← Chapters

အသိဉာဏ်မဲ့ခြင်း

Vol. 17 Ch. 226

အသိဉာဏ်မဲ့ခြင်း

Vol. 17 Ch. 226

ကိုင်းဂျူး သားရဲအတုကို ရောင်းချရန် ရည်ရွယ်ထားသော်လည်း အမေရိကန်သည် လက်ရှိတွင် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။ ပုံတူပွားနည်းပညာကို ပြီးပြည့်စုံအောင်လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု အကြောင်းပြချက်ဖြင့် ၎င်းသည် မဟာမိတ်များ၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့၏။

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားသည်။ နေ့ရက်များသည် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးနေကာ ကမ္ဘာကြီးတစ်ခုလုံး၏ နည်းပညာများ အသက်မွေးဝမ်းကျောင်းနှင့် ယဉ်ကျေးမှုတို့သည် ဆက်တိုက်ပြောင်းလဲနေခဲ့၏။

ကင်းကောင်နှင့် အဆိပ်မြှားကြား လက်တွေ့တိုက်ပွဲသည် တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် ကိုင်းဂျူး သားရဲများက လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများပင် အလွန်ရှားပါးလာသည်။ သို့သော် ကုန်းမြေပေါ်ရှိ သန္ဓေပြောင်း သားရဲများသည်တော့ ဆက်လက်ပေါ်လာနေ၏။

လူသားများသည် ကြီးမားသော အကျပ်အတည်းကို ကြုံတွေ့နေရကာ နိုင်ငံများ၏ ထိတ်တန်းခေါင်းဆောင်များသည် အလွန်ကိုခေါင်းခဲနေကြသည်။

စွမ်းအင် အရင်းအမြစ်အမျိုးမျိုးကို အင်းဆက်ပိုးကောင်များက စားသုံးနေကြပြီး၊ ငွေ၊ ရွှေ၊ သံ စသည် သတ္တုများက ရှားပါးလာနေသည်။

သတ္တုကဲ့သို့ အရင်းအမြစ်အမျိုးမျိုးသည် လူသားများအတွက် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။ အကယ်၍ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုလျှင် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအချို့ မကြာမီ ပြိုလဲသွားနိုင်သည်။

ထိုအခါ နည်းပညာတိုးတက်မှုပင် ဆုတ်ယုတ်သွားနိုင်ကာ ကျောက်ခေတ်သို့ပင် ပြန်လည်ဦးတည်သွားနိုင်၏။

လူသားများက စွမ်းအင်၊ ရင်းမြစ်အမျိုးမျိုးကြောင့် ခေါင်းကိုက်နေစဉ် ဖန့်ရန်သည်လည်း အလားတူ ဖြစ်နေခဲ့သည်။

ပင်လယ်ထဲတွင် သင့်လျော်သော သားကောင်များ နည်းပါးလာသောကြောင့် သူသည် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ကို မစုဆောင်းနိုင်တော့ပေ။ အကယ်၍ သူသာ သာမန်သားရဲများကို အမဲလိုက်ကာ သန်းပေါင်းများစွာသော စနစ်အမှတ်ကို စုဆောင်းမည်ဆိုလျှင် ၎င်းက အိပ်မက်ထဲမှာပင် ဖြစ်နိုင်မည် မဟုတ်ပေ။

သူအမဲလိုက်လာသည်မှာ တစ်နှစ်ကျော်သွားသော်လည်း ယခုထိတိုင် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ကို စုဆောင်းနိုင်ခြင်း မရှိသေးပေ။ ဆင့်ကဲဖြစ်စဉ်စတင်ရန် ယခုအခါမှာ စနစ်အမှတ် (၅) သန်း လိုအပ်နေသေး၏။

လွန်ခဲ့သော နှစ်နှစ်ကျော် သုံးနှစ်ခန့်က သူသည် ဆင့်ကဲဖြစ်စဉ်အတွက် အဆင့် (၅) ကိုင်းဂျူး သားရဲအနည်းငယ်ကို အမဲလိုက်ခြင်းဖြင့် လုံလောက်ခဲ့၏။

သို့သော် ယခုအချိန်တွင် ပင်လယ်ထဲမှာ ဤအပြာရောင်ဂြိုလ်၏ ဒေသခံသားရဲများသာ ကျန်ရှိတော့သည်။ မူရင်းထားနေ သားရဲဖြစ်သော ရှေးဟောင်း သားရဲများပင် ရှားပါးနေသည်။ ၎င်းတို့သည် အကန့်အသတ်ရှိသော စနစ်အမှတ်ကိုသာ ဖြည့်ဆည်းပေးနိုင်ပြီး လိုအပ်သည့် စနစ်အမှတ်ပမာဏ ပြည့်မှီဖို့ များစွာဝေးကွာနေသေးသည်။

