← Chapters

နံရံကို ခေါင်းနဲ့ တိုက်ခိုင်းထားလိုက်

Vol. 12 Ch. 174

နံရံကို ခေါင်းနဲ့ တိုက်ခိုင်းထားလိုက်

Vol. 12 Ch. 174

လီကျားရွမ်သည် အချုပ်ခန်း သံတိုင်ပြတင်းပေါက်မှတဆင့် ကောင်းကင်းပေါ်သို့ ငေးကြည့်နေ၏ ။ သူ၏ မျက်နှာကို ကြည့်ရသည်မှာ အလွန်ဝမ်းနည်း နေပုံရသည် ။

' ငါထောင်ထဲ ရောက်ပြန်ပြီ.. '

သူထောင်ထဲသို့ ရောက်သည်မှာ သုံးကြိမ်ရှိသွားပြီ ဖြစ်သည် ။ ထပ်ခါထပ်ခါ ကျူးလွန်သည့်အတွက် ခြေချုပ်ပင် ထိုးလိုက်ရပေသည် ။

' ကံမကောင်းတဲ့..အနက်ရောင် ဇွန်လ.. '

သူ၏ ဂုဏ်သတင်းသည် ရစရာမရှိတော့ ။ ကျန်းနန် သိုင်းလောကနှင့် ဓားကြီးလောကတစ်ခုလုံး၏ ဂန္တဝင် ဖြစ်လာခဲ့လေပြီ ။

" လီကျားရွှမ်.. "

အပြင်မှ အေးစက်စက် အသံထွက်ပေါ်လာပြီး ဖုန်းကို ပစ်ပေးလိုက်သည် ။

" မင်းအိမ်ကို ဖုန်းဆက်လိုက်.. "

လီကျားရွှမ်က ဖုန်းကို ကောက်ယူလိုက်ပြီး မည်သို့ လုပ်ရမည်ကို စဥ်းစားမရတော့ ။ သူစိတ်ဓာတ်ကျနေလေပြီ ။

သူ့တွင် ရွေးစရာလမ်း နှစ်လမ်း ရှိပေသည် ။ အဖေဖြစ်သူကို ခေါ်ဆို၍ အရိုက်ခံရမည်လော ။ ဟောက်ရန်ကို ဖုန်းဆက်ရမည်လော ။ သူ ဝေခွဲမရ ။

' ဟောက်ရန် ငါ့ကို ဖုန်းဆက်တာက ညဘက်မထွက်ဖို့ တားမလို့ထင်တယ်.. '

သူ ဟောက်ရန်နှင့် ဆုံခဲ့သည့် မြင်ကွင်းကို မြင်ယောင်မိလိုက်သည် ။

' ဟောက်ရန်က ငါ့ညီအကိုကောင်းပဲ.. ငါမှားတာ..'

လီကျားရွှမ် ခေါင်းယမ်းလိုက်သည် ။ သူမည်သည့်အတွက်ကြောင့် အချိန်ကတ်အနည်းငယ်ကို တွန့်တိုနေခဲ့ပါသနည်း ။ ယခု ဟောက်ရန်ကို သူဖုန်းမဆက်ရဲတော့ ။

သို့သော်လည်း သူ့အဖေကို ဆက်ပါက သေအောင် ရိုက်ခံရပေတော့မည် ။

သူရွေးရင်း ခေါင်းရှုပ်လာ၏ ။ မာနကို နှိမ့်ချ၍ ဟောက်ရန်ဆီသို့ ဖုန်းဆက်ကာ တောင်းပန်ရမည်လော ။ အဖေ့ကို ဖုန်းဆက်ရမည်လော ။

" ကျွီ..."

အချုပ်ခန်း တံခါးက ရုတ်တရက် ပွင့်လာ၏ ။

" လီကျားရွှမ် ထွက်ခဲ့.. မင်းကို အာမခံပေးဖို့ လူရောက်နေပြီ .. "

" ဟမ်.."

လီကျားရွှမ် လန့်သွား၏ ။ သူဖုန်းမဆက်ခင် မည်သူရောက်လာပါသနည်း ။

' ဘယ်သူလည်း မသိဘူး.. '

လီကျားရွှမ် အနည်းငယ် ရှက်သွား၏ ။ သူရုံးခန်းသို့ ရောက်လျှင် ဟောက်ရန်နှင့် ဟွမ်ဝေ ကို မြင်လိုက်ရသည် ။ သူ မျက်ရည် ဝဲလာမိပေသည် ။

ညီအကိုကောင်း ဟူသည်ကအဘယ်နည်း ။ တစ်ယောက် ဒုက္ခရောက်နေချိန်တွင် အပြေးလာ၍ ကူညီသူမှာ ညီအကိုကောင်း ဖြစ်သည် ။

လီကျားရွှမ်က ရှေ့သို့ ပြေး၍ ဟောက်ရန်၏ လက်ကို ဆုပ်ကိုင်ထားလိုက်သော်လည်း စကားမပြော ။

" အကိုလီ.. "

ဟောက်ရန်က နာကျင်နေသော အမူအရာဖြင့်...

" ငါ စိတ်မကောင်းဘူး.. "

" ညီလေးဟောက်ရန် ဘာမှ ဆက်ပြောစရာမလိုဘူး.. ငါမှားမှန်းငါသိတယ်.. "

လီကျားရွှမ်က အလောတကြီး...

" ငါမင်းကို စိတ်ဆိုးမနေသင့်ဘူး.. မင်းပြောတာကို ငါနားထောင်လိုက်ရမှာ.. "

" ငါ အဲ့အကြောင်းပြောနေတာ မဟုတ်ဘူး.. "

ဟောက်ရန်က ခေါင်းယမ်းလိုက်ပြီး...

