Chapters

ကြက်သားညစာစားပွဲဘုရင်

Vol. 12 Ch. 180

ကြက်သားညစာစားပွဲဘုရင်

Vol. 12 Ch. 180

" အဲ့တာ ရှေးဦးစကြာဝဠာ ထဲက ဂိမ်းကိုပြောတာ.. "

ဆရာဝေ့က ဆွံ့အကာ ပြောလိုက်၏ ။

" အော်သိပြီ.. "

လင်းမို့မှတ်မိသွားသည် ။ သူ လူသစ်ကျေးရွှာမှ ထွက်လာစဥ် တုန်းက ဝင်ကြည့်ဖူးပေသည် ။ ထိုစဥ်က အထက်တန်းအောင်လက်မှတ် မရှိ၍ ဝင်ဆော့ခွင့် မရခဲ့ပေ ။

ထိုဂိမ်းတွင် တစ်ပွဲလျှင် လူတစ်ရာ ဝင်၍ ယှဥ်ပြိုင်ရပြီး နောက်ဆုံးကျန်ရစ်သူက အနိုင်ရမည်ဖြစ်သည် ။ ဂိမ်းတွင် တစ်ယောက်ချင်းနဲ့ အဖွဲ့လိုက်ဟု နှစ်မျိုးရှိပြီးအနိုင်ရသူက ဆုအဖြစ် ကြက်ကင် တစ်ကောင်ရမည်ဖြစ်၍ ဂိမ်းအား ကြက်သားညစာစားပွဲဘုရင် ဂိမ်းဟု ခေါ်ကြပေသည် ။

ယခု လင်းမို့တွင် အထက်တန်းအောင်လက်မှတ် ရှိပြီဖြစ်၍ ဂိမ်းတွင် ပါဝင်နိုင်ပြီဖြစ်သည် ။

" ဒီပြိုင်ပွဲကို နှစ်တိုင်းကျင်းပတယ်.. "

ဆရာဝေ့က...

" အသက်သုံးဆယ်အောက်တွေ အကုန်ပါဝင်လို့ရတယ်.. "

လင်းမို့၏ အသက်က ယခုမှ ဆယ့်ရှစ်နှစ်သာ ရှိသေး၏ ။

" ဘွဲ့ရတွေကော ဘွဲ့လွန်တက်နေတဲ့ သူတွေကော ပါမှာပဲ.. မာစတာတန်းတွေတောင် ဘွဲ့ရရင် သုံးဆယ်အောက်ပဲ ရှိသေးတာလေ.. "

ဆရာဝေ့က...

" ပါဝင်တဲ့ လူတိုင်းတော့ အမှတ်ရမှာ မဟုတ်ဘူး.. တက္ကသိုလ် ပြိုင်ပွဲဆိုတော့ လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသားတွေပဲ အမှတ်ရမှာ.. "

" အဆင့်တွေကို တစ်ဦးချင်းအဆင့်နဲ့ တက္ကသိုလ် အဆင့် ဆိုပြီ နှစ်မျိုး ခွဲထားတယ်.. တစ်ဦးချင်းအဆင့်ကတော့ ပြိုင်ပွဲဝင် အားလုံးထဲက ထိပ်တန်းတစ်ရာပေါ့.. တက္ကသိုလ်အဆင့်က တက္ကသိုလ် တစ်ခုချင်းစီရဲ့ ထိပ်တန်းကျောင်းသား တစ်ရာ အဆင့်ပဲ .. "

" အဲ့တာဆို အဲ့အဆင့်တွေက မာစတာတန်းက ကျောင်းသားတွေ အတွက်ပဲပေါ့.."

လင်းမို့ မေးလိုက်၏ ။

" သေချာတာပေါ့.. မာစတာတန်းက ကျောင်းသားတွေကို သာမန်ကျောင်းသားတွေက ဘယ်ယှဥ်နိုင်မှာတုန်း.. များသောအားဖြင့် အပျော်ဝင်ပြိုင်ကြတာ .. အလွတ်တန်း လည်း ဝင်ပြိုင်လို့ရတယ်လေ.. အမှတ်ကောင်းကောင်းရမှ ကျောင်းနာမည်စာရင်းသွင်းလို့ရတယ်.. ဘာပဲ ဖြစ်ဖြစ် ကျောင်းမှာ နာမည်ကြီးလာတာပေါ့ အဆင့်ကောင်းကောင်းရရင်.. "

ဆရာဝေ့က ပြုံးလိုက်ပြီး...

