက်မှ စိတ်မကောင်းမဖြစ်ရအောင်ပေါ့"

ထန်ယွမ်း ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ ထိုနေရာတွင်ထိုင်ရင်း လက်ထဲမှဓားမြှောင်ကို ဆက်လက်သန့်ရှင်းနေတော့သည်။ သူမသည် ဟူကြီးပြောသော နောက်မှစိတ်မကောင်းဖြစ်ရခြင်းဆိုသည်မှာ ဘာကိုဆိုလိုသည်ကို သိသည်။

သူတို့ဤအလုပ်လုပ်နေသူများမှာ အချိန်မရွေး ထွက်ခွာသွားနိုင်ပြီး ချစ်ခင်ရသူများကို ထိခိုက်နာကျင်စေနိုင်သည်။ သို့သော် အဆိုးဆုံးမှာ သူတို့ကိုယ်တိုင်ပင်ဖြစ်သည်။ အချစ်ရေးထဲသို့ ကျရောက်သွားသည့်အခါတွင် အချစ်ခြေလှမ်းများကို လိုက်မမီနိုင်ဘဲ ထိုနေရာတွင်ရပ်ကာ တစ်ဖက်သားလက်ထပ်၊ ကလေးမွေးသည်ကို ကြည့်နေရသည့် ခါးသီးမှုကို မည်သူနားလည်နိုင်မည်နည်း။ ထိုအချိန်တွင် အပြင်မှ အသံတစ်ခုထွက်ပေါ်လာသည်။

"မမထန်... စောစောအနားယူပါ၊ မနက်ဖြန်ငါတို့ တာဝန်ထမ်းဆောင်ရတော့မယ်"

"အင်း..."

ထန်ယွမ်း ထူးလိုက်ပြီးနောက် မီးပိတ်ကာ လက်ထဲမှဓားမြှောင်ကို ဆက်လက်သန့်ရှင်းနေပြန်သည်။ တစ်ညလုံးသန့်ရှင်းပြီးနောက် နောက်ဆုံးတွင် ဓားမြှောင်ကို စက္ကူဖြင့်ထုပ်ပိုးကာ ကျောပိုးအိတ်အောက်ဆုံးတွင် ထားလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချပြီးနောက် ပြတင်းပေါက်လိုက်ကာကို ဆွဲပိတ်လိုက်ကာ ပြတင်းပေါက်အပြင်မှ ကြယ်ရောင်ကောင်းကင်ကိုပင် မကြည့်တော့ချေ။

...

ယနေ့ပင်...

လျိုရှင်း အိပ်ပျော်သွားပြီးမကြာမီ တံခါးခေါက်သံထွက်ပေါ်လာသည်။

တံခါးခေါက်သံမှာ ညင်သာသော်လည်း အသံမှာ ထိုးဖောက်နိုင်စွမ်းရှိသဖြင့် ယွီဟွေးဖေးသည် ရှင်းလင်းစွာကြားနေရသည်။

ယွီဟွေးဖေးတံခါးဖွင့်လိုက်သည့်အခိုက်တွင် အေးစက်သောလေတစ်ချက် တိုးဝင်လာသဖြင့် ခန္ဓာကိုယ်တစ်ချက်တုန်သွား၏။

"ငရဲနတ်တစ်ပါး ထပ်ရောက်လာတာတော့မဟုတ်ဘူးမလား။ ဘာလဲ... ငရဲဘုံက တိတ်တဆိတ်ပြောင်းရွှေ့တော့မလို့လား"

ယွီဟွေးဖေးသည် ဤလူများကို မကြောက်တော့သဖြင့် ပါးစပ်ဖွင့်သည်နှင့် နောက်ပြောင်စကား ဆိုလိုက်သည်။

သို့သော် ယွီဟွေးဖေးကို အံ့ဩသွားစေသည်မှာ ရောက်လာသူမှာ ထူးဆန်းသောရုပ်ရည်နှင့်မဟုတ်ဘဲ... ခေါင်းတုံးနှင့် ဘုန်းကြီးငယ်လေးတစ်ပါးပင်။

ဤသူမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာရှိပုံရပြီး အရပ်မမြင့်၊ ကိုယ်ပေါ်တွင် အဖြူရောင်သင်္ကန်းကိုရုံထားပြီး အပြစ်ကင်းစင်သည့် မျက်နှာဖြင့် ပြုံးရွှင်စွာဖြင့်ရှိနေလေသည်။

သူ၏ခေါင်းတုံးမှာ ပြောင်ချောနေပြီး အလင်းပင် ပြန်နေသေး၏။

သို့သော် သူ၏နောက်တွင်မူ ငါးမီတာ၊ ခြောက်မီတာမြင့်သော ကြီးမားသောအနက်ရောင်သတ္တဝါကြီးတစ်ကောင် ရပ်နေသည်။

