ယင်ယန် အသွင်ပြောင်းခြင်း
Vol. 30 Ch. 421
ချန်ရှီသည် လွန်ခဲ့သော ဆယ့်နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အပြည့်အစုံ သိနေပြီးသား ဖြစ်သည်။ သူသည် ဉာဏ်အလင်းထဲ ဝင်နေသော်လည်း ရှည်လျားသော အတွေးတစ်ခုက သူ့ကို အကာအကွယ် ပေးထားသည်။
ထို့ကြောင့် သူသည် လင်ကျိုးမြို့ကို ပိတ်ဆို့ထားမိမှန်း သိပြီး ရွှီမိသားစု၏ သခင်များနှင့် ဘိုးဘေးများက သူ့ကို စိန်ခေါ်လာကြောင်းကိုလည်း သူသိသည်။
"ဒီရွှီမိသားစုသခင်တွေသာ ငါ့ရဲ့ ယင်ယန်နယ်မြေကို ဖျက်ဆီးဖို့ မလာခဲ့ရင် ယင်ယန် အသွင်ပြောင်းတာကို ငါ မြန်မြန် နားလည်သွားမှာ မဟုတ်ဘူး"
သူ တိတ်တဆိတ်ပင် တွေးလိုက်မိသည်။
သူ့ပတ်ဝန်းကျင်တွင် ယင်းနှင့်ယန် စွမ်းအင်များ ညင်သာစွာ လွင့်ပျံလာသည်။ ရုတ်တရက် တာအိုနယ်မြေထဲက နေသည်လည်း လကဲ့သို့ နှစ်ပိုင်းကွဲသွားသည်။ ကုန်းမြေ ၊ တောင် ၊ မြစ် ၊ ရေကန် ဟူ၍ ကွဲသွားသည်။ နေနှင့်လ၏ အစိတ်အပိုင်းတစ်ခုက ပေါင်းစပ်သွားပြီး တောင်များနှင့်မြစ်များသည် ယင်းနှင့်ယန်စွမ်းအင်များအဖြစ် ပြောင်းလဲကာ သူ့လက်ဖဝါးထဲသို့ နားကပ်တစ်ခုအသွင် ပြန်ရောက်လာသည်။
သူသည် ယင်းယန်နေလလက်စွပ်ထဲက ယင်းယန် အသွင်ပြောင်းခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အပြည့်အ၀ နားလည်ထားပြီ ဖြစ်သည်။
ဟေးကော်က ခေါင်းမော့ပြီး သူ့ပတ်ဝန်းကျင်ကို သတိနဲ့ စူးစမ်းနေ၏။ သစ်သားလှည်းကို ဝန်းရံထားသည့် တောင်တန်းများနှင့် မြစ်များသည် တဖြည်းဖြည်း ကွဲကွာသွားပြီး ကမ္ဘာတစ်ခုမှ နောက်ကမ္ဘာထဲ ရောက်သွားသလို ပြောင်းလဲသွားတာ မြင်လိုက်ရသည်။
ဝေးကွာခဲ့သော တောင်တန်းများကို လျင်မြန်စွာ ချဉ်းကပ်လာနေချိန်တွင် အနီးနားရှိ တောင်များသည် အခြားရှုထောင့်တစ်ခုသို့ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
ဒီမြင်ကွင်းက စကားနဲ့ ဖော်ပြလို့တောင် မရနိုင်လောက်ချေ။ ၎င်းက ဖြည်းဖြည်းချင်း ခွဲခွာနေသော ယင်းနဲ့ယန် ကမ္ဘာတို့၏ မြင်ကွင်းတစ်ခုဖြစ်သည်။
ယခုဆိုလျှင် ယင်းယန်ကမ္ဘာများ ပေါင်းစည်းသွားသော်လည်း ချန်ရှီ၏ တာအိုနယ်မြေနှင့် ထိတွေ့လာသောအခါ ၎င်းတို့က တဖြည်းဖြည်း ကွဲကွာသွားခဲ့သည်။ ဤတာအိုနယ်မြေမှာ အမတပုံစံဖြစ်နေပြီ ဖြစ်သည်။
သူ့တာအိုနယ်မြေ အတွင်းမှ သရဲတစ္ဆေတစ်ကောင်သည် တောဝက်တစ်ကောင်ကို အမဲလိုက်နေစဉ် ရုတ်တရက် ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီးသည် ရွေ့လျားသွားပြီး ဝက်လည်း ပျောက်ကွယ်သွားသည်။ ၎င်းမှာ အံ့ဩသွားပြီး ဘာဖြစ်ပျက်သွားသလဲ လုံးဝ မသိလိုက်ချေ။
ဝက်ကလည်း ဘာဖြစ်သွားလဲ မသိ။
ဘေးနားတွင်လည်း ကျင့်ကြံသူသည် ချောက်ကမ်းပါးမှ သေခြင်းတရားကို ဂရုတစိုက် ခူးယူနေသည်။ သူ့ဘေးမှ မှောင်ရိပ်ထဲမှာ ပုန်းနေတဲ့ တစ္ဆေတစ်ကောင်က သူ့သားကောင်ကို ရက်စက်တဲ့ အပြုံးနဲ့ စောင့်ကြည့်နေ၏။ ရုတ်တရက် ယင်နှင့်ယန်တို့ ကွဲကွာသွားကာ ထိုလူ ဆုပ်ကိုင်လုဆဲဆဲဖြစ်သော ဘဝ၏ ပန်းပွင့်သည် အိပ်မက်ပူဖောင်းတစ်ခုလို ပျောက်ကွယ်သွားသည်။ တစ္ဆေမှာလည်း ထိုကျင့်ကြံသူ ဖျတ်ကနဲ ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။
တစ္ဆေနတ်ဘုရားက ဒေါသတကြီး ဟောက်ပြီး သူ့ပုန်းနေတဲ့နေရာကနေ ခုန်ထွက်လာ၏။
သစ်သားတွန်းလှည်းသည် အဝေးမှဖြတ်သွားကာ ချန်ရှီသည်လည်း အဝေးသို့ ဆုတ်သွားခဲ့ရာ အရင်အခိုက်အတန့်တွေက ကွဲကွာသွားတဲ့ ယင်းနဲ့ယန်ဘုံတွေဟာ တဖြည်းဖြည်း ပေါင်းစည်းသွားပြန်၏။ လူက ပန်းကိုမြင်ပြီး တစ္ဆေဘုရားကလည်း ထိုလူကိုမြင်တော့ နှစ်ယောက်လုံး ဝမ်းသာသွားကြသည်။
