← Chapters

အရူးများ

Vol. 12 Ch. 170

အရူးများ

Vol. 12 Ch. 170

      " သုံးနာရီ ရှိသွားပြီ.. "

လီကျားရွှမ်တို့ အနည်းငယ် စိတ်ပူလာကြသည် ။

သူတို့ ဤနေရာသို့ ရောက်နေသည်မှာ မြေဆွဲအားခန်း ကုန်းဆင်းရန်ပင် ။ သူတို့က တစ်ယောက် နှစ်နာရီ ဝင်ရန် ဆုံးဖြတ်ထားသော်လည်း ယခု နှစ်နာရီစီ မရနိုင်တော့ ။ သူတို့ခွဲဝေရန် ကိုးနာရီသာ ကျန်တော့သည် ။

'' လင်းမို့ ခုထွက်လာရင် ငါတို့ တစ်ယောက်ကို တစ်နာရီနဲ့ မိနစ်လေးဆယ် ရနိုင်သေးတယ်.. ''

သူတို့ ငါးယောက်လုံး သိပ်မပျော်ကြတော့ ။

" ငါတစ်ခုလောက် တောင်းဆိုလို့ရမလား.."

လီကျားရွှမ်က...

" မင်းတို့လည်း သိပါတယ်.. ငါက လင်းမို့ဆီမှာ အချိန်ကတ် ဆယ်ကတ် ပေးထားရတာ.. အချိန်ခွဲရင် ငါ့ကို နဲနဲ လောက် ပိုပေးပါလား.."

လီကျားရွှမ်က သူ၏ တောင်းဆိုမှုသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိ၏ ။ ယခု လင်းမို့၏ သိုးမွှေးကို ရိတ်သိမ်းရန်လာကြသော်လည်း ထိုသိုးမွေးများ၏ အရင်းအမြစ် တစိတ်တပိုင်းမှာ သူ့ထံမှ ဖြစ်သည် ။ သူ၏ သိုးမွှေးအနည်းငယ်ကို ပြန်လိုချင်မိပေသည် ။

" မင်းဘာတွေ တွေးနေတာလဲ.. မင်းက ဘာကောင်မလို့ ပိုပေးရမှာလဲ.. "

တခြားတစ်ယောက်က ဝင်၍ ကျိန်ဆဲလိုက်သည် ။

" ငါတို့တောင် မလောက်တာကို ဘာလို့ မင်းကို ပိုပေးရမှာလဲ.. "

" ဟုတ်တယ်.. "

ဖုန်ကျစ်ဝေက ဝင်ပြော၏ ။

" အပိုလိုချင်ရင် အိမ်မက်သာ မက်နေလိုက်.. "

လင်းမို့ ထွက်မလာသေးသော်လည်း ခွဲတမ်းအတွက် ငြင်းခုံနေကြလေပြီ ။

မြေဆွဲအား အခန်းထဲတွင် လင်းမို့ နိုးလာ၏ ။

' ဟမ်.. သုံးနာရီပဲ ရှိသေးတာလား..'

မြေဆွဲအားအခန်းထဲရှိ မှန်သားပြင်ကို ကြည့်လိုက်ရာ အချိန်သုံးနာရီသာ ကုန်ဆုံးသေးသည်ကို တွေ့လိုက်ရသည် ။ သူ ခြောက်နာရီလောက် အိပ်စက်ပြီးပြီဟု ထင်လိုက်မိပေသည် ။

' သုံးနာရီ ဆိုတော့ ငါ့လက်သီးပြင်းအားက ဘယ်အထိ တိုးလာလဲ.. '

လင်းမို့ စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ လက်သီးပြင်းအားက ၁၉၀၀၀ ကီလို ကျော်နေသည်ကို တွေ့လိုက်ရသည် ။ ၁၉တန်ပင် ။

ကြယ်ငါးပွင့် သိုင်းပညာရှင်တစ်ဦး၏ လက်သီးပြင်းအားမှာ ၁၂ တန်မှစ၍ တန် ၂၀ သို့ရောက်လျှင် ကြယ်ခြောက်ပွင့်သို့ ရောက်သွားပေမည် ။ သူ ကြယ်ခြောက်ပွင့်သို့ ရောက်ခံနီးလေပြီ ။