" မင်းက တက္ကသိုလ်ကျောင်းသားလည်း ဟုတ်တယ်.. ပါရမီရှင်လည်း ဟုတ်တယ်.. အဲ့တာကို ဘာလို့ အောက်ပိုင်း မထိန်းနိုင်ရတာလဲ.. ဓားကြီး သွားကစားစရာလိုလား.. မင်းရဲ့ ဘိုးဘေးတွေကို မင်းဘယ်လို မျက်နှာပြမှာလဲ.. "

ဟွမ်ဝေက အထင်သေးဟန်ဖြင့် ဝင်ပြော၏ ။

" ငါ့လို့ မှုခင်းနှိမ်နင်းရေး အရာရှိက မင်းလို ကောင်မျိုးနဲ့ သူငယ်ချင်း မဖြစ်နိုင်ဘူး.. "

" ??? "

လီကျားရွှမ်၏ မျက်နှာတွင် မေးခွန်းအမှတ်အသားများဖြင့် ပြည့်သွား၏ ။

' မင်းတို့နှစ်ကောင်က ဘာလို့ ဒီစကားမျိုး ပြောထွက်တာလဲ.. '

' ဓားကြီးကစားဖို့ ဘယ်သူကစပြီး ခေါ်နေကြလဲ.. '

' ဓားကြီး ကစားရင် ငါ့ထက် ပျော်နေတာ ဘယ်သူတွေလည်း.. '

' ငွေရှင်းရင် ငါပဲ အများဆုံး ရှင်းပေးရတာနော်.. '

' ငါရှေ့မှာ လာပြီး ဖြူစင်ဟန်ဆောင်ပြနေတာလား.. '

' မင်းတို့ မျက်နှာ အရေထူတဲ့ ကောင်တွေ.. ရှက်လည်း မရှက်ကြဘူး.. '

လီကျားရွှမ်က စိတ်ထဲက တွေးလိုက်သော်လည်း အပြင်တွင် ထုတ်မပြောရဲ ။ သူ ခေါင်းငုံ့ ခံနေရုံသာ တက်နိုင်တော့သည် ။ တမင်တကာ နောက်ပြောင် ပြောနေကြမှန်း သိသဖြင့် အောင့်သက်သက်ဖြင့် သည်းခံလိုက်ပြီး...

" ငါ လမ်းမှားကို လျောက်ခဲ့မိတယ်.. နောက်မဖြစ်စေရတော့ဘူး.. ငါ တောင်းပန်ပါတယ်.. '

ညနက်သန်းခေါင်ယံအချိန်...

လင်းမို့က ဖုန်ကျစ်ဝေ၏ အိမ်နားတွင် ငါးမျှားနေ၏ ။

ဖုန်ကျစ်ဝေက အိမ်ထဲတွင် လေ့ကျင့်ရင်း လင်းမို့ကို တိတ်တဆိတ် အကဲခပ်နေသည် ။

သူ မျှော်လင့်ထားသည့်အတိုင်းပင် လင်းမို့က ပျင်းရိဟန်ဆောင်ရင်း လေ့ကျင့်နေ၏ ။ တနေကုန် မြေဆွဲအားခန်းထဲတွင် လက်သီးပြင်းအား လေ့ကျင့်နေခဲ့သော်လည်း ညနက်အချိန်ထိ တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်နေလေသည် ။ ကြိုးစားခြင်း နတ်ဘုရား ဟူသည့် နာမည်ဖြင့် ထိုက်တန်ပေသည် ။

ဖုန်ကျစ်ဝေ တွေးသည် ။

' ဒီလို လေ့ကျင့်တာ တကယ်ထိရောက်လို့လား.. '

သူ၏ အမြင်အရ လင်းမို့ ငါးမျှားနေသည်က တက်ကြွစွာလေ့ကျင့်နေခြင်းပင် ။ မဟုတ်လျှင် မည်သည့်အတွက်ကြောင့် နေ့စဥ် လာ၍ ငါးမျှားနေပါသနည်း ။ ပျင်းရိ၍လော ။ ဗိုက်ဆာနေ၍လော ။

ဖုန်ကျစ်ဝေ မသိသည်မှာ လင်းမို့က အမှန်တကယ် ဗိုက်ဆာနေခြင်းပင် ။

' ငါသွားမေးလိုက်ရင် သူ့ကျင့်ကြံနည်းကို မျှဝေ ပါ့မလား.. '

ဖုန်ကျစ်ဝေ က သွေးဆောင်ခံလိုက်ရ၏ ။ လင်းမို့ကဲ့သို့ အထူးပါရမီရှင်က အားစိုက်၍ လေ့ကျင့်နေသည်ဖြစ်ရာ ထိုကျင့်ကြံနည်းက အကျိုးသက်ရောက်မှု အလွန်ကောင်းပုံ ရလေသည် ။

' ပြောတော့ ပြောပြလောက်မယ်ထင်တယ်.. '

ဖုန်ကျစ်ဝေ တွေးသည် ။

' ဒီခေတ်က သတင်းအချက်အလက် မျှဝေတဲ့ခေတ်ပဲ.. အရင်လို ဖုံးကွယ်ထားတဲ့ ခေတ်မှ မဟုတ်တာ.. '

အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှု ပြင်းထန်သော်လည်း ကျင့်ကြံနည်းများကို မျှဝေတက်ကြသည် ။ သူများကို မျှဝေပေးခြင်းက မည်သည်ကိုမှ ဆုံးရှုံးမည် မဟုတ်ပေ ။

All Chapters