← Chapters

နံနက်ခင်းကင်းလှည့်ရေးမှူး(၅)

Vol. 20 Ch. 275

နံနက်ခင်းကင်းလှည့်ရေးမှူး(၅)

Vol. 20 Ch. 275

"ဆယ့်ခုနစ်ယောက်မြောက်မင်းသားက စုံစမ်းစစ်ဆေးနိုင်ပေမဲ့ ခုနစ်ရက်အတွင်းမှာ အပြီးသတ် ဆုံးဖြတ်ချက်တစ်ခုကို ချရပါမယ်"

နန်းတော်သခင်သည် လင်းယွဲ့ကို အေးဆေးတည်ငြိမ်သောအသံဖြင့် စာရွက်စာတမ်းတွဲတစ်ခု ပေးအပ်လိုက်သည်။

"ဒါက အမှုရဲ့ အသေးစိတ် မှတ်တမ်းဖြစ်ပါတယ်။ မင်းသားက သဘောအတိုင်း စဥ်းစားနိုင်ပါတယ်"

"ကောင်းပြီ"

လင်းယွဲ့သည် စာရွက်စာတမ်းတွဲကို လက်ခံရင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အပြစ်ပေးစီရင်ဖို့ အသင့်ဖြစ်တာနဲ့ ကျွန်မကို လာတွေ့ပါ"

နန်းတော်သခင်သည် သူ့နောက်မှ လက်အောက်ခံတစ်ဦးကို ကြည့်ပြီး "တုံရွှမ် မင်း ဆယ့်ခုနစ်ယောက်မြောက်မင်းသားကို ကျွန်မရဲ့ နံနက်ခင်းကင်းလှည့်ရေးဌာနနဲ့ ရင်းနှီးအောင် လုပ်ပေးလိုက်ပါ။ ကျွန်မ အစီရင်ခံစာတင်ရဦးမယ်"

သူမက အပိုဆောင်းစကား မပြောတော့ဘဲ ထွက်ခွာသွားသည်။

နံနက်ခင်းကင်းလှည့်ရေးဌာန၏ အရာရှိဝတ်စုံဝတ်ဆင်ထားသော လူငယ်ကို ချန်ထားရစ်ခဲ့ပြီး နန်းတော်သခင်သည် သူ၏အခြွေအရံများနှင့်အတူ ထွက်ခွာသွားသည်။

"ဆယ့်ခုနစ်ယောက်မြောက်မင်းသား ကျွန်တော်က ကျီတုံရွှမ်ပါ။ နန်းတော်သခင်ရဲ့ တိုက်ရိုက်လက်အောက်ခံ တစ်ရာ့မှူးပါ"

လူငယ်လေးသည် လက်နှစ်ဖက်ကို ယှဥ်တွဲပြီး လင်းယွဲ့ကို ဂါရဝပြုလိုက်သည်။

"တစ်ရာ့မှူးကျီ"

လင်းယွဲ့သည် အနည်းငယ် ခေါင်းညိတ်ပြီး "နံနက်ခင်းကင်းလှည့်ရေးမှူးအနေနဲ့ ကျွန်တော့်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတဲ့နေရာတွေကိုပဲ ကျွန်တော့်ကို လိုက်ပြပေးပါ" ဟု ပြောလိုက်သည်။

ထိုနေရာသည် နံနက်ခင်းကင်းလှည့်ရေးဌာန၏ အပြင်ဘက်ဆုံး ဧရိယာသာ ဖြစ်သည်။ နံနက်ခင်းကင်းလှည့်ရေးဌာနတစ်ခုလုံးသည် မြို့တစ်မြို့ထက် ပိုမိုကျယ်ဝန်းပြီး ဒီ ဟုန်မြို့သည်လည်း မိုင်ရာပေါင်းများစွာ အကျယ်အဝန်းရှိသော ကြီးမားသည့်မြို့ ဖြစ်သည်။

မြို့တစ်မြို့ပင် မိုင်ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသည်။

"ဟုတ်ကဲ့"

ကျီတုံရွှမ်သည် ချက်ချင်းပင် "မင်းသား ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ" ဟု ပြန်ဖြေလိုက်သည်။

နံနက်ခင်းကင်းလှည့်ရေးမှူးသည် ရှားဟုန်မိသားစုအတွင်း၌ အထူးတည်ထောင်ထားသော ရာထူးတစ်ခုဖြစ်ပြီး အရာရှိများ၏ အမှားများကို ကြီးကြပ်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် တာဝန်ရှိသည်။

