← Chapters

သမိုင်းမှတ်တမ်း ချိုးဖျက်ခြင်း

Vol. 12 Ch. 169

သမိုင်းမှတ်တမ်း ချိုးဖျက်ခြင်း

Vol. 12 Ch. 169

အချိန်တစ်နာရီက လွန်မြန်စွာ ကုန်ဆုံးသွားသည် ။

လင်းမို့အား ဆန့်ကျင်ပြောဆိုနေကြသူများ၏ အသံက တဖြည်းဖြည်း တိုးလာ၏ ။

" တစ်နာရီ ကျော်သွားပြီ.. "

" လင်းမို့က မြေဆွဲအား အဆလေးဆယ်နဲ့ တစ်နာရီကျော်တောင် နေနိုင်တာပဲဟ.. မြေဆွဲအား ဆယ်ဆနဲ့ အဆလေးဆယ်နဲ့ အရမ်းကွာတယ်နော်.. "

" ဒါ လင်းမို့ရဲ့ ပထမဆုံးအကြိမ်မှ ဟုတ်ရဲ့လား.."

" လင်းမို့က ပထမနှစ်ကော ဟုတ်ရဲ့လား.. "

တိုက်ရိုက်ထုတ်လွှင့်နေသော လီကျားရွှမ်က လင်းမို့ အဆဲခံရသည်ကိုသာ မြင်ချင်ပေသည် ။ ထိုမှသာ သူ၏ ခံစားချက်များ သက်သာလာမည်ဖြစ်သည် ။

' ဟမ့် မင်းငါ့အချိန်ကတ်ကို ယူရတာ လွယ်မယ်ထင်သလား.. မင်းကို လူထောင်ဂဏန်းလောက် ဝိုင်းဆဲခိုင်းလိုက်မယ်. .'

သူ စိတ်လှုပ်ရှားစွာဖြင့် တွေးနေ၏ ။ သို့သော်လည်း တစ်ခုခုမှားနေသည်ကို မြင်လိုက်ရသည် ။ လင်းမို့၏ ဟာသအား လူတိုင်းကို မြင်စေချင်သော်လည်း တစ်နာရီကျော်လာသောအခါ ချီးကျူးသံများ ထွက်ပေါ်လာသည် ။ သူလင်းမို့၏ ဂုဏ်သတင်းအား မြှင့်တင်ပေးသလို ဖြစ်နေ၏ ။ ဤသည်ကို သူ မမျှော်လင့်မိခဲ့ ။ သူကြည့်နေရင်း ဒေါသပိုထွက်လာသည် ။

ပြောဆိုနေကြသည့် အကြောင်းအရင်းအား ချက်ချင်းခေါင်းစဥ်ပြောင်းပေးလိုက်သည် ။

" လင်းမို့က မြေဆွဲအားခန်းကို ဆယ့်နှစ်နာရီ ဆက်တိုက်ယူထားတာနော်.. "

လီကျားရွှမ်၏ စကားကို တုန့်ပြန်သူများ ပေါ်လာ၏ ။ ထိုသည်ကသာ မှန်ကန်သော လမ်းကြောင်းဖြစ်သည် ။ လင်းမို့၏ ဖြုန်းတီးမှုကို လူမြင်အောင် ပြပေးရပေမည် ။

လီကျားရွှမ်က ဆက်ပြောလိုက်သည် ။

" မြေဆွဲအားခန်းထဲမှာ လင်းမို့ရဲ့ စွမ်းဆောင်နိုင်မှုက တကယ်အံ့သြစရာပဲ.. လင်းမို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု နဲ့ အခြေခံ ခိုင်မာမှုက ပြောစရာ မရှိလောက်အောင်ကို ကောင်းတယ်.. ဒါပင်မယ့် အချိန်နှစ်နာရီက ပထမဆုံးအကြိမ်ဝင်တယ့် သူတွေအတွက် အကန့်အသတ်ပဲ.. ပြီးတော့ သူက 40G ဆွဲအားထိ မြှင့်ထားတော့ နှစ်နာရီထိအောင် ခံနိုင်ပါ့မလား.. "

လီကျားရွမ်၏ စကားကြောင့် လူများစွာက စတင်ဆွေးနွေးကြတော့သည် ။

" ဟုတ်တယ် အဆလေးဆယ်နဲ့ဆို နှစ်နာရီတောင် ခံမှာ မဟုတ်ဘူး.. သူ တစ်နာရီခံနိုင်တာတောင် တော်တော်များနေပြီ.. ဂြိုလ်ပြာရဲ့ ဆွဲအားနဲ့ အချိန်အကြာကြီး နေလာတာ သူကြာလေ ခံရခက်လေ ဖြစ်လာမှာ.. "

