နတ်ဆိုးဝင်သွားပြီ
Vol. 30 Ch. 426
ဖေ့ကျစ်ချုံသည် ချန်ရှီ၏ စိတ်နောက်ကွယ်တွင် သွေးစွန်းနေသော ငရဲထဲတွင် ပေါ်လာသည်။ သူ့ဝိညာဉ်က ကွဲအက်သွားတာကြောင့် ကောင်းကင်ဘုံ သွေးအသွင်ပြောင်း နတ်ဓားမှ ထိန်းချုပ်ထားသော ရုပ်သေးရုပ် ဖြစ်လာခဲ့သည်။
ချန်ရှီ: "ငါတို့တကယ် နတ်ဆိုးတွေ ဖြစ်လာမှာလား... တကယ် ဘိုးဘွားနယ်မြေကို ပြန်လို့မရတော့ဘူးလား?"
သူ အတွေးထဲ ထပ်မံ ဝင်ရောက်သွားမိသည်။ ဘုရင်ကျန်း မှန်ပေသည်။
ဟွာရှရှန်ကျိုးက ပြည်သူများအတွက် နိုင်ငံရပ်ခြား လှည့်လည် သွားလာနေကြသော ရှင်းကျိုးက လူများသည် ပြည်သူများ မဟုတ်တော့ပါ။ သူတို့သည် နတ်ဆိုးအငွေ့အသက်များဖြင့် ခိုအောင်းနေပြီး ဘိုးဘွားပိုင်မြေမှ လူများကို ညစ်ညမ်းစေနိုင်သည်။
ဒါက နတ်ဆိုး ဖြစ်သွားပြီလို့ပဲ ဆိုရတော့မှာ မဟုတ်ပါလား။
ဘုရင်ကျန်း၊ ဖေ့ကျစ်ချုံ နှင့် အခြားသူများ၏ ဟွာရှရှန်ကျိုး နတ်ဘုရားတိုက်ကြီးအတွက် နက်နဲသော ခံစားချက်များကို ချန်ရှီ နားမလည်နိုင်ခဲ့ပါ။
ဘုရင်ကျန်းက အိမ်ပြန်ရန် မိန့်ကြားခဲ့သည်။
စစ်မှန်သော ဘုရင်ကြီး၏ သင်္ချိုင်းတွင်က စစ်မှန်သော ဘုရင်ကျန်းသည် သူ၏ အရပ်ဘက်၊ စစ်ဘက် အရာရှိများ၏ အလောင်းများကို ခေါ်ကာ ၎င်းတို့၏ စွဲစွဲမြဲမြဲ စွဲလမ်းမှုဖြင့် နောက်ဆုံး မင်ရတနာသင်္ဘောကို တဲကျန်းမြစ်ကနေ ပင်လယ်ထဲသို့ ပို့ဆောင်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။
မသေဆုံးမီတွင် ဖေ့ကျစ်ချုံကလည်း အိမ်ပြန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် ချန်ရှီလို မျိုးဆက်အတွက်ကတော့ အနောက်နွားရှင်းကျိုးက သူ့အိမ်ဖြစ်သည်။ သူသည် သူ၏ဘိုးဘွားပိုင်မြေ ဖြစ်သည့် ဟွာရှရှန်ကျိုး တိုက်ကြီးကို ရိုးရှင်းစွာ တောင့်တခဲ့ပြီး ၎င်းကို သန့်ရှင်းသောမြေဟုသာ ယုံကြည်ခဲ့သည်။
ရုတ်တရက်ဆိုသလို စွမ်းအားကြီးတဲ့ နတ်ဆိုးစွမ်းအင်တစ်ခုဟာ ချန်ရှီရဲ့ တာအိုနှလုံးသားကို တိုက်ခိုက်တဲ့ သွေးအသွင်ပြောင်းနတ်ဓားထဲကနေ ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးဓားသည် ဖေ့ကျစ်ချုံ၏ ချီကို စုပ်ယူလိုက်ပြီးနောက် အမတ စွမ်းအင်ကို စုပ်ယူလိုက်သကဲ့သို့ ၎င်းရဲ့စွမ်းအားက ပြင်းထန်လာသည်။ နတ်ဆိုးစွမ်းအင်များက ချန်ရှီရဲ့ တာအိုနှလုံးသားကိုတောင် ချက်ချင်း တုန်လှုပ်သွားစေ၏။
"ကောင်းပြီ!!"
ချန်ရှီသည် မမြင်နိုင်တဲ့ သတ္တဝါကို စကားပြောရင်း သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ တောက်ပနေသည်။
"ကျုံးဝူဝမ့်ကိုသတ်ပြီး တာအိုသန္ဓေသားကို ပြန်ယူကြရအောင်... ပြီးရင်တော့ တာအိုသန္ဓေသားကိုပါ သတ်ပစ်မယ်!"
ရှိုက်ကြီးတငင်ဖြင့် ချန်ရှီသည် သွေးအလင်းအဖြစ် ပြောင်းလဲကာ လေထဲသို့ ပျံတက်သွားသည်။
ကျုံးဝူဝမ့်သည် မိုင်ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ပြီး နောက်ဆုံးတွင်မှ ဘေးဥပဒ်နယ်မြေထဲမှ လွတ်မြောက်ခဲ့သည်။ နောက်ကြောင်း ပြန်ကြည့်လိုက်တော့ ဒီတိုက်ကြီးသစ်ရဲ့အထက်မှာ ပွင့်နေတဲ့ နတ်ဆိုးပန်းတစ်ပွင့်လို ခမ်းနားထည်ဝါတဲ့ ကောင်းကင်တခွင်ကို ဖြန့်ကျက်ထားသော နတ်ဆိုးနယ်မြေကို သူမြင်လိုက်ရသည်။
"ငါအဆင့် ဖြတ်ကျော်ပြီး အမတနယ်ပယ် ရောက်အောင် ကူညီပေးဖို့ ဖေ့ကျစ်ချုံရဲ့ စွမ်းအားကို ချေးမယူနိုင်ခဲ့တာတော့ နှမြောစရာပဲ"
ညည်းညူရင်း လက်နှစ်ဖက်ကို မြှောက်ကြည့်လိုက်ရာ လက်နှစ်ဖက်စလုံးမှာ သွေးစွန်းနေပြီး အညစ်အကြေးများ လုံးလုံးလျားလျား တွယ်ကပ်နေပြီ။ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသည့် တွန့်လိမ်နေသော အသားစိုင်များကိုလည်း မြင်တွေ့လိုက်ရသည်။
"ဆွံ့!"
