ခြိမ်းခြောက်ခြင်းနှင့် ဆုတ်ခွာခြင်း
Vol. 17 Ch. 229
အလွန်ကျယ်လောင်သော အသံများနှင့်အတူ ဧရာမလေယာဉ်သုံးစင်း ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
လေယာဉ်သုံးစင်း မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာစဉ်က အစက်အပြောင်းတစ်ခုမျှသာ ဖြစ်သော်လည်း တဏအတွင်း ၎င်းယာဉ်များ၏ ပုံသဏ္ဌာန်သည် ဖန်သားပြင်ပေါ်တွင် ရှင်းလင်းစွာ ပေါ်လာသည်။
အနက်ရောင် သတ္တုဆေးဖြင့် ဖုံးအုပ်ထားသော ၎င်းတို့၏ ဦးခေါင်းသည် ဩမေတြီပုံသဏ္ဌာန်ရှိပြီး အလွန်ချောမွေ့သော မျဉ်းကြောင်းများနှင့် လေခွင်းအားကောင်းသည့် အသွင်အပြင်ရှိသည်။ ထို့အပြင် ဤလေယာဉ်သုံးစင်း၏ အတောင်ပံနှစ်ဖက်တွင် အကြီးအသေး အင်ဂျင်နှစ်လုံးစီရှိသည်။
ဂျပန် မိခင်သင်္ဘောအနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ထိုလေယာဉ်သုံးစင်းသည် အရှိန်သည် လျော့ကျစပြုလာသည်။ အသေးစား အင်ဂျင်နှစ်လုံးသည် အောက်ဘက်သို့ လည့်သွားပြီးနောက် ၎င်းတို့ထဲက အပြာရောင်မီးတောက်များ ထွက်လာသည်။ ဤသို့ဖြင့် တခဏအကြာတွင် လေယာဉ်သုံးစင်းသည် မိခင်သင်္ဘောဘေးတွင် ပျံဝဲနေပြီ ဖြစ်သည်။
"ဒီဟာက..."
ဤမြင်ကွင်းကို မြင်လိုက်ရသော လီဇီသည် ပါးစပ်အဟောင်းသားဖြင့် မျက်လုံးပြူးကာ ကြည့်နေမိ၏။
" ဒါက ဘယ်လိုလေယာဉ်မျိုးလဲ"
ယောင်္ကျားတစ်ယောက်အနေဖြင့် သူသည် လေယာဉ်နှင့် အမြောက်ကဲ့သို့ လက်နက်များကို စိတ်ဝင်စားသည်။ သူသည် အသစ်ထွက်ရှိလာသော လက်နက်များ အကြောင်း၊ ပြည်တွင်းလက်နက်များ အကြောင်း သတင်းများကို တခါတရံ အထူးရှာဖွေကြည့်ရှုလေ့ရှိသည်။
သို့သော် သူတို့နိုင်ငံတွင် ဤကဲ့သို့ လေယာဉ်ရှိကြောင်းကို သူ မကြားဖူးခဲ့ပေ။
"လက်နက်အသစ်လား"
အတွေးတစ်ခု လီဇီ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် အလွန်စိတ်လှုပ်ရှားသွားခဲ့၏။
လက်နက်အသစ်များ ဖန်တီးခဲ့သည်မှာ အမေရိကန်သာ မကပေ။ သူတို့၏နိုင်ငံလည်း လက်နက်သစ်များ တီထွင်ခဲ့သည်။
သိပ္ပံစိတ်ကူးယဉ်ဆန်သော ဤလေယာဉ်များသည် တိုက်လေယာဉ်နှင့် ဆင်တူသော်လည်း ၎င်းတို့၏ အရွယ်အစားက အလွန်ကြီးမား၏။ လီဇီ၏ ခန့်မှန်းချက်အရ ၎င်းလေယာဉ်များသည် အနည်းဆုံး မီတာ (၁၅၀) ရှည်လျားမည် ဖြစ်သည်။
၎င်းတို့သည် အရွယ်အစားသည် မိခင်သင်္ဘောနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ၎င်းသည် အတော်လေး စိတ်လှုပ်ရှားဖွယ်ပင် ဖြစ်သည်။
