← Chapters

=လူသားများ၏ လက်နက်အသစ်များ

Vol. 17 Ch. 221

=လူသားများ၏ လက်နက်အသစ်များ

Vol. 17 Ch. 221

ထိုအဖွဲ့သည် ဤအပြာရောင်ဂြိုလ်၏ ဟွာရှ နိုင်ငံသားများ ဖြစ်ကြသည်။

၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများကို ဟွာရှ နိုင်ငံသားများ၏ မျက်နှာသွင်ပြင် ၎င်းတို့၏ ဝတ်စုံနှင့် ဦးထုတ်များပေါ်ရှိ သတ်ဆိုင်ရာ တံဆိပ်များကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်၏။

ထို့ပြင် လက်ရှိတည်နေရာသည် ဟွာရှ၏ ဒုံဂန်မြို့ ဖြစ်နေခြင်းကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဖန့်ရန်၏ အကြည့်သည် လူအုပ်ပေါ်သို့ ပျံဝဲသွား၏။ ဤအဖွဲ့သည် စုစုပေါင်း လူ (၆၀) ရှိ၏။ ၎င်းတို့သည် စစ်ဝတ်စုံများ ဝတ်ဆင်ထားပြီး ၎င်းတို့ဝတ်ဆင်ထားသော သံမဏိ (သတ္တု) ဝတ်စုံများက ထင်ရှားလှသည်။

သမဏိဝတ်စုံနှင့် ချိတ်ဆက်ထားသော သံမဏိလက်များသည် အလွန်ထူးဆန်သော သေနတ်တစ်လက်ကို ကိုင်ဆောင်ထား၏။

ဖန့်ရန်သည် ယခင်က ဤကဲ့သို့ လက်နက်မျိုးကို မြင်ဖူးခဲ့ခြင်း မရှိပေ။ ၎င်းသည် ၎င်းတို့ ယခင် တီထွင်ထားခဲ့သော သို့မဟုတ် ကိုင်းဂျူး သားရဲများ ထွက်ပေါ်လာပြီးနောက် အသစ်တီထွင်ထားလိုက်သော လက်နက် ဖြစ်ဖွယ်ရှိသည်။

၎င်းတို့သည် ၎င်းတို့၏ ကျောဘက်တွင် အောက်ဆီဂျင်ဘူးနှင့် ဆင်တူသောအရာတစ်ခုကို သယ်ဆောင်ထားပြီး ၎င်းသည် သံမဏိဝတ်စုံအတွက် ဖန်တီးထားသော စွမ်းအင်အရင်းအမြစ် သို့မဟုတ် ဘတ္ထရီ ဖြစ်နိုင်ရှိသည်။

သံမဏိဝတ်စုံသည် နည်းပညာအသစ်တော့ မဟုတ်ပေ။ ယခင်ကမ္ဘာတွင် ၎င်းကို စနစ်တကျသုတေသန ပြုလုပ်ခဲ့ကြပြီ ဖြစ်ပြီး၊ ရလဒ်များလည်း ထွက်ပေါ်ခဲ့ဖူးပြီ ဖြစ်သည်။

သို့သော် ဤလူများ ဝတ်ဆင်ထားသော သံမဏိဝတ်စုံသည် အထူးပျော့လွယ်ပြောင်းလွယ်ရှိကာ ၎င်း၏ တုံ့ပြန်မှု မြန်ဆန်ခြင်းကြောင့် သူအံ့အားသင့်ရ၏။

ထို့ပြင် ၎င်းသံမဏိဝတ်စုံသည် ထူးဆန်ကာ လေးလံပုံရသော ကီလိုဂရမ် (၃၀၀/၄၀၀) ခန့် ရှိသည့် သေနတ်ကို လွယ်လင့်တကူ ကိုင်ဆောင်ထားနိုင်နေစေသည်။

၎င်းအဖွဲ့သည် ကုန်းမြင့်နေရာတစ်ခုဆီသို့ လျင်မြန်စွာ ပြေးသွားကြ၏။ ၎င်းတို့သည် မြေမျက်နှာပြင်ရှိ အစိုင်အခဲများကို အလွယ်တကူ ကျော်လွှားသွားခဲ့ကြသည်။

