← Chapters

အဆုံးသတ်မယ့်အချိန်

Vol. 146 Ch. 2074

အဆုံးသတ်မယ့်အချိန်

Vol. 146 Ch. 2074

နင်ဟွာက သူ့ရှေ့မှ လူကို ကြည့်လိုက်ပြီး လေးနက်စွာ စတင်လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော မဟာလမ်းစဉ်နတ်အလင်းများ ထွက်ပေါ်လာပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။

သူသည် ထိုလူက မည်သူဖြစ်ကြောင်း သိ၏။

လျှို့ဝှက်ဆန်းကြယ်သော လူက နင်ဟွာ သူ့ထံ ပြေးဝင်လာသည်ကို မြင်သည့်အခါ၌ပင် မယိမ်းမယိုင် ရှိနေဆဲ ဖြစ်သည်။ သူက လက်များကို ချိပ်စည်းသဏ္ဌာန်ဖော်ဆောင်လိုက်သည်။ ချက်ချင်းပင် မဟာလမ်းစဉ်က လေဟာနယ်အတွင်း တစ်သားတည်းဖြစ်လာကာ နတ်အလင်းတို့က တောက်ပလာသည်။ ကောင်းကင်သို့တိုင် မြင့်မားသော နတ်တံတိုင်းကြီးတစ်ခုက သူ့ကို ဗဟိုပြုကာ နင်ဟွာ၏ လမ်းကြောင်းကို ကာဆီးထားခဲ့သည်။

နတ်တံတိုင်းက လှုပ်ရှားလာပြီး ရပ်တန့်၍ မရနိုင်သောအရှိန်နှင့် ကောင်းကင်၏ အာဏာစက်တို့ ဖြန့်ကျက်ကာ ကျဆင်းလာသည်။ နက်နဲကာ ရှုပ်ထွေးသည့် အစီအရင်များက နတ်တံတိုင်းပေါ်တွင် ရေးထွင်းထားပြီး မဟာလမ်းစဉ်အစီအရင်များစွာ ပါဝင်နေသည်။ အစီအရင်တို့က နတ်အလင်းများနှင့် တောက်ပနေပြီး မလွှမ်းမိုးနိုင်သော အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။ ထိုအခိုက်တွင် လျှို့ဝှက်ဆန်းကြယ်သောသူက ကမ္ဘာ့နတ်ဘုရားတစ်ပါးနှင့် တူ၏။

သူ့လမ်းအား ကာဆီးထားသည့် နတ်တံတိုင်းကို မြင်သောအခါ နင်ဟွာက မိုင်ထောင်ချီထိ ပျံ့နှံ့သွားသော နတ်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်ကာ ရှေ့သို့ တွန်းလွှတ်လိုက်၏။ ချိပ်စည်းနတ်အလင်းများက နတ်တံတိုင်းပေါ် လွှမ်းခြုံကာ ချိပ်ပိတ်ရန် ကြိုးစားလိုက်သည်။ သို့သော် နတ်တံတိုင်းက လူတစ်ယောက်၏ နတ်အာရုံသိစိတ်နှင့် ဖုံးလွှမ်းနိုင်သည့် အဝေးဆုံးအကွာအဝေးထိ ဆက်လက်တိုးချဲ့သွားသည်။ ၎င်းက ထိုးဖောက် ဖျက်ဆီး၍ မရနိုင်သကဲ့သို့ပင် ဖြစ်သည်။

"ဒါက ဘယ်လို အကာအကွယ်မျိုးလဲ။" ချန်ယိနှင့် ရီဖူရှင်းတို့က သူ့နောက်မှာ ရှိနေပြီး ထိုစွမ်းအားကြောင့် အံအားသင့်နေကြသည်။ ထိုထူးခြားဆန်းကြယ်သော သူက ရှေးဟောင်းတောင်ထွတ်ပေါ်၌ အမြစ်တွယ်တော့မလို ခိုင်ခိုင်မာမာ ရပ်နေပြီး မဟာလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်လာသည်။ သူဆင့်ခေါ်လိုက်သည့် နတ်တံတိုင်းက နေရာနှစ်ခုအဖြစ် အလယ်တွင် ပိုင်းခြားလိုက်သည်။ ရီဖူရှင်းနှင့် ချန်ယိက အပြင်ဘက်၌ မည်သို့ ဖြစ်နေသည်ကို မမြင်နိုင်ကြသော်လည်း တံတိုင်းက နတ်ဘုရားက ပြုလုပ်ထားသည့် မယိမ်းယိုင်နိုင်သော အကာအကွယ်အဖြစ် ထင်မှတ်ရပေသည်။

