← Chapters

ရှင်သန်ဖို့အတွက် သရုပ်ဆောင်စွမ်းရည်ကို အားကိုးတတ်ရတယ်

Vol. 34 Ch. 463

ရှင်သန်ဖို့အတွက် သရုပ်ဆောင်စွမ်းရည်ကို အားကိုးတတ်ရတယ်

Vol. 34 Ch. 463

လီတာ့ကမ် ငြိမ်းချမ်းစွာ ကွယ်လွန်သွားသည်။

သူ ခြိမ်းခြောက်နေစဥ်တွင်ပင် ကျားငါးမန်းစစ်သူကြီးက ပါးစပ်ကို ဟပြီး လူကိုရော ငါးဖမ်းလှေကိုပါ တစ်လုပ်တည်း မျိုချလိုက်ခြင်းပင်။ လှေဝမ်းထဲမှ သောင်းနှင့်ချီသော ပင်လယ်စာများပါ ပါသွားကြလေသည်။

“အစ်ကိုတာ့ကမ်!!!”

ဤမြင်ကွင်းကို မြင်လိုက်ရသော အမျိုးသမီးများသည် ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။

ကျားငါးမန်းစစ်သူကြီးက လှောင်ရယ်လိုက်သည်။ “ငတုံးငအကောင်တွေ၊ ငါ့ကိုများ ငါးပုစွန်လေးတွေနဲ့ ခြိမ်းခြောက်ရဲတယ်။ အဲ့ဒါ ငါစားနေကျအစာတွေကွ!”

လူသားမျိုးနွယ်စုကြားတွင်ပင် အာဏာလုရင်း အချင်းချင်း သတ်ဖြတ်ကြသေးသည်မဟုတ်လော။ ရိုင်းစိုင်းကြမ်းတမ်းသော ပင်လယ်မျိုးနွယ်စုများကို ထိုမျှစည်းကမ်းကျနနေလိမ့်မည်ဟု ထင်ပါသလား?

ငါးကြီးက ငါးငယ်ကို စားသည်၊ ငါးငယ်က ပုစွန်ကို စားသည်၊ ဤသည်မှာ သမိုင်းတစ်လျှောက် မပြောင်းလဲသော အစာကွင်းဆက်သာဖြစ်၏။

“ငါ့ရဲ့ လက်အောက်ငယ်သားတွေ၊ ငါနဲ့အတူ နတ်မိမယ်တိုင်းပြည်ရဲ့ တော်ဝင်နန်းတော်ကို အတူချီတက်ကြ!”

ကျားငါးမန်းစစ်သူကြီး၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပြောင်နေပြီး ပုစွန်စစ်သားနှင့် ကဏန်းဗိုလ် စစ်တပ်ကို ဦးဆောင်ကာ ကုန်းမြေထက်သို့ တည့်တည့် ဦးတည်လိုက်သည်။

“ပင်လယ်စာတွေ ရူးသွပ်နေပြီ! အားလုံး ပြေးကြ!”

“ကမ်းရိုးတန်း ကပ်ဆိုက်နေပြီ၊ ပင်းရှီတပ်မတော် ဘယ်မှာလဲ?”

“ငါးမန်းစုတ်ကောင်၊ အစ်ကို့တာ့ကမ်ကို မျိုချလိုက်တာ! နင့်ကို မသေသေအောင်သတ်မယ်!”

အနောက်ဘက်နယ် ကမ်းရိုးတန်းတကြောလုံး ရှုပ်ထွေးနေပြီး အော်ဟစ်ငိုယိုသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

အမျိုးသမီးများစွာ အံ့သြထိတ်လန့်နေရသော တစ်ချက်မှာ ကမ်းရိုးတန်းကို စောင့်ရှောက်ရန် တာဝန်ရှိသော ပင်းရှီတပ်မတော်သည် ရက်ရက်စက်စက် သတ်ဖြတ်ရှင်းလင်းခံနေရသော ပြည်သူအပေါင်းကို လျစ်လျူရှုနေရုံသာမက လမ်းပြအဖြစ်ပင် လုပ်ဆောင်ပေးနေသည်ပင်။ ၎င်းတို့သည် နေရာကူးပြောင်း အစီအရင်များကို ဆက်တိုက်ဖန်တီးအသက်သွင်းရင်း ပင်လယ်မျိုးနွယ်စု စစ်တပ်ရှစ်သိန်းအား အုပ်စုများခွဲ၍ တော်ဝင်မြို့တော်သို့ သယ်ယူပို့ဆောင်ပေးနေသည်။

“ကောင်းကင်ကြီးပြိုပါပြီ၊ ယန်မျိုးနွယ် ထကြွလာပြီ!”

