အမတဘေးဆိုး
Vol. 30 Ch. 425
ချန်ရှီသည် သွေးအသွင်ပြောင်း နတ်ဓားကို ရိုက်နှက်ပစ်ချင်သော်လည်း ယူဆောင်လာခဲ့သေးသည်။ ဤဓားသည် နတ်ဆိုးစွဲလွန်းသဖြင့် သူ့ကို ထိန်းချုပ်ရန် အမြဲကြိုးစားနေ၏။
သို့သော်လည်း ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ်ကို ဓားပျော့များဖြင့် ပြုလုပ်ထားသောကြောင့် ရိုက်နှက်ခြင်းသည် ကောင်းမွန်ပါသည်။ သွေးအသွင်ပြောင်း နတ်ဓားကိုသာ တူညီသော ကုသမှုမျိုး ခံယူခိုင်းပါက ကျိုးပဲ့သွားနိုင်ဖွယ် ရှိသည်။
ချန်ရှီသည် ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ်ကို ငှားပြီး ဤမသေနိုင်သော အမတရှေးဟောင်းပစ္စည်း၏ လုပ်ဆောင်ချက်ကို အသေအချာ လေ့လာခဲ့သည်။ သူ ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အမတဓား ကိုးဆယ့်ကိုးစင်းက သူ့ကို ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။ ရှေးဟောင်းပစ္စည်း၏ အတွင်းပိုင်းသည် အခေါင်းပေါက်ဖြစ်ပြီး လူဒါဇင်နှင့်ချီ၍ ဧည့်ခံနိုင်ပြီး ပြင်ပကမ္ဘာမှ ပိတ်ထားနိုင်သည်။ ပြင်ပ တာအိုမှော်ပညာကို မထိခိုက်စေနိုင်ပါ။
အပြင်ဘက်ရှိ သူများသည် အမတ ရှေးဟောင်းပစ္စည်း၏ အတွင်းပိုင်းကို မမြင်နိုင်ပေ။ ထူးဆန်းသည်မှာ ချန်ရှီမှာ ထိုလွန်းပျံယာဥ် မရှိသကဲ့သို့ ပြင်ပကမ္ဘာကို ကွက်ကွက်ကွင်းကွင်းနှင့် ရှင်းလင်းစွာ မြင်နိုင်သည်။
"အာကာသထဲကို ပျံသန်းပြီး ကောင်းကင်က နတ်ဘုရားရဲ့ အဖြစ်အပျက်ကို မြင်အောင်လုပ်ဖို့ ဒီရတနာကို သုံးနိုင်လောက်တယ်"
ချန်ရှီ မျက်တောင်ခတ်လိုက်သည်။ လွန်ခဲ့သည့်အချိန်က မှော်ရတနာရှူးကျီးနှင့် နက်နဲသော အသွင်ကူးပြောင်းရေး မီးဖိုရှစ်လုံးကို ပြင်ပအာကာသသို့ ရောက်ရန် အသုံးပြုခဲ့သော်လည်း ပြင်ပအာကာသမှ မကောင်းသော စွမ်းအင်များက ပြင်းထန်လွန်းသည်။ သူမှလွဲ၍ အခြားမည်သူမျှ ခံနိုင်ရည်မရှိ၍ ပြန်လာခဲ့ရသည်။
ယခု ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ်က အမတ ရှေးဟောင်းပစ္စည်းဖြစ်သည်။ ပြင်ပအာကာသမှ မကောင်းသော စွမ်းအင်ကို ခံနိုင်ရည်ရှိလျှင် ကောင်းကင်က နတ်ဘုရားဆီ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဟေးကော်မှာ လွန်းပျံယာဉ်ကို ထိန်းသာ ထိန်းထားနိုင်ခဲ့ပြီး ၎င်း၏အရှိန်ကို အပြည့်အဝအသုံးမချနိုင်ခဲ့ပေ။
"ဟေးကော်! မင်း ဒီရတနာရဲ့ ဝိညာဥ်ကို ချေမှုန်းပြီးပြီဆိုပေမယ့် ပူဇော်တာတွေနဲ့ သန့်စင်ဖို့ လိုအပ်နေသေးတယ်..."