သူတို့၏ နိုင်ငံသည် လေပေါ်တွင် ပျံဝဲနိုင်သော နည်းပညာကိုလည်း တီထွင်နိုင်ခဲ့ပြီး၊ အင်ဂျင်ပြဿနာကို ကျော်လွှားနိုင်ခဲ့သည်။ ထို့အပြင် ဤလေယာဉ်သည် အမေရိကန်ထုတ် မိခင်သင်္ဘောများထက် ပိုမိုမြန်ဆန်ပုံရသည်။
"K-1B၊ အဲ့တာ ဒီလေယာဉ်ရဲ့ အမျိုးအစားလား"
လီဇီသည် ဧရာမလေယာဉ်သုံးစင်း၏ ဘေးနှစ်ဖက်တွင် စာလုံးအချို့ ရိုက်နှိပ်ထားသည်ကို သတိပြုမိလိုက်သည်။ ၎င်းတို့သည် လေယာဉ်သုံးစီး၏ မော်ဒယ်နံပတ် ဖြစ်ပုံရသည်။
"ဟားဟားဟား၊ ငါတို့ရဲ့ ဧရာမလေယာဉ်သုံးစင်းအရှေ့မှာ ဒီဂျပန်တွေ မာနထောင်လွှားရဲသေးလား"
လီဇီ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် နိုင်ငံတကာဖိုရမ်ကို တစ်ဖန်ပြန်ဖွင့်လိုက်ပြီး အရူးအမူးတက်လာနေသော ပို့စ်များကို ဖတ်လိုက်သည်။
ဟွာရှ၏ အင်တာနက်အသုံးပြုသူများသည် ပို့စ်များကို အရူးအမူးတင်နေကြပြီး အလွန်စိတ်လှုပ်ရနေကြသည်။ ဤသည်က ၎င်းတို့၏ လေးလံနေသော နှလုံးသားများကို ပေါ့ပါးသွားစေခဲ့သည်။
အင်တာနက်ပေါ်တွင် တောင်းပန်နေသော လူများစွာလည်း ရှိနေသည်။ ၎င်းတို့သည် အစိုးရကို အရည်အချင်းမရှိဟုဆိုကာ အမျိုးမျိုး ဆဲဆိုခဲ့ကြသော ဟွာရှနိုင်ငံသားများ ဖြစ်သည်။
လီဇီသည် ပို့စ်အနည်းငယ်ကို ဖတ်လိုက်ပြီးနောက် ရယ်စရာကောင်းသည်ဟု တွေးမိသည်။ သူသည်လည်း ယခင်က အစိုးရသည် အလွန်ပျော့ညံ့သည်ဟု ထင်ခဲ့၏။ ဂျပန်က ၎င်း၏ လက်နက်အသစ်တွေကို ပြသသည်နှင့် ၎င်းက ချက်ချင်းပင် ထွက်ပြေးသွားသည်။
ထိုစဉ်က သူမတွေးမိပေ။ ၎င်းသည် ပိုအဆင့်မြင့်သော လက်နက်အသစ်များအတွက် လမ်းဖယ်ပေးခဲ့သည်မှန်း သူမသိခဲ့ပေ။
လီဇီသည် ဂျပန်က လူအချို့တင်ထားသော ပို့စ်အနည်းငယ်ကိုလည်း မြင်တွေ့ခဲ့ရ၏။ ၎င်းတို့သည် ဟွာရှ၏ ပျံဝဲနိုင်သောလေယာဉ်သည် လုံးဝအသုံးမဝင်ကြောင်းနှင့် ၎င်းသည် အလှပြကိရိယာဟုသာ ပြောနေကြသည်။
လက်နက်ခဲယမ်းများ တင်ဆောင်ထားနိုင်သော ပမာဏသည် ၎င်းတို့၏ မိခင်သင်္ဘောလောက်မကောင်းသည့်အပြင် ကာကွယ်ရေးစွမ်းရည်မှာလည်း မကောင်းမှာ သေချာသည်။ အရေးကြီးက ၎င်းတို့၏ ရေဘီလူးသည် အောက်တွင် ရှိနေသည်။
နူကလီးယားအဆင့် လက်နက်နှစ်ခု၏ရှေ့မှောက်တွင် ဤဧရာမလေယာဉ်သုံးစင်းက အဘယ်ကြောင့် အသုံးဝင်မည်နည်း။
၎င်းသည် လူအဖွဲ့စည်းတွင် တစ်စုံတစ်ယောက်က ၎င်း၏ သန်းပေါင်းများစွာ တန်ကြေးရှိသည့် ခမ်းနားကြီးကျယ်သော အိမ်ကြီးများ ဇိမ်ခံကားများကို ပြသကာ ကြွားဝါးနေစဉ်တွင် တစ်စုံတစ်ယောက်က ၎င်း၏ ဒေါ်လာ (၁၀၀၀၀၀) တန်သော ကားကို ပြသကာ ပြန်ပြီးကြွားလုံးထုတ်သည်နှင့် တူညီ၏။