ဤသတင်းဆိုးများကြားတွင် သတင်းကောင်းတစ်ခု ရှိနေပြီး၊ ၎င်းက သူ၏ ဂုဏ်သတင်းရမှတ်ပမာဏသည် (၁၀) ဘီလီယံ ပြည့်မှီတော့မည့်ဟာ ဖြစ်သည်။ (၁၀) ဘီလီယံသို့ ရောက်ချိန်တွင် ကျွမ်းကျင်မှုရမှတ်ကို ဆုလာဘ်အဖြစ် ရရှိမည် ဟုတ် မဟုတ် မသိသော်လည်း သူသည် ၎င်းကိုသာ မျှော်လင့်နိုင်၏။

ထိုအခါ စနစ်၏ ဂုဏ်သတင်းရမှတ် (၁၀) ဘီလီယံ လိုအပ်သော အခြေအနေကို ပြည့်စုံကာ သွေးလိုင်းသစ်တစ်ခုကို ရရှိပေမည်။

(ဤနေရာက မူရင်းမှာ ဒီလိုရေးထားတာပါ။ ဘာသာပြန် မှတ်ချက်။ ။ ကျွန်တော် အမှားတစ်ခုလုပ်ခဲ့မိတယ်။ အဲ့တာက ဂုဏ်သတင်းရမှတ် ၁ ဘီလီယံမှာ သွေးလိုင်းတစ်ခု မရခဲ့ဘူး ဆိုတာပဲ၊ ဂုဏ်သတင်းရမှတ် ၁၀ ဘီလီယံမှသာ သွေးလိုင်းတစ်ခု ရရှိမှာပါတဲ့ဗျာ..။ သီခံကြပါ စာဖတ်သူတို့...။)

"တကယ်လို့ ဒီတစ်ကြိမ်မှာ ငါသာ ပျံသန်းနိုင်တဲ့ စွမ်းရည် ရရှိရင်ကောင်းလိမ့်မယ်။ ဒါဆို ဒီဂြိုလ်ကနေ ထွက်ခွာပြီး စကြာဝဠာထဲ ခရီးသွားနိုင်ဖို့ အချိန်သိပ်ကြာတော့မှာ မဟုတ်ဘူး"

ဖန့်ရန် မျှော်လင့်နေမိသည်။

ဒဏ္ဍာရီလာ အရှေ့တိုင်းနဂါးများသည် ကောင်းကင်ကိုဖြတ်၍ မိုးကောင်းကင်တွင် ပျံသန်းနိုင်ကြသည်၊ အနောက်တိုင်း နဂါးများသည် ၎င်း၏ ဧရာမအတောင်ပံများဖြင့် ကောင်းကင်ကို ဖုံးအုပ်နိုင်ကာ တောင်ပံတစ်ချက်ခတ်လိုက်တိုင်း လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်စေနိုင်သည်။

သူသည် ဤပျံသန်းနိုင်သော စွမ်းရည်နှစ်ခုထဲက တစ်မျိုးကို လိုချင်သော်လည်း ၎င်းကို ရရှိနိုင်မလားဆိုတာကို မသိပေ။ မည်သို့ပင် ဖြစ်စေ သူသည် အနာဂတ်အတွက် မျှော်လင့်ရုံသာ တတ်နိုင်၏။

ဖန့်ရန်သည် ပင်လယ်ရေမျက်နှာပြင်တစ်ခုတွင် တည်ငြမ်စွာ ရေကူးနေ၏။ သူသည် ပင်လယ်သားရဲများ ပေါများသော Hualien (ဟွာလျန်) ဧရိယာတွင် ရှိနေသည်။

သူ၏ လက်ရှိ ခန္ဓာကိုယ်အရှည်သည် (၂၃၀) မီတာခန့်ဖြစ်ကာ အချင်းသည် (၈) မီတာ ဖြစ်သည်။ ယခုဆို သူသည် သူမြင်ဖူးသော တောင်အရွယ်ပင့်ကူကလွဲ၍ ကျန်သူမြင်ဖူးသော သားရဲများထက် ကြီးမားသော အရွယ်အစားမှာ ရှိနေပြီ ဖြစ်သည်။