သူ့နောက်ကျောက ရုတ်တရက် သွေးတွေ ယိုစီးကျလာသည်။ နတ်ဆိုး စွမ်းအင်များက သူ့အသားကို လွှမ်းခြုံသွားပြီး ၎င်းကို ခွဲထုတ်ကာ ဧရာမ အတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
"မင်းကငါ့ကို နတ်ဆိုး ဖြစ်စေချင်နေတာလား အိပ်မက်မက်နေတာပဲ!"
သူသည် သူ၏လေးနက်သော စွမ်းအင်ကို စုစည်းပြီး သူ့အတွင်းမှ မကောင်းသော စွမ်းအင်များကို နှိမ်နင်းခဲ့သည်။ အမတမီးသည် သူ့ခန္ဓာကိုယ်အနှံ့ တောက်လောင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ရင်း ပျက်စီးနေသော အသားများကို လောင်ကျွမ်းပစ်ခဲ့သည်။
ရုတ်တရက် ကျုံးဝူဝမ့် အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် နတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီး သူ၏ အတုအယောင်နယ်မြေကို ဖွင့်လိုက်သည်။
"အစွမ်းထက်တဲ့ အမတ ညစ်ညမ်းမှုပဲ! ငါ့ရဲ့ အတုအယောင် နယ်မြေတောင်မှ ဖျက်စီးခံလိုက်ရတယ်!"
သူ၏ အတုအယောင် နယ်မြေသည် မိုင်ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားနိုင်သည်။ ထူထဲသော အသား၏ ရွက်ဖျင်ပေါက်များသည် သူ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ကာ ကောင်းကင်ကို ညစ်ညမ်းစေပြီး ကြယ်များကိုလည်း မှိန်လာစေသည်။
ထိုအသားမာသော ရွက်စွယ်များသည် ရှေးနတ်ဘုရား ဆင်းသက်လာသည့်အလား အရာအားလုံးကို ဝါးမြိုသွားကာ ၎င်း၏ အသားကို ရိုင်းစိုင်းစွာ ကြီးထွားလာစေသည်။
ဖေ့ကျစ်ချုံသည် ဘုရင်ကျန်းခေတ် အစောပိုင်းတွင် အတိဒုက္ခများကို ကျော်ဖြတ်ကာ ကောင်းကင်ဘုံ၏ ကြီးမြတ်သော ပြီးပြည့်စုံမှုသို့ ရောက်အောင် ရှေးခေတ်နည်းလမ်းများကို မွေးမြူခဲ့သည်။ သူသည် တာအိုနှင့် ပေါင်းစည်းပြီး အမတတစ်ယောက် ဖြစ်လာနိုင်သည်မှာ ကြာပြီ ဖြစ်သည်။ ထိုသို့မလုပ်ရခြင်း အကြောင်းရင်းမှာ အမတတာအို၏ ညစ်ညမ်းမှုသည် ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ သူ့ကို ကျုံးဝူဝမ့်က အတင်းအကြပ် ပေါင်းစည်းစေခဲ့သည်။ သူ့ကိုယ်သူ အသွင်ပြောင်းရုံတင်မကဘဲ ကျုံးဝူဝမ် ကိုယ်တိုင်လည်း သူတို့ရဲ့ ထိပ်တိုက်တွေ့မှုမှာ အမတတာအိုရဲ့ ညစ်ညမ်းမှုကို ခံစားသွားခဲ့ရသည်။
ထိုအချိန်တွင် ဖေ့ကျစ်ချုံဟာ မကောင်းဆိုးဝါး အမတတစ်ယောက် ဖြစ်လာပြီး ကျုံးဝူဝမ့်က အမတ အဖြစ် ရောက်ရှိတော့မယ့် အနေအထားမျိုးမှာ ရှိနေခဲ့သည်။ ဒါတောင် ကျုံးဝူဝမ့်ဟာ အခြားသူများ မယှဉ်နိုင်သော အောင်မြင်မှုတစ်ခုအဖြစ် အကြောက်တရားကင်းကင်းဖြင့် လွတ်မြောက်နိုင်ခဲ့သည်။
ဒါပေမယ့် အမတတာအိုရဲ့ ညစ်ညမ်းမှုကိုတော့ ခံနိုင်ရည် မရှိနိုင်သေးပါ။ မဖောက်ပြန်သေးတဲ့သူကို မဆိုထားနဲ့။
ကျုံးဝူဝမ့်သည် အမျိုးမျိုးသော အမတကျင့်စဥ်များကို အသက်သွင်းခဲ့ပြီး ဤအသားတောင်ပံကို သန့်စင်ပစ်ဖို့ ကြိုးစားနေခဲ့သည်။ သို့သော် အမတတာအို၏ ညစ်ညမ်းမှုနှင့် သူ၏ ကျင့်စဥ်စွမ်းအင်ကြားမှ အနည်းငယ်ထိတွေ့မှုက ၎င်းတို့ကို ရောနှောကာ လုံး၀ အကာအကွယ်မဲ့သွားစေသည်။
လန့်ဖျပ်သွားပြီး သူ့မွေးရာပါ တာအိုသန္ဓေသားကိုပါ ချက်ချင်းပင် အသက်သွင်းပစ်လိုက်ပြီး စွမ်းအားကို လှုံ့ဆော်ပေးလိုက်သည်။ သူ၏ များပြားလှသော အမွေးအမှင်များသည် ချက်ချင်းပင် ပြာများအဖြစ်သို့ လျော့ကျသွားသည်။
ကျုံးဝူဝမ့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့အမူအရာမှာ ပျော်ရွှင်မှု ကင်းမဲ့နေ၏။