"ယဇ်ပူဇော်တဲ့နေရာမှာ အမွှေးတိုင်၊ ပူဇော်သက္ကာနဲ့ တခြားပစ္စည်းတွေ ပါတယ်... ပြန်လည်သန့်စင်တာကျ မင်းရဲ့ကိုယ်ပိုင် ကျင့်ကြံမှုနဲ့ တာအိုကို ထပ်ခါတလဲလဲ ပြုပြင်ပေးရင်း မင်းနဲ့ လိုက်ဖက်ညီမှု တိုးလာအောင် လုပ်ရမယ်...ပြီးကျရင် ကိုယ့်လက်ရုံးလို ပိုအားကောင်းပြီး သုံးရတာ လွယ်ကူလာစေမယ်"
ဟေးကော်သည် ဤကိစ္စများကို ကျွမ်းကျင်သူ မဟုတ်သော်လည်း သူပြောပြတာကိုတော့ သဘောတူပါသည်။ သူသည် ချက်ချင်းပင် ပါးစပ်ကိုဖွင့်ကာ ယဇ်ပလ္လင်ငယ်တစ်ခု ထုတ်ကာ လွန်းပျံယာဉ်ကို ၎င်းပေါ်တွင် တင်လိုက်သည်။
ချန်ရှီ အရင်ကလည်း ဟေးကော်ပါးစပ်မှ ပစ္စည်းများ ထုတ်ပေးတတ်တာကို မြင်ဖူးသည်။ အဲဒီ ထူးထူးဆန်းဆန်း တစ္ဆေစာအုပ်တွေကိုလည်း သူ့ပါးစပ်ထဲပဲ ဖွက်ယူလာတာပင်။
"မင်းပါးစပ်ထဲ ထည့်ထားရင် မင်းတံတွေးတွေ မစိုသွားဘူးလား"
သို့သော်လည်း ဟေးကော် သူ့ပါးစပ်မှ ထုတ်ယူလိုက်သော အရာများသည် အများအားဖြင့် လုံးဝမစိုဘဲ ခြောက်သွေ့လွန်းလှသည်။
ချန်ရှီ သူ့ဟာသူ အလုပ်ရှုပ်နေတာကို ကြည့်နေလိုက်သည်။ ဟေးကော်က နံ့သာပေါင်းကို ကိုင်ဆောင်ပြီး လွန်းပျံယာဉ် အတွက် နံ့သာပေါင်းကို မီးရှို့ရန် ပြင်ဆင်လျက် ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်ခဲ့သည်။ သို့သော် လွန်းပျံယာဉ်မှ အမွှေးတိုင် အခိုးအငွေ့များသည် စိမ်းပြာရောင်တိမ်တိုက်များထဲသို့ လွင့်စင်သွားကာ တိမ်တိုက်များမှ မိန်းကလေးတစ်ဦး ထွက်ပေါ်လာသည်။ သူမသည် ဒူးထောက်ကာ ရှိုက်ကြီးတငင်ငိုရင်း လက်ကိုဝှေ့ယမ်းပြကာ ဟေးကော်၏ အမွှေးတိုင်ကို မခံနိုင်ကြောင်း ညွှန်ပြသည်။
ဟေးကော်လည်း ခေါင်းကုတ်ပြီး ချန်ရှီကို ပြန်ကြည့်လိုက်သည်။
ကူကယ်ရာမဲ့သွားတဲ့ ချန်ရှီလည်း။
"ပူဇော်စရာ မလိုဘူးဆိုတော့ အဲဒါကို သန့်စင်လိုက်ကြရအောင်"
ဟေးကော် ပါးစပ်ကိုဖွင့်ပြီး သန့်စင်ဖို့ ပြင်ဆင်နေတဲ့ဟန်ဖြင့် နတ်ဆိုးမီးကို လောင်ကျွမ်းပစ်လိုက်သည်။ သို့သော်လည်း ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ်သည် နတ်ဆိုးမီးထဲတွင် အပြန်ပြန်အလှန်လှန် ပျံသန်းသွားခဲ့ပြီး သန့်စင်သွားသည့် အရိပ်အယောင်မရှိသလို စွမ်းအားတိုးလာမည့် အရိပ်အယောင်လည်း မတွေ့ရပေ။
ဤအရာသည် နတ်ဆိုးစွမ်းအင်ကြောင့် မထိခိုက်သွားခဲ့။
"ဟေးကော်က ဒီမှော်လက်နက်ကို မထိန်းချုပ်နိုင်သေးဘူး အချိန်မရွေး ပျံသွားနိုင်တယ် ၊ တခြားပိုင်ရှင်ကို ရှာတွေ့နိုင်တယ်၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က လုယူသွားနိုင်တယ်..."
ထိုက်ယိနတ်ဆိုးနှင်လွန်းပျံယာဥ် အတွင်းရှိ ကလေးမလေးက ပြေးလာပြီး ဟေးကော်၏ ပုခုံးနှင့် ကျောကို ဂရုတစိုက် ပွတ်သပ်ပေးလိုက်သည်။
ချန်ရှီ: "မေ့လိုက်ပါတော့ ငါဘာမှမပြောခဲ့ဘူး"
သူသည် သွေးအသွင်ပြောင်း နတ်ဓားကို ကြည့်ပြီး ထို့နောက် နတ်ဆိုးသတ်ဖြတ်သော လွန်းပျံယာဉ်ကို ကြည့်လိုက်သည်။ သူ့အတွင်းစိတ်ထဲမှာ ဒေါသတွေ လျှံတက်လာပြီး သွေးအသွင်ပြောင်း နတ်ဓားကို ပြင်းပြင်းထန်ထန် အသက်သွင်းချင်လာသည်။
