လက်တွေ့တိုက်ခိုက်မှု
Vol. 17 Ch. 225
အမေရိကန် စစ်တပ်သည် ပုံတူပွားနည်းပညာဖြင့် ဖန်တီးထားသော ကိုင်းဂျူး သားရဲများကို လက်တွေ့တိုက်ပွဲအတွက် အသုံးပြုရန် ပြင်ဆင်နေခဲ့၏။ ၎င်းသတင်းသည် ကမ္ဘာ့နေရာအနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့လေသည်။
လက်တွေ့တိုက်ပွဲနေ့တွင် စစ်ဆင်ရေးအကြောင်း လျှို့ဝှက်ထားတာ မရှိဘဲ ၎င်းတို့သည် မကြာသေးမီက တီထွင်ထားသော မိခင်သင်္ဘောပေါ်ကနေ ထိုတိုက်ပွဲကို ကြည့်ရှုရန်အတွက် သတ္တိရှိသော လူအများအပြားကို ဖိတ်ကြားခဲ့လေသည်။
ယနေ့တွင် ဧရာမအရာဝတ္ထုနှစ်ခု အမေရိကန်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် မားမားမတ်မတ် ရပ်တည်နေ၏။
၎င်းတို့ထဲက တစ်ခုသည် မျောက်ဝံတစ်ကောင်နှင့် ဆင်တူသော ဧရာမကိုင်းဂျူး သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းကိုင်းဂျူး သားရဲသည် အမေရိကန်နိုင်ငံက ဖန်တီးခဲ့သော ပထမဆုံး ကိုင်းဂျူး သားရဲဖြစ်သည့် နာမည်ကျော် ကင်းကောင် ကိုင်းဂျူး သားရဲပင်။
၎င်း၏ မျက်လုံးက ယခင်ကထက် တောက်ပနေကာ ၎င်း၏ အရွယ်အစားနှင့် ကြွက်သားများသည် အလွန်ကြီးမားသော ခွန်အားကြီးမားပုံကို ဖော်ပြနေသည်။
ကင်းကောင်နှင့် မလှမ်းမကမ်းက လေထဲတွင် မိခင်သင်္ဘောတစ်စင်း ရပ်ဆိုင်းနေပြီး၊ ယာဉ်၏ ဘေးနှစ်ဖက်ရှိ တာဘိုင်အင်ဂျင် ရှစ်လုံးသည် လည်ပတ်နေကာ တဝီဝီမြည်သံများ ထွက်ပေါ်နေသည်။
နာမည်ကျော် မိခင်သင်္ဘော၏ အားနည်းချက်တစ်ခုမှာ ပျံသန်းနေစဉ် အလွန်ကျယ်လောင်သော အသံကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဤအားနည်းချက်အတွက် ဖြေရှင်းချက်ကို မတွေ့ရှိသေးပေ။
လူများစွာသည် မိခင်သင်္ဘောပေါ်တွင် ရှိနေပြီး၊ ရေတပ်ယူနီဖောင်း အပြာရောင်ကို ဝတ်ဆင်ထားသော စစ်သားများသည် မိခင်သင်္ဘော၏ အစွန်းတွင် ခိုင်မာစွာရပ်နေကြသည်။ ၎င်းတို့၏ ဘေးတွင်တော့ ခြေထောက်များပျော့ပျောင်းကာ တုန်ယင်နေသော သတင်းထောက်အဖွဲ့တစ်ဖွဲ့ ရှိနေသည်။
"တကယ်ကြီး လေပေါ်ပျံနေတာပဲ။ ဒီနည်းပညာက တကယ့်ကို အံ့မခန်းပဲ.."