"ငါ မွေးရာပါ တာအိုသန္ဓေသားကို ဘယ်တော့မှ အပြီးအပိုင် ရှင်းနိုင်မှာလဲ"
သူ့တွင် မွေးရာပါ တာအိုသန္ဓေသား နှင့် ချစ်ခြင်းမုန်းခြင်း ဆက်ဆံရေးရှိသည်။
ဤနှစ်များတစ်လျှောက်တွင် သူသည် စိတ်ပျက်ဖွယ်ကုန်းစောင်း၏ စစ်ပြန်များစွာကို ကျော်လွန်ကာ ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့ပြီး ပထမဆုံး အမတ နည်းလမ်းသစ်၏ အစောဆုံး လေ့ကျင့်သူ ဖြစ်လာခဲ့သည်။ သို့သော် စိတ်ပျက်ဖွယ်ကုန်းစောင်းက လူများစွာသည် ဤနေရာသို့ ရောက်ရှိရန် မွေးရာပါတာအိုသန္ဓေသားရဲ့ စွမ်းအားကိုသာ အားကိုးယုံကြည်ကြသည်။
သူရဲ့လက်ရှိ အောင်မြင်မှုများသည် သူ့ကြိုးစားမှု၊ နားလည်မှုနှင့် သူ၏သဘာဝ စွမ်းရည်များကြောင့်ဖြစ်ကြောင်း သက်သေပြရန် တာအိုသန္ဓေသားကို အသည်းအသန် ဖောက်ထုတ်လိုခဲ့သည်။ သူဟာ မွေးရာပါတာအိုသန္ဓေသား မရှိရင်တောင် သာမန်လူတစ်ယောက်တော့ မဟုတ်ပါ။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သူသင်ယူပြီး နားလည်ခဲ့သော အမတကျင့်စဥ်များကို အသုံးပြုထားသော်လည်း ညစ်ညမ်းမှုကို ဖယ်ရှားရန် မအောင်မြင်သေးပေ။ တာအိုသန္ဓေသားကို သုံးလိုက်မှ အဆင်ပြေသွားတာက အနည်းငယ် ဝမ်းနည်းကြေကွဲစေသော အချက်ဖြစ်သည်။
"ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား တခြားသူတွေက ငါ့ရဲ့အောင်မြင်မှုတွေကို မွေးရာပါတာအိုသန္ဓေသားကြောင့်လို့ သတ်မှတ်ကြလိမ့်မယ်"
ဖေ့ကျစ်ချုံ၏ မကောင်းဆိုးဝါး အသွင်ပြောင်းမှုမှ ဖြစ်ပေါ်လာသော နတ်ဆိုးနယ်မြေ ရုတ်တရက် မှိန်ဖျော့သွားသဖြင့် ကျုံးဝူဝမ့်လည်း ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဖေ့ကျစ်ချုံ သေပြီလား?.. သူက တာအိုနဲ့ ပေါင်းစည်းပြီး အမတလမ်းက ညစ်ညမ်းသွားပြီ... သူ့ရဲ့ ဆိုးညစ်တဲ့ အသွင်ပြောင်းမှုက ရပ်တန့်နေမှာ မဟုတ်ဘူး... နတ်ဆိုးနယ်မြေက ပျောက်ကွယ်သွားတာက သေချာတာတော့ မဟုတ်ဘူး သူ့ကို နှိမ်နှင်းလိုက်တာက သူ့ကို သတ်လိုက်မှပဲရမှာ... ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ... စိတ်ပျက်ဖွယ်ကုန်းစောင်းက အကြီးအကဲ ဖြစ်နိုင်ပါ့မလား"
ဤအချိန်၌ တောင်ပေါ်မှ ဆင်းရသည့် ရည်ရွယ်ချက်မှာ နယ်ပယ်ကိုဖြတ်၍ အထက်ဘုံသို့ ရောက်ရန် ဖြစ်သည်။
လွန်ခဲ့သည့် ထောင်စုနှစ်များအတွင်း မိသားစုဆယ့်သုံးစု၏ လုပ်ဆောင်ချက်များသည် လျှို့ဝှက်ထားပုံပေါက်သော်လည်း စိတ်ပျက်ဖွယ်ကုန်းစောင်းကတော့ သတိပြုမိနေတာ ကြာပါပြီ။ သူတို့၏သခင် သေဆုံးပြီးနောက်တွင် သူတို့ဝိညာဉ်များ၏ တည်နေရာသည် ပဟေဠိဖြစ်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
သို့သော် စိတ်ပျက်ဖွယ်ကုန်းစောင်းက ထိုကိစ္စကို စိတ်ထဲမထားဘဲ မိသားစုဆယ့်သုံးစု၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရန်နှင့် သူတို့၏ဝိညာဉ်များကို ရှာဖွေရန် ကောင်းကင်ဘုယနားစွင့်သူများကို အမိန့်ပေးထား၏။
ကျုံးဝူဝမ့်၏ ဆရာ တာအိုဝေ့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကောင်းကင်နားစွင့်သူတို့ စုဆောင်းရရှိခဲ့သော အချက်အလက်များကို စုဆောင်းထားပြီး ၎င်းတို့က နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင်အောင် စနစ်တကျ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် ကောင်းကင်နားစွင့်သူတို့သည် ထိုရှေးဦး နတ်ဝိညာဥ်များ၏ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ကြောင်း သူ တွေ့ရှိခဲ့သည်။