ကုန်းမြင့်နေရာဆီသို့ ရောက်ရှိပြီးနောက် ၎င်းတို့သည် ပျက်စီးနေသော အဆောင်အဦးအပျက်များ၏ အနောက်တွင် ပုန်းအောင်းလိုက်ကြသည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် လှဲလျောင်းခြင်း သို့မဟုတ် ထိုင်ချခြင်းတို့ ပြုလိုက်ကာ ၎င်းတို့၏ ထူးဆန်းသော လက်နက်များဖြင့် ရှေ့ရှိ ကိုင်းဂျူး သားရဲသုံးကောင်ကို ချိန်ရွယ်လိုက်ကြသည်။

၎င်းတို့သည် ကိုင်းဂျူး သားရဲသုံးကောင်နှင့် (၁၀) ကီလိုမီတာသာ ကွာဝေး၏။ ၎င်းတို့၏ အဆောင်အဦးအပျက်များတွင် ပုန်းအောင်းကာ ကိုင်းဂျူး သားရဲသုံးကောင်ကို ချုံခိုတိုက်ခိုက်မည့်ပုံဖြင့် တိတ်တဆိတ် ပြင်ဆင်နေပုံက ဖန့်ရန်ကို အံ့သြသင့်စေသည်။

ဤကိုင်းဂျူး သားရဲသုံးကောင်သည် အဆင့် (၂)၊ အဆင့် (၃) တွင်သာ ရှိကြသော်လည်း သာမာန်ထက်ခွန်အားကြီးဆဲ ဖြစ်သည်။ ၎င်းတို့ကို တိုက်ခိုက်လိုလျှင် ၎င်းတို့၏ ယခင်ခေတ်၌ သမုဒ္ဒရာ၏ ဘုရင်များကဲ့သို့ အစွမ်းထက်ခြင်း၊ ၎င်းတို့၏ စွမ်းအင်ရောင်ခြည် ပစ်လွှတ်နိုင်စွမ်းနှင့် သေစေနိုင်သော အက်ဆစ်များကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

၎င်းတို့၏ ကာကွယ်ရေးသည် အလွန်မြင့်မားပြီး ၎င်းအား ထိုးဖောက်လိုလျှင် သံချက်ကာဖောက်ကျည်ဆန်များကို အသုံးပြုရမည် ဖြစ်သည်။ သာမန်ရိုင်ဖယ်များသည် ၎င်းတို့၏ ရှေ့မှောက်တွင် လုံးဝအသုံးမဝင်ပေ။

သို့သော် ဤလူများသည် ကိုင်းဂျူး သားရဲသုံးကောင်ကို ချုံခိုတိုက်ခိုက်ရန် သတ္တိရှိသောကြောင့် ၎င်းတို့တွင် မှီခိုအားထားစရာ လက်နက်တစ်ခု ရှိမည်မှာ သေချာသည်။

ဖန့်ရန်သည် ထိုလူအုပ်၏ လက်ထဲရှိ လေးလံပုံရသော သေနတ်များကို မျက်မှောက်ကြုံကာ ကြည့်မိ၏။

၎င်းတို့သည် လုံခြုံစွာ ပုန်းအောင်းနေပြီ ၎င်းတို့အား သာမာန်အမြင်ဖြင့် မြင်နိုင်မည် မဟုတ်ပေ။ သို့သော် သူ့တွင် လျှပ်စစ်သံလိုက်လှိုင်းများနှင့် အသံလှိုင်းများကတစ်ဆင့် ၎င်းတို့၏ ပုံရိပ်ကို သူ၏ စိတ်ထဲတွင် ပုံဖော်နိုင်သောကြောင့် ၎င်းတို့ မည့်သို့ပင် ရှိနေပါစေ ၎င်းက သူ့အတွက် အရေးမကြီးပေ။

ကိုင်းဂျူး သားရဲသုံးကောင်သည် လူအုပ်ရှိရာ လမ်းကြောင်းကနေ ဖြတ်သန်းနေခဲ့၏။ ၎င်းတို့သည် အတော်လေး နှေးကွေးသောကြောင့် တိုက်ပွဲသည် ရုပ်ချည်းဖြစ်ပွားမည် မဟုတ်ပေ။

