← Chapters

သေဆုံးရမည့်လူက

Vol. 145 Ch. 2069

သေဆုံးရမည့်လူက

Vol. 145 Ch. 2069

ရီဖူရှင်း တစ်ယောက်တည်း တိုက်ပွဲအား တစ်ဖက်သတ် ထိန်းချုပ်​နေကာ ရန်ဟောင်များစွာကို သတ်ဖြတ်ခဲ့သည်။ သို့သော် လိန်မိသားစုခြံဝန်းကို ဗဟိုပြုပြီး ကျယ်ပြောသည့် မိုင်ရာချီထိ များစွာသော တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ရီဖူရှင်း ရှိနေသည့် နေရာတွင် သူက ယန်မိသားစုနှ တန်ခိုးရှင်များအား အဓိကထား သတ်ဖြတ်နေခဲ့သည်။ သို့သော် ယှဥ်ပြောရပါလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က သိသိသာသာ အားနည်းနေဆဲသာ ဖြစ်သည်။ ဤတစ်ကြိမ်၌ ယန်မိသားစုက ကြားဖြတ်တိုက်ခိုက်လာသည်ကို ထည့်ပေါင်းပြီး လင်းရှောင်နန်းတော်၊ ယန်ပြည်ထောင်နှင့် အိမ်တော်သခင်မှ တန်ခိုးရှင်များသည်လည်း သူတို့အား လိုက်လံတိုက်ခိုက်​နေသူများထဲ ပါဝင်သည်။

ထို အတိုက်အခံအင်အားစုများက ဝမ်ရှန့်စောင့်ကြည့်မျှော်စင် ယှဥ်ပြိုင်နိုင်သည်ထက် ပို၍ အားကောင်းနေပေသည်။ သူတို့က အမှန်တကယ် တူညီသော အဆင့်၌ ရှိမနေဘဲ ပြိုင်ဘက်များက အလွန် အစွမ်းထက်လှသော တန်ခိုးရှင်အများအပြား ရှိနေပေသည်။

နယ်​မြေသခင်အိမ်တော်ကို ဥပမာအနေနှင့် ယူရလျှင် နင်ဟွာက အလွန် ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားသော အဆင့်ခြောက် အလယ်အလတ်ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ သူက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသေးသည်။ လက်တစ်ထောင်ဓားအင်ပါယာဟု ကျော်ကြားသော ထူးချွန်သော တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ရန်ဟောင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး နင်ဟွာထက် ပိုအသက်ကြီးသည်။ သို့သော်လည်း သူ့အဆင့်က နင်ဟွာနှင့် မည်သည့်နေရာမှ နီးစပ်မနေပေ။ သို့ဆိုလျှင်ပင် သူ့အဆင့်တစ်ခုချင်းစီက ခိုင်မာသော အုတ်မြစ်ရှိကာ သူဖော်ထုတ်လိုက်သည့် တိုက်ခိုက်မှုစွမ်းရည်တိုင်းက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ နယ်မြေသခင်အိမ်တော်အတွင်း၌ပင် သူက သာမန်မဟုတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

သူက နယ်​မြေသခင်အိမ်တော်သို့ မဝင်ခင်ကပင် တုန်းဟွာကောင်းကင်တွင် နာမည်ကျော်ကြားပြီးသား ဖြစ်ပေသည်။

သူ နယ်​မြေသခင်အိမ်တော်သို့ ဝင်ရောက်ရသည်မှာ ရည်ရွယ်ချက် တစ်ခုတည်းသော ရှိလေသည်။ အဆင့်မြင့်ရန်ဟောင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ချို့ယွင်းချက်ကင်းလမ်းစဥ်ကို ဆက်လက်ထိန်းသိမ်းထားကာ နတ်ဘုရားကပ်ဘေးသုံးပါးကို ဖြတ်ကျော်၍ အသန်မာဆုံးအဆင့်သို့ ရောက်ရှိရန် ဖြစ်ပေသည်။

