အဆက်မပြတ် သတ်ဖြတ်ခြင်း
Vol. 145 Ch. 2068
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကြားတွင် ကျုံးချန်အပြင် လီချန်ရှန်း၊ နတ်မိမယ်တုံ့လိုင်၊ အာခီမီအင်ပါယာ၊ လိန်မိသားစု ခေါင်းဆောင်နှင့် နတ်ဆိုးဓား အစရှိသည့် အစွမ်းထက် တိုက်ခိုက်ရေးသမားများ အားလုံးပါဝင်သည်။ သို့သော်လည်း သူတို့ ပြိုင်ဘက်များ၏ အရေအတွက်က ပို၍များပြားနေခဲ့သည်။ အဆုံးမှာတော့ သူတို့က လေးဘက်လေးတန်မှ နေ၍ ပေါင်းစည်းထားသော အင်အားစုများ တိုက်ခိုက်သည်ကို ခံနေရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းက တိုက်ပွဲကွင်းပြင်၏ အခြားတစ်ဖက်၌ သူ့ကို ဝန်းရံထားသော ရန်ဟောင်များကို ကြည့်နေခဲ့သည်။ ထိုသူများက ရှေးဟောင်းတော်ဝင်ယန်မိသားစု၊ လင်းရှောင်နန်းတော်နှင့် အခြားယန်မိသားစုမှ အခြားရန်ဟောင်များဖြစ်ပြီး သူတို့က သူ့ကို အဓိကပစ်မှတ်အနေနှင့် အမှတ်ထားခြင်း ဖြစ်ပေသည်။ အင်အားစုပေါင်းများစွာ၏ အဓိကရည်ရွယ်ချက်မှာ ရီဖူရှင်းအား သတ်ပစ်ရန် ဖြစ်ပေသည်။
ထိုအချိန်တွင် ရီဖူရှင်းထံမှ နှိုင်းယှဥ်၍ မရအောင် တောက်ပနေသော နတ်အလင်းရောင်တို့ ပေါက်ကွဲထွက်လာပြီး သူ့ထံမှ ထူးခြားဆန်းကျယ်လှသည့် တော်ဝင်ရောင်ဝါတို့ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်၌ ရီဖူရှင်းသည် အနန္တနတ်အလင်းတို့ လွှမ်းခြုံခံထားရသည့် နတ်ဘုရား၏ သားတော်တစ်ပါးကဲ့သို့ပင် ထင်မှတ်ရပေသည်။ သန်မာလှသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့က သူ၏ တောက်ပသော မျက်လုံးများတွင် ပြည့်နှက်သွားသည်။
"ဒါက..." ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် တခြားအင်အားစုများ အပါအဝင် အနီးဝန်းကျင်ရှိ တန်ခိုးရှင်များက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထိုစွမ်းအားကို အနီးကပ် ခံစားလိုက်ရသောကြောင့် သူတို့၏ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်လာကြသည်။ သူက ဆန့်ကျင်၍ မရနိုင်သော မဟာလမ်းစဥ်အရှင်သခင် တစ်ယောက်ကဲ့သို့ ထင်မှတ်ရပေသည်။
"ဒါက ဧကရာဇ်အသိလား။" တန်ခိုးရှင်များက ဆိုးဝါးစွာ တုန်ယင်လာကြသည်။ ရီဖူရှင်းက ဧကရာဇ်အသိကို အမှန်တကယ် ပိုင်ဆိုင်ထား၏။ ထိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
