← Chapters

နတ်ဧကရာဇ် ချန်ရှီ

Vol. 30 Ch. 431

နတ်ဧကရာဇ် ချန်ရှီ

Vol. 30 Ch. 431

ချန်ရှီ၏ ခန္ဓာကိုယ်အတွင်း၌ လူသတ်ချင်လာသော ရည်ရွယ်ချက်များ မြင့်တက်နေပြီး လူသုံးယောက်ကို စိုက်ကြည့်သော်လည်း သူ့မျက်နှာတွင်တော့ အပြုံးတစ်ခု ပေါ်လာသည်။

“သူတို့သာ ငါတို့စားစရာ ဒါမှမဟုတ် ငါတို့အသားတစ်ဖဲ့ကို ကိုက်စားချင်​နေတယ် ဆိုရင်တော့ သူတို့က လူဆိုးတွေထဲက အရက်စက်ဆုံးပဲ ငါတို့ သတ်ပစ်မယ်”

သူ တွေးပြီး ထိုင်ရာက မထဘဲ သူတို့ကို ကြည့်လိုက်သည်။ ချန်ရှီရဲ့ လက်ရှိအခြေအနေက အလွန်ထူးဆန်းပါသည်။

သူသည် သွေးအသွင်ပြောင်းနတ်ဓားကို ပထမဆုံး ဆုပ်ကိုင်လိုက်သည်နှင့် ၎င်း၏ နတ်ဆိုးစွမ်းအင်များ လုံးလုံးလျားလျား စွဲလန်းသွားခဲ့သည်။ ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုက အားနည်းပြီး ယင်ယန်၏ အခြေခံမူများကို နားမလည်သေးပါ။ ယင်ယန်၏ သွေးအသွင်ပြောင်းနတ်ဓားကို ဆုပ်ကိုင်ထားပြီးသည့်အခါ နတ်ဆိုးဓား၏ စွမ်းအားများ ထိုးဖောက်ဝင်ရောက်မှုကို ခုခံနိုင်စွမ်းမရှိသဖြင့် သူ့ကိုယ်ပိုင် အတွေးအမြင်ကို ထိန်းချုပ်ခံလိုက်ရသည်။

ယင်းကြောင့် သူသည် နတ်ဆိုးလမ်းစဉ်များကို လိုက်စားလာခဲ့သော်လည်း ထူးဆန်းသောမူများကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

သူသည် လူသုံးယောက်ထံမှ မတည်မငြိမ်သော အရိပ်အယောင်ကို ခံစားရပြီး ဤရောင်ဝါကလည်း သူရဲ့ လူသတ်ချင်စိတ်ကို လှုံ့ဆော်ပေး​နေသည်။

အမှန်တော့ ဒုက္ခရောက်တဲ့ အချိန်တွေမှာ အစာကိုက်တာက အသက်ကို ကယ်တင်နိုင်​ပေသည်။ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်သော အရာတစ်ခုကို ခိုးယူခြင်းက မိမိအသက်ကို သတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သတ်ပစ်တာကလည်း ယုတ္တိတန်သော နောက်တစ်ဆင့် ဖြစ်သည်။

ဘုန်းကြီးသည် အသက်နှစ်ဆယ်ခန့်ရှိပုံရပြီး ပုခုံးကျယ်ပေါ်၌ အိတ်ဖြူတစ်လုံး ရှိသည်။ သူ့တွင် နူးညံ့သော အသွင်အပြင်၊ ဘယ်ဘက်မျက်လုံးအောက်တွင် မျက်ရည်စက်မှဲ့နှင့် ကြင်နာသောအပြုံးတို့ ရှိသည်။

တာအိုကျင့်ကြံသူကတော့ ကလေးမျက်နှာနှင့် တာအိုဝါဒီပုံပါရှိသည့် ဆယ်ကျော်သက်အရွယ်တွင်သာ ရှိသေးသည်။ လက်သီးဆုပ်ကိုင်ထား၏။

ပညာရှင်သည် မင်မင်းဆက် အဝတ်အစားများနှင့် မတူဘဲ ရှည်လျားပြီး ပပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ အဆင်တန်ဆာကင်းမဲ့ပြီး ရိုးရိုးရှင်းရှင်းပင်။ လက်နဲ့ ကော်လာပေါ်မှာ ချယ်လှယ်ထားတဲ့ စိမ်းပြာရောင်နဂါးက အလွန်ရိုးရှင်းသည်။ ၎င်း၏ ယေဘူယျကောက်ကြောင်းကို ပုံလိုက်ဆွဲရုံမျှသာ ဖြစ်ပြီး အသေးစိတ်ကျ သွယ်လျသောပုံစံမျိုး ဖြစ်သည်။

နေမင်းကြီးကတော့ အနည်းငယ်ပို၍ ရှုပ်ထွေးကာ မီးတောက်နေသော လွှသွားပုံစံအတိုင်း ဝိုင်းရံထားသည်။

ဒီလိုပုံစံက အလွန်ရှားပါးသည်။

"ရှန်းလူမျိုးတွေရဲ့ နေမြေပုံ!"

နတ်သမီးရှောင်သွမ့်ရဲ့ နှလုံးခုန်သံက ခုန်တက်သွားပြီး ပညာရှင်ကို သေချာ စိုက်ကြည့်နေသည်။

"သူက ရှန်းမင်းဆက် နေမြေပုံကို ဘာလို့ ဝတ်ထားရတာလဲ... စိမ်းပြာနဂါးပုံစံကလည်း ရှန်းမင်းဆက်! အပျက်အစီးတွေကနေ သင်ခဲ့တာလား..."

