သောက်ခွေး ၂
Vol. 12 Ch. 177
လင်းမို့သည် လက်သီးပြင်းအား တန်၁၂၀ ရရှိရန် တစ်ပတ်လောက် အိပ်ရမည်ဖြစ်သည် ။
' ငါက ငွေလအဆင့်မရောက်သေးပင်မဲ့ ငွေလအစောပိုင်းတွေကို ငါအေးဆေးနိုင်လောက်တယ်.. '
လင်းမို့ တွေးသည် ။ သူ၏ လက်သီးပြင်းအားမှ ငွေလအဆင့်ထက်အားနည်းသော်လည်း ကျန်သည့် ကဏ္ဍများ၌ ငွေလအဆင့်များကို ကျော်လွန်နေပေပြီ ။
' ငါအဆင့်မြန်မြန်တက်မှရမယ်.. '
ငွေလ အဆင့်များအား ကျွမ်းကျင်သူဟု သတ်မှတ်ထားသော်လည်း အောက်ခြေအဆင့်တွင်သာ ရှိသေးသည် ။
လင်းမို့သည် နျူကလီယားဗုံးဒဏ် ခံနိုင်ရည်ရှိသည့် နေအလင်းအဆင့်သို့ မရောက်မချင်း သိုသိုသိပ်သိပ်နေရန် ဆုံးဖြတ်ထားသည် ။
' ငါနေအလင်းအဆင့်မရောက်သေးရင် တခြားသူတွေက ငါ့ကိုဖမ်းပြီး စမ်းသပ်ခံကြွက်လုပ်မှာ ကြောက်နေရအုံးမယ်.. '
ဂြိုလ်ပြာ၏ မြောက်ဘက်ခြမ်း...
တောင်များဝန်ရံထားသည့် အသည်းပုံ ရေကန်၏ အလယ်ရှိ နန်းတော်တစ်ခု ။
ရီက အသားမည်းမည်းကျိုးချန်အား ကျေနပ်စွာ ကြည့်နေသည် ။
' ဒီကလေး ကြီးထွားနှုန်းက ကြောက်စရာပဲ.. '
ရီ သက်ပြင်းချလိုက်မိ၏ ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းခန့်က သူသည် ဤနေအဖွဲ့အစည်းသို့ ရောက်ရှိခဲ့သည် ။ နေ၏ ဗဟိုအူတိုင်တွင် နှစ်တစ်သောင်းကြာ ပြန်လည်ကုသခဲ့ရပြီး ဂြိုလ်ပြာကြီးတွင် နှစ်ရှစ်ထောင်ခန့် နေထိုင်ခဲ့သည် ။
ကျိုးချန်သည် ရီ ဂြိုလ်ပြာတွင်နေထိုင်ခဲ့သည့် သက်တန်းတလျောက် ပါရမီ အရှိဆုံးပင် ။
' ကျိုးချန်က စကြဝဠာ ဥပဒေသတွေနဲ့ ရင်းနှီးလွယ်တဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာဆိုတော့ ငါခေါ်လာတာတောင် မကြာသေးဘူး ဒီဂြိုလ်ရဲ့ အဆင့်သက်မှတ်ချက်နဲ့ဆို ကြယ်ရှစ်ပွင့် ရောက်နေပြီ.. '
ဤသည်မှာ ရီ၏ ထောက်ပံ့ပေးမှုကြောင့်လည်းဖြစ်သည် ။ ရီက ကျိုးချန်အား ဂြိလ်ပြာကြီးတွင်ပင် မရနိုင်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးထားသည် ။
' ဒီဂြိုလ်ပြာက ကောင်တွေရဲ့ အဆင့်သတ်မှတ်ချက်ကလည်း ဟာသပဲ .. ဒီလို အဆင့်တွေ ရှိကြောင်း နဂါးငွေ့တန်းက တခြားသူတွေသိရင် ရယ်လို့ဆုံးမှာ မဟုတ်ဘူး.. '
နဂါးငွေ့တန်း၏ အဆင့်သတ်မှတ်ချက်က ရိုးရှင်းလှသည် ။ အဆင့်မရှိသော သက်ရှိနှင့် အဆင့်မြင့်သက်ရှိဟုသာ ခွဲခြားထား၏ ။
အဆင့်မြင့်သက်ရှိအား အဆင့် ၉ ဆင့်ခွဲခြားထားပြီး အဆင့်တက်ရန် ခက်ခဲလွန်းလှသည် ။ ရီက နဂါးငွေ့တန်း၏ အသန်မာဆုံးဖြစ်သော အဆင့် ၉ သက်ရှိတစ်ယောက်ပင် ။
အဆင့် ၁ အောက်ကို အဆင့်မသက်မှတ်နိုင်သော သက်ရှိဟုသာ ခေါ်ဆိုကြ၏ ။
' လက်သီးပြင်းအား တန် ၁ သန်း ရောက်မှ အဆင့် ၁ လို့ခေါ်လို့ရမှာ ..ဂြိုလ်ပြာမှာ အဆင့် ၁ တောင်မရှိဘူး.. '
ဂြိလ်ပြာ၏ အဆင့်သက်မှတ်ချက်များဖြစ်သော ကောင်းကင်အဆင့် ၊ ငွေလအဆင့် ၊ နေအလင်းအဆင့် ၊ သိုင်းမဟာသခင်အဆင့်နှင့် စစ်နတ်ဘုရား အဆင့်များမှာ ရီ၏ အမြင်တွင် ဟာသဖြစ်နေ၏ ။
' ဒီနွားခြေရာခွက်ထဲက ဖားလေးတွေက ကောင်းကင်ဘယ်လောက်ကျယ်လဲဆိုတာ မသိကြဘူး ဟီးဟီး..'