အနီးအနားတွင်ရှိသော သူများသာမက အဝေး၌ ရှိနေသည့် အဘက်ဘက်မှ တန်ခိုးရှင်များသည်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ နယ်မြေသခင်အိမ်တော်၏ တိုက်ပွဲအတွက် ဆရာသခင်များက နောက်တွင် ကျန်နေခဲ့သော်လည်း သူတို့၏ သားသမီးမြေးမြစ်များက ဤနေရာ၌ မည်သို့ဖြစ်နေသည်ကို သိချင်သည့်အတွက် ဤနေရာသို့ အလျင်အမြန် လာရောက်ကြသည်။ အနည်းဆုံး ဤနေရာမှ အခြေအနေက သူတို့ကို သက်ရောက်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက ဧကရာဇ်အသိကို ထုတ်လွှတ်လိုက်သည်အား မြင်သည့်အခါ သူတို့၏ နှလုံးသားထဲ၌ ကြီးစွာသော အနှောက်အယှက်တို့ ဖြစ်ပေါ်လာခဲ့သည်။
မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ဤဓားအင်ပါယာလျှို့နျန်က မည်သူနည်း။
သူက မည်သည့်အတွက်ကြောင့် မဟာအင်ပါယာ၏ စွမ်းအားကို ပိုင်ဆိုင်ထားရသနည်း။
သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူ တစ်ယောက်မျှသာ မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် လူအများက ရီဖူရှင်း၏ အဆင့်အတန်းအမှန်ကို သိချင်နေကြသည်။ ဤလောကတွင် မဟာအင်ပါယာဟူသည်မှာ အရေအတွက် မည်မျှ ရှိသနည်း။
ကောင်းကင်ဒေသတစ်ခုလုံးတွင် သူတို့သိသမျှ တော်ဝင်ဘုံမှ တစ်ယောက်သာလျှင် ရှိသည်။ ထိုသူမှာ ကောင်းကင်ဒေသတစ်ခုလုံးကို စုစည်းနိုင်ခဲ့သည့် အရှင်သခင် ဖြစ်သော အရှင်ဒွန်ဟောင်ပင် ဖြစ်လေသည်။
"ရီလျှို့နျန်ရဲ့ နာမည်ကို အရင်တုန်းက မကြာဖူးခဲ့ဘူး။ သူက တစ်နေရာရာကနေ ထွက်ပေါ်လာခဲ့ပေမယ့် သူ့မှာ တခြား အဆင့်အတန်း တစ်ခုရှိရမယ်" အချို့က အကြံပြုလိုက်သည်။
"ပထမဆုံးအကြိမ် ကျုပ်သူ့ကို ဖမ်းလိုင်ကုန်းမြေရဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ တွေ့တုန်းက ဒီတိုင်း အမည်မသိ လူတစ်ယောက်ပဲ။ အခု ကြည့်ရတာ သူက အချို့ အင်အားကြီး ကလန်တစ်ခုရဲ့ မျိုးဆက် ဖြစ်ရင်ဖြစ် မဟုတ်ရင် မဟာလမ်းစဥ် အခွင့်အလမ်းတွေကို ကြုံဖူးတဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ မျိုးဆက်ဖြစ်လိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် သာမန် ရန်ဟောင်တစ်ယောက်အနေနဲ့ ဒီလို ခွန်အားမျိုးကို မပိုင်ဆိုင်နိုင်ဘူး။" ကျန်းကျိုမင်က ပြောလိုက်သည်။ လူတိုင်းတွင် အမြင်များစွာ ရှိပြီး သူတို့၏ နှလုံးသားက အလွန်အမင်း အနှောက်အယှက် ဖြစ်နေခဲ့သည်။
ယန်ဟန်ရှင်းက လျှို့ဝှက်နယ်မြေအတွင်း ယန်တုန်းရန်နှင့် အခြား တန်ခိုးရှင်များကို ရီဖူရှင်း မည်ကဲ့သို့ သတ်ဖြတ်သွားသည်အား သိရှိပေသည်။ ရီဖူရှင်းက ခန့်မှန်းနိုင်သည်ထက် ပို၍ အားကောင်းလာသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
တိုက်ခိုက်ခြင်း၏ အလယ်မှာ ရှိနေသော လီချန်ရှန်းနှင့် ကျုံးချန်သည်လည်း ရီဖူရှင်းနှင့် ပတ်သတ်သည့်အခြေအနေကို ခံစားမိပေသည်။ သေချာပေါက်ကိုပင် ဤဂျုနီယာ ညီလေးက လုံလုံလောက်လောက် သန်မာပေသည်။ သူက ထင်ထားသည့်အတိုင်း သာမန် လူတစ်ယောက်မဟုတ်ပေ။