ဤကောင်မှာ ကျားခေါင်း၊ ချိုတစ်ချောင်း၊ ခွေးနားရွက်၊ နဂါးကိုယ်၊ ခြင်္သေ့အမြီး... ထိုခြေထောက်များမှာလည်း သာမန်အရာမဟုတ်ပုံရသည်။ ဘယ်လိုကြည့်ကြည့် ထူးဆန်းနေသည်။ ဘယ်လိုကြည့်ကြည့် ကြောက်စရာကောင်း၏။

"အော့မီတော်ဖော်၊ တပည့်တော် ရိုသေစွာနှုတ်ဆက်ပါတယ်"

ဘုန်းကြီးငယ်လေးက ယွီဟွေးဖေးကို အရိုအသေပြုရာ သူသည်လည်း အလိုအလျောက် ပြန်လည်အရိုအသေပြုလေ၏။

"ဘုန်းကြီးငယ်လေးပါလား... အခုငရဲဘုံမှာ ဘုန်းကြီးတွေလည်း တာဝန်ထမ်းဆောင်နေပြီလား။ နောက်ပြီး ဘယ်လိုခေါ်ရမလဲခင်ဗျ"

ဘုန်းကြီးငယ်လေး ပြုံးလိုက်ရာ သွားဖြူတန်းများပေါ်ထွက်လာသည်။ နှုတ်ခမ်းနီထွေးထွေး၊ သွားဖြူဖြူရှိ ကောင်ချောလေးတစ်ယောက်အနေဖြင့် ရယ်လိုက်သည့်အခါ အလွန်တရာကြည့်ကောင်းလှသည်။ ယွီဟွေးဖေးပင်လျှင် စိတ်လှုပ်ရှားသွားပြီး ဤကောင်လေး၏ပါးကို ဆွဲညှစ်ချင်စိတ်ပေါက်လာ၏။

ထို့နောက် ဘုန်းကြီးငယ်လေးသည် ယွီဟွေးဖေး၏နဖူးတွင် ချွေးစေးများထွက်ကာ အစာအိမ်နာကျင်သွားစေမည့် နာမည်တစ်ခုကို ပြောထွက်လာသည်။

"တပည့်တော်က တိကျန့်ပါ၊ ဒါပေမဲ့ ချန်ရှန်လို့လည်း ခေါ်နိုင်ပါတယ်"

‘ဂျိန်း...’

တံခါးပိတ်သွားချိန်၌ ယွီဟွေးဖေးသည် တံခါးပေါ်မှ သော့အားလုံးကို အမြန်ဆွဲချလိုက်သည်။ လှုပ်ရှားသံကြားလျှင် သရဲဖြူ၊ သရဲနက် ညဇီးကွက်နှစ်ကောင်လည်း ချဉ်းကပ်လာ၏။

"ဘယ်သူလဲ ညီလေး။ မင်းကိုဒီလောက်ကြောက်အောင်လုပ်တာ ဘယ်သူလဲ။ ငါမင်းကိုပြောမယ်... ကောင်းကင်ကပဲဖြစ်ဖြစ်၊ မြေအောက်ကပဲဖြစ်ဖြစ် ရောက်လာရင် သာမန်လူတွေပဲ။ ငါတို့က လူများတယ်။ ရိုက်သင့်ရင်ရိုက်၊ ထိုးသင့်ရင်ထိုး။ မင်း ဘာမှမကြောက်နဲ့"

ယွီဟွေးဖေးသည် နဖူးမှချွေးများကိုသုတ်ရင်း "ခင်ဗျားသေချာလား"

သရဲဖြူက "သေချာတယ်။ ငါတို့သိလား မသိလား ဘယ်သူလဲကြည့်ရအောင်"

"သိတယ်... ခင်ဗျားတို့ သေချာပေါက်သိတယ်၊ အရမ်းကို သိလွန်းတယ်"

သရဲနက်ကလည်း "ဘယ်သူလဲဆိုတာ မင်းပြောလေ။ ငါတို့သိတဲ့လူဆိုရင် မင်းပိုတောင်မကြောက်သင့်ဘူး..."

"ခင်ဗျားတို့သိလို့ပဲ ကျုပ်ကြောက်နေတာ။ ကျုပ်ဗိုက်ဆာလွန်ပြီး အစာအိမ်နာမှာကြောက်တယ်..."

"အော့မီတော်ဖော်... ယွီဒါယကာလေး တံခါးဖွင့်ပါဦး။ တပည့်တော်က ဒကာလေးအထဲမှာရှိတာ သိတယ်နော်။ တံခါးနောက်မှာလေးတင်ပဲ။ မြန်မြန်တံခါးဖွင့်ပါဦး..."

ဤနူးညံ့လှသည့် ကျောက်စိမ်းကဲ့သို့သော အသံကိုကြားလျှင် ယွီဟွေးဖေးမှာ ဘာမှမတုံ့ပြန်နိုင်သေး။ သရဲဖြူ၊ သရဲနက်၏ဦးထုပ်များမှာ ပွင့်ထွက်သွား၍ ဆံပင်နက်များမှာ တန်းထောင်ထလာသည်။

All Chapters