ကျင့်ကြံသူက ပန်းကို ဖမ်းကိုင်လိုက်စဥ် တစ္ဆေနတ်ဘုရားကလည်း သူ့ကို အနောက်မှ ဖမ်းလိုက်သည်။ မနီးမဝေးက သရဲတစ္ဆေကလည်း တောဝက်ကို တွေ့ပြီးနောက် အမြန် ဆက်လိုက်လေ၏။
ချန်ရှီ တာအိုနယ်မြေကို ဖြည်းညှင်းစွာ စုစည်းလိုက်သည်။ တာအိုနယ်မြေဟာ နတ်ဝိညာဥ် စွမ်းအားနယ်မြေ တစ်ခုလည်းဖြစ်သည်၊ သို့သော် ပိုမိုအဆင့်မြင့်၏။ ကျင့်ကြံသူ ကျင့်ကြံတဲ့အခါ ကောင်းကင်က နတ်ဘုရားက ဆင်းသက်လာပြီး ဒုတိယကောင်းချီးကို ပေးသည်။
ယင်းက လေ့ကျင့်သူအား ၎င်းတို့၏ နတ်ဝိညာဉ်ကို အသုံးပြုပြီး ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို နားလည်ရန် အခွင့်အရေးပေးလေသည်။ တာအိုနယ်မြေကို ပြုစုပျိုးထောင်နိုင်သည်ဖြစ်စေ မပြုစုနိုင်သည်ဖြစ်စေ ဤအကွက်ပေါ်တွင် မူတည်သည်။
ဉာဏ်အလင်းဖြင့် အောင်မြင်သော တာအိုနယ်မြေတိုင်းက ယင်းနှင့် သက်ဆိုင်သည်။ ချန်ရှီ၏ တာအိုနယ်မြေကိုလည်း သူသည် နတ်ဝိညာဥ် အဖြစ်မှ ကောင်းကင်ပြင်နတ်ဘုရားကို သုံး၍ အောင်မြင်ခဲ့သည်။
ဒါပေမယ့် အခုတော့ သူ့ရဲ့ တာအိုနယ်မြေက မတူတော့ပေ။ ယခု သူ ယင်းယန် အသွင်ပြောင်းခြင်းကို နားလည်ထားပြီ ဖြစ်သည်။
"ဦးလေးရှောင်ဝူရ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ နတ်တစ္ဆေအသွင်ပြောင်းခြင်း နယ်မြေ သုံးခုဖြစ်တဲ့ ချန်ခွင်းအသွင်ပြောင်းမှု၊ ယင်းယန် အသွင်ပြောင်းမှုနဲ့ ကျိုးထျန်းအသွင်ပြောင်းမှုကို ကျွမ်းကျင်တယ်... နောက်ဆုံးတစ်ခုက ပိုခက်ခဲတယ်... အခု ငါ ဒုတိယအချက်ကို နားလည်လာပြီ ဆိုတော့ ဦးလေးရှောင်ဝူနဲ့ ခြေတစ်လှမ်း ပိုနီးလာပြီ...."
သူ ဝမ်းသာသွားသည်။ သူနားလည်လေလေ၊ ဖန်တီးခံရှောင်ဝူရဲ့ စွမ်းအားကို သူ ပိုနားလည်လေလေ ဖြစ်လာသည်။ ချန်ခွင်းအသွင်ပြောင်းမှုကို နားလည်ရန် ပါးကွာ့ရှစ်ကွက်၏ နတ်တစ္ဆေနယ်မြေ ၆၄ခု ကို နားလည်ရမည်။ ယင်းယန်အသွင်ပြောင်းမှု ကို နားလည်ရန်၊ ယင်းနဲ့ယန် စွမ်းအင်နှစ်ခုကို အမတ အဆင့်တစ်ခုအထိ နားလည်ထားရမည်။
ကျိုးထျန်း အသွင်ပြောင်းခြင်းကို နားလည်သဘောပေါက်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။ ကျိုးထျန်းအသွင်ပြောင်းမှုသည် လော်ထျန်းအသွင်ပြောင်းမှုကို ကျော်လွန်သွားပြီး ကြီးကျယ်ခမ်းနားသော အစီအရင်ကို ကျွမ်းကျင်ရန်နှင့် လော်ထျန်းတကျောက်ကို နားလည်ရန် လိုအပ်သည်။
လော်ထျန်းအသွင်ပြောင်းမှုကို မအောင်မြင်မီ လော်ထျန်းအစီအရင်ကို နားလည်ပြီးမှသာ ကျိုးထျန်းတကျောက်ကို နားလည်နိုင်ပြီး ကျိုးထျန်းအသွင်ပြောင်းမှုကို နားလည်ဖို့ ပိုမိုအားစိုက်ထုတ်ရမည် ဖြစ်သည်။
၎င်းသည် ဖန်တီးခံရှောင်ဝူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အဖိုး ချန်ယင်တူး၏ ကြောက်စရာကောင်းသော သဘာဝကိုလည်း ပြသနေပါသည်။
ချန်ရှီ၏ ခန္ဓာကိုယ်အတွင်း၌ ယင်းယန် စွမ်းအင်များ ပေါင်းစည်းပြီး ထိုက်ကျိပုံစံကို ပုံဖော်ထားသည်။
ယင်းက ယန်ကို မွေးထုတ်လို့ ယန်က ယင်းကို ထုတ်ပေးသည်။ ဤစွမ်းအင်နှစ်ပါးသည် နေ၊ လ၊ ကြယ်တို့၏ ဖြောင့်မတ်သော ချီစွမ်းအင်အဖြစ်သို့ စီးဆင်းသွားကာ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဒြပ်စင်ငါးပါး၏ ဖြောင့်မတ်သော ချီစွမ်းအင်အပြင် ပါးကွာ့ရှစ်ပါးနှင့် နတ်တစ္ဆေနယ်မြေ ၆၄ ခုတို့၏ ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့နှင့် ချန်ရှီ၏ ကျင့်ကြံမှုက ပိုမို အားကောင်းလာသည်။