သူမ နှလုံးတွေ တဒိန်းဒိန်း ခုန်နေ၏။ ဒါမှမဟုတ် ရှန်းမင်းဆက်င လူတစ်စု အသက်ရှင်ကျန်ရစ်ခဲ့တာလား။

သူမသည် ဤရက်များတွင် ချန်ရှီနှင့် အကျယ်တဝင့် ခရီးထွက်ခဲ့ပြီး အံ့ဖွယ်ငှက်ကောင်းကင်နန်းတော် သဲလွန်စများက ယခုခေတ်တွင် မကျန်ရစ်ကြောင်း တွေ့ရှိခဲ့တာ ကြာပါပြီ။ ရှန်းလူမျိုးတို့သည် သမိုင်းမတင်မီကပင် အကြွင်းအကျန် အနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။ သူမကိုယ်သူ မကယ်တင်စဥ်က ရှန်းလူမျိုးတွေ မျိုးသုဉ်းသွားပြီလို့ ထင်ခဲ့ပေမဲ့ ဒီပညာရှင်အပေါ် ရှန်မင်းဆက် အမှတ်အသားတွေကို မြင်တွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

သို့သော် ထိုသူသည် ရှန်းလူမျိုးမှ ဆင်းသက်လာသူ ဟုတ်မဟုတ် ပြောရခက်ပါသေးသည်။ သူ့တွင် အပ်ချုပ်သမားပါသော ပုံစံများကို ရေးဆွဲထားသောကြောင့် ရှန်မင်းဆက်ပုံစံများဖြင့် ၀တ်စုံများစွာကို ဖန်တီးထားနိုင်သည်။

"သူသာ ရှန်းလူမျိုး တစ်ယောက်ဆိုရင် ရှန်းမင်းဆက်ရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေကို မှတ်တမ်းတင်ထားတဲ့ သံချပ်ကာအရိုးတွေကို တွေ့ပြီပဲ"

သူမသည် သူမ၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ ချန်ရှီ၏ခေါင်းနောက်ဘက်မှ အပြုံးတစ်ဝက်ဖြင့် စိုက်ကြည့်နေသည်။

"တော်ဝင်မိသားစု သတိလစ်နေချိန်မှာ တော်ဝင်အမျိုးသမီးကို အတင်းအကြပ် လက်ထပ်တဲ့ ပြစ်ဒဏ်က ဘာပါလိမ့်"

တာအိုကျင့်ကြံသူက သူမအတွေးတွေကို ဖြတ်တောက်သည့် စကားတစ်ခွန်းကို ပြောလာခဲ့သည်။

"အရှင်မင်းမြတ် ထွက်သွားတာကြာပြီ... နန်းတက်ဖို့ ဘယ်တော့ ပြန်လာမှာလဲ"

နတ်သမီးရှောင်သွမ့်မှာ ရှင်းရှင်းလင်းလင်း မကြားရသကဲ့သို့ မျက်တောင်ခတ်လိုက်သည်။

"အရှင်မင်းမြတ်... ဘယ်က အရှင်မင်း​မြတ်လဲ"

ချန်ရှီ အံ့အားသင့်စွာ ကြည့်လိုက်သည်။

"သူ ငါတို့နဲ့ စကားပြောနေတာလား"

ဘုန်းကြီးက ပြုံးပြလာသည်။ သူ့ပါးစပ်ထောင့်မှာ ကြွက်သားတွေ ဆွဲထားသလိုမျိုး မျက်နှာက လှုပ်နေပေမယ့် အသားက မလှုပ်ချေ။

"အရှင်မင်းမြတ်နဲ့ မယ်တော်မိဖုရားတို့ နတ်မြို့တော်မှာ လှည့်ပတ် ဆော့ကစားနေတုန်း ငရဲဘုရင်ဆီမှာ အဖမ်းခံရပြီး အမတမြို့တော်မှာ ပိတ်မိနေကြပြီလို့ သတင်းကြားကြားချင်း ကယ်တင်ဖို့ အပြေးအလွှား လာခဲ့ပါသေးတယ်... ဒါပေမဲ့ တခြားတစ်ယောက်က အဲဒီနေရာသို့ အရင်ရောက်ပြီး ကယ်တင်သွားခဲ့တယ်... အရှင်မင်းမြတ် လှည့်ပတ်ဆော့ကစားနေတာ လုံလောက်ပါပြီ"

နတ်သမီးရှောင်သွမ့် ပိုလို့တောင် စိတ်ရှုပ်သွားသည်။

"မယ်တော်မိဖုရား...အဲဒါ ဘယ်သူလဲ ငါ့ယောက္ခမတော့ မဟုတ်ဘူးမလား "

ယောက္ခမမှာ ချန်ထန်၏ဇနီး ဝူးချင်းယွီပဲ ဖြစ်သည်။

"နတ်မြို့တော်ဆိုတာ ဘာလဲ"

အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မရှိဘဲ အိမ်ထောင်ပြုခဲ့သော ခင်ပွန်းသည်ဟာ အခြားမည်သူမည်ဝါ ဖြစ်သည်ကို သူမ သတိမထားမိခဲ့ကြောင်း ပြန်သတိရကာ အံ့သြမိသွားသည်။

ချန်ရှီလည်း အံ့အားသင့်သွားပြီး။

"အရှင်မင်းမြတ် ဟုတ်လား.. ငါတို့က နတ်ဧကရာဇ် မင်းပြောနေတာလား"