“လက်ရှိ အုပ်စိုးရှင်က အမျိုးသားတွေနဲ့ ချစ်ရည်လူးဖို့ပဲအသိရှိပြီး အရည်အချင်းမရှိ၊ မိုက်မဲတယ်။ ဒီလုပ်ရပ်က ပြည်သူသန်းပေါင်းများစွာအတွက် ဘာများအကျိုးရှိလို့လဲ။ အခုတော့ အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးက ကောင်းကင်ရဲ့ ဆန္ဒနဲ့အညီ ပုန်ကန်ထကြွပြီ!”

တစ်ချိန်တည်းမှာပင် ပင်းရှီမင်းသားစံအိမ်မှ မဟာဗျူဟာမှူးများ၏ အော်ဟစ်ကြွေးကြော်သံများက ကျယ်ပြောလှသော တော်ဝင်မြို့တော်တစ်လျှောက်လုံး ချက်ချင်း ပျံ့နှံ့သွားသည်။

တော်ဝင်မြို့တော်မှ ပြည်သူများသည် ပထမတွင် ထိတ်လန့်သွားကြပြီး နောက်မှ အခြေအနေကို ရိပ်စားမိလာကာ အလွန်အမင်း တုန်လှုပ်သွားကြသည်။

အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် တစ်ချိန်လုံး ပလ္လင်ကို သိမ်းပိုက်လိုသည့် ဆန္ဒရှိခဲ့သည်ဟု လူအများကြားတွင် ကောလဟာလများ မကြာခဏ ပြန့်ပွားခဲ့သော်လည်း သွေးနီဂိုဏ်းချုပ်နှင့် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပြီးနောက် ထိုအမျိုးသမီးလည်း သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်လာလိမ့်မည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။

မမျှော်လင့်ဘဲ၊ ရက်အနည်းငယ်အကြာတွင် အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် ပွင့်ပွင့်လင်းလင်း ပုန်ကန်လိုက်လေပြီ!

ဒီ အဆီပေါတဲ့မိန်းမက အရမ်းကို မောက်မာနေတာပဲ!

“ဟိုမှာ မြန်မြန်ကြည့်စမ်း! ပင်လယ်မျိုးနွယ်စုတွေ မဟုတ်လား!” အမျိုးသမီး ကျင့်ကြံသူ တစ်ဦးသည် တစ်ခုခုကို မြင်လိုက်ပုံရပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

လူတိုင်းက ထိုနေရာသို့ လှမ်းကြည့်လိုက်ကြမိသော် မယုံနိုင်စွာ တုန်လှုပ်လာကြသည်။

ပင်လယ်မျိုးနွယ်စု၏ ရှစ်သိန်းသောအင်အားဖြင့် စစ်တပ်ကြီးသည် မြင့်မားသော ရေလှိုင်းများကို စီးနင်းကာ တော်ဝင်မြို့တော်တွင် ထွက်ပေါ်လာခဲ့ရာ လေထဲတွင်ပင် ပြင်းထန်သော ပင်လယ်စာညှီနံ့များ ပြည့်နေတော့၏။

“အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီး၊ ဒီနေ့ ငါတို့ ပင်လယ်မျိုးနွယ်စုက မင်းကို အာဏာသိမ်းပိုက်ဖို့ ကူညီမယ်။ နောင်မှ ဒီအာဏာ ဘယ်သူ့ကြောင့်ရခဲ့တယ်ဆိုတာ မမေ့ပါနဲ့!”

