အိပ်စက်နေစဥ် တိုက်ရိုက်ထုတ်လွှင့်မှုကို လူတစ်သိန်းကျော် ကြည့်နေကြသည်လော
Vol. 12 Ch. 166
တစ်နာရီလျှင် ကီလို ၁၅၀၀..တစ်ရက်လျှင် ၁၈တန် ..
လင်းမို့ ကိုယ်တိုင်ပင် ဤ အမြန်နှုန်းအား လူမဆန်ဟု ခံစားမိလိုက်သည် ။ မည်သူမှ ယုံနိုင်မည်မဟုတ် ။
သို့သော်လည်း လင်းမို့သည် မာနမကြီးရဲ ။ ငွေလအဆင့်များ၏ လက်သီးပြင်းအားက ကီလိုတန်ရာချီနေပြီး နေအလင်းအဆင့်များ၏ လက်သီးပြင်းအားက တန်ထောင်ချီရှိသည်ဟု သူကြားဖူး၏ ။ မဟာသခင်အဆင့်များကိုတော့ သူသေချာမသိ ။
' ငါ့ လက်သီးပြင်းအား တိုးနှုန်းက ကောင်းကင်အဆင့်တွေထက်မြန်ပင်မယ့် နေအလင်းအဆင့်တွေနဲ့ ယှဥ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး.. '
လင်းမို့ တွေးသည် ။
' ငါ့မှာ စနစ်ရှိနေတာတောင် နေအလင်းအဆင့်တွေလောက် မမြန်သေးဘူး.. ငါဘာဂုဏ်ယူနေစရာရှိမှာလဲ.. '
နှိုင်းယှဥ်ကြည့်မိပြီးနောက် ပို၍ နှိမ့်ချ နေထိုင်ရမည်ဟု ဆုံးဖြတ်လိုက်၏ ။
' ငါအခုလို တိုးတက်နှုန်းနဲ့ဆို နေလအဆင့်ကိုရောက်ဖို့ ရက်တစ်ရာလောက်လိုနေသေးတာပဲ.. .. ငါ့အဆင့်တက်နှုန်းက နှေးလိုက်တာ.. ငါပိုပြီး ပျင်းနိုင်ဖို့ ကြိုးစားရမယ်.. '
လင်းမို့ တွေးရင်း အိပ်ပျော်သွားသည် ။
မန်နေဂျာ ကျန်းယွမ်က ကျောင်းသားငါးယောက်ကို ခေါ်ဆောင်၍ အခန်း ၇၇၇ သို့ရောက်လာ၏ ။
" ငါပြောတဲ့ သတင်းကောင်းက ဒီဟာပဲ.. "
ကျန်းယွမ်က အခန်း၇၇၇၏ သတ္တုတံခါးကို ညွှန်ပြရင်း ပြုံး၍ ပြောလိုက်သည် ။
" အကိုကျန်းပြောတော့ နှစ်နာရီစီ အချိန်ရမယ်ဆို အထဲမှာ လူရှိတယ်မဟုတ်ဘူးလား.."
လီကျားရွှမ် မေး၏ ။
" ဟုတ်တယ်.. အထဲမှာ လူရှိတယ်.. "
ကျန်းယွမ်က ပဟေဠိဆန်သော အပြုံး ပြုံးလိုက်ပြီး...
" အကြောင်းအရင်းကတော့ နောက်တစ်နာရီလောက်ဆို သိလိမ့်မယ်.. "
" တစ်နာရီတောင်လား.. အဲ့လောက်အကြာကြီး စောင့်ရအုံးမှာလား.. "
လျီကျားရွှမ်က စိတ်မရှည်တော့...
" အကိုကျန်းက ဘာလို့ စောင့်ရမယ်ဆိုတာ ကြိုပြောထားရင် ကျွန်တော်တို့ စောင့်ရတာ အားရှိတာပေါ့.. "
" အေးပါ..အေးပါ.."
ကျန်းယွမ်က လှည့်ပတ် ပြောမနေတော့ဘဲ...
" အခန်းထဲက လူက လင်းမို့ပဲ.. "
" လင်းမို့.."
" လင်းမို့လား.."
ငါးယောက်လုံး ရှုပ်ထွေးသွားကြသည် ။ လင်းမို့လေ့ကျင့်နေသည်က သူတို့ကုန်းဆင်းရမည်နှင့် မည်သို့ ပက်သက်နေပါသနည်း ။
ကျန်းယွမ်က ရှင်းပြလိုက်သည် ။
" လင်းမို့က ၁၂ နာရီဆက်တိုက် ယူထားတာ .."