"ငါ အသက်ရှူကျပ်သလို ခံစားနေရတယ်။ ငါမှာ အမြင့်ကြောက်တဲ့ရောဂါရှိတယ်"
သတင်းထောက်တစ်ယောက်က တုန်ယင်နေသော လက်တစ်ဖက်ဖြင့် ၎င်း၏ ရင်ဘတ်ကို ဖိထားသည်။ သူသည် အောက်ပြုတ်ကျမည်ကို ကြောက်သောကြောင့် အခြားလက်တစ်ဖက်ဖြင့် လက်ရန်းကို ဆုပ်ကိုင်ထား၏။
သူသည် ပျော့ခွေတော့မလို ဖြစ်နေသော်လည်း ပရော်ဖက်ရှင်နယ်စိတ်ဓာတ်က သူ့အား ပြုံးထားရန် တွန်းအားပေးနေသောကြောင့် သူသည် ကင်မရာအောက်မှာ ပြုံးထားရသည်။
မိခင်သင်္ဘော၏ အစွန်းရှိ တိတ်ဆိတ်နေသော ရေတပ်သားများမှလွဲ၍ သတင်းထောက်များသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နေကြသည်။ အသက်ကြီးကာ အတွေ့အကြုံရှိသူများက ၎င်းတို့၏ စိတ်ကို ထိန်းထားနိုင်ကြသော်လည်း၊ သတင်းထောက်အချို့သည်တော့ ငိုလုနီးပါး ဖြစ်နေကြသည်။
အမေရိကန် အစိုးရသည် မိခင်သင်္ဘောကို ပြသခဲ့ဖူးသော်လည်း ဤသည်က ၎င်းကို သတင်းထောက်များ၏ ပထမဆုံးအကြိမ် စီးနင်းဖူးသော အတွေ့အကြုံဖြစ်သောကြောင့် နားလည်နိုင်ဖွယ်ရှိသည်။
ထို့အပြင် ၎င်းက အကာအကွယ်အပြည့်ပါသော လေယာဉ်မဟုတ်ဘဲ သင်္ဘောကြီးတစ်ခုနှင့်တူသည်။
ဤတွင် သတင်းထောက်များက မိခင်သင်္ဘော၏ အစွန်းတွင် ရပ်နေကြပြီး မည်သည့်အကာအကွယ်မှ မရှိဘဲ လေတိုက်ခတ်ခြင်းကို ခံနေရတာကြောင့် ၎င်းတို့၏ ကြောက်ရွံ့မှုသည် နားလည်နိုင်ပေသည်။
သတင်းထောက်များ ၎င်းတို့၏ ကြောက်ရွံ့မှုကို ငြိမ်သက်အောင် ကြိုးစားနေစဉ်မှာပင် မိခင်သင်္ဘော အနောက်ဘက်ရှိ အင်ဂျင်နှစ်လုံးသည် စတင်လည်ပတ်လာကာ ၎င်းသည် ရှေ့သို့ စတင်ရွေ့လျားလာ၏။
မိခင်သင်္ဘော၏ ရွေ့လျားခြင်းနှင့်အပြိုင် ကင်းကောင်သည် ရှေ့သို့ ရွေ့လျားသွားသည်။ ခဏတာအတွင်း ကင်းကောင်၏ ခြေထောက်များသည် ကုန်းမြေနှင့် မထိတော့ဘဲ ၎င်းသည် ၎င်း၏ လက်များကို အသုံးပြုကာ စတင်ရေကူးခဲ့သည်။
တစ်နာရီခန့်အကြာတွင် မိခင်သင်္ဘော ရပ်သွားသည်။
မိခင်သင်္ဘောပေါ်က သတင်းထောက်များသည် ၎င်းတို့ရှေ့ရှိ အရာကို ကြည့်နေကြ၏။ ၎င်းသည် ကျွန်းတစ်ခုနှင့် ဆင်တူကာ ရေပြင်တွင် ရပ်တည်နေခြင်း ဖြစ်သည်။
"ရှေ့ကို ကြည့်လိုက်ပါဦး၊ အဲ့ဒီမှာ ကိုင်းဂျူး သားရဲတစ်ကောင် ရှိတယ်"
ရုတ်တရက် အရာရှိဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် သတင်းထောက်များဆီသို့ လျှောက်လာပြီး ပြောလိုက်သည်။
အကယ်၍ သူသာ မညွှန်ပြခဲ့လျှင် ၎င်းက ကိုင်းဂျူး သားရဲတစ်ကောင်ဖြစ်မည်ဟု တွေးမိကြမည် မဟုတ်ပေ။
၎င်းသည် အမှန်တကယ်ကို ကျွန်းငယ်တစ်ခုနှင့်ဆင်တူကာ မြက်များပင် ပေါက်ရောက်နေပြီး၊ မြေကြီးများက ဖုံးလွှမ်းထား၏။