ကောင်းကင်ကြီးက ပေါက်ကွဲနေဆဲပါပဲ။ ကွဲအက်နေသော အထက်ကမ္ဘာ၏ နယ်မြေအများအပြားသည် ကောင်းကင်တွင် လွင့်စဉ်နေပြီး အချို့မှာ မီးတောက်နေဆဲဖြစ်ပြီး အချို့မှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ချန်ရှီသည် ဟွာရှ နတ်ဘုရားများအတွက် ရည်စူးထားသော ဘုံကျောင်းများကို ရှာဖွေစဉ်တွင် ကောင်းကင်ယံ၌ နေနှင့်လများ ဒါဇင်ပေါင်းများစွာ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။ အချို့မှာ မြင့်သည်၊ အချို့မှာလည်း နိမ့်၏။
"ဒီကမ္ဘာကြီး ရူးသွားပြီ"
ကျူးရှို့ချိုင်သည် သစ်သားတွန်းလှည်း၏ ခေါင်မိုးပေါ်မှ တွဲလောင်းချထားရာမှ ရေရွတ်လိုက်သည်။
သရဲတစ္ဆေများနှင့် နတ်ဆိုးများစွာကတောင် ကြောက်လန့်ပြီး အရိပ်ထဲတွင် ပုန်းအောင်းကာ ထွက်လာဖို့ ငြင်းနေကြသည်။ သို့သော် နေထွက်ချိန်တွင် သရဲနှင့် နတ်ဆိုးများ ကွယ်ပျောက်သွားပြီး ဘဝက ပုံမှန်ပြန်ဖြစ်နိုင်သည်ဟု ယုံကြည်ကာ ထိတ်လန့်နေသူများကလည်း အချင်းချင်း အားပေးနေခဲ့ကြသည်။
ချန်ရှီ ရွာတစ်ရွာကို ဖြတ်သွားစဥ် လယ်ကွင်းထဲတွင် အလုပ်လုပ်ရင်း လယ်မြေများ ထွန်ယက်စိုက်ပျိုးကာ ကောက်ပဲသီးနှံများ ကြဲချသည့် ရွာသားများ မြင်တွေ့ခဲ့ရသည်။
သူက ရှေ့ကို လှမ်းပြီး ယင်နဲ့ ယန်ဘုံက မကွဲသွားသေးဘူးလို့ ပြောပြီး ကောင်းကင်က နေဟာ တကယ့် နေမဟုတ်သလို ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ အသုံးမဝင်ဘူးလို့ ညွှန်ပြလိုက်သည်။
ရွာသားများသည် ဒေါသတကြီး ပေါက်ပြားများ ကိုင်ဆောင်ကာ ရိုက်နှက်ကျိန်ဆဲကြသည်။
"မင်းတို့ တကယ် သီးနှံမစိုက်နိုင်ဘူး!"
အကြိမ်ကြိမ် ထိုးနှက်ပြီးနောက် ချန်ရှီသည် ၎င်းတို့၏ ပေါက်ပြားများနှင့် ပေါက်တူးများကို လုယူကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီနေနဲ့လက မဟာယာနနယ်ပယ်က ကျင့်ကြံသူတွေ ကောင်းကင်ဘုံ နတ်ဘုရားရဲ့ မျက်လုံးတွေကို အတုယူပြီး မဟာယာနနယ်ပယ်အတွက် ပြုပြင်ဖန်တီးထားတဲ့ နေနဲ့လ.. အခုပဲ ကောက်နှံတွေစိုက်ပြီးလည်း မရိတ်နိုင်ဘူး... အစာခေါင်းပါးတာကပဲ ပိုမြန်လာလိမ့်မယ်..."
သူသည် ကျင့်ကြံသူဖြစ်ပြီး ရက်စက်သော ခွေးတစ်ကောင်နှင့်အတူ ရောက်လာတာ သတိထားမိတော့မှ ရွာသားများ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ အဘိုးအိုတစ်ဦးက ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်ဖြန်ဖြေလာ၏။
"ဆရာကြီး မှန်ပါတယ် ငါတို့မှားမှန်းသိပါတယ်... ငါတို့မစိုက်တော့ဘူး ငါတို့မစိုက်တော့ဘူး!"
ရွာသားအားလုံးက "မစိုက်တော့ဘူး၊ ငါတို့မစိုက်ဘူး" ဟု တညီတညွတ်တည်း ပြုံးပြကြသည်။
ချန်ရှီလည်း ပေါက်ပြားနဲ့ ဂေါ်ပြားကို ပြန်ပေးကာ ရွာမှ ထွက်သွားလေသည်။ ပြန်ကြည့်လိုက်တော့ ရွာသားတွေက ပေါက်တူးတွေ ကောက်ပြီး စိုက်ဖို့ ပြန်သွားတာကို မြင်လိုက်ရလေ၏။
"ဒီလူတွေတော့!"
"တစ်ဆယ်လေး... သူတို့အတွက် စိတ်မပူနဲ့ မင်း သူတို့ကို အကြိမ်ကြိမ် စည်းရုံးရင်တောင် ကောက်နှံတွေ စိုက်နေဦးမှာပဲ... မစိုက်ရင် သူတို့ အိုးထဲက ဆန်တွေ တစ်နေ့ထက်တစ်နေ့ လျော့လာတာ တွေ့ရလိမ့်မယ်... သူတို့ဘာသာလည်း မျှော်လင့်ချက် နည်းနည်းတော့ လိုတယ်"
ချန်ရှီ ဒေါသတကြီးနဲ့ :"ဒီနေရောင်အောက်မှာ ကောက်ပဲသီးနှံတွေ ပေါက်နေရင်တောင် အစေ့တွေ မထွက်လာဘူး... အစာကို ဖြုန်းတီးနေတာ.. သေတာ ပိုမြန်လာမှာပဲ!"