ရေအေး တစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ လီဇီ၏ နှလုံးသားထဲက စိတ်လှုပ်ရှားမှုသည် ရုတ်တရက် အေးစက်သွားသည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းကို အမြန်ပြန်ကြည့်နေလိုက်၏။
ဧရာမလေယာဉ်သုံးစင်းသည် ဂျပန်၏ မိခင်သင်္ဘောကို လှည့်ပတ်ကာ ဖြည်းဖြည်းချင်း ပျံဝဲနေသည်။ ၎င်းတို့သည် သတိပေးနေသော်လည်း ယခုထိတိုင် ဂျပန်က နောက်ဆုတ်မည့် မည်သည့်လက္ခဏာမျှ မပြသေးပေ။
အမှန်တကယ်တော့ ၎င်းတို့သည် နောက်မဆုတ်ရုံသာမက ၎င်းတို့သည် နိုင်ငံတကာရေပိုင်နက်တွင် ရှိနေခြင်း ဖြစ်သောကြောင့် ဟွာရှသည် ၎င်းတို့၏ လုပ်ရပ်ကို ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင် အော်ဟစ်နေကြလေသည်။
"ဆရာ၊ ဟွာရှက ကျွန်တော်တို့ကို ဆုတ်ခွာဖို့ အချိန် သုံးမိနစ် ပေးလာပါတယ်။ တကယ်လို့ ကျွန်တော်တို့ ရှေ့ဆက်သွားနေမယ်ဆိုရင် တိုက်ခိုက်မှု စတင်တော့မယ်လို့ ပြောနေပါတယ်"
မိခင်သင်္ဘော၏ ကွပ်ကဲရေးခန်းထဲတွင် နားကြပ်တပ်ထားသော လူငယ်စစ်သည်က ဝါနာတာဘေး နိုဘီဆုဆီသို့ လည့်ကာ မာထန်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော ဝါနာတာဘေး နိုဘီဆုသည် မျက်မှောင်ကြုတ်လိုက်၏။
ဟွာရှ၏ ယုံကြည်မှုက မည်သည့်နေရာမှ လာသည်ကို သူမသိသော်လည်း ၎င်းတို့၏ သတိပေးချက်သည် သူ့ကို အမှန်တကယ်ပင် တွန့်ဆုတ်စေ၏။ ထိုကြောင့် သူသည် နောက်ပြန်ဆုတ်သင့် သည်လားဆိုပြီး တွေးတောမိသည်။
မည်သို့ပင် ဖြစ်နေပါစေ ၎င်းတို့၏ အိမ်နီးချင်းသည် အမှန်တကယ်ပင် အစွမ်းထက်လှ၏။ ၎င်းတို့တွင် ကမ္ဘာနံပါတ်တစ် အမေရိကန်၏ ထောက်ခံမှုကို ရရှိထားသော်လည်း ကမ္ဘာနံပတ်နှစ် ဟွာရှကို ရင်ဆိုင်ရန် တွန့်ဆုတ်မိသည်က အမှန်ပင်။
ဟွာရှသည် အမှန်တကယ် အစွမ်းထက်သော နိုင်ငံတစ်ခု ဖြစ်သည်။ အမေရိကန်က ရရှိခဲ့သော လက်နက်များရှိနေလျှင်ပင်၊ သူသည် ဤအစီအစဉ်နှင့် ပတ်သက်၍ တွန့်ဆုတ်မိသေးသည်။ အားလုံးထက်အရေးကြီးသည်က သူသည် ဟွာရှ၏ စွမ်းအားကို စမ်းသပ်ရန်အတွက် နယ်ရုပ်တစ်ရုပ် ဖြစ်ရန်ခြင်းကို မနှစ်သက်သောကြောင့် ဖြစ်သည်။
ဝါနာတာဘေး နိုဘီဆုသည် အချိန်ကို ကြည့်ရင်း ဆုတ်ခွာရန် အမိန့်ပေးသင့် မပေးသင့်ကို တွေးတောနေမိဆဲ ဖြစ်သည်။
တစ်မိနစ်၊ နှစ်မိနစ်...
