← Chapters

နတ်မိမယ်တိုင်းပြည်။

Vol. 34 Ch. 471

နတ်မိမယ်တိုင်းပြည်။

Vol. 34 Ch. 471

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးက ပုန်ကန်မှုတွင် ပင်လယ်မျိုးနွယ်စုနှင့် ပူးပေါင်းခဲ့ကြောင်း သတင်းသည်လည်း တစ်နိုင်ငံလုံးသို့ မုန်တိုင်းပမာ ပျံ့နှံ့သွားခဲ့ပြီး ဒေါသတကြီး ရှုတ်ချသံများ ထွက်ပေါ်လာသည်။

ပင်းရှီမင်းသားစံအိမ်တော်ကို တော်ဝင်နန်းတော်က အတင်းအကျပ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နတ်မိမယ်တိုင်းပြည် စစ်တပ်ကိုလည်း စေ့စေ့စပ်စပ်ကြပ်မတ်ကာ ပြင်ဆင်ခဲ့သည်။ ဤဖြစ်ရပ်တွင် ပါဝင်ခဲ့သော အမျိုးသမီးဗျူဟာမှူးအားလုံးကို ကောင်းကင်ထောင်တွင် ဖမ်းဆီးခဲ့ပြီး ဆယ်နှစ်ကြာ သစ်သားမြင်းနှိပ်စက်မှုကို ခံယူစေခဲ့၏။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးနှင့် သွေးသားတော်စပ်သော ယန်မိသားစု ဆွေမျိုးသားချင်းများကိုလည်း ကျင့်ကြံမှုဖျက်ဆီးကာ အနိမ့်ဆုံး ကျွန်အဆင့်သို့ လျှော့ချခဲ့ပြီး သတ္တုတွင်းများဆီသို့ပြည်နှင်ဒဏ်ပေးကာ ဘဝတစ်လျှောက်လုံး အပြင်းအထန် အလုပ်လုပ်စေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထိုကြီးကျယ်ခမ်းနားသော ပင်လယ်စာပွဲတော်မှစ၍ တော်ဝင်မြို့တော်ရှိ ပြည်သူများသည် တန်ဖိုးရှိသောဘဝတွင် ရှင်သန်နေထိုင်နေရပါလားဟု အောက်မေ့ဂုဏ်ယူကာ မိမိတို့နှင့်မထိုက်တန်သလိုပင် ခံစားမိရသည်ဟု ဆိုကြ၏။

“ကြားပြီးပြီလား? အဲဒီနေ့က မျှောလှေပွဲတော်မှာ ပေါ်လာတဲ့ ခန့်ညားတဲ့ အမျိုးသားက တကယ်တော့ ပြင်ပကမ္ဘာကပဲတဲ့!”

“အာ? အဲဒါကြောင့် သူ့ကို တစ်ခါမှ မမြင်ဖူးတာကိုး! မသိရင် လေထဲကနေ ရုတ်တရက် ပေါ်လာသလိုပဲ!”

“ပြောရဦးမယ်၊ ပြင်ပကမ္ဘာက အမျိုးသားတစ်ယောက်က နတ်မိမယ်တိုင်းပြည်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာရင် ဥပဒေအရ သူ့ကို ဖမ်းဆီးပြီး သားဖောက်ကိရိယာအဖြစ် အသုံးပြုမှာ မဟုတ်ဘူးလား?”

“အမကြီး၊ ခေါင်းထဲမှာ ဦးနှောက်ရောကျန်သေးရဲ့လား? သူက သွေးနီဂိုဏ်းချုပ်နဲ့ အတူတူ လာတာလေ! ဟုတ်ပါတယ်၊ အထူးတလည်ဆက်ဆံရမှာပေါ့!”

“ညီမလေးတို့၊ ငါကြားလာခဲ့တဲ့သတင်းက ပိုတောင်ထူးသေးတယ်! အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးလိုက်တုန်းက သူကပဲ အလွယ်တကူ ဖြေရှင်းပေးခဲ့တာတဲ့!”

“ဘာ? ဒါဆို သူက ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာပေါ့! ဒီနှိမ့်ချတဲ့ အမျိုးသမီးမှာ သူ့ကျေးဇူးကို ပြန်ပေးဆပ်ဖို့ နည်းလမ်းမရှိဘူး၊ ကိုယ့်ကိုယ်ကို ထာဝရပုံအပ်လိုက်ဖို့ပဲ ရှိတော့တာပေါ့လေ!”

“ဝူးဝူး၊ ကျေးဇူးပြုပြီး ကျေးဇူးတရားကို အပြည့်အဝပြန်ဆပ်ပါရစေ! ကျွန်မ သူ့အတွက် မျောက်အုပ်ကြီးတစ်အုပ်လောက် မွေးပေးချင်မိတယ်!”

