ငါ့မျက်နှာကို ဖြတ်ရိုက်ရဲလား
Vol. 12 Ch. 178
တိုက်ခိုက်ရေးစွမ်းရည် အဆုံးထိရောက်လျှင် တာအိုနှင့် စတင်ထိတွေ့မည်ဖြစ်ပြီး ဥပဒေသ များအဖြစ် ပြောင်းလဲသွားပေမည် ။
ကျိုးချန်သည် ဥပဒေများနှင့် နှီးနွယ်နေသည့် တာအိုခန္ဓာဖြင့် မွေးဖွားလာသူဖြစ်သည် ။ ထို့ကြောင့် ကျိုးချန်၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာသည်မှာ မယုံနိုင်လောက်အောင်ပင် ။
' ကျိုးချန်ရဲ့ အားနည်းချက်က ခန္ဓာကိုယ်ကြံခိုင်မှုပဲ.. '
ရီ၏ နှလုံးသားထဲတွင် ယှဥ်ပြိုင်လိုမှုက တိတ်တဆိတ် ပေါက်ဖွားလာ၏ ။ သူ ချန်ထားခဲ့သူက သူရွေးချယ်ထားသော ပါရမီရှင်ထက် တိုးတက်မှု မြန်ဆန်နေသည်ကို သူလက်မခံနိုင် ။
' ဂြိုလ်သေးသေးလေးမှာ ငါမှားကြည့်မိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. '
ရီက မယုံနိုင်ပေ ။
' ကျိုးချန်က လက်သီးပြင်းအား အားနည်းပင်မယ့် သူ့ရဲ့အဓိက ပါရမီက တိုက်ခိုက်ရေးစွမ်းရည်ပဲ.. အခုဆို အဆင့် ၅ နောက်ပိုင်းအဆင့်တောင် ရောက်တော့မယ်.. '
ရီသည် လွန်ခဲ့သော ရက်အနည်းငယ်က လင်းမို့အား စစ်ဆေးကြည့်စဥ်တွင် လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၅ အလယ်ဆင့်တွင်သာ ရှိသေးသည် ။ လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်တက်သွားမည်ဟု သူမထင် ။
' တိုကခိုက်ရေးစွမ်းရည်ဆိုတာ ဖြည်းဖြည်းချင်း လေ့ကျင့်ရတာပဲ.. ကျိုးချန်က တာအိုခန္ဓာ ရှိလို့သာ မြန်မြန်တိုးတက်လာတာ.. လင်းမို့က ဘယ်မီမှာလဲ.. '
ရီက တွေးပြီး လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်အား စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည် ။ တခြားသူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စိတ်အာရုံဖြင့် စစ်ဆေးရသည်မှာ မလွယ်သော်လည်း ရီက အဆင့် ၉ သက်ရှိတစ်ယောက် ဖြစ်သည် ။
" ချီး..."
ရီဆွံ့အ သွားပြန်သည် ။ လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ အထွတ်အထိပ်သို့ ရောက်နေကြောင်း သူမြင်လိုက်ရ၏ ။
' တာအို ခန္ဓာမရှိဘဲ ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာတာလဲ.. '
ဤသည်က ရီ၏ နားလည်မှုကို ကျော်လွန်သွားသည် ။
' ကျိုးချန်က လင်းမို့ထက် အားနည်းတယ်ဆိုတာ ငါမယုံဘူး.. '
ရီ ဒေါသအနည်းငယ် ထွက်လာ၏ ။
' အနှစ်သာရ ကျန်သေးတယ်..'
( စိတ်စွမ်းအင် အဆီအနှစ် နဲ့ အနှစ်သာရ တူတူ ပါပဲဗျ)
' ကျိုးချန်ရဲ့ အနှစ်သာရက ဥပဒေသတွေနဲ့ အားဖြည့်ထားတာ ပြီးတော့ ငါ ပြင်ပေးတဲ့ ဆေးတွေလည်း သုံးထားတယ်.. '
သန်မာသူတို့၏ ကမ္ဘာတွင် လက်သီးပြင်းအားထက် အနှစ်သာရ က ပို၍ အရေးပါသည် ။
' ငါရဲ့ အနှစ်သာရ သာ ဒီ့ထက် ပိုအားကောင်းခဲ့ရင် ဒီအခြေအနေကို ရောက်နေမှာ မဟုတ်ဘူး.. '
သူ၏ တွက်ချက်မှုအရ လင်းမို့သည် ကျိုးချန်၏ အနှစ်သာရကို မယှဥ်နိုင်သင့်ပေ ။
' ကျိုးချန်ရဲ့ အနှစ်သာရက အဆင့် ၅ နောက်ပိုင်းအဆင့်ကို ရောက်နေပြီ ..ပြီးတော့ လင်းမို့ရဲ့ အနှစ်သာရက စာမေးပွဲတုန်းက အဆင့်၅ အစောပိုင်းပဲ ရှိသေးတာ .. ပြီးတော့ အနှစ်သာရ တိုးမြှင့်နိုင်ဖို့ ဘာဆေးမှလဲ သုံးနိုင်တာ မဟုတ်ဘူး.. သူဘယ်လိုလုပ် ကျိုးချန်ကို ယှဥ်နိုင်မှာလဲ.. '
ရီ၏ စိတ်အာရုံက လင်းမို့၏ စိတ်ဝိဉာဥ် ပင်လယ် ထဲသို့ တိတ်တဆိတ် စိမ့်ဝင်သွားပြီး စစ်ဆေးကြည့်လိုက်၏ ။
" သောက်ချီး .. ခမသ.. ကမကလ.."