သူနည်းနည်း စိတ်ရှုပ်သွားသည်။ ယခု သူသည် သူ၏ ညာလက်တွင် သွေးအသွင်ပြောင်း နတ်ဓားကို ကိုင်ထားသောကြောင့် သူ့ခေါင်းကို ဆုပ်ကိုင်ရန်မှာ အမှန်ပင် ခက်ခဲလှသည်။

သူ့အမေ ဝူးချင်းယွီကို ကယ်တင်ဖို့သွားတုန်းက ယွမ်ချန်နန်းတော်ရဲ့ ပင်မခန်းမမှာ သူတွေ့ခဲ့ရတဲ့ မြင်ကွင်းကို ရုတ်တရက် သတိရသွားသည်။ မရေမတွက်နိုင်သော မှတ်ဉာဏ်ခန်းများထဲမှ တစ်ခုဖြစ်သော ဝူးချင်းယွီသည် မရေမတွက်နိုင်သော အစွမ်းထက်သော နတ်ဆိုးများဖြင့် ဝန်းရံထားပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ၎င်းတို့ပတ်ဝန်းကျင်တွင် နတ်ဆိုးမီးပင်လယ်ကြီး ဖြစ်နေသည်။

အဲဒီတုန်းက တစ်ခုခုဖြစ်ခဲ့တာလား။

သို့သော် ယခုအချိန်တွင် သူသည် သွေးအသွင်ပြောင်း နတ်ဓား၏ နတ်ဆိုးစွမ်းအား လွှမ်းမိုးမှုအောက်တွင် ရှိနေခဲ့ပြီး သူ့စိတ်သည် ယခင်ကကဲ့သို့ ထက်မြက်ခြင်း မရှိ​တော့ပေ။ ဒီအကြောင်းကိုပဲ တွေးနေရုံနဲ့ ဘာမှ စဥ်းစားမရချေ။

ပညာရှင်လည်း အနည်းငယ် အံ့ဩသွားကာ “ငါ” ပြီးနောက် “တို့” ဟူသော စကားလုံးကို ဘာကြောင့် ထည့်ရသလဲဟု တွေးတောနေမိသည်။

“အရှင်က အဖြေကို သိပြီးမှတော့ ဘာလို့ မေးတော်မူရတာလဲ... ငယ်ရွယ်နေသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နန်းတက်ဖို့ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်... အခု အရှင် အရွယ်ရောက်လာပြီပဲ... ကောင်းကင်ပြင်နတ်ဘုရား သေခါနီးဆို ကမ္ဘာကြီး ကမောက်ကမဖြစ်ရတယ်... ထီးနန်းတက်ရမည့် အချိန်အခါလည်း ရှိသေးတယ်... ထို့ပြင် ဧကရာဇ်အဓိပတိကလည်း အရှင့်ကို စောင့်မျှော်နေပါတယ်..."

"ဧကရာဇ်အဓိပတိ.... ငါတို့အဘိုးလား?"

ချန်ရှီ၏ စိတ်သည် အနည်းငယ် ကြည်လင်လာပြီး ဝမ်းသာအားရ မေးလိုက်သည်။

"ငါတို့ အဘိုးကလည်း နတ်မြို့တော်မှာလား"

ပညာရှင်: "သူက သူ့သူငယ်ချင်းဟောင်းတွေနဲ့ အတူရှိနေပေမယ့် မပျော်နိုင်ပါဘူးတဲ့"

"အဲဒါ အဖွားရှား ဦးလေးဟူနဲ့ တခြားသူတွေပဲ ဖြစ်မယ်"

ချန်ရှီ ပို၍ပင် ပျော်ရွှင်လာကာ သူ၏ လူသတ်အငွေ့အသက်များ တဖြည်းဖြည်း မှိန်သွားခဲ့သည်။

ကွန်ဖြူးရှပ်လို ပညာရှင်က ပြုံးပြီး :"ဧကရာဇ်အဓိပတိနဲ့ နားလည်မှု လွဲနေတာကို ကျနော်တို့ဖြေရှင်းပြီးပါပြီ အရှင့်ရဲ့ ရင်ဘတ်ပေါ်က လက်သည်းကလည်း ပျောက်ကွယ်သွားပါပြီ"

ချန်ရှီ သူ့အင်္ကျီကို ဆွဲဖွင့်ကြည့်လိုက်ရာ သူ့နှလုံးသားကို ဆွဲညှစ်နေခဲ့တဲ့ အစိမ်းရောင် သရဲလက်သည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ကွန်ဖြူးရှပ်ပညာရှင်က :"ဒီလက်သည်းရာကို ယဇ်ပုရောဟိတ်မင်း ပိုင်တာပါ...အရှင် ပျောက်သွားမှာကို စိုးရိမ်တဲ့အတွက် အရှင့်ရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ဝင်ဖို့ တံတားတစ်ခုအဖြစ် သူ့လက်ကို သုံးလိုက်ရတာ"

ကံကြမ္မာရဲ့ ရွှင်မြူးမှုကြောင့် ချန်ရှီက ပြုံးပြီး "ငါတို့ ထမင်းစားပြီးရင် နတ်မြို့တော်ကို အတူတူ သွားကြမယ်" လို့ ပြောလိုက်သည်။

သုံးယောက်သား သက်ပြင်းတစ်ချက် ချလိုက်သည်။ ကွန်ဖြူးရှပ်ပညာရှင်သည် စားပွဲပေါ်မှ တူချောင်းတစ်ချောင်းကို ကောက်ယူလိုက်သည်။ ချန်ရှီ၏ ဓားကိုင်ထားသော လက်က ရွေ့လျားသွားရာ အန္တရာယ်ကို အာရုံခံလိုက်သကဲ့သို့ ကွန်ဖြူးရှပ်ပညာရှင်ကလည်း လှုပ်ရှားလာကာ သူ့ဓားရှည်များကို နှိမ့်လိုက်သည်။