"မင်းသူတို့ကို မျှော်လင့်ချက် တစ်ခုပေးရမယ်... ဒါ့အပြင် ဒီရွာကလူတွေကို တားနိုင်ရင် ကမ္ဘာပေါ်ကလူတိုင်းကိုရော တားနိုင်မလား ဘယ်သူမှ မင်းကို ယုံမှာမဟုတ်ဘူး... ထမင်းမကျက်မချင်း သူတို့နိုးလာမှာ မဟုတ်ဘူး အထက်ကမ္ဘာကြီး ပျက်စီးသွားပေမယ့် ကမ္ဘာကြီးက လူတွေအတွက် ကြီးကြီးမားမား ဒုက္ခတွေ ပေးလိမ့်မယ် အခုက ဆောင်းတွင်းတောင် မရောက်သေးဘူး"
ချန်ရှီ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် မြင့်မားစွာ တွဲလောင်းကျနေသော နေများစွာဖြင့် အဆုံးမဲ့အပူဓာတ် ဖြာထွက်နေသဖြင့် နှစ်ပေါင်းများစွာ နှင်းများထူထပ်စွာ ကျဆင်းခြင်းမျိုးက မဖြစ်လာလောက်ချေ။ နှင်းများထူထပ်စွာ မကျလာခဲ့ပါက လူများစွာ အေးခဲပြီး သေမည်လည်း မဟုတ်ပေ။
ကျူးရှို့ချိုင်: "မင်း ဟွမ်ဖောရွာနဲ့ ရှင်းရှန်ကို အနိုင်ကျင့်ရုံနဲ့ မရဘူး... မင်း ကမ္ဘာပေါ်က လူတိုင်းကို အနိုင်ကျင့်ရမယ်... စစ်မှန်တဲ့ ဘုရင်ဖြစ်ရမယ် အမိန့်နာခံနိုင်စေရမယ်"
"စစ်မှန်တဲ့ဘုရင် ဖြစ်လာပြီး ကမ္ဘာပေါ်ကလူတိုင်းကို အနိုင်ကျင့်ရမှာလား?"
ချန်ရှီသည် အဝေးကို ငေးကြည့်ရင်း လက်သီးများကို ဆုပ်ထားမိသည်။
အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် ရုတ်တရက်ပေါ်လာသော အခြားဘုံကျောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ ရှန့်ကူးဘုံကျောင်းဟု ခေါ်၏။ ချန်ရှီ ဘွဲ့အပ်နှင်းပြီးနောက် ရှန့်ကူးဘုံကျောင်း၏ ထူးကဲသော စွမ်းအားသည် တဖြည်းဖြည်း စုစည်းလာပြီး နတ်အသွင်ဆောင်တော့မည် ဖြစ်သည်။
ချန်ရှီသည် အမွှေးတိုင်များ ပူဇော်ပြီးတဲ့အခါ ထွက်ခွာခါနီးတွင် အဝေးမှ ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ တောင်ထိပ်တစ်ခု ပြိုကျပြီး ကြီးမားသော အသံနှင့်အတူ ထိုတောင်ကြီးလည်း ပြိုကျသွား၏။
ထိုသို့သော အဖြစ်အပျက်များသည် မကြာသေးမီက မကြာခဏ ဖြစ်ပွားခဲ့ပြီး သူ မအံ့သြတော့ပါ။
ထိုအချိန်တွင် ကောင်းကင်သည် ရုတ်တရက် ပြိုကျနေသော တောင်တန်းကြီးပေါ်တွင် ပွင့်သွား၏။ ကောင်းကင်မှ မီးနဂါးလေးဆယ့်ကိုးကောင်ဟာ ဇောက်ထိုး လွင့်ကျလာကာ ပြိုကျနေသော တောင်ကို ဇောက်ထိုး လှန်ပစ်လိုက်ကြသည်။
မီးနဂါးများသည် မီးတောက်များ အားလုံးကို လောင်ကျွမ်းစေပြီး တောင်တစ်ခုလုံးကို ချက်ချင်းလောင်ကျွမ်းစေကာ ချော်ရည်အိုင်ကြီးများပင် ဖြစ်လာစေ၏။
"အစွမ်းထက်လိုက်တဲ့ အမတစွမ်းအင်!"
ချန်ရှီ လန့်သွားသည်။
"အမတလား"
ဒါကို သူတွေးနေချိန်မှာပဲ မီးနဂါးတစ်ကောင်ရဲ့ လည်ပင်းကနေ မီးစိမ်းရောင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး မီးတောက်များ ဖုံးလွှမ်းနေသော အဘိုးအိုတစ်ဦး မီးနဂါးဒိုင်းလွှာအောက်မှ ပြေးထွက်လာခဲ့သည်။ လက်ကို မြှောက်လိုက်တဲ့အခါ ရေစီးကြောင်းများ ဖြာထွက်ကာ မီးတောက်များကို ငြိမ်းသတ်နိုင်ခဲ့သည်။
နတ်မီးဒိုင်းနောက်တွင် ကောင်းကင်မှ ဆင်းသက်လာသော လက်ကြီးတစ်ခုသည် ကျောက်စိမ်းပမာ ဖြူဖွေးကာ အချိန်နှင့်အာကာသတစ်လျှောက် အထက်ကမ္ဘာမှ ဆင်းသက်လာကာ အဘိုးအိုကို ထိမှန်သွားလေသည်။
အဘိုးအိုသည်လည်း သူ့ခန္ဓာကိုယ်မှ တောက်ပသော အမတ အလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။ လက်ကို မြှောက်ထားသော်လည်း မခံမရပ်နိုင် ဖြစ်လာပြီး နောက်သို့ အရှိန်ပြင်းပြင်း ပျံသန်းသွားခဲ့သည်။
ပြင်းထန်သောလေက ချန်ရှီ၏ အဝတ်အစားများကိုပင် ရိုက်ခတ်သွား၏။ အမတကျောက်စိမ်းလက်နှင့် အဘိုးအို၏ ထိပ်တိုက်တွေ့မှု၏ နောက်ဆက်တွဲမှာ ဤနေရာအထိ သက်ရောက်မှုရှိနေသည်။
"အဲဒါက ဖေ့မိသားစုရဲ့ ဘိုးဘေး!"
