← Chapters

ရေဘီလူးကို စားခြင်း

Vol. 17 Ch. 230

ရေဘီလူးကို စားခြင်း

Vol. 17 Ch. 230

လီဇီ တံတွေး မျိုချမိလိုက်သည်။ သူ၏ လက်ဖဝါးတွင် ချွေးများဖြင့် ပြည့်နေ၏။ သူသည် သူ့ရှေ့ရှိ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ယခင်က အပြာရောင်ပင်လယ်ပြင် နေရာတွင် ယခုအခါ၌ မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နေသည်။

ဘုန်းး

မိုးကြိုးပစ်သံများသည် နားကွဲလုမတတ် ကျယ်လောင်နေသောကြောင့် လီဇီသည် အသံကို လျင်မြန်စွာ လျှော့ချလိုက်သည်။

သူ၏ နှလုံးသည် ဒရက်တီးသလို ခုန်နေသည်။ သူ၏ မျက်လုံးများသည် မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နေသော ဧရိယာတွင် စွဲကပ်နေသည်။

ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ သူကြည့်နေသော ဧရိယာ၌ အနက်ရောင်အစက်တစ်ခု ရုတ်တရက် ပေါ်လာပြီး၊ တစ်ဖန်ပြန်လည်း ပျောက်ကွယ်သွားသည်။ ၎င်းအနက်ရောင်အစက်၏ ရွေ့လျားမှုဦးတည်ချက်သည် ရေဘီဆီသို့ ဖြစ်သည်။

လီဇီ၏ စိတ်သည် တင်းကျပ်နေပြီး သူ၏ မျက်လုံးများက ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နေသည်။

ရေဘီလူး၏ ဘေးပတ်ပတ်လည်တွင် မိုးကြိုးများက ပြည့်နှက်နေပြီး၊ ၎င်းတို့က ရေဘီလူးကို အဆက်မပြတ် ရိုက်ခတ်နေသည်။ နာကျင်မှုသည် ပြင်းထန်လွန်းသောကြောင့် ၎င်းသည် စက္ကန့်အနည်းအတွင်း အရူးအမူးအော်ဟစ်လိုက်တော့၏။

"ဂါးးး"

ရေဘီလူး၏ အော်သံတွင် မခံမရပ်နိုင်သော နာကျင်မှုများ ပါဝင်နေသည်။ ၎င်းသည် ၎င်း၏ အင်အားကို စုစည်းကာ မိုးကြိုးပင်လယ်က ပြေးထွက်ရန် အသည်းအသန်ကြိုးစားနေ၏။

ဗုန်းး

ထိုအချိန်မှာပင် ပင်လယ်ရေမျက်နှာပြင်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး အနက်ရောင်အရိပ်တစ်ခုသည် ရေဘီလူးအပေါ်သို့ ခုန်အုပ်လိုက်သည်။

"ဂါးးး"

ရေဘီလူးသည် အော်ဟစ်ပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း ၎င်းသည် အနက်ရောင်အရိပ်အတွက် အလွန်နှေးကွေးနေသောကြောင့် နောင်တစ်ခဏတွင် ၎င်းသည် ဧရာမသားရဲကြီးတစ်ကောင်သည် ရစ်ပတ်ခြင်းကို ခံလိုက်သည်။

"မြွေကြီး..."

ကွန်ပျူတာဖန်သားပြင်ရှေ့က လီဇီသည် ကျယ်လောင်စွာ အော်ဟစ်မိလိုက်၏။ သူသည် အနက်ရောင်အရိပ် ပိုင်ရှင်ကို နောက်ဆုံးတွင် မြင်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သူမျှော်လင့်ထားသည့်အတိုင်း ပင်လယ်ထဲက အစွမ်းအထက်ဆုံး သားရဲပင် ဖြစ်သည်။

ဖန်သားပြင်ပေါ်က ဧရာမမြွေကြီးကို စိုက်ကြည့်ရင်း သူသည် အနည်းငယ် တုန်လှုပ်မိသွားသည်။