" ဆရာတော့ မင်းကို ဝင်ပြိုင်စေချင်တယ်.. အဲ့တာမှ နှစ်ကြီးသမားတွေ ဘယ်လောက်သန်မာလဲသိမှာ.. "

ဆရာဝေ့ ဤစကားများ ပြောနေရခြင်းမှာ လင်းမို့ ဝင်ပြိုင်စေရန် ဖြစ်သည် ။ ထိုမှသာ ရှုံးနိမ့်မှုကို ခံစားရပြီး တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာစေရန် အာရုံစိုက်၍ လေ့ကျင့်ပေမည် ။

ဤပြိုင်ပွဲတွင် လက်သီးပြင်းအားထက် တိုက်ခိုက်ရေးစွမ်းရည်က အရေးပါပေသည် ။ စစ်မှန်သော တိုက်ပွဲများ ကြုံတွေ့ရမည်ဖြစ်သည် ။

" ဟုတ်ကဲ့ပါ.. ကျွန်တော် ဝင်ပြိုင်ပါ့မယ်.. "

လင်းမို့၏ Black Earth နာမည်မှာ ဖုန်တက်နေပြီ ဖြစ်သည် ။ လူတိုင်း သူ့အား မေ့နေကြလေပြီ ။

' ဟီးဟီး ငါကြွားဖို့ အချိန်ရောက်လာပြီ.. '

လင်းမို့က လူယုတ်မာပြုံး ပြုံးလိုက်၏ ။

ဆရာဝေ့သည် အဝေးသို့ ရောက်သွားသော လင်းမို့အား ကြည့်ရင်း စဥ်းစားလိုက်၏ ။

' မင်း ဂိမ်းထဲ ရောက်မှ ကျောင်းနာမည်တောင် မတပ်ရဲအောင် ရှက်သွားလိမ့်မယ်.. '

ရလဒ်ကောင်းသော ကျောင်းသားများက ကြွားရန် ကျောင်းနာမည်တပ်မည် ဖြစ်သော်လည်း ရလဒ်မကောင်းသော ကျောင်းသားများက ရှက်ရွံ့စွာဖြင့် တိတ်တိတ်လေး ပုန်းနေကြပေမည် ။

' ဒီပွဲပြီးရင် လင်းမို့ရဲ့ မာန မရှိတော့ဖို့ မျှော်လင့်တယ်.. '

ဆရာဝေ့၏ အမြင်အရ လင်းမို့ကဲ့သို့ အထူးပါရမီရှင်မျိုးသည် ပို၍ထက်မြက်လာစေရန် ဓားသွေးသလို သွေးပေးရပေမည် ။

" နိုင်ငံလုံးဆိုင်ရာ အထက်တန်းအဆင့် ကြက်သားညစာစားပြိုင်ပွဲ.. "

လင်းမို့ အင်တာနက် ပေါ်တွင် ထိုအကြောင်းအသေးစိတ်ကို ရှာကြည့်လိုက်သည် ။

လင်းမို့၏ ပင်ကိုယ်စရိုက်မှာ သိုသိုသိပ်သိပ် နေတက်သူ တစ်ယောက် မဟုတ်ချေ ။ ခွန်အား ရှိသော်လည်း မထုတ်ဖော်ရဲ သဖြင့် စိတ်မသက်မသာ ခံစားနေရပေသည် ။

လင်းမို့သည် စမ်းသပ်ခံကြွက်ဘဝ ရောက်မည်ကို စိုးသောကြောင့်သာ သိုသိုသိပ်သိပ် ဖုံးကွယ်နေခြင်းဖြစ်သည် ။

လမ်းညွှန်တိုက်ပွဲနှင့် လောင်းကြေးတိုက်ပွဲတွင်လည်း မတက်သာ၍သာ တိုက်ခိုက်ခဲ့ရသော်လည်း အစစ်အမှန်ခွန်အားကို မထုတ်ဖော်ခဲ့ပေ ။ ခန္ဓာကိုယ် ကြံ့ခိုင်မှု တစ်ခုထဲဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည် ။

ယခု သူ၏ ခွန်အားကို ထိန်းချုပ်ထားရသဖြင့် ဖောက်ကွဲထုတ်ချင်လှလေပြီ ။

လင်းမို့၏ ခံစားချက်က ညနက်အမှောင်ထဲတွင် ပန်းထိုးအကျီ် ဝတ်ဆင်၍ သွားနေသော လူတစ်ယောက်လိုပင် ခံစားနေရသည် ။ ကြွားချင်သော်လည်း မည်သူမှ မမြင်ရ၍ ကြွား၍ ရမည်မဟုတ် ။