တာအိုဝေ့သည် အစပိုင်းတွင် အခြေအနေအား ပြင်းထန်သည်ဟု ယူဆသော်လည်း အထက်ကမ္ဘာ၏ အနီးစပ်ဆုံး စွမ်းအားကို တွက်ချက်ပြီးနောက်တွင် သူသည် စိတ်ချယုံကြည်ရပြီး အထက်ဘုံရှာဖွေမှုကို ဝူမျိုးဆက်၏ လူငယ်အဖွဲ့ဝင်များထံ ပေးအပ်ခဲ့သည်။
အမှန်ပင် အထက်ကမ္ဘာ အတွင်းရှိ အမတနတ်များနှင့် နတ်ဘုရားများကို ချေမှုန်းရန်တာဝန်မှာ စိတ်ပျက်ဖွယ်ကုန်းစောင်း၏ အမတနှင့်အတူ ကျန်ရှိနေခဲ့သည်။ ဖေ့ကျစ်ချုံသည် ဖေ့မိသားစု၏ ဘိုးဘေးဖြစ်ပြီး ကုန်းစောင်း၏ တာဝန်မှာ သဘာဝအတိုင်း ၎င်းကို နှိမ်နင်းရန် ဖြစ်သည်။
ထို့ကြောင့် ဖေ့ကျစ်ချုံ၏ နတ်ဆိုးနယ်မြေ ပျောက်ကွယ်သွားသည်ကို တွေ့သောအခါ ကျုံးဝူဝမ့်သည် စိတ်ပျက်ဖွယ်ကုန်းစောင်းက အမတက ချက်ချင်း လှုပ်ရှားလိုက်တာပဲလို့ စဉ်းစားခဲ့သည်။
ဒီအချိန်မှာ သူ့နှလုံးသားက တုန်လှုပ်သွားပြီး ချာကနဲ လှည့်ကြည့်လိုက်သည်။ ဓားသွားအလင်းတန်းတစ်ခုသည် အဝေးမှ ပြေးဝင်လာကာ မယုံနိုင်လောက်အောင် လျှင်မြန်သော အရှိန်ဖြင့် ရွေ့လျားသွားနေသည်။ မိုင်ပေါင်းများစွာ အကွာအဝေးတွင် ရှိနေဆဲဖြစ်ပြီး ရုတ်တရက် ပေါက်ကွဲသွားစဥ် သောင်းနှင့်ချီသော သွေးနီရောင်ဓားသွားများက မီးရောင်များအဖြစ်သို့ ပြောင်းလဲကာ သူ့အပေါ်သို့ လွှမ်းခြုံထားသည့် စွမ်းအားတစ်ခုလို သွန်ချလိုက်သည်။
သွေးအသွင်ပြောင်းနတ်ဓားရဲ့ ပထမဆုံး လှုပ်ရှားမှု- ကြယ်မီး!
"ဘယ်သူလဲ?"
ကျုံးဝူဝမ့်၏ ကျဉ်းမြောင်းသော မျက်ခွံနှစ်ခု ပွင့်လာပြီး နတ်ဝိညာဉ်၏ မျက်နှာနှင့် ပုံစံသည် တဖြည်းဖြည်း ကြည်လင်လာသည်။ နတ်ဝိညာဥ်က အမြင့်ပေတစ်ထောင် မြင့်သော နတ်ဘုရားတစ်ပါးကဲ့သို့ ထောင်သောင်းချီသော ဓားသွားမီးရောင်များကို ငေးကြည့်ရင်း သူ့နောက်တွင် ထိုင်နေ၏။
ဓားသွားမီးရောင်များရဲ့ ကောင်းကင်နောက်မှာတော့ ဓားတစ်လက်နဲ့အတူ သူ့ဆီ ဦးတည်ပျံသန်းနေတဲ့ ပုံသဏ္ဍာန်တစ်ခုကို ယောင်ဝါးဝါး မြင်နေရပါသည်။
"ချန်ရှီ.... မင်းကိုး!"
ကျုံးဝူဝမ့်မှာ သူ လာနေတာကို မြင်တော့ ဒေါသထွက်မယ့်အစား ပြုံးလိုက်သည်။ သူ့နတ်ဝိညာဉ်က လက်ကို မြှောက်ပြီး။
"ပြီးခဲ့တဲ့ အချိန်တုန်းက ငါ့ကျင့်ကြံမှု အားလုံးကို ဆုံးရှုံးခဲ့ပြီး မွေးရာပါ တာအိုသန္ဓေသားရဲ့ စွမ်းအားကိုပဲ ထုတ်သုံးနိုင်ခဲ့တယ်... မင်းကြောင့် ငါ ဒဏ်ရာ ရခဲ့တယ်။ အခု ငါ့ကျင့်ကြံမှုက ကျန်နေသေးတော့ မင်း ငါ့ဆီက အကျိုးကျေးဇူး ရဖို့ မမျှော်လင့်တော့နဲ့!"
ကောင်းကင်တွင် ဓားမီးရောင်များ နှေးကွေးလာပြီး တဖြည်းဖြည်း ရပ်တန့်သွားသည်။ သူ၏ ဝိညာဉ်စွမ်းအားသည် အကန့်အသတ်မရှိ ကြီးမားသည်။ ဤကြီးမားလှသော စွမ်းအားဖြင့်ပင် သူသည် ဓားအလင်းတန်းများထဲက ပြောင်းလဲမှုများ အားလုံးကို နှိမ်နင်းခဲ့သည်။
ရုတ်တရက် ချန်ရှီသည် သွေးအသွင်ပြောင်း နတ်ဓားကို ကိုင်ဆောင်ကာ ခုတ်လှဲချလိုက်ပြန်သည်။ မရေမတွက်နိုင်သော ဓားမီးရောင်များ တဟုန်ထိုး တက်လာသည်။ ဒီရေတွေလို ဓားမီးတစ်စင်းလှိုင်းတစ်ခုစီသည် သူ၏ မှော်အစွမ်းကို ခွဲထုတ်ပြီး ကျုံးဝူဝမ့်ဆီသို့ ခုန်တက်လာ၏။
သွေး-အသွင်ပြောင်း နတ်ဓား၏ ဒုတိယလှုပ်ရှားမှု၊ လှိုင်းလုံး!