ဘန်း…

ကျယ်လောင်သော အသံနှင့် နတ်တံတိုင်းသည် နေရာအနှံ့မှ လာသော တိုက်ခိုက်မှုများကြောင့် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ အညှာအတာကင်းမဲ့ပြီး ရက်စက်သည့် တိုက်ခိုက်မှုများအောက်တွင် နတ်တံတိုင်းက ပို၍ တောက်ပလာကာ မယိမ်းမယိုင်တည်ရှိနေ၏။

လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးရှင်က သူ့ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်းနတ်အလင်းတို့ ထုတ်လွှတ်ရင်း နင်ဟွာကို စိုက်ကြည့်နေသည်။ သီးခြားနတ်တံတိုင်းက ကောင်းကင်တွင် ထွက်ပေါ်လာကာ နင်ဟွာပေါ်သို့ စတင်ပြိုကျလာပုံရလေသည်။ ထိုအချိန်အတွင်း အရပ်မျက်နှာအသီးသီးမှ နတ်တံတိုင်းက စတင်လှုပ်ရှားလာကာ နင်ဟွာထံ ရွေ့လျားလာပြီး သူ့ကို ချဉ်းကပ်ရန် ကြိုးစားလာ၏။

ဘုန်း...

နင်ဟွာက အန္တရာယ်ကို သတိပြုမိပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူက တိုက်ခိုက်မှုကို ရပ်တန့်ကာ အပြည့်အဝ မစုစည်းရသေးသော စွမ်းအင်နယ်ပယ်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ နတ်တံတိုင်းများ အပြည့်အဝ တည်ဆောက်ပြီးသွားသောအခါ သူက ထွက်မသွားနိုင်တော့မည်ကို ကြောက်ရွံ့ပေသည်။

"ခင်ဗျားက ဘယ်သူလဲ။" နင်ဟွာက မဟာလမ်းစဉ်နှင့် ပေါင်းစပ်ပြီး လောကနှင့်တစ်သားတည်း ဖြစ်နေပုံပေါ်သော ထိုထူးခြားဆန်းကြယ်သည့်လူကိုစိုက်ကြည့်လိုက်သည်။ သူက နတ်တံတိုင်းအတွင်း ဖိကြိတ်ခံရကာ ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသလိုပင်။

သူ၏ စူးစမ်းလေ့လာမှုကို အခြေခံရလျှင် နင်ဟွာက ထိုလူသည် အဆင့်မြင့်ကျင့်ကြံခြင်းရှိရုံမျှမက မဟာလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှု နက်ရှိုင်းလေသည်။ သူ၏ မဟာလမ်းစဉ်စုစည်းမှုကို ကြည့်လျှင် သူသည် ပြီးပြည့်စုံသော အဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီး နင်ဟွာ၏ တိုက်ခိုက်မှုပင် တိုးမပေါက်နိုင်သော နှိုင်းယှဉ်ရန်မဖြစ်နိုင်သည့် မဟာလမ်းစဉ်စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

"ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ... ဒုနယ်မြေသခင်။" ထိုလူက နင်ဟွာ၏ မေးခွန်းကို မဖြေဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ နင်ဟွာသည် နတ်အလင်းများနှင့် တောက်ပနေဆဲ ရှိပြီး သူတို့အား လွှတ်မပေးလိုက်ချင်ပေ။ သူက ရီဖူရှင်းနှင့် ချန်ယိကို ဖမ်းဆီးရန် လိုက်လာခြင်းဖြစ်သည်။ သူ၏ နာမည်နှင့် ဂုဏ်သိက္ခာအရ လက်ဗလာဖြင့် ပြန်သွားလျှင် မည်သို့ ရှင်းပြရမည်နည်း။

လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးရှင်က နင်ဟွာ၏ တွေဝေနေမှုကို သတိပြုမိပြီး လက်နှစ်ဖက်နှင့် ချိပ်စည်းသဏ္ဌာန်ဖော်ဆောင်လိုက်သည်။ ကြီးမားသော အင်အားက ကောင်းကင်မှ ကျဆင်းလာကာ အားကောင်းသော ပဲ့တင်ထပ်မှုများ ဖြစ်ပေါ်လာသည်။ ကြီးမားသော လက်ကြီးတစ်ဖက် ပေါ်ပေါက်လာကာ နင်ဟွာထံသို့ အရှိန်နှင့် ကျဆင်းလာ၏။

၎င်းက နတ်ဘုရားလက်ကဲ့သို့ ထင်မှတ်ရပေသည်။

ဘန်း...

ထိခတ်သံများနှင့်အတူ နင်ဟွာက မြေပြင်သို့ ရိုက်မိသွားသည်။ ကြီးမားသော လက်သဏ္ဌာန် ချိုင့်ရာကြီးက မြေပြင်ပေါ်တွင် ဖြစ်ပေါ်လာ၏။ နင်ဟွာက ရှက်ရွံ့နေသော အကြည့်များနှင့် ဖြည်းဖြည်းချင်း ပြန်တက်လာခဲ့သည်။ သူက အေးစက်နေသော မျက်လုံးများနှင့် သူ့ပြိုင်ဘက်ကို ကြည့်လိုက်သည်။

သူက တုန်းဟွာနယ်မြေအတွင်းတွင် ဆရာသခင်ကျင့်ကြံသူများမှ လွဲ၍ ထိုမျှ အစွမ်းထက်သူ တစ်စုံတစ်ယောက်ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ၏ စိတ်ထဲတွင် အဆင့်ရှစ်ရန်ဟောင်ဖြစ်သော ကျန်းယွဲ့လီသည်ပင် သူ့ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။

သည်လူက မည်သူနည်း။

ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်သည်။ တုန်းဟွာနယ်မြေအတွင်းရှိ မည်သည့်ထိပ်သီးအင်အားစုများတွင် ထိုသို့သော ပုဂ္ဂိုလ်မျိုး ရှိနိုင်​မည်နည်း။

မြူနှင်းဝေနတ်နန်းတော်မှ ကျန်းယွဲ့လီသာ အများသိကြသည့်သူ ဖြစ်သည်။

"ကျုပ်တို့ မကြာခင် ပြန်တွေ့ကြမှာပါ။" နင်ဟွာက ပြောလိုက်ပြီး သူက ပြတ်သားစွာ လှည့်ထွက်သွားသည်။ သူသည် ထိုလူ၏ ကာကွယ်မှုကို ချိုးဖျက်၍ ရီဖူရှင်းနှင့် ချန်ယိကို ဖမ်းဆီးရန် မဖြစ်နိုင်ကြောင်း သိသည်။ သူ့အတွက် ရင်ဆိုင်တိုက်ခိုက်ရန်ပင် မလွယ်ကူလှပေ။

လျှို့ဝှက်ဆန်းကြယ်သော သူက ပြန်ဆုတ်ခွာသွားသည့် နင်ဟွာ၏ ပုံရိပ်ကို ခေတ္တမျှကြည့်နေခဲ့သည်။ နင်ဟွာ သူ့တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်နောက်မှသာ သူက မေးလိုက်၏။

"ဒုနယ်မြေသခင် ကျုပ် ဘာကူညီပေးရဦးမှာလဲ"

"ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ်သိတယ်။" အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။ ထိုနောက်တွင် နင်ဟွာက အမှန်တကယ် ထွက်ခွာသွားတော့သည်။ လျှို့ဝှက်ဆန်းကြယ်သော သူသည် သူ၏ စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြန်လှည့်ကာ ရီဖူရှင်းနှင့် ချန်ယိကို ကြည့်လိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။" ချန်ယိနှင့် ရီဖူရှင်းက သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

