တက်ကြွနေသည်လော
Vol. 12 Ch. 171
" ငါသွားတော့မယ် .."
ဖုန်ကျစ်ဝေက ဆက်လက်စောင့်ဆိုင်းနေလျှင်ပင် ကုန်းဆင်းရန် မဖြစ်နိုင်မှန်း သိသွားပြီး ပြန်ရန် ဆုံးဖြတ်လိုက်သည် ။
" ဒီနေ့ ဘာမှ မဟုတ်ဘဲနဲ့ အချိန်တွေ ဖြုန်းမိပြီ.. စောစောပြန်ပြီး တစ်ညလုံး လေ့ကျင့်ရမယ် .."
ဖုန်ကျစ်ဝေက ခေါင်းယမ်းပြီး ထွက်သွားတော့သည် ။
" ငါလည်း သွားတော့မယ်.. "
" ဆက်စောင့်နေလည်း အချိန်ဖြုန်းရုံ ရှိတာပဲ.. "
နောက်ဆုံးတွင် စောင်နေသူငါးယောက်ထဲမှ လီကျားရွှမ် တစ်ယောက်သာ ကျန်တော့သည် ။
' ငါ မသွားဘူး.. '
လီကျားရွှမ်က စိတ်ကို ထိန်းထား၏ ။
' လင်းမို့က ဆယ့်တစ်နာရီထိ ခံနိုင်ရည်ရှိမယ်လို့ ငါမယုံံဘူး.. ခု လေးယောက်လုံး ထွက်သွားပြီဆိုတော့ ကျန်တဲ့ အချိန်ကို ငါတစ်ယောက်ထဲ သုံးရတော့မယ်.. '
လင်းမို့သည် ယခုချက်ချင်းထွက်လာပါက သူသုံးနာရီနီးပါး ကုန်းဆင်းနိုင်မည်ပင် ။
' စောင့်ရမယ်.. စောင့်ရမယ်.. '
လီကျားရွှမ် သူ့ကိုယ်သူ အားပေးလိုက်၏ ။
သို့သော်လည်း လင်းမို့က သူ၏ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့ပေသည် ။
ဆယ်နာရီ.. ဆယ့်တစ်နာရီ.. ဆယ်နှစ်နာရီ ပြည့်ခံနီး..
ယခုအချိန်အထိ သတ္တုတံခါးက ပွင့်လာမည့်ဟန် မပေါ်သေး ။ လီကျားရွှမ်က ဆက်လက် တိုက်ရိုက်ထုတ်လွှင့်နေဆဲပင် ။ လိုက်(live) အတွင်း လင်းမို့အား အားပေးနေသော အသံများဖြင့်သာ ပြည့်နေတော့သည် ။
" ဇွဲကောင်းလိုက်တာ.. ဆယ်နှစ်နာရီ ပြည့်တော့မယ် ကြိုးစားထားဟေ့.. "
" လင်းမို့က ငါမြင်ဖူးသမျှလူတွေထဲမှာ ခံနိုင်ရည်အကောင်းဆုံးပဲ .."
" လင်းမို့က လွဲရင် ဘယ်သူက ဆယ့်နှစ်နာရီကြာအောင် နေနိုင်မှာလဲ.. "
" ဂြိုလ်ပြာကြီးရဲ့ ခံနိုင်ရည်အကောင်းဆုံး လင်းမို့တဲ့ကွ.. "
" ဆယ့်နှစ်နာရီ ပြည့်တော့မယ်ကွ.. လင်းမို့ထွက်လာတော့မယ်.. သူ့ကို အားပေးရအောင် အကုန်လုံး ခံနိုင်ရည်အကောင်းဆုံး လင်းမို့လို့ မန့်သွားကြ.. "
အဆင့်မြင့် ကလပ်တစ်ခုတွင်...
ဟောက်ရန်က တစ်နေကုန် ဓားကြီးကစားနေခဲ့၏ ။
ဖုန်းကို ဖွင့်ကြည့်လိုက်ရာ သူအံ့အားသင့်သွားသည် ။
' လီကျားရွှမ်က လိုက်(live) လွှင့်နေတုန်းလား.. အကိုမို့က မြေဆွဲအားအခန်းထဲက မထွက်သေးဘူးပေါ့.. '
ဟောက်ရန် နှိပ်ကြည့်လိုက်သည် ။ အထဲသို့ ရောက်သည်နှင့် သတ္တုတံခါးပေါ်ရှိ ကြာချိန်ကို မြင်လိုက်ရ၏ ။
" ရှီးးးး..."
သူ ထိတ်လန့်သွားသည် ။
' အကိုမို့က ဆယ့်နှစ်နာရီကြာတဲ့အထိ ခံနိုင်ရည်ရှိတာပဲ ..'