ဖန့်ရန်သည် လူအုပ်ဆီက အကြည့်ကို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များထဲက လေယာဉ်နှင့် ဆင်တူသော လေယာဉ်ဆီသို့ ရွေ့လိုက်သည်။

သူ၏ ယခင်ကမ္ဘာမြေရှိ အကြီးဆုံး လေယာဉ်သည် မီတာ (၁၀၀) ထက် မပိုသော်လည်း ဤလေယာဉ်သည် မီတာ (၁၀၀) ထက် များစွာကျော်လွန်ပြီး၊ ၎င်း၌ ဒေါင်လိုက် ပျံသန်းခြင်းနှင့် ဒေါင်လိုက်ဆင်းသက်နိုင်စွမ်း ရှိနေသည်။

ဤလေယာဉ်သည် ယခုအချိန်အထိ သူမြင်ဖူးသမျှ အဆင့်မြင့် နည်းပညာများထဲတွင် အဆင့်မြင့်ဆုံးနည်းပညာဟု ဆိုနိုင်သည်။

ဖန့်ရန်သည် လေယာဉ်အား စိတ်ဝင်တစား ကြည့်ရူလိုက်သည်။

ဤလေယာဉ်သည် မကြာမီကမှ တီထွင်ခဲ့ခြင်း ဖြစ်ရမည်ဟု သူတွေးလိုက်သည်၊ အကယ်၍ ၎င်းသာ ယခင်ကတည်းက ရှိခဲ့မည်ဆိုလျှင် မုဆိုးများ၏ မိုဘိုင်းဖုန်းကို အသုံးပြုကာ ဤအပြာရောင်ဂြိုလ်၏ အခြေအနေကို စူးစမ်းစဉ်တွင် ၎င်းအကြောင်း သိခဲ့မည် ဖြစ်သည်။

သူသည် ဧရာမလေယာဉ်ကြီးကို ကြည့်ရူနေစဉ် လေယာဉ် ထိပ်ရှိ တံခါးတစ်ချပ်သည် ရုတ်တရက် ပွင့်လာပြီး ထိုနေရာက ဧရာမသေနတ်တစ်လက် ထွက်ပေါ်လာသည်။

ဧရာမသေနတ်သည် ၎င်း၏ ထောင့်ကိုချိန်ညှိပြီး အဆက်မပြတ် ချည်းကပ်လာနေသော ချိန်ရွယ်လိုက်သည်။

စစ်သားများသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ၎င်းတို့သည် ကိုင်းဂျူး သားရဲသုံးကောင် ပစ်ကွင်းအတွင်းဝင်လာမည်ကို စောင့်နေကြခြင်း ဖြစ်သည်။

ငါးကီလိုမီတာ၊ လေးကီလိုမီတာ၊ သုံးကီလိုမီတာ....

"အခုပဲ... "

လေယာဉ်ပေါ်ရှိ လူများ၏ အမိန့်ပေးသံနှင့်အတူ လေယာဉ်ဆီက လာသော ထူးဆန်းသည့် လျှပ်စစ်သံလိုက်လှိုင်းတစ်ခုကို ဖန့်ရန် ရုတ်တရက် ခံစားမိလိုက်သည်။

သူသည် စစ်သားများက သေနတ်ဖြင့် နီးကပ်လာနေပြီဖြစ်သော ကိုင်းဂျူး သားရဲသုံးကောင်ကို ချိန်ရွယ်လိုက်သည်ကို ကြည့်နေသည်။

ဒုန်း! ဒုန်း! ဒုန်း!

သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ကျည်ဆံများသည် ကိုင်းဂျူး သားရဲသုံးကောင်ပေါ်သို့ ကျရောက်သွား၏။

ဖန့်ရန်သည် ၎င်းကို အာရုံစိုက်ကြည့်ရူနေသည်။ သူသည် ဤလူများ၏ ကိုင်းဂျူး သားရဲများကို တိုက်ခိုက်ရန်သတ္ထိက မည့်သည့်နေရာက လာသည်ကို သိလိုနေသည်။

ကျည်ဆံများသည် ကိုင်းဂျူး သားရဲများကို ထိမှန်သည်နှင့် ချက်ချင်းပင် ပေါက်ကွဲသွားကာ အထူးစွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်သည်ကို သူသတိထားမိသည်။