"တုန်းဟွာကောင်းကင်က မလုံခြုံတော့ဘူး။ ကျုပ်နဲ့ လိုက်ခဲ့။" လျှို့ဝှက်ဆန်းကြယ်သော သူက ပြောလိုက်၏။ ထို့နောက် သူက ချန်ယိနှင့်ရီဖူရှင်းကို အဝေးသို့ ခေါ်ဆောင်သွားသည်။ သူတို့ ထွက်သွားပြီးနောက် လူအများကြီး ထိုနေရာသို့ ရောက်လာခဲ့ကြသည်။ မြေပြင်ပေါ်မှ ကြောက်မက်ဖွယ် မဟာလမ်းစဉ် စွမ်းအားများ ထုတ်လွှတ်နေဆဲဖြစ်သော နက်ရှိုင်းသည့် ချိုင့်ခွက်ကြီးကို မြင်သည့်အခါ သူတို့၏ နှလုံးသားများက တုန်ယင်သွားကြသည်။ အချို့လူများက ဆင်းလာကြကာ ထိုနေရာ၌ ထိုင်ချပြီး ကျင့်ကြံနေတော့သည်။

ငယ်ရွယ်သော မျိုးဆက်မှ တန်ခိုးရှင်များသည် ထိုသည်မှာ အစစ်အမှန် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦးက ချန်ရစ်ထားခဲ့သော အမှတ်အသားတစ်ခု အဖြစ် ယူဆကြသည်။

"ဒုနယ်မြေသခင်က ဒီနေရာမှာ ရှုံးသွားတာလား။" တစ်စုံတစ်​ယောက်က မေးလိုက်သည်။

"ဟုတ်တယ်လို့ထင်တာပဲ။"

"ဒုနယ်မြေသခင်ကိုတောင် ရိုက်နိုင်လောက်အောင် ဘယ်သူက ဒီလောက်အစွမ်းထက်ရတာလဲ။" လူအုပ်ကြီးက အံ့သြထိတ်လန့်သွားကြသည်။ တုန်းဟွာကောင်းကင်၌ ကျင့်ကြံသူဆရာသခင်များပြီးလျှင် အစွမ်းထက်ဆုံးမှာ ပြိုင်ဘက်ကင်းပါရမီရှင် နင်ဟွာ မဟုတ်ပါလား။ မည်သူက သူ့ကို အနိုင်ယူသွားနိုင်သနည်း။

သို့သော် နင်ဟွာကိုယ်တိုင်ပင် မဖော်ထုတ်နိုင်လေရာ သူတို့အတွက် မည်သည့် သဲလွန်စ မရှိချေ။

...

အခြားတစ်ဖက်တွင် ကျယ်ဝန်းလှသော နယ်မြေသခင်အိမ်တော်၏ တစ်ဝက်လောက်က ဖျက်ဆီးခံလိုက်ရကာ လောင်ကျွမ်းနေသည်။

ထိုနေရာ၌ တိုက်ပွဲက ပြီးလုနီးပါးပင် ဖြစ်၏။ အင်ပါယာယန်နှင့် လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီတို့ နှစ်ယောက်လုံး ဒဏ်ရာရရှိသွားကြသည်။ သူတို့၏ စိတ်ပင်ပန်းနေသော အမူအရာများက သူတို့၏ ပုံမှန် သိမ်မွေ့နက်နဲသော အဆင့်အတန်းကိုပင် ကျဆင်းသွားစေသည်။ နယ်မြေသခင်ပင်လျှင် အနည်းငယ် မသပ်မရပ်ဖြစ်နေခဲ့သည်။ သူက စိတ်မကျေနပ်သော အမူအရာနှင့် အထက်မှ ဆင်းလာ၏။ သူ့အနီးမှ စွမ်းအားများက အနည်းငယ် လှုပ်ခတ်နေခဲ့သည်။

