ဝမ်းနည်းစရာကောင်းသောနေ့ ၂
Vol. 12 Ch. 173
ဘက်ပေါင်းစုံမှ ပြိုင်တူ တိုးတက်ခြင်းက အကောင်းဆုံးပင်ဖြစ်သည် ။
ထို့အပြင် မြေဆွဲအားအခန်းထဲတွင် အိပ်စက်ခြင်းက ပျင်းစရာကောင်းလွန်းလှသည် ။ သူယခု အိပ်ရန် ကြိုးစားလျှင်ပင် အိပ်ပျော်တော့မည် မဟုတ် ။
သိုင်းလမ်းစဥ်ဆိုသည်က စိတ်ကိုချုပ်တီးထား၍ မဖြစ် ။ သူညဘက်တွင် စိတ်ပြေလျော့ စေရန် အပန်းဖြေရမည်ပင် ။
ဂဏန်းသွားမျှားခြင်းက အကောင်းဆုံး အပန်းဖြေခြင်းဖြစ်သည် ။
လင်းမို့က မြေဆွဲအားခန်း ဧရိယာမှ ထွက်သွားသော်လည်း လီကျားရွှမ်က ငိုင်တိုင်တိုင် ကျန်နေခဲ့၏ ။
' ငါဒီနေ့ အရူးတစ်ယောက်လိုပဲ.. "
သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ထားလိုက်ပြီ ဖြစ်သည် ။ လူသန်းချီ ကြည့်နေကြသည်ဖြစ်၍ ယွမ်သောင်းဂဏန်း ရနေပြီဖြစ်သော်လည်း ထိုငွေက သူ၏ ယနေ့ ဆုံးရှုံးမှုများကို မကာမိပေ ။
လီကျားရွှမ်သည် ကျန်းနန်တက္ကသိုလ်၏ စိတ်စွမ်းအားရှင် တစ်ဖြစ်လဲ ထိပ်တန်းပါရမီရှင်ဖြစ်သည် ။ သူ၏တနေ့တာ လေ့ကျင့်ရန် ပျက်ကွက်မှုက ငွေတစ်သောင်းထက် များစွာ အဖိုးတန်ပေသည် ။
ယနေ့ သူ၏ ကြိုးစားမှုကလည်း အရာမထင်ခဲ့ ။ လင်းမို့ ၏ ရှက်ရွံ့ဖွယ် မြင်ကွင်းကို အများသူငှာပြသရန် လိုက်(live) လွှင့်ခဲ့သော်လည်း လင်းမို့အား ကြော်ညာပေးသလို ဖြစ်သွားသည် ။
မြေဆွဲအားခန်း ကုန်းဆင်းရန် အချိန်လည်း မရလိုက် ။ ယခု လင်းမို့၏ အမည်မှာ ဂြိုလ်ပြာကြီးရှိ ခံနိုင်ရည် အရှိဆုံး လူသားအဖြစ် ကျော်ကြားသွားလေသည် ။
" ဟူး... "
လီကျားရွှမ်သည် တွေးရင်း ပို၍ စိတ်ဓာတ်ကျလာ၏ ။ သူ၏ ရင်တွင်းရှိ အပူများကို မှုတ်ထုတ်ရပေမည် ။
' သွားမယ်.. '
သူ၏ ဒေါသကို ထုတ်ပြရန် ယနေ့ည ဆယ်ယောက်တစ်ယောက် တိုက်ပွဲဝင်မည်ဟု ဆုံးဖြတ်လိုက်သည် ။
ပြီးနောက် လီကျားရွမ်က အားကုန် ပြေးတော့သည် ။ ဒေါသများက ပေါက်ကွဲထွက်ပေတော့မည် ။
လီကျားရွှမ်သည် ကျောင်းဂိတ်ဝတွင် ဟောက်ရန်နှင့် တည့်တည့်တိုး၏ ။
" အကိုလီ ဘယ်သွားမလို့လဲ.. "
ဟောက်ရန်က နှုတ်ဆက်လိုက်သည် ။
" မင်းနဲ့ ဘာဆိုင်လို့လဲ.. "
လီကျားရွှမ်က အခဲမကျေသေးသည့်အပြင် ယနေ့ ပို၍ ခံစားလာခဲ့ရသဖြင့် ဘုတော တောလိုက်၏ ။ သူ မရပ်ဘဲ ဆက်ပြေး သည် ။
" အာ.."
ဟောက်ရန်သည် ဘာဆက်ပြောရမည်မှန်း မသိ ။ သူ့ကို ဂြိုလ်ကြည့် ကြည့်သွားသော လီကျားရွှမ်ကို ကြည့်၍ တွေးလိုက်မိ၏ ။
' အချိန်ကတ်လေး ဆယ်ကတ်ပဲကို နှမြောတက်လိုက်တာ.. ဓားကြီးကစားရင် ကြ မင်းလောက် ရက်ရောတာ နှစ်ယောက်မရှိပဲနဲ့ ..'