ချန်ရှီ အဘိုးအို၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။
"သူ အထက်ကမ္ဘာက လွတ်မြောက်လာခဲ့တာလား... စိတ်ပျက်ဖွယ်ကုန်းစောင်းက အမတ က ဘယ်သူ့ကိုမှ အသက်မရှင်စေလောက်ဘူး! သူက ကျုံးဝူဝမ့်ကို တိုက်ဖို့ အောက်ပိုင်းနယ်မြေတွေဆီ ရောက်လာတာမလား... သူအခု ထွက်ပြေးနေတာ ဆိုတော့ ဘယ်သူက သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲ...."
ဦးခေါင်းခွံ ပွင့်သွားတော့မလို ရုတ်တရက် စူးစူးရှရှ နာကျင်မှုက သူ့ခေါင်းနောက်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ထိုအခိုက် ဘယ်သူလဲဆိုတာ သိလိုက်ပါပြီ။
ထိုအချိန်တွင် ကျုံးဝူဝမ့်ကလည်း အရှိန်ပြင်းပြင်းဖြင့် ချဉ်းကပ်လာပြီး ဖေ့ကျစ်ချုံနှင့် အနီးကပ် တိုက်မိသွားခဲ့သည်။ ဖေ့ကျစ်ချုံရဲ့ ကျင့်စဥ်က ကျင့်စဥ်စာအုပ် ဆယ်အုပ်မှ တစ်ခုဖြစ်ပြီး အမတအဆင့် စွမ်းအားအထိ မြှင့်တင်ပေးခဲ့သည်။ လှုပ်ရှားမှုတိုင်းတွင် သူသည် ကောင်းကင်နှင့်မြေကြီးကို ဆွဲငင်ကာ သူ့လှုပ်ရှားမှုများကို မယုံနိုင်လောက်အောင် အစွမ်းထက်စေသည်။
ဒါပေမယ့် သူရင်ဆိုင်ရတဲ့ ကျုံးဝူဝမ့်က ပိုကြောက်စရာကောင်းနေသည်။
သူတို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်ကတည်းက ကျုံးဝူဝမ့်ဟာ သူ့ကိုယ်ပိုင် တာအိုရဲ့ ချို့ယွင်းချက်ကြောင့် တိုးတက် ကောင်းမွန်လာခဲ့ပြီး သူတို့ကို လုံးဝ ထိခိုက်နိုင်စေခဲ့ပါသည်။ သူသည် စစ်မှန်သော ဘုရင်ကျန်းခေတ်မှ အမတကျင့်စဥ် အမျိုးမျိုးအပါအဝင် စိတ်ပျက်ဖွယ်ကုန်းစောင်းမှ အမွေဆက်ခံသော အံ့သြဖွယ်မှော်စွမ်းအားများကို ထုတ်လွှတ်ခဲ့သည်။
ဖေ့ကျစ်ချုံ ရုတ်တရက် ညည်းတွားပြီး နောက်ပြန် ပြေးသွားသောအခါတွင် သူတို့နှစ်ယောက် အလျင်အမြန် တိုက်ခိုက်ခဲ့ကြသည်။ ကျုံးဝူဝမ့်လည်း အခွင့်အရေးကို ဆုပ်ကိုင်လိုက်ကာ ပြင်းထန်စွာ ဆုတ်ခွာသွားခဲ့သည်။ ဖေ့ကျစ်ချုံ နောက်ကွယ်မှ ထူထဲသော အသားအမြှေးများက ဖောက်ထွက်လုနီးပါး ဖြစ်နေပြီ။
"ဖေ့ကျစ်ချုံ... မင်းနဲ့ငါ ဆယ်ရက်ကျော်လောက် တိုက်ပွဲဝင်နေတာ နောက်ဆုံးတော့ တာအိုနဲ့ ပေါင်းဖို့ အဆင်သင့်ဖြစ်လာပြီလား"
ကျုံးဝူဝမ့်သည် သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး။
"တာအိုနဲ့ မပေါင်းဘဲ အကြာကြီး ခံနိုင်ရည်ရှိတဲ့ မင်းရဲ့ စွမ်းရည်ကို ငါ ချီးကျူးလို့ကို မဆုံးဘူး.. ဒါပေမယ့် မင်း လိုက်လျောညီထွေ မနေနိုင်ပါဘူး ! မင်း အစကတည်းက တာအိုနဲ့ ပေါင်းစည်းဖို့ ရှောင်ခဲ့တာ... တကယ်လို့ တာအိုနဲ့သာ မပေါင်းလိုက်ရင် မင်းရဲ့ အစွမ်းအစက အဆုံးသတ်သွားပြီ "
ဖေ့ကျစ်ချုံ၏ ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးများသည် သူ့ကိုယ်သွေးများဖြင့် နီရဲနေလေသည်။ သူ့ပတ်ဝန်းကျင်ကလည်း မကောင်းဆိုးဝါး စွမ်းအင်တွေက ပိုပိုပြီး အားကောင်းလာကာ သူ့ရဲ့ အသွင်ပြောင်းမှုကို တဖြည်းဖြည်း ထိန်းချုပ်မှု ဆုံးရှုံးလာသည်။ သူရုတ်တရက် ဟောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ဝက်သည် ထိန်းမနိုင်သိမ်းမရ ကျယ်လာကာ တဖြည်းဖြည်း ကွေးညွှတ်သွားပြီး သူ့အသားနှင့် အသွေးများ တဟုန်ထိုး ဖောင်းကားလာသည်။
ဝုန်း!