"ဒါက အဆင့်သုံးရှိတဲ့ ကိုင်းဂျူး သားရဲတစ်ကောင်ပဲ။ သူ့နာမည်က အဆိပ်မြှား သူ့ရဲ့ အထူးစွမ်းရည်က ပါးစပ်ကနေ အဆိပ်ပြင်းတွေ ထုတ်လွှတ်နိုင်တာပဲ။ သူ့အဆိပ်က ကုန်းတွင်းပိုင်း ထိုက်ပန်မြွေရဲ့ အဆိပ်ထက် အဆပေါင်းရာချီပြီး ပိုပြင်းတယ်"
"သူ့အဆိပ်မှာ သံမဏိကို အလွယ်တကူ အရည်ဖျော်ပစ်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်။ သူ့ခွန်အားက လေယာဉ်တင်သင်္ဘောတစ်စင်းကို အလွယ်တကူ နစ်မြုပ်စေနိုင်တယ်။ သူ့စွမ်းအားက အဆင့်သုံး ကိုင်းဂျူး သားရဲအထွတ်အထိပ်မှာ ရှိပြီး အဆင့်လေး ကိုင်းဂျူး သားရဲနဲ့ နီးစပ်တယ်"
"သူ့ရဲ့ အားနည်းချက်ကတော့ လေဆာရောင်ခြည်တွေ ထုတ်လွှတ်နိုင်စွမ်းမရှိတာပဲ။ ဒါကြောင့် သူ... ဒီမိခင်သင်္ဘောကို တိုက်ခိုက်လာမှာကို စိုးရိမ်စရာမလိုဘူး"
အရာရှိဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသည် သတင်းထောက်များ၏ မျက်နှာပေါ်ရှိ တင်းမာမှုကို မြင်တွေ့လိုက်ရသောကြောင့် အနည်းငယ်နှစ်သိမ့်လိုက်ပြီး နောက်လှည့်ကာ အမိန့်ပေးလိုက်သည်။
"ကင်းကောင်ကို အသင့်ပြင်ပါ"
သူ၏ စကားများကို ကြားပြီးနောက် သတင်းထောက်များသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်သွားပြီး၊ ကင်းကောင်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
မိခင်သင်္ဘော၏ အောက်ဘက်တွင်ရှိသော ကင်းကောင်သည် ၎င်း၏ အရှိန်ကို ရုတ်တရက် မြှင့်လိုက်ပြီး အဆိပ်မြှား အမည်ရှိ ကိုင်းဂျူး သားရဲ၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထို့နောက် ကင်းကောင်သည် ၎င်း၏ လက်ကို ဆုတ်လိုက်ပြီး၊ အားပြင်းသော လက်သီးတစ်လုံးကို အဆိပ်မြှား၏ ခေါင်းကို ထိုးလိုက်သည်။
အဆိပ်မြှားသည် ခြေလက်အင်္ဂါလေးခုရှိသော သားရဲဖြစ်ကာ ယေဘုယျအားဖြင့် လူသားနှင့် ဆင်သည်။ ၎င်းသည် ဒိုင်နိုဆောတစ်ကောင်နှင့် ဆင်တူသော မျက်နှာရှိကာ နှစ်မီတာခန့်ရှိသော သွားချွန်များဖြင့် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ရှိသည်။
အရာရှိဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသည် အောက်ဘက်ရှိ မြင်ကွင်းကို စိုးရိမ်ပူပန်သော အမူအရာဖြင့် ကြည့်နေသည်။
ဤသည်မှာ ပထမဆုံးသော လက်တွေ့လေ့ကျင့်မှု ဖြစ်ကာ သီအိုရီအရ ကင်းကောင်၏ ခွန်အား၊ ကာကွယ်ရေးနှင့် အရှိန်တို့ဖြင့် အဆိပ်မြှားကို လုံးဝချေမှုန်းနိုင်သည်။ သို့သော် ၎င်းက လက်တွေ့တိုက်ပွဲ ဖြစ်ပြီး ကင်းကောင်၏ အောင်ပွဲသည် လုံးဝသေချာမနေပေ။
"ဝေါင်း!!"
