← Chapters

နံရံကို ခေါင်းနဲ့ တိုက်ခိုင်းထားလိုက် ၂

Vol. 12 Ch. 175

နံရံကို ခေါင်းနဲ့ တိုက်ခိုင်းထားလိုက် ၂

Vol. 12 Ch. 175

ထိုသည်ကို တွေးပြီး ဖုန်ကျစ်ဝေက အပြင်သို့ ထွက်လာခဲ့လိုက်သည် ။

" လင်းမို့.. မင်းပုဇွန်မျှားနေပြန်ပြီလား.. "

" ဟုတ်တယ်.."

လင်းမို့က ပြုံးလိုက်ပြီး...

" အတူတူ စားမယ်လေ.. "

တစ်ယောက်ထဲ စားသည်ထက် နှစ်ယောက်စားသည်က ပို၍ စားကောင်းပေသည် ။ လင်းမို့က တွန့်တို တက်သည်မဟုတ် ။

" အေးပါ.. "

ဖုန်ကျစ်ဝေက ပြုံးလိုက်ပြီး တည့်တိုးပြောလိုက်၏ ။

" လင်းမို့.. ငါးမျှားနည်းကို သင်ပေးလို့ရမလား.. ငါလည်း စိတ်ဝင်စားလို့.. "

လင်းမို့ အံ့သြသွား၏ ။

" ငါးမျှားနည်းက သင်စရာမလိုဘူးလေ.. ဒီတိုင်း ငါးမျှားတံကိုင်ပြီး မျှားလိုက်ရုံပဲ.. "

" အဲ့တာ.. မင်းပုဇွန်မျှားနေတာကို ပြောတာမဟုတ်ဘူးလေ.. မင်းငါးမျှားရင်း လေ့ကျင့်တဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျင့်ကြံနည်းကို ပြောတာ.. "

ဖုန်ကျစ်ဝေက ရှင်းပြလိုက်သည် ။

လင်းမို့ နားလည်သွား၏ ။ ဖုန်ကျစ်ဝေက သူ့အား အထင်လွဲနေခြင်းဖြစ်သည် ။ သူက တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်နေသည်မဟုတ် စားရန် ပုဇွန်မျှားနေခြင်းပင် ။

" ဖုန်ကျစ်ဝေ.. မင်းအထင်လွဲနေပြီ.."

လင်းမို့က...

" ငါ တကယ်ငါးမျှားနေတာ .. လေ့ကျင့်နေတာ မဟုတ်ဘူး.. "

" လင်းမို့.. မင်းအဲ့လိုတော့ ပြောစရာမလိုပါဘူး.. "

ဖုန်ကျစ်ဝေက...

" ငါက ငတုံးလို့ ထင်နေတာလား.. မင်းလေ့ကျင့်နေတယ်ဆိုတာ တက္ကသိုလ်တစ်ခုလုံးသိတယ်.. မဟုတ်ရင် မင်းနေ့တိုင်းဒီကို လာပြီး ငါးမျှားရင်း အချိန်ဖြုန်းနေမှာလား.. "

" ငါ.. "

လင်းမို့က မည်သို့ ရှင်းပြရမည်ကို မသိ ။ သူ့တွင် စနစ်ရှိနေ၍ လေ့ကျင့်လိုလျှင်ပင် လေ့ကျင့်ခွင့် မရှိ ။

" ငါတကယ်ပြောတာ ..လေ့ကျင့်နေတာ မဟုတ်ဘူး.. "

" မင်း.. မင်း ဟန်ဆောင်နေသေးတာလား.."

ဖုန်ကျစ်ဝေ ဒေါသအနည်းငယ် ထွက်သွားပြီး...

" မင်းငါ့ကို သူငယ်ချင်းလို မဆက်ဆံဘူး.. မင်းမပေးချင်လည်း မပေးဘူးလို့ တိုက်ရိုက်ပြောလိုက်လေ.. အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေကို ယုံရအောင် ငါ့မှာ ဦးနှောက်မပါဘူး ထင်လို့လား.. မင်း မသင်ပေးချင် မသင်ပေးနဲ့.. "

" ဖုန်ကျစ်ဝေ မင်းတကယ်အထင်လွဲနေပြီ.. "

လင်းမို့က မည်သို့ ရှင်းပြရမည်ကို မသိ ။

" ပြောမနေနဲ့တော့.."

ဖုန်ကျစ်ဝေက မယဥ်ကျေးတော့...

" မင်းကို ဒီနေရာက မကြိုဆိုဘူး .. ငါ့အဆောင်ကနေ ဝေးဝေးနေ မဟုတ်ရင် ကျောင်းစီမံခန့်ခွဲမှု ဌာနကို တိုင်မယ် .."

" ပြီးတော့ မင်းမှတ်ထား.. "

ဖုန်ကျစ်ဝေက...