ထို့အပြင် သူသည် ကျည်ဆံပေါက်ကွဲခြင်းနှင့်အတူ ပါဝင်လာသော အပူချိန်သည် အလွန်မြင့်မားကာ ကိုင်းဂျူး သားရဲများ၏ အသားများကို အရည်ပျော်စေသည်ကို မြင်တွေ့နေရသည်။

မှန်ပေသည်။ ၎င်းက ကျည်ဆံများစွာ ကိုင်းဂျူး သားရဲသုံးကောင်အပေါ် ကျရောက်ပြီးနောက် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှု ဖြစ်သည်။ ကျည်ဆံတစ်ခုဆီ၏ အကျိုးသက်ရောက်မှုသည်တော့ မြင်နိုင်ရန် ခဲယဉ်းပေသည်။

"ဂါးး"

ကိုင်းဂျူး သားရဲသုံးကောင်သည် ရုတ်တရက် တိုက်ခိုက်မှုကြောင့် နာကျင်စွာ အော်လိုက်ကြ၏။ ကျည်ဆံများသည် ၎င်းတို့အား အကြီးအကျယ် ထိခိုက်စေသော်လည်း ၎င်းတို့က ညိမ်ခံနေမည့် ဧရာမလိပ်ကြီး မဟုတ်ပေ။ ၎င်းတို့သည် ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ကြပြီး၊ တန်ပြန်တိုက်ခိုက်ကြသည်။

ကိုင်းဂျူး သားရဲသုံးကောင်သည် ၎င်းတို့အား တိုက်ခိုက်လာသော ဦးတည်ရာဆီသို့ လေဆာရောင်ခြည်များ ထုတ်လွှတ်လိုက်ကြသည်။

လေဆာရောင်ခြည်တန်းတစ်ခုသည် စစ်သားများ ပုန်းအောင်းနေသော ဧရိယာကို ထိမှန်သွားပြီး၊ ထိုပတ်ဝန်းကျင် ဧရိယာသည် ချော်ရည်များအဖြစ် ပြောင်းလဲသွားပြီး ၎င်းကို ဗဟိုပြု၍ (၅၀) မီတာ ဧရိယာသည် အနက်ရောင် ပြောင်းသွားကာ မီးတောင်ချော်ရည်ကျောက်များ ဖြစ်ပေါ်လာ၏။

၎င်းသည် အဆင့် (၂)၊ အဆင့် (၃) ကိုင်းဂျူး သားရဲများက ထုတ်လွှတ်သော လေဆာရောင်ခြည် ဖြစ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် အဆင့် (၅) ကိုင်းဂျူး သားရဲများက ထုတ်လွှတ်သော လေဆာရောင်ခြည်သည် မည်မျှ ဖျက်စီးနိုင်စွမ်းရှိမည်ကို စဉ်းစားကြည့်နိုင်၏။

ဖန့်ရန်သည် ထိုဧရိယာအတွင်း ပုန်းအောင်းနေသော စစ်သားတစ်ယောက်သည် လေဆာရောင်ခြည်တန်းအောက်၌ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားသည်ကို သတိပြုမိ၏။

စစ်သားများ နေရာအနှံ့ပြန့်ကျဲနေသည်က ကံကောင်းသွား၏။ သို့မဟုတ်ပါက စစ်သားအယောက် (၆၀) လုံးသည် တစ်ပြိုင်နက် သေဆုံးသွားပေမည်။

အကယ်၍ သူသည်သာ ဤစစ်သားများနှင့် တိုက်ခိုက်ရမည်ဆိုလျှင် တစ်ကီလိုမီတာကျော် ကွာဝေးနေလျှင်ပင် အရိပ်လေ စွမ်းရည်ကို အသက်သွင်းကာ ၎င်းတို့ကြား အကွာအဝေးကို ချုံကာ တိုက်ခိုက်ခြင်း သို့မဟုတ် မိုးကြိုးဒိုမိန်ကို အသုံးပြုခြင်းဖြင့် ၎င်းတို့ကို ရှင်းလင်းနိုင်သည်။