"နယ်မြေသခင်" အင်ပါယာယန်နှင့် လင်းယွင်ကျီတို့က တင်းမာခက်ထန်သော မျက်နှာများနှင့် ရှိနေကြသည်။ သူတို့သည် တစ်ခုခုဖြစ်သွားသော ဆေးအင်ပါယာက အသက်ရှင်လျက်နှင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရှိကြ၏။

"နတ်ကျောက်စာချပ်က ရှေးဟောင်းနတ်ရတနာတစ်ခုဖြစ်ပြီး ကောင်းကင်လမ်းစဉ်ကို ချေးယူအသုံးပြုနိုင်တယ်။ ဆေးအင်ပါယာက ထွက်ပြေးသွားပေမယ့် ဒဏ်ရာပြင်းပြင်းရသွားတယ်။ ခင်ဗျားတို့ နှစ်ယောက်က နည်းနည်းလောက် အားထုတ်ပြီး သူ့ကို လိုက်ဖမ်းပေးဖို့ တောင်းဆိုရတော့မှာပဲ။ အဲဒီလူက အပြစ်မဲ့တဲ့ လူတွေကို လျှောက်သတ်နေမှာကို တားဆီးပေးကြပါ။" နယ်မြေသခင်နင်ယွမ်က ပြောလိုက်သည်။

"ကျုပ်တို့ ပြန်သွားတဲ့အခါ သူ ဘယ်သွားလဲဆိုတာ ခြေရာခံလိုက်ပါ့မယ်။" အင်ပါယာယန်က ခေါင်းညိတ်သဘောတူလိုက်သည်။ သူတို့က ဆေးအင်ပါယာကို ခြေရာခံနိုင်ရန် သူတို့၏ နတ်ရတနာများ ပြန်ယူဖို့ရာ လိုအပ်သည်။ ဆေးအင်ပါယာက ဒဏ်ရာများစွာ ရထားသော်လည်း ပြန်လည်ကောင်းမွန်လာသည်နှင့် သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်ဆဲပင် ဖြစ်သည်။ သူတို့က တုံ့လိုင်နတ်ဘုရားအကြီးအကဲအား ကိုင်တွယ်ခဲ့သလို သူ့ကို အပြီးတိုင် သုတ်သင်ရှင်းလင်းရမည်။

နင်ယွမ်က သူ့ခေါင်းကို မော့လိုက်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များနောက် လိုက်သွားသည့် လူများ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။

"နယ်မြေသခင်" အကြီးအကဲတစ်ယော​က်က အရိုအသေပြုပြီး အစီအရင်ခံရန် ပြင်လိုက်သော်လည်း နယ်မြေသခင်က လက်ကို ယမ်းရင်း ပြောလိုက်သည်။ "ကျုပ် သိပြီးပြီ။ မင်းက မှန်တဲ့အရာကို လုပ်ခဲ့တာပဲ။ ဆေးအင်ပါယာက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပေမယ့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်အများစုက အပြစ်ကင်းတယ်။ ကျုပ်တို့ ရီဖူရှင်းကို ဖမ်းပြီးတာနဲ့ တခြားလူတွေကို လွှတ်ပေးလိုက်လည်း အဆင်ပြေတယ်။ သူတို့အနာဂတ်မှာ ဘယ်လိုပြုမူရမလဲဆိုတာ ကောင်းကောင်းသိမယ်လို့ ကျုပ် ယုံကြည်တယ်။"

"အင်း" လူတိုင်းက ခေါင်းညိတ်လိုက်သည်။

နင်ယွမ်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူက မျက်မှောင်ကြုတ်ကာ မိုင်ထောင်ချီအဝေးမှ နင်ဟွာကို စကားလှမ်းပြောလိုက်သည်။ "နင်ဟွာ မင်း ဘယ်မှာလဲ။"

နင်ဟွာက ပြန်လာနေသည့်လမ်း၌ သူ့အဖေ အသံကို ကြားလိုက်ရတာကြောင့် သူက ပြန်ဖြေလိုက်သည်။ "တစ်စုံတစ်ယောက်က ကျွန်တော့်ကို ​ဖြတ်တားပြီး ရီဖူရှင်းနဲ့ ချန်ယိကို ခေါ်သွားတယ်။"