" မင်းက တိုးတက်တာ မြန်တယ်မှလား.. မင်းမကျေနပ်ရင် အဆောင်လဲဖို့ စိန်ခေါ်လိုက် .. မင်းဘယ်လောက်သန်မာလဲ ငါသိချင်တယ်.. "

ဖုန်ကျစ်ဝေက ပြောပြီးသည်နှင့် နောက်သို့ လှည့်၍ အဆောင်သို့ ပြန်သွားသည် ။

" ငါ... "

လင်းမို့ ဆွံ့အနေ၏ ။ သူ၏ ကုန်းဆင်းရန် ဂျက်ကာ ပျောက်လေပြီ ။ ဤနေရာက ဖုန်ကျစ်ဝေ၏ အဆောင်ဧရိယာထဲ ရှိသဖြင့် ဖုန်ကျစ်ဝေ တိုင်လိုက်ပါက နှင်အထုတ်ခံရမည်ဖြစ်သည် ။

" ထားလိုက်ပါတော့.. "

လင်းမို့ ခေါင်းယမ်းရင်း ထွက်လာခဲ့လိုက်၏ ။

' ဒီနေ့ ငါဖမ်းထားတဲ့ ပုဇွန်က တစ်ယောက်စာတော့ လောက်ပါတယ်.. '

လင်းမို့သည် ဖုန်ကျစ်ဝေ၏ ပြောဆိုမှုအပေါ် စိတ်မဆိုးမိ ။ သူနေ့တိုင်း ငါးမျှားနေသည်ကို မလေ့ကျင့်ဟု ပြောလျှင် မည်သူမှ ယုံမည်မဟုတ်ပေ ။

" ဟူး..ငါ့ဘဝကလည်း ခက်ခဲလိုက်တာ.. "

လင်းမို့သက်ပြင်းချလိုက်သည် ။

' လူတိုင်းက ကြိုးစားနေကြတယ်.. ငါမကြိုးစားဘူးဆိုတာ ဘယ်သူမှ မယုံကြဘူး.. '

ဤကိစ္စအား မည့်သူ့ကိုမှ အပြစ်တင်၍ မရ ။ ထူးချွန်လွန်းသည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည် ။

' လကုန်တဲ့အထိ ဒီနေရာက အညွှန်းကိန်း ရတော့မှာ မဟုတ်ဘူး.. '

လင်းမို့သည် ဤနေရာမှ အညွှန်းကိန်းကို အရင်လောက် မမက်တော့ပေ ။ သူ့တွင် နေရာကောင်း ရှိနေပြီဖြစ်သည် ။

' လကုန်ပြီးရင်တော့ ငါ့အဆောင်ဖြစ်လာလိမ့်မယ်.. '

လင်းမို့၏ ခွန်အားသည် ကောင်းကင်အဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်နေသဖြင့် ကြယ်ခုနှစ်ပွင့်သာ ရှိသည့် ဖုန်ကျစ်ဝေက ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ချေ ။

ထို့အပြင် လင်းမို့၏ ခွန်အားသည် ခုန်ပျံတိုးတက်နေသဖြင့် ရက်နည်းငယ်ကြာလျှင် ငွေလအဆင့်သို့ ရောက်နိုင်ပေသည် ။

' ဖုန်ကျစ်ဝေက စိန်ခေါ်ခိုင်းတဲ့သူပဲ.. '

လင်းမို့ တွေးသည် ။

' ပြီးမှ ငါ့ဆီက ငိုပြီး ပြန်မတောင်းနဲ့.. '

ယနေ့ည လင်းမို့ စားကောင်းခဲ့၏ ။ ပုဇွန်စားပြီးသည်နှင့် မဝသေးသဖြင့် အသားကင်အများကြီးမှာ၍ ထပ်စားခဲ့ရသည် ။

' ချီး.. စာမေးပွဲမဖြေခင် အချိန်ကို သတိရလိုက်တာ.. '

လင်းမို့ သက်ပြင်းချမိလိုက်၏ ။ သူ စာမေးပွဲမတိုင်ခင် စားတုန်းက တစ်ယောက်မဟုတ် တစ်ယောက် အနားတွင် ရှိခဲ့၏ ။ ယခု အမြဲလိုက်ပါနေကြ ဟောက်ရန်ပင် အနားတွင်တွင် မရှိတော့ ။

သူဖုန်းဆက်ကြည့်လိုက်ရာ ဟောက်ရန်နှင့် လီကျားရွှမ်တို့ တသိုက်မှာ ဓားကြီးကစားရန် ကလပ်သို့ ရောက်နေကြလေသည် ။ သူ၏ တူလေးအား ကယ်တင်၍ ရမည်မထင်တော့ ။

ဟောက်ရန် ငယ်စဥ်က အနည်းငယ် ညံ့ဖျင်းသော်လည်း သိုင်းပညာအိမ်မက် ရှိနေသေးသည် ။ ယခုတော့ ဓားကြီးကမ္ဘာမှ ဆွဲထုတ်၍ပင် မရတော့ချေ ။

တက္ကသိုလ်မှ ပါရဂူအတန်း ဝင်ခွင့်ပေးထားသော်လည်း အိမ်မက် မရှိလျှင် သိုင်းလမ်းစဥ်တွင် မည်သည့်နေရာအထိ လျောက်နိုင်မည်နည်း ။ ဟောက်ရန်၏ အနာဂတ်က မရေရာတော့ပေ ။

သို့သော်လည်း တစ်ဖက်က တွေးကြည့်ပါလျှင် ဟောက်ရန်၏ ပါရမီဖြင့် ကြိုးစားသော်လည်း ကြီးမားသည့် အောင်မြင်မှု ရရှိရန် မဖြစ်နိုင် ။ ထို့ကြောင့် စောစောစီးစီး ပျော်ရွှင်နိုင်မည့် လမ်းကြောင်းကို ရွေးချယ်သည်ကလည်း မှားသည်ဟု ပြော၍ ရမည်မထင် ။

နောက်တနေ့ မနက် ...