ချန်ရှီ သွေးအသွင်ပြောင်း နတ်ဓားကို မထိမခိုက်အောင် တားဆီးလိုက်သည်။ သုံးယောက်သား အကြည့်ချင်း ဖလှယ်ကာ တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးမှုများအား ဖော်ပြလိုက်​ကြသည်။

ရုတ်တရက် ဘုန်းကြီးက မေးလေ၏။

“အရှင်... ကျနော်တို့ဘယ်သူလဲဆိုတာ မှတ်မိသေးလား”

ချန်ရှီ ခေါင်းခါလိုက်ပြီး။

"မမှတ်မိဘူး"

ကွန်ဖြူးရှပ်ပညာရှင်နှင့် တာအိုကျင့်ကြံသူတို့ မျက်မှောင်ကြုတ်သွားသည်။

"အရှင် ကျနော်တို့ကို ဘယ်လို အောင်နိုင်ပြီး နတ်မျိုးနွယ်ကို ဘယ်လိုပေါင်းစည်းခဲ့လဲ ဆိုတာရော မေ့သွားပြီလား?"

ချန်ရှီက ပြုံးပြီး :"ငါတို့ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားပြီ။ မနိုးခင်ကတည်းက ဘာမှ မမှတ်မိတော့ဘူး"

ဘုန်းကြီး၊ တာအိုနှင့် ကွန်ဖြူးရှပ်ဝါဒီတို့သည် အကြည့်ချင်း ဖလှယ်ကြ​ပြန့သည်။

ကွန်ဖြူးရှပ်ဝါဒီ: "ဆိုတော့ အဓိပတိဧကရာဇ်က အရှင့်ရဲ့မှတ်ဉာဏ်ကို တံဆိပ်ခတ်ထားပုံရတယ်... ငါတို့ မထွက်လာခင်တုန်းက သူ ဒီအချက်ကို မပြော​ပြခဲ့ဘူး"

တာအိုကျင့်ကြံသူလည်း တုန်လှုပ်ခြောက်ခြားသွားကာ။

"အဓိပတိဧကရာဇ်က ငါတို့ကို လိမ်ခဲ့တာ!"

ချန်ရှီ သူ့ရဲ့တူချောင်းတွေကို ဖြည်းညှင်းစွာ ချလိုက်ပြီး ပြုံးပြသည်။

"ဒါဆို ငါတို့အဘိုးက မင်းတို့ ငါတို့ကိုရှာတွေ့တာ မလိုချင်လို့ဖြစ်မယ်... အဲဒါကြောင့် တံဆိပ်အကြောင်း မပြောခဲ့တာ"

သူတို့သုံးယောက်စလုံး သူတို့အပေါ် လွှမ်းခြုံလာသော လူသတ်ချင်စိတ်ကို ခံစားလိုက်ရသည်။ ထိုခံစားချက်က သူတို့၏ကိုယ်ခန္ဓာနှင့် သူတို့၏ ဝိညာဉ်များထဲအထိ စိမ့်ဝင်သွားသည့် အတိုင်းပင်။

ဘုန်းကြီးက ပြုံးပြီး: “အရှင်... ကျနော်တို့မှာ မကောင်းတဲ့အကြံ မရှိပါဘူး... ကျနော်တို့အားလုံးက မရဏကမ္ဘာကို ရှုံ့ချဖို့ စိတ်အားထက်သန်နေတဲ့ သူတွေပါ... အရှင်က ငယ်ငယ်ကတည်းက အံ့သြထိတ်လန့်စရာ ကောင်းတယ်.. ကျနော်တို့ရဲ့ အရှင် ဧကရာဇ်မင်းအဖြစ် ဂုဏ်တင်ဖို့လည်း နှိုးဆော်တိုက်တွန်းနိုင်တယ်..."

ကွန်ဖြူးရှပ်လို ပညာရှင်ကလည်း ပြုံးပြီးပြော၏။

"ဟုတ်ပါတယ် အဓိပတိဧကရာဇ်က ဒီကိစ္စကို သေချာမသိဘဲ အရှင့်ရဲ့ မှတ်ဉာဏ်ကို တံဆိပ်ခတ်ထားတာ ဖြစ်မယ်.. ကျနော်တို့ပြန်ပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြတဲ့အခါ နားလည်မှုလွဲတာကို ဖြေရှင်းလို့ ရပါတယ်"

တာအိုကျင့်ကြံသူက ပြုံးပြီး :“ဒါပေမယ့် ဘေးကင်းဖို့အတွက် အရှင် စိတ်လျှော့ပြီး အရှင့်ရဲ့ မှတ်ဉာဏ်ကို ဖျောက်ဖျက်ခွင့်ပြုပါလို့ အကြံပြုလိုပါတယ်..."