မှန်ပေသည်။ ၎င်းက သူ့ကိုယ်သူနှင့် ကိုင်းဂျူး သားရဲသုံးကောင်ကို နှိုင်းယှဉ်နေခြင်း ဖြစ်၏။ ၎င်းကိုင်းဂျူး သားရဲသုံးကောင်၌ သူ့ကဲ့သို့ စွမ်းရည်များ မရှိမှာကတော့ အသေချာပင် ဖြစ်သည်။

"ဒါနဲ့ ဒီလူတွေ ကိုင်းဂျူး သားရဲသုံးကောင်ရဲ့ အော်ဟစ်သံကို ဘာမှ မတုံ့ပြန်ပါလား"

ဖန့်ရန်သည် မတွေးတောဘဲ မနေနိုင်တော့ပေ။ ကိုင်းဂျူး သားရဲများ၏ အော်သံသည် အိုဗာကလော့ တုန်ခါမှု စွမ်းရည် အစောပိုင်းနှင့် ဆင်တူ၏။ ၎င်းသည် သက်ရှိများကို ခေါင်းကိုက်ခြင်း၊ ခေါင်းမှုးခြင်း၊ နာကျင်ခြင်း အစရှိသော အသံနှင့် နာကျင်စေနိုင်သော တိုက်ခိုက်မှုတစ်မျိုး ဖြစ်သည်။

၎င်းတို့ကြား အတော်လေး ဝေးကွာနေသေးသော်လည်း ထိုအကွာအဝေးသည်ပင် လူသားများကို နာကျင်စေရန် လုံလောက်သည်။

သေချာကြည့်ရူပြီးနောက် ဖန့်ရန်၏ မျက်နှာတွင် နားလည်သဘောပေါက်သည့် အမူအရာတစ်ခုပေါ်လာသည်။

သူသည် စစ်သားများ၏ နားများကို အပေါ်ဆီက ဖုံးအုပ်ထားသော ကိရိယာတစ်ခုကို သတိပြုမိခဲ့သည်။

အဆောင်အဦးအပျက်များ၏ အနောက်တွင် ပုန်းအောင်းနေသော စစ်သားများသည် ရှေ့တက်လာနေသော ကိုင်းဂျူး သားရဲများကို တိုက်ခိုက်နေကြသည်။ အထူးသဖြင့် ရှေ့တက်လာနေသော ကိုင်းဂျူး သားရဲနှစ်ကောင်ကို တိုက်ခိုက်နေကြသည်။

လေးလံသော သေနတ်များသည် အလွန်ထိရောက်၏။ ယခုဆို ရှေ့တက်လာနေသော ကိုင်းဂျူး သားရဲနှစ်ကောင်တွင် တစ်ကောင်၏ ဝမ်းဗိုက်မှာ ကြီးမားသော ဒဏ်ရာတစ်ခု ရရှိနေပြီ ဖြစ်သည်။

ဤအတိုင်းသာ ဆက်လက်ဒဏ်ရာရနေမည်ဆိုလျှင် ၎င်းကိုင်းဂျူး သားရဲ၏ ကိုယ်တွင်းအင်္ဂါများသည် ပြုတ်ကျလာနိုင်ဖွယ်ရှိ၏။

ဗုန်း!

ရုတ်တရက် ဖန့်ရန်သည် စစ်သားရှိရာနေရာကနေ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

သူသည် ထိုနေရာသို့ လျှပ်စစ်သံလိုက်လှိုင်းများဖြင့် စစ်ဆေးလိုက်ချိန်တွင် လူတစ်ယောက်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ထူးဆန်သည်က ထိုနေရာတွင် လေဆာရောင်ခြည်တန်းကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများလည်း မရှိပေ။

"သူ့လက်ထဲက ထူးဆန်းတဲ့ လက်နက်က ပေါက်ကွဲသွားတာများလား"

ဖန့်ရန်သည် ခဏမျှ တွေးတောလိုက်ပြီး၊ စစ်သားများ၏ အခြေအနေကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ခန့်မှန်းချက်ကို အတည်ပြုရမည်။

နောက်ထက် ဆယ်စက္ကန့်အကြာတွင် နောက်ထပ်သေနတ်တစ်လက် ပေါက်ကွဲသွား၏။

.....

All Chapters