ကောင်းကင်ထက်တွင် ကြီးမားလှသည့် ယင်ယန်ဝင်္ကပါ အစီအရင်တစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် အနန္တမဟာလမ်းစဥ်အရှိန်အဝါတို့က ယင်ယန် ဝင်္ကပါဆီသို့ စီးဆင်းနေခဲ့သည်။ ဝင်္ကပါအစီအရင်က တဖြည်းဖြည်းကြီးမားလာသည့်အခါ လိန်မိသားစု အိမ်တော်ခြံဝန်း၏ အထက် ကောင်းကင်တစ်ခုလုံးကို စတင်လွှမ်းခြုံလာပြီး တောက်ပသော နတ်အလင်းတန်းများ ကျဆင်းလာသည်။ ၎င်းတို့က ဓားစွမ်းအားများနှင့် ဆင်တူသော်လည်း ယင်နှင့်ယန်စွမ်းအားတို့ထက်ပေါင်းဖြည့်စွက်ထားသည်။ ကြောက်မက်ဖွယ်ဝူထုံနတ်မီးလျှံအပြင် အန္တိမ ယင်စွမ်းအားတို့ကလည်း ဓားချီများအတွင်း ဖုံးကွယ်ထားခဲ့သည်။
"သတ်"
ရီဖူရှင်းက လူအုပ်ကြီးကို ညွှန်ပြလိုက်သည်။ ရုတ်တရက် ကောင်းကင်ထက်ရှိ ယင်ယန်ဝင်္ကပါ အစီအရင်မှာ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး အခြားတစ်ဖွဲ့ရှိ ရန်ဟောင်များဆီိသို့ တိုးဝင်သွားကာ ပြိုင်ဘက်များ အားလုံးကို ဖုံးလွှမ်းသွားပြီး အဖွဲ့လိုက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယန်မိသားစုမှ ရန်ဟောင်အားလုံးက ထိုအတွင်း၌ လွှမ်းခြုံခံထားရပြီး သူတို့ကြားတွင် အဆင့်ရှစ်ထက် နိမ့်သောရန်ဟောင်များက သူတို့အား အသက်အန္တရာယ် ခြိမ်းခြောက်လာသကဲ့သို့ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် နဂါးအော်မြည်သံများက လေဟာနယ်ကို ဖြတ်သန်းကာ ပဲ့တင်ထပ်လာပြီး တောင်တန်းနှင့် မြစ်များကို ကွဲကြေပျက်စီး သွားစေခဲ့သည်။ ၎င်းတို့က ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးကာ လေဟာနယ်ကို ပြိုပျက်သွားစေသလို ထင်မှတ်ရပေသည်။
အဆင့်ခြောက်ရန်ဟောင်တစ်ပါးက အစစ်အမှန် နဂါးတစ်ကောင်၏ ကာကွယ်ပေးခြင်းကို ခံထားရသည်။ သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော နတ်နဂါးတစ်ကောင်ပင် ဖြစ်သည်။ သို့သော်လည်း ယင်ယန်ဝင်္ကပါ၏ နတ်အလင်းများက မိုးရွာသကဲ့သို့ ကျဆင်းလာပြီး အော်မြည်သံများကို ထုတ်လွှတ်နေခဲ့သည်။ နတ်နဂါး၏ ခန္ဓာကိုယ်က တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည်မရှိသော ပါးလွှာသည့် စက္ကူချပ်ကဲ့သို့ ချက်ချင်း တစစီပြိုကွဲသွားခဲ့သည်။ နတ်ရောင်ဝါတို့က ခုခံကာကွယ်မှုကို ထိုးဖောက်ဝင်ရောက်သွားပြီး ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာခဲ့သည်။