သူတို့ သုံးယောက်သည် ဆိုးရွားသော အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း သူတို့၏ အပြုံးများသည် ထူးဆန်းလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ လူများကို အေးခဲသွားစေခဲ့သည်။

ကလေးတစ်ယောက်ရဲ့ အသံက :"သူတို့ရီနေတဲ့ ပုံစံက လူအရေပြားမှာ ကပ်​​နေတဲ့ မိစ္ဆာတွေလိုပဲ... မိစ္ဆာတွေက လူအရေပြားကို ၀တ်ထားရင် အရေပြားကပဲ လှုပ်ရှားတတ်တယ်လို့ အဖေကပြောတယ်... တကယ်တော့ အောက်ဘက်မှာ အသားမရှိဘူး အရေပြားပဲ ကျန်တော့တာတဲ့"

"အပြောကောင်းတယ်"

ချန်ရှီ၏မျက်လုံးများသည် လူသတ်လိုသော ရောင်ဝါများဖြင့် ပြည့်နှက်နေကာ။

"ဒါပေမယ့် သူတို့က မိစ္ဆာတွေ မဟုတ်ဘူး... သူတို့တွေက နတ်ဆိုးတွေအဖြစ် အသွင်ပြောင်းသွားတဲ့ ကျင့်ကြံသူတွေ.. သူတို့တစ်သက်လုံး မသေနိုင်တဲ့ အမတအဆင့်အထိ ကျင့်ကြံထားခဲ့တယ်.. ဉာဏ်အလင်းရရှိချိန်မှာ နတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး သူတို့ရဲ့ အသွေးအသားတွေက ယိုယွင်းပျက်စီးသွားတယ်... သူတို့ရဲ့ မူလရုပ်ရည်ကပဲ ဒီလူသားအသွင်အပြင်ကို ထိန်းသိမ်းနိုင်တာ..."

တာအိုဘုန်းတော်ကြီးက ပြုံးပြီး "အရှင် တံဆိပ်ကို ဖြုတ်ဖို့ အလျင်စလိုနေစရာ မလိုပါဘူး.. နတ်မြို့တော်ကို ရောက်တာနဲ့..."

စကား မပြီးခင်မှာပဲ ဓားအလင်းတန်းတစ်ခုက လင်းလက်သွားလေ၏။ ချန်ရှီ သူ့ဓားကို ဝေ့ယမ်းလိုက်ပေမယ့် မတုန်မလှုပ်ဟန်နဲ့ သူ့ထိုင်ခုံမှာ မြဲမြံစွာ ထိုင်နေခဲ့သည်။

တာအိုကျင့်ကြံသူ၏ မျက်နှာတစ်လျှောက် အရေပြားသည် တဖြည်းဖြည်း ကွဲထွက်သွားသော်လည်း သွေးများ ထွက်မလာပေ။ သူ့ပါးနှင့် နဖူး စသည့်နေရာတွင်သာ ဖောင်းကားနေပြီး၊ အရေပြားအောက်တွင် တစ်စုံတစ်ရာ လှုပ်ယမ်းနေသကဲ့သို့ သူ့ဦးခေါင်းက အဖုအထစ်များ ဖြစ်လာသည်။

"ဗုန်း!"

တာအိုဝါဒီ၏ ဦးခေါင်းသည် ကွဲထွက်သွားပြီး အဆုံးမဲ့ သွေးများနှင့် အသားများက ကောင်းကင်သို့ ပစ်ပေါက်ကာ စားသောက်ဆိုင်ကို မှုတ်ထုတ်ပစ်လိုက်သည်။ အသွေးအသား တိမ်တိုက်ကြီးသည် မိုင်ပေါင်းများစွာ လွှမ်းခြုံထားသော ​ပေါကျိုးမြို့ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

အသားများနှင့် သွေးများသည် တာအိုဝါဒီ၏ ဦးခေါင်းမှ အထက်သို့ ဆက်လက် ပျံတက်သွားရာ အဆုံးမရှိဟု ထင်ရသည့် သွေးတိမ်တိုက်ကြီးက ပို၍ ကြီးလာလေတော့သည်။

ကွန်ဖြူးရှပ်ပညာရှင်နှင့် ဘုန်းကြီးသည် မယိမ်းမယိုင်ဖြင့် တာအိုဝါဒီဘေးတွင် ဆက်လက်ထိုင်နေခဲ့သည်။ သူတို့မျက်လုံးတွေက ချန်ရှီကို စိုက်ကြည့်နေကြပြီး သူတို့ရဲ့ မျက်နှာတွေကတော့ အပြုံးအတုတွေ ဆင်မြန်းထားတုန်းပါပဲ။

ဧရာမစပါးအုံးမြွေများ သို့မဟုတ် အရေခွံရှိသော နဂါးများကဲ့သို့ အသားနှင့် အသွေးပင်လယ်ပြင်က အထက်သို့ ပျံတက်သွားကြသည်။

"ဟားဟားဟား!"

မိုးခြိမ်းသံတစ်ခုက ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။ အနှီမိုးခြိမ်းသံကဲ့သို့ တာအိုကျင့်ကြံသူရဲ့ အသံက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

"အရှင်မင်းမြတ်ကတော့ အရင်ကထက်တောင် ပိုကြောက်စရာ ကောင်းလာသေးတယ်... မှတ်ဉာဏ်တွေကို တံဆိပ်ခတ်ထားရင်တောင် သူရဲကောင်းဖြစ်နေတုန်းပဲ... လေးစားပါတယ် မင်းကို ငါလေးစားတယ်..."

ချန်ရှီ အနီးတစ်ဝိုက်တွင် ပေါက်ကွဲသံများနှင့်အတူ ​ပေါကျိုးမြို့မှ လူများ ထွက်ပြေးကုန်ကြသည်။ ဘောင်းဘီပွပွဝတ်ထားသည့် ကလေးတစ်ဦးသည် မြေပြင်ပေါ်တွင် ထိုင်ကာ ဆီးနှင့်ရွှံ့များဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေတာကြောင့် ၎င်း၏မိခင်က ခုန်ပျံလာကာ ဖမ်းဆွဲ၍ ထွက်ပြေးသွားခဲ့သည်။

ခဏကြာတော့ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားသည်။ တာအိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မြင့်တက်လာပြီး လေထဲတွင် ရပ်တန့်နေ၏။ သူ့လည်ပင်းအထက်တွင်တော့ အသွေးအသားပင်လယ်ကြီး တစ်ခုရှိ​​နေသည်။

နတ်သမီးရှောင်သွမ့်လည်း ကောင်းကင်မှ ထူးဆန်းတဲ့မြင်ကွင်းကို စိုက်ကြည့်ရင်း ရေရွတ်မိ၏။

"ဘယ်လိုလုပ် ဒီလိုကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းကို ငါ့ခင်ပွန်းနဲ့ တွဲထားရတာလဲ ထူးဆန်းလိုက်တာ..."