သူသည် ဧရာမမြွေကြီး၏ ဤတိုက်ခိုက်မှုကြောင့် တုန်လှုပ်နေခြင်း မဟုတ်ပေ။ ထိုအစား ဤသို့ဖြစ်ရသည်က ၎င်း၏ လက်ရှိအရွယ်အစားကြောင့် ဖြစ်သည်။

လက်ရှိတွင် ဧရာမမြွေကြီးသည် ရေဘီလူး၏ ခန္ဓာကိုယ်ကို အပြည့်အဝ ရစ်ပတ်ထားကာ ၎င်း၏ အပေါ်ပိုင်းသည် ရေဘီလူး၏ လည်ပင်းကို ရစ်ပတ်ထားပြီး လူတစ်ယောက်၏ ခန္ဓာကိုယ် အရွယ်အစားနှင့် တူညီသော သွားကြီးများဖြင့် ရေဘီလူ၏ ခေါင်းကို ကိုက်နေသည်။

ဤသည်ကို ကြည့်ကာ တွက်ချက်ကြည့်လျှင် ဧရာမမြွေကြီး၏ ခန္ဓာကိုယ် အရှည်က မီတာ (၂၀၀) ကျော်မည်မှာ သေချာသည်။ ထို့အပြင် ၎င်း၏ အချင်းက ထူထဲလွန်းကာ (၇) မီတာ (၈) မီတာခန့် ရှိပေမည်။ ထိုအရွယ်အစားဖြင့် ကုန်တင်ကားများကို မျိုချမည်ဆိုလျှင်ပင် ၎င်းက ၎င်းအတွက် ကလေးကစားသလို လွယ်ကူပေမည်။

"ဂလု"

ဧရာမမြွေကြီး၏ အရွယ်အစားကို တွက်ချက်မိလိုက်သော လီဇီသည် တံတွေး မျိုချမိလိုက်၏။

ဤသည်က အဘယ်သတ္တဝါနည်း။ အဆင့် (၅) ကိုင်းဂျူး သားရဲပင် ၎င်းလောက်မကြီးပေ။

သူသည် ဧရာမမြွေကြီးကို တခဏမျှ ကြောင်ငေးကြည့်မိပြီးနောက် ဖိုရမ်သို့ ပြောင်းလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ကို အသေးစားဖန်သားတီဗီအဖြစ် ပြောင်းလဲကာ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ထားရှိလိုက်သည်။

ဤနည်းဖြင့် သူသည် ဖိုရမ်က ပို့စ်များကို ဖတ်ရူရင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်သည်။

ဖိုရမ်ပေါ်တွင် ပို့စ်အသစ်များသည် မှိုများကဲ့သို့ မယုံနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ဆက်တိုက်တက်လာနေသည်။ သူသည် ကျပန်းပို့စ်တစ်ခုကို ဖွင့်လိုက်သည့်အခါ ၎င်းသည် မျှော်လင့်ထားသည့်အတိုင်း ဧရာမမြွေကြီးအကြောင်းပင် ဖြစ်သည်။

"ဟေ့.. အဲ့ဒီမိုးကြိုးပင်လယ်နဲ့ ရင်းနှီးနေတယ်လို့ မထင်ဘူးလား။ အဲ့တာက ဧရာမမြွေကြီးနဲ့တူတယ်"

ဧရာမမြွေကြီးသည် မိုးကြိုးကို ထုတ်လွှတ်နိုင်စွမ်းရှိသည်ကို လူတိုင်းသိရှိပြီးသား ဖြစ်သည်။ ၎င်းတို့သည် ဧရာမမြွေကြီး၏ မိုးကြိုးဖြင့် အခြားသားရဲများကို တိုက်ခိုက်သည်ကို တစ်ကြိမ်ထက်မက မြင်တွေ့ဖူးကြသည်။