ဧရာမအသား တောင်ပံတစ်ခုသည် သူ့ညာဘက်တစ်ခြမ်း၏ နောက်ကျောမှ အညှောက်ပေါက်သလို ပေါ်ထွက်လာကာ ကောင်းကင်ကြီးကိုပါ လွှမ်းခြုံပြီး ကျုံးဝူဝမ့်အပေါ် ဖုံးအုပ်ပစ်သည်။
သူသည် တာအိုနှင့် အပြည့်အ၀ မပေါင်းစပ်နိုင်ခဲ့ဘဲ တစ်ဝက်သာသာ ကျန်သေးသဖြင့် သူ့ခန္ဓာကိုယ်တစ်ဝက်မှာ တည်ငြိမ်နေသေးသည်။
"ဖေ့ကျစ်ချုံ... ငါ ဖြတ်ကျော်ဖို့ မင်းအကူအညီ လိုတယ်!"
ကျုံးဝူဝမ့်သည် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏ မှော်စွမ်းအား အားလုံးကို စုစည်းလိုက်သည်။
"ငါ အသက်ရှင်ဖို့ တိုက်ပွဲဝင်မယ်... မင်းရဲ့ အသက်ကို စတေးပြီး တာအိုဖြစ်လာဖို့ နောက်ဆုံး ခြေလှမ်းကို ကူညီပေးဖို့ မင်းကို ငါ တောင်းဆိုမယ်!"
သူသည် သူ့ကျင့်ကြံထားသည့် အမတကျင့်စဥ်များကို အသက်သွင်းခဲ့ပြီး နတ်ဝိညာဥ်နှင့် တာအို သန္ဓေသားကို ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ဖေ့ကျစ်ချုံဆီသို့ သူအားသွင်းနေစဉ်တွင် ကြယ်များသည် ကြီးမားသော မြွေတစ်ကောင်အသွင်ဖြင့် သူ့အား ဝိုင်းရံထားလေသည်။
"ဗုန်း!"
အမတ သတ္တဝါနှစ်ကောင်၏ မှော်စွမ်းအင်များအောက်တွင် တောင်များပြိုလဲကာ မြေကြီးတွေ အက်ကွဲကုန်သည်။ မြေကြီး၏ စွမ်းအင်များက အထက်သို့ တက်လာကာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုအလား ဖြစ်ပေါ်လာသည်။
ကြယ်များ ကွဲအက်သွားကာ ထန်မြွေ၏ဦးခေါင်းမှာ ကွဲထွက်သွားကာ ကျုံးဝူဝမ့်လည်း နောက်သို့ဆုတ်သွားခဲ့ရသည်။
ဖေ့ကျစ်ချုံ အစွမ်းကုန် တိုက်ခိုက်သော်လည်း ကျုံးဝူဝမ့်သည် ဗုဒ္ဓကဲ့သို့ သူ၏ မြင့်မြတ်သော တရားဓမ္မကို အသုံးပြု၍ အတောင်ပံများကို တန်ပြန် ဖိနှိပ်နိုင်ဖို့ အဖန်ဖန် တွန်းအားပေးနေခဲ့သည်။
သူတို့နှစ်ဦးသည် အကန့်အသတ်မရှိသော မှော်စွမ်းအားများနှင့် အံ့မခန်း အစွမ်းအစများကို ပိုင်ဆိုင်ထားကြပြီး မြေပြင်မှ ကောင်းကင်အထိ၊ ကောင်းကင်မှ တောင်တန်းများအထိ တိုက်ပွဲဝင်ခဲ့ကြသည်။ လှိုင်းလုံးကြီးများက ချန်ရှီရဲ့ ဘုံကျောင်းငယ်ကိုပင် ခြိမ်းခြောက်ချင်နေသည်။
ချန်ရှီ ကျူးရှို့ချိုင်ဘက် လှည့်အော်လိုက်သည်။
"ဆရာ! ဟေးကော်! ဒီရှန့်ကူးဘုံကျောင်းကို ကာကွယ်ထား!"
ကျူးရှို့ချိုင် အံ့အားသင့်သွားကာ။
"မင်းဘယ်သွားမလို့လဲ"
ချန်ရှီ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သေးငယ်သော ဘုံကျောင်းထဲမှ သွေးအသွင်ပြောင်းနတ်ဓား ပြေးထွက်လာသည်။
"ကျနော့် တာအိုသန္ဓေသားကို ပြန်ယူမလို့!"
သူသည် ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သွေးကန်ကျင့်စဥ်ကို အသက်ဝင်စေလိုက်သည်။ ချက်ခိင်းပင် ဓားမှသွေးပင်လယ်သည် သူ့ပတ်ဝန်းကျင်တွင် တစ်ဟုန်ထိုး စီးဆင်းလာပြီး ခေါင်းနောက်ဘက်တွင် ကြီးမားသော သွေးပင်လယ်ကြီးကို ဖန်တီးပြလိုက်သည်။
"တစ်ဆယ်လေး မသွားနဲ့!"
ကျူးရှို့ချိုင် အလွန်အမင်း ထိတ်လန့်သွားပြီး။
"ကျုံးဝူဝမ့်က အမတနယ်ပယ်ကို ရောက်ဖို့ နီးနေပြီ... မင်းက သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ဘူး!"