"မဟုတ်ဘူး..." အော်သံတစ်ခုကို ကြားလိုက်ရပြီး ထိုရန်ဟောင်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ ဓားစွမ်းရည် နတ်ရောင်ဝါတို့ အောက်၌ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ထိုသူသာလျှင် မဟုတ်ပေ။ လူအုပ်ကြီးသည် အဆင့်မြင့် ရန်ဟောင် အဆင့်အောက်မှ တန်ခိုးရှင်များအားလုံးက ဖုန်မှုန့်နှင့် မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်ပျက်စီးသွားရသည်ကို ခြောက်ခြားဖွယ် တွေ့ရှိလိုက်ကြရသည်။ မျက်စိတမှိတ်အတွင်းမှာပင် သူတို့၏ ရှေ့၌ ထိုမျှ ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကို တွေ့ကြုံလိုက်ရပြီး ရီဖူရှင်း၏ အနီးတဝိုက်မှ ရန်ဟောင်များသည် ထက်ဝက်ကျော်မျှမက လျှော့ချခံလိုက်ရလေသည်။
အရူးအမူးခုခံကာကွယ်နေသော အဆင့်ခုနှစ်အဆင့်မြင့်ရန်ဟောင်တစ်ပါး၏ ခန္ဓာကိုယ်သည် အလွန် လျင်မြန်လှသော အရှိန်နှင့် နောက်သို့ ထွက်ပြေး သွားခဲ့သည်။ သူက မျက်စိတမှိတ်အတွင်းမှာပင် မိုင်ပေါင်းရာချီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ထက်ရှိ ယင်ယန်ဝင်္ကပါက ကောင်းကင်နှင့်နေကိုပင် လွှမ်းမိုးသွားခဲ့သည်။ ထိုကပ်ဘေးကဲ့သို့ အလင်းများက သူ့ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားသလို ထင်မှတ်ရကာ ဖျက်ဆီးခြင်းနတ်ရောင်ဝါတို့က အဆက်မပြတ် ကျဆင်းလာပေသည်။ ကြည့်ရသည်မှာ လေဟာနယ်တစ်ခုလုံး ပြိုကျပျက်စီးတော့မလိုပင် ထင်မှတ်ရသည်။ သူက မိုင်ပေါင်းရာချီ၍ အဝေးကို ရောက်သွားပြီးဖြစ်လျှင်ပင် ထိုစွမ်းအားများဖြင့် တိုက်ရိုက်ထိုးဖောက် ခံလိုက်ရဆဲပင်ဖြစ်သည်။
အစွမ်းထက်သော အဆင့်ခုနှစ် အဆင့်မြင့် ရန်ဟောင်တစ်ပါးသည် ကျိုးကြေလွယ်သော သစ်ကိုင်းလေးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။
"ဒါက ဘယ်လောက်အဆင့်ရှိတဲ့ တိုက်ခိုက်ရေး စွမ်းအားမျိုးလဲ။" အဝေးရှိ တန်ခိုးရှင်များသည် ထိုသို့ကြောက်မက်ဖွယ် ခံစားမှုမျိုးကို မည်သည့်အခါကမှ မခံစားခဲ့ဖူးပေ။ မဟာလမ်းစဥ်စွမ်းအားများက စက္ကူစ တစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည့်အရာမှာ ထိုမျှ ကျယ်ပြန့်လှသော အကွာအဝေးအတွင်းတွင် အဆက်မပြတ် သတ်ဖြတ်နေသော ကြီးမားသည့် တိုက်ခိုက်မှုပင် ဖြစ်လေသည်။
အချိန်တခဏအတွင်းမှာပင် ဒါဇင်မျှမကသော ရန်ဟောင်များက သုတ်သင်ခံလိုက်ရသည်။ ထိုသည်မှာ သူတို့အတွက် ကမ္ဘာပျက်ကပ်ကဲ့သို့ပင် ထင်မှတ်ရပေသည်။