ရီက လှောင်ရယ် ရယ်လိုက်၏ ။
ဂြိုလ်ပြာတစ်ခုလုံးတွင် ရီ၏ အာရုံစိုက်မှုနှင့် ထိုက်တန်သည်မှာ ကျိုးချန်တစ်ယောက်သာ ရှိသည် ။
' ကျိုးချန်က အဆင့် ၁ ကိုမြန်မြန်ရောက် ရောက်လိမ့်မယ်.. '
အဆင့်၁ သက်ရှိ ဖြစ်လာမှသာ ကျင့်ကြံသူဟု ခေါ်ဆိုနိုင်ပေမည် ။
' သူအဆင့် ၁ ရောက်ရင်တောင် ငါ့လိုအပ်ချက်နဲ့ အဝေးကြီးရှိသေးတယ်.. '
အဆင့်၁ မှ အဆင့် ၉ သို့ရောက်ရှိရန်မှာ သဘာဝ တွင်းနက်ကြီးကို ဖြတ်ကျော်နေရသလိုပင်ဖြစ်သည် ။
ရီက အဆင့် ၉ သက်ရှိ ဖြစ်သဖြင့် အဆင့် ၁ သက်ရှိက သူ၏ အမည်ခံတပည့် ဖြစ်လာရန်ပင် မထိုက်တန်ချေ ။
ရီသာ အမွေဆက်ခံသူ လိုအပ်သည်ဟု ကြေညာလိုက်ပါက ကျိုးချန်ထက် အဆပေါင်းများစွာ ပါရမီရှိသည့် သူများပင် ပြေးလာပေလိမ့်မည် ။ ထိုသို့ မလုပ်နိုင်သည်က စိတ်မကောင်းစရာပင် ။ သူ ယခု ပုန်းနေရခြင်းဖြစ်သည် ။
ထို့ကြောင့် ကျိုးချန်သည် ရီ၏ ရတနာတစ်ပါးသဖွယ် ဂရုစိုက်ခြင်း ခံနေရပေသည် ။
ရီသည် ကျိုးချန်က သူမသေဆုံးမီ လိုအပ်သောအဆင့်သို့ မရောက်ရှိပါက ကျိုးချန်အပါအဝင် ဂြိုလ်ပြာကြီးတစ်ခုလုံးကို ရှင်းလင်းပစ်မည်ဖြစ်သည် ။
' ငါ့အမွေကို ဆက်ခံမယ့်သူက ငါ့ခြေရာကို နင်းနိုင်ရမယ်.. '
သူ၏ အမွေကို ဆက်ခံပြီး နဂါးငွေ့တန်းသို့ ရောက်၍ အရှက်ခွဲခံရပါက သူ့မျက်နှာ ပျက်ရမည်ပင် ။
' ကျိုးချန်ရဲ့ စွမ်းဆောင်ရည်က လောလောဆယ်တော့ မဆိုးပါဘူး ..'