နင်ဟွာ့အသံက လေဟာနယ်ကို ဖြတ်သန်းကာ နယ်မြေသခင်အိမ်တော်တွင် ပဲ့တင်လာသည်။ ထိုစကားကို ကြားသောအခါ အားလုံးသော တန်ခိုးရှင်များက အံ့သြသွားကြသည်။ မည်သူက နင်ဟွာကို ကြားဖြတ်တားသနည်း။

"ဘယ်သူလဲ။" နင်ယွမ်က မေးလိုက်သည်။

"ကျွန်တော် မသိဘူး။ သူက တမင်သက်သက် မျက်နှာကို ဖုံးကွယ်ထားတယ်။ ပြီးတော့ သူက ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်နဲ့ အဆင့်ရှစ်ရန်ဟောင်တစ်ယောက်ပဲ။ သူက လေဟာနယ်ကို ပိုင်းခြားပြီး တားဆီးနိုင်တဲ့ နတ်တံတိုင်းတစ်ခု ဖန်တီးနိုင်တယ်။" နင်ဟွာက ပြန်ဖြေလိုက်သည်။ "ကျွန်တော် သူ့ရဲ့ ခုခံကာကွယ်မှုကို မထိုးဖောက်နိုင်ဘူး။"

နယ်မြေသခင်အိမ်တော်မှ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ မည်သူက ထိုမျှ အစွမ်းထက်သော စွမ်းရည်မျိုး ရှိသနည်း။

နင်ဟွာက ထိုသူ၏ ခုခံကာကွယ်မှုကိုပင် မချိုးဖောက်နိုင်ပေ။ ထိုသည်က မည်သူ ဖြစ်နိုင်သနည်း။

"သူတို့ ထွက်ပြေးသွားတယ်လား။"

နင်ယွမ်၏ အမူအရာက မည်းမှောင်သွား၏။ ရီဖူရှင်းက လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာနတ်ဘုရားမျှော်စင်၏ ရတနာအား ခိုးယူ၍ ထွက်ပြေးသွားသည်လား။

သူတို့က သူ့အား မည်သို့ လွှတ်ပေးလိုက်နိုင်မည်နည်း။

သူက လက်ရှိ ရှိနေသော လူတိုင်းကို ဝေ့ကြည့်ကာ မေးလိုက်သည်။ "အဲဒီလိုလူမျိုး ဘယ်အင်အားစုထဲမှာ ရှိလဲဆိုတာ တစ်ယောက်ယောက်များ သိကြလား။"

သူတို့သည် ထိုသို့သော လူမျိုးကို မည်သည့်အခါကမှ မကြားဖူးပေ။

"မသိဘူး။" လူတိုင်းက ​ခေါင်းယမ်းလိုက်ကြသည်။ ရီဖူရှင်းနှင့် ဆေးအင်ပါယာက ထွက်ပြေးသွားသည်။ ကြည့်ရသည်မှာ ဤတစ်ကြိမ်၌ နယ်မြေသခင်၏ ရည်ရွယ်ချက်က ကျရှုံးသွားပုံရလေသည်။ သို့ဆိုလျှင်ပင် ကျုံးချန်၏ သေဆုံးခြင်းက နှမြောစရာ ဖြစ်၏။

ကျုံးချန်က အကန့်အသတ်မဲ့ အနာဂတ်နှင့် အဆင့်ခုနစ်ရန်ဟောင်တစ်ပါး ဖြစ်နှင့်ပြီး ဖြစ်သည်။ သို့သော်လည်း သူက နင်ဟွာ၏ လက်ထဲ၌ သေဆုံးခဲ့ရသည်။

"တခြားနယ်မြေကများ ဖြစ်နိုင်လား။" တစ်ယောက်က ပြောလိုက်သည်။

"သူက မျက်နှာကို ဖုံးပြီး ကျုပ်တို့ကို လှည့်စားဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်။" နောက်တစ်ယောက်က ပြောလိုက်သည်။