ယန်မိသားစုမှ တန်ခိုးရှင်များက အဆိုးဆုံး ရင်ဆိုင်ကြရပေသည်။ ပြောရလျှင် သူတို့၏ ခွန်အားက တစ်ဖက်လူများနှင့်ယှဥ်လျှင် အားနည်းသည့်အပြင် တိုက်ခိုက်မှုများ၏ အလယ်ဗဟို၌ ရှိနေသည်။ ထပ်ပြောရလျှင် ရီဖူရှင်းက တမင်သက်သက် သူတို့ကို ဆန့်ကျင်နေသည့်အတွက်ကြောင့် သူက သက်ညှာလိမ့်မည်မဟုတ်ပေ။ တခဏချင်းအတွင်းမှာပင် ယန်မိသားစုမှ ရန်ဟောင်အများအပြားက ကျဆုံးသွားခဲ့ပေသည်။
အနီးဝန်းကျင်ရှိ တန်ခိုးရှင်များမှာ ထိုသည်က ထိပ်တန်းအင်အားစုများအကြားတွင် ပါဝင်ပတ်သတ်ခဲ့သည့် တန်ဖိုးဟု တွေးနေကြသည်။ လုံလောက်သော ယုံကြည်ချက်နှင့် ခွန်အားမရှိဘဲ ထိုသို့သော ကိစ္စများ၌ ဝင်ပါခြင်းမှာ သေလမ်းရှာခြင်းနှင့် ညီမျှပေသည်။ ထိုတန်ခိုးရှင်များက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ သူများကို ဝန်းရံပြီး တိုက်ခိုက်ကြလျှင်ပင် သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို အနိုင်ရနိုင်စွမ်းမရှိကြပေ။ ထိတ်တိုက်တွေ့ဆုံမှုအပြီးတွင် ရီဖူရှင်း၏ တိုက်ခိုက်မှုများကြောင့် ယန်မိသားစုမှ သူတို့၏ ရန်ဟောင်တန်ခိုးရှင်များကို ထက်ဝက်ကျော်မျှ ဆုံးရှုံးခဲ့ရသည်။ သူတို့သည် ဤတိုက်ခိုက်မှုအတွင်း၌ ထိခိုက်မှုအများဆုံး ခံခဲ့ရပေသည်။
တိုက်ပွဲအတွင်းတွင် ယန်မိသားစုများက သူတို့နှင့် ရှာယည်ကြာသော ရန်ငြိုးများရှိခဲ့သည့် လိန်မိသားစုကို ဖျက်ဆီးခဲ့သော်လည်း သူတို့၏ အဆုံးသတ်ကလည်း ပို၍ ကောင်းမွန်နေသည်တော့ မဟုတ်ခဲ့ပေ။
"သူ့ကို သတ်။" ကလန်ခေါင်းဆောင်ယန်က အေးစက်စွာ ပြောလိုက်သည်။ သူကိုယ်တိုင်က လိန်မိသားစုခေါင်းဆောင်ကို ရင်ဆိုင်နေခဲ့ပြီး သူတို့ကလန်မှ တန်ခိုးရှင်များစွာ သတ်ဖြတ်ခံနေရသည်ကို မြင်သောအခါ သူ့မျက်လုံးများတွင် အားကောင်းလှသော သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နှက်လာခဲ့သည်။
သူ၏ စကားထွက်လာသည့်အခါ အချို့ယန်မိသားစုမှ အသက်ရှင်လျက်ရှိနေသေးသည့် အဆင့်မြင့်ရန်ဟောင်များက ရီဖူရှင်းရှိရာသို့ ရောက်သွားခဲ့သည်။ သူတို့ကြားတွင် အဆင့်ရှစ်ရန်ဟောင်နှစ်ပါး ပါဝင်ပြီး အဆင့်ခုနှစ်ရန်ဟောင်ငါးပါးရှိသည်။ ထိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အဖွဲ့ဖြစ်ကြောင်း သေချာပေသည်။ သူတို့က တစ်ချိန်တည်းတွင် လှံရှည်များကို ထုတ်ယူလိုက်ပြီး ရီဖူရှင်းထံသို့ တိုက်ခိုက်လိုက်သည်။ ရွှေရောင်နဂါးလှံက လေဟာနယ်ကို ဖြတ်သန်းသွားကာ ၎င်းကို ထိုးဖောက်လိုက်ပြီး ရီဖူရှင်း၏ ရှေ့သို့ ချက်ချင်း ကျဆင်းလာခဲ့သည်။ အချိန်တခဏအတွင်းတွင် ရီဖူရှင်း၏ ရှေ့၌ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ကြောက်မက်ဖွယ် နဂါးတစ်ကောင် ရစ်ဝဲနေသည်ဟု ထင်မှတ်ရပေသည်။
ဘုန်း...