အကန့်အသတ်မရှိသော အသားနှင့်သွေးပင်လယ်သည် ၎င်း၏မျက်နှာ အသွင်အပြင်၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ကြီးထွားလာစေသည်။

"အရှင်မင်းမြတ်... မင်းတကယ် စိတ်ပျက်စရာကောင်းလာတယ်... အဓိပတိဧကရာဇ်မင်းလိုပဲ ကျောက်တုံးလို ခေါင်းမာတယ်... ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေ၊ မင်းရဲ့ စံနှုန်းတွေကို မင်းမမှတ်မိဘူး... မင်းအခု တစ်ချိန်က မင်းဖြစ်ခဲ့တဲ့မင်းကိုယ်မင်း သစ္စာဖောက်ခဲ့တာပဲ"

သူ့အသံက ကောင်းကင်မှာ ပဲ့တင်ထပ်နေ၏-

"ဒါပေမယ့် ကံကောင်းစွာနဲ့ စည်းတံဆိပ် ကျိုးသွားတဲ့အခါကျရင် မင်းဟာ တစ်ချိန်က မင်းဖြစ်ခဲ့တဲ့ ယုတ္တိကင်းမဲ့တဲ့ ဧကရာဇ်​လေး ​ပြန်ဖြစ်လာလိမ့်မယ်!"

အသွေးအသား ပင်လယ်အောက်မှာ ရပ်နေတဲ့ တာအိုကျင့်ကြံသူက သူ့လက်ကို မြှောက်လိုက်လေသည်။ ကောင်းကင်နှင့်မြေကြီးမှ အကန့်အသတ်မရှိသော မကောင်းဆိုးဝါးစွမ်းအင်များ ပေါင်းစည်းလာကာ ပေါကျိုးမြို့က ချန်ရှီဆီသို့ ထိုးကျခါကာ ကျောက်စိမ်းရူယိ အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောက်စိမ်းရူယိ ပြုတ်ကျလာပြီးနောက် ကောင်းကင်နှင့်မြေကြီး၏ မကောင်းသောလမ်းသည် သက်တံကဲ့သို့ လွင့်မျောသွားသည်။ ၎င်းက လှပသော်လည်း အလွန်အန္တရာယ်များလှ၏။

"ထိုက်ဟွာချင်းယန် နန်းတော်ရဲ့ ထိုက်ကျန်း ကျောက်စိမ်းကျင့်စဥ်"

ချန်ရှီသည် ထိုင်နေရာ သူ့ဓားကို ကောင်းကင်သို့ လွှဲယမ်းလိုက်သည်။ ချက်ချင်းပင် ဓားအလင်းက သွေးရေတံခွန်ကဲ့သို့ တဖျပ်ဖျပ် တောက်ကာ ကောင်းကင်အထက်ရှိ ကျောက်စိမ်းရူယိဆီသို့ ပြေးဝင်သွားလေသည်။

"မင်းက ကွမ်ရှန်၊ တောက်ချန်လား ဒါမှမဟုတ် ကျင့်ရွှီးလား? မင်းက တန်းချန် မဟုတ်တာတော့ သေချာတယ်... တန်းချန်က ငါတို့အထဲမှာရှိတယ် ဟုတ်သားပဲ ငါတို့အချိန်ရရင် တန်ချန်ကိုပါ သွားသတ်ပစ်လိုက်မယ်..."

သူသည် ထိုက်ဟွာတောင်ပေါ်ရှိ ကျောင်းအုပ်ဆရာကြီးများ၏ သင်္ချိုင်းများကို တူးဖော်ပြီး စတုတ္ထမျိုးဆက် ကျောင်းအုပ်ဆရာကြီး ကွမ်ရှန်၊ သတ္တမမျိုးဆက် ကျောင်းအုပ်ဆရာကြီး တောက်ချန်၊ ၁၆ဆက်မြောက် မျိုးဆက် ကျောင်းအုပ်ဆရာ ကျင့်ရွှီး နှင့် ၇၈ မျိုးဆက် ကျောင်းအုပ်ဆရာ တန်းချန်တို့ကို သိခဲ့သည်။

တာအိုကျင့်ကြံသူက ပြုံးပြီး :"တောက်ချန် အရှင်ဧကရာဇ်မင်းကို ဂါဝရပြုပါတယ်... အရှင့်ရဲ့ စည်းတံဆိပ်ကို ဖယ်လိုက်ပြီးရင် အရာအားလုံးကို နားလည်သွားပါလိမ့်မယ်!"