ဟောက်ရန်၏ ဘေးတွင် လှပသော မိန်းမငယ်လေးတစ်ယောက် ပျင်းရိစွာ လဲလှောင်းနေ၏ ။ သို့သော် ဆယ့်နှစ်နာရီ နှင့် ခံနိုင်ရည်ဟူသော စကားကို သူမ ကြားလိုက်ရလျှင် မျက်လုံးများ တောက်ပလာသည် ။
" ဟောက်ရန်ကိုကို.. ဘယ်သူက ဆယ့်နှစ်နာရီအထိ ခံနိုင်ရည်ရှိတာလဲ.. "
သူမ စပ်စုချင်လာသဖြင့် မေးလိုက်၏ ။
" ငါ့ အကိုမို့လေ.. "
ဟောက်ရန်က ဂုဏ်ယူဟန်အပြည့်ဖြင့် ပြန်ဖြေလိုက်သည် ။
" အကိုမို့တဲ့လား.."
အကိုမို့ဆိုသူကို သူမ မသိ ။ သူမ စိတ်ဝင်စားသွားပြီး...
" ဟောက်ရန်ကိုကို ညီမကိို အကိုမို့နဲ့ တစ်ခါလောက် မိတ်ဆက်ပေးပါလား .."
" မင်းနဲ့လား.. "
ဟောက်ရန်က အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး...
" အကိုမို့က အဲ့လိုကောင်လား.. "
ဟောက်ရန်က အိပ်ရာပေါ်မှထ၍ ဘောင်းဘီဝတ်ရန် ပြင်သစ်ပြတင်းပေါက်၏ ရှေ့တွင်ရပ်၍ အပြင်သို့ ကြည့်လိုက်မိသည် ။ ကျန်းနန်မြို့၏ ညအချိန် ရှုခင်းက သာယာလှပေသည် ။
" ဟူး.. "
ဟောက်ရန်က ဘောင်းဘီဝတ်ပြီး သည်နှင့် သက်ပြင်းချလိုက်မိသည် ။ လွန်ခဲ့သော လဝက်က သူသည် ဤသို့သော လူငယ်မျိုးမဟုတ် ။ သူကျန်းနန် တက္ကသိုလ်သို့ ရောက်စဥ်ကစပြီး တဏှာနွံ အတွင်းသို့ ကျဆင်းနစ်မြုပ်ခဲ့၏ ။
သူ လေးလေးနက်နက် တွေးလိုက်မိသည် ။
' အကိုမို့က တနေကုန် ကြိုးစားနေတဲ့အချိန်မှာ ငါက အပြင်မှာ ပျော်စရာပဲ ရှာနေခဲ့တယ်.. '
ဟောက်ရန်သည် သူ၏ ဘဝက အဓိပ္ပါယ်မရှိဟု ရုတ်တရက် ခံစားမိလိုက်၏ ။
' ဒီနေ့က စပြီး ငါ ဟောက်ရန် အဝါရောင် ( လိင်မှုကိစ္စရည်ညွှန်းခြင်း) နဲ့ တစ်ကမ္ဘာထဲမှာ အတူတူ မနေနိုင်တော့ဘူး.. '
ဟောက်ရန် ပြတ်ပြတ်သားသား တွေးလိုက်သည် ။
' ယောကျ်ားကောင်းတစ်ယောက် ပြောတဲ့စကားက ရွှေထက် တန်ဖိုးရှိတယ်.. ဒီနေ့က စပြီး ငါ ဓားကြီးလောကကို ကျောခိုင်းတော့မယ်.. '
ထိုအခိုက် ညဏ်အလင်းရသွားသော ဟောက်ရန်၏ မျက်လုံးများက ထွန်းလင်းတောက်ပနေသော ကြယ်အသွင် တဖျတ်ဖျတ် တောက်ပလာသည် ။
' ကျောင်းပြန်မယ်.. တစ်ညလုံးလေ့ကျင့်မယ်.. '
အဝတ်အစား ဝတ်ဆင်ပြီးသည်နှင့် အပြင်သို့ ထွက်လာခဲ့သည် ။ ထိုအချိန်တွင် ဖုန်းဝင်လာ၏ ။
' အကို ဟွမ်ဝေပါလား.. '
သူ အမြန်ကိုင်လိုက်၏ ။
" အကိုဟွမ်ဝေ မဂ်လာ ညချမ်းပါဗျ.. "
ဟွမ်ဝေက ဟောက်ရန်၏ သူငယ်ချင်းအသစ်ဖြစ်သည် ။ ကျန်းနန် သိုင်းဌာနတွင် အလုပ်လုပ်နေပြီး မှုခင်းနှိမ်နင်းရေး ဌာန၏ အဖွဲ့ဝင်တစ်ဦးပင် ။
သတင်း ကြိုတင်သိရရန် အပြီပေါင်းထား၏ ။ ဓားကြီးအဖမ်းခံရပြီး မကြာခဏ ထောင်ထဲသို့ ရောက်နေပါလျှင် သိပ်အဆင်မပြေ ။ သူ့အဖေ ကောင်းဖန်း သံတုတ်ကိုင်၍ ကျန်းနန်သို့ လိုက်လာပေလိမ့်မည် ။
" ညီလေးဟောက်ရန်.. "
ဟွမ်ဝေက တည့်တည့်ပြောလိုက်သည် ။
" ဒီနေ့ည အပြင်မထွက်နဲ့ ကျောင်းမှာပဲနေ.. "
ဟောက်ရန်က ချက်ချင်း နားလည်သွားသည် ။
" အကိုဟွမ် စိတ်မပူနဲ့ ကျွန်တော်က တက္ကသိုလ်ကျောင်းသားလေ အဲ့လို လူလား.. "
" ဟားဟားဟား... "
ဖုန်းတဖက်မှ ဟွမ်ဝေက အားရပါးရ ရယ်လိုက်ပြီး...