မဟာအင်ပါယာ၏ ဧကရာဇ်ရောင်ဝါ ထွက်ပေါ်လာခဲ့သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ရွှေရောင်နတ်သစ်ပင်ဖြစ် ပြောင်းလဲသွားပြီး သူ၏ စိတ်ဝိညာဥ်စွမ်းအားက အလွန်ပင် အားကောင်းသန်မာလာခဲ့သည်။ ထိုနတ်သစ်ပင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ရရှိထားခြင်း ဖြစ်သည်။ အဆုံးမဲ့ ခမ်းနားထည်ဝါလှသည့် အရှိန်အဝါတို့ ၎င်းမှ ထွက်ပေါ်လာပြီး နတ်သစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များက လေဟာနယ်ဝန်းကျင်သို့ ဆန့်ထွက်လာကာ နဂါးအရိပ်များ၏ တိုက်ခိုက်မှုကို ဝါးမြိုလိုက်သည်။
ထိုနဂါးအရိပ်များက အလွန်လျင်မြန်လှပြီး နတ်သစ်ပင်များထံ ဆင်းသက်လာကာ ထိုအကိုင်းအခက်နှင့် အရွက်များကို အရူးအမူးဆုတ်ဖြဲရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအကိုင်းအခက်နှင့် နွယ်များက အဆုံးမဲ့ ဖြစ်နေသည်ဟု ထင်မှတ်ပြီး ပို၍ပင် လျှင်မြန်လှသော အရှိန်နှင့် အလွန်ဝေးကွာလှသော အကွာအဝေးထိ ဖြန့်ကျက်သွားကာ ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းလိုက်သည်။
တခဏအတွင်းမှာပင် မိုင်ပေါင်းရာချီအတွင်း နတ်သစ်ပင်မှ အကိုင်းအခက်နှင့်အရွက်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ မီတာထောင်ချီမြင့်မားသော နတ်သစ်ပင်သည် ကောင်းကင်နှင့် မြေကြီးကြား၌ မားမားမတ်မတ်ရပ်တည်နေခဲ့သည်။ အထက်မှ ယင်ယန်ဝင်္ကပါသည်လည်း ကပ်ဘေး မဟာလမ်းစဥ်အလင်းတို့ကို ထုတ်လွှတ်နေပြီး ကြောက်မက်ဖွယ် နယ်မြေတစ်ခု ဖြစ်တည်လာခဲ့သည်။
ထို ချိပ်ပိတ်ခံထားရသည့် လေဟာနယ်အတွင်းတွင် ယင်စွမ်းအားနှင့်ယန်စွမ်းအား အရှိန်အဝါတို့ တည်ရှိနေခဲ့သည်။ အားလုံးသော တန်ခိုးရှင်များက ထိုအတွင်း၌ ပိတ်မိသွားခဲ့ပြီး သူတို့က အလွန်ပင် မသက်မသာခံစားနေရကာ ကောင်းကင်နှင့် မြေကြီးကြားမှ အခြားမည်သည့် စွမ်းအားများဝင်မလာနိုင်သည့် ရီဖူရှင်း၏ မဟာလမ်းစဥ်ဖြစ်ကြောင်းကို ခံစားမိလိုက်ကြသည်။
ဘုန်း...
ဤ လေဟာနယ်အတွင်း၌ နောက်ထပ် ကြယ်မျိုးစုံသည့် ကောင်းကင်နှင့် အခြားသော လောကတစ်ခု ပေါ်ပေါက်လာပြီး ကြယ်များဖြင့် လွှမ်းခြုံ ဝန်းရံထားခဲ့သည်။ ထိုအချိန်တွင် ရီဖူရှင်းက ထို ဤကမ္ဘာလောက၏ အရှင်သခင်ကဲ့သို့ ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ အဆင့်ရှစ် ရန်ဟောင်တစ်ပါးသည်ပင် သေခြင်း၏ ခြိမ်းခြောက်မှုကို ခံစားရပေသည်။
ထိုအခိုက်အတန့်၌ ရီဖူရှင်းက အလွန်ပင် အန္တရာယ်များလှသည်။
ဘုန်း...