တံငါသည်များသည် ငါးဖမ်းသမားများသည် ပင်လယ်ပြင်သို့ ရောက်လာချိန်တွင် ဖန့်ရန်ကို မြင်လိုက်ရသောကြောင့် အလွန်ကြောက်ရွံသွားခဲ့သော်လည်း ဂါဝရပြုကြပြီး လေးစားမှုပြကြ၏။ ဤကဲ့သို့ အကြိမ်များစွာ ဖြစ်ပျက်ပြီးနောက် တံငါသည်များသည် ဖန့်ရန်အပေါ် ယခင်ကကဲ့သို့ ကြောက်ရွံခြင်း မရှိတော့ပေ။

၎င်းသည် လက်ရှိပင်လယ်ထဲတွင် ကျန်ရှိနေသေးသည့် တစ်ခုတည်းသော သားရဲ ဖြစ်သည်။

ကမ္ဘာကြီးပေါ်က အဓိကနိုင်ငံကြီးများ၏ တွေ့ရှိချက်အရ ကိုင်းဂျူးများ သားရဲနှင့် သန္ဓေပြောင်း သားရဲများ၊ ရှေးဟောင်း သားရဲများသည် အစိမ်းရောင်ပင်လယ်ပြင်သို့ ဆုတ်ခွာသွားကြပြီ ဖြစ်သော်လည်း ထူးဆန်းစွာဖြင့် ဧရာမမြွေကြီးသည် ၎င်းတို့နှင့် လိုက်မသွားခဲ့ပေ။

မမျှော်လင့်ထားသည်က အချို့နိုင်ငံများသည် မာနထောင်လွှားလာကာ ဧရာမမြွေကြီးကို ဖမ်းဆီးရန် တွေးတောနေကြသည်။

မှန်ပေသည်။ ဤစိတ်ကူးက စိတ်ကူးသာ ဖြစ်သေးပြီး ၎င်းတို့တွင် ထိုသို့လုပ်ရန် လုံလောက်သော ခွန်အားများ မရှိသေးပေ။ ဧရာမမြွေကြီးသည် အလွန်ဉာဏ်ကောင်းပြီး ခွန်အားကြီးသောကြောင့် ၎င်းကို တစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်ခဲ့လျှင် ၎င်း၏ ရူးသတ်သော လက်စားချေမှုများကို ခံစားရမည် ဖြစ်သည်။

ဤကာလအတွင်း လူသားမျိုးနွယ်၏ အခြေအနေက အနည်းငယ် တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။ ကုန်းမြေပေါ်ရှိ သန္ဓေပြောင်း သားရဲများ၏ ပြဿနာကလွဲ၍ ကျန်ရှိနေသော နေ့စဉ်သတင်းအများစုက ကမ်းရိုးတန်းမြို့များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်တည်ဆောက်ခြင်းနှင့် ပတ်သတ်သော အကြောင်းများသာ ဖြစ်သည်။

ရံဖန်ရံခါတွင်တော့ ၎င်းတို့သည် ဧရာမမြွေကြီး၏ လုပ်ဆောင်ချက်များနှင့် အစိမ်းရောင်ပင်လယ်ပြင်၏ လျှို့ဝှက်ဆန်းကြယ်မှုအကြောင်း တင်ဆက်ကြမည် ဖြစ်သည်။

တစ်ရက်တွင် အလွန်ကြီးမားသော သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အမေရိကန်သည် ပုံတူပွားနည်းပညာဖြင့် ဖန်တီးထားသော ကိုင်းဂျူး သားရဲတစ်ကောင်ကို ဂျပန်နိုင်ငံသို့ ရောင်းချခဲ့ပြီး ၎င်းနှင့်အတူ မိခင်သင်္ဘောတစ်စင်းလည်း ပါဝင်သည်။

သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ၏ ကိုယ်စားလှယ်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ၎င်းသည် နူကလီးယားလက်နက်ဖြင့်သာ သုတ်သင်နိုင်သော သက်ရှိစူပါလက်နက် ကိုင်းဂျူး သားရဲတစ်ကောင်ကို ဝယ်ယူခဲ့သောကြောင့် အလွန်ဝမ်းသာနေခဲ့၏။

ကိုင်းဂျူး သားရဲအတုသည် နူကလီးယားဓာတ်ရောင်ခြည်ကို မျိုချခြင်းဖြင့် ကြီးထွားနိုင်သောကြောင့် ၎င်းသည် သက်ရှိဓာတ်ရောင်ခြည်သန့်စင်စက်တစ်ခု ဖြစ်ကာ အနာဂတ်တွင် မသိနိုင်သော အဆင့်တစ်ခုအထိလည်း ကြီးထွားနိုင်သည်။

