အခန်း (၄၆၄)
Vol. 34 Ch. 464
“ဟိုဝတုတ်မ၊ ငါ့ကို ရှာနေတာလား?” ဟုန်ချန်ယဲ့က ရှေ့ထွက်လာပြီး ပေါ့ပေါ့ပါးပါးမေးသည်။
ထိုပုဂ္ဂိုလ်ကို မြင်သောအခါ အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီး၏ ဝဖိုင့်နေသော မျက်နှာမှာ တစ်ချက်တုန်ယင်သွားသည်။ သူမသည် တံတွေးတစ်ချက်မျိုချလိုက်ပြီး ကျားငါးမန်းစစ်သူကြီးကို အမြန်ကြည့်လိုက်၏။
“တာအိုမိတ်ဆွေ၊ ဒီလူပဲ! ကျေးဇူးပြုပြီး သူ့ကို နှိမ်နင်းပေးပါ!”
ဟုန်ချန်ယဲ့က လှောင်ရယ်သည်။ “ကောင်းကင်မသေမျိုးအဆင့်လောက်နဲ့ ငါနဲ့ ယှဉ်စရာတောင်ရှိရဲ့လား?"
အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် တိတ်ဆိတ်သွားသည်။
အမှန်တော့ ကျားငါးမန်းစစ်သူကြီး၏ ကျင့်ကြံဆင့်မှာ ကောင်းကင်မသေမျိုးအဆင့် အထွဋ်အထိပ်တွင် ရှိနေကြောင်းကို သူမ မြင်သည်။ တိုက်ခိုက်ရေးစွမ်းရည်အရ သူမနှင့်အတူတူလောက်သာ ရှိပေမည်။ သို့သော် ဉာဏ်အလင်းအဆင့် သွေးနီနတ်ဆိုးကို ဆန့်ကျင်ရန်ဆိုသည်မှာ ထိုမျှလွယ်ကူသောကိစ္စမဟုတ်ကြောင်း သူတို့သိထားမည်ပင်။
ဒီအထိ ရောက်လာရဲမှတော့ အားကိုးစရာတစ်ခုခု အပါယူလာလောက်မည်ဖြစ်၏။
ကျားငါးမန်းစစ်သူကြီးသည် စပ်ဖြဲဖြဲပြုံးရယ်လိုက်ရာ ပါးစပ်မှ သွေးအနံ့အသက် အနည်းငယ် ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများက ဆော့ကစားလိုဟန်ဖြင့် တလက်လက်တောက်ပလျက်။ “လူသားမျိုးနွယ်ကောင်၊ ငါ့မှာ စွမ်းရည်မရှိဘူးလို့ တကယ်ထင်နေတာလား?”
စကားဆုံးသည်နှင့်။
ကျားငါးမန်းစစ်သူကြီး၏ လက်ထဲတွင် ကောင်းကင်ပြာရောင် ပင်လယ်ခရုတစ်ခု ပေါ်လာသည်။ ၎င်းသည် နက်ရှိုင်းသော အရှိန်အဝါဖြင့် တောက်ပနေ၏။
“ဟင်?” ဟုန်ချန်ယဲ့၏ မျက်ခွံများ တုန်ယင်သွားသည်။ ဤအရာသည် အန္တရာယ်ရှိသောခံစားချက်အား ပေးစွမ်းနေသည်ပင်။
“ဒါက မှော်ဝင် ပင်လယ်ခရုပဲ။ မင်းက ဉာဏ်အလင်းအဆင့် မသေမျိုးတစ်ယောက်ဖြစ်နေရင်တောင် ငါ့လက်ထဲမှာ သေကိုသေရမယ်!” ကျားငါးမန်းစစ်သူကြီးက မောက်မာစွာ ပြောလိုက်သည်။
အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် အလွန်ဝမ်းမြောက်သွားသည်။ သူမ မဟာမိတ်အရွေးမှန်သွားခဲ့လေပြီ။
“မှော်ဝင် ပင်လယ်ခရု?”