ထို့ကြောင့် လင်းယွဲ့သည် နံနက်ခင်းကင်းလှည့်ရေးဌာန၏ အရေးကြီးသော နေရာများဖြစ်

သည့် နံနက်ခင်းစစ်တပ်၏ တပ်မှူးမှသည် တစ်ရာ့မှူးများ၊ စခန်းမှူးများ၊ တပ်မှူးများနှင့် နံနက်ခင်းကင်းလှည့်ရေးဌာန၏ ထောက်ပံ့ပို့ဆောင်ရေးအတွက် တာဝန်ရှိသူများအထိ လျှောက်လှမ်းရန် လိုအပ်သည်။

ထာဝရညဘုံသို့ပင် စစ်ချီသွားသော နံနက်ခင်းကင်းလှည့်ရေးဌာန၏ ကြီးမားသော လုပ်ဆောင်မှုများကို ရိုးရှင်းသော ကျင့်ကြံသူများ၏ စစ်တပ်တစ်ခုဖြင့် ထိန်းသိမ်းထား၍မရနိုင်ပေ။ အဆင့်တိုင်းရှိ အရာရှိများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။

"ဆယ့်ခုနစ်ယောက်မြောက်မင်းသား ကျွန်တော်တို့က ထာဝရညဘုံချီတက်စဥ်က ကင်းလှည့်

ခြင်းအတွက် တာဝန်ရှိတဲ့ ချင်ယွီစခန်းကို သွားကြမယ်... မင်းသား"

လမ်းပြနေသော ကျီတုံရွှမ်သည် ရုတ်တရက် လင်းယွဲ့ကို ရပ်တန့်နေသည်ကို သတိပြုမိသဖြင့် ခဏရပ်တန့်လိုက်သည်။

သူသည် တစ်ခုခုကို စဥ်းစားနေပုံရပြီး "မင်းသား ဘာဖြစ်လို့လဲ" ဟု စိတ်ရှုပ်ထွေးမှု အနည်းငယ်ဖြင့် မမေးဘဲ မနေနိုင်ပေ။

"ဘာမှမဟုတ်ပါဘူး။ တစ်ခုခုကို မှတ်မိသွားလို့ပါ"

လင်းယွဲ့က ခေါင်းခါလိုက်သည်။

လင်းယွဲ့နောက်မှ လိုက်ပါလာသော ဘိုင်လီဖုန်းကျီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မင်းသားအပေါ် နားလည်မှုအရ သူ လိမ်နေခြင်းဖြစ်နိုင်သည်။

"သွားကြစို့။ မင်း ချင်ယွီစခန်းအကြောင်း ပြောနေတာလား"

လင်းယွဲ့သည် သူ၏တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။

သို့သော်လည်း သူသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ဘာဖြစ်လို့လဲဆိုတော့...

လူသားဘိုးဘေးက စိုက်ထူထားသည့် နတ်ဘုရားအတွေး အမှတ်အသားက ခုနကမှ တုံ့ပြန်လာတာကြောင့်ပင်။

လူသားဘိုးဘေး၏ ပြောကြားချက်အရ ဤနတ်ဘုရားအတွေး အမှတ်အသားသည် သူ၏ ကျန်ရှိနေသော ဝိညာဉ်၏ ဦးတည်ရာကို အာရုံခံနိုင်ပြီး အများဆုံး အကွာအဝေး ဆယ်မိုင်အထိ ရှိသည်။ အကွာအဝေး ပိုနီးလေလေ ထောက်လှမ်းမှု ပိုရှင်းလေလေ ဖြစ်သည်။

ဤအချိန်တွင် လင်းယွဲ့သည် လူသားဘိုးဘေး၏ စိတ်ဝိညာဉ်အကြွင်းအကျန်ရှိရာ ဦးတည်ရာကို မှိန်ဖျော့စွာ အာရုံခံမိသည်။

"အဲဒီဘက်မှာ"

လင်းယွဲ့သည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး နံနက်ခင်းကင်းလှည့်ရေးဌာန၏ အတွင်းဘက်သို့ သိမ်မွေ့စွာ ကြည့်လိုက်သည်။