' အဆင့်တက်ရတာ လွယ်လိုက်တာ.. '

လင်းမို့ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည် ။

' ငါ ကြယ်ငါးပွင့်ရောက်တာတောင် မကြာသေးဘူး ခုကြယ်ခြောက်ပွင့် ရောက်တော့မယ်.. ငါ ဆယ့်နှစ်နာရီပြည့်လို့ အပြင်ပြန်ထွက်ရရင် ကြယ်ခုနှစ်ပွင့်ကို ရောက်နေလောက်ပြီ.. '

တစ်ရက်အတွင်း ကြယ်ငါးပွင့်မှ ကြယ်ခုနှစ်ပွင့်သို့ အဆင့်တက်နိုင်သည့်သူ ဤဂြိုလ်ပြာကြီးတွင် ရှိအံမထင် ။

' မြေဆွဲအားအခန်းက နွေးနွေးလေးဆိုတော့ အိပ်လို့လဲ ကောင်းသား.. '

နေအတု၏ အပူချိန်က အပြင်ထက် အဆလေးဆယ်ဖြစ်သည် ။ အခန်းတွင်း အပူချိန်က တစ်ရာဒီဂရီ ကျော်၏ ။ ကျောင်းမှ ထုတ်ပေးထားသော ယူနီဖောင်းများ၏ ကြံ့ခိုင်မှုကြောင့်သာ မီးထမလောင်ခြင်းဖြစ်သည် ။

သို့သော်လည်း လင်းမို့၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့် ပူသည်ဟုပင် မခံစားရ ။ ဆောင်းရာသီ၏ နွေးထွေးသော နေအလင်းရောင်ကဲ့သို့ပင် ။ အိပ်စက်ရန် အသင့်တော်ဆုံးဖြစ်သည် ။

လင်းမို့ မျက်တောင်ပုတ်ခပ်ပုတ်ခပ် ဖြစ်သွားသည် ။ သူ၏ လက်သီးပြင်းအားက တန် ၂၀ ကို ကျော်လွန်သွားပြီး ကြယ်ခြောက်ပွင့် အဆင့်သို့ ရောက်သွား၏ ။

လင်းမို့ သက်တောင့်သက်သာဖြင့် ပြန်၍ အိပ်ပျော်သွားသည် ။

အပြင်တွင် စောင့်နေကြသော ဖုန်ကျစ်ဝေတို့ တစ်သိုက်မှာ လှုပ်လှုပ်ရွရွ ဖြစ်နေကြလေသည် ။ အချိန်က သူတို့ မသိလိုက်ခင်မှာပင် ခြောက်နာရီ ကြာသွား၏ ။

' လင်းမို့က ထွက်မလာသေးဘူးလား..'

မန်နေဂျာကျန်းယွမ်က ထိတ်လန့်ရုံသာမက ရှက်လည်း ရှက်သွားသည် ။ သူသည် ကုန်းဆင်းရန် ပါရမီများကို ဖိတ်ခေါ်ခဲ့သော်လည်း ယခုအခြေအနေအရ အချိန်များစွာ ကျန်တော့မည် မဟုတ်ပေ ။

" 40G နဲ့ကို ခြောက်နာရီတောင်ရှိပြီ.. "

လီကျားရွှမ်က...

" အကိုကျန်း အထဲမှာ မတော်တဆ တစ်ခုခု ဖြစ်နေမယ်ထင်လား.. "

သူမေးကြည့်ရုံသာ တက်နိုင်တော့သည် ။

" မတော်တဆ မဖြစ်နိုင်ဘူး.. "

ကျန်းယွမ်က...