ကျွီး!
ရုတ်တရက် ထွက်ပေါ်လာသော စက်သံတစ်ခုသည် လူအများ၏ အာရုံကို ဆွဲဆောင်သွားသည်။ ဝါနာတာဘေး နိုဘီဆုလည်း ထိုအသံရင်းမြစ်ကို ရှာဖွေလိုက်သည်။ သူသည် သူ၏ အာရုံကို မျက်နှာချင်းဆိုင်တွင် ရှိနေသော ဧရာမလေယာဉ်သုံးစင်းဆီသို့ ပြောင်းလိုက်သည်။
အလယ်တွင် ရှိနေသော လေယာဉ်တစ်စင်း၏ အပေါ်ဘက် တံခါးတစ်ခုသည် ရုတ်တရက် ပွင့်လာပြီးနောက် ဧရာမပြောင်းတစ်ခု ထွက်လာသည်။
"သူတို့တွေ ဘာလုပ်ချင်နေတာလဲ"
ဝါနာတာဘေး သံသယဝင်သွားသည်။
'သူတို့ပြောခဲ့တာ သုံးမိနစ်မဟုတ်လား"
သူသည် ကွန်ဆိုးလ်ဆီသို့ အပြေးသွားပြီး လေယာဉ်သုံးစင်းနှင့် ဆက်သွယ်ရန် ကြိုးစားသည့်အခါမှပင် ၎င်းသည် ရုတ်တရက် ပစ်ခတ်လိုက်၏။
ကွန်ပျူတာရှေ့က လီဇီသည် အလယ်က လေယာဉ်၏ အပေါ်ဘက် တံခါးပွင့်သွားသည်ကို မြင်လိုက်ရသည်။ ၎င်းသည် သူ့ကို တုန်လှုပ်သွားစေ။
ဟွာရှက တိုက်စစ်ဆင်တော့မှာလား...။
သူ၏ နှလုံးသားသည် ဒရက်တီးသလို ခုန်နေပြီး သူ၏ မျက်လုံးများက ကွန်ပျူတာဖန်သားပြင်ပေါ်တွင် စွဲကပ်နေသည်။
သို့သော်လည်း နောက်ထပ်ဖြစ်လာခဲ့သည်က သူ့ကို အနည်းငယ် သက်သာစေခဲ့၏။
ဧရာမပြောင်းဝသည် မျက်နှာချင်းဆိုင်က မိခင်သင်္ဘောကို ချိန်ရွယ်ခြင်းမရှိဘဲ ဘေးဘက်သို့ ချိန်ရွယ်သွား၏။ ထိုနောက် ပြောင်းဝထိတ်တွင် အနီရောင်အလင်းတစ်ခု လင်းလက်လာပြီး ဒုံးကျည်တစ်စင်း ပြေးထွက်သွားသည်။
ရှူးးး
ဒုံးကျည်သည် မယုံနိုင်လောက်အောင် မြန်ဆန်သောအရှိန်ဖြင့် ပျံသန်းသွားပြီး၊ စက္ကန့်အနည်းငယ်အတွင်း (၅) ကီလိုမီတာကို ဖြတ်ကျော်ကာ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်းးးးး
အလွန်ဝေးလံသော အကွာအဝေးဖြစ်သော်လည်း ၎င်းတို့ကို မိခင်သင်္ဘောပေါ်က ကင်မရာများမှတဆင့် ဖမ်းယူနိုင်ဆဲဖြစ်သည်။
လီဇီသည် ဒုံးကျည်ပေါက်ကွဲသည့် မြင်ကွင်းကို မြင်လိုက်သောအခါ တုန်လှုပ်သွားသည်။