အဆုံးမဲ့ တောက်ပသော နတ်အလင်းများက ကျဆင်းလာပြီး ထို တန်ခိုးရှင်များကို တိုက်ခိုက်လိုက်သည်။ အကိုင်းအခက်နှင့် နွယ်ပင်များက တစ်ချိန်ထဲတွင် လူအုပ်ကြီးထံသို့ ရောက်ရှိသွားခဲ့သည်။ ထို အဆင့်ခုနှစ်ရန်ဟောင်တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များက ချက်ချင်းပင် ဝါးမြိုခံလိုက်ရပြီးနောက် ယင်ယန်ဝင်္ကမှ အလင်းများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရကာ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း လှုပ်ရှားသွားခဲ့သည်။ လေဟာနယ်ကို ဖြတ်သန်းကာ ခြေလှမ်းလိုက်ရင်း အဆင့်ရှစ် တန်ခိုးရှင် တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။ ရွှေရောင်နတ်မီးလျှံများက တန်ခိုးရှင်အနီးတွင် ပေါ်ပေါက်လာကာ သူ့ထံသို့ ဝင်လာနေသည့် နွယ်များကို လောင်ကျွမ်းစေလိုက်သည်။ ကြောက်မက်ဖွယ် ရွှေရောင်နတ်နဂါးတစ်ကောင်က သူ့အနီးတွင် ပေါ်ပေါက်လာခဲ့သည်။ သူက ရွှေရောင်မီးလျှံများဖြင့် တောက်ပနေသည့် နဂါးလှံတစ်လက်ကို ကိုင်ဆွဲထားသည်။
လေဟာနယ်အတွင်းမှ ကျဆင်းလာနေသော ကပ်ဘေးအလင်းများနှင့် သူ့လက်ထဲမှ နဂါးလှံတို့က ကောင်းကင်ကို ထိုးဖောက်သွားပြီး ကြောက်မက်ဖွယ် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် တစ်ချိန််တည်းမှာပင် သူ့ထံသို့ တိုးဝင်လာနေသည့် ရီဖူရှင်းက ဘယ်ဘက်လက်ကို ရှေ့သို့ ပို့ကာ ရိုက်ချလိုက်သည်။ ရုတ်တရက် မရေတွက်နိုင်လောက်အောင် များပြားသော ရှေးဟောင်းနတ်တံခါးများကဲ့သို့ ကြယ်ကျောက်စာချပ်များက ကျဆင်းလာခဲ့သည်။ ၎င်းတို့တွင် စိတ်ဝိညာဥ်ကိုပင် တုန်လှုပ်စေနိုင်သော ဓမ္မတေးသံများ ထွက်ပေါ်နေခဲ့သည်။
တစ်ဖက်လူက ရွှေရောင်နဂါး ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နတ်မီးလျှံ နဂါးလျှံက သူ့လက်ထဲတွင် ကခုန်နေခဲ့သည်။ ပေါက်ကွဲသံများက အဆက်မပြတ်ထွက်ပေါ်နေပြီး ကျောက်စာချပ်များက တစ်ခုချင်းစီ ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။ ထိုလူ၏ လှံစွမ်းရည်က အံ့သြထိတ်လန့်ဖွယ်ပင် ဖြစ်ပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရီဖူရှင်းက သူ့ရှေ့၌ ပေါ်ပေါက်လာခဲ့သည်။ နောက်ထပ် လက်ဝါးရိုက်ချက်နှင့် သူ့ကို ကြယ်စင်များ၏ လောကအတွင်းသို့ ပို့လွှတ်လိုက်စဥ်တွင် ရှေးဟောင်းကျောက်စာချပ်များနှင့် ရွှေရောင်နတ်စဥ်များက သူ့ထံသို့ ပြေးဝင်လာခဲ့၏။ သူ၏ လှံနည်းစနစ်က လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း သူ့လှံရိုက်ချက်ပြုလုပ်ပြီးနောက် သူက ရီဖူရှင်းကို လေဟာနယ်အတွင်း၌ နတ်ဘုရားတစ်ပါးကဲ့သို့ မြင်တွေ့လိုက်ရသည်။ သူက နှလုံးသားထဲမှ အံ့သြထိတ်လန့်သွားခဲ့သည်။ အဆင့်လေး ရန်ဟောင်တစ်ပါးက မည်သို့ဖြစ်၍ သူ့အား ခြိမ်းခြောက်နိုင်ရပါသနည်း။
ဘုန်း...