နေအဖွဲ့အစည်းထဲတွင် နှစ် ၂၀၀၀၀ ကြာ တည်တည်ငြိမ်ငြိမ် နေခဲ့သူမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာလိုကြီး ပီပီသသ ဆဲလိုက်မိ၏ ။
' အဆင့် ၅ အထွတ်အထိပ်လား.. '
တည်ငြိမ်သူ ရီတစ်ယောက် ယနေ့တွင် သုံးကြိမ်တိုင်တိုင် ဆွံ့အ ခဲ့ရ၏ ။ လင်းမို့သည် သူ၏ မျက်နှာကို ဖြတ်ရိုက်သွားသလိုပင် ခံစားမိလိုက်သည် ။
' ငါက နဂါးငွေ့တန်း ရဲ့အသန်မာဆုံးလေ ..အဆင့်မရှိတဲ့ ပိုးကောင်လေးက ငါ့မျက်နှာကို ဖြတ်ရိုက်ရဲတယ်လား.. '
ရီ၏ မျက်နှာက ရှုံ့မဲ့ သွား၏ ။ ဤ အဆင့်မသက်မှတ်နိုင်သော ပိုးကောင်လေးက ဤမျှ သန်မာနေသည်ကို သူမယုံနိုင်ပေ ။ ပထမအဆင့် သက်ရှိ ဆိုပါက ဤအခြေအနေကို သူလက်ခံနိုင်ပေသည် ။
'' မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. ဒီကောင်လှည့်စားနေတာပဲ ဖြစ်ရမယ်.. သူခိုးကောင်.. "
ရီက ဒေါသတကြီး ကျိန်ဆဲလိုက်၏ ။ လင်းမို့ လှည့်စားနေခြင်းမဟုတ်မှန်း သူသိသော်လည်း ဆဲချင်၍ ဆဲလိုက်ခြင်းဖြစ်သည် ။ သူ မသိသည်မှာ လင်းမို့က စနစ်ပိုင်ရှင် သူခိုးတစ်ကောင် ဖြစ်နေခြင်းပင် ။
' ငါ့ကို မျက်နှာဖြတ်ရိုက်ရဲတယ့်ကောင်.. '
ရီ၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် လင်းလက်လာ၏ ။
ရီသည် စိတ်အနှောက်အယှက်ဖြစ်ပါက အဆင့်၁ သက်ရှိများကိုပင် လက်ဝှေ့ယမ်း၍ ဖျောက်ပစ်နိုင်သည် ။ သူ လင်းမို့အား သတ်ရန် အကြည့်တစ်ချက်သာ လိုအပ်၏ ။
' ဟမ့်.. ဒီနေရာက ငွေရောင်နှလုံးသား မဟာမိတ်နယ်မြေသာဆို ငါ သတ်ပစ်လိုက်ပြီ.. ဆင်းရဲသားနယ်မြေ မလို့ ချမ်းသာ ပေးလိုက်မယ်.. '
ဂြိုလ်ပြာအတွက် လင်းမို့ကဲ့သို့ ပါရမီရှင် ပေါ်ထွက်လာသည်မှာ နှစ်တစ်သန်းတွင်ပင် ကြုံရခဲသည့် အခွင့်ထူးကြီးဖြစ်သည် ။ ရီသည် သွေးဆာနေသူတစ်ယောက် မဟုတ် ။
' ငါ့အမွေကို ဆက်ခံနိုင်မယ့်သူ ရှာချင်လို့လဲ ဖြစ်နိုင်တာပဲ.. '
ရီက သူ့အမွေကို ဆက်ခံနိုင်မည့်သူအား အမှန်တကယ်လိုအပ်နေပေသည် ။
ငါ့အမွေကို ဘယ်သူဆက်ခံနိုင်မှာလဲ ..လင်းမို့ လား.. ကျိုးချန်လား ..နှစ်ယောက်လုံး မလုပ်နိုင်ဘူးလား.. ငါသေချာ စောင့်ကြည့်ရမယ်.. '