ဆဋ္ဌမမြောက် နတ်စာလုံး အသစ်ကို လေ့ကျင့်စဉ်တွင် ကောင်းကင်နှင့်မြေကြီး၏ လွတ်လပ်သော ယင်စွမ်းအင်ကို စုပ်ယူကာ ၎င်းအား ခန္ဓာကိုယ်အတွင်းက ယန်စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။ အသက်ရှုလိုက်တိုင်း နတ်ဝိညာဥ်သည် တဖြည်းဖြည်း ကြီးထွားလာပြီး ဆယ့်ရှစ်ပေ အမြင့်သို့ ရောက်ရှိသွားလေ၏။
စိတ်ဝိညာဉ်နဲ့ နတ်ဝိညာဥ် ပေါင်းစည်းလိုက်လျှင် ၎င်းတို့သည် နတ်ဘုရား သို့မဟုတ် နတ်ဆိုးကဲ့သို့ အရပ် ၁၈ပေ မြင့်သော ရုပ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ နတ်ဝိညာဥ်ကို ဒီအဆင့်အထိ ကျင့်ကြံပြီးလျှင် အလောင်းနတ်သုံးကောင်ဘုံနှင့် အလွန်နီးစပ်လာချေပြီ။
အလောင်းသုံးကောင်၊ ဖန်ကျွိ၊ ဖန်ကျစ်နဲ့ ဖန်ကျွယ်တို့က ယင်စွမ်းအင်မှ ဖြစ်ပေါ်လာသည်။ အတိတ်ကာလတွင် လေ့ကျင့်သူများသည် ယင်စွမ်းအင်ကို သန့်စင်ပေးပြီး ကောင်းကင်မိုးခြိမ်းသံကို ရှောင်ရှားရန်အတွက် သန့်စင်သော ယန်ခန္ဓာကိုယ်ကို ရရှိရန် လိုအပ်သည်။ သို့သော် ချန်ရှီဟာ ယင်ယန် အသွင်ပြောင်းခြင်းကို နားလည်ပြီးနောက် ၎င်းကို မလိုအပ်တော့ပေ။
သူ့မှာ အကြံတစ်ခု ရှိနေ၏။ အလောင်းသုံးလောင်းကို သတ်စရာမလိုဘဲ သူ့ရဲ့ နတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးမှာ သန့်စင်တဲ့ယန်ကို ရနိုင်မည်။ ဒါကို အတည်ပြုရန် သူသည် အလောင်းသုံးကောင်ဘုံသို့ ဖြတ်ကျော်ရန်သာ လိုအပ်သည်။
"ဝုတ်!"
ဟေးကော်ရဲ့ ဟောင်သံက သူ့အတွေးများကို အနှောင့်အယှက် ပေးလိုက်သည်။ ခေါင်းမော့ကာ ကြည့်လိုက်တော့ အရှေ့မှာ တောင်ကြီးတစ်ခု ပေါ်လာသည်။ အကန့်အသတ်မဲ့ လွင်ပြင်ကိုလည်း ထင်ရှားစွာ ပေါ်လာစေ၏။
ချန်ရှီသည် ပြိုပျက်နေသော ဘုံကျောင်းသို့ ရောက်ရှိလာသည်။ ထိုနေရာ၌ ရုပ်ပွားတော်များက ကွဲအက်သွားကာ ထူးခြားသော စွမ်းအားများ ပြန့်ကျဲနေသည်။ သို့သော် ပြန်လည်ရှင်သန်ရန် အခွင့်အရေးကို စောင့်မျှော်နေသော ထူးခြားသော စွမ်းအားများအတွင်းတွင် မူးမေ့လဲကျသွားတဲ့ ရောင်ဝါတစ်ခုကို သူခံစားမိသည်။
ချန်ရှီ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို ထုတ်လိုက်သည်။ မကြာခင်မှာပဲ ဟေးကော်ကို ထမ်းပြီး လှည်းပေါ်ကနေ ထွက်လာခဲ့လေ၏။
ဘုံကျောင်းထဲက နတ်ကွန်းထဲတွင် ဟွာရှမှ နတ်ဘုရားတစ်ပါးသည် ၎င်း၏နတ်ဘုရား သဏ္ဌာန်ကို ပြုပြင်ပြီး ရွှေရောင်ကိုယ်ထည်ကို ဖြည်းညှင်းစွာ စုဆောင်းနေခဲ့သည်။ နတ်ကွန်းနောက်ကွယ်တွင် ရှေးဟောင်းနွယ်ပင်ကြီး တစ်ပင်သည် နဂါးတစ်ကောင်လို ဖြည်းညှင်းစွာ ကြီးထွားနေ၏။
နွယ်ပင်သည် ဘုံကျောင်းအမိုးခုံးပေါ်သို့ တက်ကာ အချိန်နှင့်နေရာကို ဖုံးအုပ်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် ဘုံကျောင်းခေါင်မိုးမှ နေရောင်များ ဖြာဆင်းလာသည်။
ဤနတ်ဘုရား၏ မျိုးရိုးအမည်မှာ ကော ဖြစ်ပြီး အမည်မှာ ကျုံးဖူ ဖြစ်သည်။ ထန်မင်းဆက် ကာလအတွင်း သူသည် ဟွာရှတောင်ပိုင်း ဖူကျန်း ဒေသတွင် ဉာဏ်အလင်းရရှိပြီးနောက် အရှင်မင်းသားကွမ်ကျီ အဖြစ် လေးစားခြင်းခံရသည်။
အရှင်မင်းသားကွမ်ကျီ ဘုံကျောင်းမှ ထွက်ခွာလာပြီးနောက် ချန်ရှီသည် မီးရှူးမီးပန်းများအောက်က အော်ဟစ်သံကို ကြားရသောအခါတွင် နောက်ထပ် ဘုံကျောင်းကို ရှာဖွေတော့မည်ဖြစ်သည်။ အသံကြားရာကို လှမ်းကြည့်လိုက်တော့ အသက်မသေဘဲ မီးရှူးများပစ်နေသည့် မြို့ငယ်လေးကို တွေ့လိုက်ရသည်။
"ဟေးကော်! ဒီနေ့ဘယ်နေ့လဲ"
"ဝူး!"