ကင်းကောင်သည် ၎င်း၏ လက်နှစ်ဖက်ကို အသုံးပြုကာ အဆိပ်မြှား၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကင်းကောင်သည် ၎င်း၏ ကြီးမားလှသော ကြွက်သားများနှင့် ခွန်အားကို အသုံးပြုကာ မေးရိုးနှစ်ခြမ်းကို ဆွဲဖြဲပစ်ရန် ကြိုးစားလိုက်သည်။
"ဂါး!!"
အဆိပ်မြှားက နာကျင်စွာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်းသည် ခရမ်းရောင်နှင့် အပြာရောင်များ ရောနှောနေသော အဆိပ်ရည်များကို ကင်းကောင်၏ မျက်နှာဆီသို့ ထွေးထုတ်လိုက်သည်။
ကင်းကောင်သည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ အဆိပ်မြှားဆီသို့ ချက်ချင်းပင် ပြေးဝင်သွားခဲ့၏။
ဒုန်း!!
နှစ်ဦးသား၏ ပြင်းထန်သော ထိတိုက်မှုကြောင့် ကျယ်လောင်သော အသံကြီးဖြစ်ပေါ်လာကာ ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။
ကင်းကောင်၏ မျက်နှာတွင် အဆိပ်ရည်များ ပြည့်နေပြီး ၎င်းက အငွေ့များစွာ ထွက်နေခဲ့၏။ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်၍ အဆိပ်မြှား၏ ခါးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ မတင်လိုက်ပြီး ပြင်းထန်စွာ စောင့်ချလိုက်သည်။
ဗုန်း!!
အဆိပ်မြှား၏ ရေအောက်ကြမ်းပြင်ဆီသို့ တိုက်မိခြင်းကြောင့် ရေအောက်ကြမ်းပြင်သည် မီတာသောင်းချီ ပက်ကြားအက်သွားခဲ့ကာ ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့၏။
ထိုနောက် ကင်းကောင်သည် အဆိပ်မြှား၏ ခန္ဓာကိုယ်ကို ခွထိုင်လိုက်ကာ ၎င်း၏ မျက်နှာကို လက်သီးများကို အရူးအမူး ထိုးနှက်လိုက်သည်။ လက်သီးထိုးချက်တိုင်းသည် ပြင်းထန်လှပြီး မိုးမျှော်တိုက်တစ်လုံးကိုပင် ဖြိုချနိုင်စွမ်းရှိသည်။
ကင်းကောင်၏ အောက်ရှိ အဆိပ်မြှားသည် အသည်းအသန် ရုန်းကန်ကာ ထိုးခြင်း၊ ကုပ်ခြစ်ခြင်း ရုန်းကန်ခြင်းတို့ဖြင့် ကင်းကောင်၏ ချုပ်နှောင်မှုအောက်က လွတ်မြောက်ရန် ကြိုးစားနေသော်လည်း၊ ကင်းကောင်သည် ၎င်းကို တင်းကျပ်စွာချုပ်နှောင်ထားပြီး၊ ဆက်တိုက်လက်သီးထိုးချက်များဖြင့် လက်သီးမိုးများ ရွာသွန်းနေခဲ့သည်။
ဤသည်မှာ ကင်းကောင်၏ စစ်မှန်သော တိုက်ပွဲဝင် စွမ်းအားဖြစ်ပြီး၊ ပထမဆုံးတိုက်ပွဲဖြစ်သောကြောင့် ယခင်က အခတ်တွေ့ကာ ခံခဲ့ရခြင်း ဖြစ်သည်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ အဆင့် (၃) အဆိပ်မြှားသည် ဆက်တိုက်ထိုးနှက်ခံနေရသည်။