"ဟားဟားဟား၊ ဂျပန်ကတော့ တကယ်ကို ကံမကောင်းတာပဲ။ သူတို့တွေ ကိုင်းဂျူး သားရဲအတုလေး ရထားတာ သိပ်မကြာသေးပေမဲ့ အခုတော့ ဧရာမမြွေကြီး စားတာခံရတော့မယ်"

"သနားစရာကောင်းလိုက်တာ။ ဂျပန်က ကိုင်းဂျူး သားရဲအတုအတွက် ပိုက်ဆံအများကြီး သုံးခဲ့ရတယ်၊ အခုတော့ အားလုံးအလဟားသတ် ဖြစ်ကုန်ပြီ"

ဤမှတ်ချက်များကို ဖတ်ရင်း လီဇီ စိတ်မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။ သူသည်လည်း ဂျပန်၏ ကံဆိုးမှုအပေါ် ပျော်ရွှင်နေသည်။ မကြာသေးမီက ဂျပန်သည် ၎င်းတို့၏ လက်နက်အသစ်တွေဖြင့် အလွန်အားကောင်းသလို ပြုမူနေခဲ့ပြီး ယခုတော့ ထိုလက်နက်များထဲက တစ်ခုသည် ဖျက်ဆီးခံရတော့မည် ဖြစ်သည်။

ပင်လယ်ထဲတွင် မိုးကြိုးများက ပြန့်ကျဲသွားသည်။ မိုးကြိုး၏ စွမ်းအားအောက်တွင် ရေဘီလူးသည် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လုံးဝကင်ထားသကဲ့သို့ ဖြစ်နေသည်။

ဤကဲ့သို့ အဆင့် (၄) ကိုင်းဂျူး သားရဲမပြောနှင့် အဆင့် (၅) ကိုင်းဂျူး သားရဲများပင် ဖန့်ရန်၏ မိုးကြိုးဒိုမိန်ရဲ့ အကင်ခံရမည့် ကံကြမ္မာက လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဖန့်ရန်သည် ဤနေရာအနားတွင် အစကတည်းက ရှိနေခဲ့သောကြောင့် သဘာဝကျကျပင် ဟွာရှနှင့် ဂျပန်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုကို မြင်တွေ့ခဲ့ရသည်။ သူသည် ဤနိုင်ငံနှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုကို နည်းနည်းလေးမှ စိတ်ဝင်မစားပေ။

သူစိတ်ဝင်စားသည်က ပင်လယ်ထဲတွင် ကူးခတ်နေသော ကိုင်းဂျူး သားရဲပင် ဖြစ်သည်။

ဤကိုင်းဂျူး သားရဲသည် စနစ်အမှတ် (၅၀၀၀၀၀) တန်ကြေးရှိပြီး စနစ်အမှတ် (၂၀၀၀၀) ကျော် တန်ဖိုးရှိသော သားရဲများ မရှိသလောက်ရှားပါးသော ဤအချိန်တွင် ၎င်းသည် အလွန်ရှားပါးသော ကုန်ပစ္စည်းတစ်ခုလို ဖြစ်သည်။

ထို့အပြင် သူ၏ နောက်ထက် ဆင့်ကဲဖြစ်စဉ်အတွက် စနစ်အမှတ် (၃၀၀၀၀၀) သာ လိုအပ်တော့သည်။ ဤပမာဏသည် ယခုအချိန်တွင် တစ်ပတ်ကြာစုဆောင်းရန် လိုအပ်သော်လည်း အကယ်၍ ထိုကိုင်းဂျူး သားရဲကိုသာ မျိုချလိုက်မည်ဆိုလျှင် ၎င်းသည် လုံးဝလုံလောက်သွားပေမည်။

သူသည် သူ၏ ဧရာမခန္ဓာကိုယ်ကို အသုံးပြုပြီး ရေဘီလူးကို ရစ်ပတ်ထားကာ သူ၏ ကြွက်သားများဖြင့် ကြီးမားသော အင်အားကို အသုံးပြုနေသည်။

