← Chapters

သောက်ခွေး

Vol. 12 Ch. 176

သောက်ခွေး

Vol. 12 Ch. 176

" သူ့ကိုယ်သူ လမ်းမှားရောက်နေမှန်း သိတယ့်အထိ စောင့်ရမှာလား.. "

ဟယ်ရှင်း အနည်းငယ် အံ့သြသွားပြီး...

" အဲ့တာဆို လင်းမို့က အချိန်တွေ အများကြီးဖြုန်းမိသွားမှာပေါ့.. "

" သိပ်ကြာမှာ မဟုတ်ဘူး.. "

ကျောင်းအုပ်ထူက အရာအားလုံး ထိန်းချုပ်ထားသည့်ဟန်ဖြင့်...

" လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၃ အထွတ်အထိပ်မှာပဲ.. သူအဆင့် ၄ ကို ရောက်ဖို့ မဖြစ်နိုင်သေးဘူး.. အဆင့် ၃ နဲ့ဆို အများဆုံး ထိန်းချုပ်နိုင်တာက လက်သီးပြင်းအား ကီလို ၂၀၀၀၀ အထိပဲ.. "

လက်သီးပြင်းအား ကီလို ၂၀၀၀၀ အောက်က ကြယ်ငါးပွင့်အဆင့်ဖြစ်ပြီး ကြယ်ခြောက်ပွင့်သို့ ရောက်နိုင်ရန် ကီလို ၂၀၀၀၀ ကျော်ရမည်ဖြစ်သည် ။

" အဲ့တာကြောင့် လင်းမို့က ကြယ်ငါးပွင့် အဆင့်မှာပဲ တစ်ဆို့နေလိမ့်မယ်.. ကြယ်ခြောက်ပွင့်ကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး.."

ကျောင်းအုပ်ထူက...

" အခု လင်းမို့ရဲ့ လက်သီးပြင်းအားက ကီလို ၁၀၀၀၀ ကျော်ဆိုတော့ ကီလို ၂၀၀၀၀ ပြည့်ဖို့ဆိုရင် အလွန်ဆုံး တစ်လပဲ.. ပါရမီရှင်တွေ အတွက် အချိန်တစ်လက အရေးကြီးပင်မဲ့.. လင်းမို့ လမ်းမှားကို သိပြီး အမြင်မှန်ရဖို့နဲ့ အနာဂတ် သိုင်းလမ်းစဥ် ခရီးတစ်လျောက် မှန်မှန်ကန်ကန် လျောက်လှမ်းနိုင်ဖို့ သင်ခန်းစာတစ်ခု ရသွားမယ်ဆိုရင် တန်ပါတယ်.. "

" သူ ဒီသင်ခန်းစာကို သင်ရမယ်.. "

ကျောင်းအုပ်ထူ၏ အကြည့်များက အလွန်နက်ရှိုင်းလှပြီး အချိန်ကို ဖြတ်ကျော်၍ အနာဂတ်ကို မြင်နိုင်ပုံရသည် ။

ဟယ်ရှင်းက ဤသည်ကို မြင်တော့ မြှောက်ပင့် ပေးလိုက်၏ ။

" ကျောင်းအုပ်ထူ .. ဆရာက အရမ်း အမျှော်အမြင်ရှိတာပဲနော်.. "

" ဟဲဟဲဟဲ.. သိုင်းလမ်းစဥ်ကို နှစ်ပေါင်းရာနဲ့ချီ လျောက်လှမ်းလာတဲ့ လူတစ်ယောက်ရဲ့ မဖြစ်စလောက်အတွေ့အကြုံ နည်းနည်း လေးပါပဲ.. "

ကျောင်းအုပ်ထူက လက်ယမ်းလိုက်ပြီး နှိမ့်ချဟန်ဖြင့် ပြောလိုက်သည် ။ နှိမ့်ချဟန်ဖြင့် ပြောလိုက်သော်လည်း သူ၏ ကျေနပ်နေသော ရုပ်ကြီးကြောင့် မည်သူမဆို သူ၏ အမျှော်အမြင်ကြီးမှု အတွက် ဂုဏ်ယူနေကြောင်း သိနိုင်ပေသည် ။

" နောင်ကျရင် လင်းမို့က ဆရာရဲ့ ရည်ရွယ်ချက်ကို သိသွားရင် ဆရာ့ကို ကျေးဇူးတင်နေလောက်တယ်.. "

ဟယ်ရှင်းက ဆက်၍ ချီးကျူးသည် ။

" ဟားဟားဟား.. သူကို့ စောစောသတိမပေးလို့ အပြစ်မတင်ရင်ပဲ တော်ပါပြီ.."

ကျောင်အုပ်ထူက သဘောကျစွာဖြင့် ရယ်လိုက်ပြီး...

" ငါတို့က ဆရာတွေဆိုတော့ ကျောင်းသားတစ်ယောက် လမ်းမှန်ပေါ် ရောက်သွားတာ မြင်ရရင်ကို ကျေနပ်နေပါပြီ.. "

ထိုဆွေးနွေးနေကြသောနှစ်ယောက်သည် လင်းမို့က ကြယ်ခြောက်ပွင့် အဆင့်ကို ကျော်လွန်၍ ကြယ်ရှစ်ပွင့်သို့ ရောက်နေမှန်းမသိကြချေ ။

မြေဆွဲအားခန်းအတွင်း ...