သို့သော်လည်း သူသည် လုပ်ဆောင်ရန် အလျင်မလိုပေ။

နံနင်းခင်းကင်းလှည့်ရေးမှူးတစ်ဦးအနေဖြင့် သူသည် နံနက်ခင်းကင်းလှည့်ရေးဌာန၏ နေရာတိုင်းကို နောက်ဆုံးတွင် သွားရောက်လည်ပတ်ရမည်ဖြစ်သည်။ သူသည် အချိန်နှင့်အမျှ သဘာဝအားဖြင့် ပိုမိုနီးကပ်လာမည်ဖြစ်ပြီး ထို့နောက်တွင် စုံစမ်းစစ်ဆေးရန် အကြောင်းပြချက်တစ်ခုကို ရှာတွေ့နိုင်သည်။

အချိန်ကုန်လွန်သွားသည်။

နံနက်ခင်းကင်းလှည့်ရေးဌာန၏ အဓိကနေရာများကို လှည့်ပတ်ပြီး ရင်းနှီးအောင် လုပ်ရုံဖြင့်ပင် နှစ်နာရီမှ သုံးနာရီအထိ ကြာသည်။

နေမွန်းတည့်ချိန် ရောက်သည်အထိ ကျီတုံရွှမ်က ဦးဆောင်သွားကာ လင်းယွဲ့သည် လူသားဘိုးဘေး၏ စိတ်ဝိညာဉ်အကြွင်းအကျန်ရှိရာ နေရာသို့ သဘာဝအတိုင်း ရောက်ရှိလာသည်။

"မင်းသား ဒါက မှတ်တမ်းခန်းပါ။ တကယ်တော့ သွားရောက်လည်ပတ်ဖို့ မလိုအပ်ပါဘူး။ မှတ်တမ်းခန်းတစ်ခုလုံးကို နံနက်ခင်းကင်းလှည့်ရေးဌာနရဲ့ စစ်သည်စာရင်းအတွက် တာဝန်ရှိတဲ့ စာရေးတစ်ဦးတည်းကပဲ စီမံပါတယ်"

ကျီတုံရွှမ်သည် ရှေ့ရှိ ရှေးဟောင်း မီးခိုးရောင်အဆောက်အအုံကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ ဒီစာရေးအကြောင်း ပြောရရင် သူ့နာမည်က စီယန်ချီ ပါ။ လွန်ခဲ့တဲ့ အနှစ်နှစ်

ဆယ်ကျော်က သူလည်း တစ်ရာ့မှူးဖြစ်ခဲ့ပြီး နာမည်ကျော်ကြားခဲ့တယ်။ စိန့်ဖြစ်ဖို့တောင် အလားအလာရှိခဲ့တယ်။ ကံမကောင်းစွာပဲ ထာဝရညဘုံသို့ စစ်ချီမှုတစ်ခုကြောင့် သူ့နတ်ဘုရားဝိညာဉ် ထိခိုက်ခဲ့ပြီး အနားယူခဲ့ရတယ်။ အခုတော့ သူ မှတ်တမ်းခန်းမှာ ဘဝရဲ့ နှောင်းပိုင်းကာလကို ကုန်ဆုံးနိုင်ရုံပဲ ရှိတော့တယ်"

သူသည် နောင်တဖြင့် သက်ပြင်းချလိုက်သည်။

"သူ့ရဲ့ ခမ်းနားထည်ဝါမှုကို နောက်ဆုံးမြင်ခဲ့ရတာ အနှစ်နှစ်ဆယ်ကျော် ကြာခဲ့ပြီ။ ဖြစ်နိုင်တာက အချိန်အကြာကြီး မသွားရောက်ရတာလည်း ဖြစ်နိုင်တယ်။ မင်းသား ဆန္ဒရှိရင် သူ့ကို တွေ့နိုင်ပါတယ်"

လင်းယွဲ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"အန္တရာယ်မရှိပါဘူး။ ဒီနေရာကို ရောက်နေပြီဆိုတော့ သွားကြည့်ကြစို့။ ကျွန်တော်လည်း တစ်ယောက်ယောက်ကို ရှာချင်တယ်"

"ဟုတ်ကဲ့"

ကျီတုံရွှမ်ကအနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူတို့သုံးဦးသည် မှတ်တမ်းခန်းထဲသို့ ဝင်သွားသည်။

အနည်းငယ် မှိန်ဖျော့သော မှတ်တမ်းခန်းအတွင်းတွင် အတန်းလိုက် အတန်းလိုက်ရှိနေသော မြင့်မားသည့် စာအုပ်စင်များပေါ်တွင် ဖုန်မှုန့်ရှောင်ရှားခြင်း၊ လေကာကွယ်ခြင်း၊ ရေဖယ်ရှားခြင်း စသည်ဖြင့် အမျိုးမျိုးသော မှော်ပညာများ ထည့်သွင်းထားသည့် စာရွက်စာတမ်းတွဲများ အမျိုးမျိုးကို ထုပ်ပိုးထားသည်။

"အဟွတ် အဟွတ်..."