...

တော်ဝင်မြို့တော် တစ်ခွင်လုံးဝယ် ဆွေးနွေးသံတွေ ဆူညံနေပြီး အကြောင်းအရာအားလုံးက ယဲ့ကျွင်းလင်အကြောင်းသာ ဖြစ်နေသည်။

ထိုအချိန်တွင်၊ ကျယ်ပြောလှသော ကောင်းကင်မှ ဟိန်းသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် အချင်း မီတာတစ်သောင်းခန့်ရှိသော ကြီးမားသည့် လေပွေတစ်ခု တဖြည်းဖြည်း ပုံပေါ်လာ၏။ လေပွေ၏ မျက်နှာပြင်သည် လျှပ်စီးရောင်တလက်လက်ဖြင့် မိုးခြိမ်းသံများလည်း ဆူညံနေကာ မရေမတွက်နိုင်သော ငွေရောင်လျှပ်စီးကြောင်းများသည် မြွေအုပ်ကြီးလို လိမ်ယှက်ထွက်ပေါ်လျက်ရှိသည်။ မျက်စိစူးလောက်အောင် တောက်ပပြီး မြင်သူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခုပါပေ။

“အိုး ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ?!” မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများသည် ဆူညံသံများကြောင့် ခေါင်းများပင်မူးဝေလာကာ အံ့အားသင့်စွာနှင့် မရေမရာ မော့ကြည့်နေကြသည်။

မကြာမီတွင် လေပွေ၏ နက်ရှိုင်းသောတစ်နေရာမှ နှင်းဖြူရောင် အလင်းတန်းတစ်ခု ဒိုင်းခနဲပေါက်ထွက်လာ၏။ ထိုအလင်းတန်းတွင် ရောယှက်ပါဝင်နေသော အလင်းမှုန်လေးများမှာ ပိုးစုန်းကြူးလေးများကဲ့သို့ လှပပြီး ဆွဲဆောင်မှုရှိသည်။

အားလုံး၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ငွေရောင်အလင်းဝိုင်းတစ်ခု ခေါင်းနောက်ကပ်ပါကာ ဖြူစင်သန့်ရှင်းသော အတောင်ပံတစ်စုံလည်း ကျောထက်တွဲပါလာသည့် ဖြူစွတ်သော ဝတ်ရုံအား ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် ထိုအဖြူရောင်အလင်းတန်းအတွင်းမှ ဖြည်းဖြည်းချင်းဆင်းသက်လာ၏။

ထိုမြင်ကွင်းသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ခမ်းနားထည်ဝါသည်။

ဝှစ်

အစွမ်းထက်သော ကျင့်ကြံရေးအရှိန်အဝါတစ်ခုသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကျယ်ပြောသော တော်ဝင်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မရေမတွက်နိုင်သော ပြည်သူအ‌ပေါင်း ကြောက်လန့်တကြား တုန်ယင်သွားကြပြီး ပြူးပြူးပျာပျာ ဖြစ်ကုန်ကြရသည်။

ရောက်ရှိလာသောသူမှာ ကုလီဖြစ်၏။

သခင်လေး စစ်ထူယန်၏ အမိန့်ကို လက်ခံရရှိပြီးနောက် ကုလီသည် နတ်မိမယ်တိုင်းပြည်၏ တော်ဝင်မြို့တော်သို့ တိုက်ရိုက်ဆင်းသက်ရန် ရွေးချယ်ခဲ့သည်။ ထို လူသားမျိုးနွယ်စု ရှေးဟောင်းစွမ်းအားရှင်ကို သူ့ဘာသာပေါ်ထွက်လာစေပြီးမှ သတ်ဖြတ်ရှင်းလင်းကာ တာဝန်ပြီးမြောက်စေဖို့ ရည်ရွယ်ထား၏။

ပင်လယ်ဝေလငါးဘိုးဘေး၏ တုံ့ပြန်ပုံအရ ပြိုင်ဘက်၏ ခွန်အားသည်လည်း မနိမ့်ပါးဘဲ ထိုသူ၏ ကျင့်ကြံမှုသည် သူ၏ လက်ရှိအဆင့်ဖြစ်သော မသေမျိုးဘုရင် ဆဋ္ဌမအဆင့်ခန့် ရှိလောက်ပေမည်။