မလှမ်းမကမ်းတွင် လမ်းလျှောက်ထွက်လာသော ယဲ့ကျွင်းလင်သည် ဤနာမည်ကို ကြားလိုက်သောအခါ စိတ်ဝင်စားသွားဟန်ရှိ၏။
လီဝူကျယ်သည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး ကောင်းကင်ကို လက်ညှိုးထိုးကာ အော်လိုက်သည်။ “ဆရာသခင်၊ ပင်လယ်စာတွေ အများကြီးပဲဗျ!”
ယဲ့ကျွင်းလင်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော ပုစွန်စစ်သားနှင့် ကဏန်းစစ်ဗိုလ်များကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများတောက်ပလာကာ ရေရွတ်လိုက်၏။ “ကောင်းလေစွ၊ ငါလည်း ပင်လယ်စာ ပွဲတော်မတည်ရတာ ကြာပြီ!”
“သေစမ်း!”
ထိုအချိန်တွင် ကျားငါးမန်းစစ်သူကြီးက တစ်ချက်ကြုံးဝါးလိုက်ပြီး ပြင်းထန်သော မသေမျိုး စွမ်းအင်များကို ပင်လယ်ခရုထဲသို့ လောင်းထည့်လိုက်သည်။ ၎င်းသည် ချက်ချင်းဆိုသလို အဆုံးမဲ့ အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။
ဝူး ဝူး ဝူး~
ပင်လယ်ခရု၏ အသံသည် အလွန်နက်ရှိုင်းပြီး ကောင်းကင်မိုင်တစ်သောင်းကို ပျံ့နှံ့သွားစေသည်။
ရွှစ်!
ထို့နောက် ပင်လယ်ခရုအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာသည်။ တော်ဝင်မြို့တော်ရှိ လူတိုင်းသည် တုန်ယင်နေသော နှလုံးသားများဖြင့် ကြောက်ရွံ့မှုနှင့် စိတ်မလုံခြုံမှုတို့ကို ခံစားနေရသည်။
ကောင်းကင်သည် ရုတ်ချည်းမှောင်မိုက်သွားပြီး မိုးတိမ်များ ပြိုကျတော့မည့်အလား အုံ့မှိုင်းလာသည်။
မြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
“ဒီ၊ ဒီ စွမ်းအားက…” တုန်ဖန်းကျင်း၏ မျက်နှာ ဖြူဖျော့လာသည်။ ဤမြင့်မားသော အင်အားကို ရင်ဆိုင်မိလိုက်ရာတွင် သူမကိုယ်တိုင်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားခဲ့ကြောင်း ခံစားမိရ၏။
ပင်လယ်မျိုးနွယ်စုက ဘယ်ကနေဘယ်လို ဒီလောက်အစွမ်းထက်သွားရတာလဲ?
ထိုအခါမှသာ တုန်ဖန်းကျင်းသည် အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီး၏ ပုန်ကန်မှုနောက်ကွယ်မှ ယုံကြည်မှုကို နားလည်လိုက်သည်။
“မကောင်းတော့ဘူး!”
ဟုန်ချန်ယဲ့လည်း နည်းနည်းလန့်လာသည်။ ဤစွမ်းအားသည် ဉာဏ်အလင်းအဆင့်မသေမျိုးနှင့် မသေမျိုးအရှင်သခင်များ၏ နယ်ပယ်ကို များစွာ ကျော်လွန်နေသည်။ နောက်ကွယ်မှ ပံ့ပိုးထားသူကား မသေမျိုးဘုရင်အဆင့်ရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနိုင်၏။
ဟုန်ချန်ယဲ့သည် ကြာနီမီးလျှံကို ထုတ်လွှတ်ရန် ပြင်ဆင်နေချိန်တွင် သူ့ရှေ့တွင် အမည်းရောင်ဝတ်ရုံနှင့် ဆံနွယ်ဖြူတို့ လွင့်မျောနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ဆရာသခင်!”