ဧရာမရေလိုင်းတစ်ခုသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ လျင်မြန်စွာ မြင့်တက်လာပြီး၊ ပင်လယ်ထဲသို့ ပြန်မကျမီမှာပင် ၎င်းသည် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။
ဧရာမရေလိုင်းသာ ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားသည် မဟုတ်ပေ။ ထို့အပြင် ၎င်းအနားတွင် ရှိနေသော ပင်လယ်ရေများပင် ရေနွေးငွေ့အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဤသို့ဖြင့် ထူထဲသော မြူခိုးဧရိယာတစ်ခုသည် ပေါ်ပေါက်လာခဲ့၏။
"ဒီဒုံးကျည် ပေါက်ကွဲမှုက ထွက်ရှိလာတဲ့ အပူချိန်က ဘယ်လောက်တောင် မြင့်မားလိုက်မလဲ..."
မြူခိုးများသည် အလွန်များပြားသောကြောင့် ပေါက်ကွဲသည့်နေရာနှင့် (၅ဖ) ကီလိုမီတာ အကွာမှာရှိနေသော မိခင်သင်္ဘောအနားမှာပင် မြူခိုးများက ဝဲပျံနေသည်။ ထိုကြောင့် မြူခိုးများသည် ကင်မရာမှန်ဘီလူးပင် ဖုံးလွှားသွားကာ ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ မြင်ကွင်းသည် ဝေဝါးသွားစေသည်။
လီဇီသည် ဒုံးကျည်၏ စွမ်းအားကြောင့် တုန်လှုပ်သွားသည်။ သူသည် စိတ်တည်ငြိမ်သွားပြီးနောက် ဤဒုံးကျည်၏ အကျိုးသက်ရောက်မှုက အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
၎င်းသည် ရေနှင့် ထိတွေ့လိုက်သည်နှင့် ထွက်ပေါ်လာသော ကိုင်းဂျူး သားရဲ၏ စွမ်းအင်ရောင်ခြည်နှင့် အနည်းငယ် ဆင်တူနေသလိုပင်။
ပုံမှန်ဒုံးကျည်နှင့် နူကလီးယားလက်နက်တို့၏ ပေါက်ကွဲမှုသည် အလွန်မြင့်မားသော အပူချိန်ကို ဖန်တီးမည် ဖြစ်သော်လည်း ၎င်းသည် တခဏမျှသာ ကြာမြင့်နိုင်သောကြောင့် ထိုမြင့်မားသော အပူချိန်သည် လွန်ကဲသော မည်သည့်အန္တရာယ်မှ ဖြစ်စေနိုင်မည် မဟုတ်ပေ။
သို့သော် ဤဒုံးကျည်က ထုတ်လွှတ်သော အပူချိန်သည် အလွန်ပူပြင်းသည်သာမက ပေါက်ကွဲနိုင်စွမ်းကလည်း အလွန်ပြင်းထန်လှ၏။
လီဇီ စိတ်လှုပ်ရှားနေသည်။
ဟွာရှကလည်း ပြင်ဆင်ထားသည်မှာ သေချာနေပြီပင်။ ဤကဲ့သို့ လေပေါ်တွင် ပျံဝဲနိုင်သော နည်းပညာဖြင့် ဖန်တီးထားသော ဧရာမလေယာဉ်များသည် အဘယ်သို့ ရိုးရှင်းနိုင်မည်နည်း။