"တရုတ်နှစ်သစ်ကူးလား"
ချန်ရှီသည် သူ၏ သစ်သားလှည်းကို မြို့ငယ်လေးဆီသို့ မောင်းသွားခဲ့သည်။ လူတွေက မီးပုံးပစ်တာ၊ ဖက်ထုပ်လုပ်တာ၊ နွေဦးပွဲတော် အဆင်တန်ဆာများ တွဲလောင်းတွေ ဆွဲကာ၊ တချို့က ခြင်္သေ့နှင့် နဂါးအကများပင် ဖျော်ဖြေကြသည်။ လေထုက တက်ကြွပြီး ပွဲလမ်းသဘင် ဖြစ်နေခဲ့သည်။
ကျင့်ကြံသူများသည် နတ်ဆိုးများနှင့် သရဲတစ္ဆေများ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် လမ်းများပေါ်တွင် ကင်းလှည့်နေကြသည်။
"ဘုရင်ချန်!"
အံ့ဩသံတစ်ခု ပဲ့တင်ထပ်လာသည်။ ချန်ရှီ အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ တစ်ဖက်လူက လင်ရှန့် ဟုခေါ်သော နယ်ချဲ့စာမေးပွဲအတွက် သူနှင့်အတူ ရှီးကျင်းသို့ သွားခဲ့သော ပညာရှင်ဖြစ်နေတာ တွေ့လိုက်ရသည်။ နောက်ပိုင်းတွင် သူသည် တောင်နီခန်းမသို့ ဝင်ရောက်ခဲ့ပြီး ဌာနခွဲခေါင်းဆောင်ပါ ဖြစ်လာခဲ့သည်။ ထို့နောက် သူသည် ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ကာ သေးငယ်သော ကမ္ဘာထဲ၌ ကျင့်ကြံခဲ့သည်။
လင်ရှန့်သည် မယုံနိုင်စွာ စိတ်လှုပ်ရှားနေပြီး တောင်နီခန်းမက အခြားသော မှော်ဆရာများအား ချန်ရှီကို လာရောက်တွေ့ဆုံရန် ဆော်ဪလိုက်သည်။ ခဏကြာတော့ မြို့ထဲမှာ လှုပ်ရှားမှုတွေနဲ့ စည်ကားလာပြန်၏။
"ကျွန်တော် ဘုရင်ထံက ညွှန်ကြားချက်တွေကို လက်ခံရရှိပြီး လင်ကျိုး ကျင်းခရိုင်က တောင်နီခန်းမကို ပြန်ရောက်လာခဲ့တယ်... ကျွန်တော် လူတွေကို ချက်ချင်း စုရုံးခဲ့တယ်... ဒီမြို့ငယ်လေးဆီ ကျွန်တော် ရောက်လာတော့ ဆူပူအုံကြွမှုတွေလည်း ငြိမ်သွားတယ်"
"လူတော်တော်များများက သရဲတစ္ဆေတွေနဲ့ ဝိညာဉ်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးနေကြတုန်းပဲ... ကံအားလျော်စွာနဲ့ ကျွန်တော့်မှာ ကမ္ဘာငယ်လေးထဲကနေ တစ္ဆေတွေနဲ့ နတ်ဆိုးတွေကို တွန်းလှန်နိုင်စေမယ့် ကျင့်စဥ်တွေ သင်ယူခဲ့တယ်လေ.."