ကိုယ်စားလှယ်သည် ၎င်းကိုင်းဂျူး သားရဲကို ရေဘီလူးဟု ခေါ်ဆိုမည်ဟု ပြောခဲ့သည်။ ၎င်းသည် ဂျပန်ရိုးရာပုံပြင်များထဲက နာမည်ကျော် သားရဲတစ်ကောင်ဖြစ်ကာ ရေနတ်ဘုရား၏ သံတမန်ဟု အမျိုးမျိုးခေါ်ဆိုကြသည်။

မှန်ပေသည်။ ဟွာရှတွင်လည်း ရေဘီလူးကဲ့သို့ သားရဲများအကြောင်း ရိုးရာပုံပြင်များ ရှိသည်။

ဂျပန်နိုင်ငံက လူအများအပြား ဤအမည်ကြောင့် စိတ်ပျက်ခဲ့ကြသည်။ ၎င်းတို့သည် ဂေါ်ဇီလာနှင့် အလွန်တူသော ထိုကိုင်းဂျူး သားရဲကို ဂေါ်ဇီလာဟု အမည်ပေးသင့်သည်ဟု ထင်ခဲ့ကြ၏။

ဟွာရှသည် အမေရိကန်၏ ပုံတူပွားနည်းပညာဖြင့် ဖန်တီးထားသော ကိုင်းဂျူး သားရဲအတုနှင့် မိခင်သင်္ဘောကို ဂျပန်နိုင်ငံသို့ ရောင်းချခဲ့သော လုပ်ရပ်ကို အလွန်ကျေနပ်မှု မရှိခဲ့ပေ။

ဤကိုင်းဂျူး သားရဲအတုများသည် နူကလီးယားဗုံးနှင့် ဆင်တူကာ သက်ရှိလူသတ်စက်များ ဖြစ်သည်။

နိုင်ငံတကာဖိုရမ်များတွင် ဟွာရှ နိုင်ငံသားများသည် အမေရိကန်ကို ၎င်းတို့၏ လုပ်ရပ်အတွက် အပြစ်တင်ကျိန်ဆဲခဲ့သော်လည်း အမေရိကန်နိုင်ငံသားများသည် ၎င်းအား ဂရုမစိုက်ခဲ့ကြပေ။ သို့သော် မထင်မှတ်စွာဖြင့် အခြားတစ်ဖက်ရှိ ဂျပန်နိုင်ငံသားများသည် ပြန်လည်တုံ့ပြန်ခဲ့ကြ၏။

၎င်းတို့သည် ဟွာရှအနေဖြင့် ဤလက်နက်များကို မရရှိနိုင်သောကြောင့် မနာလိုဝန်တိုမှုကို ခံစားနေရကာ အပုတ်ချပြောဆိုသည် ဖြစ်ကာ ၎င်းတို့သည် နောက်အနာဂတ်၌ ဟွာရှကို ဖိနှိပ်ရန် မခက်ခဲတော့ဟု ပြောခဲ့ကြသည်။

ထိုသို့သော ဖြေကြားချက်များသည် ဟွာရှ နိုင်ငံသားများကို ပို၍ပင် ဒေါသထွက်စေကာ ၎င်းတို့ကို ပို၍ပင် ပြင်းထန်သော စကားလုံးများဖြင့် ဆဲဆိုစေခဲ့သည်။

ဟွာရှ နိုင်ငံသားများသည် ထိုအရာကို ထုတ်ဖော်မပြခဲ့ကြသော်လည်း အမှန်တကယ်ပင် မနာလိုနေခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံသားအများစုသည် ကိုင်းဂျူး သားရဲအတု ရှိနေခြင်းနှင့် မိခင်သင်္ဘောရှိနေခြင်းသည် ပြည်ပနှင့် သားရဲများရန်က နည်းပါးသွားလိမ့်မည်ဟု ထင်နေခဲ့ကြသည်။

၎င်းတို့သည် အမေရိကန် နိုင်ငံက ဤအရာများကို အမှန်တကယ် ရောင်းချပေးလိမ့်မည်ဟု မထင်ခဲ့ကြပေ။

"ဖော့စ်၊ ဒီအမေရိကန်တွေ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီကောင်တွေ လမ်းဘေးလူမိုက်တွေလို ငါတို့ရှေ့လာပြီး လှောင်ပြောင်နေမှာကို ငါတကယ် ကြောက်မိတယ်"

"အမေရိကန်တွေ တကယ်ကို ရက်ရောတာပဲ။ အဆင့်လေး ကိုင်းဂျူး သားရဲတစ်ကောင်ကို ရောင်းလိုက်တယ်..."