အားနည်းစွာ ချောင်းဆိုးသံများကြားမှ ခါးကုန်းနေသော အဖိုးအိုတစ်ဦးသည် စာအုပ်စင်များ၏ အတွင်းဘက်မှ ထွက်ပေါ်လာသည်။ သူ၏ဆံပင်များမှာ လုံးဝဖြူဖွေးနေပြီး သူ၏မျက်နှာတွင် အချိန်ကြာရှည်စွာဖြင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး သူ၏မျက်လုံးများက မှုန်မှိုင်းနေကာ အလင်းရောင် ကင်းမဲ့နေသည်။

"ဟင်"

ကျီတုံရွှမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး "ခင်ဗျားက ဘယ်သူလဲ။ ဒီနေရာရဲ့ စာရေး စီယန်ချီက ဘယ်မှာလဲ" ဟု မေးသည်။

"စီယန်ချီ"

အဖိုးအိုသည် သူ၏ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ပိန်ကြုံနေသော နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားသည်။

"ဟင်။ ခင်ဗျားရဲ့ စွမ်းအင်က ဘယ်လိုလုပ်..."

ကျီတုံရွှမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"ခင်ဗျား ဖြစ်နိုင်ပါ့မလား..."

မဟာကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် ဤပုဂ္ဂိုလ်၏ စွမ်းအင်သည် အားနည်းနေသော်လည်း သူသည် စွမ်းရည်သုံးပါး ကောင်းကင်ဘုံ အတားအဆီးကို ဖြတ်ကျော်ခဲ့သော မဟာကျင့်ကြံသူတစ်ဦး၏ အဆင့်အတန်းကို တကယ်ပင် ပိုင်ဆိုင်ထားပြီး သူ၏ စွမ်းအင်က စီယန်ချီ၏ စွမ်းအင်နှင့် ဆင်တူနေသည်ကို သတိပြုမိသည်။

"ဒီအဖိုးအိုဟာ မှတ်တမ်းခန်းစာရေး စီယန်ချီပါ"

ြအဖိုးအို၏ အသံဝင်ပြီး နက်ရှိုင်းသော အသံက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ရယ်မောသံ အနည်းငယ်ဖြင့် ထွက်ပေါ်လာသည်။

"ခင်ဗျား... ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ"

ကျီတုံရွှမ်သည် ထိုအဖိုးအိုကို အံ့အားသင့်စွာ မေးသည်။

သူတို့နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ထိုစဥ်က စီယန်ချီသည် အလွန်တောက်ပပြီး နံနက်ခင်းကင်းလှည့်ရေးဌာန၏ နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။

စီယန်ချီအပေါ် သူ၏အထင်အမြင်မှာ ခန့်ညားသောလူငယ်တစ်ယောက်ဖြစ်ကာ ဂုဏ်ယူပြီး လွတ်လပ်သည့် မည်သူမျှမယှဥ်နိုင်သော ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။

ဒါပေမဲ့...

သူက ဘယ်လိုလုပ် ဒီလို အိုမင်းပြီး သနားစရာ အဖိုးအိုတစ်ဦး ဖြစ်သွားရတာလဲ။

"မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်း ဒါတွေက သံသရာလည်နေတဲ့

သဘာဝတရားပဲ"

စီယန်ချီက သူ့မျက်လုံးများတွင် ခပ်အေးအေး အမူအရာဖြင့် ပြောလိုက်သည်။ သူ၏အိုမင်းရင့်ရော်နေသော မျက်နှာက မပြောင်းလဲဘဲ လင်းယွဲ့ဘက်သို့ လှည့်ကြည့်ပြီး "တစ်ရာ့မှူး ဒီကို ဘာကိစ္စနဲ့လာတာလဲ သိပါရစေ။ ပြီးတော့ ဒီလူကြီးမင်းက... ဟင်…" ဟု ထပ်ပြောလိုက်သည်။

All Chapters