ထိုအချိန်တွင် လိန်မိသားစုမှ ရန်ဟောင်များနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များသည်လည်း သူ့လက်နှင့် သုတ်သင်ခံရပြီး ဖြစ်သည်။ သူက ဓားစွမ်းရည်နှင့် လေဟာနယ် မဟာလမ်းစဥ်ကို ကျင့်ကြံပြီး​ နောက်ဆုံး၌ သူက ဓားစွမ်းရည် အမျိုးအစားတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သူက တုန်းဟွာစံအိမ်တွင် စာအုပ်များစွာကို လေ့လာခဲ့ပြီး ဓားစွမ်းရည်နည်းလမ်းများအား ကျွမ်းကျင်စွာ နားလည်သဘောပေါက်ကာ သူ၏ ကိုယ်ပိုင် စွမ်းအားများအတွင်း ပေါင်းစပ်ခဲ့သည်။ သူက သတိပြုမိပြီး ကြီးကျယ်ခမ်းနားသော လက်တစ်ထောင်နတ်ဓားဟု အမည်ရသော ဓားစွမ်းရည်ကို ဖန်တီးနိုင်ခဲ့ပြီး ထို့ကြောင့်ပင် သူက လက်တစ်ထောင်နတ်ဓားအင်ပါယာဟု ကျော်ကြားလာပေသည်။

လေဟာနယ်အတွင်း လက်တစ်ထောင်နတ်ဓားအင်ပါယာက ရန်ဟောင်တစ်ပါးကို တိုက်ခိုက်နေသည်။ သူက ဓားစွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် လက်ပေါင်းတစ်ထောင်ကဲ့သို့ ဓားများစွာက ကောင်းကင်ထက်တွင် ဖြစ်တည်လာခဲ့သည်။ ဓားအရိပ်ထောင်ချီက အမှန်တွင် စစ်မှန်သော ဓားတိုက်ခိုက်မှုများ ဖြစ်လာသည်။

သူက လိန်မိသားစုမှ အဆင့်ခုနစ် ရန်ဟောင်တစ်ပါးကို တိုက်ခိုက်နေသည်။  ဓားအလင်းများက တောက်ပနေပြီး မုန်တိုင်းဓားများက ကောင်းကင်ထက်တွင် မရေတွက်နိုင်သော ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းများကို ဖန်တီးလာသည်။ လိန်မိသားစုမျ အဆင့်ခုနစ်ရန်ဟောင်၏ ဓားအလင်းများက လေဟာနယ်ကို ဖြတ်သန်းကာ ဓားအရိပ်များစွာကို တိုက်ခိုက်လာလေသည်။

ဓားအရိပ်များက ကွဲကြေပျက်စီးသွားသော်လည်း ၎င်းက အဆုံးမဲ့သလို ထင်မှတ်ရသည်။ သူက ဓားများကို မည်မျှ လျင်မြန်စွာ အသုံးပြု၍ တိုက်ခိုက်နေပါစေ အတွေးတစ်ချက်ကြောင့် ဖြစ်တည်လာသည့် ဓားများစွာကို မယှဥ်နိုင်ပေ။

ဓားအလင်းများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး နတ်ဓားများစွာက လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်လာသည်။ ချက်ချင်းပင် ထိုအဆင့်ခုနစ်ရန်ဟောင်က သနားစဖွယ် အော်ဟစ်လိုက်ပြီး မရေတွက်နိုင်သော နတ်ဓားများနှင့် ထိုးဖောက်ခံလိုက်ရပေသည်။ ထို့နောက် သူက ဖုန်မှုန့်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး သူ့ဝိညာဥ်နှင့် သိစိတ်က ပြန့်ကျဲသွားကာ မည်သည်မှ မကျန်ရစ်အောင် ပျောက်ကွယ်သွားတော့သည်။

"လက်တစ်ထောင်ဓားအင်ပါယာ နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ပြီး ကျင့်ကြံနေကတည်းက နှိမ့်ချစွာနဲ့ နေခဲ့တာ။ လူတွေ သူ့နာမည်ကို ကြားရတာ တကယ့်ကို တစ်ခါတစ်လေမှဆိုပေမယ့် သူ့စွမ်းအားက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်။ လက်တစ်ထောင်ဓားအင်ပါယာရဲ့ဓားတစ်လက်ချင်းစီမှာ အဆင့်မြင့်ရန်ဟောင်တစ်ယောက်ရဲ့ ပြည့်ဝတဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ သူ့ဓားတစ်လက်က ဓားပေါင်းထောင်ချီနဲ့ ညီမျှတယ်။" တစ်စုံတစ်ယောက်က တွေးတွေးဆဆ ပြောလိုက်သည်။

ဤတိုက်ပွဲတွင် အစွမ်းထက် တန်ခိုးရှင်များစွာ ပါဝင်သည်။ ဤလက်တစ်ထောင်ဓားအင်ပါယာကို လူအများကြီးက မသိကြသော်လည်း သူ၏ ခွန်အားက အစွမ်းထက်လှသည်။