" ငါဆို မြေဆွဲအားခန်းထဲ ပထမဆုံးအကြိမ်ဝင်တုန်းက မိနှစ်လေးဆယ်ပဲ ကြာတယ်.. ဒါတောင် လေးဘက်ထောက်ထွက်လာရတာ.. စားထားသမျှ အကုန်ပြန်အန်ရောပဲ.. "

" လင်းမို့က ပါရမီ ဘယ်လောက်ကောင်းကောင်း လူသားဖြစ်နေတုန်းပဲလေ.. "

" နှစ်နာရီပဲ နေနိုင်မှာကို ဆယ့်နှစ်နာရီ ယူထားတယ်တဲ့လား.. တစ်ပတ်ကို တစ်နာရီလောက်ပဲ ဝင်ခွင့်ရတဲ့ သူတွေဘယ်လိုခံစားရမလဲ သူ မစဥ်းစားဖူးဘူးလား.. "

လင်းမို့၏ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ ကြီးမြတ်သောနေတံဆိပ် အသိအမှတ်ပြု အကောင့်ဖြင့် အမည်မသိ နေအလင်းအဆင့်တစ်ဦး ရောက်လာ၏ ။

" လင်းမို့ရဲ့ ခန္ဓာကိုယ်ပါရမီက အထင်ကြီးစရာပဲဲ .. ဒါပင်မဲ့ သူက လက်သီးပြင်းအားကို အဓိကထားပြီး မလေ့ကျင့်သင့်ဘူး.. အခြားအားနည်းတဲ့ ကဏ္ဍတွေဘက်ကို အားစိုက်ပြီးလေ့ကျင့်သင့်တယ်.. ဒီတိုင်းသာ ဆက်ပြီးလေ့ကျင့်နေရင် နောက်ပိုင်း သူရဲ့ သိုင်းပညာလမ်းစဥ်က ရပ်တန့်သွားနိုင်တယ် .."

သူက လင်းမို့ အားနည်းချက်ကို ထောက်ပြပြီး ဖြုန်းတီးမှုအတွက် ဆက်လက်ရှုံ့ချသည် ။

" လူတိုင်း မြေဆွဲအားအခန်းက ဘယ်လောက် ရှားပါလဲဆိုတာ သိကြမှာပေါ့.. ခုလင်းမို့က အချိန်ဆယ်နာရီကို ဒီအတိုင်းဖြုန်းတီးပစ်တော့မယ် .. ငါတစ်ခု မေးချင်တာက ပါရမီကောင်းတာနဲ့ပဲ ပြည်သူပိုင်အရင်းအမြစ်တွေကို ဖြုန်းတီးခွင့် ရှိတာလား.. ဒီကိစ္စကို ကျန်းနန် တက္ကသိုလ်က အပြစ်ပေးသင့်တယ်လို့ ငါတော့ထင်တယ်.. "

နေအလင်းအဆင့် ဟူသည်က မည်သည့်နေရာတွင် ဖြစ်စေကာမူ ဆရာကြီးတစ်ပါးဖြစ်သည် ။ သူအား ထောက်ခံသူ များစွာပေါ်လာ၏ ။

" ဟုတ်တာပေါ့ ဒီလို ဖြုန်းတီးမယ့်အစား မရှိတဲ့ သူတွေကို ပြန်မျှပေးလိုက်တာက မကောင်းဘူးလား.."

" ကျန်းနန်တက္ကသိုလ်က လင်းမို့ ဖြုန်းတီးဖို့ အချိန်ကတ် ဘယ်လောက်တောင် ထောက်ပံ့ထားတာလဲ.. "

" ပါရမီရှင် ဖြစ်ရတာ ကောင်းလိုက်တာ.. ငါသာ အဲ့လောက်အချိန်ကတ် ရရင် သုံးလို့တောင် ကုန်မှာ မဟုတ်ဘူး.. "

" လင်းမို့က ပါရမီရှင်တစ်ယောက်အဖြစ် မွေးလာတာ ကံကောင်းလိုက်တာ.. "

" ငါ့မှာသာ သူ့လောက် ပါရမီ ရှိရင် ငါ့အောင်မြင်မှုက သူ့ထက်တောင် ကျော်နေအုံးမယ်.. "