" မြေဆွဲအားခန်းမှာ ညဏ်ရည်တု ရှိတယ်လေ.. တစ်ခုခုမှားတယ်ထင်ရင် အလိုလို စက်ရပ်သွားလိမ့်မယ်.. တံခါးက အလိုလို ပွင့်လာမှာ ခုဘာမှ မဖြစ်တော့ လင်းမို့က အေးဆေးပဲထင်တယ်.. "

ဖုန်ကျစ်ဝေပင် ဖိအားတချို့ ခံစားလိုက်မိသည် ။ အဆောင်လဲရန် စိန်ခေါ်သည်ကို ဟာသတစ်ခုအဖြစ် ထင်ခဲ့သော်လည်း ယခုအခြေအနေအရ လင်းမို့တွင် သူ့အား စိန်ခေါ်ရန် လုံလောက်သော ခွန်အားရှိပေသည် ။

' လင်းမို့က ဘယ်လောက်သန်မာလဲ.. '

သူ အလေးအနက်ထားရန် လိုမှန်း သိလိုက်သည် ။ သို့သော် သူ့တွင် ယုံကြည်မှု အပြည့်အဝ ရှိနေသေး၏ ။

' လင်းမို့ ဘယ်လောက် သန်မာသန်မာ ငါ့လောက်တော့ သန်မာမှာ မဟုတ်ဘူး.. ငါက ကြယ်ခုနှစ်ပွင့် ရောက်နေပြီပဲ.. '

ဖုန်ကျစ်ဝေသည် တက္ကသိုလ်သို့ ရောက်သည်မှာ နှစ်နှစ်ကျော်သာ ရှိသေးသော်လည်း ကြယ်ခုနှစ်ပွင့်သို့ ရောက်နေပြီ ဖြစ်သည် ။ လက်ကျန် နှစ်နှစ်နီးပါးအတွင်း ငွေလအဆင့်အထိ ရောက်နိုင်ပေသည် ။

' ခုမှ တက္ကသိုလ်ကို ရောက်တဲ့ လင်းမို့က ငါ့ကို စိန်ခေါ်ချင်တာလား ..'

ဖုန်ကျစ်ဝေက အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည် ။

' ငါ သူ့ကို မနိုင်ရင် ဒီနှစ်တွေမှာ ငါကြိုးစားခဲ့တာတွေက အလကားဖြစ်ကုန်မှာပေါ့ ..'

မြေဆွဲအားခန်း အပြင်ဘက်...

ဖုန်ကျစ်ဝေ ၊ ကျန်းယွမ် ၊ လီကျားရွှမ်နှင့်ကျန်သူများမှာ စကားမပြောကြတော့ပေ ။ အချိန်က နောက်ထပ် သုံးနာရီ ကုန်ဆုံးသွားလေပြီ ။ လင်းမို့ မြေဆွဲအားအခန်းထဲတွင် နေသည်က ကိုးနာရီပင် ရှိသွားပြီဖြစ်သည် ။

နေမင်းကြီးက ဝင်သွားပြီဖြစ်၍ အမှောင်ထုက တိတ်တဆိတ် ကြီးစိုးလာ၏ ။

" လင်းမို့က ဆယ့်နှစ်နာရီ ပြည့်အောင် နေနိုင်မယ်ထင်တယ်.. စောပြီး ပြန်ထွက်လာမယ် မထင်တော့ဘူး.."

လီကျားရွှမ် နှင့် ကျန်လူများ စကားမပြောဘဲ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြ၏ ။

'' လင်းမို့ ခုချိန်ထွက်လာရင်တောင် တစ်ယောက်ကို ဘယ်နှမိနစ် ရတော့မှာ မလို့လဲ.. ''

" နာရီဝက်စီပေါ့ .."

" ဆုတောင်းလေ.. ခုလိုအတိုင်းသာဆို လင်းမို့ အချိန်မပြည့်ခင် ထွက်မလာမှာ သေချာသွားပြီ.. သူ ဆယ့်နှစ်နာရီနေနိုင်တာသိလို့.. ဆယ့်နှစ်နာရီစာ အချိန်ကတ်ပေးသွားတာပဲ .."

" ချီး အဲ့တာဆို ငါတို့က ဒီနေ့ အချိန်သက်သက်မဲ့ လာဖြုန်းနေမိတာပေါ့.. "

အချိန်ကတ်များက အဖိုးတန်သော်လည်း ပါရမီရှင်များ လေ့ကျင့်ရန်အချိန်ကလည်း အဖိုးတန်ပေသည် ။

သူတို့က လင်းမို့အား အရူးထင်၍ အချိန်ကတ် ကုန်ဆင်းနိုင်ရန် လာစောင့်နေကြသော်လည်း အမှန်တကယ်ရူးနေကြသူများမှာ သူတို့သာ ဖြစ်နေ၏ ။

All Chapters