ကျုံးဝူဝမ့် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့ဝိညာဉ်နဲ့ တားဆီးဖို့ လုပ်နေပေမယ့် ရုတ်တရက် သူ့နှလုံးသားက တုန်လှုပ်သွားကာ သူ့နတ်ဝိညာဉ်ကို ဦးဆောင်ခွင့် မပေးရဲတော့ချေ။
သူ အန္တရာယ်ကို ခံစားလိုက်ရသည်။
အလွန်ပြင်းထန်သော အန္တရာယ်ပင်။
မကောင်းဆိုးဝါး ဖေ့ကျစ်ချုံကို တိုက်တုန်းကထက် ပိုပြင်းထန်တဲ့ အန္တရာယ်အငွေ့အသက်မျိုး ဖြစ်သည်။ ဓားကို လက်ဖြင့် ဖမ်းနိုင်လျှင်ပင် သေချာပေါက် သေပေလိမ့်မည်။
ကျုံးဝူဝမ့် ချက်ချင်း ထရပ်လိုက်ပြီး သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး ကောင်းကင်ကြီးကို သူ့လက်ဖြင့် ပြင်းပြင်းထန်ထန် လှုပ်ပစ်လိုက်သည်။ မီးနဂါးလေးဆယ့်ကိုးကောင်သည် ကောင်းကင်ကိုခွင်း၍ ကောင်းကင်မှဆင်းသက်ကာ ချန်ရှီကို ဖုံးအုပ်မည့် ကြီးမားသော အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ စိတ်ပျက်ဖွယ်ကုန်းစောင်းမှ ဆင်းသက်လာသော အမတကျင့်စဥ် ဖြစ်ပြီး ကောင်းကင်တာအိုမီးနဂါး ဖွဲ့စည်းခြင်းဟုခေါ်သည်။ အရာအားလုံးကို သန့်စင်ပေးနိုင်ကာ သူတို့ကြားတွင်ပင် ဤကျင့်စဥ်ကို ကျွမ်းကျင်သောလူ အနည်းငယ်သာ ရှိသည်။ သို့တိုင် ကျုံးဝူဝမ့်သည် ၎င်းကို သုံးရက်အတွင်း ကျွမ်းကျင်ခဲ့ပြီး စွမ်းရည်ကို အပြည့်အ၀ ထုတ်လွှတ်ခဲ့သည်။
နဂါးလေးဆယ့်ကိုးကောင်က မီးကို ဟောက်ကြသည်။ ဤမီးသည် သာမာန်မီးမဟုတ်သော အမတ မီးဖြစ်ပြီး အတွင်းက နေရာတစ်ခုလုံးကို ပြည့်သွားစေမည့် ခြိမ်းခြောက်မှုကြီး ဖြစ်သည်။
ချန်ရှီသည် ပေတစ်ထောင်ရှည်လျားသော အလင်းတန်းတစ်ခု အဖြစ် ပြေးထွက်လာကာ လေထဲတွင် ရှည်လျားသော သက်တံအဖြစ် ပြောင်းလဲကာ နဂါးနှစ်ကောင်၏ ဦးခေါင်းကို ဖြတ်လိုက်သည်။ ထို့နောက် ဓားမီးကို လှမ်းကိုင်လိုက်ပြီး ကွဲနေသော ခေါင်းများကြားမှ ပြေးထွက်လာ၏။
သွေး-အသွင်ပြောင်း နတ်ဓား၏ တတိယလှုပ်ရှားမှု - သက်တန့်အသွင်ပြောင်း!
သူ့နောက်တွင်မူ နဂါးကြီးတစ်ကောင်က ဟောက်လိုက်၊ အလောင်းများကို ရစ်ပတ်လိုကိဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ အမတမီးက အမှန်ပင် အရာအားလုံးကို လောင်ကျွမ်းစေခဲ့၏။ ကျုံးဝူဝမ့် လက်သီးဆုပ်ကာ လက်စည်းတံဆိပ်ကို ဖွဲ့စည်းပြီး ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
"ဝုန်း!"
သူ၏ နတ်ဝိညာဉ်သည် အနန္တရုပ်ပွားတော်ကဲ့သို့ လက်ဝါးဖြင့် ချန်ရှီဆီသို့ ရိုက်ခတ်လိုက်သည်။ ၎င်းက ဗုဒ္ဓရုပ်သဏ္ဌာန်ကို ရုတ်တရက် ထင်ရှားလာစေသည်။
ထိုအချိန်တွင် ချန်ရှီက ခုန်ထကာ သူ့ရှေ့သို့ ရောက်ရှိလာပြီး ဓားကို လေအလျင်နဲ့ ဝေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော ဓားသွားများက လှိုင်းလုံးကြီးတစ်ခုအလား ထွက်ပေါ်လာပြီး ထိုစည်းတံဆိပ် လက်ဝါးဆီ ပြေးဝင်သွားကြသည်။
သွေးအသွင်ပြောင်းနတ်ဓား၏ စတုတ္ထမြောက်လှုပ်ရှားမှု- ပင်လယ်လှိုင်း!
စွမ်းအားနှစ်ခု တိုက်မိသွားတဲ့အခါ ချန်ရှီ၏ ဦးခေါင်းနောက်ကွယ်ရှိ သွေးပင်လယ်ငရဲသည် တဟုန်ထိုးဟောက်ကာ ဒေါသတကြီး ဝေ့ဝဲနေတော့သည်။ ငရဲတစ်ခုလုံး၏ စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူ၏ စွမ်းအင်နှင့် သွေးများကို တဟုန်ထိုး တက်လာစေသည်။
ကျုံးဝူဝမ့်ကလည်း သူ့မှော်အစွမ်းကို စုစည်းရင်း ရုတ်တရက် ညည်းတွားလိုက်သည်။ အတုအယောင်နယ်မြေထဲမှ အသားများသည် ဤအခွင့်အလမ်းကို အခွင့်ကောင်းယူကာ ကျယ်လောင်စွာ ချဲ့ထွင်လာခဲ့ပြန်သည်။
သူ့နောက်ကျောမှ အသားထွန့်များ ပေါက်ထွက်နေသကဲ့သို့ တုန်လှုပ်နေသည့် အသံများကလည်း ကြားနေရ၏။
ချန်ရှီသည် တစ်ဖက်ကနေ တစ်လှမ်း လှမ်း၍ ဓားကို လှန်လိုက်ပြီး ဓားစွမ်းအင်ကို ရှည်လျားသော သက်တံရှည်ကဲ့သို့ အထက်သို့ ဆွဲယမ်းပြီးတဲ့နောက် လှည့်ပတ်ကာ သူ့လည်ပင်းကို လှမ်းဆွဲလိုက်သည်။
ကျုံးဝူဝမ့် လန့်သွားသည်။ သူ့နောက်ကနေ လွင့်ပျံလာတဲ့ အသားစိုင်တစ်ခုဟာ မိုင်ပေါင်းများစွာ အကွာက ကောင်းကင်ကို ထိုးဖောက်နေပြီ။ ထိုစဥ် ရှည်လျားသော ဓားအလင်း၏ သက်တံသည် သူ့လည်ပင်းကို ကျဉ်းမြောင်းစွာ လွဲချော်သွားကာ ခေါင်းကို ဖြတ်လုနီးပါးတောင် ဖြစ်သွား၏။
အသားများက ကျုံးဝူဝမ့်၏ နောက်ကွယ်မှ ပျံထွက်လာပြီး လေကို ထိုးဖောက်ကာ ပြင်းထန်သော ဓားစွမ်းအင်ကို နောက်တစ်ကြိမ် ရှောင်တိမ်းနိုင်စေခဲ့သည်။
ချန်ရှီ သူ့နောက်ကို အနီးကပ်လိုက်နေကာ ဓားကို အထပ်ထပ် ခုတ်ချနေသဖြင့် သူ့လည်ပင်းနားမှာ ဓားမီးတွေက တဖျပ်ဖျပ်တောက်နေသည်။ ကျုံးဝူဝမ့် နောက်ကွယ်မှ အသားတင်ပါးများသည် ချန်ရှီ၏တိုက်ခိုက်မှု အားလုံးကို ရှောင်ထွက်သွားသည်။
"ညစ်ညမ်းပြီးတာနဲ့ ငါ့ခန္ဓာကိုယ်က ပိုသန်မာလာတယ်!"