လင်းမို့သည် လေ့ကျင့်ကွင်းသို့ ရောက်ရှိလာ၏ ။ တစ်ညလုံး စားသောက်ရင်း အချိန်ဖြုန်းခဲ့သဖြင့် သူ၏ မျက်တောင်များပင် စင်းနေလေပြီ ။ အိပ်စက်ရန် အချိန်ကောင်းပင် ။

" ဆယ်နှစ်နာရီ အခန်း.."

လင်းမို့က အချိန်ကတ် ဆယ့်နှစ်ကတ် ထုတ်ပေးလိုက်သည် ။

မြေဆွဲအားခန်း ထိန်းချုပ်သူမှာ မနေ့က မန်နေဂျာ မဟုတ်တော့ပေ ။ အလှည့်ကျ တာဝန်ယူရပုံပေါ်သည် ။

သို့သော်လည်း ဤတကြိမ်တွင်တော့ မည်သည့် မေးခွန်းမှ မထုတ်တော့ပေ ။ သူ မနေ့က ခွန်အားရှိကြောင်း သက်သေပြပြီးဖြစ်သည် ။

လင်းမို့က မြေဆွဲအားခန်း နံပါတ်ရသည်နှင့် ဝင်သွားလိုက်ပြီး မြေဆွဲအား 40G ပြောင်းကာ နွေးနွေးထွေးထွေး အိပ်လိုက်သည် ။

' ငါအခု လက်သီးပြင်းအား ၃၂ တန်ကျော်ဆိုတော့ ငါနိုးလာရင် တန် ၅၀ ကျော်သွားပြီ.. '

လင်းမို့နိုးလာလျှင် လက်သီးပြင်းအား တန် ၅၀ ကျော်သွားပြီး ကြယ်ရှစ်ပွင့် အဆင့်သို့ ရောက်တော့မည်ဖြစ်သည် ။

တက္ကသိုလ်စဖွင့်သည် လဝက်အတွင်း ကြယ်ရှစ်ပွင့်ရောက်သည့်သူ ရှိနိုင်မည်မထင် ။

' ကြယ်ကိုးပွင့်ရောက်ဖို့က သိပ်မလွယ်ဘူး .. တန် ၈၀ ကျော်မှဆိုတော့ ငါနှစ်ရက်လောက် အိပ်မှ ရမယ်.. '

လင်းမို့ တွေးရင်း အိပ်ပျော်သွားသည် ။

" လင်းမို့က မြေဆွဲအားခန်းထဲ ဆယ့်နှစ်နာရီ ဆက်တိုက်ဝင်သွားပြန်ပြီ.. "

ကိုယ်ရေးလက်ထောက် ဟယ်ရှင်းက ကျောင်းအုပ်ထူကို သတင်းပို့လိုက်၏ ။

ကျောင်းအုပ်ထူက လင်းမို့အား သေချာဂရုစိုက်နေပေသည် ။ သူတစ်ခါမှ လင်းမို့အား မမြင်ဘူးသော်လည်း လင်းမို့လုပ်သမျှကို သတင်းပို့ခိုင်းထား၏ ။

ကျောင်းအုပ်ထူက ခေါင်းယမ်းလိုက်ပြီး...

" လင်းမို့က အရမ်းကြိုးစားနေပင်မဲ့ သူလမ်းမှားနေတာကို မသိဘူး.. "

ကျောင်းအုပ်ထူသည် သိုင်းမဟာသခင် အဆင့်ဖြစ်သည် ။ သူ၏ အတွေ့အကြုံအရ တစ်ဘက်တည်း ထူးချွန်နေလျှင် နောက်ပိုင်း တစ်ဆို့ သွားမည်ပင် ။ လင်းမို့က လက်သီးပြင်းအားတစ်ခုတည်းကို အလေးပေးလွန်း၏ ။

" အဲ့တာဆို လင်းမို့ကို သတိပေးလိုက်ရမလား.. "

ဟယ်ရှင်းက မေးသည် ။

" သူ့ပါရမီနဲ့ နင်သွားပြောလည်း နားထောင်မယ် ထင်လို့လား.. "

ကျောင်းအုပ်ထူက မေးခွန်းထုတ်လိုက်၏ ။

" ဒီအတိုင်းသာ ရက်နည်းနည်းထားလိုက် နံရံကိုခေါင်းနဲ့တိုက်မိရင် သူ့အမှားသူ သိလာလိမ့်မည် အဲ့အချိန်မှ လမ်းညွှန်ပေးလိုက်တော့မယ်.. "

All Chapters