ရေဘီလူး၏ ခန္ဓာကိုယ်သည် အခြားကိုင်းဂျူး သားရဲများကဲ့သို့ မာကျောသည်။ သူ၏ ခွန်အားဖြင့် စစ်သင်္ဘောတစ်စင်းကို သံတိုသံစအဖြစ်သို့ အလွယ်တကူ ပြောင်းလဲနိုင်သော်လည်း ကိုင်းဂျူး သားရဲများကို ညှစ်သတ်ရန်တွင်မှု များစွာခဲ့ခဲ၏။

သို့သော် သူသည် ၎င်းကို သတ်ရန်အတွက် ညှစ်အားကိုသာ အားကိုးမည် မဟုတ်ပေ။

ဖန့်ရန်သည် သူ၏ ဧရာမပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ရေဘီလူး၏ ဦးခေါင်းကို ကိုက်ချလိုက်ကာ ၎င်းကို စတင်မျိုချလိုက်သည်။

"ဒါက..."

ကွန်ပျူတာဖန်သားပြင်က မြင်ကွင်းကို ကြည့်နေသော လီဇီသည် ထိုထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြောင့် သူ့စိတ်ထဲတွင် ရေရွတ်မိ၏။

"ရေဘီလူးကို အရှင်လတ်လတ် မျိုချနေတာလား။ ဧရာမမြွေကြီးက အရမ်းကို ရက်စက်လွန်းတယ်"

" အား "

မိခင်သင်္ဘော၏ လျှို့ဝှက်အခန်းတစ်ခုတွင် မှန်ပုံးတစ်ခုက ထောင့်တစ်နေရာတွင် ရှိနေသည်။ မှန်ပုံးအတွင်း အမျိုးသမီးတစ်ယောက် လဲလျောင်းနေ၏။ ဤအချိန်မှာပင် မူလက ငြမ်သက်နေသော သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။

သူမ၏ ဘေးရှိ မော်နီတာပေါ်တွင် ခုန်နေသော နှလုံးခုန်နှုန်း အချက်ပြဇယားသည် ရုတ်တရက် ပျက်ယွင်းသွားပြီး ကျယ်လောင်စွာ မြည်လာသည်။

"ညီမလေး။ မကြောက်နဲ့ မကြောက်နဲ့.."

ဖန်ပုံးဘေးက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က သူမကို အော်ပြောလိုက်သည်။

"ဒီအချိန်က ဧရာမမြွေကြီးကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ လေဆာရောင်ခြည်တန်းနဲ့ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားကြည့်လိုက်"

မှန်ပုံးထဲက အမျိုးသမီးသည် အာကုချီ အာယာကုဖြစ်ပြီး သူမသည် ရေဘီလူးကဲ့သို့ နာကျင်မှုကို ခံစားနေရသည်။ သူမ၏ စိတ်သည် ရေဘီလူးနှင့် ချိတ်ဆက်လျက် ရှိသောကြောင့် ရေဘီလူး၏ မိုးကြိုးဒိုမိန်ဖြင့် တိုက်ခိုက်ခံရခြင်း၊ ဧရာမမြွေကြီး၏ ရေဘီလူး၏ ဦးခေါင်းကို ကိုက်ခြင်းတို့သည် သူမကိုလည်း ရေဘီလူးကဲ့သို့ နာကျင်မှုဝေဒနာ ခံစားရပေသည်။

ဤကဲ့သို့ နာကျင်မှုကို ခံစားနေရသော သူမသည် သတိလစ်လုနီးပါး မူးဝေလာသည်။

အကယ်၍ သူမသာ သတိလစ်သွားမည်ဆိုလျှင် သူမနှင့် ရေဘီလူးတို့၏ စိတ်ချင်းဆက်သွယ်မှုသည် ဖြတ်တောက်ခံရမည် ဖြစ်ကာ ၎င်းကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

သူမ၏ ထိန်းချုပ်မှုမရှိလျှင် ရေဘီလူးသည် အလွတ်ခွံတစ်ခုလိုပင် ဖြစ်ကာ တွေးတောနိုင်စွမ်းမရှိဘဲ ထိုနေရာမှာပင် ရပ်တန့်နေပေမည်။

"သေစမ်း..."