သို့သော်လည်း လက်တစ်ထောင်ဓားအင်ပါယာက နောက်ထပ်ရန်ဟောင်တစ်ယောက်ကို ကြည့်နေရင်း ဆက်လက်ရွေ့လျားနေသည်။ အေးစက်သော အရိပ်က သူ့မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် နယ်​မြေသခင်အိမ်တော်၏ ရန်သူဖြစ်လာသောကြောင့် နောက်ဆုံးရလဒ်အနေနှင့် သေဆုံးခြင်းသာ ဖြစ်လာပေလိမ့်မည်။ သူက တစ်ယောက်ယောက် အသက်ရှင်ကျန်ရစ်မည်ကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။

သို့သော် ထိုအချိန်၌ လက်တစ်ထောင်ဓားအင်ပါယာ၏ ရှေ့၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး သူ့လမ်းကို တားဆီးလိုက်သည်။

လက်တစ်ထောင်ဓားအင်ပါယာသည် သူ့ရှေ့တွင် ပေါ်လာသူကို ကြည့်ကာ အံ့သြသွားခဲ့သည်။ ထိုသူက တုန်းဟွာကောင်းကင်၌ ကျော်ကြားသော်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူ မဟုတ်ပေ။ သူက တုန်းဟွာအခမ်းအနား၌ ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သော ချန်ယိပင် ဖြစ်လေသည်။

သိသာစွာပင် လက်တစ်ထောင်ဓားအင်ပါယာက သူ ဤနေရာ၌ ရှိနေမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် ချန်ယိက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသော ထူးချွန်သည့် ခွန်အားနှင့် အဆင့်ငါးရန်ဟောင်တစ်ပါး ဖြစ်ကြောင်း သိရှိပေသည်။ သူက တုန်းဟွာကောင်းကင်တွင် ထိပ်တန်းပါရမီရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရကာ သာမန်လူများက သူ့ကို ယှဥ်နိုင်မည် မဟုတ်ပေ။

"ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူးထင်တယ်.. ဟုတ်တယ်မလား။" လက်တစ်ထောင်ဓားအင်ပါယာက ချန်ယိကို ပြောလိုက်သည်။

"ဟုတ်တယ်.. ဘာမှမဆိုင်ဘူး။" ချန်ယိက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဘာလို့ ကိုယ့်သေတွင်းကိုယ် တူးချင်နေရတာလဲ။" လက်တစ်ထောင်ဓားအင်ပါယာက အတော်လေး အံ့အားသင့်သွားပြီး သံသယဖြစ်စွာ မေးလိုက်သည်။ သူက ထိုမျှ ထူးချွန်သူတစ်ယောက်က မည်သည့်အတွက် ဤသို့သော သေဆုံးနိုင်သည့် အရေးအခင်းတွင် ပါဝင်ပတ်သတ်ရသည်အား နားမလည်နိုင်ပေ။ ချန်ယိက အလွန် အားကောင်းလှပေမယ့် သူသည်လည်း ထပ်တူသာ ဖြစ်သည်။ သူတို့နှစ်ယောက်က ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် တုန်းဟွာကောင်းကင်မှ ကျော်ကြားသူများ ဖြစ်ကြသည်။ သို့သော်လည်း သူ့အမြင်အရ သူက ချန်ယိထက် ကျင့်ကြံဆင့်မြင့်လေရာ ချန်ယိက သူ့ကို ရပ်တန့်လိုလျှင် ချန်ယိ သေချာပေါက် သေရပေလိမ့်မည်။

သူသည် ချန်ယိကဲ့သို့သော လူတစ်ယောက်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သတ်နေသည်ကို အတော်လေး နားမလည်နိုင်​ဖြစ်နေပေသည်။ စိတ်မှန်သည့်မည်သူမဆို ထိုသို့ လုပ်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူ၏ အလားအလာက အကန့်အသတ်မရှိပေ။ သူက တုန်းဟွာကျောင်းတော်ဖြစ်စေ နယ်မြေသခင်အိမ်တော်ကိုဖြစ်စေ ဝင်ရောက်လျှင် ကျိန်းသေ တန်ဖိုးထားခံရပေလိမ့်မည်။ အနာဂတ်တွင် သူက ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေကို ပိုင်ဆိုင်သည့် အရှင်သခင်တစ်ယောက် ဖြစ်လာနိုင်သော အခွင့်အရေးရှိပေသည်။

လက်တစ်ထောင်ဓားအင်ပါယာသာ သူ၏ အပြုအမူကို နားမလည်သည်မဟုတ်ဘဲ အဝေးမှ ကြည့်နေသူများလည်း အတူတူပင် ဖြစ်သည်။ ယခု သူတို့က သိချင်စိတ်များဖြင့် တိုက်ပွဲကို စူးစမ်းနေခဲ့ကြသည်။