ခွင်းလွင်ကမ္ဘာသို့ ဝင်ရောက်ပြီးနောက် မူလက တိုက်ခိုက်လိုစိတ်ပြင်းပြသော ကုလီသည် မွန်းကျပ်နေသည်ဟု ခံစားရ၏။ ထို့ကြောင့် ဤနေရာရှိ အခြေခိုင်သောစွမ်းအားရှင်များနှင့် တပွဲတလမ်းဆင်နွှဲကာ အောင်နိုင်ခြင်း၏အရသာကို ပြည့်ပြည့်ဝဝခံစားရဖို့ တောင့်တနေခဲ့ခြင်းဖြစ်သည်။

“ဟဲဟဲ၊ လူသားမျိုးနွယ်စု ရှေးဟောင်းစွမ်းအားရှင်၊ မင်း ငါ့ဆီက ဘယ်နှစ်ချက်လောက် ခံနိုင်ရည်ရှိမလဲ သိချင်သားပဲ" ကုလီသည် မေးကိုပင့်မော့ကာ မထီမဲ့မြင်အမူအရာဖြင့် ဘေးပတ်ပတ်လည်အား တစ်ချက်စူးစမ်းလိုက်သည်။

“ဒီလူက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာတာတော့ မဟုတ်လောက်ဘူး!”

“နောက်မှာ အတောင်ပံဖြူတွေတောင်ပါသေးတယ်၊ နတ်သားတွေဘာတွေများလား?”

“သူ ဘယ်သူ့ကို ရှာနေတာလဲ?”

အမျိုးသမီးများက အချင်းချင်း တိုးတိုးလေး ပြောနေကြပြီး အလွန် စိုးရိမ်စိတ်များနေကြသည်။

ကုလီသည် ထိုမျှ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာပြီး အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်သောကြောင့် အပြစ်မဲ့သူ ပြည်သူအပေါင်းကိုပါ စုပြုံသတ်ဖြတ်တော့မည်လားဟု စိုးရိမ်နေမိကြသည်ပင်။

“အရှေ့က တော်ဝင်နန်းတော်ပဲ၊ အဲဒီ ရှေးဟောင်းစွမ်းအားရှင်က အတွင်းထဲမှာ ပုန်းနေတာဖြစ်ရမယ်!” ကုလီ၏ မျက်လုံးများသည် အလင်းရောင်တစ်ခုဖြင့် စူးရှတောက်ပနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သန့်ရှင်းသော ငွေရောင်အလင်းဖြင့် ရောနှောနေသည်။ ရှုံးနိမ့်ခြင်းကို ရင်မဆိုင်ဖူးခဲ့သော စစ်နတ်ဘုရားတစ်ပါးကဲ့သို့။

ဝှစ်!

ကုလီသည် တော်ဝင်နန်းတော် အပေါ်သို့ ပျံသန်းရောက်ရှိလာပြီး သူ၏ ပစ်မှတ်ကို အမြန်ရှာဖွေရန် နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။

ရုတ်တရက် သူသည် ဝေးလံသော နောက်ဘက်ဥယျာဉ်ရှိ ပြာသာဒ်ဆောင်တစ်ခုရှိ ကျောက်စားပွဲတစ်ဝိုက်တွင် ပုံရိပ်အချို့ စုဝေးနေသည်ကို မြင်လိုက်ရသည်။ သူတို့သည် ဖဲကစားနေကြပုံရ၏။

“ဟင်?”

ကုလီသည် တစ်ခုခုကို အာရုံခံမိသွားပြီး နတ်ဘုရားအာရုံသည် သူတို့ထဲမှ တစ်ဦးတစ်‌ယောက်ထံ စုစည်းကျရောက်သွားသည်။

ထိုသူသည် ရွှေချည်ထိုးအနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ လရောင်ကဲ့သို့ လင်းလက်ဖြာကျနေသည့် ငွေရောင်ဆံပင်များသည် ခါးလယ်အထိရှည်လျား၏။ ဟန်ပန်အမူအရာတိုင်းတွင် သတ္တဝါအားလုံးကို ကျော်လွန်သော ကောင်းကင်ဧကရာဇ်ဆန်ဆန် အရှိန်အဝါအား ထုတ်လွှတ်နေသည်။

ကုလီသည် ထိုအုပ်စုတစ်ခုလုံးတွင် နားလည်ရ ခန့်မှန်းရအခက်ဆုံး ပုဂ္ဂိုလ်မှာ ထိုသူသာဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး မိမိလက်ရှိရှာဖွေနေသော အဓိကပစ်မှတ်ဖြစ်ရမည်ဟု သိလိုက်သည်။

“မှန်တယ်၊ ဒီလူပဲ!”