နင်ယွမ်၏ မျက်နှာက တင်းမာခက်ထန်နေ၏။ သူက အဝေးကို ကြည့်ရင်း နင်ဟွာကို ပြောလိုက်သည်။ "အရင်ပြန်လာခဲ့။ ဒီအကြောင်း နောက်မှ ပြောကြမယ်။"

မည်သူက သူတို့ကို လျှို့ဝှက်စွာ နှောက်ယှက်ရဲသနည်း။

တုန်းဟွာနန်းတော်၏ ကျင့်ကြံသူဆရာသခင်တစ်ယောက်များထဲမှ တစ်ယောက်က ဤနေရာသို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ခြင်းများ ဖြစ်နိုင်သလား။

သူတို့အပြင် မည်သူက ထိုမျှ အစွမ်းထက်သူကို မြေတောင်မြှောက်ပေးနိုင်မည်နည်း။

သူတို့က မိစ္ဆာနတ်ဘုရားမျှော်စင်မှ ရတနာကို သဘောကျနေ၍လား။

နင်ယွမ်က အမှန်တရားကို မရှာဖွေနိုင်ဘဲ သံသယသက်သက် ရှိမနေချင်သောကြောင့် စုံစမ်းရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည်။

"ကျုပ်က တုန်းဟွာအခမ်းအနားကို ဒီလိုရှုပ်ထွေးသွားအောင် ခွင့်ပြုမိသွားတယ်။ နောက်တစ်ခါ အခွင့်အရေးရှိရင် နောက်ပိုင်းကျ ခင်ဗျားတို့ကို ထပ်ဖိတ်ခေါ်ပါဦးမယ်။" နင်ယွမ်က ပြောလိုက်သည်။ တုန်းဟွာအခမ်းအနားက ထိုသို့ မုန်တိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ထို့အပြင် မုန်တိုင်းက မပြီးသေးချေ။

"ခင်ဗျားတို့ကို ဆွဲမထားတော့ပါဘူး။ ပြန်ချင်ရင် ပြန်လို့ရပါပြီ။ ဒါပေမယ့် ဒီကိစ္စတွေကို စုံစမ်းဖို့ လူလွှတ်လိုက်မယ်။ စုံစမ်းတဲ့နေရာမှာ ခင်ဗျားတို့အပေါ် သက်ရောက်မှုတွေ ဖြစ်လာစေရင် ခွင့်လွှတ်ပေးပါ။" နင်ယွမ်က ပြောလိုက်သည်။ လူအုပ်ကြီးက ရှုပ်ထွေးသွားခဲ့သည်။ နင်ယွမ်က အင်အားစုအားလုံးကို စုံစမ်းစစ်ဆေးမည်ဟု ဆိုလိုသည်လား။

"လင်းရှောင်နန်းတော်က အပြည့်အဝ ပူးပေါင်းပါ့မယ်။" လင်းယွင်ကျီက ပြောလိုက်သည်။

"ယန်ပြည်ထောင်ကလည်း နယ်မြေသခင်နဲ့ ပူးပေါင်းမှာပါ။" အင်ပါယာယန်က ပြောလိုက်သည်။ သို့သော် အခြား ကျင့်ကြံသူဆရာသခင်များကသူတို့၏ သဘောထားကို ချက်ချင်း မဖော်ပြကြပေ။ ဝံ့ကြွားကာ မာနကြီးသော သူတို့သည် နင်ယွမ်က စုံစမ်းစစ်ဆေးမှုကို မည်သို့ ဆောင်ရွက်မည်အား တိတိကျကျမသိခင် သူတို့က ခွင့်ပြုချက်ပေးကြလိမ့်မည် မဟုတ်ပေ။

"နှုတ်ဆက်ခဲ့ပါတယ် နယ်မြေသခင်။" ဓားနတ်မိမယ်က ပြောပြီးနောက် ထွက်ခွာသွားသည်။ အခြားသူများကလည်း သူမနောက်မှာ လိုက်ကာ ထွက်ခွာသွားကြလေသည်။ ကသောင်းကနင်း ဖြစ်ပွားမှု ပြီးဆုံးရန်မှာ အချိန်တစ်ခုသာ လိုတော့ပုံရ​၏။

***

All Chapters