ကျားငါးမန်းစစ်သူကြီးသည် လက်များကိုနောက်ပစ်ကာ ရပ်နေရင်း သတိပေးလိုက်သည်။

အုံး~

ပင်းရှီ မင်းသားစံအိမ်မှ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးရွားချီသည် ဗုံးပေါက်သည့်အလား ထွက်ပေါ်လာခဲ့၏။

မိစ္ဆာမကြီးဖိုကုန်းနှင့် ဆင်တူသော သန်မာထွားကြိုင်းသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ အရုပ်ဆိုးသော မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက်။ သူမ၏ အမည်းရောင်ဝတ်ရုံက တလွင့်လွင့်ခါနေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ အနက်ရောက်အခေါင်းပေါက်ကြီးတစ်ခုပါ ဖြစ်ပေါ်လာသည်။

အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးက မျက်တောင်တစ်ချက်ခတ်လိုက်ရာ သွေးရောင်စွန်းသော အလင်းတန်းနှစ်ခုသည် လေထဲတွင် ပျံ့နှံ့သွားပြီး သူမ၏ အေးစက်သောလေသံမှာ မထိန်းချုပ်နိုင်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

“ပင်လယ်မျိုးနွယ်စုရဲ့ ကြင်နာမှုကို ဒီ မင်းသမီး မှတ်ထားပါ့မယ်။ ကျေးဇူးပြု၍ တာအိုမိတ်ဆွေ၊ ကျွန်မနဲ့အတူ တော်ဝင်နန်းတော်ကို အတူလိုက်ပြီး အုပ်စိုးရှင် တုန်ဖန်းကျင်းနဲ့ အဲဒီ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကို သတ်ကြစို့!”

“ကောင်းပြီ!”

ကျားငါးမန်းစစ်သူကြီး ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်သည် တော်ဝင်မြို့တော်ရှိ တုန်ယင်နေသော အမျိုးသမီးများစွာထီ လွှမ်းခြုံသွားပြီး သူ၏ မျက်လုံးများသည် သွေးဆာနေသကဲ့သို့ တလက်လက်တောက်ပြောင်လာသည်။ “ကိစ္စဝိစ္စတွေပြီးရင် ငါ ဒီနေရာမှာပဲ အောင်ပွဲခံချင်တယ်။ မင်း ကန့်ကွက်စရာမရှိဘူး မဟုတ်လား?”

“တာအိုမိတ်ဆွေ၊ ပျော်ပျော်ပါးပါး‌ အောင်ပွဲခံပါလေ!” အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် ပြည်သူများ၏ အသက်ကို အရေးမစိုက်ပေ။ သူမ၏ ရည်မှန်းချက်များကို ပြည့်မီရန်နှင့် သူမ၏ သေဆုံးသွားသော သမီးအတွက် လက်စားချေရန်သာ ဆန္ဒရှိသည်။

ထိုသို့ပြောကာ အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် သူမ၏ ကျင့်ကြံခဲ့သော မဟာဗျူဟာမှူးများကို ဦးဆောင်ပြီး တော်ဝင်နန်းတော်သို့ ဦးတည်လိုက်ကြသည်။

ဤအရာကို မြင်သောအခါ လူတိုင်းသည် တုန်လှုပ်ပြီး ဒေါသထွက်ကုန်ကြ၏။

အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် ပုန်ကန်ထကြွရုံသာမက ရန်သူဖြစ်သော ပင်လယ်မျိုးနွယ်စုနှင့်ပါ ပူးပေါင်းခဲ့သည်ပင်။

ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ လုပ်ရပ်လဲ။

“ညီအစ်မတို့၊ အုပ်စိုးရှင်နဲ့အတူ သေအတူရှင်မကွာနေဖို့ ကတိသစ္စာပြုကြစို့! အဲဒီ ဝတုတ်မက ငါတို့ကို ဦးဆောင်ဖို့ မထိုက်တန်ဘူး!”

“အတိအကျပဲ! ဘာပဲဖြစ်ဖြစ် သေရမှာပဲဆိုတော့ အဲ့ဒီပင်လယ်စာကောင်တွေကို သတ်ရင်းသေကြတာပေါ့!”

“ဟုတ်တယ်၊ တိုက်ကြ!”