ချန်ရှီသည် အရှင်မင်းသားကွမ်ကျီ ဘုံကျောင်းလိပ်စာကို ပေးခဲ့ပြီး ထွက်ခွာဖို့ ပြင်ဆင်နေခဲ့သည်။
လင်ရှန့်: "ဘုရင်ကြီး...နှစ်သစ်မကူးခင် မနေသွားတော့ဘူးလား"
ချန်ရှီ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ နှစ်သစ်ကူးပွဲကို ကျင်းပရန် မြို့ငယ်လေးထဲတွင် နေခဲ့သည်။ ထိုညနေခင်းတွင် လင်ရှန့်သည် တောင်နီခန်းမက တီးမှုတ်ဆရာကြီးများအား နှစ်သစ်ကူး ဆင်နွှဲရင်း သီဆိုကခုန်ကာ ချန်ရှီကိုပါ ပူးပေါင်းရန် ဆွဲခေါ်သွားခဲ့သည်။ သူတို့ရောက်ရှိနေခြင်းကြောင့် စိတ်အားထက်သန်သော ရှောင်သွမ့်လည်း ဘုံကျောင်းငယ်လေးမှ ထွက်လာပြီး မီးဝိုင်းတွင် သီဆိုကခုန်နေခဲ့သည်။
ကျူးရှို့ချိုင်လည်း ရုန်းရင်းဆန်ခတ် ဖြစ်နေပါပြီ။ သူက မြို့ငယ်လေး၏ တံခါးဝတွင် မိမိကိုယ်ကို ကြိုးဆွဲချ ဟိုယိမ်းဒီယိုင်ဖြင့်။
အပျော်လွန်ပြီးနောက် ချန်ရှီနဲ့ ရှောင်သွမ့် အရက်မူးကြသည်။ ရှောင်သွမ့်က သူ့ကို ဘေးသို့ ဆွဲထုတ်လာကာ တိတ်တဆိတ် ပုခုံးတွန့်ရင်း ရယ်မောကာ သူ့အခန်းထဲ ပြန်ခေါ်သွားသည်။
"ယောက်ျား... ဒီည လရောင်က ပြီးပြည့်စုံသွားပြီ... အိပ်ခန်းထဲမှာ ဖော်ပြထားတဲ့အတိုင်း လုပ်ကြရအောင်"
အရက်မူးပြီးနောက် သူမသည် ချန်ရှီကို ကုတင်ပေါ်ဆွဲတင်ကာ လှဲလျောင်းရင်း သူ့လက်မောင်းကို ဖိထားသည်။ သူမ ချန်ရှီအား ဘေးတိုက်ကြည့်ကာ ရယ်မောနေ၏။
"နမ်း... ကျွန်မရှင့်ကို တွန်းမပစ်ပါဘူး"
သူမက နှုတ်ခမ်းလေးတွေ တုန်ယင်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။ သူမ၏ အနီရောင် နှုတ်ခမ်းများသည် မိုးရေထဲမှ လတ်ဆတ်သော နှင်းဆီပန်းကဲ့သို့ နူးညံ့သော ရနံ့ကို သယ်ဆောင်လာခဲ့သည်။
အမတမြို့က ယွမ်ချန်နန်းတော်တွင်မူ ဖန်ကျွယ်သည် ချန်ရှီအား အားပေးရန်အတွက် မောင်းထုနေ၏။ ချန်ရှီသည် နတ်သမီးရှောင်သွမ့်ကို ကြောက်လန့်စွာ ကြည့်နေစဥ် သူမ အိပ်ပျော်သွားတော့သည်။ ချန်ရှီ သူမ မျက်နှာကို ကြည့်လိုက်သော် သူမသည် အိပ်ချိန်မှာတောင် ထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားသူမှန်း ဝန်ခံမိလေ၏။
ချန်ရှီ သူမ နှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ့လက်ကို မရုပ်သိမ်းဘဲ သူ့ဘေးတွင် လှဲချလိုက်သည်။ တဖြည်းဖြည်းနဲ့ သူလည်း အိပ်ပျော်သွားခဲ့သည်။
နတ်သမီးသည် သူမ၏မျက်လုံးများကို ဖွင့်၍ သူမဘေးတွင် အိပ်နေသော ချန်ရှီကို ပြင်းစွာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် ပြင်းထန်မှုက မှေးမှိန်သွားကာ အပြင်ဘက်ရှိ မီးရှူးမီးပန်းများနှင့် ပွဲတော်ကျင်းပသံများကို နားထောင်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်လေသည်။
နောက်တစ်နေ့မနက်တွင် နတ်သမီးရှောင်သွမ့် လန့်နိုးလာ၏။
"ငါ တကယ်ပဲ သူ့ဘေးမှာ အိပ်ပျော်သွားတယ်!"
ချန်ရှီက အိပ်ရာထဲတွင် မရှိပါ။ သူမသည် တိတ်တိတ်ဆိတ်ဆိတ် အိပ်ရာမှထကာ ရှက်စိတ်အနည်းငယ်ဖြင့် တွေးနေမိသည်။
"တစ်ညလုံး သူနဲ့ အတူအိပ်တာ ငါမှန်း သူမသိဘူး... ငါ့ညီမလို့ ထင်တာ... အဲဒါကြောင့် ငါက ညီမလေးရဲ့ အပြုအမူ၊ ရှက်ရွံ့ဟန်ဆောင်ပြီး သူ့အခန်းထဲကို ပြေးသွားလိုက်တာ... ငါနဲ့ စကားမပြောရသရွေ့တော့ ငါက ဘယ်သူလဲ သူ မပြောနိုင်တော့ဘူး!"