ကြယ်ကောင်းကင်မှ နတ်ကျောက်စာချပ်တစ်ခု ကျဆင်းလာပြီး သူက လှံဖြင့် နောက်တစ်ခါ ထိုးဖောက်လိုက်သည်။ သို့သော်လည်း နောက်တခဏတွင် သူ၏ အတွေးများကို ခေတ္တမျှ ရပ်တန့်သွားစေခဲ့သော အေးစက်သည့် မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရသည်။ သူက ၎င်း၏ ထိန်းချုပ်မှုမှ ချိုးဖျက်လိုက်နိုင်သည့်အခါ ပို၍ များပြားသော နတ်ကျောက်စာချပ်များက သူ့ထံသိို့ ကျဆင်းလာသည်ကို မြင်လိုက်ရ၏။
ရုတ်တရက် သူသည် အန္တရာယ်များလှသည့် ခံစားချက်တစ်ခုကို ပြင်းထန်စွာခံစားလိုက်ရသည်။ သူက လှံဖြင့် နောက်တစ်ခါ ထိုးဖောက်လိုက်ကာ လှံ၏ အရိပ်က လျှင်မြန်စွာ အဝေးသို့ ထွက်ခွာသွားခဲ့သော်လည်း သူသည် တစ်စုံတစ်ခုက အကြီးအကျယ် မှားယွင်းနေကြောင်း ခံစားမိပြီးအဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ဘန်း...
ကျယ်လောင်သော အသံနှင့် အတူ အောက်ဘက်သို့ ကျဆင်းလာနေသော နတ်ကျောက်စာချပ်သည် သူ့ကြောင့် တဖန် ဖျက်ဆီး ခံလိုက်ရသော်လည်း သူသည် အလွန်အေးစက်သော ခံစားမှုတစ်ခုကို ခံစားမိလိုက်သည်။ နောက်တခဏတွင် သူသည် အရှေ့တွင် ထွက်ပေါ်လာသော လှံကို ကိုင်ဆွဲထားသည့် လူတစ်ယောက်ကို မြင်လိုက်ရပြီး ထိုလှံက သူ၏ နဖူးကို ထိုးဖောက်သွားပြီး ဖြစ်နေသည်။
လူတစ်ယောက်က ထိုမျှ အစွမ်းထက်လှသည့် စွမ်းရည်မျိုးကို မည်သို့ ပိုင်ဆိုင်ထားနိုင်ရသနည်း။ သူ့အသက်ကို ခြိမ်းခြောက်ခဲ့သည့် လူတိုင်းက တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ဇာတ်သိမ်းသွားခဲ့ရပေသည်။
၎င်းမှာ သူ၏ စိတ်ထဲမှ နောက်ဆုံးအတွေးသာ ဖြစ်လေသည်။ ထိုနောက်တွင် သူ၏ စိတ်နှင့်ဝိညာဥ်က ပေါက်ကွဲကာ ပျက်စီးသွားခဲ့ရလေသည်။
အဆင့်ရှစ်မှ နောက်ထပ် ကျင့်ကြံသူ နှစ်ယောက်က မဟာလမ်းစဥ်နယ်မြေ၏ စွမ်းအားများ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပင် ဖြစ်သည်။ သူတို့က သူတို့၏ မိတ်ဆွေသေဆုံးခြင်းကို မြင်ရသည့်အခါ အနည်းငယ် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။ အသတ်ခံလိုက်ရသူမှာ သူတို့ကလန် ခေါင်းဆောင်၏ ဘေးမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော်လည်း ရီဖူရှင်းက သူ့အား မဆိုင်းမတွ သတ်ဖြတ်ခဲ့သည်။ သူတို့က ယခုအဖြစ်မှ မည်သို့ မျှော်လင့်ချက် ရှိနိုင်ပါတော့မည်နည်း။
ဤတိုက်ပွဲအတွင်းတွင် တုန်းဟွာကောင်းကင်၏ ယန်မိသားစုက သမိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်လား။
***