ချန်ရှီ၏ ခြေဖဝါးအောက်တွင် သွေးနီရောင်လျှပ်စီးကြောင်းတစ်ခု ပေါက်ကွဲသွားပြီး လေထဲတွင် ဖြတ်ပြေးသွား၏။
ဖေ့ကျစ်ချုံကလည်း ပို၍ ပြင်းထန်လာပြီး မိုးခြိမ်းသံကြီးလို ဟောက်လာသည်။ အကိုင်းအခက်များသည် မယုံနိုင်လောက်အောင် ပြင်းထန်သော သူ၏ အသားဝါအတောင်များမှ အညွှန့်သဖွယ် ပေါက်ထွက်လာသည်။
သူ့တိုက်ခိုက်မှုများက ပြင်းထန်လာသော်လည်း ကျုံးဝူဝမ့်သည် မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိခဲ့သည်။ ဘယ်လောက်ပဲ အပြင်းအထန် ထိုးနှက်နေစေကာမူ ခံစစ်ကို မဖြတ်နိုင်ပေ။
ကျုံးဝူဝမ့်မှာ အားနည်းချက် မရှိတော့ပါ။ နိမ့်ပါးလှတဲ့ ကျင့်ကြံမှုက သူ့ကို မထိခိုက်နိုင်ပေ။ ဖေ့ကျစ်ချုံမျက်နှာက လိမ်သွားကာ၊ မကောင်းဆိုးဝါး သူ့ခန္ဓာကိုယ်တစ်ဝက်သည် ပုံမှန်တစ်ဝက်ထဲ တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာကာ သူ၏ ဉာဏ်ရည်ဉာဏ်သွေးကို ကျော်လွန်သွားခဲ့သည်။
သူ ကောင်းကင်သို့ အသံနက်ကြီးဖြင့် ဟောက်လိုက်သည်။ သူ၏ သြဇာလွှမ်းမိုးမှု နယ်ပယ်ကလည်း ကျယ်ပြန့်လာသလို သူ့ခန္ဓာကိုယ်က အဆက်မပြတ် ကွဲလွဲနေပြီး အသားရဲ့ အစွန်းအထင်းတွေက ကောင်းကင်နဲ့ မြေကြီးကို ဖောက်ထွက်လာသည်။ သဘာဝကမ္ဘာထဲက မဟာတာအိုရဲ့ စွမ်းအားကို ဆွဲထုတ်လိုက်တော့၏။
သို့ရာတွင် ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်သော စွမ်းအင်သည် မကောင်းသည့် စွမ်းအားများဖြင့်သာ ပြည့်နေရာ ဤဆိုးညစ်သော စွမ်းအင်၏ ကျူးကျော်မှုသည် သူ၏ဆိုးသွမ်းသော အသွင်ပြောင်းမှုကို ပိုမိုပြင်းထန်လာစေသည်။
"ဝူး!"
ဧရာမအသားတောင်ပံသည် သူ၏ညာဘက်နောက်ကျောမှ ပေါက်ထွက်လာပြီး ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဧရာမတောင်ပံတစ်ခုအဖြစ်သို့ ချက်ချင်း ကြီးထွားလာသည်။
ဖေ့ကျစ်ချုံ တောင်ပံများကို ခတ်လိုက်ကာ ကျယ်လောင်စွာ ဟောက်လိုက်သည်။ မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ကျုံးဝူဝမ့် အထက်သို့ တက်သွားကာ အသားတောင်ပံသည် သွေးထွက်နေသော ဓားတစ်ချောင်းကဲ့သို့ ခုတ်ချလိုက်သည်။
ကျုံးဝူဝမ့်ဟာ အမတကျင့်စဥ် မျိုးစုံကို ထုတ်လွှတ်ကာ ခုခံရန် ရုန်းကန်ခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် အသည်းအသန် ခုခံလာရသည်။
သူ ထပ်ခါတလဲလဲ ရှောင်နေပေမယ့် ဖေ့ကျစ်ချုံက ပိုမြန်လာပြီး ရှေ့၊ နောက်၊ ဘယ်ညာ မယုံနိုင်လောက်အောင် အရှိန်ပြင်းပြင်းနဲ့ သူ့ရဲ့ ခံစစ်တွေကို ဖြတ်ကျော်သွား၏။
ကျုံးဝူဝမ့် လန့်ဖျပ်သွားပြီး အဝေးသို့ ပြေးသွားကာ လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် ဖေ့ကျစ်ချုံ လေဗလာကိုသာ လုပ်ကြံလိုက်ရလေသည်။ တုန်လှုပ်ချောက်ချားစွာဖြင့် မရေမတွက်နိုင်သော အသားထူသည့် ရွက်ဆွဲများက လေထုကို ထိုးဖောက်ကာ ကျုံးဝူဝမ့်ကို တွန်းထုတ်ရန် ကြိုးစားသော်လည်း တစ်ဖက်လူက လွတ်မြောက်သွားပြီ။
ဖေ့ကျစ်ချုံ စိတ်ထဲတွင် မကောင်းမှုများနှင့် ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်သော အမတဘေးဆိုး နယ်မြေတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော နတ်ဆိုးလှောင်အိမ်ကြီးသည် ကောင်းကင်မှ လွင့်ထွက်ကာ အဝေးသို့ ဆန့်ထွက်နေ၏။
ချန်ရှီသည် တိုက်ပွဲ ရပ်စဲရာအရပ်သို့ ပြေးသွားခဲ့သည်။ လိပ်ပြာအတောင်ပံများကဲ့သို့ ကောင်းကင်ယံ၌ အသားအတောင်ပံများ စွန်းထင်းနေသည်ကို သူ မြင်လိုက်ရသည်။
"အကြီးအကဲ... ကျုံးဝူဝမ့် ဘယ်မှာလဲ"
ချန်ရှီသည် လက်ထဲက ဓားတစ်ချောင်းကို သတ်ဖြတ်လိုစိတ်ဖြင့် ကိုင်လျက် စူးစူးရဲရဲ စိုက်ကြည့်နေသည်။
"ချန်ရှီ"
ဖေ့ကျစ်ချုံ အတွေးထဲတွင် ပျောက်ကွယ်သွားသလို ခေါင်းညိမ့်လိုက်သည်။
"သူသွားပြီ ငါက ဘေးဥပဒ်ဖြစ်သွားပြီဆိုတာ သိလို့ သူပြန်လာမှာ မဟုတ်ဘူး"
သူက ခေါင်းကို မြှောက်လိုက်ပြီး သူ့မျက်နှာက ရုတ်တရတ် ဖောက်ပြန်သွားကာ :"ကလေးပညာရှင်... ငါ့ကို သတ်လိုက်ပါ ငါက ဘေးဥပဒ် မဖြစ်ချင်သလို ကမ္ဘာကြီးကိုလည်း မထိခိုက်စေချင်ဘူး!"