လင်းမို့သည် ဆယ့်နှစ်နာရီပြည့်သည်နှင့် နိုးလာခဲ့၏ ။ သူမျှော်လင့် ခဲ့သလိုပင် သူ၏ လက်သီးပြင်းအားက တန် ၅၀ ကိုကျော်လွန်သွားပြီး ကြယ်ရှစ်ပွင့်အဆင့်သို့ ရောက်ရှိခဲ့သည် ။

" ဟူးးး..."

လင်းမို့ သက်ပြင်းချမိလိုက်သည် ။ ကျန်းနန်တက္ကသိုလ်၏ ပတ်ဝန်းကျင်နှင့် မြေဆွဲအားအခန်း၏ ငါးဆ မြှင့်တင်မှုကြောင့် သူ၏ အရှိန်တက်နှုန်းမှာ မြန်ဆန်လှပေသည် ။ သူ၏ ရွှေလက်ချောင်းလေးမှာ အသုံးဝင်လှသည် ။

' ခုချိန် ချီဖုန့်ပိုနဲ့ ပြန်တိုက်ရရင် ငါထိုးလိုက်တာနဲ့ ကီလိုနဲ့ချီပြီး ပျံသွားလောက်တယ်... ဟီးဟီးဟီးးး'

လမ်းညွှန်တိုက်ပွဲအတွင်း လင်းမို့၏ လက်သီးပြင်းအားမှာ ၁၂ တန်သာ ရှိသော်လည်း ယခု တန် ၅၀ ကျော်သွားလေပြီ ။ ချီဖုန့်ပို၏ လက်သီးပြင်းအားမှာ ကီလို ၃၀၀၀ ကျော်သာ ရှိနေသေး၏ ။ လက်သီးတစ်ချက်ထဲဖြင့် တစ်ကိုယ်လုံးပင် ပေါက်ကွဲသွားနိုင်ပေသည် ။

လင်းမို့သည် ဖုန်ကျစ်ဝေက သူ့အား နှင်ထုတ်ထားသဖြင့် ပုဇွန်မျှားရန် မသွားတော့ပေ ။ အဆောင်လုပြီးသော အခါမှသာ အားရပါးရ မျှားပေတော့မည် ။

ဒလီသမားကို ဖုန်းဆက်၍ ပုဇွန် ကီလို ၂၀ လောက် မှာလိုက်ပြီး တစ်ညလုံး အေးအေးဆေးဆေး ဘီယာဖြင့် ဇိမ်ခံနေလိုက်သည် ။

လင်းမို့သည် နောက်တနေ့ မနက်တွင် မြေဆွဲအားခန်းသို့ တဖန်ပြန်သွားလိုက်ပြီး ဆယ်နှစ်နာရီ အိပ်လိုက်ပြန်သည် ။

လေးရက်တာ အချိန် ၄၈ နာရီ အိပ်စက်ပြီးနောက် သူ ၏ လက်သီးပြင်းအားမှာ တန် ၈၀ ကိုကျော်လွန်သွားပြီး ကြယ်ကိုးပွင့်အဆင့်သို့ ရောက်ရှိခဲ့သည် ။

' ကြယ်ကိုးပွင့်အဆင့်ကို ရောက်သွားပြီ.. '

လင်းမို့က ကောင်းကင်အဆင့်၏ အထွတ်အထိပ်ဖြစ်သော ကြယ်ကိုးပွင့်သို့ ရောက်ရှိခဲ့လေပြီ ။ သူ လေးရက်တာ ကြိုးစားပန်းစား အိပ်စက်ခဲ့ရသည် ။

' တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အထွတ်အထိပ်..'

' စိတ်စွမ်းအင်အဆီအနှစ် အဆင့် ၅ အထွတ်အထိပ်..'

' စိတ်ထိန်းချုပ်သူ အဆင့်၄ အထွတ်အထိပ်.. '

' စိတ်စွမ်းအားရှင် အဆင့် ၄ အထွတ်အထိပ်.. '

လင်းမို့၏ ခွန်အားသည် လေးရက်အတွင်း ပြောင်းပြန်လှန်လိုက်သလိုပင် ပြောင်းလဲသွား၏ ။ ပါရမီရှင် တစ်ဦးမှ ကျွမ်းကျင်ပညာရှင် အဖြစ်သို့ ရောက်ပေတော့မည် ။ ငွေလအဆင့်များကို ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားကြပေသည် ။

သို့သော်လည်း လင်းမို့သည် စိတ်ကြီးမဝင်ပေ ။

' ငါ အခုမှ ကြယ်ကိုးပွင့်ကို ရောက်ရုံပဲ ရှိသေးတယ်.. ငွေလအဆင့်ကို ရောက်ဖို့ဆိုရင် လက်သီးပြင်းအားက တန် ၂၀၀ ကျော်မှပဲ.. ငါသွားရမယ့်လမ်းက ခုမှ အစပဲ ရှိသေးတယ်.. '

All Chapters