အခြားတစ်ဖက်က မိခင်သင်္ဘောကွပ်ကဲရေးခန်းထဲမှာတော့ ဝါနာတာဘေး နိုဘီဆုသည် သူ့ရှေ့ရှိ ဖန်သားပြင်ပေါ်က မြင်ကွင်းကို ဒေါသတကြီး ကြည့်နေသည်။ သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်၏။

"ပစ်! ဧရာမမြွေကြီးကို အခုချက်ချင်း တိုက်ခိုက်မယ်"

စက်သံများနှင့်အတူ တံခါးများစွာ ပွင့်ထွက်လာပြီး သေနတ်ပြောင်းအမျိုးမျိုး ထွက်လာကာ အောက်ဘက်ရှိ ဧရာမမြွေကြီးကို ချိန်ရွယ်လိုက်ကြသည်။

ဘမ်းး

ပေါက်ကွဲသံများနှင့်အတူ ဒုံးကျည်များစွာသည် ဧရာမမြွေကြီးဆီသို့ ပျံသန်းသွားသည်။

ဟွာရှ၏ တိုက်လေယာဉ်သုံးစင်းသည်တော့ ဤတိုက်ပွဲ ရိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်မှာကို စိုးရိမ်ပြီး အဝေးသို့ ပျံသန်းသွားချေသည်။

အောက်ဘက်ရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်က ဖန့်ရန်သည်တော့ ဒုံးကျည်များ ထွက်လာသည်ကို သိရှိပြီးနောက် စွမ်းအင် ဒိုင်ကာကို အသက်သွင်းလိုက်သည်။ ထိုအခါ အထူးသံလိုက်စက်ကွင်းတစ်ခုသည် သူ၏ တစ်ကီလိုမီတာပတ်လည်ရှိ ဧရိယာကို ချက်ချင်းပင် ဝန်းရံသွား၏။

ထို့အပြင် သူသည် သူ၏ အကိုက်ခံနေရသော ကိုင်းဂျူး သားရဲ၏ အပြောင်းအလဲကိုလည်း သတိပြုမိခဲ့သည်။ ရုတ်တရက် ဆန်စွာဖြင့် ကိုင်းဂျူး သားရဲသည် ၎င်း၏ ပါးစပ်အတွင်းက လေဆာရောင်ခြည်ဖြင့် သူ့ကို တိုက်ခိုက်လာသည်။

သို့သော် သူသည် တစ်စက္ကန့်အတွင်းမှာပင် အိုဗာကလော့ တုန်ခါမှု စွမ်းရည်ကို အသက်သွင်းလိုက်ပြီး အထူးသံလိုက်လှိုင်းတစ်ခုကို အရိုးမှတဆင့် ရေဘီလူး၏ ခန္ဓာကိုယ် အတွင်းကို ပို့ဆောင်လိုက်သည်။

"ဂါးးး"

ဘန်းး

ရေဘီလူး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ ၎င်းသည် နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက် နောက်တစ်ခဏတွင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသည်။

" အား "

မှန်ပုံးထဲက အာကုချီ အာယာကု၏ မျက်လုံးများသည် ပွင့်လာပြီး သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူမသည် သူမ၏ ရင်ဘတ်ကို တင်းကျပ်စွာ ဖိထားပြီး ကျယ်လောင်စွာ အသက်ရှူနေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများဖြင့် ပြည့်နှက်နေသည်။