ခမ်းနားသော ကျောပြင်ကို မြင်လိုက်ရသောအခါ ဟုန်ချန်ယဲ့၏ ရှုပ်ထွေးနေသော နှလုံးသားသည် ငြိမ်သက်သွားသည်။ ရှိုးပွဲတစ်ခုလို အသာငြိမ်ကြည့်ပေးနေဖို့သာ လိုတော့မည်ပင်။
“ဟီးဟီးဟီး ဒီ မှော်ဝင် ပင်လယ်ခရုက နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတယ်။”
ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် စွမ်းအင်လှိုင်းများ လွင့်ပျံလာသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်သည် စိတ်ဝင်စားစွာ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
【တင်၊ ပိုင်ရှင်ဟာ မသေမျိုးဘုရင် ပဥ္စမမြောက်ကောင်းကင်အဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့အတွက် 'အင်အားကြီးသူနှင့်တိုက်ခိုက်ကာ ပိုလို့အင်အားကြီးလာခြင်း' စွမ်းရည်ကို အသက်သွင်းပြီး မသေမျိုးဘုရင် ဆဌမမြောက်ကောင်းကင်အဆင့်ကို တိုးမြှင့်ပေးလိုက်ပါပြီ!】
သူ၏ စိတ်ထဲတွင် စနစ်၏ ထက်မြက်သွက်လက်သော အသိပေးသံထွက်လာသည်။
ဝုန်း~!!!
ဟားဟားဟားဟားဟားးးး (ရူးသွပ်အောင် ရယ်မောနေသော လူယုတ်မာတစ်ကောင်ဟု စိတ်ကူးပြီး ဖတ်ပါလေ)
အရင်ကထက် ပိုမိုအစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ယဲ့ကျွင်းလင်၏ကိုယ်တွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး နေနှင့်လကို အရောင်မှိန်စေကာ တောင်နှင့်မြစ်များကို တုန်ခါစေခဲ့သည်။
ထို့နောက် ပြင်းထန်သော အပြာရောင် စွမ်းအင်လှိုင်းများသည် ယဲ့ကျွင်းလင်၏ လက်ဖဝါးဖြင့် ဆုံတွေ့လိုက်ရသည့်အခိုက် ချက်ချင်းတိုက်ရိုက် ပျက်စီးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ သည်လည်း လုံးဝ ပျောက်ကွယ်သွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။
လူတိုင်းသည် ထိတ်လန့်သွားကြပြီး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
“အကြီးအကဲယဲ့က မသေမျိုးဘုရင်လား!” တစ်ဖက်လူ၏ တိုတောင်းသော စွမ်းအင်ပြသမှုမှ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသော တုန်ဖန်းကျင်းသည် တုန်လှုပ်စွာ တိုးတိုးလေး ရေရွတ်လိုက်သည်။
တုန်ဖန်းကျင်းသည် ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်မှာ မရိုးရှင်းလှကြောင်း ခန့်မှန်းမိခဲ့သည်။ မသေမျိုးအရှင်သခင်အဆင့်တွင် ရှိလောက်မည် ဆိုသည်မှာ သူမ၏အလွန်ဆုံးခန့်မှန်းချက်သာဖြစ်၏။ သို့သော် ထိုခန့်မှန်းချက်က အောက်ဆုံးအဆင့်ဖြစ်ခဲ့သင့်သည်သာ။
မသေမျိုးဘုရင်၊ ဤသည်မှာ မသေမျိုးဘုရင် တစ်ပါး!
တုန်ဖန်းကျင်းသည် ဟိုရောက်သည်ရောက် စကားများကို တဖွဖွရေရွတ်ရင်း လူတစ်ယောက်က ဤမျှအဆင့်ထိ မည်သို့မည်ပုံ ကျင့်ကြံနိုင်ခဲ့သနည်းဟု တအံ့တသြဖြစ်နေရသည်။ ဤကမ္ဘာတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပျက်နေသောကြောင့် အပြင်လောကတစ်ခုလုံး ဤမျှတိုးတက်သွားရခြင်းပေလား?
တုန်ဖန်းမုန့်ယောင်၏ အမူအရာသည်လည်း ရှုပ်ထွေးနေသည်။ သူမသည် အမည်းရောင်ဝတ်စုံနှင့် ပုံရိပ်ကို မော့ကြည့်လိုက်မိ၏။
အမေပြောတာမှန်ပါတယ်။ ငါ့အဆင့်နဲ့ ဒီလိုလူကို ဘယ်လိုများ လက်လှမ်းမီနိုင်ပါ့မလဲ?