ကျုံးဝူဝမ့် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
"နတ်ဆိုးစွမ်းအင်က သိပ်ကြောက်စရာကောင်းပုံလည်း မပေါ်ပါဘူး"
"နတ်ဆိုးစွမ်းအင်က ငါ့အတွေးကို ထိခိုက်စေတယ်!"
သူ ရုတ်ချည်း ပြန်သဘောပေါက်လိုက်သည်။
ရုတ်တရက်ပင် ဓားမီးတောက်များသည် သွေးရေတံခွန်ကဲ့သို့ ကောင်းကင်မှဆင်းသက်လာပြီး သူ့ရှေ့ရောက်လာသည်။ ကျုံးဝူဝမ့်လည်း သူ့လက်ကို မြှောက်လိုက်၍ တားဆီးရန် အလွှာများစွာကို တွန်းအားပေးလိုက်သည်။
ဤဖွဲ့စည်းပုံကို တယန်အမတအစီအရင် ဟုခေါ်ပြီး ကောင်းကင်တာအို အမတအစီအရင် ဟုလည်း လူသိပါသည်။ ကောင်းကင်တာအို အောက်မှာ ဘယ်တာအိုမှ ချိုးဖျက်လို့ မရတာမရှိပေ။
ချန်ရှီကလည်း ဟောက်လိုက်သည်။ သူ့အသံကြီးနဲ့အတူ ငရဲတွင်းရှိ သွေးနှင့် စွမ်းအင်များသည် ဤတစ်ချက်တည်းဖြင့် လှိုင်းခတ်လာသည်။ သူက တယန်အမတအစီအရင်ကို ချိုးဖျက်ဖို့ သူ့ရဲ့ အမြင့်ဆုံးအာဏာကို ရိုးရိုးရှင်းရှင်းပဲ အသုံးပြုခဲ့သည်။
ကျုံးဝူဝမ့်သည် ဝင်လာသော ဓားကို ရှောင်လိုက်သော်ငြား ဓားစွမ်းအင်သည် သူ၏ နားရွက်တစ်ဖက်ကို ဖြတ်သွားသဖြင့် ရုတ်တရက် နားထဲက နာကျင်မှုကို ခံစားလိုက်ရသည်။
"ငါ့နားပဲ ဖြစ်ပြန်ပြီ!"
သူ တုန်လှုပ်ခြောက်ခြားသွားသည်။ အရင်တစ်ခါကလည်း ချန်ရှီသည် ယင်ယန်နေလလက်စွပ်ကို ယူဖို့ နားရွက်ကိုဆွဲကိုင်ကာ ဖြတ်ပစ်ခဲ့သည်။
ဒီတစ်ခါတော့ မတူတော့ပါ။
ဓားသည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ဘဲတောင် သူ့နားရွက်ကို လှီးဖြတ်သွားတာကြောင့် အရေပြားများ ကွဲသွားရုံသာမက သွေးများလည်း ထွက်သွားခဲ့သည်။
သို့သော် သက်ပြင်းတစ်ချက် မချနိုင်ခင်မှာပင် သူ့မျက်နှာတစ်ခြမ်း ထုံသွားသလို ခံစားလိုက်ရသည်။ သူ့သွေးနှင့် စွမ်းအင်များသည် ဒဏ်ရာသေးသေးလေးမှ ထိန်းမနိုင်သိမ်းမရ စီးဆင်းသွားပြီး ချန်ရှီ၏လက်ရှိ သွေးစွန်းနေသော ဓားဆီသို့ စီးဆင်းသွားသည်။
"ဒီဓားရဲ့ ဇာစ်မြစ်က ဘာလဲ... ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"
ကျုံးဝူဝမ့် သူ့ခန္ဓာကိုယ်အတွင်းက အမတစွမ်းအင် အစွန်းအထင်းများနှင့် အတုအယောင်နယ်မြေကို နှိမ်နှင်းရန် အချိန် မပေးနိုင်တော့ပေ။ သူက ချက်ချင်းဆိုသလိုပင် မွေးရာပါတာအိုသန္ဓေသားအား သူ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ကာ နားတွင်ရှိသော ဒဏ်ရာကို နှိမ်နှင်းလိုက်သည်။ ဒဏ်ရာမှ သွေးနှင့် စွမ်းအင် ဆုံးရှုံးနှုန်းက သိသိသာသာ နှေးကွေးသွား၏။
ချန်ရှီ သူ့ဓားကို အထပ်ထပ်အခါခါ လှန်လိုက်ရာ ဓားစွမ်းအင်ကလည်း အတက်အဆင်းဖြင့် ပြေးထွက်သွားသည်။ တခဏအတွင်းမှာပင် လေထဲတွင် ပျံနေသော ဓားများဖြင့် ပြည့်သွားသည်။ သူတို့နှစ်ဦးသည် ပန်းပွင့်များ ပွင့်နေသောပင်လယ်ထဲတွင် ဓားမီးများဖြင့် ပြေးလွှားကာ ကျုံးဝူဝမ့်ကို အရပ်ရပ်မှ တိုက်ခိုက်နေသကဲ့သို့ပင်။
သွေး-အသွင်ပြောင်း နတ်ဓား၏ ပဉ္စမမြောက် လှုပ်ရှားမှု- ပန်းပင်လယ်!