ပင်လယ်ထဲတွင်တော့ ရေဘီလူး၏ ခန္ဓာကိုယ်သည် အပိုင်းအနည်းငယ်အဖြစ် ပြောင်းလဲသွားကာ ဘေးပတ်ဝန်းကျင် ရေမျက်နှာပြင်သို့ ကျရောက်သွားသည်။

ထိုအချိန်တွင် ဒုံးကျည်များသည် ဖန့်ရန်ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သော်လည်း အချို့သည် စွမ်းအင် ဒိုင်ကာသို့ တိုက်မိကာ ပေါက်ကွဲသွားခဲ့ပြီး၊ အချို့သည်တော့ လမ်းညွှန်စနစ် ချို့ယွင်းသွားကာ ဖန့်ရန်၏ တည်နေရာကို လော့ခ်ချနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၎င်းတို့ထဲမှ ဒုံးကျည် အနည်းငယ်သည် ဖန့်ရန်ဆီသို့ ပျံသန်းရောက်ရှိလာသော်လည်း ဖန့်ရန်သည် မိုးကြိုးဒိုမိန်ကို အသက်သွင်းကာ ၎င်းတို့ကို တစ်ကီလိုမီတာအကွာကပင် ဖျက်ဆီးခဲ့သည်။

ဖန့်ရန်သည် အိုဗာကလော့ တုန်ခါမှု စွမ်းရည်ကို အကြိမ်ကြိမ် အသက်သွင်းကာ ရေဘီလူး၏ အရိုးနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို အပိုင်းအစများစွာအဖြစ် ပြောင်းလဲကာ ချေဖျက်ပစ်ခဲ့သည်။

ထို့နောက် ဖန့်ရန်သည် ၎င်းတို့ကို မျိုချလိုက်သည်။

"သေစမ်း..."

ကွပ်ကဲရေးခန်းထဲက ဝါနာတာဘေး နိုဘီဆု၏ နဖူးပေါ်တွင်တော့ အပြာရောင်သွေးပြန်ကြောများဖြင့် ပြည့်နေကာ ၎င်းသည် ရေဘီလူး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို စားနေသော ဧရာမမြွေကြီးကို ကြည့်နေသည်။

ဝါနာတာဘေး နိုဘီဆုသည် ရေဘီလူး၏ သေဆုံးခြင်းကြောင့် အလွန်ဒေါသထွက်နေပြီး အသက်ရှုရန်ပင် မေ့နေသည်။

သူသည် ရေဘီလူးကို ရရှိရန်အတွက် ပေးချေခဲ့ရသော ဈေးနှုန်းကို တွေးမိသောအခါ ပိုလို့ပင် ဒေါသထွက်လာသည်။ ဤလက်နက်များကို ရရှိရန်အတွက် ပေးချေခဲ့ရသော စျေးနှုန်းအပြင် ဟွာရှနှင့် ရင်ဆိုင်ကာ ပဋိပက္ခဖြစ်နိုင်သည့် အခြေအနေကို ရင်ဆိုင်ရခြင်းနှင့် ၎င်းကို တွန်းအားပေးခဲ့ရသည်တို့သည် မိခင်သင်္ဘောနှင့် ရေဘီလူးကို ရရှိရန်အတွက် အမေရိကန်နှင့် သဘောတူညီချက် များစွာတို့ထဲက တစ်ခုသာ ဖြစ်သည်။

"နောက်တစ်ခါထပ်တိုက်! ဒုံးကျည်တွေ ပိုလွှတ်"

ဝါနာတာဘေး နိုဘီဆုသည် ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးပြီးစဉ်မှာပင် သူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရေဘီလူးကို မျိုချနေခဲ့သော ဧရာမမြွေကြီးသည် မိခင်သင်္ဘောကို ရုတ်တရက် ကြည့်ပြီး၊ ၎င်း၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။

၎င်းသည် အော်ဟစ်လိုက်သည်။

နောင်တစ်ခဏတွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မိခင်သင်္ဘောသည် တုန်ခါစပြုလာ၏။

.....

All Chapters