သူမစိတ်ထဲထင့်ဖြင့် အဝတ်အစားများကို ပြုပြင်ကာ အခန်းတွင်းမှ ထွက်လာခဲ့သည်။ ခြံဝင်းထဲတွင်တော့ ချန်ရှီက ကျင့်ကြံနေ၏။ ချန်ရှီ၏ အသက်ရှူသံနှင့်အတူ ဖြောင့်မတ်ခြင်း ယင်စွမ်းအင်၊ ကောင်းကင်နှင့်မြေကြီး၏ မကောင်းသော စွမ်းအင်တို့သည် သူ့ဆီသို့ တိုးလာကာ သူ့ပတ်ဝန်းကျင်တွင် မမြင်နိုင်သောလေကြောင်းများ ဖြစ်ပေါ်လာသည်။
နတ်သမီးရှောင်သွမ့်မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး ချန်ရှီဆီသို့ ပြေးသွားခဲ့သည်။
"သူ မကောင်းဆိုးဝါးစွမ်းအင်တွေကို သူ့ကိုယ်ပိုင် ကျင့်ကြံမှု ဖြစ်သွားအောင် ပြောင်းလဲခဲ့တာလား... ယင်ယန် အသွင်ပြောင်းခြင်းမှာ သူ့ရဲ့ အောင်မြင်မှုက ဒီမြင့်မားတဲ့အဆင့်ကိုတောင် ရောက်နေပြီလား"
ချန်ရှီသည် ခန္ဓာပေါင်းစည်းနယ်ပယ်တွင်သာ ရှိသော်လည်း ဤနယ်ပယ်၏ ဆိုးရွားသော အသွင်ပြောင်းမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ ချန်ရှီသည် သူမ၏ ဆိုးညစ်သော အမွှေးများကိုဖယ်ရှားရန် တစ်ချိန်က ကူညီခဲ့ဖူးသည်။
တာအိုထျန်းကျန်း၏ ယင်ယန်သန့်စင်နည်းနှင့် သန့်စင်ခြင်းသည် စဉ်ဆက်မပြတ် သန့်စင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း မကောင်းသော စွမ်းအင်များကို ဖယ်ရှားပေးနိုင်သည်။
သို့သော် နတ်သမီးရှောင်သွမ့်ဆီက အမွှေးကို ဖယ်ရှားပေးတာဖြစ်ဖြစ် တာအိုထျန်းကျန်းရဲ့ ယင်ယန်သန့်စင်နည်းပဲဖြစ်ဖြစ် နှစ်ခုစလုံးက ခန္ဓာကိုယ်အတွင်း မကောင်းသော စွမ်းအင်များကို ဖယ်ရှားပြီး အသွင်ပြောင်းခြင်းကို တားဆီးပေးဖို့ ရည်ရွယ်ထားကြတာချည်းပင်။
သို့သော် ချန်ရှီသည် ကောင်းကင်နှင့်မြေကြီး၏ မကောင်းသော စွမ်းအင်ကို သန့်စင်ပြီး သူ့အကျိုးအတွက် အသုံးပြုနေသည်။ ဤအခြေအနေ အောက်တွင် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲရန်လည်း မဖြစ်နိုင်ပေ။
"ကျင့်ကြံမှု အဆင့်မြင့်လေ၊ အသွင်ပြောင်းမှုက ပိုပြင်းထန်လေပဲ.... သူက ခန္ဓာပေါင်းစည်းနယ်ပယ်မှာ ရှိနေတုန်းပဲ...အတုအယောင် သန့်စင်တဲ့ နယ်ပယ် ဒါမှမဟုတ် အတုအယောင်ပြန်ခြင်း အဆင့်ကို ရောက်တာနဲ့ မကောင်းတဲ့ စွမ်းအင်တွေက ပိုပြင်းထန်လာတော့မှာ.... ဒါကို ပြန်သန့်စင်နိုင်တော့မှာ မဟုတ်ဘူး..."
နတ်သမီးရှောင်သွမ့်က ချန်ရှီရှိရာသို့ အမြန်ပြေးသွားပြီး။
"သူ တာအိုပေါင်းစပ်ခြင်း အဆင့်ကို ရောက်သွားရင် ကောင်းကင်နဲ့ ကမ္ဘာရဲ့ မဟာတာအိုက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားမှာဖြစ်... သူလည်း အဆိုးအဖြစ် ပြောင်းလဲသွားတော့မှာ... နောက်ဆုံးတော့ သေသွားလိမ့်မယ်"
ဒါကို သူမ တွေးလိုက်ရင်ပဲ ချန်ရှီရဲ့ တာအိုနယ်မြေထဲကနေ သန့်စင်တဲ့ စွမ်းအင်တွေ ရုတ်တရက် ထွက်လာပြီး ဒီမြို့ငယ်လေးရဲ့ ပန်းပင်တွေ၊ သစ်ပင်တွေကို အာဟာရဖြစ်စေပြီး ပွင့်လန်းလာပြီး ညှိုးနွမ်းနေတဲ့ မြက်ပင်တွေကိုပါ စိမ်းစိုသွားစေလေသည်။
နတ်သမီးရှောင်သွမ့် ထိတ်လန့်သွားသည်။
"သူ့မှာ သဘာဝကို လွှမ်းမိုးနိုင်တဲ့ စွမ်းအင်တွေ ရှိနေသေးတာလား..."
ချန်ထန်နဲ့ ချန်ရှီတို့ကြားက တာအို အကြောင်း စကားစမြည် ပြောခဲ့တာကြောင့် ရုတ်တရက် သတိရသွားသည်။
ထိုအချိန်တွင် ချန်ရှီက ကောင်းကင်နှင့်မြေကြီးသည် တာအိုနှင့် ပေါင်းစည်းမည်ဆိုပါက မကောင်းမှုနောက်သို့ လိုက်မိမည်ဟု ပြောခဲ့သည်။ ဒါဆို ဒီကောင်းကင်နဲ့ ပေါင်းစည်းရင် ဘာဖြစ်သွားမလဲ။ သူမနဲ့အတူ ကောင်းကင်မြေကြီး၏ တာအိုသည်လည်း မကောင်းမှု ဖြစ်သွားမည် မဟုတ်တော့ပေ။
မကောင်းမှုဆီသို့ မပို့ဆောင်နိုင်ရုံသာမက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တာအိုကိုပင် လွှမ်းမိုးနိုင်ပြီး အတွင်းမှ မကောင်းသောစွမ်းအင်များကို လျှော့ချနိုင်သည်။ နတ်သမီးရှောင်သွမ့်သည် သူမရှေ့တွင် ဖြန့်ကျက်ထားသော မြင်ကွင်းကိုကြည့်ပြီး ဤလူငယ်သည် ကြွားဝါခဲ့ခြင်း မဟုတ်ကြောင်း ရုတ်တရက် သိလိုက်လေသည်။
သူ ဆက်လျှောက်သွားလျှင် ကောင်းကင်နှင့်မြေကြီးသည် တာအိုနှင့် ပေါင်းစည်းလိုက်သောအခါ ဤကမ္ဘာက တာအိုသည် သူ့ကိုလွှမ်းမိုးနိုင်မည် မဟုတ်သည့်အပြင် ၎င်းအစား သူကသာ ပြန်လွှမ်းမိုးသွားလိမ့်မည်။
မြို့ငယ်လေးရှိ လူများသည် ယင်စွမ်းအင်၏ လွှမ်းမိုးမှုမှ ကင်းလွတ်ပြီး သက်ရှိကမ္ဘာထဲ ပြန်ရောက်သွားသကဲ့သို့ ခံစားရကာ ကောင်းကင်နှင့် ကမ္ဘာ၏ ပုံမှန်မဟုတ်သော အခြေအနေကိုလည်း သတိပြုမိကြသည်။
နတ်သမီး ရှောင်သွမ့်၏ အမူအရာသည် အုံ့မှိုင်းနေရာမှ တောက်ပသောအသွင်သို့ ပြောင်းသွားသည်။
"ဒါကို သူအောင်မြင်နိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အလောင်းသုံးကောင်ကို သတ်ပစ်ဖို့တောင် မလိုတော့ဘဲ နေလိမ့်မယ်.. အဲ့ကျရင် ငါသူ့ကို တကယ်ပြရလိမ့်မယ်..."