အရူးတစ်ယောက်လို ဖြစ်လာသော ချန်ရှီသည် သူ၏ မှော်ဓားနည်းပညာကို အစွမ်းကုန် ထုတ်ပြခဲ့ပြီး နောက်ထပ် လှုပ်ရှားမှုများကလည်း သူ့စိတ်ထဲတွင် ပြည့်လျှံလာခဲ့သည်။
ကျုံးဝူဝမ့် နောက်ကျောမှ အသားများကလည်း ပေါက်ထွက်ကာ လေထုကို ထိုးဖောက်ပစ်လိုက်သည်။ သူသည် ပန်းပင်လယ်ကို အကြိမ်ကြိမ် ရှောင်နေခဲ့သော်လည်း ရုတ်တရက် ကျယ်လောင်သော အသံနှင့်အတူ သူ့ခါးပေါ်တွင် သေးငယ်သော ဖြတ်တောက်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် မွေးရာပါ တာအိုသန္ဓေသားကို အသုံးပြု၍ သွေးအသွင်ပြောင်း နတ်ဓားမှ ပျက်စီးမှုကို နှိမ်နင်းရန် ကြိုးစားရပြန်သည်။ သို့သော် အမတတာအို ညစ်ညမ်းမှုသည် ပို၍ ပြင်းထန်လာတာကြောင့် သူ့ခန္ဓာကိုယ်နှင့် အတုအယောင် နယ်မြေကို ပို၍ ပြင်းထန်စွာ ဖျက်ဆီးပစ်လိုက်သည်။
ကျုံးဝူဝမ့်လည်း သူ့တာအိုနှလုံးသားကို ဆုံးရှုံးရလို့ မဖြစ်ကြောင်း သိသဖြင့် တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေ၏။
တာအိုနှလုံးသားကို ဆုံးရှုံးလိုက်ရခြင်းသည် အမတလမ်းကြောင်း၏ ညစ်ညမ်းခြင်းဆီသို့ ဦးတည်သွားစေမည်။ စိတ်ကို ထိန်းချုပ်ကာ အဆိုးဘက်သို့ ပြောင်းလဲသွားစေမည်။ ယခုလည်း သွေးအသွင်ပြောင်း နတ်ဓားသည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများကို ထွင်းဖောက်ကာ ချီနှင့် သွေးများကို ယိုစိမ့်လာစေသည်။
သူသည် သိသိသာသာ ငြိမ်သက်နေပြီး ချန်ရှီ၏ ရူးသွပ်သော တိုက်ခိုက်မှုများကို ရှောင်လွှဲကာ အမတလမ်းကြောင်း၏ ညစ်ညမ်းမှုကို သူ့အသားကို တိုက်စားသွားစေရန် ခွင့်ပြုလိုက်သည်။
"ဆွံ့၊ ဆွံ့!"
ဓားက တောက်ပလာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဒါဇင်ပေါင်းများစွာသော ဒဏ်ရာများ ပေါ်လာသည်- သူ့ပါးပြင်၊ လည်ပင်း၊ လက်ကောက်ဝတ်၊ ရင်ဘတ်၊ နောက်ကျော၊ နေရာအနှံ့ပင်။ ဒဏ်ရာများက သေးငယ်သော်လည်း သွေးနှင့် ချီတို့မှာ အဆက်မပြတ် စီးကျနေပြီး ချန်ရှီ ဦးခေါင်းနောက်ဘက်ရှိ သွေးပင်လယ်ငရဲထဲသို့ စီးကျသွားသည်။
အချိန်ကြာလာသည်နှင့်အမျှ သူသည် အားနည်းလာကာ ချန်ရှီကတော့ ပိုသန်မာလာသည်။ ရုတ်တရက်ဆိုသလိုပဲ ကျုံးဝူဝမ့်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး။
"ငါစောင့်နေတာ!"
"ဝူး!"
အသားများနှင့် သွေးများသည် သူ့နောက်တွင် ရုတ်ချည်း ရောထွေးသွားပြီး အလွန်ကြီးမားသော အတောင်ပံနှစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ အတောင်များက တုန်ခါနေပြီး မရေမတွက်နိုင်သော မိုးကြိုး ပေါက်ကွဲသံများနှင့်အတူ လေထဲသို့ ထိုးဖောက် ထွက်ပြေးသွားကာ မိုင်ရာနှင့်ချီ၍ ချက်ချင်းပင် ထွက်ခွာသွားကာ ချန်ရှီကို ထားရစ်ခဲ့သည်။
ကျုံးဝူဝမ့်မှာ သူ့အပေါ်သို့ ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့အသားက အတောင်ပံတွေ ခတ်လိုက်တာနဲ့ အရှိန်က မထင်မှတ်ထားလောက်အောင် တိုးလာ၏။ ကျယ်လောင်သော အသံဖြင့် သူသည် မရဏကမ္ဘာ၏ ကြီးကျယ်ခမ်းနားသော တောင်များကို ဖြတ်ကျော်သွားခဲ့သည်။
"ဝုန်း!"