ဟုန်ချန်ယဲ့တို့ တပည့်အဖွဲ့ကတော့ မတုန်မလှုပ် အလုံးစုံတည်ငြိမ်နေပုံမှာ နေ့စဥ်မြင်တွေ့နေရသော အဖြစ်အပျက်တစ်ခုအလား။
ကျားငါးမန်းစစ်သူကြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ဒါ၊ ဒါ၊ ဒါ အိပ်မက်များလား?
ပင်လယ်ဝေလငါး ဘိုးဘေးကြီးက ပေးခဲ့တဲ့ မှော်ဝင် ပင်လယ်ခရုကိုတောင် ဒီလူက တကယ် ချိုးဖျက်နိုင်တာလား?
ကျားငါးမန်းစစ်သူကြီးသည် ကြောက်လန့်တကြားဖြင့် ချွေးအေးများစီးကျလာတော့၏။
ပင်လယ်ခရု၏ စွမ်းအင်ကို အလွယ်တကူ ခုခံနိုင်ခြင်း ဆိုသည်မှာ ပြိုင်ဘက်သည်လည်း ပင်လယ်ဝေလငါး ဘိုးဘေးကြီးနှင့် တန်းတူ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဆိုလိုသည်။
သွားပြီ၊ ထောက်လှမ်းရေး အချက်အလက်တွေ မှားနေခဲ့တာပဲ!
ကျားငါးမန်းစစ်သူကြီးသည် အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
"ဟေ့ ဝတုတ်မ၊ မင်း ဒါကို တမင်တကာ လုပ်ခဲ့တာ မဟုတ်လား?! မင်း တော်ဝင်နန်းတော်ကို ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးက စောင့်ရှောက်နေတယ်ဆိုတာ သိလျက်နဲ့ ငါတို့ပင်လယ်မျိုးနွယ်စု ထိပ်တန်းစစ်သားတွေကို ဒီအထိခေါ်လာပြီး သေစေခဲ့တာ!”
အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးလည်း ကြောင်ကြည့်နေမိသည်။ သူမ၏ ဦးနှောက်သည် အလုပ်မလုပ်တော့သကဲ့သို့ပင်။
ဒီလူက ဒီလောက်တောင် အစွမ်းထက်တာလား?
ဒါနဲ့ သွေးနီနတ်ဆိုးက ခုနက သူ့ကို ဆရာသခင်လို့ ခေါ်လိုက်တာ မဟုတ်လား?!
ဒါပေမဲ့ လက်ကလွန်ပြီးသွားပြီ။
ရှင်သန်လိုစိတ်ကြောင့် အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် မီးစဥ်ကြည့်ကဖို့သာ ဆုံးဖြတ်လိုက်တော့၏။
“ဟား ဟား ဟား!”
အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် ခေါင်းကိုနောက်သို့မော့လှန်ကာ အားရပါးရ ရယ်မောလိုက်သည်။ ကျားငါးမန်းစစ်သူကြီးကိုလည်း လှောင်ပြောင်သောအကြည့်များဖြင့် ပြန်ကြည့်လိုက်၏။
“မထင်ခဲ့ဘူး မဟုတ်လား? အစကနေ အဆုံးအထိ မင်းတို့ ပင်လယ်မျိုးနွယ်စု အားလုံးကို သုတ်သင်ဖို့ ဒီမင်းသမီးက တွက်ချက်ထားခဲ့တာ။ မင်းတို့အားလုံးကို ချေမှုန်းဖို့ တမင်တကာ ဒီကို ခေါ်ဆောင်ခဲ့တာ!”
ထို့နောက် အနောက်ဘက် ငြိမ်းချမ်းရေးမင်းသမီးသည် တုန်ဖန်းကျင်းကို ဦးညွှတ်လိုက်သည်။ “အုပ်စိုးရှင်၊ ကျွန်မရဲ့ ရိုင်းစိုင်းတဲ့စကားတွေကို ဗွေမယူဖို့မျှော်လင့်ပါတယ်။ ဒါက ဒီတိုင်း ပြဇာတ်တစ်ခုပါပဲ။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပါ!”
ကျားငါးမန်းစစ်သူကြီး- “???”
ဒီဝတုတ်မ တကယ်ကြီးလား?!
မင်းတို့လူသားတွေ စောက်ရမ်း ဗလောင်းဗလဲနိုင်တာပဲ။