ချန်ရှီသည် ရှောင်သွမ့် သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ပြီးနောက် ရပ်တန့်လိုက်ကာ သူ့အမူအရာ ပြောင်းသွားသည်။ သူက အံ့သြသွားပုံဖြင့်။
"ရှောင်သွမ့်... နိုးနေပြီလား?"
နတ်သမီးရှောင်သွမ့်လည်း သူမ၏ အာရုံများကို ပြန်ရလာပြီး သူမစိတ်ထဲ အတွေးများက ပြိုင်ဆိုင်သွားသည်။ သူမသည် ရှောင်သွမ့်ရဲ့ စကားကိုအတုယူကာ ခေါ်လိုက်သည်။
"ယောက်ျား..."
ထိုစကားများကို ပြောပြီးသည်နှင့်ပင် သူမသည် ဖော်မပြနိုင်သော အဆင်မပြေမှုတစ်ခုကို ခံစားလိုက်ရသည်။ သို့နှင့် ချန်ရှီဆီသို့ အလျင်အမြန်သွားကာ လေညင်းများအဖြစ် ပြောင်းလဲပြီး ချန်ရှီ၏ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲသို့ ပြေးဝင်သွားခဲ့တော့သည်။
သူမ နှလုံးတွေ တဒိန်းဒိန်းခုန်နေတယ်။
"သူငါ့ကို လုံးဝ မမှတ်မိလောက်ဘူး!"
ချန်ရှီ အံ့ဩသွားပြီး သူ့ကျင့်ကြံမှုအကြောင်း မေ့သွားသည်။ ဟေးကော်ကိုတွေ့ပြီး ပြောပြလိုက်တော့ ဟေးကော်လည်း အံ့သြသွားသည်။
"ဝုတ်?"
ချန်ရှီ မျက်နှာက ထူးဆန်းလာပြီး ခေါင်းညိတ်လိုက်သည်။
"ဝူး၊ ဝူး!"
ဟေးကော်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ပါးစပ်ကို ကျယ်ကျယ် ဖွင့်လိုက်သည်။
"ဝုတ် ဝုတ်?"
နတ်သမီးသည် အပြင်ဘက်က လူနှင့် ခွေးဟောင်သံကို အဆက်မပြတ် နားထောင်ရင်း နတ်ကွန်းပေါ်တွင် ထိုင်နေသည်။ သူမမျက်နှာ တဖြည်းဖြည်း မည်းမှောင်သွားကာ။
"ငါက ညီမလေး မဟုတ်ဘူး.... သူနဲ့ အတူအိပ်ခဲ့တာငါမှန်း သူသိတယ်... ဟေးကော်နဲ့ ဒီအကြောင်းပြောပြနေတာ!"
သူမ အံကြိတ်ကာ ရှက်သလို ဒေါသလည်း ထွက်လာသည်။ နံနက်စာစားပြီးနောက် ချန်ရှီသည် လင်ရှန့်ဆီ အရှင်မင်းသားကွမ်ကျီ ဘုံကျောင်း မြေပုံကို ထားခဲ့ကာ ပြန်လည်ထွက်ခွာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် သစ်သားလှည်းသည် အခြားဘုံကျောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုနတ်ဘုရားအား ရှဲ့အန်း ဟုခေါ်ပြီး အရှေ့ပိုင်း ကျင့်မင်းဆက်အတွင်း ဉာဏ်အလင်းရရှိကာ ဘုရင်ကွမ်ယင့် အဖြစ် ကြည်ညိုလေးစားခံခဲ့ရသည်။
ဘွဲ့အပ်နှင်းပြီးနောက် ချန်ရှီ ထွက်လာပြန်သည်။
ဟေးကော်သည် သစ်သားလှည်းကို မောင်းနှင်ခိုင်းပြီး သရဲတစ္ဆေရှိသော ကျေးလက်ဒေသကို ဖြတ်သန်းသွားခဲ့သည်။
လအနည်းငယ်ကြာပြီးနောက် သူတို့သည် လင်ကျိုးမြို့အနှံ့ ဘုံကျောင်းများမှတစ်ဆင့် ဘုရင်ဝမ်အန်း၊ ဘုရင်ကွမ်ဟွေ့၊ ဘုရင်ဟွေ့ကျီ အပါအဝင် နတ်ဘုရားအမျိုးမျိုးကို အသက်သွင်းပေးခဲ့ကြသည်။ လင်ကျိုး တစ်လျှောက်ရှိ ဘုံကျောင်းများသည် တဖြည်းဖြည်း တောက်ပလာကာ ၎င်းတို့၏ အတွင်းခန်းထဲ၌ နေရောင်များဖြင့် စိုစွတ်နေတော့သည်။
နတ်ဘုရားများ၏ ပုံစံများသည် တဖြည်းဖြည်းပုံသဏ္ဌာန် ဖြစ်လာပြီး ၎င်းတို့၏ ရွှေကိုယ်ခန္ဓာသည် ရွှေရောင်အဆင်းသဏ္ဍာန်ကို ပြန်လည် ရရှိလာသည်နှင့်အမျှ မင်းသားယွဲ့ဘုံကျောင်းနှင့်တူသည့် မြင်ကွင်းသည် တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။
အခြေချနေထိုင်မှုသည် ဤနေရာတွင် တဖြည်းဖြည်း ပေါ်ပေါက်လာပြီး အနီးနားရှိ နယ်မြေများမှ လူများသည် ရှင်သန်မှုကို ရှာဖွေရန် ထိုနေရာတွင် စုရုံးလာကြသည်။