" ဘာ.. "
" ၁၂ နာရီ.."
သူတို့ ထိတ်လန့်သွားကြ၏ ။ စတုတ္ထနှစ်များပင် မြေဆွဲအားခန်းထဲတွင် ၁၂ နာရီ ကြာအောင်နေမည်မဟုတ်ချေ ။ မြေဆွဲအားခန်းထဲတွင် လိုအပ်သည်ထက် ကြာကြာနေခြင်းက ကျင့်ကြံရာတွင် အကျိုးမရှိ ။ ထို့အပြင် မြေဆွဲအားခန်း အချိန်ကတ်က အဖိုးတန်သဖြင့် တစ်ဆို့နေသည့် အချိန်မျိုးကိုသာ စောင့်၍ အသုံးပြုကြသည် ။ ဆယ့်နှစ်နာရီ ဆက်တိုက်ဝင်ခြင်းက ဖြုန်းတီးခြင်းပင် ။
" ဆယ်နှစ်နာရီတောင်ဆိုတော့.. ဖြုန်းတီးလိုက်တာ.. "
" အချိန်ကတ်ပေါတိုင်း အဲ့လိုသုံးလို့ ရမလားကွ.."
" လင်းမို့က ဘဝင်မြင့်သွားပြီ.. လောင်းကြေးတိုက်ပွဲမှာ အချိန်ကတ် ထောင်ဂဏန်း နိုင်တာနဲ့ပဲ လာဖြုန်းတီးနေတာ.."
" ဒါနဲ့.. အခု လင်းမို့ ဝင်တာက ပထမဆုံးမှတ်လား.."
ကျန်းယွမ်က သူတို့အား ခေါ်လိုက်ခြင်းကို နားလည်သွားကြ၏ ။ ပထမဆုံး ဝင်သည့်သူများမှာ နှစ်နာရီထက် ပိုကြာအောင်မနေနိုင်ကြပေ ။
အဘယ်ကြောင့်ဆိုသော် လူများသည် ဂြိုလ်ပြာ၏ သာမန်မြေဆွဲအားတွင်သာ အချိန်အကြာကြီး နေလာခဲ့ကြသည်ဖြစ်သဖြင့် ရုတ်တရက် ဆွဲအား ဆယ်ဆ တိုးလာသောကြောင့် အချိန်ကြာကြာ မနေနိုင်ကြခြင်းပင် ။
လူသစ်များ မြေဆွဲအားခန်းသို့ဝင်လျှင် အလွန်ဆုံး တစ်နာရီ နှစ်နာရီ ခန့်သာဖြစ်သည် ။ အချို့ဆိုလျှင် လေးဘက်ထောက်၍ပင် ထွက်လာရ၏ ။
" လင်းမို့က ပထမဆုံးဝင်တာကို ဆယ့်နှစ်နာရီဆက်တိုက် ယူထားတယ်.. အနည်းဆုံး ဆယ်နာရီတော့ ပိုမှာပဲ.. "
ကျန်းယွမ်က ပြုံးလိုက်ပြီး...
" ငါဘာလို့ ခေါ်လိုက်တာလဲ သိကြပြီမှတ်လား.."
ကျန်းယွမ်သည် အလုပ်ချိန်ဖြစ်သဖြင့် တခြားသူများကို ခေါ်လိုက်ခြင်းဖြစ်သည် ။ မဟုတ်လျှင် သူကိုယ်တိုင် ဝင်မိပေမည် ။
" အကိုကျန်းက ကြင်နာတက်လိုက်လိုက်တာ.. "
" အကိုကောင်းပဲ.. "
" ဒီနေ့ မြေဆွဲအားခန်းထဲ လေ့ကျင့်ပြီးရင် မနက်ဖြန်ကျ အကိုကျန်းကို ကျွန်တော်တို့အားလုံး နေရာကောင်း ကိုလိုက်ပို့ပေးမယ်.. "
လီကျားရွှမ် ၊ ဖုန်ကျစ်ဝေ နှင့် ကျန်သူများ အားလုံး၏ မျက်နှာတွင် အပြုံးပန်း ဝေနေသည် ။ မြေဆွဲအားခန်း ကို ကုန်ဆင်းနိုင်သည်မှာ ကျေနပ်စရာ ကောင်းလှပေသည် ။
" လင်းမို့ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ မသိဘူး.."