အိပ်စက်နေစဥ် တိုက်ရိုက်ထုတ်လွှင့်မှုကို လူတစ်သိန်းကျော် ကြည့်နေကြသည်လော ၂
Vol. 12 Ch. 167
" တကယ်လို့ သူသာ ဆွဲအားဆယ်ဆနဲ့ ဆိုရင် နှစ်နာရီလောက်တော့ နေနိုင်လိမ့်မယ် .. ခုကြည့်အုံး.. "
လီကျားရွှမ်က သတ္ထုတံခါးပေါ်ရှိ မှန်သားပြင်ကို ထိုးပြလိုက်ပြီး...
" လင်းမို့က အဆလေးဆယ်တောင် မြှင့်ထားတာ.. နှစ်နာရီမပြောနဲ့ မိနှစ် နှစ်ဆယ်လောက်ဆို လေးဘက်ထောက် ထွက်လာလိမ့်မယ်.. "
" အင်း.. "
ဖုန်ကျစ်ဝေက ခေါင်းညိတ်လိုက်ပြီး...
" ပထမဆုံး အကြိမ်ကို အဲ့ကောင်က 40G အထိ မြှင့်ရဲတယ်ဆိုတာ နည်းသတ္တိမဟုတ်ဘူး.. သောက်ကြောင်ပဲ.. "
" သူတုံးတာကိုပဲ ကျေးဇူးတင်ရမယ်.. ဟီးဟီးဟီး.."
လီကျားရွှမ်က စပ်ဖြီးဖြီး ရယ်လိုက်၏ ။ လင်းမို့ မနေ့က သူ့ထံမှ အချိန်ကတ် ဆယ်ကတ် ယူသွားသည်ကို ခုထိ မကျေနပ်သေးပေ ။
အခန်းတွင်းမှ လင်းမို့သည် အပြင်မှ အသံများကို မကြားရသဖြင့် လီကျားရွှမ်၏ အသံက ကျယ်နေ၏ ။
ရယ်နေသော လီကျားရွှမ်တစ်ယောက် ရုတ်တရက် မျက်နှာမဲ့သွားသည် ။
' လင်းမို့ မနေ့တုန်းက ငါ့ဆီက ဆယ်ကတ် ရထားတော့ဆိုတော့.. သူအခု ဖြုန်းနေတဲ့ အချိန်ကတ် က ငါ့အချိန်ကတ်လို့ ပြောလို့ရတာပေါ့.. '
" ငါ.. "
လီကျားရွှမ် သွေးအန်လုနီးပါး ဖြစ်သွားသည် ။ ရင်ခုန်သံပင် မမှန်ချင်တော့ ။ သူတစ်နှစ်လုံး စုလာရသော အချိန်ကတ်များကို လင်းမို့က အလွဲသုံးစား လုပ်နေ၏ ။
ဤခံစားချက်က ပထမဆုံးအကြိမ်ကို ဘိတွင် ဖြေရှင်းမည်ဟု အားတင်းကာ သွား၍ ဘောင်းဘီချွတ်လိုက်စဥ် ရဲဖမ်းခံလိုက်ရသည်နှင့် တူညီပေသည် ။
" အု.."
လီကျားရွှမ် ရင်ဘက်ကို အုပ်ကိုင်ရင်း ယိုင်တိုင်တိုင်ဖြစ်သွားသည် ။
ကျန်လူများက သတိထားမိသွား၏ ။ ဖုန်ကျစ်ဝေက ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည် ။ မနေ့က လောင်းကြေးတိုက်ပွဲတွင် လီကျားရွှမ်လည်း ပါသည်ကို သူသိထားသည် ။
' ငါ့အချိန်ကတ်ကို ဒီလို သုံးနေတာကို ငါဒီတိုင်းတော့ ထိုင်ကြည့်မနေနိုင်ဘူး.. "
လီကျားရွှမ်က ဒေါသထွက်စွာ တွေးသည် ။
' ဒီနေ့ ဘာပဲ ဖြစ်ဖြစ် တက်နိုင်သလောက် လက်စားချေရမယ်.. '
မြေဆွဲအားခန်း ကုန်းဆင်းသည်က တစ်ပိုင်း လက်စားချေသည်က တစ်ပိုင်းဖြစ်သည် ။ သူ တစ်ခုခု လုပ်ရန် ဆုံးဖြတ်လိုက်၏ ။
သူ အကြံရသွားသည် ။ လင်းမို့၏ ကျော်ကြားသော ဂုဏ်သတင်းကို အသုံးချရန် စီစဥ်လိုက်သည် ။
' ဒီရက်ပိုင်း လင်းမို့ရဲ့ နာမည်က အရမ်းကြီးနေတာဆိုတော့ လင်းမို့ ပထမဆုံးအကြိမ် မြေဆွဲအားခန်းထဲ ဝင်ခြင်းဆိုပြီး လိုက်(live) လွှင့်လိုက်ရင် စိတ်ဝင်စားကြမှာ...'