ရီ တွေးသည် ။
' ဂြိုလ်ပြာပေါ်မှာ သူနဲ့ နှိုင်းယှဥ်နိုင်တဲ့သူ မရှိဘူး.. လင်းမို့ဆိုရင် အခုလောက်ဆို ကျိုးချန်နောက် တော်တော်ကျန်ခဲ့လောက်ပြီ.. '
ရီက လင်းမို့ဟူသော အမည်အား မေ့နေသည်မှာ ကြာလေပြီ ။ သူ၏ အမြင်တွင် လင်းမို့က သိပ်မဆိုးသည့် ပါရမီရှင်ဖြစ်သည် ။ ဘက်ပေါင်းစုံ မျှမျှတတ တိုးတက်နေသဖြင့် ထူးခြားသည်ဟု ဆိုနိုင်ပေသည် ။ တာအိုခန္ဓာ ပိုင်ဆိုင်ထားသည့် ကျိုးချန်၏ အောက်တွင် လင်းမို့ တစ်ယောက်သာ ရီ၏အကြည့်နှင့် ထိုက်တန်ပေသည် ။
' လင်းမို့နဲ့ ကျိုးချန်ကြား ကွာခြားချက်က ဘယ်လောက်ရှိသွားပလဲ မသိဘူး.. '
ရီက တွေးမိလိုက်သည် ။ ထိုအဖြေကို ရရန် ရီအတွက် လွယ်ကူလှပေသည် ။
" ဝှီး.."
ရီက သူ၏ စိတ်အာရုံကို ဖွင့်ထုတ်လိုက်လျှင် ဂြိုလ်ပြာကြီး တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည် ။ ဂြိုလ်ပြာပေါ်ရှိ မြူမှုန်တစ်မှုန်ပင် သူ၏ စိတ်အာရုံထံမှ ပုန်းကွယ်နေနိုင်မည်မဟုတ် ။
တစ်စက္ကန့် ပင် မကြာလိုက် ကျန်းနန်တက္ကသိုလ်တွင် ရောက်နေသော လင်းမို့ကို ရှာတွေ့သွားသည် ။
' လင်းမို့ရဲ့ လက်သီးပြင်းအားက ဘယ်လောက်ရောက်နေလဲကြည့်ရအောင်..'
ရီက တွေးမိသည်နှင့် စစ်ဆေးကြည့်လိုက်ရာ...
" သောက်ခွေး.. "
ရီ ဆွံ့အသွား၏ ။ သူ၏ စိတ်အာရုံကို ပင် သံသရဝင်သွားသည် ။
လင်းမို့၏ ဆဲလ်သန်မာမှုက အမှတ် ၈၀၀၀၀ သို့ရောက်ရှိနေလေသည် ။ ကျိုးချန်ထက်ပင် သန်မာ၏ ။ မည်သို့ဖြစ်နိင်ပါမည်နည်း ။
ကျိုးချန် ဤအဆင့်သို့ ရောက်ရှိနေသည်မှာ သူပေးထားသော အထောက်အပံ့များကြောင့်သာ ဖြစ်သည် ။
ရီ အံ့အားသင့်နေ၏ ။ တာအိုခန္ဓာပိုင်ဆိုင်ထားသော ကျိုးချန်က လင်းမို့၏ နောက်တွင် ရောက်နေသည်လော ။
' ငါမှားသွားတာလား..'
ရီသည် တစ်စက္ကန့်နီးပါး ငိုင်သွားပြီး သတိပြန်ဝင်လာသည် ။
' နဂါးငွေ့တန်းမှာ သာမန်ထက် ကြီးထွားနှုန်း ပိုမြန်တဲ့ နတ်ခန္ဓာကိုယ်တွေ ရှိတယ်လို့ကြားဖူးတယ်.. ကျိုးချန်ရဲ့ တာအိုခန္ဓာ ထက်တောင် အဆင့်တက်မြန်သေးတယ် ..လင်းမို့မှာ အဲ့လို ခန္ဓာကိုယ်မျိုး ရှိတာလား.. အဲ့တာဆို လင်းမို့က နဂါးငွေ့တန်းမှာတောင် မြင်ရခဲတယ့် နတ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာလား.. '
သို့သော်လည်း ရီသည် သူကိုယ်တိုင်ပျိုးထောင်ပေးနေသော ကျိုးချန်က လင်းမို့ထက် နိမ့်ကျနေသည်ကို လက်မခံနိုင်သေးပေ ။
' လင်းမို့က ပိုသန်မာပင်မဲ့.. ကျိုးချန်ရဲ့ ပါရမီက ခွန်အားမဟုတ်ဘူး.. တိုက်ခိုက်ရေးစွမ်းရည်ပဲ.. '