ရှောင်မပြေးနိုင်တော့တာကြောင့် တောင်ပေါ်ကို ဖြတ်တိုက်မိသွားရာ သွေးအန်သွားခဲ့ရသည်။ တောင်ထိပ်ကိုဖြတ်ပြီးနောက် ကြီးမားပြီး ဖောက်ထွင်းမြင်ရသော အပေါက်ကြီးကိုပင် သူ ဖောက်ထုတ်ခဲ့သည်။ ကျုံးဝူဝမ့် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် ထားပြီး သူ့အတောင်ပံများကို ထပ်မံခတ်လိုက်သည်။ နောက်ထပ် ကျယ်လောင်သော အက်ကွဲသံနှင့်အတူ သူ့ပုံစံ ပျောက်ကွယ်သွားသည်။
ချန်ရှီ အသည်းအသန် လိုက်ခဲ့ပေမယ့် အရိပ်တောင် မတွေ့ခဲ့ရတော့ပေ။
တစ်ဖက်မှာတော့ ကျုံးဝူဝမ့်ဟာ ညည်းတွားသံနဲ့အတူ လေထဲမှ ပြုတ်ကျကာ တောင်များပေါ်သို့ ပြုတ်ကျမသွားမီ မိုင်ထောင်ပေါင်းများစွာ ပျံသန်းခဲ့ရသည်။ သူသည် အေးခဲနေသော လှိုဏ်ဂူတစ်ခုထဲသို့ ပြုတ်ကျသွားသလိုပင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေ၏။
သူသည် သူ၏ သွေးနှင့် စွမ်းအင် အများစုကို ဆုံးရှုံးခဲ့ရရာ ပျက်စီးမှုတွေ တည်ငြိမ်သွားအောင် ကြိုးစားရင်း မွေးရာပါ တာအိုသန္ဓေသားကြောင့်သာ အသက်ရှင်ခဲ့သည်။ ယခုမူကား သွေးအသွင်ပြောင်းနတ်ဓားကြောင့် ဒဏ်ရာနှစ်ရပ်စလုံးနှင့် အမတညစ်ညမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများက ကန့်သတ်ချက်ပြည့်သွားခဲ့ပြီ ဖြစ်သည်။
မကုသရင် သေသွားနိုင်၏။
ထိုအချိန်တွင် ကြည်နူးဖွယ် ရယ်မောသံ ထွက်ပေါ်လာသည်-
"ဝူဝမ့် မင်းကိုး!"
"ဆရာ?"
ကျုံးဝူဝမ့်မှာ သူ့ကိုယ်သူ တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ဘဲ ရွှင်မြူးသွားသည်။ အသံကြားရာကို လှမ်းကြည့်လိုက်တော့ သစ်သားလှေပေါ်မှ လူငယ်တစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် အနက်ရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး တာအိုဘုန်းတော်ကြီးအဖြစ် ဝတ်ဆင်ထားသည်။ သူ့အမူအရာမှာ သက်တောင့်သက်သာ ရှိနေပုံပေါ်သည်။ သူ၏ ခေါင်းနောက်တွင် အစိမ်းရောင်မီးဘီးတစ်ခု ချိတ်ဆွဲထားကာ သူ၏ အတုအယောင် နယ်မြေဖြစ်ကြောင်း ညွှန်ပြနေသည်။ သူ၏မျိုးရိုးအမည်မှာ ဝေ့ ဖြစ်ပြီး သူ၏အမည်မှာ လော် ဖြစ်သည်။ သူ့ကို တာအိုဝေ့လို့လည်း သိကြပြီး ကျုံးဝူဝမ့် ဆရာဖြစ်၏။
ကျုံးဝူဝမ့်က သူ့တပည့်အဖြစ် ပြီးဆုံးသွားပြီးနောက် တာအိုဝေ့သည် အခြားတပည့်တစ်ဦးကို လက်ခံခဲ့ပြီး လော်ဝူရှန်းဟု အမည်ပေးခဲ့သည်။ ကျုံးဝူဝမ့်မျက်နှာကို မြင်သောအခါ တာအိုဝေ့လည်း လန့်သွားသည်။ သူက အမြန်ဆင်းပြီး အော်ဟစ်လိုက်၏။
"ဝူဝမ့် မင်း ဒဏ်ရာ ရသွားပြီ မင်းကို ဘယ်သူ နာကျင်အောင် လုပ်တာလဲ"
ကျုံးဝူဝမ့် တုံ့ဆိုင်းသွားပြီး :"ဖေ့ကျစ်ချုံက ကျနော့်ကြောင့် နတ်ဆိုးတစ်ကောင်လို အသွင်ပြောင်းသွားပြီ... သူ့ရဲ့ မသေနိုင်တဲ့ လမ်းကြောင်းက ပျက်စီးသွားပြီ...ချန်ရှီက အခု ကျနော့်ကို နတ်ဆိုးဓားနဲ့ လိုက်သတ်နေတယ်..."
"ချန်ရှီ?"
တာအိုဝေ့က လန့်သွားပြီး အဝေးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"သူ ငါတို့ကို လိုက်သတ်နေတာလား... ဝူရှန်း မင်းရဲ့ဆရာတူအစ်ကိုကို ကုသဖို့ စိတ်ပျက်ဖွယ်ကုန်းစောင်းကို ပြန်ခေါ်သွားလိုက်.... ငါသူ့ကို ထိန်းထားလိုက်မယ်"
ကျုံးဝူဝမ့်: "ဆရာ... ချန်ရှီလက်ထဲက နတ်ဆိုးဓားက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်..."
အထိန်းအကွပ်မဲ့စွာ တုန်တုန်ယင်ယင် ဖြစ်နေတာကြောင့် လော်ဝူရှန်းက သူ့ကို လှေပေါ်ရောက်အောင် အမြန်ကူညီခဲ့သည်။
တာအိုဝေ့ : "စိတ်မပူပါနဲ့ ငါဘာလုပ်ရမှန်း သိတယ်... နောက်ဆုံးတော့ ငါက သူ့ရဲ့ မွေးရာပါတာအိုသန္ဓေသားကို ဖြတ်ပစ်လိုက်တဲ့သူပဲ... ဝူရှန်း မင်းတို့နှစ်ယောက် အရင်သွားသင့်တယ်... မင်း အစ်ကိုကြီး ပြန်ကောင်းလာဖို့ မနှောင့်နှေးစေနဲ့...."