ချန်ရှီ အနည်းငယ် လန့်သွားပြီး သူ့ကို ကြည့်လိုက်သည်။ ဖေ့ကျစ်ချုံ မျက်နှာသည် အသွေးအသားစများဖြင့် ဖုံးလွှမ်းနေပြီး သူ့မျက်လုံးများကသာ လူသားဆန်မှု အရိပ်အမြွက် ပြသနေဆဲဖြစ်သည်။
"ငါ့ကိုသတ်လိုက်ပါ... ဒါမှ ငါဘေးဥပဒ် မဖြစ်လာတော့မှာ!"
ဖေ့ကျစ်ချုံ ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။
ချန်ရှီ လှည့်၍ သူ့ဓားကို လှန်လိုက်ရာ ဖေ့ကျစ်ချုံ၏ ခန္ဓာကိုယ်အနှံ့ သွေးနီရောင် အသားစများ စုတ်ပြဲသွားသည်။ ကောင်းကင်တွင် ဖြစ်ပေါ်လာသော ကပ်ဆိုးကြီးတစ်ခုဖြစ်သည့် နတ်ဆိုးနယ်မြေလည်း ရုတ်တရက် ပေါက်ကွဲသွားပြီး မီးခိုးများသဖွယ် ပျံ့လွင့်သွားသည်။
"ကျေးဇူးတင်ပါတယ်..."
ဖေ့ကျစ်ချုံ ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။ သူ၏ကြီးမားသော အသားအတောင်ပံများက ညှိုးနွမ်းစပြုလာကာ သူ့သွေးများသည် သွေးအသွင်ပြောင်းနတ်ဓားဆီသို့ စီးဆင်းသွားသည်။
“အဲဒီတုန်းက ဘုရင်ကျန်းက ဒီကမ္ဘာကြီးကို မကုစားနိုင်ရင် မင်ရတနာသင်္ဘောတွေ ထပ်ဆောက်ပြီး မင်စစ်သားတွေနဲ့ အရပ်သားတွေကို သူတို့ရဲ့ မွေးရပ်မြေ ဟွာရှရှန်ကျိုးကို ပြန်ပို့သင့်တယ်လို့ ငါတို့ကို ပြောခဲ့တယ်..."
သူ့အသံက တဖြည်းဖြည်း နက်လာသည်။
"ငါတို့ မင်ရတနာသင်္ဘောတွေ အများကြီးဆောက်ခဲ့တယ်... တစ်နေ့တော့ သင်္ဘောကျင်းမှာ မီးလောင်ပြီး လုံး၀ ဖျက်ဆီးပစ်လိုက်တယ်... အရှေ့ပိုင်းစက်ရုံက ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ မစစ်ဆေးခဲ့ဘူး... ဘုရင်ကျန်းနဲ့ ငါတို့ အဲဒီသင်္ဘောတွေကို အတူတူ မီးရှို့ခဲ့တယ်... ဘုရင်ကျန်းက ပြောတယ်... ပညာရှင်ကြီးဖေ့ ငါတို့က မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီ... ငါတို့ရဲ့ မွေးရပ်မြေကို ညစ်ညမ်းစေမယ့် ဒီဆိုးယုတ်မှုကို သယ်သွားခွင့်မပြုနိုင်ဘူး... ဒါကြောင့် ဒီရတနာသင်္ဘောတွေကို မီးရှို့ပစ်ရမယ်တဲ့..."
သူ့အသံက တိုးညှင်းလာပြီး ခေါင်းက တဖြည်းဖြည်း နိမ့်သွားသည်။
"ဘုရင်ကျန်းကို နားလည်ပါတယ်... ဒါပေမယ့် ငါတကယ် အိမ်ပြန်ချင်တယ်"
သူ့သွေးတွေက လျှံထွက်လာပြီး ကျောက်တုံးပေါ်ကနေ မြေကြီးပေါ် လှိမ့်ဆင်းသွားလေသည်။