"အမေရိကန်တွေ ကိုင်းဂျူး သားရဲအတု အများကြီး ပိုင်ဆိုင်ထားရမယ်၊ ဒီလိုမှမဟုတ်ရင် အဆင့်လေး ကိုင်းဂျူး သားရဲကို ရောင်းချလိမ့်မယ် ငါတော့ မထင်ဘူး။ ပြဿနာက သူတို့မှာ အဆင့်ငါး ကိုင်းဂျူး သားရဲတောင် ရှိနိုင်တယ်။ ဒါက တကယ်ပြဿနာပဲ..."

အမေရိကန် အစိုးရသည် ဂျပန်နိုင်ငံသို့ အဆင့် (၄) ကိုင်းဂျူး သားရဲတစ်ကောင်ကို ရောင်းချခဲ့သည်။ ထိုကိုင်းဂျူး သားရဲကို ထိန်းချုပ်မည့်သူမှာ အာကုချီ အာယာကု ဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိသော အမျိုးသမီးစစ်သည်တစ်ယောက် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အမျိုးသားများသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဓာတ်ပုံထဲတွင် ဖော်ပြထားသော အာကုချီ အာယာကု အမည်ရှိ အမျိုးသမီးစစ်သည်သည် အလွန်လှပပြီး ဆံပင်တိုနှင့် ယဉ်ကျေးသိမ်မွေ့သော ကိုယ်နေဟန်ထားရှိကာ အေးစက်သော မျက်နှာသွင်ပြင်နှင့် ရေခဲတုံးအလှလေး ဖြစ်သည်။

တစ်လခန့်အကြာတွင် ဂျပန်နိုင်ငံသည် အာကုချီ အာယာကုသည် ရေဘီလူး ကိုင်းဂျူးနှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ပြီဖြစ်ကာ သုံးရက်အကြာတွင် လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း တစ်ဆက်တည်း ကြေညာခဲ့သည်။

လေ့ကျင့်ရေးအစီအစဉ် ဆိုသည်မှာ အာကုချီ အာယာကုသည် ကိုင်းဂျူး သားရဲကို ထိန်းချုပ်၍ လမ်းလျှောက်စေခြင်း ဖြစ်သည်။ ရေဘီလူးအတွက် တိုက်ခိုက်ရန် ကိုင်းဂျူး သားရဲမရှိဘဲ အကယ်၍ ရှိခဲ့လျှင်ပင် ၎င်းတို့သည် ရေသရဲကို ၎င်းနှင့် တိုက်ခိုက်ရန် မစေလွှတ်ဝံ့ပေ။

ရေဘီလူးသည် ၎င်းတို့ ပိုင်ဆိုင်သော တစ်ခုတည်းသော ကိုင်းဂျူး သားရဲဖြစ်ကာ ကိုင်းဂျူး သားရဲနှင့် ပတ်သက်သော တိုက်ခိုက်စေ၍ ၎င်း၏ ဘေးကင်းလုံခြုံရေးကို အလောင်းအစား လုပ်ဝံ့ခြင်း မရှိပေ။

ဧရာမမြွေကြီးနှင့် တိုက်ခိုက်စေမည်ဆိုလျှင် ပို၍ပင် ဆိုးနေပြီး၊ ၎င်းက ဧရာမမြွေကြီးအတွက် အစာကို အိမ်တိုင်ရာရောက် ပို့ပေးလိုက်သလိုသာ ဖြစ်နေပေမည်။

ဤနေ့တွင် ဂျပန်နိုင်ငံက ကမ္ဘာတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ၎င်းသည် ရေဘီလူး၏ (Kappa) ခရီးစဉ်ကို ခြေရာခံမည် ဖြစ်သည်။

(Kappa ကို မြန်မာဘာသာပြန် သီသန့်မရှိပါဘူး ခင်ဗျာ။ Kappa ကို ဂျပန်ရိုးရာပုံပြင်တွေထဲမှာ ရေသရဲ၊ ရေဘီလူး၊ ရေစုန်း၊ ရေမကောင်းဆိုးဝါးလို့ အမျိုးမျိုး ပြောကြပါတယ်)

.....

All Chapters