ကျောက်စိမ်းရူယိတွင် ပါရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် အလွန်အစွမ်းထက်လှပြီး သွေးရေတံခွန်ကို အမှန်တကယ် မျိုသိပ်ထားနိုင်သည်။

ထိုက်ကျန်း ကျောက်စိမ်းကျင့်စဥ်သည် ကျင့်စဥ် စာအုပ် ၁၀ အုပ်ထဲမှ တစ်ခုဖြစ်သည်။ အကျဉ်းချုံးပြီးပါက မဟာယာနနယ်ပယ်အထိသာ ကျင့်​ကြံနိုင်မည်။ သို့တိုင် ဤတာအိုဝါဒီသည် ၎င်းအား မှော်ဆန်သော အရာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး ဤကျင့်စဥ်၏ စွမ်းအားကို အမတ စွမ်းအားအဖြစ် ထုတ်လွှတ်လိုက်သည်။

သို့သော် ဤအမတကျင့်စဥ်သည် ဆိုးရွားလှသော ရောင်ဝါတစ်ခုကိုလည်း သယ်ဆောင်လာကာ သွေးအသွင်ပြောင်း နတ်ဆိုးဓား၏ စွမ်းအားနှင့် တိုက်မိကာ နှစ်ဦးစလုံးကို ခြိမ်းခြောက်ခဲ့သည်။

ချန်ရှီ: "ငါ မင်းကို မယုံပါဘူး... ဒါပေမယ့် ငါ့အဘိုးကိုတော့ ယုံတယ်... ငါ့အဖိုးက ငါ့ကို တံဆိပ်ခတ်ထားဖို့ အကြောင်းပြချက်တွေ ရှိရမယ်!"

သွေးပင်လယ်က သူ့ခေါင်းနောက်သို့ ဝေ့ဝဲလာပြီး တခဏချင်းတွင် ဓားသွားအလင်းတန်းများ တောက်ပလာကာ ကျောက်စိမ်းရူယိ၏ မဟာတာအို ရောင်ဝါကို ဖြတ်တောက်ပစ်လိုက်သည်။

တာအိုကျင့်ကြံသူ ဒုက္ခရောက်နေတာမြင်တော့ ကွန်ဖြူးရှပ်ပညာရှင်နဲ့ ဘုန်းကြီးတို့ကလည်း နှစ်ဖက်စလုံးက စတင် တိုက်ခိုက်ကြပါ၏။ ချန်ရှီ ဆုတ်ခွာသွားကာ ဓားရှည်အား လှည့်လိုက်ရာ ရုတ်တရက် မီးကြယ်များ ထောင်သောင်းမက လူနှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

ဘုန်းကြီးသည် သင်္ကန်းကို ဖယ်ကာ လေထဲတွင် ဖြန့်ချပြီး အတွင်းမှ မီးပွားများအားလုံးကို လွှတ်ထုတ်လိုက်သည်။ ထို့နောက် သူ့ပတ်ပတ်လည်တွင် သင်္ကန်းကို လျင်မြန်စွာ ရစ်ပတ်ကာ အတွင်းထဲ၌ နတ်ဓား၏ မီးပွားများကို ချိတ်ပိတ်လိုက်သည်။ ထောင်ပေါင်းများစွာသော ဓားသွားစွမ်းအင်များသည် အတွင်း၌ ပျံ့လွင့်နေသော်လည်း ၎င်းတို့မှာ မလွတ်မြောက်နိုင်ပေ။

ပညာရှင်သည်လည်း ချဉ်းကပ်ရန် အခွင့်အရေးကို ယူကာ သူ၏လက်မောင်း​ပေါ်တွင် ထူးဆန်းသောပုံစံများ ပေါ်လာသည်။ အချို့က တစ္ဆေမျိုးရိုး၏ မွေးရာပါ မှော်စွမ်းအားများနှင့် ဆင်တူသော်လည်း ပိုရှုပ်ထွေးပြီး ထူထပ်သည်။ သူသည်လည်း သွေး-အသွင်ပြောင်း နတ်ဓားကို ဦးတည် တိုက်ခိုက်လိုက်သည်။

"ထန်း!"

သွေးအသွင်ပြောင်း နတ်ဓားသည် သူ့လက်ကို ခုတ်သတ်လိုက်သော်လည်း ထူးဆန်းသောပုံစံများကသာ ကွဲထွက်သွားကာ အရေပြားက မကွဲသွားပေ။

ဘုန်းကြီး ရှေ့သို့ လှမ်းလာတဲ့အခါ ကြီးမားသော ဘုရားလောင်းကြီး ရုတ်တရက် ပေါ်လာပြီး ချန်ရှီကို ဖိနှိပ်ရန် လက်ဖဝါးကို မြှောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မှ တောက်ချန်သည် ချန်ရှီ၏ခေါင်း အနောက်ဘက်ရှိ သွေးပင်လယ်ငရဲကို ဖိနှိပ်ဖို့ ကျောက်စိမ်းရူယိကို ဆင့်ခေါ်ယူလိုက်သည်။

သူတို့ သုံးယောက် အတူတူ အလုပ်လုပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားချန်ရှီရဲ့ မောက်မာမှုကို မမျှော်လင့်ဘဲ ဖြိုခွင်းလိုက်ပါတော့၏။

ချန်ရှီရဲ့မျက်လုံးများ ပြင်းထန်စွာ တောက်ပလာပြီး သွေးကန်ကျင့်စဥ်ရဲ့ စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်လိုက်​လေသည်။ သွေးပင်လယ်ငရဲက လျင်မြန်စွာ ပျံ့နှံ့သွားကာ လူသုံးယောက်၏ ဖိနှိပ်မှုကို ဖြတ်ကျော်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ကောင်းကင်ဘုံ သွေးအသွင်ပြောင်းနတ်ဓား၏ အကောင်းမွန်ဆုံးသော ဓားသိုင်းကို ထုတ်လွှတ်လိုက်သည်နှင့် သူသည် သူတို့၏ အသက်ကို သတ်မည့်သူသာ ဖြစ်လာလိမ့်မည်။

"အခွင့်အရေးကြီးပဲ!"