မိခင်သင်္ဘော၏ လေကြောင်းကာကွယ်ရေး အမြောက်များသည် ဤဒုံးကျည်များ၏ ရှေ့မှောက်တွင် အသုံးမဝင်ပေ။ ဤဒုံးကျည်တစ်စင်းသာ ၎င်းအပေါ်သို့ ကျရောက်သွားနှင့် ပေါက်ကွဲအားပြင်းထန်မှုနှင့် မြင့်မားသော အပူချိန်တို့ကြောင့် ၎င်းသည် ဆိုးရွားစွာ ထိခိုက်သွားပေမည်။
ထို့အပြင် ဤလက်နက်သည် ကိုင်းဂျူး သားရဲများကိုပင် ပြင်းထန်စွာ ခြိမ်းခြောက်နိုင်သည်။
အတိတ်တွင် ကိုင်းဂျူး သားရဲများ၏ လေဆာရောင်ခြည်တန်း အခြေခံသဘောတရားကို နားလည်ရန်၊ ၎င်းကို ကူးယူရန်၊ ၎င်းကို ဆန့်ကျင်ရန် အသုံးပြုမည့် စိတ်ကူးများကို အဆိုပြုခဲ့ကြသည်။
သို့သော် ဤအဆိုပြုချက်ကို အကောင်အထည်ဖော်နိုင်ရန် မဖြစ်နိုင်ပေ။ လူသားများသည် ကိုင်းဂျူး သားရဲများ၏ လေဆာရောင်ခြည်တန်း နောက်ကွယ်က အခြေခံသဘောတရားကို နားလည်ရန် အလွန်ခက်ခဲပြီး ၎င်းကို ကူးယူရန် မဖြစ်နိုင်ပေ။
ကမ္ဘာတစ်ဝန်းက နိုင်ငံများ ဤအခြေခံသဘောတရားရဲ့ ချို့ယွင်းချက်ကို ရှာဖွေနေစဉ်တွင် ဟွာရှက လေဆာရောင်ခြည်တန်း၏ အခြေခံသဘောတရားကို ဖော်ထုတ်နိုင်ကာ ဒုံးကျည်တွင် အသုံးပြုနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။
လီဇီသည် ယခင်ဖိုရမ်ကို ပြန်ဖွင့်လိုက်ပြီး ပို့စ်တစ်ခုကို နှိပ်လိုက်သည်။ ထိုပို့စ်တွင် ဟွာရှနိုင်ငံသားများ၏ မှတ်ချက်များဖြင့် ပြည့်နှက်နေသည်။ တစ်ယောက်ချင်းစီတိုင်းသည် ကျေနပ်နေပုံရသည်။
"အိုး... ဒါက ကိုင်းဂျူး သားရဲရဲ့လေဆာရောင်ခြည်တန်းနဲ့ တူတယ်လို့ မထင်ကြဘူးလား။ ပိုနှေးတာလွဲလို့ အကျိုးသက်ရောက်မှုက တူသလားလို့..."
"ဟားဟားဟား၊ ငါတို့ရဲ့ ဟွာရှမှာ ဒီလိုလက်နက်မျိုးကို သိုဝှက်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
"အရမ်းမိုက်တယ်။ ဂျပန်ကို အပိုးကျိုးနည်း သင်ပေးဖို့အတွက် ဒုံးကျည်တစ်စင်း တိုက်ရိုက်ပစ်လွှတ်လိုက်တာ။ ဒီဦးလေးရှေ့မှာ မာန်လာမတက်နဲ့ကွ..."