ချန်ယိက မည်သည့်အတွက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် ရှေ့ထွက်လာရသနည်း။

တုန်းဟွာအခမ်းအနားမှ ရီဖူရှင်းနှင့် တိုက်ပွဲကြောင့်ပေလား။

ထိုသို့ဖြစ်လျှင်ပင် သူ၏ ကိုယ်ပိုင်အသက်နှင့် လောင်းကြေးထပ်ရန် မလိုအပ်ပေ။

"ကျုပ်တို့က မတိုက်ရသေးဘူးမလား။ ကျုပ်က သေရမယ့်လူဆိုတာ ခင်ဗျား ဘယ်လိုသိလဲ။" ချန်ယိက လက်တစ်ထောင်ဓားအင်ပါယာကို ကြည့်ကာ မေးလိုက်သည်။

လက်တစ်ထောင်ဓားအင်ပါယာက ချန်ယိ၏ မျက်လုံးများထဲမှ တောက်ပသော အလင်းတစကို မြင်တွေ့လိုက်ရသည်။ ချန်ယိက သူ၏ ထူးချွန်မှုအပေါ် အလွန် ယုံကြည်ချက်ရှိနေပုံရလေသည်။ ထိုသည်မှာ ယောက်ျားတစ်ယောက်၏ မိမိကိုယ်ကိုယ်ယုံကြည်ချက် ဖြစ်လေသည်။ လက်တစ်ထောင်ဓားအင်ပါယာသည်လည်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိပေသည်။

သို့သော်လည်း ချန်ယိက သူနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ လက်တစ်ထောင်ဓားအင်ပါယာက ချန်ယိ၏ ယုံကြည်ချက်များ မည်သည့်နေရာမှ ထွက်လာသည်ကို နားမလည်နိုင်ပေ။

အပြုံးနှင့် လ​က်တစ်ထောင်ဓားအင်ပါယာက ထပ်မေးလိုက်ပြန်သည်။ "ကျုပ် သိချင်မိတာ မင်း ဘာလို့ သူတို့ကို ကူညီချင်ရတာလဲ။"

သူက ဤမေးခွန်းကို နားမလည်နိုင် ဖြစ်နေပုံရသည်။

"ဘာလို့ဆို ကျုပ်က ဒီလိုအခြေအနေကို မကြိုက်လို့လေ။" ချန်ယိက အပြုံးနှင့် တုန့်ပြန်လိုက်သည်။ "အဲဒီအကြောင်းပြချက်က လုံလောက်ပြီလား။"

လက်တစ်ထောင်ဓားအင်ပါယာက နားမလည်နိုင်သေးသော်လည်း သူက ထပ်မမေးတော့ဘဲ ပြုံးရင်း ဓားကို မြှောက်လိုက်သည်။

သူက တစ်ချက်တွေးလိုက်သည့်အခါ ထောင်ချီသော ဓားအရိပ်များ ထွက်ပေါ်လာလေသည်။ ချန်ယိက ထောင်ချီသော နတ်ဓားတို့က သူ့ထံတိုးဝင်လာပြီး ဓားတိုင်းက မတူညီကြောင်း မြင်လိုက်ရသည်။ သို့သော် ထိုဓားများ၏ အရိပ်အောက်တွင် သူရှိနေသော လေဟာနယ်က အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပေသည်။ သူ ထွက်ပြေးလွတ်မြောက်ရန် နေရာဟူ၍ မရှိတော့ပေ။ လက်တစ်ထောင်နတ်ဓားများ၏ အောက်တွင် အသက်ရှင်လျက် ကျန်ရှိသူ အနည်းငယ်သာ ရှိလေသည်။

ဘုန်း.....

ချန်ယိက အလွန် တောက်ပသော နတ်အလင်းများ ထုတ်လွှတ်နေပြီး ​မဟာလမ်းစဥ်နတ်ဝင်ရိုး ထွက်ပေါ်လာသည်။ အလင်းတန်းများနှင့် အရိပ်များက အပြင်သို့ ပေါက်ကွဲထွက်လာပြီး အလင်းများက အရပ်မျက်နှာအနှံ့နေရာတိုင်းတွင် ရှိနေကာ ထွက်ပြေးရန် မည်သည့်နေရာမှ မရှိတော့ပေ။ ယင်းတို့က တိုးဝင်လာသည့် ထောင်ချီသော ဓားအရိပ်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ထိုအခိုက်တွင် ချန်ယိရှိနေသည့် လေဟာနယ်က ​ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများနှင့် ပြည့်နှက်နေခဲ့သည်။