ဟောက်ရန်က အချိန်ကတ်၏ တန်ဖိုးကို မသိ ။ သိလျှင် ထိုသို့ စဥ်းစားမည်မဟုတ်ပေ ။ သူသည် လီကျားရွှမ်အား စာနာသွားပေမည် ။
' ထားလိုက်ပါတော့.. ငါ့လို စိတ်သဘောထား ကြီးမြတ်တဲ့သူက သူနဲ့ ရန်ဖြစ်မှာမဟုတ်ဘူး.. '
ဟောက်ရန်က ဗိုက်ကိုပွတ်ရင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည် ။ သူ ပြသနာတစ်ခုကို ရုတ်တရက် စဥ်းစားလိုက်မိလေသည် ။
' အကိုလီ ဒီလောက် အမြန်ပြေးနေတာ ဓားကြီးသွားကစားမလို့လား.. '
သူတွေးကြည့်ရာ ထိုသည်က ဖြစ်နိုင်မည်ဟု ထင်လိုက်သည် ။ သူ၏ အတွေ့အကြုံအရ အမြန်ပြေးသင့်သည့် အခြားအကြောင်းမရှိ ။
' အကိုဟွမ်ပြောထားတာ ဒီည စပလိုင်းချက် ရှိတယ်တဲ့ .. အကိုလီတော့ အဖမ်းခံရတော့မှာပဲ.. '
လီကျားရွှမ်က ဤနှစ်ရက်အတွင်း သူ့အား မခေါ်သော်လည်း သူ၏ အကိုလီ ဖြစ်နေဆဲပင် ။ သူ၏ အကိုတစ်ယောက် မီးတွင်းထဲသို့ ခုန်ဆင်းနေသည်ကို မည်သို့ ကြည့်နေနိုင်မည်နည်း ။
ဟောက်ရန်က ပြေးလိုက်ရန် ပြင်လိုက်သော်လည်း သူ၏ ဝတုတ်တုတ် ပုတိုတို ခြေထောက်များကို ငုံ့ကြည့်မိလိုက်သည် ။ လီကျားရွှမ်အား မီအောင် ပြေးလိုက်ရန် ဖြစ်နိုင်မည့်ပုံ မပေါ် ။
သူက ဖုန်းထုတ်လိုက်ပြီး လီကျားရွှမ်အား ခေါ်လိုက်၏ ။ ဖုန်းဝင်သွားသည် ။ လီကျားရွှမ်က ဖုန်းချလိုက်၏ ။
ဟောက်ရန်က ထပ်ဆက်သော်လည်း လီကျားရွှမ်က သူ့အား ဘလော့သွားသည်ကို သိလိုက်ပေသည် ။
' အကိုလီက စိတ်ကောက်တက်တာပဲ.. '
ဟောက်ရန် ခေါင်းယမ်းလိုက်မိ၏ ။
' ဒီညတော့ အကိုလီ လွှတ်မယ် မထင်ဘူး.. '
ဟောက်ရန် ဆုံးဖြတ်လိုက်သည် ။ လီကျားရွှမ်အဖမ်းခံရလျှင် ဟိုင်းချန်မြို့တုန်းက ကဲ့သို့ သွားလည်ရပေမည် ။
လီကျားရွှမ်က ပြေးနေဆဲပင် ။ ဟောက်ရန်၏ ဖုန်းဝင်လာသည်ကို သူတွေ့သည်နှင့် ဖုန်းချ၍ ဘလော့လိုက်၏ ။
' ဟမ့် မင်းငါ့ကို တောင်းပန်ချင်တာလား.. ဆုတောင်းလေး.. နောက်ထပ်ရက်နဲနဲ တော့ ဘလော့ထားမယ်.. '
လီကျားရွှမ်က ဟောက်ရန် ဖုန်းဆက်သည်မှာ အချိန်ကတ် ကိစ္စ တောင်းပန်ရန်ဟု ထင်လိုက်သည် ။ သူ ဒေါသမပြေမချင်း လက်ခံမည်မဟုတ် ။
ကောင်းကင်အဆင့်များ၏ အမြန်နှုန်းက ကားများထက် ပိုမြန်သဖြင့် သူသွားနေကြ ကလပ်သို့ လျင်မြန်စွာ ရောက်လာခဲ့သည် ။
ဤကလပ်သို့ သိုင်းပညာရှင်များ မကြာခဏ လာကြသဖြင့် သိုင်းပညာရှင် မိန်းမပျိုလေးများ များစွာ ထားပေးထားလေသည် ။
လီကျားရွှမ် ကလပ်အတွင်းသို့ ဝင်လိုက်သောအခါ လင်းမို့အကြောင်းကို ဆွေးနွေးသံများ ကြားလိုက်ရ၏ ။
" လင်းမို့က ဂြိုလ်ပြာ တစ်ခုလုံးမှာ ခံနိုင်ရည်အကောင်းဆုံးတဲ့.. "
" အို.. ချစ်ချင်လိုက်တာ.. ဟီးဟီး.."