"ဟားဟားဟား၊ ဂျပန်တွေ ပြန်ဆုတ်ခွာစပြုနေပြီ။ သူတို့တွေ ကြောက်လန့်နေကြတယ်"
ဟွာရှသားများ၏ မှတ်ချက်အချို့ကို ဖတ်ရူပြီးနောက် လီဇီသည် တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်သို့ အမြန်ပြောင်းလိုက်သည်။ မှန်ပေ၏။ မိခင်သင်္ဘောသည် ဆုတ်ခွာနေသည်။ ရေဘီလူးပင် ဆုတ်ခွာနေသည်ကို မြင်နေရသော လီဇီ၏ မျိုးချစ်စိတ်သည် တတ်ကြွစွာစီးဆင်းလို့နေ၏။
ဂျပန်သည် မာန်တက်ကာ လာခဲ့သော်လည်း ခြေနှစ်ချောင်းကြား အမှီးကုတ်ကာ ပြန်လည်ဆုတ်ခွာနေသည်။
ကွပ်ကဲရေးခန်းထဲက ဝါနာတာဘေး နိုဘီဆုသည် သူ့ရှေ့ ဖန်သားပြင်က မြင်ကွင်းကို ကြည့်နေသည်။ ၎င်းသည် ဒုံးကျည်ထိမှန်ခဲ့သော ဧရိယာ ဖြစ်သည်။ ဤအချိန်မှာပင် ထိုပင်လယ်ဧရိယာမှာ အပေါက်တစ်ခု ရှိနေကာ ပင်လယ်ရေများက ၎င်းကို အဆက်မပြတ် ဖြည့်တင်းနေတုန်းပင်။
သူ၏ မျက်နှာအနည်းငယ် ဖြူဖျော့နေသည်။
ဟွာရှသည် ထိုကဲ့သို့သော အစွမ်းထက် နည်းပညာကို တီထွင်နိုင်ခဲ့၏။
"အခုချက်ချင်း ဆုတ်ခွာမယ်!"
ဝါနာတာဘေး နိုဘီဆုက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
"ရေဘီလူးနဲ့ ဆက်သွယ်ပြီး ဆုတ်ခွာခိုင်းလိုက်"
ဝါနာတာဘေး နိုဘီဆု၏ ရှေ့က ဖန်သားပြင်တွင် ရေဘီလူ၏ ပုံရိပ်ပေါ်လာခဲ့သည်။ ရေဘီလူးသည် မိခင်သင်္ဘောကဲ့သို့ ပြန်လည်ဆုတ်ခွာကာ အနောက်က လိုက်လာနေ၏။
ဝါနာတာဘေး နိုဘီဆု၏ မျက်နှာသည် သုတ်မှုန်နေသည်။ အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အတိုင်း ဟွာရှသည် အလွန်အစွမ်းထက်သော လက်နက်တစ်ခုကို တီထွင်နိုင်ခဲ့သည်။
ဝါနာတာဘေး နိုဘီဆုသည် ဂျပန်၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေစဉ် အံ့အားသင့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး၊ သူ၏ အတွေးများကို စုစည်းစေကာ သူ့မျက်လုံးများကို ပြူးကျယ်သွားစေသည်။
လီဇီသည် မိခင်သင်္ဘောနှင့် ရေဘီလူးတို့၏ ဆုတ်ခွာမှုကို အပြုံးဖြင့် ကြည့်ပြီးနောက် ယခင်ဖိုရမ်သို့ ပြန်ပြောင်းကာ ဟွာရှသားများ၏ အမွှန်းတင်သော ရီစရာမှတ်ချက်များကို ဖတ်ရူရန် အသင့်ဖြစ်နေသည်။
ဟွာရှသားများ၏ ကျေနပ်နေသော မျက်နက်ပေးနှင့် လေသံများကိုတွေးရင်း မှတ်ချက်များကို ဖတ်ရှုရသည်က လီဇီကို စိတ်သက်သာရာရစေပြီး ရယ်စရာကောင်းသည်ဟု ခံစားရစေသည်။
သို့သော်လည်း သူသည် ဖိုရမ်သို့ ပြောင်းရန် မောက်စ်ကို ရွှေ့လိုက်စဉ်တွင် သူ၏ လုပ်ဆောင်ချက်များကို ရုတ်တရက် ရပ်တန့်လိုက်သည်။ တောက်ပသော ခရမ်းရောင်အလင်းတစ်ခုသည် ဖန်သားပြင်ပေါ်က ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာပြီး မိုးကြိုးပစ်သံများက ရောနှော လိုက်ပါလာသည်။
လီဇီသည် ဤရုတ်တရက် အဖြစ်အပျက်ကြောင့် ကြောင်အသွားခဲ့သော်လည်း တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ညစ်ညမ်းသော စကားလုံးတစ်ခုက သူ၏ ပါးစပ်မှ ထွက်ကျလာသည်။
"ချီး.."
.....