လက်တစ်ထောင်ဓားအင်ပါယာက ခေါင်းကို ငုံ့ကာ တိုက်ပွဲသို့ ကြည့်လိုက်သည်။ အလင်းလမ်းစဥ်မှာ အစွမ်းထက်မဟာလမ်းစဥ်စွမ်းရည်တစ်ခု ဖြစ်သော်လည်း ကျင့်ကြံဆင့်တွင် ကွာခြားမှု ရှိနေသည်။ သူသည် အခြားလူက သူ့ထက် ပိုအစွမ်းထက်လိမ့်မည်ဟု မတွေးထားပေ။ သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ဓားချိပ်စည်းသဏ္ဌာန် ဖော်ဆောင်လိုက်သည်။ ထိုအခိုက်အတန့်တွင် မဟာလမ်းစဥ်က တသားတည်းဖြစ်ပြီး ကျယ်ပြောသော လောကကြီးက ဓားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံ၍ ချန်ယိကို ဝါးမြိုသွားသည်။

လေဟာနယ်အတွင်း လက်တစ်ထောင်ဓားအင်ပါယာ၏ လက်ချောင်းက လှုပ်ရှားသွားကာ လက်ပေါင်းတစ်ထောင်က ကောင်းကင်နှင့် မြေကြီးကြား ပေါ်ပေါက်လာသလို ထင်မှတ်ရပြီး ဓားများက တစ်ချိန်တည်းတွင် တိုက်ခိုက်လာသည်။ ဓားတစ်လက်ချင်းစီက ကွဲပြားသော်လည်း တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာပြီး မတူညီသော အရပ်မျက်နှာများမှ ချန်ယိထံ တိုးဝင်လာသည်။

အဝေးမှ တန်ခိုးရှင်များသည် သူတို့၏ နှလုံးသားများ တုန်ယင်လာကြသည်။ လက်တစ်ထောင်နတ်ဓားများအောက်တွင် နတ်အလင်းများက လေဟာနယ်ကို ဖြတ်ကာ ချက်ချင်း ထိုလေဟာနယ်အား ဖိနှိပ်လိုက်သည်။ ၎င်းအထဲမှ အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ ထာဝရပျောက်ကွယ်သွားတော့သည်။

လက်တစ်ထောင်ဓားအင်ပါယာ၏ ဓားက ထိတ်လန့်ဖွယ် အော်မြည်သံများ ထွက်ပေါ်လာပြီး လူတိုင်း၏ နားစည်ကို ထိုးဖောက်သွားလေသည်။ ထိုအသံလှိုင်းများက လေဟာနယ်ကို ဖြတ်သန်းရင်း ဆုတ်ဖြဲပစ်လိုက်သည်ဟု ဆုံးဖြတ်နိုင်ပေသည်။ ၎င်းက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ ဓားအလင်းအရှိန်အဝါတို့က ဓားအရိပ်များအောက်၌ ပြိုကွဲသွားပြီး မရေတွက်နိုင်သော နတ်ဓားများက စုစည်းကာ ချန်ယိရှိနေရာသို့ တိုးဝင်သွားလေသည်။ ထောင်ချီသောနတ်ဓားများက သူရှိနေသည့်နေရာကို ဗဟိုပြုကာ ရောက်ရှိလာကြသည်။

ထိုဓားချက်များ ကျရောက်လာသည့်အခါ ချန်ယိသည် မည်သည်မှ မကျန်သည်အထိ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားမည်မှာ သေချာပေသည်။

ထောင်ချီသော နတ်ဓားများက ချက်ချင်းရောက်ရှိလာသော်လည်း ချန်ယိက ၎င်းတို့ကို မမြင်သလိုရှိနေပြီး ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ နောက်တခဏတွင် ချန်ယိ၏ ခန္ဓာကိုယ်မှ နတ်အလင်းများ ပေါက်ကွဲထွက်လာကာ တိုက်ပွဲအား ကြည့်ရှုနေသူများကို ခေတ္တမျှ မမြင်ရလောက်တော့အောင် စူးရှသည့်အလင်းများ ထွက်ပေါ်လာသည်။ သူတို့ နောက်တစ်ခါ ကြည့်လိုက်သောအခါ ချန်ယိ၏ အရှိန်အဝါက ပိုမို မြင့်မားလာပုံပေါ်လေသည်။

***

All Chapters