ချန်ရှီနဲ့ ဟေးကော်တို့သည် လင်ကျိုးပြည်နယ်မှ ထွက်ခွာပြီး ပေါင်ကျိုး ပြည်နယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် ယင်ယန်နေလလက်စွပ်သည် အဝေးသို့ ပျံသန်းတော့မည်ကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ချန်ရှီသည် ၎င်းကို သစ်သားပလ္လင်ငယ်တစ်ခုပေါ်တွင် အဆောတလျင် ထားခဲ့ပြီး နံ့သာပေါင်းဖြင့် ပူဇော်ကာ ဂါရဝပြုခဲ့သည်။ အမွှေးတိုင်ကို လက်ခံရရှိသော ယင်ယန်နေလလက်စွပ်ဟာ တဖြည်းဖြည်း တည်ငြိမ်လာ၏။
"ကျုံးဝူဝမ့်ရဲ့ ကျင့်ကြံမှုက အထွတ်အထိပ်ကို ပြန်ရောက်သွားပြီ... သူက ယင်ယန်နေလလက်စွပ်ကို ပြန်ယူဖို့ ကြိုးစားနေပြီ... အခု သူ့ကို ဒဏ်ရာရစေတဲ့သူနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ ဖြစ်မယ်"
သူ့မျက်နှာက လေးနက်လာသည်။ ကျုံးဝူဝမ့်ကို ဒဏ်ရာရစေခဲ့သူသည် အထက်ကမ္ဘာက သခင်ဖြစ်ရမည်။ မိသားစု ဆယ့်သုံးစုထဲမှ ဘိုးဘေးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
လအနည်းငယ်အတွင်း ကျုံးဝူဝမ့်ဟာ သူ့ချို့ယွင်းချက် အားလုံးကို ပြုပြင်နိုင်သည့်အရည်အချင်း အမှန်တကယ် ရှိနေတာလား။
ကျွီကျိုး ပြည်နယ်၊ ရှင်းချာတောင်။
ကျုံးဝူဝမ့်သည် တောင်ထိပ်ပေါ်တွင် ထိုင်ကာ သူ့ရှေ့မှ အမွှေးတိုင်သုံးချောင်းကို စိုက်ကြည့်နေသည်။ အနည်းငယ် ကူကယ်ရာမဲ့ ခံစားရသဖြင့် ခေါင်းယမ်းကာ ပြုံးလိုက်၏။
"ငါ မင်းကို အနစ်နာခံ ပူဇော်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... တခြားသူတွေရဲ့ လအနည်းငယ်လောက်တောင် မကောင်းဘူးလား ဟွမ်အာ... မင်း စိတ်ပြောင်းသွားပြီ"
ယင်ယန်နေလလက်စွပ်သည် သူ့အမွှေးတိုင်ကြောင့် မထိခိုက်တော့သလို သူ့ကို ပြန်မှတ်မိချင်သော်လည်း မှတ်မိရန် မဖြစ်နိုင်တော့ပေ။
"အခု ငါ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ အဘိုးကြီးသုံးယောက်ကို ကိုင်တွယ်ဖို့ အချိန်ရောက်ပြီ"
ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်နှာပေါ်က အပြုံးတစ်ခု ပေါ်လာသည်။
"ငါ့ကို ကြံစည်တဲ့လူက မိသားစု ဆယ့်သုံးစုထဲက သခင်တွေ ငါ့ကိုရှာဖို့ သူ့ဦးနှောက်တွေ ကြိတ်ထားရမှာပဲ... သူ ငါ့ကိုတွေ့ရင် အဲဒီလူအိုသုံးယောက်ကို အကြောင်းကြားလိမ့်မယ်"
ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ အပြုံးမပျက်။ ပြင်းထန်သော အတွေးတစ်ခုသည် နေရာတိုင်းတွင် ပျံ့နှံ့သွားသည်။ မိုင်တစ်ထောင်အကွာအဝေးအတွင်း ကောင်းကင်နားစွင့်သူ အားလုံးသည် ၎င်းတို့၏ အတွေးအမြင်များကို ပြင်းထန်စေပြီး သတင်းစကားကို ပို့လွှတ်လိုက်ကြသည်။
နာရီဝက်အတွင်းတွင် မြေအောက်ကမ္ဘာတစ်ခွင်ရှိ ကျွင်းကျီများအားလုံးသည် ကောင်းကင်ကိုကြည့်ကာ မှတ်တမ်းတင်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
"ငါကိုယ်တိုင်နဲ့ မွေးရာပါတာအိုသန္ဓေသားကို ငါးစာအဖြစ် သုံးနေတယ်... ဒီအကျိုးကျေးဇူးက မင်းကို ဆွဲဆောင်ဖို့ လုံလောက်ပါတယ်... မိတ်ဆွေ မင်းက အပြစ်အနာအဆာကို ထုတ်မပြောနိုင်ပေမယ့် အထက်ကမ္ဘာက အဲဒီအဘိုးကြီးသုံးယောက်ကို မင်း သတင်းပေးလိုက်တာနဲ့ သေချာပေါက် ပေါ်လာလိမ့်မယ်!"
ချို့ယွင်းချက် တစ်ခုပြပြီးရင် သေလိမ့်မယ်!