" ဒါပဲ.. ငါအားတဲ့အချိန်မှ ကြီးကြီးမားမား ကစားကြမယ်.. "
" အကိုဟွမ် ..ကျွန်တော်မလုပ်.. "
ဟောက်ရန် စကားဆုံးအောင် မပြောလိုက်ရ ဟွမ်ဝေက ဖုန်းချသွား၏ ။
" ဟမ့်.. "
ဟောက်ရန်က မကျေမနပ်ဖြင့်...
" နောက်တွေ့ရင် ငါက သစ်ရွက်တစ်ရွက် ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားပြီဆိုတာ အကိုဟွမ် သိလိမ့်မယ်.. "
ဟောက်ရန်သည် ကလပ်မှ အပြေးထွက်လာခဲ့သည် ။ သူ ပြင်းပြင်းထန်ထန် လေ့ကျင့်နိုင်ရန် တက္ကသိုလ်သို့ ပြန်ရောက်ချင် လှလေပြီ ။
ဟောက်ရန် ကလပ်မှာ ပြန်ထွက်လာသည့်အချိန်တွင် လင်းမို့လည်း ဆယ့်နှစ်နာရီ ပြည့်သွားပြီဖြစ်သည် ။
မြေဆွဲအားခန်း၏ ဆွဲအားက ပုံမှန်ပြန်ဖြစ်သွားပြီး နေအတုက မှေးမှိန်လာသည် ။
" တက်.. ရွှီးးး..."
သတ္တုတံခါးက ပွင့်သွား၏ ။
" လင်းမို့ထွက်လာပြီ .."
" ဂြိုလ်ပြာရဲ့ ခံနိုင်ရည်အကောင်းဆုံး လူသား ထွက်လာပြီကွ.. "
" သူ လမ်းမှ လျောက်နိုင်သေးရဲ့လား.. "
အပြင်ဘက်တွင် လီကျားရွှမ်က တံခါးကို စေ့စေ့ကြည့်နေ၏ ။
' လင်းမို့ လေးဘက်ထောက်ထွက်လာတာ အကောင်းဆုံးပဲ.. '
သူမုန်းတီးစွာ တွေးလိုက်မိသည် ။ သူ လိုက်(live) လွှင့်ရသည့် ရည်ရွယ်ချက်မှာ လင်းမို့၏ ရှက်ရွံ့ဖွယ် မြင်ကွင်းအား ပြသချင်သောကြောင့်ပင် ။ ယခု ဆယ့်နှစ်နာရီ အထိ စောင့်နေရသော်လည်း လင်းမို့ အေးဆေးထွက်လာပါက သူငိုလျှင်ပင် မျက်ရည်ကျနိုင်တော့မည် မဟုတ်ချေ ။
' ထွက်လာနေပြီ.. '
လူရိပ်ကို လီကျားရွှမ် မြင်လိုက်ရ၏ ။ သူ အေးခဲသွားသည် ။
လင်းမို့က တက်ကြွနေသော ကြက်ဖကြီးအသွင် ရင်ကော့၍ ထွက်လာ၏ ။ ပင်းပန်နွမ်းနယ် နေသည့်လူဖြင့် မတူဘဲ ယခုမှ အိပ်ရာ မှ နိုးလာသည့် လူနှင့်ပင် တူနေချေသေးသည် ။
လိုက်(live ) အတွင်း ကြည့်ရှုနေသော မျက်လုံးများ ပြူးကျယ်သွားကြသည် ။
ကြည့်ရှုနေသူ အမျိုးသမီးများက အံ့အားသင့်လွန်းသဖြင့် လက်ဖြင့် ပါးစပ်ကို အုပ်လိုက်မိကြ၏ ။
" ဂြိုလ်ပြာရဲ့ ခံနိုင်ရည်အကောင်းဆုံး လူသားဆိုတယ့်အတိုင်းပဲ.. "