နတ်သမီးရှောင်သွမ့်ရဲ့ မျက်လုံးများ တောက်ပလာသည်။ တစ်စက္ကန့်မျှပင် မတွေး​တော့ဘဲ ချန်ရှီ၏ ခေါင်းနောက်ဘက်က သွေးပင်လယ်ငရဲကို လက်ညိုးဖြင့် နှိမ်နင်းဖို့ ဘုံကျောင်းငယ်လေးထဲမှ ပြေးထွက်လာခဲ့သည်။

သခင်လေးပါး၏ ပေါင်းစပ်တိုက်ခိုက်မှု အောက်တွင် သွေးပင်လယ်ငရဲသည် ၎င်း၏စီးဆင်းမှုကို ရပ်တန့်သွားရကာ ပြန်ဟောက်ရင်း သွေးအသွင်ပြောင်း နတ်ဓားဆီသို့ စီးဆင်းသွားသည်။

ချန်ရှီ အေးခဲသွားပြီး သူ့လည်ပင်းကို လှည့်ကာ နတ်သမီးရှောင်သွမ့်ကို မျက်ရည်ကျလာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ရှင်မ... မင်းငါ့ကို ဘာလို့ သစ္စာဖောက်တာလဲ.. ငါတို့က လင်မယားချင်းလေ...."

နတ်သမီးရှောင်သွမ့်မှာ သူ၏သနားစရာကောင်းသော အသွင်အပြင်ကြောင့် စိတ်လှုပ်ရှားသွားပြီး ခဏတာမျှ သူမစိတ်နှလုံးက ပျော့ပြောင်းသွားသည်။

"မင်းကိုသတ်ပြီးရင် နောက်တစ်ယောက်နဲ့ လက်ထပ်ပစ်မယ်!"

ချန်ရှီ လူယုတ်မာဆန်စွာ ပြုံးလိုက်သည်။ နတ်သမီးရှောင်သွမ့် သူမ၏ မှော်အစွမ်းကို ချက်ချင်း ဆင့်ခေါ်ကာ သွေးပင်လယ်ငရဲကို သွေးအသွင်ပြောင်း နတ်ဓားဆီသို့ ပို၍ လျှင်မြန်စွာ စီးဆင်းစေခဲ့သည်။

ဘုန်းကြီးသည် ခြေဖျားထောက်၍ ထကာ ၎င်းခန္ဓာကိုယ်က သွယ်လျပြီး ပြားချပ်သွား၏။ ထို့နောက် ချန်ရှီ၏ မျက်ခုံးများကို ထိုးဖောက်ဝင်ရောက်ကာ စည်းတံဆိပ်ကို ရှာဖွေရန် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားလေသည်။ နတ်သမီးလေးသည် သူမရဲ့ ကျန်နေတဲ့ လက်ကို ဝှေ့ယမ်းလိုက်ရာ ဘုန်းကြီးသည် သူ့အရိပ်ပုံစံကို အလိုအလျောက် ပြန်ဆွဲယူရင်း ချက်ချင်းပင် သူ၏ ရွှေရောင်ကိုယ်ခန္ဓာကို တွန်းထုတ်လိုက်ပြီး သူမ၏ ထိုးနှက်မှုအား ခံယူရန် လက်ကို မြှောက်လိုက်သည်။

"ဝုန်း!"

နတ်သမီးလေး၏ လက်သည် ကြေးခေါင်းလောင်းကို ရိုက်မိသွား၏။ ဘုန်းကြီးသည် အနောက်သို့ ပျံသန်းသွားကာ မိုင်ပေါင်းများစွာ တီးတိုးသံနှင့်အတူ ဆင်းသက်သွားခဲ့ရသည်။

"သူက အရမ်းသန်မာတာပဲ... ငါတောင် မသတ်နိုင်ဘူး!"

နတ်သမီးရှောင်သွမ့် အံ့သြသွားသည်။

"ဒီဘုန်းကြီးက အမတ ဒါမှမဟုတ် ဗုဒ္ဓဖြစ်လာဖို့ မဝေးတော့ဘူး... တာအိုကို အောင်နိုင်ရင်တောင် ယုတ်မာတဲ့ ဗုဒ္ဓပဲ ဖြစ်လာမှာ"

ပညာရှင်: "သူမကို အရင်သတ်!"

နတ်သမီးနောက်ကနေ အနက်ရောင်ငှက်တစ်ကောင်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ပညာရှင်ကို ငုံ့ကြည့်နေ၏။ နတ်သမီးရှောင်သွမ့် အေးစက်စွာ အော်ဟစ်လိုက်သည်။

"လုပ်ရဲလား? ငါဘယ်သူလဲဆိုတာ သေချာ ကြည့်စမ်း!"

ငှက်နက်ကို မြင်သောအခါ ပညာရှင်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး လျင်မြန်စွာ ဒူးထောက်ချလိုက်သည်။

"ကွန်ဖြူးရှပ်ဧကရာဇ် ကောင်းကင်မိန်းမပျိုကို ဂါဝရပြုပါတယ်!"

သူ ဒူးထောက်လိုက်သည်နှင့် နတ်သမီးရှောင်သွမ့်က သွေးပင်လယ်ငရဲကို သွေးအသွင်ပြောင်း နတ်ဓားအတွင်း လုံးလုံးလျားလျား နှိမ်နင်းခဲ့သည်။ သူမသည် ဓားကို လက်တစ်ဖက်ဖြင့် လုယူကာ ကျန်လက်တစ်ဖက်ဖြင့် ချန်ရှီကိုဆွဲရင်း လေထဲသို့ ပျံတက်သွားခဲ့သည်။

All Chapters