တိုက်ပွဲဟစ်သံများသည် တော်ဝင်မြို့တော် တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။

အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးမှ ပလ္လင်ကို သိမ်းပိုက်ရန် ပင်လယ်မျိုးနွယ်စုနှင့် ပူးပေါင်းခြင်းသည် တော်ဝင်မြို့တော်မှ ပြည်သူများ၏ ဒေါသကို အဆုံးစွန်ထိ လှုံ့ဆော်လိုက်ခြင်းပင်။ နတ်မိမယ်တိုင်းပြည်ကို ထိုသို့ ရူးသွပ်သော ပုဂ္ဂိုလ်တစ်ဦးက အုပ်ချုပ်မည်အား လက်မခံနိုင်ကြပေ။

ထိုအချိန်တွင်။

တော်ဝင်နန်းတော်တွင်လည်း ပွက်လောရိုက်နေခဲ့သည်။

နန်းတွင်းအစေခံများနှင့် အစောင့်အရှောက်များအားလုံး အလွန်အမင်း ထိတ်လန့်နေကြသည်။ အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးက ဤသို့အရေးကြီးသော အချိန်အခါဝယ် ပုန်ကန်ရဲလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ဒုန်း!

အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် တော်ဝင်နန်းတော် အထက်သို့ ဆင်းသက်လာပြီး အော်ဟစ်လိုက်သည်။ “တုန်ဖန်းကျင်း၊ အရည်အချင်းမရှိတဲ့ မိန်းမယုတ်၊ ထွက်လာပြီး သေလိုက်တော့!”

အော်ဟစ်သံသည် လှိုင်းကဲ့သို့ လွင့်ပျံသွားပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

“အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီး၊ မင်းအပေါ် ငါ တကယ် စိတ်ပျက်မိတယ်!” ခမ်းနားပြီး တော်ဝင်ဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

တုန်ဖန်းကျင်းသည် ဖီးနစ်တော်ဝင်ဝတ်ရုံနှင့် ရွှေပိုးသရဖူကိုဆင်မြန်းလျက် ထွက်ပေါ်လာခဲ့၏။ ဘုရင်မ၏ မျက်ခုံးကြားရှိ ထက်မြက်မှုမှာ ဓားတစ်လက်နှယ်ထက်ရှပြီး ခန္ဓာကိုယ်သည် မသေမျိုးအလင်းဖြင့် လင်းဖြာလျက်ရှိသည်။ ကောင်းကင်ထက်ဝယ် ရပ်ကာ အနောက်ဘက်နယ် ငြိမ်းချမ်ရေးမင်းသမီးအား တည့်တည့်ရင်ဆိုင်လိုက်သည်။

“ငါ အစကတော့ မင်းက မာနကြီးပြီး အကျိုးအကြောင်းမဆင်ခြင်တတ်ပေမယ့် သစ္စာရှိအမှုထမ်းတစ်ယောက်အဖြစ် စိတ်ချရလိမ့်မယ်လို့ မှတ်ယူခဲ့တယ်။ ဒါပေမယ့် မင်းက ရန်သူ ပင်လယ်မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး တော်ဝင်နန်းတော်ကို ကျူးကျော်ဝံ့သတဲ့လား? ဒီလို ရှက်စရာကောင်းတဲ့ ပြစ်မှုဆိုတာ လူကိုသံမှိုနဲ့ရိုက်ပြီး သစ္စာဖောက်အဖြစ် တိုင်ကပ်ကြေညာရင်တောင် ကျေနိုင်စရာမရှိဘူး!”

“တုန်ဖန်းကျင်း၊ ဟန်လုပ်နေတာ ရပ်လိုက်တော့။ ဆိုရိုးစကားကို မကြားဖူးဘူးလား? အနိုင်ရသူက ရှင်ဘုရင်၊ အရှုံးသမားက ခိုးသားပဲ။ အရည်အချင်းပိုင်းမှာ ဒီမင်းသမီးက ဘယ်လိုလုပ် မင်းထက် နိမ့်ပါးနိုင်ပါ့မလဲ? တော်ဝင်ပလ္လင်က ငါထိုင်ရမယ့်နေရာပဲ!”

အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးက လှောင်ပြောင်လိုက်သည်။ “ဒါ့အပြင် မင်းရဲ့ နောက်ကွယ်က အားကိုးစရာလူရော ဘယ်မှာလဲ? ကြောက်ပြီး ပုန်းနေတာလား? အဲဒီနေ့က ငါ့သမီးကို သတ်ပြီး ဒီ မင်းသမီးကို အရှက်ရစေခဲ့တာ။ ဒီတစ်ကြိမ်တော့ သူ့ရဲ့ သွေးကြွေးကို ပြန်ဆပ်ရစေ့မယ်!”

All Chapters