တိုက်ပွဲကို အောင်နိုင်သော်လည်း ကင်းကောင်၏ အခြေအနေမှာလည်း ဆိုးရွားပေသည်။ ၎င်း၏ ကာကွယ်ရေးစွမ်းအားနှင့်ပင် ကင်းကောင်၏ မျက်နှာသည် ပုပ်ရိနေပြီး ခရမ်းရောင်နှင့် အပြာရောင်များ ရောနှောနေသော အဆိပ်'ကျော'များသည် ၎င်း၏ မျက်နှာမှတဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ပျံ့နှံ့နေသည်။
သို့သော် ဤဖြစ်စဉ်သည် အတော်လေး နှေးကွေး၏။ ကင်းကောင်၏ ကုသနိုင်စွမ်းသည် အဆိပ်နှင့် တိုက်ခိုက်နေပြီး ၎င်း၏ ပျံ့နှံ့မှုကို ရပ်တန့်စေကာ ပုပ်ရိနေသော အသားများကို ပြန်လည်ပြုပြင်နေသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ကင်းကောင်သည် အဆိပ်မြှားကို သတ်ဖြတ်လိုက်နိုင်ပြီး၊ ၎င်း၏ ကိုယ်ကို ဆွဲကာ ကမ်းခြေဆီသို့ သွားခဲ့သည်။
၎င်းသည် အမေရိကန်နိုင်ငံတွင် ပျံ့နှံ့သွားကာ ဆူညံ့သွားသည်။
လက်တွေ့တိုက်ပွဲက အလွန်အောင်မြင်ခဲ့သည်။
ကင်းကောင်သည် အဆင့် (၃) ကိုင်းဂျူး သားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ အဆင့် (၃) ကိုင်းဂျူး သားရဲကို သတ်ဖြတ်ခြင်းက အလွန်မခတ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ ကင်းကောင်သည် အဆင့် (၄) ကိုင်းဂျူး သားရဲတစ်ကောင်ကို တိုက်ခိုက်ကာ အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည်။
နိုင်ငံ၏ အဆင့်မြင့် အရာရှိများသည် အဆင့် (၄) ကိုင်းဂျူး သားရဲနှင့် လက်တွေ့စမ်းသပ်မှုတစ်ခုကို ပြုလုပ်ရန် မျှော်လင့်နေကြသည်။ ၎င်းတို့သည် ကင်းကောင်၏ စစ်မှန်သော ခွန်အားကို မြင်တွေ့လိုနေကြသည်။
သို့သော် အမေရိကန်က တုံ့ပြန်ခြင်း မရှိပေ။ ၎င်းတို့သည် အခြားအရာတစ်ခုဖြင့် အလုပ်များနေကြသည်။
အမေရိကန်တွင် မဟာမိတ်များစွာရှိသည်။ မဟာမိတ်များသည် ကင်းကောင်၏ ခွန်အားကို မြင်တွေ့ပြီးနောက် ကိုင်းဂျူး သားရဲအတုများကို တောင်းဆိုခဲ့လေသည်။
ကိုင်းဂျူး သားရဲအတု ဖန်တီးခြင်းနှင့် ကြီးထွားရန် ပြုစုပျိုးထောက်ရခြင်းသည် ငွေကုန်ကြေးကျအလွန်များ၏။ ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခဲ့ရသော ငွေကြေးပမာဏဆို ပြောနိုင်သည်ထက် ပိုသည်။
ယခုတော့ ဤစီမံကိန်း၏ ထွက်ကုန်များကို ရောင်းချရန် အချိန်ရောက်ပြီ ဖြစ်သည်။ အကျိုးအမြတ်များကို ရိပ်သိမ်းရန် အချိန်တန်လေပြီ....။
.....