အိပ်စက်နေစဥ် တိုက်ရိုက်ထုတ်လွှင့်မှုကို လူတစ်သိန်းကျော် ကြည့်နေကြသည်လော ၃
Vol. 12 Ch. 168
ဟောက်ရန်က သူနှင့်ပက်သက်ခဲ့ဖူးသူတိုင်းကို မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ထား၏ ။
ဟောက်ရန်သည် လူတစ်ရာကိုအနိုင်ယူရန်ဟူသော ရည်မှန်းချက်ပန်းတိုင် သေးသေးလေးကို ဆောင်ရွက်ရန် ကြံစည်ထားသည် ။ ထိုပန်းတိုင် ပြီးမြောက်မှသာ လူတစ်ထောင် ၊ လူတစ်သောင်း စသည်ဖြင့် တိုးသွားမည်ပင် ။
သူ မှတ်စုရေးပြီးသည်နှင့် ဖုန်းပွတ်တော့သည် ။ ဟိုကြည့်ဒီကြည့် ကြည့်ရင်း...
' ဟမ်.. အကိုမို့ တိုက်ရိုက်ထုတ်လွှင့်နေပါလား.. လွှင့်နေတဲ့သူက..'
ဟောက်ရန် အနည်းငယ် အံ့သြသွား၏ ။ တိုက်ရိုက်ထုတ်လွှင့်နေသော လီကျားရွှမ်၏ နာမည်ကို မြင်လိုက်ရသည် ။
' လီကျားရွှမ်က အကိုမို့ကို ဘာလို့ တိုက်ရိုက်ထုတ်လွှင့်ပေးနေတာလဲ.. '
ဟောက်ရန်က သေချာစောင့်ကြည့်လိုက်သည် ။
' အကိုမို့က မြေဆွဲအားခန်းထဲ ပထမဆုံးဝင်တာကို 40 G နဲ့ ဆယ့်နှစ်နာရီဆက်တိုက် ယူထားတာပဲ.. '
တခြားသူများနှင့် မတူဘဲ ဟောက်ရန်က လင်းမို့၏ ဦးနှောက်မဲ့ နောက်လိုက်တစ်ယောက်ဖြစ်သည် ။
' ဟူး.. အကိုမို့က ကြိုးစားလိုက်တာ ..အစောကြီးရှိသေးတာတောင် တနေကုန်လေ့ကျင့်ဖို့ ပြင်ဆင်ပြီးပြီ.. "
ဟောက်ရန်က အနည်းငယ် ရှက်ရွံ့မိသွား၏ ။
'' ငါက ဒီမှာ အချိန်ဖြုန်းမိနေတယ်.. ငါ ထက်ပါရမီသာတဲ့ သူကတောင် ငါ့ထက်အများကြီးပိုကြိုးစားနေသေးတယ်.. ''
ဟောက်ရန်က တီးတိုးရေရွတ်လိုက်သော်လည်း ပြသနာခုကို စဥ်းစားမိသွားသည် ။
' ငါထက် ပါရမီပါတယ်တဲ့သူက ငါ့ထက်ပိုကြိုးစားနေတော့ ငါလေ့ကျင့်နေလဲ လိုက်လို့မှ မမီတာ.. '
သူ လိုက်မမီသည့်အတွက် ပျင်းရိနေခြင်းက သူ့အတွက်ပိုကောင်းပေမည် ။ ဟောက်ရန် စိတ်သက်သာရာ ရသွား၏ ။ သူပျင်းရိခြင်း၏ အစစ်အမှန် အဓိပ္ပါယ်ကို နားလည်လိုက်လေပြီ ။
' ကြိုးစားလဲ ဘာမှ မထူးဘူး.. ငါ့ပန်းတိုင်ကို ငါ့ဘာသာ ဆက်လျောက်နေတာပဲကောင်းတယ်.. ဒီမှာ တစ်ရက်လောက် ထပ်နေမှ.. '
ဟောက်ရန်က သူ၏ ပန်းတိုင်ကို ပြီးမြောက်နိုင်ရန်အတွက် ပိုပြီး ကြိုးစားရန် ဆုံးဖြတ်လိုက်သည် ။
' အကိုမို့က ပါရမီကောင်းပင်မယ့် သူ့ပန်းတိုင်ကို ရောက်နိုင်ဖို့ တော်တော်လိုအုံးမယ်.. '
ဟောက်ရန် တွေးသည် ။
' ငါ့ ပထမဆုံး ပန်းတိုင်က အောင်မြင်ဖို့ သိပ်မလိုတော့ဘူး ..'
ဟောက်ရန်မသိသည်မှာ သူလူတစ်ရာကိုအနိုင်ယူဖြင့် ပန်းတိုင်သို့ မရောက်မီ လင်းမို့က ငွေလအဆင့်သို့ ရောက်နိုင်သည်ကိုပင် ။
လီကျားရွှမ်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ တစ်သိန်းကျော်သွားပြီဖြစ်သည် ။
လူထောင်ပေါင်းများစွာက လိုက်(live) တွင် ဆွေးနွေးနေကြ၏ ။ မနာလိုသူ တစ်ချို့မှာ လင်းမို့ ထွက်လာသည်နှင့် လှောင်ပြောင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြသည် ။
" မိနှစ် နှစ်ဆယ်တောင် ရှိသွားပြီ.. လင်းမို့က ထိန်းထားနိုင်တုန်းပဲ.. "
" လင်းမို့က စာမေးပွဲသုံးခု အမှတ်ပြည့်ရထားတဲ့သူပဲ ဒီလောက်တော့ ရှိမှာပေါ့.. ဒါပင်မယ့် သူ ထွက်လာခံနီးလောက်ပြီ.."
" လင်းမို့ အခု မြေဆွဲအားခန်းထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတာ သိချင်လိုက်တာ.. "
" ဘာဖြစ်ရမှာလဲဟ.. ခုလောက်ဆို အံကြိတ်ထားရလောက်ပြီ.. ကြည့်ထား ခဏနေရင် ထွက်လာလောက်တယ် .."
လင်းမို့ အိပ်စက်နေမည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ချေ ။
ကြည့်ရှုနေသူ သိန်းဂဏန်းက အိပ်နေသူတစ်ယောက်အား စောင့်ကြည့်နေမိခြင်းပင် ။