" ဆယ်နှစ်နာရီ ကြာတဲ့ သူတစ်ယောက်နဲ့တွေ့ရင် ဘယ်လို နေမလဲ မသိဘူး.. "
လီကျားရွှမ်က ပို၍ပင် ဒေါသထွက်သွားသည် ။
" မင်း.. မင်း..မင်း..... ပြီးတော့မင်း.."
သူက လှပသော သိုင်းပညာရှင်မိန်းမပျိုလေးဆယ်ယောက်ကို ညွှန်ပြ၍...
" ငါ့နောက် လိုက်ခဲ့.. ဒီနေ့ ဆယ်ယောက် တစ်ယောက် တိုက်မယ်.. "
လီကျားရွှမ်သည် ကလပ်၏ ပုံမှန်ဖောက်သည် ဖြစ်သဖြင့် မိန်းမပျိုတိုင်းက သိကြသည် ။ ကျော်ကြားသော ပါရမီရှင် တစ်ယောက် ဖြစ်သည့်အပြင် လီကျားရွှမ်၏ စွမ်းဆောင်နိုင်စွမ်းက ထူးကဲလှပေ၏ ။
မိန်းမပျိုလေးများ၏ မျက်လုံးများ တောက်ပလာကြသည် ။ လင်းမို့ကဲ့သော ခံနိုင်ရည် မြင့်မားသော သူကို မြင်ရတော့မည်လော ။
အခန်းထဲသို့ ရောက်လာကြသည် ။ သို့သော်လည်း ဒေါသထွက်နေ၍လား စိတ်မြန်နေ၍လားမသိ ။ လီကျားရွှမ် ဘောင်းဘီချွတ်ပြီး တစ်မိနှစ် မပြည့်ခင်ပင် ပထမတိုက်ပွဲ ပြီးဆုံးသွား၏ ။
" ဟယ် ဒါပဲလား.. "
" ခွိခွိခွိ..."
" ခေါက်ဆွဲဲ ပြုတ်ထားတာတောင် မကျတ်သေးဘူး.. "
" ဟီးဟီး .. ဘာမှတောင် မဘာရသေးဘူး.. "
မိန်းမပျိုလေးများက ဝိုင်းစလိုက်ကြသည် ။ သူမတို့ ယနေ့ ကြီးမားသော တိုက်ပွဲရင်ဆိုင်ရမည်ဟု မျှော်လင့်ခဲ့သော်လည်း တိုက်ပွဲက အချိန်တိုလွန်းသဖြင့် အံ့သြသွားကြသည် ။
လီကျားရွှမ်၏ မျက်နှာက နီရဲလာ၏ ။
" နင်တို့ ရယ်ထားကြ .. ငါ ရေချိုးပြီး ထွက်လာမှ အသံအကျယ်ဆုံးသူနဲ့ ငါနဲ့ အရင်တွေ့မယ်.. "
ရေချိုးခန်းသို့ ပြေးတော့သည် ။ လန်းဆန်းလာစေရန် ငါးမိနစ်ကြာအောင် ရေအဝ ချိုးပြီးနောက် ကြီးမားသော တိုက်ပွဲကို ရင်ဆိုင်မည့် စစ်သူကြီးတစ်ယောက်ဟန်ပန်ဖြင့် ပြန်ရောက်လာပြီး ခုန်အုပ်ရန် ပြင်လိုက်စဥ်...
" ဘုန်း.. ဘုန်း.. ဘုန်း.. "
သိုင်းပညာရှင်တစ်စုက တံခါးကို ကန်ဖွင့်လိုက်ပြီး...
" ဖမ်း .. ဖမ်း.."
" MAD မှုခင်း နှိမ်နင်းရေးအဖွဲ့.. ပြည့်တန်ဆာ နှိမ်နင်းရေး ဆောင်ရွက်နေပါတယ်.. အားလုံး ပူးပေါင်းဆောင်ရွက် ပေးကြပါ.. "
" မလှုပ်နဲ့.. မလှုပ်နဲ့.. တစ်ယောက်မှ မလှုပ်နဲ့.. "
" လက်ကို ခေါင်းပေါ်တင်ပြီး ကြမ်းပြင်ပေါ် မှောက်ထား.. "
လီကျားရွှမ်က ရင်းနှီးနေသော မြင်ကွင်းကို ကြောင်တောင်တောင် ကြည့်နေလိုက်သည် ။
" ယနေ့ ကံမကောင်းပါ တကား.. "