ဝေဖန်သံများက ပေါ်ထွက်လာသည် ။ လင်းမို့ အသုံးပြုနေသော ကတ်များမှာ ကျောင်းက ထောက်ပံ့ပေးထားခြင်း မဟုတ်ဘဲ လောင်းကြေးတိုက်ပွဲမှ အနိုင်ရခဲ့သည်ကို ကျန်းနန် သိုင်းလောကတွင်သာ လူသိများ၏ ။

ယခု ကြည့်နေကြသူ အများစုမှာ ရှားနိုင်ငံ၏ တခြားဒေသများမှ ဖြစ်သဖြင့် ထိုအကြောင်းကို မသိကြ ။ ကျန်းနန်တက္ကသိုလ်ကို ဝိုင်း၍ အပြစ်တင်ကြတော့သည် ။

" နှစ်နာရီတောင် နီးနေပြီ လင်းမို့ အကန့်အသတ်ကို ရောက်နေလောက်ပြီ.. "

" လင်းမို့ ဘယ်လို ထွက်လာမယ်ထင်လဲ.. မတ်တပ်တောင် ရပ်နိုင်ပါတော့မလား.. "

" ငါတော့ သူတွားသွားပြီး ထွက်လာမယ်ထင်တယ်.. "

နှစ်နာရီ ကျော်လာသော်လည်း အခန်း ၇၇၇ ၏ သတ္တုတံခါးက အရင်အတိုင်း မပြောင်းလဲပေ ။

" အယ်.. "

" လင်းမို့က ထွက်မလာသေးဘူးဟေ့.."

" ခုချိန်လောက်ဆို သူ့ခန္ဓာကိုယ်က မခံနိုင်လောက်တော့ဘူး.. စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဆက်တင်းထားတာနေမယ်.. "

" ဟုတ်သား.. လင်းမို့ စာမေးပွဲတုန်းက စိတ်စွမ်းအား အမှတ်ပြည့်ရထားတာကို ငါမေ့သွားတယ်.. "

" ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြာလှ နောက်ထပ် မိနှစ်နည်းနည်းပေါ့ဟ.. "

နောက်ထပ် နာရီဝက် ကြာသွား၏ ။

" ဘာလဲဟ.. လင်းမို့က ဘာလို့ ထွက်မလာသေးတာလဲ.. "

" လင်းမို့က ကြိုးအဆုံးကို ရောက်နေပြီ မဟုတ်ဘူးလား.. ကြိုးအဆုံးကလည်း ရှည်လိုက်တာ.. "

" ပထမဆုံး အကြိမ် ဒီလောက်အကြာကြီးနေနိုင်တဲ့သူတွေကို လက်တစ်ဖက်ထဲနဲ့ ရေလို့ရတယ်နော်.. ပြီးတော့ တခြားသူတွေက 10Gနဲ့ လင်းမို့က 40G နဲ့ .."

" ကြမ်းလိုက်တာ.. "

ယခုအချိန်တွင် ဝေဖန်သံများ ပျောက်သွားပြန်သည် ။ လင်းမို့၏ စွမ်းဆောင်ရည်ကို ချီးကျူးကုန်ကြ၏ ။

" လင်းမို့က 40G နဲ့ မြေဆွဲအားအခန်းရဲ့ စံချိန်ကို ချိုးဖျက်မလို့လား.. "

" သူအောင်မြင်လို့ကတော့ သောက်ရမ်း မိုက်ပြီ.. "

" သုံးနာရီနေနိုင်ရင်တောင် ကိုးနာရီ ဖြုန်းတီးတာပဲ မဟုတ်ဘူးလား.. "

လီကျားရွှမ်က ဝင်ပြောမိ၏ ။

မကြာမီ သုံးနာရီ ပြည့်သွားသည် ။

" ရှီး... စံချိန်ချိုး သွားပြီဟေ့.. "

" လင်းမို့က ဘာလို့ ထွက်မလာသေးတာလဲ.. "

" ရှင်းရှင်းလေးကို ..စံချိန်တင်မှတော့ အမြင့်ဆုံး ရောက်တဲ့အထိ ထိန်းထားမှာပေါ့ဟ.. ငနွားရဲ့.. "

" လင်းမို့ ဘယ်လောက်အထိ ကြာအောင် နေနိုင်မှာလဲ.. "

လိုက်(live) အတွင်း ထိတ်လန့်သံများနှင့် ပြည့်နေ၏ ။ လင်းမို့ မည်မျှအထိ စံချိန်တင်နိုင်မည်ကို စောင့်ကြည့်နေသူ တစ်သန်းကျော်သွားပြီ ဖြစ်သည် ။

All Chapters