တိုက်ရိုက်ထုတ်လွှင်မှုအား ကြည့်ရှုသူများလာလျှင် သူဝင်ငွေရနိုင်ပေသည် ။
' လင်းမို့ ငါ့ကို အပြစ်လာမတင်နဲ့တော့.. '
လီကျားရွှမ် တွေးလိုက်၏ ။ သူ ကလပ်သို့ မကြာခဏ သွားနေသဖြင့် ဘက်ဂျက်ထိခိုက်နေပြီဖြစ်သည် ။ အချိန်ကတ်ပြန်မရနိုင်သဖြင့် ငွေပြန်ယူရုံသာ တက်နိုင်တော့၏ ။
လီကျားရွှမ်က နာမည်အကြီးဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းထဲဝင်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည် ။
[ ယခုနှစ် စာမေးပွဲ၏ ပါရမီအကောင်းဆုံး လင်းမို့.. မြေဆွဲအားခန်းကို စိန်ခေါ်နေပါသည် .. ဘယ်လောက်ကြာကြာနေနိုင်မလဲ စောင့်ကြည့်လိုက်ပါ ..]
လင်းမို့ဟူသော နာမည်က ယခုနှစ် နွေရာသီတွင် ရှားနိုင်ငံတစ်ခုလုံးကို လွှမ်းမိုးထား၏ ။ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် ကြည့်ရှုသူ ထောင်ဂဏန်း ချက်ချင်းရောက်လာသည် ။
" အခြေအနေ ဘယ်လိုလဲ.."
" လင်းမို့က မြေဆွဲအားခန်းထဲ ဝင်သွားပြီလား.."
" သောက်ချီး.. သူက ဆယ့်နှစ်နာရီ ဆက်တိုက် ဖွင့်ထားပါလား.. ကျန်းနန် စီရင်စုက ချမ်းသာလိုက်တာ.. ငါတို့ကျောင်းမှာဆို တစ်နာရီဝင်ဖို့တောင် အခန်းလုနေရတာ.. "
" ခုမှ ပထမဆုံးဝင်တာကို ဆယ့်နှစ်နာရီ ဆက်တိုက်ဆိုတော့ မဖြုန်းတီးလွန်းဘူးလား.. "
" သူက အများပိုင် အရင်းအမြစ်တွေကို ဖြုန်းတီးနေတာ.. "
" ဟမ့် ခုမှ ပထမဆုံးဝင်တာကို 40G တဲ့လား.. အဲ့ကောင် နာရီဝက်ထက် ပိုခံနိုင်မှာ မဟုတ်ဘူး.. "
" နာရီဝက်က များလွန်တာပေါ့ဟ.. လင်းမို့ ဖြစ်နေရင်တောင် အများဆုံး မိနှစ် နှစ်ဆယ်ပဲ.. "
" ငါတော့ ဆယ်မိနှစ်လောက်ပဲထင်တယ်.. "
" မင်းသောက်မျက်လုံးက သေချာကြည့် ခုတောင် ဆယ်မိနှစ်ကျော်နေပြီဟ.. "
တိုက်ရိုက်ထုတ်လွှင့်မှု မိနစ်အနည်းငယ် ကြာလာသည်နှင့် ကြည့်ရှုသူ သောင်းဂဏန်းအထိရောက်လာသည် ။
လူတိုင်းနီးပါး လင်းမို့သည် နာရီဝက်သာ နေနိုင်မည်ဟု ယုံကြည်ကြ၏ ။
ကျန်းနန်မြို့.. အဆင့်မြင့်ကလပ်တစ်ခု..
နေအပူရှိန်ကြောင့် နိုးလာသောဟောက်ရန်က ဘေးသို့ စမ်းကြည့်လိုက်ရာ ဘေးတွင် မည်သူမှရှိမနေ ။
' ဒီတစ်ယောက်ကို နာမည်တောင် မမေးလိုက်ရဘူး.. '
သူမနေ့ညက နာမည်မေးရန် မေ့သွား၏ ။
' ထားလိုက်ပါ.. အရေးကြီးတာမှ မဟုတ်တာ.. ကုတ်နာမည်နဲ့ပဲ ရေးမှာပဲကို.. '
ဟောက်ရန်က ဖုန်းကိုထုတ်၍ မှတ်စုတွင် ရေးလိုက်၏ ။
" နှစ်.. လ..ရက်.. နံပါတ် ၂၇.. သူ့ရဲ့ ထူးခြားချက်က..."