ကုလီ၏ တောင်ပံများသည် တဖျတ်ဖျတ်ရိုက်ခတ်လာပြီး ပြာသာဒ်ဆောင်ဆီသို့ ပျံသန်းသွားတော့၏။

တစ်ချိန်တည်းတွင် သူသည် ပတ်ဝန်းကျင်တွင် သတ်ဖြတ်ခြင်းအစီအရင်များ ထားရှိထားခြင်းရှိမရှိ စစ်ဆေးရင်း တိတ်တဆိတ် သတိချပ်ထားရသည်။

“ဆရာသခင်၊ ခင်ဗျားအလှည့်!” လီဝူကျယ်က သတိပေးလိုက်သည်။

သူ၏မျက်နှာထက်တွင် စက္ကူစ ခုနှစ်ခု ရှစ်ခုခန့်ဖြင့် ဖုံးလွှမ်းနေသည်။ ထိုစက္ကူစများပေါ်တွင် ‘အိုရီယို စားရတာ ကြိုက်တယ်’၊ ‘သုံးစက္ကန့် ယောက်ျားကောင်း’၊ ‘ငကြောက်ကောင်’၊ ‘နှပ်ချီးဖေးစားတဲ့ကောင်’… စသည့် အမျိုးမျိုးသော စနောက်သည့် စကားစုများ ရေးသားထားသည်။

ဟုန်ချန်ယဲ့၊ ပုရှောင်ရှီးနှင့် မှိုဘုရင်တို့၏ မျက်နှာများတွင်လည်း စက္ကူစများစွာ ကပ်ထားရသည်။ အချို့က စိတ်ဓာတ်ကျနေပုံရပြီး အချို့က ပျော်ရွှင်တက်ကြွနေကြသည်။ အချို့ကတော့ ကစားပွဲတွင်ပါဝင်အောင် အတင်းအကျပ် အနိုင်ကျင့်ဖိအားပေးခံထားရဟန်ရှိ၏။

ငါတို့ကံပါပဲလေ။

ယဲ့ကျွင်းလင်သည် အထူးလက်နက်တစ်ခုဖြစ်သော နောက်ဆုံးဖဲချပ်ကို ကောက်ကိုင်လိုက်ပြီး ကျောက်စားပွဲထက် ခပ်ပြင်းပြင်းရိုက်ချဖော်ပြလိုက်သည်။

“ဘုန်း!”

ဖဲချပ်ကျသံ မကျယ်မည်စိုးသဖြင့် ပါးစပ်ကပါ အားဖြည့်အော်ဟစ်လိုက်သေးသည်။

“တောက်! ဆရာသခင်က ဘာလို့ ပွဲတိုင်း နိုင်နေတာလဲ?!” လီဝူကျယ်၏ မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားသည်။

“မင်းကလည်း၊ ဒါမျိုးကို စကေးလို့ခေါ်တယ်” ယဲ့ကျွင်းလင်သည် လက်များကိုဟန်ပါပါပိုက်ကာ အကူအညီမဲ့စွာ ခေါင်းယမ်းပြလိုက်၏။

“ပြဿနာက ကျွန်တော့်မျက်နှာမှာ ထပ်ကပ်ဖို့ နေရာမရှိတော့လို့ပါ!” လီဝူကျယ်က မကျေမနပ် ပြောလိုက်သည်။ သူ့တစ်မျက်နှာလုံးမှာ အမှန်ပင် စက္ကူစများဖြင့်သာ ဖုံးလွှမ်းနေလေပြီ။

“အဆင်ပြေပါတယ်၊ မရရတဲ့နေရာ ရှာကပ်” ယဲ့ကျွင်းလင်က ကြင်နာစွာပြုံးကာ အကြံပေးလိုက်သည်။

“အကြီးအကဲယဲ့က အရမ်းအံ့ဩဖို့ကောင်းတာပဲ” နောက်ဘက်မှ တုန်ဖန်းကျင်းက လက်ဖက်ရည်အိုးကို ကောက်ယူပြီး သူတို့အတွက် ပြုံးပြုံးရွှင်ရွှင်နှင့် လက်ဖက်ရည် ထပ်ဖြည့်ပေးသည်။ သူသည် နိုင်ငံအုပ်စိုးရှင်တစ်ဦးကဲ့သို့ မောက်မာထောင်လွှားခြင်း အလျဥ်းမရှိ။

တုန်ဖန်းမုန့်ယောင်လည်း ဘေးမှ စူးစမ်းလိုစိတ်ဖြင့် ထိုင်ကြည့်နေသည်။ ဤဖဲကစားနည်းသည် အလွန်စိတ်ဝင်စားဖို့ကောင်းသည်ပင်။ သူမအရင်က တစ်ခါမှမကစားဖူး။

All Chapters